နက်ရှိုင်းစေသောဒဏ်ရာများ။
Vol. 5 Ch. 65
လသည်ကောင်းကင်၌ မြင့်မားလာသည်နှင့်အမျှ သစ်သားအိမ်အတွင်းသို့ ပြတင်းပေါက်မှ ဖြာကျနေသည်။
သူ၏ ယန်သန့်စင်ခြင်းနည်းစနစ်သည် ရှန်ရှင်းအဆင့်သို့ ပြောင်းလဲလာသဖြင့် ၎င်းသည်ယခင်ကထက် ပိုမိုရှုပ်ထွေးလာခဲ့၏။
စိတ်ဝိညာဉ်စုစည်းခြင်းနည်းစနစ်ကြောင့် ထွတ်အထိပ်သို့ရောက်ရှိနေသော ယန်သန့်စင်ခြင်းနည်းစနစ်သည် ဟောင်ရှင်းနယ်ပယ်၏ အတားအဆီးများကို မတော်တဆချိုးဖြတ်သွားနိုင်သည်။
ထို့နောက်တွင် အဝါရောင်ယန်စွမ်းအင်သည် သူ့ခန္ဓာကိုယ်မှတဆင့် အားနည်းသော မီးတောက်တစ်ခုကဲ့သို့ လောင်ကျွမ်းသွားပြီး ယန်သန့်စင်ခြင်းနည်းစနစ်အား အဆင့်သစ်တစ်ခုအဖြစ် ပြန်လည်ပြုပြင်ခဲ့၏။
ဆိုလိုသည်မှာ ၎င်းသည် ရှန်ရှင်းနယ်ပယ်၌ ပထမအဆင့်မှ အစပြုသည်ဟု ဆိုလိုသည်။
ထို့အပြင် ရှန်ရှင်းနယ်ပယ် အဆင့်တွင် သန့်စင်ထားသော ယန်စွမ်းအင်မှာ၊ ဟောင်းရှင်း နယ်ပယ် နည်းစနစ်ကို အသုံးပြု ထားသော ယန်စွမ်းအင်နှင့် လုံးဝကွဲပြား ခြားနား၏။
၎င်းသည် အရာ အားလုံးကို တောက်လောင်စေသော မီးလျှံတစ်ခုကဲ့သို့ ဖြစ်ပေသည်။
ဘိုင်ချူးဟွေပေးခဲ့သော ကျင့်ကြံခြင်းလောက အထွေထွေ ဗဟုသုတများ အရ ယန်စွမ်းအင်အား ဝိညာည် စွမ်းအင်အဖြစ် သတ်မှတ် ကြသည်။
အခြေခံတည်ဆောက်ခြင်းနယ်ပယ်အား ဟောင်ရှင်းနယ်ပယ်အဖြစ်သတ်မှတ်ကြသည်။ အခြေခံတည် ဆောက်ခြင်း အဆင့် နည်းစနစ်များ ကိုမူ ဟောင်ရှင်း နည်းစနစ်များ အဖြစ် ပြောင်းလဲ သတ်မှတ်ကြသည်။
ဥပမာအားဖြင့်ဆိုရသော် လင်းယွန်၏ ယန်သန့်စင်ခြင်းနည်းစနစ်နှင့် စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်တို့သည် စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်များအဖြစ် သတ်မှတ်ထားကြ၏။
လင်းယွန်သည် ယန်စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်ကို ခန္ဓာကိုယ်အနှံ့ဖြန့်ဝေပြီးနောက် သူ့မျက်လုံးများအား ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
''............ ''
နောက်ဆက်တွဲ အရ သူ့နှလုံးသားမှ နွေးထွေးသော လျှပ်စီးကြောင်းတစ်ခုဖြစ်ပေါ် လာကာ ၎င်းသည် ဒွါရခွန်နှစ်ပါးဆေးလုံးများမှ စွမ်းအင်များဖြစ်ပြီး၊ အလွန်များပြားသော ရေအရင်းအမြစ်များကဲ့သို့ ခန္ဓာကိုယ်အတွင်း တသွင်သွင်စီးဆင်းသွားသည်။
