← Chapters

ကြယ်တံခွန်ကဲ့သို့ တောက်ပခြင်း။

Vol. 5 Ch. 60

ကြယ်တံခွန်ကဲ့သို့ တောက်ပခြင်း။

Vol. 5 Ch. 60

'' တောတောင်တခွင်အမဲလိုက်ခြင်း ''

'' သားရဲတစ်ရာ သုတ်သင်ခြင်း ''

လင်းယွန်က နတ်ကျား၏ အရှိန်အဝါအား အကန့်အသတ်မဲ့ ထုတ်ဖော်ကာ ကောင်းကင်သို့ ခုန်တက်သွား၏။

တစ်ချိန်ထဲမှာပင် လျူယန်ဖေး၏ မျက်နှာမှာ အနီရောင် ပြောင်းလဲသွားကာ တွေဝေ နေခဲ့သည်။

(ဒါဆို ... ငါ ဘောင်းဘီဝတ်သင့်လား )

( ဒါမှမဟုတ် ခါးပတ်ကို ဖမ်းသင့်လား )

(ပြီးတော့ ဟိုခွေးကောင်ရဲ့ တိုက်ခိုက် လာမှုကို ခုခံကာကွယ်ရမှာလား )

လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြပြီး၊ မိုးပြာရောင် ကောင်းကင်ဂိုဏ်း သည်လည်း လင်းယွန်၏ လုပ်ရပ်ကြောင့် ဝမ်းသာအားရ အော်ဟစ်လိုက် ကြ၏။

မကြာသေးမီ အချိန်၌ သူတို့၏ ပါရမီရှင် နှစ်ပါးအား အရှက်ခွဲ ခံရသည်နှင့် ပတ်သတ်၍ မျက်ရည် ဝဲခဲ့ကြ ရပြီး၊ ယခုအချိန်တွင် ထိုအရှက်ခွဲမှုအား လုံလောက်အောင် ပြန်လည် ကာကွယ်နိုင်ခဲ့သော ဖြစ်ရပ်ကြောင့်၊ ထပ်မံကာ မျက်ရည်ဝဲလာ ကြ ပြန်သည်။

လွန်ခဲ့သောအခိုက်အတန့်၌ လျူယန်ဖေး၏ ပုံရိပ်သည် နတ်ဆိုးတပါးကဲ့သို့ ထိတ်လန့်စရာ ကောင်းလှသော်လည်း ယခုအချိန်တွင် ထိုနတ်ဆိုးမှာ လူပျက်တစ်ယောက်သဖွယ် ကို့ယို့ကားယား နိုင်ခဲ့ပေ၏။

တစ်စုံတစ်ယောက်သည် ထိုအခြေအနေ၌ ဘောင်းဘီအား စွန့်လွှတ်ကာ လင်းယွန်၏ တိုက်ခိုက်လာမှုကို ခုခံကာကွယ်ခြင်းဖြင့် ဒဏ်ရာရခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ပါလော။

သို့သော် လျူယန်ဖေးသည် လျူယန်ဖေးသာ ဖြစ်နေဆဲပင်။ ဤကဲ့သို့ အဆင်မပြေသည့် အနေအထား အောက်၌ပင် လျူယန်ဖေးက စက္ကန့်ပိုင်း အတွင်း မမျှော်မှန်းနိုင်သော လုပ်ရပ် တစ်ခုကို ပြုလုပ်လိုက် လေသည်။

သူက ခါးပတ်ကိုရှောင်ဖို့ မြေပြင်ပေါ် လှိမ့်ချ လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် ဘောင်းဘီရှည်အား ထုံးချည် လိုက်ကာ ယပ်တောင်ကို သိမ်းလျက် မတ်တပ် ပြန်ရပ် နိုင်ခဲ့လေသည်။

လျူယန်ဖေးက တည်ငြိမ်စွာ ရပ်တည် နိုင်ခဲ့သော်လည်း သူ၏ဒေါသမှာ ပိုမို လောင်ကျွမ်း လာပြီးနောက် သတ်ဖြတ်ချင် စိတ်များ တားဆီးမရစွာ ဖြစ်ပေါ်လာသည်။

" ဝိုး..... လူငယ်သခင်ကွ ''

