← Chapters

ဒေါသ ထွက်နေသော ဓားတစ်လက်။

Vol. 5 Ch. 61

ဒေါသ ထွက်နေသော ဓားတစ်လက်။

Vol. 5 Ch. 61

ခရမ်းမီးလျှံဂိုဏ်းချုပ်သည် သားဖြစ်သူ၏ ဒဏ်ရာ များမှ သွေးများ ပန်းထွက်လာသည့် မြင်ကွင်းကြောင့် သိုင်းစင်မြင့်ထံသို့ ဒေါသ တကြီး ပြေးဝင် သွားသည်။

သူ၏ကျင့်ကြံမှုမှာ အခြေခံတည်ဆောက်ခြင်း ဒသမ အဆင့်၌ ရှိပြီး ရှန်ရှင်းမျိုးစေ့ကိုပင် သန့်စင်ထား ပြီးပြီ ဖြစ်၏။

ဤသို့သော ရှန်ရှင်းတပိုင်း သိုင်းသမား ကြီးသည် အခြေခံ တည်ဆောက်ခြင်း သတ္ထမ အဆင့်ရှိ တစ်စုံ တစ်ယောက်အား အရှက်မဲ့စွာ တိုက်ခိုက် လာလိမ့် မည်ဟု မမျှော်လင့် ထားမိ ကြချေ။

မည်သူမျှ မဟန့်တားနိုင်မီ လျူယုက လင်းယန်အား လက်ဖဝါးကို မြောက်ကာ ရိုက်ချ လိုက်၏။ တစ်ချိန်တည်း မှာပင် လျူယု၏ လက်ဖဝါးသည် ကောင်းကင်၌ ကြီးမားသော ပုံရိပ်ယောင် လက်ဖဝါး ကြီးကို ဖြစ်ပေါ် လာစေကာ၊ လင်းယွန်ထံ ဦးတည်လျက် တောင်တစ်လုံး ပြိုကျလာ သကဲ့သို့ ဖိနှိပ် ကျဆင်းလာ လေသည်။

" ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ "

ထိုမြင်ကွင်းကြောင့် ဘိုင်ထျန်းမိန်သည် မှင်တက် နေရာမှ ဒေါသ ထွက်သွားကာ ချက်ချင်းပင် ပြေးဝင် တားဆီး လိုက်တော့သည်။

'' စိတ်အေးအေး ထားပါ ဂိုဏ်းချုပ်ဘိုင်၊ အခုသွားလဲ မင့်တပည့်ကို ကယ်ဖို့ မမှီတော့ ပါဖူး၊ ဒါပေမယ့် ကြည့်စမ်း ပါဦး........ ''

ရုတ်တရက် ဘိုင်ချူးဟွေ၏ တည်ငြိမ်စွာ တားမြစ် လိုက်သံကြောင့် ဘိုင်ထျန်းမိန်က ကိုယ်ရှိန် သပ်ကာ လင်းယွန်အား စိုးရိမ်တကြီး လှမ်းကြည့် လိုက်သည်။

သိုင်းစင်မြင့် ပေါ်တွင် မတ်တပ်ရပ်နေသည့် လင်းယွန်သည် ရုတ်တရက် ဤအခြေအနေနှင့် ရင်ဆိုင်ရ သော်လည်း ထိတ်လန့် သွားခြင်း မရှိခဲ့ပေ။

သူက တည်ငြိမ်စွာဖြင့် ပန်းသင်္ချိုင်းဓားအား ဆွဲထုတ်ကာ ပင့်တင်လိုက်၏။ လေဝဲဓား၏ ပြီးပြည့် စုံသော အရှိန်အဝါသည် လက်ဖဝါး မှတဆင့် ပန်းသင်္ချိုင်းဓား ထံသို့ စီးဝင်ပြီးနောက် ဓားအလင်းတန်း တစ်စအား လျှပ်ပြက်သွား သလို လင်းလက် သွားစေသည်။

ထို့နောက်တွင် ပုံရိပ်ယောင် လက်ဖဝါး ကြီးသည် အလယ်တည့်တည့်၌ ကြီးမားသော အပေါက်ကြီး ဖြစ်ပေါ်လာကာ ကြမ်းပြင်ပေါ်သို့ ကျဆင်း ပေါက်ကွဲသွား၏။

