← Chapters

ရှန်ရှင်းဘုံ၏ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း။

Vol. 5 Ch. 64

ရှန်ရှင်းဘုံ၏ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း။

Vol. 5 Ch. 64

ဘိုင်ချူးဟွေက သူမ၏လက်အား ပြန်ရုတ်သိမ်း လိုက်ပြီးနောက် လက်ချောင်းထိပ် ဖျားတွင် ကပ်ညိ ပါလာသော အစိမ်းရောင် အခိုးအငွေ့ အချို့ကို ငေးကြည့်ကာ လင်းယွန်အား သနားစရာ သတ္တဝါ တစ်ကောင်ကဲ့သို့ ငုံ့ကြည့် လိုက်၏။

ခဏအကြာတွင် သူမက လင်းယွန်၏ မေးခွန်းအား ခေါင်းညိတ်လျက်၊

'' ဟုတ်တယ် မင့် ...အသုံးပြုခဲ့တဲ့ အချိန်မှာ မြည်ဟီးလာတဲ့ ဆူညံသံတွေက ဓါးဝိညာဉ် ရှာဖွေခြင်းကြောင့် ထွက်ပေါ်လာတဲ့ အသံတွေပဲ၊ ဒါကို ဆုပ်ကိုင်နိုင်တဲ့ သူက ကျင့်ကြံခြင်း လောကမှာ အနည်းအကျင်းသာ ရှိတယ်၊ ငါတောင်မှ ငါ့ဘဝတစ်လျှောက်လုံးမှာ ကြားဖူးထားရုံပဲရှိသေးတယ်၊ တစ်ကြိမ်မှ အခုလို ရှင်းရှင်းလင်းလင်း မမြင်ဖူးခဲ့ဘူး ''

" ဒီထက် ပိုရှင်းပြလို့ရမလား မြို့တော်သခင်.... "

'' ကောင်းပြီ၊ ဓားတာအိုမှာ ငါသိသလောက်ဆိုရင် အဆင့်လေးဆင့် ခွဲထားရှိတယ်၊ အဲ့ဒါတွေက ဓားဝိညာဉ် ရှာဖွေခြင်း၊ ဓားဝိညာဉ် ထိန်းချုပ်ခြင်း၊ ဓားနှလုံးသားနဲ့ ဓားဝိညာဉ်တို့ပဲ၊ မင်းက အခု ပထမအဆင့်ကို လှမ်းမိရုံပဲ ရှိသေးတယ်၊ ဒါက ကြောက်စရာ ကောင်းလွန်းတယ် ဆိုပေမယ့် ဓားတာအိုရဲ့ အပေါ်ယံ အစိတ်အပိုင်းလေး တစ်ခုသာပဲ။ ''

ဘိုင်ချူးဟွေက စိတ်ဝင်တစား နားထောင်နေသည့် လင်းယွန်အားကြည့်လျက် ပြုံးပြကာ ဆက်ရှင်းပြလာ၏။

'' ဘာပဲဖြစ်ဖြစ် ဒါက ဓားတာအို လမ်းကြောင်း ပေါ်မှာ ရှိတဲ့ ဓားဝိညာဉ်ရှာဖွေခြင်း ပဲမလား၊ ဒီလို အရည်အချင်းမျိုး ရှိနေတဲ့ မင်းကို အမှိုက် တစ်စကြောင့် ငါက အသေမခံနိုင်ပါဖူး၊ မင်းဘယ်လောက် ဝေးဝေး သွားနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ ''

ဘိုင်ချူးဟွေစကားကြောင့် လင်းယွန်က မျက်မှောင်ကြုပ်လိုက်မိပြီး၊

"ဒါ ပဲ လား "

" တခြား ဘာများ ရှိရ ဦးမှာလဲ၊ မင်းက ဘာများ မျှော်လင့်နေတာလဲ "

ဘိုင်ချူးဟွေက ပြုံးလျက် လင်းယွန်ကို ကြည့်လာရာ သူက ခဏကြာစဉ်းစားပြီးနောက်၊

" မင်းက လွန်ခဲ့တဲ့သုံးနှစ်တုန်းက စီနီယာအစ်မဆုကို ခေါ်တွေ့ခဲ့တယ်လို့ ငါရဲ့ လူငယ်သခင်က ပြောဖူးတယ် ''

