← Chapters

ဓားဝိညာဉ်ရှာဖွေခြင်း။

Vol. 5 Ch. 62

ဓားဝိညာဉ်ရှာဖွေခြင်း။

Vol. 5 Ch. 62

နှင်းဆီပန်းသည် သူ၏ နောက်ဆုံး ပွင့်ချပ်အား ဖြည်ချလိုက်သည်နှင့် ပေါက်ကွဲ သွားကာ ၎င်း၏ အဟုန်ကြောင့် လျူယုမှာ လွင့်စင်ထွက်သွား၏။

တဆက်ထဲမှာပင် လင်းယွန်ထံမှ ဓားချက်သည် ထိုပေါက်ကွဲမှုများအတွင်းမှ လျင်မြန်စွာပြေးထွက်လာခဲ့လေသည်။

ရာပေါင်းများစွာသော ပွင့်ချပ်အပိုင်းအစများသည်လျူယု၏ စိတ်ဝိညာဉ် အတွင်းထိ တိုးဝင် ပေါက်ကွဲ နေခဲ့သည်။

ထိုအပြင် ထက်ရှသောဓားအရှိန်အဝါအား သူ့နှလုံးသားအတွင်းတစ်နေရာမှ ထိတ်လန့်စွာ ခံစားမိလေပြီ။

အခြေခံ တည်ဆောက်ခြင်း အဋ္ဌမ အဆင့်မှ၊ တစ်စုံ တစ်ယောက်သည် ရှန်ရှင်း တပိုင်း သိုင်းသမား ကြီးအား ဒဏ်ရာရအောင် မည်သို့ စွမ်းဆောင် နိုင်ခဲ့ လေသနည်း။ ၎င်းသည် တစ်ဆိတ်တော့ ယုံကြည်ရန် ခက်ခဲနေ ဆဲပင်။

" မင်း ... အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ အား.... "

လျူယုက ကြမ်းပြင်ပေါ်လဲကျနေခဲ့ရာမှ အလောတကြီး မေးမြန်းလိုက်ပြီးနောက် နာကျင်မှုကြောင့်အော်ဟစ်လိုက်ရသည်။

သူ့ခန္ဓာကိုယ်သည် အပေါ်ယံ ပြတ်ရှရာ များသာ ရှိနေခဲ့ သော်လည်း နှလုံးသားသည် ကြောက်ရွံ့ တုန်လှုပ် နေခဲ့သည်။ သေဘေးမှ ကံကောင်းစွာ လွတ်မြောက် လာရ သကဲ့သို့ တုန်ယင်လျက် လင်းယွန်ထံ ငေးကြည့် လိုက်မိ၏။

လင်းယွန်သည် သိုင်းစင်မြင့်ထက်တွင် တည်ငြိမ်စွာရပ်တန့်နေသော်လည်း သူ့နှလုံးသားသည် အရည်ညှစ်ခံလိုက်သကဲ့သို့ ရှုံ့တွနွမ်းလျသွား၏။

လွန်ခဲ့သည့်အချိန်တွင် ၎င်းနည်းစနစ်အား သူ၏နားလည်နိုင်စွမ်းမှာ အနည်းငယ်သာ ဖမ်းဆုပ်မိနိုင်ခဲ့သော်လည်း ယခုအချိန်၌ ဒွါရခွန်နှစ်ပါးဆေးလုံး ခွန်နှစ်လုံး နှင့်အတူ အခြေခံတည်ဆောက်ခြင်း အဋ္ဌမအဆင့် ခွန်အားကြောင့် ဓါးတာအို၌ အနည်းငယ် တိုးတက်လာခဲ့သည်။

ရုတ်တရက် သူ့နှလုံးသားသည် ပြင်းထန်စွာ ခုန်လာသည်နှင့်အမျှ ကုန်ဆုံးသွားသော စွမ်းအင်များအား ဒွါရခွန်နှစ်ပါးဆေးလုံးထံမှ အားဖြည့်ပေးလာလေသည်။

" သူက အခြေခံ တည်ဆောက်ခြင်း အဋ္ဌမအဆင့် ခွန်အားနဲ့ ရှန်ရှင်းတပိုင်း သိုင်းသမားကို ဒဏ်ရာ ရအောင် ဘယ်လို လုပ်နိုင် ရတာလဲ "

'' ဒါက သူ့ရဲ့ ဓားနည်းစနစ်ကြောင့် များလား၊ မိုးကောင်းကင်နိုင်ငံမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ရှန်ရှင်း သိုင်းနည်း စနစ်ကို ငါ တစ်ကြိမ်မှ မမြင်ဖူးဘူး။ ''

