မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ၊ ငါ ရှိနေတယ်။
Vol. 5 Ch. 59
အဆုံး၌ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ နောက်ဆုံးဝှက်ဖဲနှစ်ချပ်ဖြစ်သော ဘိုင်ယုဖန်နှင့် ဟူဇီဖန်းသည် တပြိုင်နက်ထဲ လှုပ်ရှားလာခဲ့၏။
စည်းမျဉ်းများအရ ဂိုဏ်းတစ်ဂိုဏ်းသည် ပြိုင်ပွဲဝင်သုံးဦးအထိ စေလွှတ်နိုင်ပြီး သိုင်းစင်မြင့်ပေါ်၌ အများဆုံး (၆) ဦးအထိသာ ရင်ဆိုင်ခွင့်ပြုထားလေသည်။
လျူယန်ဖေးက ဘိုင်ယုဖန်တို့နှစ်ဦးထံ ဝေ့ကြည့်ကာ ပြုံးလိုက်၏။
"ကောင်းပြီ၊ အချိန်မကုန်တော့ဖူးပေါ့... ''
'' ......... ''
စကားဆုံးသည်နှင့် သူက ကျန်းယီခန္ဓာကိုယ်အား ပြင်းထန်သော အရှိန်ဖြင့် စင်အောက်ကန်ချလိုက်လေသည်။
ကျန်းယီမှာ ဖွဲအိတ်တစ်လုံးကဲ့သို့ ပေါက်ကွဲသံတစ်သံနှင့်အတူ လွင့်စင်သွား၏။
ဤမြင်ကွင်းကြောင့် ဘိုင်ယုဖန်က ကျန်းယီအား လိုက်လံဖမ်းယူချင်သော် ငြားလည်း သူက အံကြိတ်လျက် တွေဝေ နေခဲ့သည်။
အကယ်၍သာ သူက ကျန်းယီကို လိုက်လံပွေ့ယူရန်ကြိုးစားခဲ့ပါက ထိုအခွင့် အရေးအား အသုံးချကာ လျူယန်ဖေးထံမှ တိုက်ခိုက်မှုများအား လက်ခံရနိုင်ပေမည်။ ထို့အပြင် ဒဏ်ရာအရခံကာ ဖမ်းမိခြင်း မရှိပါက အခြေအနေမှာ ပို၍ ဆိုးရွာလားပေမည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဘိုင်ယုဖန်က ဆုံးဖြတ်ချက်အား အလျင်အမြန် ချလိုက်ကာ၊ အရှိန်အဝါ ပေါက်ကွဲမှုနှင့်အတူ ရိပ်ခနဲ့ ပြေးထွက် သွားလေသည်။
ဘိုင်ယုဖန်က ကျန်းယီအား ဖမ်းမိလိုက်သော်လည်း ပွေ့ယူခြင်း မပြုခဲ့ပဲ လွင့်လာသော အရှိန်အား လျော့ချပေးခဲ့ကာ ညင်သာစွာ တွန်းလွှတ်လိုက်လေသည်။
နောက်အခိုက်အတန့်တွင် ကျန်းယီ၏ ခန္ဓာကိုယ်မှာ မိုးကောင်းကင်ဂိုဏ်း၏ အတွင်း တပည့်များ ထံသို့ ဦး တည် တိုးဝင်သွားရာ ဂိုဏ်း၏တပည့်များမှ အလျင်အမြန် ဖမ်းယူလိုက် ကြသည်။
'' .................. ''
ဘိုင်ယုဖန်၏သေသပ်လှပသော လှုပ်ရှားမှုမှာ ပတ်ဝန်းကျင်ရှိ လက်ခုပ်သံများအား ဆွဲဆောင်သွားခဲ့၏။
အခြားတစ်ဖက်၌ ဟူဇီဖန်းသည် ခါးကို ကွေးညွှတ်ပြီး ကြမ်းပြင်သို့ နင်းကာ လင်းယုန်ကဲ့သို့ ကောင်းကင်ပေါ် ပျံတက်သွား၏။
မျက်စိတစ်မှိတ်အတွင်းမှာ သူက လျူယန်ဖေးရှေ့သို့ ဆင်းသက်လာကာ၊ မီးတောက်လောင်နေသည့် လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏လက်ဖဝါးနောက်တွင် ပုံရိပ်ယောင်များ အထပ်ထပ် ထွက်ပေါ်လာပြီးနောက် နောက်ကျော၌ ကြီးမား ကျယ်ပြန့်သည့် ပုံရိပ်ယောင် လက်ဖဝါးတစ်ခု ထင်ဟပ်လာ၏။