'' အင်း... မင်းမှားနေပြီ၊ ငါ သူနဲ့မတွေ့ဖူးပါဘူး၊ ဒါပေမယ့် ငါ ....သူ့အကြောင်းကြားဖူးပါတယ်၊ ဒီကိုလာတဲ့ ငါ့ရဲ့ရည်ရွယ်ချက်က မင်းကို စုဆောင်းဖို့လို့ မင်း... ထင်နေတာလား "

" ငါ့ကိုယ်ငါ အရမ်းအထင်ကြီး လွန်းနေ တာလား "

လင်းယွန်က အဆင်မပြေသော အပြုံးတစ်ခုကို ထုတ်ဖော်လျက် ရှက်ရွံစွာရေရွတ်လိုက်သည်။

" ..... မဟုတ်ပါဘူး၊ မင်းကို ဖိတ်ခေါ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်၊ နှစ်တွေကြာလာတာနဲ့ အမျှ ငါ့ရဲ့ ဘိုင်မိသားစုက ဒီဝန်းကျင်က နိုင်ငံတွေမှာ အလားအလာ ကောင်းတဲ့ ဟောင်ရှင်း သိုင်းသမားတွေကို ရှာဖွေနေရတယ် ''

ဘိုင်ချူးဟွေက လင်းယွန်၏ ယူဆချက်အား ခေါင်းရမ်းပြကာ ရှင်းပြလာသည်ကြောင့်၊ သူတို့နှစ်ဦးသည် အချိန်အနည်းငယ် အတွင်းမှာပင် ပို၍ စကားပြောရ လွယ်ကူလာ ကြသည်။

" ဒီနေ့အစောပိုင်းမှာ ဘိုင်ထျန်းမိန်ကို ဟန့်တားလိုက်တာက မင်းရဲ့အလားအလာကို သိချင်ခဲ့လို့ပဲ၊ မင်းက ဓားတာအိုကို ဖွဲ့စည်း နိုင်ခဲ့ပြီးပြီ၊ ထိုးထွင်း သိမြင်နိုင်မှုကလည်း တကယ်ကို ထိတ်လန့်စရာ ကောင်းလွန်းတယ်၊ ငါတွေ့ဖူးသမျှ လူတွေထဲမှာ မင်းက အထက်မြက်ဆုံးပဲ၊ ဒါပေမယ့် ဒီ'ဒွါရခွန်နှစ်ပါးဆေးလုံး'ကို တွေ့ပြီးတဲ့နောက်တော့ ငါ ....စိတ်ပြောင်းသွားတယ်... ''

"............"

ဘိုင်ချူးဟွေ၏ စကားတိုင်းသည် လင်းယွန်အား အံ့သြစရာများသာ ပေးစွမ်းနေခဲ့သည်။

" ကျင့်ကြံသူတစ်ယောက်ကို အကဲဖြတ်တဲ့နေရာမှာ ပင်ကိုယ်စွမ်းရည်နဲ့ ထိုးထွင်းသိမြင်မှုဆိုပြီး နှစ်ပိုင်းခွဲထားတယ် ဆိုတာ မင်းသိမှာပါ ..... ''

လင်းယွန်သည် ဘိုင်ချူးဟွေ၏စကားများကို ကြားရသောအခါတွင် တစ်စုံတစ်ရာအား အကြမ်းဖျင်း ခန့်မှန်းလာနိုင်သည်။

'' ထိုး ထွင်း နား လည် မှု ''

သူ၏ထိုးထွင်းနားလည်မှုသည် ကြောက်မက်ဖွယ် ကောင်းပြီး ၎င်းသည် လူများစွာအား တုန်လှုပ် စေခဲ့ကြ၏။

တစ်စုံတစ်ရာသော နည်းစနစ်များကို ကျင့်ကြံရာတွင် ကျွမ်းကျင်မှုရရှိရန်အတွက် ဤအရည်အချင်းသည် အသုံးဝင်လှပေသည်။

