ထောင်ချောက်အတွင်း သက်ဆင်းကျခြင်း။
Vol. 4 Ch. 56
သိုင်းစင်မြင်ပေါ်တွင် သင်္ကေတနှစ်ခုမှာ တောက်ပနေ၏။
တစ်ချိန်တည်းမှာပင် မြို့နှစ်မြို့အား ကာကွယ်ရန် ခရမ်းမီလျှံဂိုဏ်းမှ အရံပြိုင်ပွဲဝင် တစ်ယောက်အား စေလွှတ်လာခဲ့သည်။
အကယ်၍ အခြားသော ဂိုဏ်းခွဲများမှာ ထိုမြို့နှစ်မြို့အား စိတ်ဝင်တစား ရယူလိုပါက သူတို့၏ ပြိုင်ပွဲဝင်များကို စိန်ခေါ်ရန် စေလွှတ်နိုင်သည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲဝင်တစ်ဦးသည် မြို့တစ်မြို့အတွက် တစ်ကြိမ်သာ ကိုယ်စား ပြုနိုင်ပေမည်။
တစ်စုံတစ်ယောက်သည် နောက်တစ်ကြိမ် ယှဉ်ပြိုင်လိုပါက နောက်ထပ်မြို့များ၊ မိုင်းတွင်းများ အလှည့်ကျသည်အထိ စောင့်ရပေ၏။
သို့သော် ဂိုဏ်းတိုင်းမှာ သူတို့၏ မျိုးစေ့လောင်းများအား ထိုကဲ့သို့သော အစွန်အဖျား နယ်မြေများထက် ပို၍ အကျိုးအမြတ်ဖြစ်ထွန်းမည့် ဝိညာဉ် မိုင်းတွင်းများ၊ မြို့များပေါ်တွင်သာ အာရုံစိုက် ပစ်မှတ်ထား စေကြ၏။
ထို့ကြောင့် ထိုမြို့နှစ်မြို့အတွက် မည်သို့သောပြိုင်ပွဲဝင်များကို စေလွှတ်ရန်ကိုမူ လူတိုင်းဆွေးနွေးရန် လိုပေမည်။
" ငါက ဂိုဟန်ပါ ခရမ်းမီးလျှံဂိုဏ်းရဲ့ အရံပြိုင်ပွဲဝင်ပဲ၊ လမ်းညွှန်မှုကို တောင်းခံဖို့ စောင့်မျှော်နေပါတယ်။ "
ဂိုဟန်က စကားဆုံးသည်နှင့် အရှိန်အဝါအား စတင် ထုတ်လွှတ်လိုက်သည်။
'' အခြေခံတည်ဆောက်ခြင်း အဌမအဆင့် လား....''
" သုံးနှစ်အတွင်း၊ ခရမ်းမီးလျှံဂိုဏ်းက ကြီးကြီးမားမား တိုးတက်မှုတွေ ရခဲ့တာပဲ... "
'' အစွန်အဖျား နယ်မြေလေးအတွက်နဲ့ သန်မာတဲ့ အရံပြိုင်ပွဲဝင်ကို စေလွှတ် လိုက်တာလား၊ ဒီနှစ်တော့ ဂိုဏ်းလေးဂိုဏ်းရဲ့ အားပြိုင်ပွဲတွေက ပိုမို ပြင်းထန်မယ့် ပုံရတယ် ''
ဂိုဟန်၏ ခွန်အားနှင့် ပတ်သတ်၍ လူတိုင်းအာရုံကို ဖမ်းစားနိုင်ခဲ့သည့်အပြင် ၎င်းမှာ ပြိုင်ပွဲအား ပို၍ပင် စိတ်လှုပ်ရှား လာစေ၏။
အနောက်ဘက်တွင်ထိုင်နေသော လင်းယွန်သည် ဘိုင်ယုဖန်နှင့် အရံပြိုင်ပွဲဝင်များ ဆွေးနွေးနေသည်ကို ကြားနေရသည်။
" ဘယ်သူ သွားမလဲ "
ဘိုင်ယုဖန်က အရံပြိုင်ပွဲဝင် များထံသို့ လှည့်ကြည့်ကာ မေးလိုက်သည်။
စည်းမျဉ်းများအရ မည်သူမဆို တိုက်ခိုက်ရန် အခွင့်အရေး ရှိနေခဲ့သော်လည်း၊ ၎င်းအတွက် ခွန်အားကို ချိန်ဆရန် လိုပေသေးသည်။ သို့မဟုတ် ပါက မြို့နှစ်မြို့အပေါ် ရပိုင်ခွင့်နှင့် ပေးဆပ်မှုမှာ ထိုက်တန်လိမ့်မည် မဟုတ်ပေ။
" ငါ့ ကို ခွင့် ပြု ပါ ...... "