ထိုမြင်ကွင်းကြောင့် ခရမ်းမီးလျှံဂိုဏ်း၏ တပည့်များသည် သက်ပြင်းအား ကြိတ်ချ လိုက်ကာ စိတ်သက်သာရာ ရခဲ့ပြီး၊ အော်ဟစ်အား ပေးလိုက် ကြသည်။

တချိန်ထဲမှာပင် လျူယန်ဖေးမှာ သူ၏ ဒေါသကို ထုတ်ပြချိန်မရခဲ့ပဲ၊ သူ့ ထံသို့ ဦးတည် ဝင်ရောက်လာသော လင်းယွန်ကို ဝိုးတဝါး မြင်လိုက်ရလေသည်။

လင်းယွန်က လေထဲ၌ပင် လျူယန်ဖေး၏ ခုခံလာနိုင်မှုအား တွက်ဆကာ တိုက်ခိုက်မှု ပုံစံကို ပြောင်းလဲ လိုက်၏။

လင်းယွန်၏ ကန်ချက်သည် လျင်မြန်သော အရှိန်ဖြင့် လျူယန်ဖေး ရင်ဘတ်အား ရိုက်ခတ်သွား မိကာ ထိုကန်ချက်တွင် အဝါရောင် စွမ်းအင်များ ရစ်သိုင်း ပါဝင်နေခဲ့ လေပြီ။

၎င်းသည် ယန်သန့်စင်ခြင်း နည်းစနစ်၏ ဆဋ္ဌမအဆင့် ရှန်ရှင်းနယ်ပယ်ရောက် စွမ်းအားများ ဖြစ်ပေ၏။

'' ဖျောင်း..... ''

လင်းယွန်၏ ကန်ချက်ကြောင့် သိုင်းစင်မြင့် တစ်လျှောက် ကျယ်လောင်သော အရိုး ကျိုးသံများ ပဲ့တင်ထပ် သွားလေသည်။

နောက်ဆက်တွဲအရ လင်းယွန်သည် ထိုကန်ချက်အရ ဆယ်ပေခန့် အကွာသို့ ကန်ထွက် လာကာ၊ အရှိန်အဟုန် အားလုံးကို လျော့ချထိန်းချုပ်လိုက် ရ၏။

'' .......... ''

အခြားတစ်ဖက်တွင် မြေပြင်ပေါ်လဲကျ နေခဲ့သော လျူယန်ဖေးမှာ ပါးစပ်မှ သွေးများ ပွက်ခနဲ အန်ကျလာ၏။

နိမ့်ကျသော ဓားကျွန်တစ်ဦးမှာ သူ့အား ရိုက်နှက် နိုင်ခဲ့ သည်လော။ မျိုးစေ့လောင်း ပါရမီရှင် နှစ်ဦး အတူတကွ တိုက်ခိုက်ခဲ့စဉ်၌ပင် သူ့အား အနည်းငယ်သော ဒဏ်ရာသာ ရစေခဲ့သည်။

" မဆိုးပါဘူး၊ မင်းလို ဓားကျွန် တစ်ယောက်က ဘယ်လောက်ထိ သန်မာမလဲ ဆိုတာ ကြည့်ရအောင်... "

လျူယန်ဖေးက ပါရမီရှင် ပီသစွာပင် သတိ လက်လွတ် အခြေအနေမှ လျင်မြန်စွာပြန်လည် တည်ငြိမ် သွားပြီးနောက်၊ သူ၏ လက်ဖဝါးတွင် ခရမ်းရောင်အငွေ့များ ဖုံးအုပ်လာလျက် လင်းယွန် ထံသို့ တိုးဝင်လာလေသည်။

၎င်းသည် ခရမ်းတိမ်လွှာ နည်းစနစ်အား ထုတ်ဖော်လျက် ဖန်းဒေါင်းယူကို အနိုင်ယူ ခဲ့သည့် အချိန် ကဲ့သို့ပင် သူ၏ လက်ဖဝါးအား လင်းယွန် ထံသို့ ပြင်းထန်စွာ ရိုက်နှက်လာခြင်း ဖြစ်ပေ၏။