ပင်ကိုယ်စွမ်းရည်ဆိုသည်မှာ အရင်းအမြစ် များကို အသုံးပြုသော အခါတွင် လျင်မြန်စွာ အကျိုး ဖြစ်ထွန်းလာသည့် သူများ ဖြစ်ပြီး၊ ၎င်းတို့အား (၅၀)ရာခိုင်နှုန်း အထိ စုပ်ယူနိုင် သူသည် ပါရမီရှင်များအဖြစ် သတ်မှတ်ကာ၊ သာမာန် ပင်ကိုယ် အရည်အချင်း ရှိသူများသည် (၁၀)ရာခိုင်နှုန်းသာ စုပ်ယူနိုင်ကြ၏။

၎င်းသည် ပင်ကိုယ်စွမ်းရည်ကောင်းသူနှင့် ညံဖျင်းသူ၏အကြား ခြားနားချက်ပင် ဖြစ်သည်။

'' ပင်ကိုယ်စွမ်းရည်ဆိုတာ တနည်းအားဖြင့် မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံပဲ၊ ဒါက ဒီလိုနိုင်ငံ ငယ်လေး အတွင်းမှာ မသိသာပေမယ့် ဒီနေရာ ကနေ ထွက်လိုက်တာနဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်၊ စိန်အဆင့် ခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံ ခန္ဓာကိုယ် ဆိုပြီး တွေ့မြင်လာရ လိမ့်မယ်၊ အဲ့ဒီတော့ ရှင်းရှင်းပြောရရင် မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အဲ့ဒီ အဆင့်တွေထဲ မပါဖူး ယေဘုယျ ဆန်လွန်းတယ်၊........ ''

'' ...... ပြီးတော့ မင်းရဲ့ ဖွဲ့စည်းပုံအရ လက်ရှိ အဆင့်ကိုရဖို့ လုံးဝမလွယ်ကူဖူး။ ဒါပေမယ့် မင်းရဲ့ နှလုံးသားထဲမှာ ဒွါရခွန်နှစ်ပါးဆေးလုံးကို မြင်ပြီးတဲ့နောက်တော့ ဒါက ရှင်းသွားပါပြီ၊.. ''

'' မင်းရဲ့နိမ့်ကျတဲ့ဖွဲ့စည်းပုံကို အားဖြည့်ဖို့ ဒီဆေးလုံးတွေကို သုံးခဲ့တာပဲ၊ ဟောင်ရှင်း သိုင်းသမားတစ်ယောက်အတွက် ဒီဆေးလုံးတွေကို အသုံးပြုရတာက ရတနာကို ဖြုန်းတီးလိုက်ရာ ရောက်တယ် ... ''

ထိုစကားတို့ကြောင့် လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲသွား၏။ ဆုစီယာက ဘိုင်ချူးဟွေ ကဲ့သို့ သူ့ပြဿနာများအား ရှုမြင်နိုင်ခဲ့ပုံရကာ၊ ဖြေရှင်းပေးခဲ့ခြင်း ဖြစ်ပေမည်။

'' ရှန်ရှင်းနယ်ပယ်ကိုရောက်ရင် မင်းက ခန္ဓာကိုယ်ရဲ့ ဒွါရအပေါက်တွေကို သန့်စင်ဖို့ လိုတယ်၊ အဲ့ဒီဘုံကို အဆင့်ခွန်နှစ်ဆင့် ခွဲခြား ထားတယ်၊ ပထမအဆင့်က ဒွါရခွန်နှစ်ပါးထဲက တစ်ခုဖြစ်တဲ့ အပ်စိုက်မှတ်တွေရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားချဲ့ထွင်တာပဲ၊ ... ”

“ .... ဒါကဟောင်းရှင်းနယ်ပယ်မှာတုန်းက အပ်စိုက်မှတ်ကို သန့်စင်ခြင်းနဲ့ နည်းနည်း ဆင်တယ်၊ ဒီတော့ မင်းက ဒွါရခွန်နှစ်ပါးကို သန့်စင်တဲ့အခါမှာ၊ ... ”