၎င်းသည် ဟူဇီဖန်း၏ အရှိန်အဝါဖြင့် ပေါင်းစပ်လျက် အပူလှိုင်းများသဖွယ် ပတ်ဝန်း ကျင်သို့ ပြန့်နှံ့လာသည်။
ယခုအချိန်တွင် ဟူဇီဖန်းနှင့် သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာသော အပူရှိန်မှာ ပေါက်ကွဲကာနီး မီးတောင်ဝ ကဲ့သို့ ပြင်းရှ လောင်မြိုက်နေ ခဲ့သည်။
သို့သော် ၎င်းသည် လျူယန်ဖေးအား ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပဲ အပူလှိုင်းများမှာ သူ၏အရှိန်အဝါ အကာအကွယ်အောက်၌ တိုးဝင်ပျောက်ကွယ်သွားကာ ဝတ်ရုံစကိုပင် အနည်းငယ်မျှ လောင်ကျွမ်းနိုင်ခြင်း မရှိချေ။
" မင်းရဲ့ ခွန်အားက ချီးကျူးစရာပဲ၊ ဒါပေမယ့် ငါ့ကိုဒီလောက်နဲ့ ဖိအားပေးနိုင် မယ်လို့ မင်းထင်နေရင် ......မင်းက ငတုံးတစ်ကောင်ပဲ"
လှောင်ပြောင်ရေရွတ်သံ နှင့်အတူ လျူယန်ဖေး၏လက်ဖဝါးတစ်ဖက်သည် ကောင်းကင်မှ တိုးဝင်လာသော ဟူဇီဖန်းအား အရှိန်ပြင်းစွာ ဟန့်တားလာလေသည်။
'' ဖန်း..... ''
တစ်ချိန်တည်းမှာပင် လျူယန်ဖေး၏ လက်ဖဝါးမှာ ခရမ်းရောင်သို့ ပြောင်းလဲသွားကာ လက်ဖဝါးနှစ်ခုထိပ်တိုက် ရင်ဆိုင်ပြီးနောက် ပြင်းထန်သော စွမ်းအင် အကျွင်း အကျန် များသည် လှိုင်းများ အဖြစ်သို့ ကူးပြောင်း သွား၏။
ရုတ်တရက် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေသော ပေါက်ကွဲသံများ ထွက်ပေါ် မြည်ဟီးလာကြသည်။
သိုင်းကွက်အနည်းငယ်အတွင်း လျူယန်ဖေးသည် တစ်စတစ်စ အသာစီးရ လာကာ ပုံရိပ်ယောင်များစွာကို ချေဖြတ် လိုက်ပြီးနောက် ဟူဇီဖန်းထံမှလာသော အပူလှိုင်းကို အမှန်ပင် တွန်းထုတ်နိုင် လိုက်သည်။
ဤအခြေအနေနှင့် ရင်ဆိုင်ရသော ဟူဇီဖန်းမှာ တဖြေးဖြေး ဆုတ်ခွာလာခဲ့ရသည် နှင့်အမျှ အံ့သြတုန်လှုပ် သွားခဲ့၏။
'' ................ ''
ရုတ်တရက် ဘိုင်ယုဖန်သည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ကောင်းကင်သို့ လျင်မြန်စွာ ပျံတက်သွားကာ သိမ်းငှက်တစ်ကောင်ကဲ့သို့ တစ်ရိပ်ရိပ် ပြန်လည် ထိုးဆင်းလာပြီး၊ အပြာရောင် အလင်းတန်းသဖွယ် လေထုအား ထိုးခွဲလာလေပြီ။
လျူယန်ဖေးက ပြုံးလျက် သူ၏ယပ်တောင်ကို ဖွင့်လိုက်ကာ အနည်းငယ် ဝေ့ရမ်းလိုက်သည်နှင့် ပန်းတစ်ပွင့် လွင့်သွားသကဲ့သို့ ညင်သာစွာ ရွေ့လျားသွားလေသည်။
ဘိုင်ယုဖန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေဆဲမှပင် ဟူဇီဖန်းထံသို့ မမေ့မလျော့ လက်ဖဝါးတစ်ချက်အား ရိုက်ထုတ်ထား ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူသည် လေကြောင်းအတိုင်း ရွေ့လျားသွားကာ သိုင်စင်မြင့်ထောင့်စွန်း၌ ပြန်လည် ရပ်နားလိုက်၏။