ဒွါရခွန်နှစ်ပါးဆေးလုံးများ၏ အာဟာရ ဖြည့်ပေးမှု များနှင့်အတူ ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်အောက်၌ လင်းယွန်၏ ကျင့်ကြံခြင်းသည် တဖြည်းဖြည်းခိုင်မာလာ၏။
" မင်းက အသက်(၁၇)နှစ်မတိုင်ခင်၊ ရှန်ရှင်းဘုံထဲကို မ၀င်နိုင်ခဲ့ဘူးဆိုရင် မင်းတစ်သက်မှာ အောင်မြင်မှုတွေရဖို့ မဖြစ်နိုင်ဘူး။ "
ထို့နောက်တွင် ဘိုင်ချူးဟွေ၏စကားများသည် လင်းယွန်စိတ်ထဲ၌ ပဲ့တင်ထပ်လာ၏။ ဆုစီယာသည် သူ့ဘ၀တစ်သက်တာတွင် မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်သော ကျေးဇူးကြွေးတစ်ခုအား ထားရစ်ခဲ့လေသည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးလာမှုနှင့်အတူ 'လတဝက်' သည်ကုန်လွန်သွားလေပြီ။ ထိုလဝက်လုံးလုံး လင်းယွန်သည် ဓါးတာအိုအတွင်း၌ နစ်မျောနေခဲ့လေပြီ။
'' ပန်း တွေ ဘယ် မှာ ပွင့် နေ လဲ။ ''
နောက်အခိုက်အတန့်တွင် ဓါးဖျား၌ နှင်းဆီပန်းလေးပွင့် ပွင့်လာသည်နှင့်အမျှ ဓားအား ဓားနှင့်ထိုးလိုက်၏။ ဆိုလိုသည်မှာ လက်ထဲရှိဓားအား နှလုံးထဲရှိဓားနှင့် ပေါင်းစပ်လိုက်ခြင်း မည်၏။
'' ဖန်း....... ''
ဓားအလင်း ထွက်ပေါ်လာပြီးနောက် ၎င်းနှင်းဆီလေးပွင့်မှာ ရုတ်တရက်ပေါက်ကွဲသွားပြီး ကောင်းကင်အားဖုံးလွှမ်းသည်အထိ ပွင့်ချပ်များ လွင့်ပျံသွားခဲ့သည်။
ထို့နောက်တွင် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာကာ နှင်းဆီပွင့်ချပ်များအား လေဟာနယ်အတွင်း၌ ရပ်တန့်သွားစေခဲ့သည်။
" သွား......''
ကျယ်လောင်စွာ ကြုံးဝါးသံတစ်သံနှင့်အတူ ထိုရပ်တန့်နေသော နှင်းဆီပွင့်ချပ်များသည် ကောင်းကင်ထက်သို့ ပျံတက် သွား၏။
ထို့နောက်တွင် လေဆင်နှာမောင်းကြောင့် တိမ်များကွဲကြေသွားကာ နေရောင်ခြည်နှင့် အတူ နှင်းဆီပွင့်ချပ်ပင်လယ်ပြင်ကြီးတစ်ခု လှပစွာဖြစ်ပေါ်လာသည်။
၎င်းသည် မီတာတစ်ရာအကွာအဝေးအတွင်း မည်သည့်သက်ရှိကိုမဆို ပြတ်ရှနိုင်သော အငွေ့အသက်များအား ထုတ်လွှင့်နေခဲ့သည်။
ဤမြင်ကွင်းကိုကြည့်ကာ လင်းယွန်၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု မြင့်တက်လာ၏။
သူကထိုနည်းစနစ်ကို နားလည်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ နှင်းဆီဓားသိုင်း၏ ရည်ရွယ်ချက်အချို့အား နားလည်နိုင်ခဲ့သည်။