“ .... အဟုန်ကို လိုချင်ရင်၊ ဒွါရခွန်နှစ်ပါးသန့်စင်ဆေးလုံးတွေကို စားသုံးရလိမ့်မယ်၊ ဒါဆို မင်းရဲ့ ကျင့်ကြံမှုက အဆပေါင်းများစွာ လွယ်ကူသွားပြီ၊....... ''

ရှန်ရှင်းဘုံရဲ့ ဒွါရခွန်နှစ်ပါး။

လင်းယွန်က အံ့အားသင့် သွားပြီး၊

" ဒါဆို ဒီလူက ရှန်ရှင်းဘုံကိုရောက်တဲ့အထိ မစောင့်ပဲ ဘာလို့ ငါကိုပေးခဲ့တာလဲ.... "

'' ကျင့်ကြံခြင်း လမ်းကြောင်းမှာ စည်းမျဉ်းတစ်ခုရှိတယ်၊ မင်းကအသက် (၁၇)နှစ် မတိုင်ခင် ရှန်ရှင်းဘုံကို ခြေမချ နိုင်ဖူး ဆိုရင်၊ ... ”

“ ... မင့်တစ်သက်တာမှာ အောင်မြင်မှု ကြီးကြီးမားမားတွေရဖို့အတွက် မဖြစ်နိုင် တော့ဘူး။ ဒါက အကြွင်းမဲ့ မဟုတ်ပေမယ့် ခြွင်းချက် မရှိသလောက် မှန်တယ်၊ ... ”

“ ... ဒီလူက မင်းတစ်သက်တာမှာ ရှန်ရှင်းဘုံ ထဲကို ၀င်မလာနိုင်မှာကို စိုးရိမ်နေခဲ့ပုံပဲ၊ ဒါကြောင့် အဲဒီလူက မင်းကို ဒွါရခွန်နှစ်ပါး သန့်စင်ခြင်း ဆေးလုံးပေးပြီး ကူညီလိုက်တာ..... ''

" ..... ဒီလူက ဘယ်သူလဲလို့ ငါသိခွင့်ရှိမလား၊ တစ်စုံတစ်ယောက်က မင်းလို ဓားကျွန် တစ်ယောက် အတွက် အရမ်းအဖိုးတန်တဲ့ ရတနာတစ်ခုကို ဘာအတွက် ပေးခဲ့လဲ ဆိုတာ ငါ....တွေးလို့ မရနိုင်ခဲ့ဘူး။ ''

လင်းယွန်က စိတ်ရှုပ်သွားပြီး နောက်ဆုံးတွင် ဆုစီယာ၏ ရည်ရွယ်ချက်ကို အကဲဖမ်းမိ နိုင်ခဲ့သည်။ သို့သော် ၎င်းသည် မူလလင်းယွန် အတွက်သာ ဖြစ်ပေသည်။

" ...... ကောင် လေး "

ဘိုင်ချူးဟွေက လင်းယွန်ထံမှ တုန့်ပြန်မှု မရှိခဲ့သည်ကြောင့် ညင်သာစွာ ပုတ်နှိုးလိုက်၏။

'' အိုး၊ တောင်းပန်ပါတယ် ..... ငါအတွေး လွန်သွား လို့ပါ .... မင်းဘာမေးလိုက်တာလဲ မြို့တော်သခင် "

လင်းယွန်က အဝေးသို့ ငေးကြည့်နေရာမှ ပြန်လည် အသက်ဝင်လာကာ တောင်းပန် လိုက်သည်။

ထိုအမူအရာများကြောင့် ဘိုင်ချူးဟွေက နူတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ သူမ ကဲ့သို့သော အလှတရားသည် လင်းယွန်၏ အာရုံအား အချိန်ပြည့် ဆွဲဆောင်နိုင်ခြင်း ရှိပုံမရ ခဲ့ပေ။

“ ကဲ ထားတော့...... ငါ လိုအပ် တာကို ပြောပြီးပြီ။ ”

လင်းယွန်က ခေါင်းကိုညိတ်ပြလိုက်ပြီး၊

'' ငါ နားလည်ပါတယ်၊ ငါ့ရဲ့ ညံ့ဖျင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် မြို့တော်သခင်က ရင်းနှီးမြုပ်နှံဖို့ စိတ်ကူးမရှိတော့တဲ့ ပုံပဲ "