" အို ဘုရားသခင် ... ဒီ လျူယန်ဖေးက သန်မာလိုက်တာ၊ ခရမ်းမီးလျှံဂိုဏ်းက သူ့ကိုကူညီဖို့ ဘယ်သူ့ကိုမှ မပို့ဖူးလား.... "
" ... ဆုစီယာ ထွက်ခွာသွားပြီးနောက် မိုးပြာရောင်ကောင်းကင်ဂိုဏ်းက နိမ့်ကျသွားပြီပဲ.... ''
" စီနီယာအစ်ကိုဟူ၊ ...... "
မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ တပည့်များမှာ ဝေဖန်သံများအား လျစ်လျူရှု ထားကာ သိုင်းစင်မြင့်ထက်ရှိ ဘိုင်ယုဖန်နှင့် ဟူဇီဖန်းထံသို့ မျက်ရည်ဝဲစွာ အော်ဟစ် အားပေးမိကြ လေသည်။
" စီနီယာအစ်ကိုဟူကသာ နဝမအဆင့်ကို ရောက်နိုင်ခဲ့ရင် ဒီလောက်မခက်ခဲတော့ဖူး... ကံဆိုးတာပဲ "
'' လူငယ်သခင်က လွန်ခဲ့တဲ့နှစ်လထဲက နဝမအဆင့်အထွတ်အထိပ်ကိုရောက်နေပြီ၊ ဒဿမအဆင့်ကိုဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာမဟုတ်လား၊ ဒါနဲ့တောင် မလုံလောက် သေးဖူးလား ''
" ဒါဟာ မျဉ်းကြောင်း တစ်ကြောင်းပဲ ခြားတယ်၊ ဒါပေမယ့် ဒါကပဲ ဧရာမ ပင်လယ်ကွေ့ကြီး တစ်ခုနဲ့ တူတယ်လေ.... "
မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ တပည့်များမှာ သက်ပြင်းချလိုက် ကြသည်။ သူတို့၏ ဂုဏ်အယူရဆုံး ပါရမီရှင်နှစ်ပါးသည် လျူယန်ဖေးတစ်ယောက်တည်းကိုပင် ပူးပေါင်းတိုက်ခိုက် ခဲ့သော်လည်း အနိုင်မရနိုင်ဟု မမျှော်လင့်ထားမိခဲ့ပေ။
ထို့ထက်ပို၍ စိတ်ပျက်သွားခဲ့သည်မှာ နောက်ဆုံးတွင် လျူယန်ဖေးက ထိုပါရမီရှင်နှစ်ပါးအား သိုင်းဆယ်ကွက်အတွင်း အသာစီးရယူသွား နိုင်ခဲ့လေသည်။
'' နေမင်းရဲ့ဒေါသမီးလျှံ လက်ဝါး ''
ဟူဇီဖန်းက အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့် အထွတ်အထိပ် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်ကြောင့် ပြင်းထန်သော အပူလှိုင်းများမှာ သိုင်းစင်မြင့်တစ်လျှောက်သို့ ပျံ့နှံ့သွားလေသည်။
သူ၏လက်ဖဝါး၌ မီးတောက်ကဲ့သို့ အနီရောင် စွမ်းအင်များ စုစည်းလာကာ သိပ်မကြာခင် မှာပင် လောင်ကျွမ်းနေသော စွမ်းအင်အချို့က လျူယန်ဖေးအပါအဝင် ရှေ့ဆုံးမှ လူအုပ်ကြီးကိုပါ သိုင်းခြုံလိုက်၏။
'' ရှန်ရှင်း သိုင်း နည်းစနစ် ''
၎င်းသည် ပြိုင်ပွဲတစ်လျှောက် ရှန်ရှင်းသိုင်း နည်းစနစ်တစ်ခုအား တစ်စုံတစ်ယောက်မှ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော် လိုက်ခြင်း ဖြစ်ရာ လူအုပ်ကြီးသည် စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ဟူဇီဖန်းသည် ရှန်ရှင်းသိုင်းနည်းစနစ်အား အသုံးပြုနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရာ လျူယန်ဖေးသည်ပင် ရုတ်တရက် အံ့အားသင့်သွားလေ၏။