ထိုတိုက်ခိုက်မှုတွင် အသက်ချွေရန် လုံလောက်သော ခွန်အားများ ပါဝင်နေသော်ငြားလည်း လင်းယွန်က အပြုံးဖြင့် ရင်ဆိုင် လိုက်ပြီး၊ ရှန်ရှင်းအဆင့် ယန်သန့်စင်ခြင်း နည်းစနစ်ကို လှည့်ပါတ်စေလိုက်ကာ အပ်စိုက်မှတ် များအား ဖြတ်လျက် လက်သီး ထံသို့ စွမ်းအင်များ ပို့လွှတ်ခဲ့လေသည်။

ထို့အပြင် သူ့နှလုံးသားထံမှ ထက်ရှသော အလင်းတန်းများသည်လည်း ထွက်ပေါ်လာကာ လက်သီး၌ ပေါင်းစပ်သွား၏။

'' ဘန်း........... ''

အသက်တရှိုက်စာအတွင်း လက်သီးနှင့် လက်ဖဝါးတို့မှာ ပူးကပ် ချိတ်ဆက် သွားပြီးနောက် သိုင်းစင်မြင့် ကြမ်းပြင်သည် အက်ကွဲသွားကာ ကြီးမားသော ပေါက်ကွဲမှုကို ဖြစ်ပေါ်လာ စေသည်။

လျူယန်ဖေး၏ အင်အားအပြည့် ထုတ်ဖော် တိုက်ခိုက်မှုအောက်တွင် လင်းယွန်သည် ခြေတစ်လှမ်း မျှပင် မဆုတ်ခွာခဲ့ရပဲ၊ ကြမ်းပြင် ပေါ်၌ အခိုင်အမာ ရပ်နေနိုင် ခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ပြိုင်ပွဲရင်ပြင်သည် အပ်ကျသံ ကြားရသည်အထိ တိတ်ဆိတ် ငြိမ်သက်သွား၏။

လျူယန်ဖေးသည် အခြေခံတည်ဆောက်ခြင်း နဝမအဆင့် အထွတ် အထိပ်၌၊ ခရမ်းတိမ်လွှာ နည်းစနစ်၏ သတ္တမအဆင့် နှင့်အတူ ဓါးကျွန် တစ်ယောက်အား အမှန်တကယ်ပင် ဖိနှိပ်ရန် မစွမ်းနိုင်ခဲ့ချေ။

" မင်းဘယ်လောက် ကြာကြာ ခံနိုင်မလဲ ငါကြည့်မယ်။ "

လူအုပ်ကြီးထံမှ ငြိမ်သက် တွေဝေနေမှုသည် လျူယန်ဖေးအား ဒေါသတကြီး ဖြစ်လာစေရန် လှုံ့ဆော်ခဲ့ လေသည်။

'' .............. '''

ခဏအတွင်းမှာပင် သူတို့နှစ်ဦးသည် သိုင်းကွက်ပေါင်း (၁၀)ကွက်ခန့် ယှဉ်ပြိုင်လိုက် ကြ၏။

လျူယန်ဖေး၏ ခန္ဓာကိုယ်မှာ ခရမ်းရောင် အခိုးအငွေ့ များဖြင့် အထပ်ထပ် ရစ်ပတ် လာကာ၊ ၎င်းသည် သူ၏ ခရမ်းတိမ်လွှာ နည်းစနစ်အား အကန့် အသတ်ထိ တွန်းပို့ ထားခြင်း ဖြစ်သည်ကို ပြသနေသော လက္ခဏာ ဖြစ်ချေပြီ။

" ထူးဆန်းတယ် ... ဘာဖြစ်နေတာလဲ "

" မိုးကောင်းကင်နိုင်ငံရဲ့ နံပါတ်တစ် ပါရမီရှင်က ဓားကျွန်တစ်ယောက်ကို အနိုင်မယူ နိုင်ဖူးလား... ''

လူအုပ်ကြီးသည် သူတို့၏ အသိညာဏ်အား ဆန့်ကျင့်နေသည့် မြင်ကွင်းများကြောင့် နားမလည် နိုင်ခြင်း များစွာဖြင့် အံ့သြနေကြ၏။ ထိပ်တိုက် တွေ့မှုများ အပြီး၌ နောက်သို့ ဆုတ်ခွာရန် ဖိအားပေး ခံရ သူသည် ဤတိုက်ပွဲတွင် အနည်းငယ် အားနည်းခြင်း မည်ချေသည် တမုံ။