၎င်းသည် အကန့်အသတ်မဲ့သော အလားအလာများ နှင့်အတူ ကြောက်စရာ ကောင်းသည့် ဖျက်စီးခြင်းစွမ်းအင်များ ပါဝင်နေသည်။
" ဒီ ပန်းချီကားထဲမှာရှိတဲ့ ဓားသမားက ဘယ်သူလဲ၊ ဓားချက်တစ်ချက်ကတင် ဒီလောက် ကြောက်စရာ ကောင်းနေတာ၊ ဒါဆို နှင်းဆီဓားသိုင်းရဲ့ ပထမသိုင်းကွက်ရဲ့ နာမည်က 'ပန်းတွေ ဘယ်မှာ ပွင့်နေလဲ' ပေါ့ ဒီလိုလား၊ အရမ်းကို လိုက်ဘက်တဲ့ နာမည်လေးပဲ... '
လင်းယွန်၏စိတ်မှာ မှုန်မှိုင်းသွား၏။ ၎င်းနည်းစနစ်အား ပို၍ ဆုပ်ကိုင်မိလေလေ၊ ပို၍ နက်နဲလေလေ ဖြစ်နေပြီး၊ တစ်ချိန်တည်းမှာပင် ဓားအလင်း ပျောက်ကွယ်သွားသည်နှင့် သူ၏ဓားကို ထပ်မံဝင့်လိုက်ရာ ပန်းသင်္ချိုင်း ဓားမှာ တုန်ခါလျက်အသံလှိုင်းများ ထုတ်လွင့် လာလေသည်။
၎င်းသည် ဓားတာအိုလမ်းစဉ်ရှိ
ဓားဝိညာဉ်ရှာဖွေခြင်း၊
ဓားဝိညာဉ်ထိန်းချုပ်ခြင်း၊
ဓားနှလုံးသားနှင့်
ဓားဝိညာဉ် -များအနက် ပထမဆုံးသော ခြေလှမ်းဖြစ်သည့် ဓားဝိညာဉ်ရှာဖွေခြင်း ဖြစ်ပေ၏။
သူသည် ရှာဖွေနေဆဲ အဆင့်တွင်သာ ရှိနေပြီး ၎င်းသည် မီတာအနည်းငယ်အတွင်းရှိ အခြားသော ဓားလက်နက်ပေါင်း (၁၀၀) ခန့်အား ပဲ့တင်ထပ်ရန် စွမ်းဆောင် နိုင်၏။
ဆိုလိုသည်မှာ သူက ဓားတစ်ရာအား အတွေးတစ်ခုနှင့်ပင် ပဲ့တင် ထပ်စေနိုင်ခဲ့ လေပြီ။
'' ... ဆိုတော့ ဓားဝိညာဉ်ရှာဖွေခြင်းရဲ့ အဓိက ရည်ရွယ်ချက်က လက်နက်တွေရဲ့ လားရာကို အသေးစိတ်ပိုင်းခြား ထိန်းချုပ်ဖို့ပေါ့ ''
'' ချွမ်.......''
သူက သင်္ချိုင်းဓားကို ရုတ်သိမ်းလိုက်သည်နှင့် ဆူညံသံများ ရပ်တန့်သွား၏။
" ငါ သွားရမယ့် အချိန်ရောက်ပြီ။ "
ကောင်းကင်၌ တောက်ပသော နေရောင်ကိုကြည့်ကာ လေထဲသို့ လက်နှစ်ဖက်ကို ဖြန့်လျက် ခုန်ဝဲ လိုက်လေသည်။
၎င်းသည် တောင်စောင်းမှ ဆင်းသက်လာသည့် ငန်းရိုင်းတစ်ကောင်နှင့် ဆင်တူပေ၏။
ငန်းရိုင်းပျံ သန်းခြင်း နည်းစနစ်၌ အဆင့်မြင့် ကျွမ်းကျင်မှုကို ရရှိထားခဲ့ပြီး၊ ၎င်းအား ထုတ်ဖော် လိုက်ခြင်းဖြင့် မီတာ အနည်းငယ်ထိ ခုန်ဝဲနိုင်ပြီး၊ ကောင်းကင်၌ စက္ကန့် အနည်းငယ်ကြာ ရပ်နိုင်ခဲ့လေသည်။
ခဏအကြာတွင် လင်းယွန်က လမ်းမပေါ် ဆင်းသက်လိုက်ကာ ရွေ့လျားမှုနည်းစနစ်အား ရုတ်သိမ်းလိုက်ပြီး သက်တောင့်သက်သာ လမ်းလျှောက်လာလိုက်သည်။
" မင်္ဂလာပါ စီနီယာအစ်ကိုလင်း ''
"မင်္ဂလာပါ .....အစ်ကိုကြီးလင်း"
" ................. အစ်ကိုကြီးလင်း "
မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှ တပည့် များက၊ လင်းယွန်အား မြင်သည်နှင့် သူတို့၏ လမ်းကြောင်း၌ ရပ်ပြီး ရိုသေ လေးစား စွာဖြင့် နှုတ်ဆက်လိုက်ကြသည်။
ဂိုဏ်းလေးဂိုဏ်း ပြိုင်ပွဲပြီးနောက် လင်းယွန်၏ နာမည်မှာ မိုးပြာရောင်ကောင်းကင်ဂိုဏ်း၌ သာမက မိုးကောင်းကင်နိုင်ငံ တစ်နိုင်ငံလုံး အထိပင် ပျံ့နှံ့ သွားခဲ့လေသည်။
ယခုအချိန်တွင် မည်သူမျှ လင်းယွန်အား ဓါးကျွန်ဟု မခေါ်ဆိုဝံ့ကြချေ။ လင်းယွန်၏ နာမည်အား ထုတ်ဖော်ပြောဆိုသည့် အခါတိုင်းတွင် သူတို့၏ လေသံ၌ လေးစားမှုများ ဖြင့်သာ ပြည့်နှက်နေလေပြီ။
ထို့နောက်တွင် လင်းယွန်သည် ဓားထိန်းသိမ်းရေးခန်းမရှေ့မှ အဖြတ်တွင် ရပ်တန့် ငေးမောလိုက်မိသည်။
ဓါးကျွန်ဘဝသည် ဤနေရာမှ စတင်ခဲ့ကာ ခက်ခဲကြမ်းတမ်းသော ဖိနှိပ်မှုများကို အကောင်းဆုံးသည်းခံ လုပ်ဆောင်ခဲ့ရ၏။
" မင်းတို့အားလုံးကြည့်ကြ၊ နေမထွက်ခင် ဒီဓားပေါ်က သွေးကွက်တွေကို ငါမမြင်ချင်ဖူး... ''
ရုတ်တရက် ဓားထိန်းသိမ်းရေးခန်းမအတွင်းမှ ဇောင်ပင်း၏ အသံမှာ ဟိန်းထွက်လာသည်။ ပွင့်နေသောတံခါးဝမှတဆင့် ရပ်တန့်ငေးမော နေသော လင်းယွန်အား လှည့်ကြည့်မိကာ၊ သူ့မျက်နှာသည် ချက်ချင်းပြောင်းလဲသွား၏။ သူက လျင်မြန်စွာပြေးထွက်လာပြီး၊
'' စီနီယာအစ်ကိုကြီးလင်း၊ မင်း ဘာလို့လာတာလဲ၊ တစ်ခုခုလိုအပ်ရင် ငါ့ကို အကြောင်းကြားဖို့တစ်ယောက်ယောက်ကို လွှတ်နိုင်ပါတယ်၊ မင်းကိုယ်တိုင်လာဖို့ မလိုပါဘူး။
သာမာန် ပြင်ပဂိုဏ်းသားများမှာ ဇောင်ပင်း၏ စကားသံကြောင့် လင်းယွန်ကို လှည့်ကြည့် လိုက်ပြီး၊ ထိတ်လန့်သော မျက်ဝန်းများဖြင့် ငေးမောလျက် သူတို့၏ လုပ်လက်စများကို ရပ်လိုက်ကြသည်။
သူတို့က ခေါင်းများကို ငုံ့လျက် လင်းယွန်နှင့် မျက်လုံးခြင်း မဆုံရဲခဲ့ပေ။ တစ်ချိန်က ဓါးကျွန်တစ်ယောက်အား အနိုင်ကျင့်ခဲ့မိသည့် မြင်ကွင်းများအား ကြောက်ရွံ့စွာ သတိရနေကြ၏။
မိုးအေးအေးညတွင် အိပ်ဆောင်မှ နှင်ထုတ် ခဲ့ကြသော လုပ်ရပ်သည် အလွန့်အကျွံ ဖိနှိပ် ခဲ့ကြခြင်း မည်ပေသည်။
ယခုအချိန်၌ လင်းယွန်သာ ထိုအရာများအတွက် လက်စားချေ လိုပါက လွယ်ကူ လွန်းပေမည်။
သို့သော် လင်းယွန်က သူတို့ကိုတစ်ချက်မျှပင် မကြည့် ခဲ့ပဲ '' ထွက်သွား" ဟု မောင်းထုတ် လိုက်သည်။
ဇောင်ပင်းနှင့် အခြားတပည့်များမှာ စိတ်သက်သာရာ ရသွားသဖြင့် ချက်ချင်းပင် နောက်ဆုတ်လိုက်ကြ၏။