ထိုမြင်ကွင်းအား ပြိုင်ဘက်အပေါ် အသေးစိတ် အာရုံစိုက်ထားသော ဘိုင်ယုဖန်က သတိထားမိသွားကာ၊ သူ၏ မျက်ဝန်းများ တောက်ပလာပြီး ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရန် မဆိုင်းမတွပင် သူ၏ ရှန်ရှင်းသိုင်းနည်းစနစ်အား ထုတ်ဖော်လိုက်လေသည်။
'' ကောင်း ကင် ခွဲ ဖွင့် ခြင်း ''
ခန္ဓာကိုယ်မှ အကန့်အသတ် မရှိသော စွမ်းအင်များနှင့်အတူ အရှိန်အဝါမျာမှား ဟုန်းခနဲ ပွင့်ထွက်လာပြီး၊ ကောင်းကင်သို့ ထိုးတက်သွားစဉ်တွင် သူ၏ လက်နှစ်ချောင်းအား ပူးကပ်လျက် လေထုထဲသို့ ပုတ်ထုတ်လိုက်လေသည်။
ထိုစက္ကန့်ပိုင်းအတွင်း ရှန်ရှင်းသိုင်းကွက် နှစ်ခုသည် တစ်ချိန်တည်း ထွက်ပေါ်လာ သည်ကြောင့် ပြင်းထန်သော လေပွေများကို ဖြစ်ပေါ်လာစေပြီး၊ အပူလှိုင်းများမှာ လူတိုင်း၏ ရင်ဘတ်အား ရိုက်ခတ်လာသည်။
မီးလျှံဓားဂိုဏ်းမှ လျိုရှန်းနှင့် တော်ဝင်နေမင်းဂိုဏ်းမှ ဖိန်းဝူဟန်တို့သည် ထိုမြင်ကွင်းကြောင့် သူတို့၏မျက်ဝန်းများတွင် အားရကြေနပ်ရိပ်များ ပြည့်နှက်လာ၏၊ ဤတိုက်ပွဲတွင် လျူယန်ဖေးအား အကြီးအကျယ် ဒဏ်ရာရစေမည်ဟု မျှော်လင့်ထားမိ ကြ၏။
မည်သို့ပင် ဆိုစေကာမူ ထိုတိုက်ပွဲသည် သူတို့အတွက် အကျိုးအမြတ်များစွာ ရှိလာနိုင်ပေမည်။
'' လာ ခဲ့......စမ်း ''
ရုတ်တရက် လျူယန်ဖေးက သူ့ယပ်တောင်အား ကောင်းကင်သို့ ပစ်လိုက်ကာ လက်နှစ်ဖက်အား ဝေ့ရမ်း လိုက်သည်နှင့် သူ့ဝန်းကျင်၌ ခရမ်းရောင် အခိုးအငွေ့များ ရစ်ဝဲလာသည်။
၎င်းသည် ခရမ်းတိမ်လွှာနည်းစနစ်၏ သတ္တမအဆင့် အရှိန်အဝါပြောင်းလဲမှုပင် ဖြစ်ပေ၏။
ထိုခရမ်းတိမ်လွှာနည်းစနစ်သည် လင်းယွန်၏ ယန်သန့်စင်ခြင်းနည်းစနစ်ကဲ့သို ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ် တစ်မျိုး ဖြစ်ကာ၊ ၎င်း၏ စွမ်းအင် အသွင်ပြောင်းလဲမှုမှာ ပို၍ အနုစိတ် လှလေသည်။
တနည်းအားဖြင့်ဆိုရသော် ခရမ်းတိမ်လွှာ နည်းစနစ်၏ အဆင့်တိုင်းတွင် ယန်စွမ်းအင်နှင့် အရှိန်အဝါအား အရောင်များ ပြောင်းလဲပေးသွားစေမည်။
ထိုအရောဂ်များမှာ ပထမအဆင့်၌ အနီရောင်၊ ဒုတိယအဆင့် လိမ္မော်ရောင်၊ တတိယအဆင့် အဝါရောင်၊ စတုတ္ထအဆင့် အစိမ်းရောင်၊ ပဉ္စမအဆင့် စိမ်းပြာရောင်၊ ဆဋ္ဌမအဆင့် အပြာရောင်နှင့် သတ္တမအဆင့် ခရမ်းရောင်တို့ ဖြစ်သည်။