ရုတ်တရက် အရံပြိုင်ပွဲဝင် တစ်ဦးမှာ သိုင်းစင်မြင့်ပေါ်သို့ ပျံတက်သွားပြီး၊
" ငါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ကျန်းချင်းပါ၊ ကျေးဇူးပြုပြီး ငါ့ကို အလင်းပြပါ "
၎င်းမှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ အရံပြိုင်ပွဲဝင် ဆယ်ဦးအနက် တစ်ဦးဖြစ်ခဲ့ပြီး၊ သူ့နောက်ကျောတွင် ကြီးမားသော ဓါးပြားကြီးကို ပိုးလွယ်ထားလေသည်။
ဂိုဟန်က သူ့မျက်လုံးများကို စောင်းကြည့်ကာ ပြုံးလိုက်ပြီး၊
" ငါက ဘယ်သူ များလဲလို့၊ လွန်ခဲ့တဲ့ သုံးနှစ်က ငါ့ကိုရှုံးနိမ့်ခဲ့တဲ့ အရှုံးသမား တစ်ယောက်ပဲ၊ ကောင်းပြီ ငါက မင်းကို သုံးကွက်အကြောပေးမယ်.... "
ကျန်းချင်းသည် သိုင်းစင်မြင့်ထက်သို့ ပြတ်သားစွာ တက်ရောက်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ၊ သူတို့နှစ်ယောက် ကြားတွင် ရန်ငြိုးများ ရှိနေခဲ့ပေသည်။
" ဘယ်လောက်တောင် မောက်မာ လိုက်သလဲ .... "
ဒေါသတကြီး အော်ငေါက်လိုက်သံနှင့်အတူ ကျန်းချင်းက ဓားပြားကြီးအား ဆွဲထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ အပူရှိန်မှာ ကျဆင်းသွား လေသည်။
၎င်းမှာ နာမည်ကြီး ဓားသိုင်းတစ်ခု ဖြစ်သော်လည်း ဂိုဟန်က ထိတ်လန့်အံ့သြခြင်း မရှိခဲ့ချေ။
သူက ကျန်းချင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ရွေ့လျားမှု နည်းစနစ်ကိုသာ သုံးခဲ့ပြီး ပြန်လည်တိုက်ခိုက်ခြင်း မပြုပေ။
'' ................ ''
ကျန်းချင်းက သူ၏တိုက်ခိုက်မှု လွဲချော်သွား သည်နှင့် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ ဓါးအား နောက်တစ်ကြိမ် ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။
ထိုခုတ်ပိုင်းမှုသည် ပို၍ ပြင်းထန်ကာ လေထုကိုပွတ်တိုက်ထိုးခွဲလျက် တစ္ဆေအူသံများ ဖြစ်ပေါ်လာစေသည်။
ဂိုဟန်၏ မျက်နှာသည် လေးနက် လာသော်လည်း သူက ပြန်လည် မတိုက်ခိုက်ခဲ့ပဲ ရွေ့လျားမှုနည်းစနစ်အား ထုတ်ဖော်ကာ ပွတ်သပ် ရှောင်တိမ်း လိုက်သည်ကြောင့် လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
" မင်းက ......ဘယ်လောက်ထိ ရှောင်တိမ်း နိူင်မလဲ ဆိုတာ ငါ ......ကြည့်မယ် "
ကျန်းချင်းက အေးစက်စွာ ကြုံးဝါးလိုက်ပြီး တိုက်ပွဲအား အဆုံးသတ်ရန် အရှိန်အဝါကို အထွတ် အထိပ်ထိ တွန်းတင်လိုက်သည်။
သို့သော် ဂိုဟန်၏ နှုတ်ခမ်းပေါ်တွင် အပြုံးအချို့ တွဲခိုလာကာ စတင် လှုပ်ရှားလာ ခဲ့သည်။
'' မီး လျှံ လက် ညိုး ''