" ဟုတ်တယ်၊ သူရဲ့ လုံလောက်အောင် သန်မာလာမဲ့ အချိန်ကို ငါ မစောင့်နိုင်တော့ဖူး။ ''

'' ဒီဓားကျွန်က မိုးကောင်းကင်နိုင်ငံရဲ့ ဓားတာအိုမှာ ပြိုင်ဘက်ကင်းပဲ ''

လူအုပ်ကြီးထံမှ အံ့အားတကြီး ဝေဖန်သံများ ထွက်ပေါ်လာသည်။ တဖန် ထို့ထက်ပို၍ အံ့သြထိတ်လန့် နေသူမှာ ဘိုင်ထျန်းမိန် ဖြစ်၏။

သူက လင်းယွန်လွတ်မြောက်ရန်အတွက် တချိန်လုံး စိတ်ပူနေခဲ့ရသော်လည်း ၎င်းသည် လျူယုကိုပင် ဒဏ်ရာရစေခဲ့သည်။

( ဒါက တကယ်ပဲ ရှန်ရှင်းသိုင်း နည်းစနစ်လား၊ ဒီလောက် ကြောက်စရာ ကောင်းတဲ့ နည်းစနစ်ကို ငါ့ရဲ့ မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှာ ဘာလို့များ မတွေ့မိ တာလဲ၊ ဒါက သူ့ရဲ့ ကံကောင်းတဲ့ ထိုးထွင်း နားလည်မှုပဲ ဖြစ်ရမယ်။ )

ဤအရာသည် လင်းယွန်ထံမှ ဒုတိယ အကြိမ်မြောက် ထွက်ပေါ်လာမှု ဖြစ်သော်လည်း ၎င်းသည် တစ်ကြိမ်ထက် တစ်ကြိမ် သာ၍ စိတ်ဝင်စားလာစေခဲ့သည်။

သို့သော်လည်း လင်းယွန်၏ဓားသည် မိုးပြာရောင် ကောင်းကင်ဂိုဏ်းအား စိတ်ဓါတ် များစွာ မြှင့်တင်ပေး နိုင်ခဲ့ရာ ဘိုင်ထျန်းမိန်သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်၏။

'' လင်းယွန်ရဲ့ဓါးက အရှက်မဲ့တဲ့ အဘိုးကြီးကို ဒဏ်ရာ ရသွား စေပြီ၊ လူတိုင်း ကြိုးစား ကြပါ၊ ဒီနေ့ ငါတို့ရဲ့ဓါးက ဘယ်လောက် ထက်လဲ ဆိုတာ ခရမ်း မီးလျှံ ဂိုဏ်းကို ပြရအောင်၊ ဒီအရှက် မဲ့တဲ့ အဘိုးကြီးက ငါတို့ရဲ့ ညီငယ်လေး လင်း ကြီးပြင်း လာမှာကို ကြောက်နေ ခဲ့တာပဲ၊ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်လဲ.. "

" အ ရှက် မဲ့ တဲ့ အ ဘိုး ကြီး ကို သတ်....."

" အ ရှက် မဲ့ တဲ့ အ ဘိုး ကြီး ကို သတ်....."

ဘိုင်ထျန်းမိန်၏ ကြုံးဝါး သံကြောင့် အကြီးအကဲ များနှင့် တပည့် များသည် စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ် ခဲ့ကြသည်။

ဘိုင်ချူးဟွေက ထိုမြင်းကွင်းအား လျစ်လျူရှု ထားခဲ့ပြီး သူမ၏ မျက်လုံး များကို လင်းယွန် ထံသို့ စူးစိုက် ကြည့်လိုက်သည်။

အခြား သူများက မည်သည့် အရာကိုမျှ မြင်နိုင်မည် မဟုတ် သော်လည်း သူမက ထိုအရာအား ရှင်းရှင်း လင်းလင်း သိမြင် နေခဲ့သည်။

'' အို.... ဒွါရခွန် နှစ်ပါး ဆေးလုံးတွေပဲ....'

လင်းယွန် ခန္ဓာကိုယ် အတွင်း ပိုင်းတွင် အစိမ်းရောင် နဂါးခွန် နှစ်ကောင်သည် လည့်ပတ် စီးဆင်းနေပြီး သူ့အားစွမ်းအင်များ ဖြည့်စည်း ကုသပေးနေခဲ့၏။

" ဒါပဲပေါ့၊ ဒီကောင်လေးက ဟောင်ရှင်း အဋ္ဌမအဆင့်ကို ကျော်ဖြတ်ပြီး အလွန် ကြောက်စရာ ကောင်းခဲ့တာက ဘယ်ထူးဆန်း မလဲ၊ တစ်ယောက်ယောက်က သူ့ရဲ့ ဟောင်ရှင်းဘုံမှာ ဖြတ်ကျော်ရမယ့် အခက်အခဲ တွေကို ကူညီချင်တဲ့ပုံပဲ၊ ''