သာမန်နည်းစနစ်များသည် ဟောင်ရှင်းအဆင့်၌ အဆင့်ငါးဆင့်သာ ရှိသော်လည်း ခရမ်းတိမ်လွှာနည်းစနစ်သည် မိုးကောင်းကင်နိုင်ငံ တစ်နိုင်ငံလုံးရှိ တစ်ခုတည်းသော အဆင့်ခွန်နှစ်ဆင့်ပါ ဟောင်းရှင်းနည်းစနစ်တစ်ခုပင် ဖြစ်ပေသည်။
( ဟောင်ရှင်းအဆင့် နည်းစနစ်တိုင်းသည် အဆင့်ငါးဆင့်သာပါ ရှိကြကာ၊ အဆင့် ငါးဆင့်ထက် ပိုသော နည်းစနစ်များကို ရှန်ရှင်းအဆင့် နည်းစနစ်များဟု သတ်မှတ်ကြသည်။)
၎င်းသည် ကောင်းကင်အား အန်တုနေကာ ခရမ်းမီးလျှံ ဂိုဏ်း၏ သက်စောင့် သိုင်းနည်းစနစ်တစ်ခု ဖြစ်ရန် ထိုက်တန်ခဲ့ ပေသည်။
တစ်ဖက်တွင် လျူယန်ဖေးက ခရမ်းရောင် အခိုး အငွေ့ များအား ဦးကင်းအထက် အနည်းငယ်အကွာ၌ စုရုံးလာစေကာ လက်ဖဝါးနှစ်ဖက်အား တွန်းထုတ်ပစ်လိုက်၏။
လက်တစ်ဖက်တွင် ခရမ်းရောင် အခိုးအငွေ့များ ရစ်သိုင်းနေကာ အခြားတစ်ဖက်တွင် မီးခိုးရောင် အခိုးအငွေ့ အချို့ နှင့်အတူ လျူယန်ဖေး၏ အရှိန်အဝါမှာ အတူတကွ ပေါင်းစပ်သွားပြီးနောက် ခရမ်းရောင်တိမ်တိုက် တစ်ခုကို ဖြစ်ပေါ်လာစေသည်။
တချိန်ထဲမှာပင် ထိုခရမ်းရောင်တိမ်တိုက်မှာ ရှန်ရှင်းသိုင်းနည်းစနစ် နှစ်ခု၏ ထွက်ပေါ်လာသော အရပ်ဆီသို့ တိုးဝင်သွား ခဲ့လေသည်။
ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် သိုင်းစင်မြင့်သည် ရုတ်တရက် ကျောက်ခဲ အပိုင်းအစများအဖြစ် ပွင့်ထွက် အက်ကွဲလာ၏။
'' ................ ''
ခဏချင်းမှာပင် သိုင်းစင်မြင့်ပေါ်၌ ဖုန်မှုန့်များ ပျံ့လွင့်သွားပြီး ထိုဖုန်ရိပ်များ အတွင်းမှ ဖွဲအိတ်နှစ်အိတ်ကဲ့သို့ လူရိပ်နှစ်ရိပ် လွင့်စင်လာခဲ့သည်။
၎င်းတို့မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ ပါရမီရှင်နှစ်ဦးဖြစ်ကာ ထိုသူနှစ်ဦးသည် ပါးစပ်မှသွေးများ အန်ထုတ်လျက် ကြမ်းပြင်ထက် ပြိုလဲကျသွားလေ၏။
'' ............ ''
ထိုအဖြစ်အပျက်များသည် စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ရာ လျူယန်ဖေးက သူ၏ယပ်တောင်ကို ပြန်လည်ဖမ်းယူလိုက်ပြီးနောက် အပျက်အစီးများကြောင့်ဖြစ်ပေါ်လာသည့် ဖုန်မှုန့်များအား ဝှေ့ရမ်း ရှင်းလင်းလျက် ဟန်ပါပါ ချောင်းဟန့် ပြလိုက်လေသည်။ သူ၏နှုတ်ခမ်းထောင့်တွင် သွေးအချို့စီးကျလာပြီး မျက်နှာတစ်ပြင်လုံး နီမြန်းနေခဲ့၏။
ဆန့်ကျင်ဘက်အနေနှင့် ဘိုင်ယုဖန်နှင့်ဟူဇီဖန်းသည် ပြင်းထန်သောဒဏ်ရာများနှင့်အတူ သူတို့၏ မျက်နှာများမှာ သွေးဆုတ် ဖြူဖျော့ကုန်လေသည်။
လျူယန်ဖေးက သွေးစအချို့အား လက်ခုန်ဖြင့် သုပ်လိုက်ပြီး၊
" မင်းတို့ အမှိုက်နှစ်စက ငါ့ကိုဒဏ်ရာ ရအောင် လုပ်ရဲတယ်လား ......ဟမ် "