လူအုပ်ကြီးမှာ ထိုမြင်ကွင်းအား ကြည့်ကာ အံသြစိတ်ပျက် သွားကြသည်။ ဂိုဟန်က ကျန်းချင်းကို သိုင်းသုံးကွက် အကြောပေး သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း သူက ထိုကတိအား မစောင့်ထိန်းခဲ့ပဲ အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်လိုက်၏။
ဂိုဟန်လက်ညှိုးမှာ ကျန်းချင်း၏ ရင်ဘတ်ကို ထိခတ်သွားသည်နှင့် ပါးစပ်မှ သွေးများ စီးကျလာကာ လွင့်စင်သွားသည်။ တစ်ချိန်တည်း မှာပင် ကျန်းချင်း၏ ကြမ်းတမ်းသော အရှိန်အဝါမှာ ပျောက်ကွယ် ပါးလျလာလေ၏။
" ငါ့စင်ပေါ်က ဆင်းသွားစမ်း "
ဂိုဟန်က အော်ဟစ်မောင်း ထုတ်လိုက်သံနှင့်အတူ ဒုတိယမြောက် တိုက်ကွက်အား ဆက်လက် ထုတ်ဖော် လိုက်လေသည်။
ပထမလှုပ်ရှားမှုမှာ ကျန်းချင်း၏ နံရိုးကို ချိုးလိုက်ပြီး ဒုတိယမြောက်သိုင်းကွက်သည် ကိုယ်တွင်းအင်္ဂါများအား ပြင်းထန်သော ဒဏ်ရာများ ရစေခဲ့သည်။
လူအုပ်ကြီးမှာ စကားမပြောနိုင်ခဲ့ပဲ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြသည် ဖြစ်ရာ အသက်ရှုသံ ပြင်းပြင်းကို မှုတ်ထုတ်လိုက် ကြသည်။
တစ်ဖန်၎င်းသည် ဂိုဟန်၏ သုံးကွက် အသာပေးခြင်းသည် လူကြီးလူကောင်း မဆန်သော လှည့်စားမှုသာ ဖြစ်ပေ၏။
'' ခရမ်းမီးလျှံဂိုဏ်းက တိုက်ပွဲမှာ အနိုင်ရတယ်၊ ဂိုဟန်ကို စိန်ခေါ်လိုသူ ရှိရင် စေလွှတ်နိုင်တယ်.... ''
ဘိုင်ချူဟွေက ရလာဒ်ကို ပြုံးလျက် ကြေငြာ လိုက်သည်။
မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဘိုင်ထျန်းမိန်မှာ မျက်နှာကြီး မဲမှောင်လာ၏။ ထိုအခိုက်အတန့်တွင် လျူယုက လှည့်ကြည့် လိုက်ပြီး၊
" မင်းရဲ့ ကလေးကို ဒဏ်ရာစေခဲ့တဲ့အတွက် ငါ... တကယ်တောင်းပန်ပါတယ်.... ''
" အရှက် မ ရှိ လိုက်တာ..."
ဘိုင်းထျန်းမိန်၏ အော်ဟစ်သံအား လျူယုက စိတ်မ၀င်စားဟန်ဖြင့် တဟားဟားဟား အော်ရယ်လိုက်သည်။
ပြိုင်ပွဲသည်ဆက်သွားနေခဲ့ကာ ဂိုဟန်မှာ မီးလျှံဓားဂိုဏ်းနှင့် တော်ဝင်နေမင်းဂိုဏ်း၏ အရံပြိုင်ပွဲဝင် နှစ်ဦးအား ဆက်တိုက် အနိုင်ရခဲ့ပြီး အောင်ပွဲခံနေသည်။
အစွန်အဖျားမြို့နှစ်မြို့ကို လုယူဖို့ ပြိုင်ပွဲဝင်များစွာ စေလွှတ်ကာ တိုက်ခိုက်နိုင် သော်လည်း ၎င်းသည် ရလာဒ်ကောင်းများ မရရှိပါက ဆိုးရွားသည့် ဆုံးရှုံးမှုများပင် ဖြစ်ပေ လိမ့်မည်။
နောက်ဆုံးတွင် ဂိုဏ်းအသီးသီးသည် သူတို့၏ အရံပြိုင်ပွဲဝင်များအား တစ်ယောက်ထက် ပို၍ ထပ်မံ စေလွှတ်ရန် လျစ်လျူရှုလိုက်ကြကာ ဂိုဟန်အား အနိုင်ပေးလိုက်ကြ၏။