'' ဒါက ........... ''

ထိုမြင်ကွင်းမှာ စိတ်ဝင်တစား စောင့်ကြည့် နေသည့် လူအုပ်ကြီးအား အံ့သြ တုန်လှုပ်သွား စေခဲ့၏။

တစ်စုံတစ်ယောက်သည် ရှန်ရှင်းတပိုင်း သိုင်းသမားကြီး တစ်ယောက်၏ လက်ဖဝါး ချက်အား ဓားအလင်းတန်းကို ထုတ်ဖော်လျက် တစ်ကယ်ပင် ကာကွယ်နိုင် ခဲ့လေသည်။

၎င်းသည် မဖြစ်နိုင်သည့် အရာတစ်ခု ဖြစ်သော်လည်း ယခု အချိန်၌ သူတို့ မျက်စိ ရှေ့မှောက်တွင် ဖြစ်ပွား လာခဲ့ ချေပြီ တမုံ။

'' အဖေ၊ ဒီဓားကျွန်ကို သတ်ပါ။ ''

အခြားတဘက်တွင် လျူယန်ဖေးမှာ သွေးများ ဖုံးလွှမ်းနေလျက်မှ ကြမ်းပြင်ပေါ် ဒူးထောက် ထိုင်လိုက်ကာ၊ ဒေါသတကြီး ကျိန်ဆဲ လိုက်သံကြောင့် လျူယု အာရုံမှာ ထိုအသံ ထွက်ပေါ် လာရာသို့ လှည့်ကြည့် လိုက်သည်။

" သား........"

လျူယန်ဖေး၏ ဒဏ်ရာရများမှာ တွေးထင်ထား သည်ထက် ပိုမို ဆိုးရွား နေခဲ့ သည်ကြောင့် လျူယုမှာ ဒေါသတကြီး တုန်ယင် လာကာ၊

" မင်း...... ရက်စက်တဲ့ ဓားကျွန်ကောင်၊ မင်းက ဘယ်ကနေ သတ္တိတွေ ရနေတာလဲ၊ ဒီနေ့ ငါ့ရဲ့ ဝိညာဉ်မိုင်းတွင်းကို ဆုံးရှုံးသွား ရင်တောင် မင်းရဲ့ အသက်ကို ငါက.... သေချာပေါက် ရယူ ရလိမ့်မယ်။ ''

" ရပ်လိုက်စမ်း အရှက်မဲ့တဲ့ အဘိုးကြီး ''

နောက်ဆုံးတွင် ဘိုင်ထျန်းမိန်က အော်ဟစ်ဟန့် တားကာ သိုင်းစင်မြင့် ထက်သို့ ပြေးဝင် လာခဲ့ လေသည်။

တဆက်ထဲမှာပင် ဘိုင်ထျန်းမိန် နောက်၌ နှစ်ဘက်သော ဂိုဏ်းအကြီးအကဲ များနှင့် အတွင်း တပည့်များ ကပါ လိုက်ပါလာ ကြသည်။

"လျူယု၊ မင်းက အသက်ရှင်ရတာ ပင်ပန်း နေပြီထင်တယ်...... ဟမ်၊ ငါ့မျက်စိ ရှေ့မှာ ငါ့ရဲ့ တပည့်ကို သတ်ဖို့ တကယ် ကြိုးစား ရဲတယ်လား။ "

ဘိုင်ထျန်းမိန်က သွားကြား ထဲမှ တိုးထွက် လာသည့် လေသံဖြင့် အော်ငေါက် လိုက်၏။

'' ဓားကျွန် တစ်ယောက်က ငါတို့ရဲ့ လူငယ် သခင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူက ငါတို့ရဲ့ ပါရမီရှင်ကို အကြီး အကျယ် ထိခိုက်အောင် လုပ်ဝံ့တဲ့ အတွက် ဒီနေ့ သေရမယ်။ မိုးနတ်မင်း ကတောင် ဆင်းတားလို့ မရ စေရဖူး၊ ဒီလိုမှ မဟုတ်ရင် မင်းတို့ရဲ့ မိုးပြာရောင် ကောင်းကင်ဂိုဏ်းက ကြီးမားတဲ့ ကပ်ဘေးကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ ''