ဟု ဒေါသတကြီးကြိမ်းမောင်းလိုက်ကာ သွေးကို မြင်လိုက်ရသဖြင့် သူ့မျက်ဝန်းများ၌ သတ်ဖြတ်လိုခြင်း ဆန္ဒများ ချက်ချင်းပင် ပေါက်ကွဲထွက်လာ၏။ တဆက်ထဲမှာပင် ခရမ်းရောင် လက်သီးနှစ်လုံးမှာ ဘိုင်ယုဖန်နှင့် ဟူဇီဖန်း၏ ရင်ဝသို့ ပြင်းထန်စွာ ဝင်ရောက်လာခဲ့ လေသည်။
'' ဖုန်း......ဖုန်း ''
ဘိုင်ယုဖန်နှင့် ဟူဇီဖန်းတို့နှစ်ဦးမှာ ကြမ်းပြင်ပေါ်သို့ လွင့်စင်လဲမကျသွားခင် များပြားလှသည့် သွေးများကို အန်ချလိုက်ရကာ ရင်ဘတ်အားအုပ်ကိုင်လျက် ညီးငြူလိုက်ကြ၏။ သို့သော် သူတို့နှစ်ဦးသည် တိုက်ပွဲဝင်ဆန္ဒများ မရုတ်ငြိမ်းသွားပဲ မတ်တပ်ရပ်ရန် အနိုင်နိုင်အားယူ လဲကျ နေခဲ့လေသည်။
'' အို၊ မင်းတို့နှစ်ယောက်က မတ်တပ်တောင် မရပ်နိုင်ပဲနဲ့ တိုက်ပွဲ ဝင်ချင်သေး တယ်လား ..ဟား ဟား ဟား ''
ထိုမြင်ကွင်းကြောင့် လျူယန်ဖေးသည် သူ၏အပြုံးတွင် ဒေါသများကပ်ညိလာကာ တရွေ့ရွေ့ချည်းကပ်လာခဲ့၏။
တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ လျူယန်ဖေး၏ အရှိန်အဝါဖိအားမှာ ပိုမို သိပ်သည်းလာသည်ကြောင့် ဘိုင်ယုဖန်တို့အား အလိုလို နောက်ဆုတ်သွားစေသည်။
သိုင်းစင်မြင့် ကြမ်းပြင်ထက်၌ လဲလျောင်းလျက် လက်နှစ်ဖက်အား အားပြုကာ တရွတ်တိုက် နောက်ပြန် ဆုတ်သွားခဲ့ကြ သော်ငြားလည်း အရှုံးပေးရန် ငြင်းဆန် နေခဲ့ကြ၏။
အကယ်၍သာ သူတို့သည် လက်လျှော့ အရှုံးပေးလိုက်ပါက မိုးပြာရောင် ကောင်းကင် ဂိုဏ်းသည် နောင်အနာဂါတ်တွင် နိမ့်ကျ ပျောက်ကွယ်သွားနိုင် ပေမည်။
လျူယန်ဖေးက ခြေတစ်လှမ်းတိုး လိုက်သည်နှင့် ဘိုင်ယုဖန်နှင့် ဟူဇီဖန်းတို့သည် ဖိအားဒဏ်ကြောင့် နောက်သို့ တရွတ် တိုက်ဆုတ် လိုက်ရသည်။
၎င်းသည် မိုးပြာရောင်ကောင်းကင်အတွက် အရှက်ရဖွယ်မြင်ကွင်း ဖြစ်နေခဲ့သော်လည်း ဖြေရှင်းရန် နည်းလမ်းမရှိ နိုင်ခဲ့ချေ။
" လုပ်ပါ၊ အမှိုက်နှစ်စက တွားသွားနေတာက ငါ့ခြေလှမ်းတွေထက် ပိုမြန်နေ သလိုပဲ ...ဟားဟားဟား..''
'' မင်းတို့က အရှုံးမပေးဖူးပေါ့၊ ငါ့ကို တိုက်ခိုက်ချင် သေးတာလား... ဟုတ်ပြီ မင်းတို့ကို လုံလောက်တဲ့အချိန်တစ်ခုထိ ငါစောင့်ပေး နိုင်ပါတယ် ''
လျူယန်ဖန်က ယပ်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်ကာ မျက်နှာပေါ်တွင် လှောင်ပြုံးကို တပ်ဆင်ထားပြီး အရှက်ခွဲ ဖိနှိပ်ရန် ရည်ရွယ်လိုက်လေသည်။
'' ...... တော် လောက် ပြီ "
ထိုအခိုက်အတန့်တွင် တည်ငြိမ် အေးစက်သော ဟန့်တားသံ တစ်သံ ထွက်ပေါ်လာ၏။
" ဘယ် သူ လဲ....."