'' သူတို့ရဲ့မြို့တွေကို ကာကွယ်နိုင်ခဲ့တဲ့ ခရမ်းမီးလျှံဂိုဏ်းကို ဂုဏ်ယူပါတယ်။ ''
"ကျေးဇူးတင်ပါတယ်၊ မြို့တော်သခင် "
ဂိုဟန်က ဘိုင်ချူဟွေကို အရိုအသေပြုလိုက်ကာ ရယ်မောလျက် သိုင်းစင်မြင့်ပေါ်တွင် ဝဲပျံနေသော ကျောက်စိမ်းပြားနှစ်ချပ်အား ခုန်ယူ သိမ်းပိုက်လိုက်သည်။
'' ခရမ်းမီးလျှံဂိုဏ်းက ပိုပြီး သန်မာလာ ပုံရတယ်၊ သူတို့ရဲ့မြို့နှစ်မြို့ကို ကာကွယ်ဖို့ အရံပြိုင်ပွဲဝင်တစ်ဦးကိုသာ သုံးခဲ့တယ်။ ''
'' ဒါပေါ့ အမှန်သာဆိုရင် သူတို့က မြို့နှစ်မြို့ကို .ကာကွယ်ဖို့အတွက် အနည်းဆုံး ပြိုင်ပွဲဝင် နှစ်ယောက်တော့ လိုအပ်တယ်မလား။ ''
" မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ တပည့်အတွက်ကတော့ ဝမ်းနည်းစရာပဲ။ "
" သူက ငါ့အမြင်မှာတော့ ရိုးအ မိုက်မဲ လွန်းတယ်"
ဝေဖန်သံများအားနားထောင်ကာ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ တပည့်များမှာ အံသွားကို ကြိတ်လိုက်ကြ၏။
'' ဒီလို ယုတ်မာမယ်မှန်းသိရင် ငါကိုယ်တိုင် ထွက် ရင်ဆိုင်တယ်၊ အနည်းဆုံးတော့ ခုလို မောက်မာ နိုင်မလား ကြည့်ရသေးတာပေါ့ ..... ''
မျိုးစေ့လောင်းပြိုင်ပွဲဝင် ကျန်းယီက ဒေါသတကြီး ပြောကြား လိုက်သော်လည်း၊ ဘိုင်ယုဖန်က ခေါင်းရမ်းပြလိုက်ကာ တည်ငြိမ် နေခဲ့သည်။
" ဒါက အစပဲရှိသေးတယ်၊ မျိုးစေ့လောင်း ပြိုင်ပွဲ ဝင်တွေ အနေနဲ့ ငါတို့ရဲ့ ခွန်အားကို ထိန်းသိမ်း ထားဖို့ လိုတယ် ...."
မည်သို့ပင်ဆိုစေကာမူ ပထမဆုံး တိုက်ပွဲမှာပင် ကျန်းချင်းက အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းသည် မိုးပြာရောင် ကောင်းကင် ဂိုဏ်းရှိ တပည့်တိုင်းအား မကျေနပ်ချက်များ တင်းကြပ်လာစေသည်။
ဒုတိယမြောက်ပွဲစဉ်သည် မီးလျှံဓားဂိုဏ်း၏ မြို့နှစ်မြို့အတွက် ကာကွယ်ရမည့် ပွဲစဉ်ဖြစ်ကာ ၎င်းတို့ သည်လည်း သူတို့၏ မြို့များအား ဂိုဏ်းသုံး ဂိုဏ်းမှ အောင်မြင်စွာ ကာကွယ်ပေး ခဲ့သည်။
ဂိုဏ်းလေးခုအနက်မှ တော်ဝင် နေမင်းဂိုဏ်း သည်သာ အရံပြိုင်ပွဲဝင်သုံးဦးကို စေလွှတ်ခဲ့ သော်လည်း ခုခံကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။
အဆုံး၌ သူတို့၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင်များအား စေလွှတ် ကာကွယ်ခဲ့ရသည် အထိ နိမ့်ကျ သွားခဲ့လေသည်။
'' ကဲ... အားလုံးပဲ အခုအကြိမ်ကတော့ မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ အလှည့်ပဲ၊ ဒီပွဲပြီးရင် ပထမအကျော့ ပွဲစဉ်တွေပြီးပြီ...'