ခရမ်းမီးလျှံဂိုဏ်း၏ အကြီးအကဲ တစ်ဦးက နှာခေါင်း ရှုံ့လျက် သတိ ပေးလာ ပြန်၏။

'' မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှာ ဆုစီယာ တစ်ယောက်ရှိ တာနဲ့ပဲ မိုးကောင်းကင် နိုင်ငံရဲ့ အသန်မာ ဆုံးဂိုဏ်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင် ပြီလို့ ထင်နေတာလား..ဟမ်၊ ဒီနေ့ မင်းတို့ကို နှစ်ပေါင်းများစွာ ဖိနှိပ်နိုင်ခဲ့တဲ့ ခရမ်းမီးလျှံ ဂိုဏ်းရဲ့ အာဏာစက်ကို ပြမယ်.... "

'' ဒီလိုမှ မဟုတ်ရင် ဒီဓားကျွန်ကို လွှဲပေးပါ၊ ဖြစ်ခဲ့သမျှ တွေအတွက် ခွင့်လွှတ်လိုက်မယ် ''

လျူယုမှ လင်းယွန်အား လွှဲပြောင်းပေးရန် တောင်းဆိုလာသည်အား ဘိုင်ထျန်းမိန်က ပြုံးလျက်ဖြင့်၊

" မင်း ဘာတွေကြံနေလဲဆိုတာ ငါမသိဘူး မထင်နဲ့။ ဂိုဏ်းတခုလုံးအပေါ် အန္တရာယ် ကျလာခဲ့ရင်တောင် ငါ့ရဲ့ ဂိုဏ်းဝင် တစ်ယောက် ယောက်ကို ထိဖို့ မင်းမှာ အခွင့်အရေး မရှိစေ ရဖူး... "

ဘိုင်ထျန်းမိန်၏ စကားဆုံးသည်နှင့် မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦး သည်လည်း၊

'' ငါတို့ဂိုဏ်းရဲ့ တစ်စုံတစ်ယောက်ကို သတ်ချင်တာလား၊ အဲဒါကို ငါတို့ဂိုဏ်းက သဘောတူရဲ့ လားလို့ မင်းတို့ မေးကြည့်ဖူးလား ''

'' ဟုတ်တယ်၊ ငါတို့ရဲ့ စီနီယာ အစ်ကို လင်းကို ထိခွင့် မပြု နိုင်ဖူး။ ''

လျူယန်ဖေး၏ လုပ်ရပ်ကြောင့် သူတို့အား အလွန် အရှက်ရစေခဲ့ကာ နောက်ဆုံးတွင် လင်းယွန်က ထိုသို့သော အရှက်ရမှု အတွင်းမှ ဂိုဏ်း၏ ဂုဏ်သတင်းအား ပြန်လည် ရယူပေးခဲ့ပေသည်။

ထိုသို့သော တစ်စုံတစ်ယောက်အား သူတို့၏ မျက်စိရှေ့မှောက်၌ သက်ရန် ခွင့်ပြုခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။

" ကောင်းပြီ၊ ခဏအကြာမှာ မင်းတို့တွေ အခုလို အော်နိုင်သေးလားဆိုတာ ငါကြည့်မယ်၊ အကြီးအကဲတို့ မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းဝင်တွေကို ခုချက်ချင်း ......... သတ် ''

လျူယုက ကောက်ကျစ်စွာ ရယ်မော အမိန့်ပေး လိုက်ပြီး လင်းယွန်အား အလစ် အငိုက် ဖမ်းကာ လက်ဖဝါးဖြင့် ရိုက်ချ လာပြန်၏။

ဒုတိယ အကြိမ်မြောက် ပုံရိပ်ယောင် လက်ဖဝါးကြီး တစ်ဖက်သည် လေထုအတွင်း၌ ချက်ချင်း ထွက်ပေါ်လာကာ၊ ၎င်းတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ ကပ်ညိပါဝင်နေ ခဲ့သည်။