အေးစက်သော ဟန့်တားသံနှင့်အတူ လူရိပ်တစ်ရိပ်မှာ လျူယန်ဖေးနှင့် ဘိုင်ယုဖန်တို့ကြားသို့ ကောင်းကင်မှ လျင်မြန်စွာ ဆင်းသက် လာလေသည်။
ထိုလူရိပ်သည် အဖြူနှင့်အပြာဝတ်ရုံကို ၀တ်ဆင်ထားသော မိုးပြာရောင် ကောင်းကင် ဂိုဏ်း၏ အရံပြိုင်ပွဲဝင် တစ်ဦး ဖြစ်ပေ၏။
သူ၏ဆံနွယ်များမှာ ပျံဝဲလာသည့် အရှိန်အဟုန်ကြောင့် လေထဲတွင် လွင့်မျော သွားကာ မျက်ဝန်းများ၌ ကြည်လင်သော အလင်းများတောက်ပ နေခဲ့လေသည်။
" မင်းက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး၊ အခုထွက်သွားစမ်း လင်းယွန်... "
ကျောပေးထားသည့် လင်းယွန်ကို မြင်လိုက်ရသောအခါတွင် ဘိုင်ယုဖန်မှာ၊ စိုးရိမ်စိတ်ဖြင့် အော်ဟစ်ဟန့်တား လိုက်လေသည်။
'' မင်းလို အရံပြိုင်ပွဲဝင် တစ်ယောက်က ကစားပွဲတွေရဲ့ ရလာဒ်ကို လှန်ပစ်ချင်တာလား၊ ထွက်သွား...စမ်း...... "
လျူယန်ဖေးက သူရှေ့မှ ထိုလူရိပ်သည် အရံပြိုင်ပွဲဝင် တစ်ဦးဖြစ်မှန်း သိလိုက်သည်နှင့် နှာခေါင်းရှုံ့လိုက်ပြီးယပ်တောင်ကို အပေါ်သို့ လွှဲလျက် ရိုက်ချလိုက်၏။
ဘိုင်ယုဖန်၏ ဟန်တားသံကြောင့် လင်းယွန်က ပြုံးလျက် ဘိုင်ယုဖန်အား ပြန်လည် နှစ်သိမ့်ချင်ခဲ့သော်လည်၊ လျူယန်ဖေးထံမှ အံ့အားသင့်စရာ တိုက်ခိုက်မှုများ ဆက်တိုက် တိုးဝင်လာခဲ့ သည်ကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။
လျူယန်ဖေးသည် ပါရမီရှင် ပီသစွာပင် စက္ကန့်အနည်းငယ်အတွင်း သိုင်းကွက် ဆယ်ကွက်အား ထုတ်ဖော်လျက် လင်းယွန်အား ရိုက်နှက်လာခဲ့လေပြီ။
တိုက်ခိုက်မှု တစ်ခုချင်းစီသည် ပြင်းထန်ကာ သေရန် လုံလောက်စေသော အင်အားကို ပြသထားရာ ထိုတိုက်ခိုက်မှုများအား ထိပ်တိုက် ရင်ဆိုင် ပြီးနောက်တွင် လင်းယွန်မှာ ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်ခွာပေးပြီးမှ တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့လေသည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ၏နဖူးစည်းမှာ တဖြည်းဖြည်း ဖြည်ကျ သွားရာ နဖူးပေါ်ရှိ ခရမ်းရောင် အမှတ်အသားမှာ တောက်ပစွာ ထွက်ပေါ်လာ ခဲ့လေသည်။
ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးသည် အံအားသင့်သွားပြီး၊ လျူယန်ဖေးသည်ပင် ချွင်းချက် မရှိခဲ့ပေ။
" မိုးပြာရောင်ကောင်းကင်ဂိုဏ်းက ကစားပွဲကို ပြောင်းပြန်လှန်နိုင်ဖို့ သူတို့ရဲ့ ဓါးကျွန်တစ်ယောက်အပေါ် မှီခိုနေရတဲ့အထိ ကျဆင်း သွားခဲ့ပြီလား။ ''
'' တစ်ချိန်က 'ကျွန်'က၊ အမြဲတမ်း 'ကျွန်' တစ်ယောက်ပဲ မဟုတ်လား....''