ဘိုင်ချူဟွေ၏ ကြေငြာသံနှင့်အတူ မိုးပြာရောင် ကောင်းကင် ဂိုဏ်းပေါ်သို့ ဖိအား တစ်ခု ကျရောက်လာ ခဲ့လေသည်။
ဘိုင်ယုဖန်က အရံပြိုင်ပွဲဝင် ဆယ်ယောက်ကို ကြည့်လိုက်ကာ၊
"ဘယ်သူအရင်သွားမလဲ"
" ငါ့ကို အရင် ခွင့်ပြုပါ..."
ဖန်းဒေါင်းယူက တည်ငြိမ်စွာဖြင့် ရှေ့ထွက်လိုက်သည်။ သူ၏ခွန်အားအရ ဖန်းဒေါင်းယူသည် အရံပြိုင်ပွဲဝင် ဆယ်ဦးတွင် ထိပ်ဆုံးစာရင်းဝင် ဖြစ်သည်။
" ကောင်းပြီ "
ဘိုင်ယုဖန်က ဖန်းဒေါင်းယူ၏ စွမ်းရည်ကို ယုံကြည်ကာ ခေါင်းငြိမ့်လိုက်၏။
" ငါကို ယုံကြည်လိုက်ပါ၊ ဂိုဏ်းအတွက် မြို့နှစ်မြို့ကို ငါကာကွယ် ပေးမယ်"
ဖန်ဒေါင်းယူသည် သူ၏ရွေ့လျားမှု နည်းစနစ်အား ထုတ်ဖော်ပြီး စင်မြင့်ပေါ် တက်ရောက်သွား၏။
ထို့နောက်တွင် သူ၏ အကြည့်အား ခရမ်းမီးလျှံဂိုဏ်းထံသို့ ပို့လွှတ်လိုက်ကာ၊
'' ငါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ဖန်းဒေါင်းယူပါ၊ လမ်းညွှန်မှုကို စောင့်နေ ပါတယ်"
ဖန်းဒေါင်းယူက ကျန်းရဲအား ရှုံးနိမ့်ခဲ့သည့် ဂုဏ်သတင်းအား ဤပြိုင်ပွဲ၌ ပြန်လည် အဖက် ဆယ်ရန် ဆုံးဖြတ်ထားသည်မှာ သေချာ လှပေ၏။
" မင်းက သေချင်နေတာပဲ.... "
ရုတ်တရက် အော်ငေါက်သံနှင့်အတူ လူရိပ်တစ်ရိပ်သည် ကောင်းကင်မှ ဝဲပျံ ဆင်းသက် လာ၏။
ထိုလူရိပ်က သိုင်းစင်မြင့်ပေါ်တွင် ရပ်ကာ ဦးညွှတ် လိုက်သည်နှင့် လူအုပ်ကြီးမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားခဲ့၏။
" မျိုးစေ့လောင်း ပြိုင်ပွဲဝင် တစ်ယောက်လား.... "
အစွန်အဖျားနယ်မြေများအတွက် ခရမ်းမီးလျှံဂိုဏ်းမှာ သူတို့၏ မျိုးစေ့လောင်း ပြိုင်ပွဲဝင်တစ်ယောက်အား မဆိုင်းမတွ စေလွှတ်ခဲ့သည်။
၎င်းမှာ မည်သူမျှ မမျှော်လင့်ထားခဲ့သော အခြေအနေဖြစ်ပေသည်။ တစ်ဘက်တွင် ဖန်းဒေါင်းယူ၏ မျက်နှာတွင် ဆင်မြန်း ထားသော ယုံကြည်မှုမှာ ချက်ချင်းပင် ပျောက်ကွယ် သွားခဲ့၏။
လင်းယွန်သည် ဤမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်ကာ သိုင်းစင်မြင့်ထက်သို့ စူးစိုက် ကြည့်လိုက်မိလေသည်။ ၎င်းသည် ခရမ်း မီးလျှံ ဂိုဏ်းမှ မိုးပြာရောင် ကောင်းကင် ဂိုဏ်း ထံသို့ ရည်ရွယ်ချက်ရှိရှိ ကြုံးသွင်းခဲ့သော ထောင်ချောက် တစ်ခု ဖြစ်နိုင်ပေမည်လော။
***