← Chapters

ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲ။

Vol. 4 Ch. 55

ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲ။

Vol. 4 Ch. 55

ငှက်ဝါသားရဲ၏ အမြန်နှုန်းဖြင့်ဆိုပါက ရေဖြူမြို့သို့ ရောက်ရန် (၂)ရက်သာ ကြာပေမည်။ သို့သော် ဟူဇီဖန်းကျင့်ကြံရာတွင် အနှောင့်အယှက်မဖြစ်စေရန် ဘိုင်ယုဖန်က ပျံသန်းနှုန်းအား နှေးစေခဲ့သည်။

ငှက်ဝါသားရဲသည် ကောင်းကင်ထက်၌ သုံးရက်လုံးလုံး ပျံသန်းခဲ့ပြီး နောက်ကျောပေါ်ရှိ လူတိုင်းသည် စိတ်လှုပ်ရှားနေမိသည်။ ဟူဇီဖန်း၏ အောင်မြင်မှုသည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ အနာဂါတ်ဖြစ်ပေ၏။

သုံးရက်ကြာကျင့်ကြံပြီးနောက် ဟူဇီဖန်း၏ မျက်လုံးများပွင့်လာခဲ့ကာ အရှိန်အဝါများ လင်းလက် မြင့်တက်လာသည်။ ကျန်းယီနှင့် အခြားသူများသည် ဤအရာအား မြင်သည့်အခါ မျက်နှာပေါ်တွင် ရွှင်လန်းပျော်ရွှင်သွားကြသော်လည်း ၎င်းသည် ခဏမျှသာ ဖြစ်ပေသည်။

ဟူဇီဖန်းမှာ အဋ္ဌမအဆင့်တွင် ပိတ်မိနေဆဲဖြစ်၏။ နဝမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ ဝေးသော်လည်း ၎င်းသည် ပင်လယ်အော်တစ်ခုလို ကျယ်ပြောနေခဲ့လေပြီ။

'' မင်း ...... စိတ်ပျက်ဖို့မလိုပါဘူး။ မင်းရဲ့ ကျင့်ကြံမှုက နဝမအဆင့်နဲ့ နီးကပ်နေပြီ၊ ပြိုင်ပွဲအတွင်းမှာ မင်းရဲ့ပြိုင်ဘက်တွေကို အနိုင်ယူဖို့ အခွင့်အရေးတွေ ရှိပါတယ်။ "

ဘိုင်ယုဖန်က ဟူဇီဖန်းရင်၌ ဝန်တစ်ခု ရှိနေမည်ကို စိုးရိမ်မိသဖြင့် နှစ်သိမ့်လိုက်သည်။

ရေဖြူမြို့။

ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲသည် မိုးကောင်းကင် နိုင်ငံ၏ အထင်ကရပွဲတော် တစ်ခုဖြစ်ကာ အစဉ် အလာ ကြီးမား လှသောကြောင့်၊ ရေဖြူမြို့မှာ စည်ကား သက်ဝင် နေခဲ့လေပြီ။

ပြိုင်ပွဲရင်ပြင်တွင် ကျင့်ကြံသူများစွာအား စိတ်အားထက်သန်စွာ တွေ့မြင်နေရသည်။ ရင်ပြင်အလယ်တွင် သိုင်းစင်မြင့်တစ်ခုရှိကာ ၎င်းသည် မီတာသုံးဆယ်ကျော်ရှည်ပြီး မိုးပြာရောင် ကောင်းကင်ဂိုဏ်း ၏ သိုင်းစင် မြင့်ထက် များစွာ ကြီးမားပေသည်။

ဘိုင်ယုဖန်က ခေါင်းငြိမ့်လိုက်ပြီး မြေပြင်ကို အကဲခတ်လိုက်ကာ၊

'' မကြာခင်ပြိုင်ပွဲက စတော့မယ့်ပုံပဲ၊ ငါတို့ နောက်ကျနေပြီ၊ သွားကြရအောင်။ ''

'' .......... ''

ငှက်ဝါသားရဲသည် စူးစူးဝါးဝါးအော်ဟစ်ကာ ၎င်း၏ အတောင်များအား ပုတ်လိုက်ပြီး အောက်သို့ ငုပ်လျှိုး နိမ့်ဆင်း သွားပြီးနောက် သိုင်းစင်မြင့်နှင့် သိပ်မဝေးလှသော စံအိမ် တစ်လုံး ရှေ့တွင် ရပ်လိုက်လေသည်။

ယခုအချိန်တွင် ဘိုင်ထျန်းမိန် ဦးဆောင်သော အကြီးအကဲ အဖွဲ့ နှင့်အတူ လူတစ်စုသည် ထိုစံအိမ် အတွင်းမှ ထွက်လာကြသည်။