'' စိတ်ဓာတ်မကျပါနဲ့၊ မင်းကို အရည်အချင်း မပြည့်မီလို့ စွန့်ပယ်လိုက်တာမဟုတ်ပါဖူး၊ ဓါးတာအိုမှာ မင်းရဲ့ နားလည်နိုင်မှုနဲ့ ဆိုရင် မင်းလမ်း မင်းဖောက်နိုင်လိမ့် မယ်လို့ ငါယုံကြည်တယ်၊ ပြီးတော့.........''

ယခုအချိန်တွင် လင်းယွန်သည် ဘိုင်ချူးဟွေ၏ ရည်ရွယ်ချက်အား နောက်ဆုံး၌ နားလည် လိုက်သည်။

သူအား ကယ်တင်ရသည့် အကြောင်း အရင်းမှာ ဓားတာအိုလမ်း၌ မည်မျှဝေးဝေးသွားနိုင်မည်ကို စိတ်ဝင်စားသောကြောင့်သာ ဖြစ်ပေ၏။

၎င်းသည် မည်သည့် နှောင်ကြိုးမျှ မပါဝင်ခဲ့ချေ၊ ထိုအရာသည် စင်ကြယ်သော ဂုဏ်ပြုခြင်းသာ ဖြစ်၏။ ထို့နောက်တွင် လင်းယွန်က သူ၏လက်များကို ဆုပ်ကိုင်လိုက်ကာ၊

" ဘာပဲဖြစ်ဖြစ် ဒီနေ့ ကူညီမှုကို ငါ သတိရနေမှာပါ... ''

'' မင်းက နိမ့်ချလွန်းတယ်၊ အမှန်တော့ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး မင်းမှာ အခွင့်အရေး မရှိဖူးလို့ မဆိုလိုပါဘူး၊ မင်းအတွက် မျှော်လင့်ချက်တစ်ခု ရှိပါသေးတယ် ''

" မင်း ..... ဘာပြောချင်တာလဲ မြို့တော်သခင် ''

'' ငါ ဆိုလိုတာက....၊ ကျင့်ကြံခြင်းလောကမှာ သိုင်းသမားတစ်ဦးက ဟောင်ရှင်း ဒသမ အဆင့်ကို ရောက်တဲ့အခါ ရှန်ရှင်းမျိုးစေ့ကို ဖွဲ့တည်ရလိမ့်မယ်၊ ... ”

“ ... ဒါကြောင့်လည်း ရှန်ရှင်းတပိုင်း သိုင်းသမားလို့ သတ်မှတ် ကြတာပဲ၊ ပြီးတော့ အဲ့ဒီရှန်ရှင်း မျိုးစေ့ကို ချိုးဖြတ်ဖို့လည်းလိုတယ်၊ ဒီလို ချိုးဖြတ် နိုင်မှပဲ ရှန်ရှင်း သိုင်းသမားစစ်စစ် ဖြစ်လာလိမ့်မယ်၊ '

တနည်းအားဖြင့်ဆိုသော် ရှန်ရှင်းမျိုးစေ့အား သန့်စင်ခြင်းသည် သစ်စေ့တစ်စေ့အား ထွန်ယက် စိုက်ပျိုးခြင်းနှင့် တူကာ ရှန်ရှင်း မျိုး စေ့ချိုး ဖြတ်ခြင်းသည် ထိုသစ်ပင်အား ခူးဆွတ် ရိပ်သိမ်းခြင်း ဖြစ်ပေသည်။ ဘိုင်ချူးဟွေက ဆက်လက်ပြီး၊

'' ရှန်ရှင်းဘုံမှာ ရှန်ရှင်းမျိုးစေ့ကို ချိုးဖြတ်နိုင်ခဲ့ရင် တစ်စုံတစ်ရာကို မွေးဖွား ပေးလာ လိမ့်မယ်၊ အဲ့ဒီအရာတွေ ကတော့ ရှေးဟောင်းလက်နက် အမျိုးမျိုး၊ သားရဲသတ္တဝါ အမျိုးမျိုး၊ ရှားပါး ရတနာအမျိုးမျိုး၊ မီးတောက် အမျိုးမျိုးနဲ့ ထူးဆန်းတဲ့ သဘာဝဒြပ်စင် အမျိုးမျိုးပဲ၊ ရှင်းရှင်းပြောရရင် အဲ့တာတွေ အားလုံးကို သိုင်းဝိညာဉ်လို့ခေါ်တယ်၊ ''