တချိန်ထဲမှာပင် လင်းယွန်သည် ရှန်ရှင်းအဆင့်ယန်သန့်စင်ခြင်း နည်းစနစ်ကို လှည့်ပတ်လိုက်၏။

ယန်စွမ်းအင်အား ပန်းသင်္ချိုင်းဓားထံသို့ ပို့လွှတ်လိုက်သည်နှင့်၊ ဓားကိုယ်ထည်၌ အဝါရောင် အခိုးအငွေ့များ ရစ်သိုင်းလာ ပြီးနောက် အလင်းတန်း တစ်ခု ထွက်ပေါ် လာကာ ထိုပုံရိပ်ယောင် လက်ဖဝါးပြင်အား ထပ်မံ ခွဲထုတ်လိုက် ပြန်သည်။

'' အရှက်မဲ့တဲ့ အဘိုးကြီး....."

ဘိုင်ထျန်းမိန်သည် လျူယုမှ လင်းယွန်အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်ကို ကြည့်ပြီးနောက် ချက်ချင်းပင် အုပ်စုဖွဲ့ တိုက်ပွဲကြီးအား စတင်ရန် အမိန့်ပေး လိုက်လေသည်။

သူက လင်းယွန်အား ကူညီချင်ခဲ့သော်လည်း ခရမ်းမီးလျှံဂိုဏ်းမှ အကြီးအကဲများမှာ ရယ်လျက် ဟန့်တားလာခဲ့၏။

" ဘိုင်ထျန်းမိန် ရပ်လိုက်ပါ၊ ငါ .... ဒီနေ့ ဒီဓားကျွန်ကို သတ်ပြီးရင် အားလုံးကို ခွင့်လွှတ်ပေးမယ် "

" ဒီဂိုဏ်းနှစ်ဂိုဏ်းက ရူးသွပ်နေတာလား၊ ဓားကျွန် တစ်ယောက်အတွက်နဲ့ တကယ်ပဲ တစ်ယောက်ကိုတစ်ယောက် သေ-ရှင်တိုက်ပွဲ ဆင်နွဲဖို့ လိုအပ်လို့လား...''

'' ခရမ်းမီးလျှံဂိုဏ်းက ရူးသွပ်နေပြီ၊ သူတို့က ဝိညာဉ်မိုင်းတွင်းကို ရှုံးရင်တောင်၊ သူတို့မှာ မြို့ကြီးတွေ ရှိနေသေးတယ်မလား၊ ဘာလို့ ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖန်တီးရတာလဲ။ ''

" ငတုံး.... ဒီ ဓားကျွန်ရဲ့ပါရမီက ဆုစီယာနဲ့ နှိုင်းယှဉ် လို့ရတာ မင်း ...မမြင်ဖူးလား၊ လျူယုက သူ့သားကို ကာကွယ် ပေးနေပုံ ရပေမယ့် သူ့ရဲ့ အဓိက ရည်ရွယ်ချက်က၊ ဒီလို ပါရမီရှင် မျိုးကို မကြီးထွားလာခင် သတ်ဖို့ ကြိုးစား နေတာပဲ၊ ပါရမီရှင်တစ်ယောက်ရဲ့ အာဏာစက်က အကန့်အသတ်မဲ့ပဲ မဟုတ်လား "

ဂိုဏ်းခွဲများကြား ပြိုင်ဆိုင်မှုများမှာ ပြင်းထန်လွန်းခဲ့ပြီး ခရမ်းမီးလျှံဂိုဏ်းသည် သူ့တို့၏ ခွန်အားများအောက်တွင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းမှ ပါရမီရှင် တစ်ယောက်အား ရှင်သန် ကြီးထွားခွင့် ပြုရန် သဘာဝကျကျ မဖြစ်နိုင်ပေ။

တစ်ချိန်တည်းမှာပင် လင်းယွန်သည် ပုံရိပ်ယောင် လက်ဖဝါးကြီးအား ခုခံ ကာကွယ် နိုင်ခဲ့သော်လည်း နောက်ဆက်တွဲအရ စွမ်းအင်အကျွင်းအကျန် လှိုင်းများကို အသေအလဲရှောင်တိမ်း လိုက်ရသည်။