ထိုလူအုပ်နောက်တွင် မိုးပြာရောင် ကောင်းကင်ဂိုဏ်း၏ အတွင်း တပည့်အချို့ လိုက်ပါ လာကြသည်။

"မင်း ဘာလို့နောက်ကျနေတာလဲ"

ဘိုင်ထျန်းမိန် က မျက်မှောင်ကြုပ်လျက် မေးမြန်းလိုက်သည်။ သူတို့သည် ပြိုင်ပွဲ စည်းမျဉ်း များအား ညှိနှိုင်းရန် ဂိုဏ်းမှ ကြိုတင် ထွက်ခွာ လာခဲ့ ကြခြင်း ဖြစ်သည်။

ဘိုင်ယုဖန်က ရှင်းပြနေစဉ် ဘိုင်ထျန်းမိန်က ဟူဇီဖန်းအား စိတ်၀င်စားစွာဖြင့် လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး၊

"အိုး.... အဋ္ဌမအဆင့်အထွတ်အထိပ်လား၊ နှမျောစရာပဲ နဝမအဆင့်ကို မရခဲ့တာ....''

'' ကောင်းကင်က ငါတို့ ဂိုဏ်းကို ကောင်းချီးပေးနေပုံရတယ်။ ဆုစီယာမရှိပေမယ့် ဟူဇီဖန်း ရှိနေသေးတာပဲ "

" ဒါအမှန်ပဲ၊ စီနီယာအစ်ကိုဟူက ဒီပြိုင်ပွဲမှာ တောက်ပလာမယ့် ကြယ်တစ်ပွင့်ပဲ... ''

"စီနီယာအစ်ကိုဟူက လွန်ခဲ့တဲ့ သုံးနှစ်က ဆုစီယာလို အောင်မြင်မှု တွေကို ရယူပေးနိုင် လိမ့်မယ် ဆိုတာ ငါယုံတယ်။ "

ဘိုင်ထျန်းမိန်က ပြုံးလျက် စကားသံများအား လျစ်လျူရှုလိုက်ကာ ဟူဇီဖန်း၏ ပခုံးကို ပုတ်လိုက်ပြီး၊

" ဇီဖန်း၊ ဒီနေ့ပွဲက ဂိုဏ်းတစ်ဂိုဏ်းလုံရဲ့ သေခြင်းနဲ့ ရှင်ခြင်းတိုက်ပွဲပဲ၊ ငါတို့အားလုံးက မင်းကို ဝန်ဖြစ်စေမှာ စိုးရိမ်မိတယ် ''

" ကျေးဇူးပြုပြီး စိတ်ချနေပါ ဂိုဏ်းချုပ်ကြီး၊ ငါအကောင်းဆုံး ကြိုးစားသွားမှာပါ "

ဟု ဟူဇီဖန်းက အခိုင်အမာ ဂတိပြု လိုက်သည်။

" ကဲ .. ဒါဆိုလည်း သွားစို့ "

ဘိုင်ထျန်းမိန် ဦးဆောင်မှုနောက်တွင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းသည် ပြိုင်ပွဲ ရင်ပြင်ထံသို့ ဦးတည်သွား လိုက်၏။

ရုတ်တရက် ပြိုင်ပွဲရင်ပြင် အဝင်ဝတွင် ခရမ်း မီးလျှံ ဂိုဏ်း၏ အဖွဲ့သားများနှင့် မျက်နှာ ချင်းဆိုင် တွေ့ဆုံမိကြသည်။ ခရမ်းမီးလျှံ ဂိုဏ်းချုပ် လျူယုက ဘိုင်းထျန်းမိန်နောက်ရှိ မိုးပြာရောင် ကောင်းကင် ဂိုဏ်းသားများထံ ဝေ့ကြည့်လိုက်ကာ၊

"အစ်ကိုဘိုင်၊ ငါ ဆုစီယာ ကို ဘာလို့မတွေ့တာလဲ။ ကောလဟာလတွေက အမှန်ပဲလား။ "

" ဒီအတွက် စိတ်မပူပါနဲ့ ဂိုဏ်းချုပ်လျူ.. ငါတို့အတွက် လုံလောက်ပါပြီ "

" ဟားဟားဟား ....ကောင်းပါပြီ ကောင်းပါပြီ ငါ စိတ်မပူတော့ပါဘူး၊ မင်း အရင်သွားနိုင်ပါပြီ "

လျူယုက ယဉ်ကျေးသော အမူအရာပြကာ ကိုယ်ကို ယို့ရှောင်ပေးလိုက်လေသည်။

လင်းယွန်က ခရမ်းမီးလျှံဂိုဏ်းဘေးမှ အဖြတ်တွင် လျူယုဘေးတွင်ရပ်နေသည့် လျူယန်ဖိန်ထံ အကြည့်အရောက် ချိန်၌၊ အန္တရာယ် အငွေ့အသက်ကို ခံစား ရရှိ လိုက်သည်။

"ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်လဲ ... ဆုစီယာက တကယ်ပဲ ထွက်သွားလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး"

မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်နှင့် လျူယန်ဖိန်က ညည်းတွားလိုက်လေသည်။

လျူယုက လျူယန်ဖေးအား ကြည့်ကာ သူ၏အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး၊

'' မင်းပျင်းရင် ငါ့အတွက် ဝိညာဉ်မိုင်းတွင်းကို ပြန်ရယူပေးပါ၊ ''

-ဟု ဆိုလိုလိုက်၏။

တချိန်ထဲမှာပင် မိုးပြာရောင် ကောင်းကင် ဂိုဏ်းသည် သိုင်းရင်ပြင်သို့ ဝင်ရောက်လာ သည်နှင့် လူအုပ်ကြီးမှာ ချက်ချင်း အာရုံ စိုက်လာ ကြ၏။

'' ဟမ်....ဆုစီယာ မပါဖူးလား ''

'' ကောလဟာလတွေက မှန်ပုံရတယ်.... ဆုစီယာက မိုးပြာရောင်ကောင်းကင်ဂိုဏ်းကနေ ထွက်သွားပြီး ထင်တယ် "

'' ဒါပေမယ့် သူတို့မှာ မီးလျှံဓားဂိုဏ်းရဲ့ ကျန်းရဲကို သိုင်းတစ်ကွက်ထဲနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ဟူဇီဖန်း ရှိတယ်လို့ ငါ ကြားမိတယ်၊ သူက ဆုစီယာရဲ့ခြေရာကို နင်းမယ့်သူပဲ...''

'' ဘာပဲဖြစ်ဖြစ် မိုးပြာရောင် ကောင်းကင် ဂိုဏ်းက ဒီပြိုင်ပွဲမှာ အခွင့်အရေးရှိနေတုန်းပဲ "

လူအုပ်ကြီးသည် ဆုစီယာအား မမြင်သည့် အခါတွင် အနည်းငယ် စိတ်ပျက်သွားကြ၏။ သိပ်မကြာခင်မှာပင် ခရမ်းမီးလျှံဂိုဏ်းမှာ ဝင်ရောက်လာသည်ကြောင့် စကားဝိုင်းသည် ပြောင်းလဲသွားခဲ့သည်။

"အဲဒါ လျူယန်ဖေး ပဲ "

" ဒီပြိုင်ပွဲမှာ သူက အသန်မာဆုံးပဲ ..."

"သူက ပါရမီရှင်လေးပါးထဲမှာ နံပါတ်တစ် နေရာကို ရယူ ထားတာ မလား "

စက္ကန့်အနည်းငယ်အတွင် မီးလျှံဓားဂိုဏ်းနှင့် အဖွဲ့များ ထပ်မံရောက် ရှိလာသည်။

ပြိုင်ပွဲရင်ပြင်သို့ ပြိုင်ပွဲဝင်ဂိုဏ်းများ ဝင်ရောက်လာကြသည်နှင့် လူအုပ်သည် ပို၍ ပွက်လောရိုက်လာခဲ့သည်။ ဂိုဏ်းကြီး လေးဂိုဏ်း အနက်မှ တော်ဝင်နေမင်း ဂိုဏ်းသည်သာ နောက်ကျနေလေ၏။

သို့သော် ဤပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပပေးသော မြို့တော်သခင်နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရောက်ရှိလာသည့် ချိန်တွင် လူအုပ်ကြီးမှာ ငြိမ်သက်သွား၏။

မြို့တော်သခင်မှာ လှပသော အမျိုးသမီး တစ်ယောက်ဖြစ်ပြီး၊ သူ့နာမည်မှာ ဘိုင်ချူဟွေ ဖြစ်လေသည်။ ဘိုင်ချူဟွေ၏ အလှသည် ဤနေရာအား လျင်မြန်စွာ တိတ်ဆိတ် သွားစေ ခဲ့ပြီးနောက်၊ သူမက ဟန်ပါပါ ပြုံးလိုက်၏။

နက်မှောင်သော ဆံနွယ်များမှာ ရေတံခွန်များ ကဲ့သို့ ဝဲပျံကျဆင်း နေကာ လှုပ်ရှားမှု တိုင်းတွင် နူးညံ့သိမ်မွေ့သော အသွင် အပြင်များ ကပ်ညိနေလျက် အိပ်မက်ဆန်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

" ဟိုမှာ တော်ဝင်နေမင်းဂိုဏ်း မဟုတ်လား "