" သိုင်း ဝိညာဉ် လား"

" ဒါပေါ့၊ သိုင်းဝိညာဉ်တောင်မှ အဆင့် သတ်မှတ်ချက် အမျိုးမျိုးရှိတယ်၊ မင်းရဲ့ သိုင်းဝိညာဉ်ကသာ လုံလောက်အောင် ကြံ့ခိုင်နေရင်၊ မင်းခန္ဓာကိုယ်က အမှိုက်တစ်စ ဖြစ်နေခဲ့ဦး အစွမ်းထက်တဲ့ သူတစ်ယောက် ဖြစ်လာမှာ သေချာတယ် ''

ဘိုင်ချူးဟွေ၏စကားများက လင်းယွန်အား ကမ္ဘာသစ်တစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။ သူက မိုးပြာရောင် ကောင်းကင်ဂိုဏ်းတွင် သိုင်းဝိညာဉ် ဆိုသည့် စကားလုံးအား မကြားဖူး ခဲ့ပေ။

ဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းချုပ်များသည်ပင် ရှန်ရှင်းတပိုင်းနယ်ပယ်၌ပင် ရှိနေသေးပေရာ သူတို့က သိုင်းဝိညာဉ်များအား သိရှိခဲ့ခြင်းမရှိရာ ၎င်းအား မရှင်းပြနိုင်ခဲ့သည်မှာ သဘာဝ ကျပေသည်။

" ရှန်ရှင်းဘုံအကြောင်း မင်း... ငါ့ကို ဝေမျှပေးနိုင်မလား၊ မြို့တော်သခင်... "

ဘိုင်ချူးဟွေက ရယ်မောလိုက်ကာ လင်းယွန်အား ရင်းရင်းနှီးနှီး ပုခုံးလာပုတ် လိုက်၏။

" အဲဒါက ခက်ခဲတဲ့အရာ မဟုတ်ပါဘူး၊ ဒီနေ့ ငါလာခဲ့တဲ့ ရည်ရွယ်ချက်က မင်းနဲ့စကား ပြောဖို့ပါ၊ မင်းရဲ့ ဓါးတာအိုနဲ့ ပါတ်သတ်ပြီး ငါလည်း သိချင်တာ ရှိနေတယ် ”

အချိန်အနည်းငယ်အတွင်းမှာပင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ ချက်ချင်း နီးကပ် သွား ခဲ့သည်။

ဘိုင်ချူးဟွေသည် မိုးကောင်းကင် တစ်နိုင်ငံ လုံး၏ ရိုသေလေးစားမှုအား ရရှိထား သော်လည်း သဘာဝအရဆိုလျှင် ၎င်းသည် အမျိုးသမီး တစ်ယောက်သာ ဖြစ်နေဆဲပင်။

(စပ်စုတယ်လို့ပြောချင်တာဖြစ်မယ်၊ အဟဲ )

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးမှာ ရွယ်တူခြင်း စကားစမြည်ပြောသကဲ့သို့ ချောမွေ့နေခဲ့သည်။

ဘိုင်ချူးဟွေ၏ ကျယ်ပြောသော အတွေ့အကြုံ များမှာ လင်းယွန်အား အမြင်သစ်များ ဖြစ်ပေါ် လာ စေသလို လင်းယွန်၏ ထိုးထွင်း နားလည်နိုင်မှုများ သည်လည်း သူမအား ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်စေခဲ့သည်။

သူမ၏ကျင့်ကြံမှုသည် ရှန်ရှင်းဘုံ၌ ရောက်ရှိနေကာ လင်းယွန်ထက် ပို၍ မြင့်မားနေခဲ့သော်ငြားလည်းသူမ၏နားလည်နိုင်စွမ်းမှာ လင်းယွန်ထက် နိမ့်ကျအားနည်း နေခဲ့၏။