သို့သော် လျူယန်ဖေးက ကိုယ့်ဝမ်းနာ ကိုယ်သာသိ ရှိခဲ့ပေရာ သူက ရှန်ရှင်း သိုင်းနည်းစနစ် အရှိန်အဝါ များကို အမှန် တကယ် ခံစားမိခဲ့သည်ကြောင့် မဖြစ်မနေ ခြေလှမ်း အနည်းငယ်ခန့် ဆုတ်ခွာ ပေးလိုက် ရခြင်း ဖြစ်သည်။

ထို့အပြင် လင်းယွန်၏ လက်သီးတွင် ထက်ရှသော ဓားအလင်းများ ပါရှိနေကာ ၎င်းသည် လျူယန်ဖေးလက်အား အရေပြား၌ ပြတ်ရှရာများ များစွာ ဖြစ်ပေါ်လာစေသည်။

ထို့ကြောင့် လျူယန်ဖေးသည် ဆုတ်ခွာရန်မှတပါး အခြားရွေးချယ်စရာ မရှိချေ။

သို့သော် လျူယန်ဖေးက အခြေခံ တည်ဆောက်ခြင်း နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံမှုနှင့်အတူ ခရမ်းတိမ်လွှာနည်းစနစ်၏ သတ္ထမအဆင့်အား ဆုပ်ကိုင်ထား နိုင်သည်ကြောင့် မျှော်လင့်ချက်အချို့ ရှိနေဆဲပင်။

တိုက်ပွဲအတွင်းတွင် လင်းယွန်၏ ဖိအား အောက်၌ စိတ်ရှည် လက်ရှည် ရုန်းကန်လျက် ပြိုင်ဘက်၏ ခွန်အား လျော့ပါး လာမည့် အချိန်ကို စောင့်ဆိုင်း နေမိ သော်လည်း၊ နောက်ထပ် ခြေလှမ်း ဆယ်လှမ်းခန့် ဆုတ်ခွာ ပေးလိုက် ရပြီး နောက်တွင် ထိတ်လန့်မှုမှာ ကျောရိုး တစ်လျှောက် စိမ့်တက် လာခဲ့သည်။

၎င်းလင်းယွန်သည် 'တိမ်ယောင်မြူခိုး' ရွေ့လျားမှု နည်းစနစ်အား ကြိုတင် ခန့်မှန်း နိုင်ခဲ့ပြီး သူ့အား ဟန့်တား တိုက်ခိုက် နိုင်ခဲ့သည်။

ထိုတိုက်ခိုက်မှု များမှာ မတော် တဆ ကံကောင်း စွာဖြင့် ကြိုတင် သိမြင် နိူင်ခဲ့ သည်ဟု ထင်ကောင်း ထင်နိုင်သော်လည်း၊ ၎င်းသည် လျူယန်ဖေး၏ အရှိန် အဟုန်အား များစွာ အနှောင့် အယှက် ဖြစ်စေခဲ့သည်။

'' မင်း....... ဓားကျွန်ကောင် ”

'' ဝေါင်း ....... ''

ကျားဟိန်းသံသဲ့သဲ့နှင့်အတူ လက်သီး တစ်လုံးသည် လျင်မြန်စွာဖြင့် လျူယန်ဖေး ရင်ဘတ်သို့ တိုက်ရိုက် ထိုးနှက်မိသွား ပြီးနောက်၊ ပါးစပ်မှ သွေးများ ပန်းထွက် လာလေသည်။

'' မဖြစ်နိုင်တာ...... ''

လက်သီးတွင် ကပ်ညိပါလာသော ခွန်အားကြောင့် လျူယန်ဖေးမှာ ထိတ်လန့် သွား၏။

ထို့အပြင် ထိုခွေးကောင်သည် သူ့ရွေ့လျား မှု၏ လားရာများအား အမှန်တကယ် မြင်နိုင်စွမ်း ရှိနေ ခဲ့လေသည်။

ရုတ်တရက် လင်းယွန်က ညာခြေအား ဘေးသို့ တစ်လှမ်း နင်းလိုက်သည်။ ထိုအခိုက် အတန့်တွင် လေနှင့်တိမ်များသည် ကောင်းကင်၌ အလျင် အမြန် စုဖွဲ့လာကာ ယိမ်းနွဲ့ သွား၏။