လူအုပ်ကြီးမှာ စိတ်ရှုပ်ထွေးသွားကာ သူတို့၏ မျက်နှာများတွင် အထင်သေး စိတ်ပျက်မှုများနှင့် ပြည့်နှက် နေခဲ့လေသည်။
'' တကယ်ပဲ ဓါးကျွန်တစ်ယောက်ပဲလား.... ''
ဟု ရေရွတ်လျက် ခေါင်းကို ခါယမ်း လိုက်ကြ၏။
သို့သော် လင်းယွန်က ပျက်ရယ်ပြုသံများကို လျစ်လျူရှုလျက် လက်ထဲရှိ ကျောက်စိမ်း ခါးပတ်ကြိုး တစ်ချောင်းအား လှုပ်ရမ်းပြ လိုက်ကာ၊
" ... ခရမ်းမီးလျှံဂိုဏ်းရဲ့ တပည့်တွေက ဘောင်းဘီဝတ်တဲ့ အလေ့အထမရှိဖူးထင်တယ်၊ အ ရှက် မဲ့ လိုက် ကြ တာ...... ''
လင်းယွန်၏လက်ထဲတွင် ရမ်းခါနေသော ကျောက်စိမ်းခါးပတ်အား တွေ့မြင်လိုက်ရ သည်နှင့်၊ လျူယန်ဖေး၏ ခန့်ငြားသော အသွင်မှာ ထိတ်လန့်ဟန်သို့ ချက်ချင်း ပြောင်းလဲသွား လေသည်။
ရုတ်တရက် လျူယန်ဖေး၏ ဘောင်းဘီမှာ ခါးထက်မှ လျော့ကျလာသည်ကြောင့် အလျင်အမြန် ဖမ်းဆွဲလိုက်ရ၏။
တချိန်ထဲမှာပင် လျူယန်ဖေးသည် လက်တစ်ဖက်တွင် ယပ်တောင်ကို ကိုင်ထားကာ၊ အခြားတစ်ဖက်မှာ ဘောင်းဘီအား ပင့်တင်ထားမိသော အနေ အထားဖြင့် လူအုပ်ကြီးထံသို့ အူကြောင် ကြောင်ဖြင့် ဝေ့ကြည့်လိုက်မိ၏၊
ထိုလူအုပ်ကြီးသည် ရယ်ဟဟဟန်ဖြင့် ပါးစပ်အဟောင်းသား ပွင့်လျက် သူ့အား ပြန်ကြည့်လာ ကြလေသည်။
'' မင်း...... မင်း........ ''
'' ခရမ်းမီးလျှံဂိုဏ်းရဲ့ ပါရမီရှင်က တကယ်ပဲ အရှက်မဲ့တာပဲး ... အဟက် ''
လင်းယွန်က ရယ်မောလျက်မှ ရုတ်ချည်းပင် ကျောက်စိမ်းခါးပတ်အား လက်နက်ပုန်း တစ်ခုလို ဆန့်တန်းပစ်လွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လျူယန်ဖေးတစ်သက် လုံးဝ မမျှော်လင့် မထားသည့် မေးခွန်းနှင့် ရင်ဆိုင်ရသည့် အချိန်း ဖြစ်ပေသည်။ လူအုပ်ကြီးသည်ပင် သူ့အစား ပင့်သက်ချကာ ထိတ်လန့်သွားခဲ့လေ၏။
ဘောင်းဘီအား ဆက်လက် ဆုပ်ကိုင်ထား ပါက ကျောက်စိမ်း ခါးပတ်နောက်ရှိ အင်အားမှာ သူ၏ အတွင်းအင်္ဂါများကို သေချာပေါက် ဒဏ်ရာရရှိနိုင်ပေမည်။
သို့မဟုတ်ပါက သူသည် ဓားကျွန် တစ်ယောက် ပျက်ရယ်ပြု သကဲ့သို့ အရှက် မဲ့သည့် လူတစ်ယောက် ဖြစ်လာ ပေမည်။
ထို့အပြင် မျက်လုံးပေါင်းများစွာရှေ့၌ ဘောင်းဘီမပါသော လျူယန်ဖေးသည် ထာဝရ အရှက်မဲ့နေမည်မှာ သေချာနေခဲ့ လေပြီ။
" ငါ့တို့ရဲ့ မိုးပြာရောင်ကောင်းကင်ဂိုဏ်းက တပည့်တိုင်းက ဘောင်းဘီဝတ်ကြတယ် ဟားဟားဟား .... မင်းတို့ ခရမ်းမီးလျှံဂိုဏ်း ကရော ဘယ်လိုလဲ "
ရယ်မောလှောင်ပြောင်လိုက်သည့် အသံနှင့် အတူ လင်းယွန်က ကျားတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးဝင်သွား ခဲ့လေသည်။
***