လူအုပ်ကြီး၏ အကြည့်မှာ ဘိုင်ချူဟွေ အနောက်တွင် ကပ်ပါလာသည့် အဝါရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသော လူအုပ်ကြီးထံ ရောက်ရှိသွားသည်။

" အဲဒါက တော်ဝင်နေမင်းဂိုဏ်းရဲ့ ပါရမီရှင် ဖိန်းဝူဟန် မလား၊ သူရဲ့ နေမင်းလက်ဝါးက အထင်ကြီးစရာ ကောင်းလွန်းတယ်၊ "

မကြာခင်အချိန်တွင် မိုးကောင်းကင်နိုင်ငံ၏ ပါရမီရှင်လေးပါးသည် သတ်မှတ်ထားသော နေရာများ၌ စုရုံး ရောက်ရှိနေလေပြီ။

ထို့နောက်တွင်

- မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ ဘိုင်ယုဖန်၊

- မီးလျှံဓားဂိုဏ်းမှ လျိုရှန်း၊

- ခရမ်းမီးလျှံဂိုဏ်းမှ လျူယန်ဖေး နှင့်

- တော်ဝင်နေမင်းဂိုဏ်းမှ ဖိန်းဝူဟန်...

တို့သည် သူတို့၏ဂိုဏ်းသားများအား ဦးဆောင်ကာ ညီညာစွာ မတ်တပ်ရပ်လျက် အရိုအသေ ပြုလိုက်ကြသည်။

'' မြို့တော်သခင်ကို နူတ်ခွန်းဆက်သ ပါတယ်....''

ဘိုင်ချူဟွေက ပါရမီရှင်လေးပါးထံ ဦးတည်လျက် ခေါင်းညိတ်ပြလိုက်ကာ၊

'' ဒီလိုကြင်နာမှုမျိုး မလိုပါဘူး၊ မင်းတို့ ပြန်ထိုင်နိုင်ပါတယ်...။ ''

ပါရမီရှင် လေးဦးနှင့် နောက်လိုက် ဂိုဏ်းသားများ ထိုင်ခုံ၌ ပြန်လည် ငြိမ်သက် သွားသည် အထိ ခဏစောင့်ကြည့်ပြီးနောက်၊ လူအုပ်ကြီးထံ ဝေ့ကြည့်လိုက်ကာ၊

'' ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲဟာ မိုးကောင်းကင် နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုပဲး၊ သုံးနှစ်မှာ တစ်ကြိမ်သာ ကျင်းပလေ့တယ်၊ ဒါကြောင့် ဒီနေရာမှာ ရှိနေဖို့က လူတိုင်း အတွက် ခက်ခဲပါတယ် ''

သူမ၏အသံသည် ကြည်လင်ပြတ်သားကာ နွေဦး၌ စီးဆင်းနေသည့် စမ်းရေစီးသံကဲ့သို့ တသွင်သွင် ထွက်ပေါ်နေခဲ့သည်။ ထိုအသံကပင် လူတိုင်း၏ နှလုံးသားကို ပျော်ရွှင် တက်ကြွ လာစေ၏။

ဘိုင်ချူဟွေ၏ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဂိုဏ်းလေးခုပြိုင်ပွဲအား တရားဝင် စတင်တော့သည်။

ပထမဆုံးပွဲစင်အဖြစ်၊ ခရမ်းမီးလျှံဂိုဏ်း လက်အောက်ရှိ မြို့နှစ်မြို့နှင့် စတင်လိုက်သည်။

ထိုမြို့နှစ်မြို့၏ ကိုယ်စားပြုသော သင်္ကေတများဖြစ်သည့် နဂါးနှင့်ဖီးနစ်ရုပ်ပုံကို ထွင်းထားသော ကျောက်စိမ်းပြားနှစ်ပြားမှာ သိုင်းစင်မြင့် ထက်ရှိ လေထုထဲတွင် ဝဲပျံ တောက်ပ လာ၏။

ထိုသင်္ကေတများသည် တစ်စုံတစ်ခုသော စွမ်းအား အချို့မှ ရစ်သိုင်း ထားဟန်ဖြင့် သိုင်းစင်မြင့်ထက် မီတာအနည်းငယ်၌ လွင့်မျော နေခဲ့သည်။

ထိုအချိန်တွင် လေထုမှာ တင်းကျပ်လာ၏။

အကယ်၍သာ ခရမ်းမီးလျှံဂိုဏ်သည် ဤပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပါ၊ ထိုမြို့နှစ်မြို့၏ အုပ်ချုပ်ပိုင်ခွင့် အာဏာအား လွှဲပြောင်း ပေးအပ်ရမည်ဖြစ်ရာ၊ ၎င်းနှင့် ပတ်သတ်သော အကျိုးအမြတ်များအား ဆုံးရှုံးပေလိမ့်မည်။

***

All Chapters