ထို့နောက်တွင် လျူယုထံမှ အခြေခံတည်ဆောက်ခြင်း ဒသမအဆင့် အရှိန်အဝါများ ပေါက်ကွဲလာခဲ့ကာ လင်းယွန်ထံသို့ ဖိနှိပ်လာမှုကြောင့် နှာခေါင်းမှ သွေးများ ယိုကျလာ၏။

သို့သော် ထိုဖိအားအောက်တွင် လင်းယွန်၏ နှလုံးသားမှာ ပူနွေးသော စွမ်းအင် အချို့နှင့်အတူ စတင် တုန်ခါလာခဲ့သည်။

၎င်းသည် အခြေခံ တည်ဆောက်ခြင်း သတ္တမအဆင့်၏ နှလုံးသန့်စင်ခြင်း ဖြစ်စဉ်မှာ ပြီးမြောက် လုနီးပြီဟု ခံစားလာရစေသည်။

လျူယန်ဖေးနှင့်တိုက်ပွဲတွင် များစွာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းခဲ့ပုံ ရသည်။

တစ်ဆက်တည်းမှာပင် လျူယုထံမှ ကြောက်စရာ ဖိအားများနှင့် ရင်ဆိုင် နေရသော အခါ ၎င်းသည် နှလုံးသားထဲရှိ ဒွါရခွန်နှစ်ပါး ဆေးလုံး များအား လှုပ်နှိုးသွားကာ စွမ်းအင် အချို့ ယိုစိမ့်လာစေသည်။

ပုံမှန်အားဖြင့် ဆိုရသော် လျူယုသည် လင်းယွန်အား လှုပ်ရှားမှုသုံးခုဖြင့် သေချာပေါက် သတ်နိုင်ပေမည်။

ထို့နောက်တွင် လျူယုသည် သူ၏ တတိယမြောက် လက်ဖဝါးအား အရှိန်အဟုန် ပြင်းစွာဖြင့် ထပ်မံရိုက်ချလာ ပြန်၏။

" မင်း ဘယ်သွားမလို့လဲ..... "

ထိုလက်ဖဝါးတွင် သေဆုံးစေနိုင်သော စွမ်းအားများ သိပ်သည်းစွာ ကပ်ညိပါဝင်နေ သည်ကြောင့် လင်းယွန်က လျင်မြန်စွာ ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

သို့သော် သူ၏ နှလုံးသားထံမှ အနည်းငယ် မျှသော အခွင့်အရေးကို အရယူရန် မိုက်မဲစွာ ဆန္ဒပြုလာခဲ့ရာ၊ နောက်ဆုံးတွင် ထိုလက်ဖဝါးအား ခါးစည်းခံ လိုက်လေ၏။

ရလာဒ်အနေဖြင့် လင်းယွန်၏ ခန္ဓာကိုယ်မှာ မီတာ အနည်းငယ် အထိ လွင့်စင်သွားကာ ပန်းသင်္ချိုင်းဓားသည် လက်မှလွတ်လျက် ကြမ်းပြင် ထက်သို့ ကျဆင်းသွား လေသည်။

ကြမ်းပြင်ပေါ် လဲကျလျှင် ကျချင်း သွေးများအန်ချလိုက်ပြီး၊ ပြုံးလျက် ကုန်းထလာ ခဲ့၏။ ဦးခေါင်းကို ထိမှန်ခြင်းမှ ခက်ခက်ခဲခဲ ရှောင်ရှား နိုင်ခဲ့ ပြီးနောက် မိုက်မဲသော အတွေးကို အောင်အောင် မြင်မြင် ဆုပ်ကိုင်နိုင်မိ ခဲ့လေပြီ။

'' ............... ''

သူ၏ နှလုံးခုန်သံမှာ မြင့်တက် လာသည် နှင့်အမျှ လှောင်အိမ်ထဲမှ ရုန်းထွက်နိုင်သော ငှက် တစ်ကောင် ကဲ့သို့ လွတ်လပ်ပေါ့ပါး နေခဲ့ကာ၊ ပတ်ဝန်းကျင်ရှိ သဘာဝ စွမ်းအင် များကို ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ လိုက်လေသည်။