လေနှင့်တိမ်မှာ ဆင့်ခေါ်ခံ လိုက်ရပြီးနောက် ကျား-နဂါးအရှိန်အဝါကို ဟုန်းခနဲ ထွက်ပေါ်လာ ခဲ့လေသည်။ သဏ္ဍာန်မဲ့ စွမ်းအားအချို့သည် လင်းယွန်ထံမှ ပေါက်ကွဲထွက်လာပြီး လောကကြီးအား ဖိနှိပ်လာခဲ့သည်။

ထိုစွမ်းအားသည် ထည်ဝါသော ခံစားချက်ကို ပေးစွမ်းနေကာ လူအုပ်ကြီးအား အလိုလို ညွတ်တွား ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ် လာစေ၏။

၎င်းအရှိန်အဝါသည် အကန့်အသတ်မဲ့ ပေါက်ကွဲ နေခဲ့ပြီးနောက် ထိုစွမ်းအား အောက်၌ပင် လင်းယွန်က ကျားရိုင်း လက်သီးအား ထုတ်ဖော် ထိုးနှက် လိုက်လေသည်။

'' သားရဲတစ်ရာ သုတ်သင်ခြင်း ''

'' ဖရူး........... ''

ကျား-နဂါးအရှိန်အဝါ နှင့်အတူ ကျားရိုင်း လက်သီး၏ ပြီးပြည့်စုံသော အဆင့်သည် လျူယန်ဖေး၏ ခုခံကာကွယ်နိုင်မှုထက် ပိုမို ပြင်းထန် လျင်မြန် နေခဲ့လေသည်။

လျူယန်ဖေး၏ မျက်နှာမှာ ပျက်ယွင်း သွားကာ၊ ထိုအရှိန်အဝါ ဖိအားအောက်တွင် သူကိုယ်သူ ရပ်တည်နိုင်ရန် ခြေလှမ်း အနည်း ငယ်ခန့် ထပ်မံ ဆုတ်ခွာလိုက်ရပြီး၊ ကူရာ ကယ်ရာမဲ့ ဟန်ဖြင့် ရှုံ့တွသွား၏။

" လူငယ်သခင်၊ မင်းရဲ့ဓား...."

ခရမ်းမီးလျှံဂိုဏ်း၏ တပည့်များက ထိုမြင်ကွင်းကြောင့် အထိတ်တလန့်ဖြင့် လျူယန်ဖေး၏ ဓားအား သိုင်းစင်မြင့် ထက်သို့ ပစ်တင်ပေး လိုက်သည်။

'' .......... ''

ဓားကို မြင်လိုက်သည်နှင့် လျူယန်ဖေး မျက်နှာတွင် မျှော်လင့်ချက်များ ပြန်လည် တောက်ပ လာပြီးနောက် အော်ဟစ် မာန်သွင်းကာ ကောင်းကင်သို့ ခုန်တက်လျက် သူ၏ ဓားအား ဖမ်းယူလိုက်သည်။

“ ချွမ်........ ”

ဓားဆွဲထုတ် လိုက်သံ နှင့်အတူ အေးမြသော အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နေရောင် အောက်၌ တောက်ပလာခဲ့သည်။ ဤအရာသည် တော်ဝင် လက်နက် တစ်ခု ဖြစ်ခဲ့ပေပြီ။

ဓားကိုဆုပ်ကိုင်မိသည်နှင့် လျူယန်ဖေး၏ မျက်လုံးများတွင် အလင်းရောင် အချို့နှင့်အတူ ယုံကြည်မှုများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

တဆက်ထဲမှာပင် သူ၏ လက်ကောက်ဝတ် တုန်ခါမှု နှင့်အတူ ဓားအလင်းများ ထွက်ပေါ် လာကာ လင်းယွန်အား ဖုံးလွှမ်းသွားတော့၏။

'' ခရမ်း ရောင် တိမ် မိုး ကြိုး ဓား ''

" ဒါဆို ဒီလျူယန်ဖေးက ဓါးသမား တစ်ယောက် ပဲပေါ့ ''

'' မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ ပါရမီရှင် နှစ်ဦး ကိုတောင် လက်နက်မဲ့ အနိုင်ယူပြီး၊ သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထား ခဲ့တာပဲ''

" ဟားဟားဟား ခုတော့ ဒီဓားကျွန် တစ်ယောက်က သူ့ကို ဖိအား ပေးနိူင်ပြီ မဟုတ်လား၊ သူ့ကြောင့်သာ မဟုတ်ရင် လျူယန်ဖေးက ဓါးသမား တစ်ယောက် ဆိုတာကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဖူး "

လျူယန်ဖေးသည် ဓားကို ဆုပ်ကိုင်လျက် လင်းယွန်၏ တိုက်ခိုက်လာမှုကို ဟန်တား ချေဖြတ် လိုက်သည်ကြောင့် လူအုပ်ကြီး၏ အမြင်၌ နိမ့်ကျ နေခဲ့သော ပုံရိပ်မှာ အခြား တစ်ဖက်သို့ ပြောင်းလဲ သွားလေသည်။

'' ချွမ်........ချွမ် ''

တချိန်ထဲ မှာပင် လင်းယွန်က သူ၏ တိုက်ခိုက် မှုအား ဟန့်တား ခံရ သည်နှင့် ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်၏။

ပန်းသင်္ချိုင်းဓားထံမှ အကန့်အသတ်မဲ့သော အရှိန်အဝါ တစ်ခုအား ထုတ်လွှတ်လာကာ ကောင်းကင်နှင့် မြေကြီး ကြားရှိ သဘာဝ စွမ်းအင် များကို ဆွဲဆောင် နိူင်ခဲ့ လေသည်။

လျူယန်ဖေးက သူ၏ ဓားအရှိန်အဝါကို အကန့်အသတ်သို့ မမြှင့်တင်နိုင်မီ၊ လင်းယွန်၏ ဓားအရှိန်အဝါမှာ ၎င်းအား လုံးလုံးလျားလျား ရိုက်ချိုးပစ်လိုက်လေ၏။

'' .......... ''

ပြီးပြည့် စုံသော လေဝဲဓားအား ခင်းကျင်းလိုက် သည်နှင့် ထွက်ပေါ်သော ဓားအလင်းသည် ဓါးတာအို၌ မည်မျှ နက်ရှိုင်းနေသည်ကို ထုတ်ဖော် ပြသနေခဲ့သည်။

သူ့ရှေ့တွင် လျူယန်ဖေး၏ ဓားအရှိန်အဝါသည် မြူတစ်စလို လွင့်ထွက် ပျောက်ကွယ်သွား၏။

လင်းယွန်၏ သာမာန် ဓားချက်များ သည်ပင် လျူယန်ဖေး၏ ခံစစ်အား ပြင်းထန်စွာ ချိုးဖြတ် နေခဲ့သည်။

'' ဖန်း.... ဖန်း...... ဖန်း ...... ''

လျူယန်ဖေးသည် သူ့ကိုယ်သူ အနိုင်နိုင် ခုခံကာကွယ် နေရပြီး သူ၏ခြေလှမ်းတိုင်းမှာ ဓားချက်ကြောင့် သွေးများ ယိုကျနေလေပြီ။

'' ပုံ ရိပ်ယောင် ဓား ''

'' ဒါက လူငယ်သခင်နဲ့ ငါတို့ မိုးပြာရောင် ကောင်းကင်ဂိုဏ်းက ညီနောင်တွေ အတွက် ..... ''

လင်းယွန်၏ ရေရွတ်သံနှင့်အတူ ရက်စက်စွာ ခုတ်ပိုင်းနေမှုသည် လူအုပ်ကြီးအား ပင့်သက် ရှိုက်လိုက် မိစေသည်။

'' မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ဓားကျွန်ကောင်၊ မင်းက ငါ့သားကို နာကျင်အောင် လုပ်ဝံ့သလား..... ''

တစ်ချိန်တည်းမှာပင် ထိုမြင်ကွင်းအား ရပ်ကြည့်နေမိသည့် ခရမ်းမီးလျှံ ဂိုဏ်ချုပ်၏ ရင်၌ သွေးစိမ်းရှင်ရှင် ကျဆင်း လာခဲ့လေသည်။

***

All Chapters