'' ပြီးတော့ ဒီဓားနည်းစနစ်မှာ ဧကရာဇ် တစ်ပါးရဲ့ အငွေ့အသက်တွေ ပေါင်းစပ် ပါဝင် နေတယ်၊ သူက ကံကောင်း ခဲ့တဲ့ ပုံပဲ၊ သူရဲ့ ဓားတာအို အပေါ် ထိုးထွင်း သိမြင်မှုနဲ့ ဆိုရင် အဲဒီ ဧကရာဇ် မျိုးနွယ်စုရဲ့ ပါရမီရှင် တွေထက် မနိမ့်ကျဖူး ''

'' စိတ်မကောင်းတာက သူ့ရဲ့ပြိုင်ဘက်က အားနည်းလွန်းတယ်၊ ဒါကြောင့်လည်း ဒီလင်းယွန်က အဆီအနှစ်ကို ထုတ်ယူနိုင်မဲ့ အခွင့်အရေးနဲ့ လက်တစ်ကမ်း လိုနေတုန်းပဲ၊ ဓါးတာအိုမှာ နက်နက်ရှိုင်းရှိုင်း သိမြင်ဖို့ဆိုရင် သူက ဒိထက်ပိုပြင်းတဲ့ဖိအားတွေ လိုနေသေးတယ်၊ ''

ဘိုင်ချူးဟွေက သိုင်းစင်မြင့်ပေါ်ရှိ လင်းယွန်ထံ စိုက်ကြည့်ကာ တီးတိုး ရေရွတ် နေမိသည်။

မျက်နှာ ပေါ်၌ မချင့်မရဲ အမူအရာကို ဆင်မြန်း ထားလေသည်။ အုပ်စုဖွဲ့တိုက်ပွဲသည် ပိုမို ပြင်းထန်လာသည် နှင့်အမျှ ဘိုင်ချူးဟွေ၏ အာရုံသည် လင်းယွန်ထံ အလုံးစုံ ရောက်ရှိ နေခဲ့ကာ သူက အခြား တိုက်ပွဲများအား လျစ်လျူရှု ထားခဲ့လေသည်။

လျူယုသည် အံသြနေခဲ့သော်လည်း ၎င်းအား အဆုံးသတ်ရန် ဆန္ဒရှိနေခဲ့သည်။ သို့မဟုတ်ပါက ဤဓားကျွန်သည် ပို၍ သန်စွမ်းကာ သူ့အား ခေါင်းကိုက်လာစေမည်။

ဆန့်ကျင်ဘက်အနေနှင့် လင်းယွန်သည် ပို၍ရဲရင့်လာပြီး ကျား-နဂါးအရှိန်အဝါကို ထုတ်ဖော်လျက် လေဝဲဓားအား ခင်းကျင်း လိုက်လေသည်။

လေဝဲဓားသည် ယခုအကြိမ်၌ အလိုက်သင့် ပူးပေါင်းနေခဲ့ပြီး ယခင်ကထက် ပို၍ လျင်မြန်စွာ ထုတ်ဖော်နိုင်လာ၏။

၎င်းသည် ဒဏ်ရာများကြောင့် ခွန်အားအချို့ ဆုံးရှုံးထားသော လျူယုအား ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့ ပေသည်။

တစ်ချိန်တည်းမှာပင် လင်းယွန်သည် လျူယုနှင့် တိုက်ပွဲအပေါ် အပြည့်အဝ အာရုံစိုက်နေခဲ့ကာ ဓားတာအိုတွင် နစ်မျောသွားတော့၏။

ကျောက်စိမ်းပန်ချီကားထဲရှိ ထိုဓါးသမား၏ ရည်ရွယ်ချက်မှာ တဖြည်းဖြည်း ရှင်းလင်း လာသည် နှင့်အမျှ လေဝဲဓားမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွားခဲ့လေသည်။

လျူယုသည် ကျင့်ကြံခြင်း အဆင့်၌ အားသာချက် ရှိသော်လည်း လင်းယွန်အား ဖိအားပေးနိုင်ခြင်း မရှိတော့ချေ။ တစ်စတစ်စ လင်းယွန်၏ဓားသမှာ သူ၏သေကွင်း သေကွက်များ ထံသို့ အမြဲချိန်ရွယ် တိုးဝင် လာခဲ့လေသည်။

" ဂိုဏ်းချုပ်၊ ငါတို့ မင်းကို ကူညီမယ် ......"