ထို့နောက်တွင် ဘိုင်ချူးဟွေက လင်းယွန်အား စာအုပ်တစ်အုပ် ပေးလာသည်။ ၎င်းသည် ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းလောက၏ ဗဟုသုတများ ဖြစ်ပေ၏။ ဥပမာအားဖြင့်ဆိုရသော် လင်းယွန်သိထားသော အခြေခံတည်ဆောက်ခြင်း အဆင့်များအား ဟောင်ရှင်းနယ်ပယ်ဟု သတ်မှတ်ကြသည်။

“ အခု မင်းက ခရမ်းမီးလျှံဂိုဏ်းရဲ့ အကြီးအကဲလေးယောက်ကို ဒဏ်ရာရစေ ပြီးတော့ မိုးကောင်းကင်နိုင်ငံရဲ့ ပါရမီရှင် လေးပါးကိုတောင် နင်းခြေနိုင်ခဲ့တဲ့ အပြင် မင်းရဲ့ ဓါးတာအိုမှာ အနည်းငယ် ဖမ်းဆုပ်မိနေပြီ၊ ... ”

“ ... မကြာခင် ဒီကနေ ထွက်သွား တော့မယ် ဆိုတာ ငါ သိနေတယ်၊ ငါ့ရဲ့ ဘိုင်မိသားစုက မင်းကို ငြင်းပယ်လိုက်တာ မဟုတ်ပါဖူး၊ ဘိုင်မိသားစုက မင်းနဲ့ မသင့်တော်လို့ပဲ လင်းယွန်.. .. ”

လင်းယွန်က ဘိုင်ချူးဟွေနောက်တွင် ကြီးမားသော အာဏာရှိသည်ကို မှန်းဆနိုင်ခဲ့ပြီး၊ ၎င်းသည် သူ့ စိတ်ကူးထက် ကျော်လွန် နေခဲ့သည်။

သို့သော် ဘိုင်ချူးဟွေ ပြောခဲ့သလိုပင် အရင်းအမြစ် ကြွယ်ဝသည့် နေရာသည် သူ့အတွက် မသင့်တော်လှပေ။

'' ငါ အဆင်ပြေပါတယ် မြို့တော်သခင်၊ ငါ့မှာ ကိုယ်ပိုင်လမ်းကြောင်း ရှိပါတယ်။ ''

လင်းယွန်က ပြုံးလျက် ပြောလိုက်၏။ ရုတ်တရက် သူ့နှလုံးသားမှာ ငြိမ်သက်သွားခဲ့ လေသည်။ သူ၏ ခရီးတွင် မည်မျှ ကြမ်းတမ်းမည်ကို တွေးမျှော်လျက် သက်ပြင်းချလိုက်မိသည်။

ဘိုင်ချူးဟွေက နူတ်ဆက်ကာ ပြန်လည်ထွက်ခွာ သွားတော့သည်။

သုံးရက်အကြာတွင် ဘိုင်ထျန်းမိန်သည် လင်းယွန်အား ဆုလာဒ်အဖြစ် အလယ်အလတ် ဝိညာဉ်ကျောက်တုံး (၂၀၀၀)ကို ချီးမြှင့်လာခဲ့၏။

၎င်းသည် ကြီးမားသော ပမာဏ ဖြစ်သော်ငြားလည်း ဝိညာဉ် မိုင်းတွင်းအား ကာကွယ်ပေး ခဲ့ပုံနှင့် နှိုင်းယှဉ်ပါက ပြောပ လောက်ခြင်း မရှိခဲ့ပေ။

ရက်အနည်းငယ်အကြာတွင် လင်းယွန်သည် ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲမှ ရရှိခဲ့သော သူ၏ ထိုးထွင်းနားလည်မှုများ ဖြစ်သည့် 'နှင်းဆီဓါး နည်းစနစ်'နှင့် 'ဓါးဝိညာဉ်ရှာဖွေခြင်း' အပေါ် မိမိရရဆုပ်ကိုင် နိုင်ခဲ့လေသည်။

***

All Chapters