" ဟမ်၊ မင်းက တော်တော် အပြေး ကောင်းတာပဲ၊ ဒါပေမယ့် ခု ... မင်းဘယ်လို ထက်ပြေးပုန်း မလဲဆိုတာ ငါကြည့်မယ်။ "

လျူယုက ကောက်ကျစ်စွာ ပြုံးလျက် တရွေ့ရွေ့ ချဉ်းကပ်နေလျက်မှ ရုတ်တရက် ရပ်တန့်လိုက်ပြီး၊

'' မင်း...... မင်း ဓါးကျွန်ကောင်၊ မင်းက ငါ့ကို အသုံးချပြီး အဆင့်တက်ရဲတယ်ပေါ့၊ ဟမ့်... ကောင်းပြီ ဒီတစ်ကြိမ် အဆင့်တက်ခြင်းက မင်းဘဝအတွက် နောက်ဆုံးအကြိမ်ပဲ ဖြစ်စေရမယ်..... ''

ထိုအခိုက်အတန့်၌ မီးလျှံဓားဂိုဏ်းနှင့် တော်ဝင်နေမင်းဂိုဏ်း အပါအဝင် လူအုပ်ကြီးမှာ အံသြမှင်တက်နေခဲ့ ကြသည်။

အခြေခံတည်ဆောက်ခြင်း သတ္တမအဆင့်၌ ရှိသော တစ်စုံတစ်ယောက်သည် အဆင့်ချိုးဖြတ်ရန် အတွက် ရှန်ရှင်း-တပိုင်း သိုင်းသမား ကြီးထံမှ လက်ဖဝါးရိုက်ချက်အား ခံယူကာ ဤသို့သော အခြေအနေ၌ အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့သည်လော။

တနည်းအားဖြင့် ဆိုရသော် ထိုတစ်စုံ တစ်ယောက်သည် ရူးသွပ် နေခဲ့လေပြီ။ ၎င်းဓားကျွန်၏ အခြေခံ အုတ်မြစ်မှာ ထို့သို့ မိုက်မဲရန် မည်မျှ နက်ရှိုင်းနေခဲ့ လေသနည်း။

ယခုအချိန်တွင် လျူယုသည် ပို၍ သတိ ထားလာ ခဲ့ကာ လင်းယွန်အား ရှင်သန်ခွင့် ပေးရန် လုံးဝ ခွင့်မပြုနိုင်သည်မှာ သေချာနေခဲ့လေပြီ။

ထို့နောက်တွင် လျူယုထံမှ သတ်ဖြတ်ခြင်း အရှိန် အဝါများ သိပ်သည်းလာကာ လင်းယွန် ထံသို့ ပြေးဝင် တိုက်ခိုက်လာတော့၏။

အခြားတဘက်တွင် လင်းယွန်သည် ခန္ဓာကိုယ် အတွင်းမှ သွေးများ ဆူပွက် လာသည်နှင့် အမျှ ညာခြေကို ဘေးသို့ တစ်လှမ်း ရွေ့လျက် လေနှင့်တိမ်အား ဆင့်ခေါ် လိုက်သော်လည်း၊ ရုတ်တရက် သူ၏ အကြည့်သည် ပန်းသင်္ချိုင်းဓား ထံသို့ ဝေ့ဝဲလျက် သက်ပြင်းမောကို အသာချလိုက်မိသည်။

ဤမျှ အရေးကြီးသောအချိန်တွင် သူ၏ ဓါးသည် သူ့လက်၌ ရှိမနေခဲ့ချေ။

" ဒီနေ့ ငါ့လက်နဲ့ မင်း....သေကိုသေရမယ် ... "

လင်းယွန်၏ မျက်လုံးများမှ ကူရာကယ်ရာ မဲ့နေသော သဏ္ဍာန်ကို မြင်လိုက် ရသည်နှင့် လျူယုက ပြေးဝင်လာလျက်မှ ပြုံးလိုက်ကာ ခြိမ်းခြောက် လိုက်လေသည်။