ထိုအခြေအား အကဲခတ်မိသွားသည့် အကြီးအကဲလေးယောက်သည် လျူယုအား ကူညီရန် အပြေးအလွှား ခုန်ဝင်လာသည်။

" သောက်ပဲဟေ့၊ အရှက်မဲ့တဲ့ အဘိုးကြီးတွေ..... စီနီယာအစ်ကိုလင်း သတိထား.... "

လင်းယွန်ထံ ပြေးဝင်သွားသည့် ခရမ်းမီးလျှံ ဂိုဏ်း၏ အကြီးအကဲ လေးဦးအား မြင်လိုက် သည်နှင့် မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ တပည့်တိုင်းက အော်ဟစ် သတိပေးလိုက် လေသည်။

'' ခ ရမ်း ရောင် တိမ် ဓား ''

'' တောင် ခွဲ ဓား ''

'' ကောင်း ကင် ဘုံ ဓား ''

'' တိမ် ဖောက် လက် ညိုး ''

အော်ဟစ်မာန်သွင်းသံနှင့်အတူ မီးလျှံဂိုဏ်း၏ အကြီးအကဲ (၄)ယောက်ထံမှ အကန့်အသတ်မဲ့ သတ်ဖြတ်လိုသော ဆန္ဒများ ရိုက်ခတ်လာပြီး နောက်တွင် ဓားတာအို၌ နစ်မျောမိနေသော လင်းယွန်မှာ လန့်နိုးလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ပန်းသင်္ချိုင်းဓားသည် သူ၏ လက်အတွင်းမှ ညင်သာစွာ တုန်ခါလျက် အသံမဲ့လှိုင်းများ ဖြန့်ထွက်လာကာ၊ ခဏအတွင်းမှာပင် ရှုပ်ထွေးနေသော သိုင်စင်မြင့်ပေါ်၌ ပုဇဉ်းရင်ကွဲတစ်ကောင် ပျံသန်းနေသကဲ့သို့ ညင်သာသောအသံများ ထွက်ပေါ်လာလေသည်။

" ဒါ ......ဘာအသံလဲ "

ထိုအသံသည် တစ်စုံတစ်ယောက်မှ ဇစ်သာ တီးခတ်နေသကဲ့သို့ တိုး၍ ကျယ်လာပြီးနောက် ခရမ်းမီးလျှံဂိုဏ်း၏ အကြီးအကဲလေးဦးထံရှိ လက်နက်များမှာ ရုတ်တရက် တုန်ခါလာကာ၊ ထိန်းချုပ်နိုင်စွမ်းများ ဆုံးရှုံးသွားလေသည်။

တချိန်ထဲမှာပင် လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ကောင်းကင်သို့ ချိန်ရွယ် လိုက်သည်နှင့် ဓားဖျားတွင် နှင်းဆီပန်း သုံးပွင့် ပွင့်လာခဲ့ လေသည်။

ထို့နောက်တွင် ထိုနှင်းဆီပန်းများမှ မရေတွက်နိုင်သော ပွင့်လွှာများ ကွဲထွက်လာကာ လေပွေတစ်ခုကဲ့သို့ ဝန်းရံ လှည့်ပတ်နေတော့သည်။

ထိုအခိုက်အတန့်တွင် လင်းယွန်၏ ထိန်းချုပ်မှုအောက်၌ ပွင့်ချပ်များ လွင့်ထွက်သွားသည်နှင့်အမျှ ဓားအလင်းတန်း တစ်စသည် တောက်ပစွာ ထွက်ပေါ် လာခဲ့၏။

ပြီးနောက် ဦးတည် ပြေးဝင်လာသော အကြီးအကဲ လေးယောက်ထံသို့ လျှပ်စီးတစ်စလို တိုးဝင်သွားကာ၊ နောက်ပြန် တွန်းထုတ်လိုက် လေသည်။

၎င်းတို့သည် သိုင်းစင်မြင့်ကြမ်းပြင်အား နင်းမိလိုက်သည်နှင့် မျက်လုံးများပြူးလျက် ကြောက်လန့်ကာ နောက်ဆုတ် လိုက်ကြ၏

ပန်းပွင့်များ ပေါက်ကွဲ ပျောက်ကွယ်သွား ပြီးနောက် လင်းယွန်၏ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ ဆူညံစွာ တုန်ခါလာသည်။

" ဓါး ဝိညာဉ်ကို ရှာ နေ တာ လား "

ထိုမြင်ကွင်းကြောင့် ဘိုင်ချူးဟွေသည် မယုံကြည်နိုင်ဟန်ဖြင့် ထိုင်ခုံမှ မတ်တပ် ထရပ် လာခဲ့လေသည်။

***

All Chapters