'' လင်းယွန်၊ မင်းရဲ့ ဓား...... ''

ထိုခဏတွင် ဘိုင်ယုဖန်သည် စောင့်ကြည့် နေခဲ့သည် ဖြစ်ရာ ယင်းမြင်ကွင်းကြောင့် ပန်းသင်္ချိုင်း ဓားအား တွားသွား ကောက်ယူလျက် လင်းယွန် ထံသို့ အံကြိတ် ပစ်ပေးလိုက် လေသည်။

ပန်းသင်္ချိုင်းဓားမှာ လေထဲလွင့်ပျံ လာသည်နှင့် လင်းယွန်၏ မျက်ဝန်းများတွင် အလင်းရောင်တစ်ချက် တောက်ပသွားကာ ခုန်တက် ဖမ်းယူ လိုက်လေသည်။

" အိပ်မက် မက်မနေနဲ့ ဓားကျွန်ကောင် ''

လင်းယွန်က ပန်းသင်္ချိုင်းဓားအား ဖမ်းယူ နေစဉ် မှာပင် လျူယုက သူ၏ အရှိန်ကို ထပ်မံ မြှင့်တင် လိုက်ကာ နောက်ပါးမှ လိုက်ပါ ပျံဝဲ လာခဲ့ပြီး လင်းယွန်ထံသို့ တိုးဝင်လာလေသည်။

သို့သော် လင်းယွန်သည် ပန်းသင်္ချိုင်း ဓားအား ဆုပ်ကိုင်မိ သည်နှင့် ယုံကြည်ချက်များ ပြန်လည် ရရှိသွားကာ၊ တည်ငြိမ်သွား လေသည်။

ဤမျှ အရှက်မဲ့သော ဤအဘိုးအိုအား နှလုံးသားထဲ၌ နက်ရှိုင်းစွာ မုန်းတီးခဲ့လေပြီ။ ၎င်းသည် ခရမ်းမီးလျှံဂိုဏ်း တစ်ဂိုဏ်းလုံးကိုပင် သုတ်သင် ပြစ်ချင်သည်အထိ မုန်းတီးလာစေ၏။

လျူယု၏ လက်ဖဝါးမှာ လင်းယွန်ထံ ထိခတ်ကာ နီးတွင် ပန်းသင်္ချိုင်း ဓားအား ကောင်းကင်သို့ ညင်သာစွာ ချိန်ရွယ်လိုက်သည်နှင့် ဓားဖျား၌ နှင်းဆီပန်းတစ်ပွင့် ဖြစ်ပေါ်လာခဲ့ လေသည်။

ထို့နောက်တွင် ၎င်းနှင်းဆီပန်းသည် သူ၏ ပွင့်ချပ်များအား တစ်လွှာချင်း ဖြည်ချနေကာ ကြောက်မက်ဖွယ် ကောင်းသော ဓားအရှိန် အဝါအား ထုတ်လွှတ်လာလေသည်။

ထိုအခိုက်အတန့်တွင် ၎င်းအရှိန်အဝါသည် လျူယု၏ အရှိန်အဝါ ထက်ပင် ပို၍ သိပ်သည်း နေခဲ့ကာ သူ့အား အတင်းအကျပ် ဖိအား ပေးလာ သောကြောင့် အလျင်အမြန် ဆုတ်ခွာ လိုက်ရ သော်လည်း အနည်းငယ်မျှ နောက်ကျ သွားကာ၊ ပွင့်ချပ်များဖြင့် ဖုံးလွှမ်း သွားပြီးနောက် တဆစ်ဆစ် နာကျင်သွား လေသည်။

အဆုံးမှာတော့ လင်းယွန်အား သတ်ရန် ပြေးလိုက် သွားသည့် လျူယုမှာ ပြတ်ရှရာများ နှင့်အတူ ပြန်လည် ဆုတ်ခွာလိုက်ရ၏။

တချိန်တည်းမှာပင် ပန်းသင်္ချိုင်းဓားသည် ညင်သာစွာဖြင့် လှုပ်ရှား လာတော့သည်။

"ပန်း တွေ ဘယ် မှာ ပွင့် နေ လဲ "

***

All Chapters