သူတို့က လင်းယွန်ရှေ့တွင် ရပ်နေရသည်ထက် ထိုသို့ မောင်းထုတ်လိုက်ခြင်းကိုပင် ပျော်ရွှင်ကျေနပ်သွားသည်။
ခဏအတွင်းမှာပင် ဓားထိန်းသိမ်းရေးခန်းမ အတွင်း၌ တိတ်ဆိတ်သွားကာ လင်းယွန်နှင့် သူ၏အတိတ်သာ ကျန်ရှိခဲ့တော့၏။ နာရီ အနည်းငယ်ကြာသည် အထိ ငြိမ်သက်နေရာမှ ညင်သာစွာ သက်ပြင်းချလိုက်သည်။
ရုတ်တရက် လင်းယွန်၏အကြည့်သည် ဓားထိန်းသိမ်းရေးခန်းမအတွင်းဆောင်သို့ အရောက်တွင် အကြီးအကဲဟောင်အား သတိရသွားသည်။
ထို့နောက်တွင် လင်းယွန်က် ဓားထိန်းသိမ်းရေး ခန်းမ၏ အတွင်းဆောင်ထံ ဦးတည် လျှောက်လှမ်း လာခဲ့သည်။
ဓားထိန်းသိမ်းရေးခန်းမသည် ယခင်ကဲ့သို့ပင် ရှိနေခဲ့ပြီး ရေခဲကန်မှာ အအေးဓာတ်များ လျော့ကျနေခဲ့၏။ ရေကန်ထောင့်တွင် အကြီးအကဲဟောင်သည် ဓါးတစ်လက်အား စိတ်ပါလက်သွေး နေလေသည်။
" မင်္ဂလာပါ အကြီးအကဲဟောင် "
လင်းယွန်က လမ်းလျှောက်လာပြီး နှုတ်ဆက်လိုက်၏။ သူက အကြီးအကဲ ဟောင်အား မလေးမစား မဆက်ဆံဝံ့ပေ။ နောက်ဆုံးတော့ အကြီးအကဲဟောင်သည် လင်းယွန်ဘ၀အား ပြောင်းလဲစေခဲ့သော ပန်းချီကား တစ်ချပ်ကို ပေးခဲ့သူ ဖြစ်ပြီး၊ တစ်ဦးတည်းသော မိတ်ဆွေကောင်း တစ်ယောက်လည်း ဖြစ်ပေသည်။
" ကောင်လေး၊ မင်းရဲ့အောင်မြင်မှုတွေကို ငါကြားရပါတယ် .... "
အကြီးအကဲဟောင်က ဓါးသွေးရာနေရာမှ မော့ကြည့်ကာ ပြုံးပြလာသည်။ အရေး အကြောင်းများ ပိုများလာ သည်က လွဲလို့ သူ့အသွင် အပြင်မှာ၊ ပြောင်းလဲခြင်း မရှိခဲ့ပေ။ လအနည်းငယ်အတွင်း အကြီးအကဲ ဟောင်သည် ပို၍ အသက်အရွယ်ကြီးရင့် လာပုံရသည်။
" အကြီးအကဲဟောင်၊ မင်းရဲ့ခန္ဓာကိုယ်က ... "
လင်းယွန်က အထိတ်တလန့် အော်ဟစ်လိုက်ရာ အကြီးအကဲဟောင်က ရယ်မောလိုက်လေသည်။
'' ငါက သင်္ချိုင်းမှာခြေတစ်လှမ်း ရောက်နေပြီလို့ မင်းကို ပြောဖူးတယ်မလား၊ ငါ့ဘဝတစ်လျှောက် သေခြင်းနဲ့ရှင်ခြင်းကိုလည်း မြင်ခဲ့ရပြီးပြီ၊ ဒိအတွက် လွန်ခဲ့တဲ့နှစ်တွေထဲက ငါပြင်ဆင် ထားခဲ့ပြီသား လူငယ်လေး၊ မင်းစိတ်ပူစရာ မလိုပါဖူး။ ''
" စီနီယာဟောင်၊ ငါသိချင်နေတာလေး မေးလို့ရမလား...... "
" ဆုစီယာ အကြောင်းလား.... "
ထိုနာမည်ကို ကြားရသည့်အခါ သူ့မျက်နှာပေါ်တွင် ၀မ်းမြောက်မသွားမီ ခေတ္တမျှ အံ့အားသင့်သွားပြီး၊
" အဲဒါကို မင်းသိတယ်မဟုတ်လား၊ အကြီးအကဲဟောင် "
လင်းယွန်၏ ဝမ်းမြောက်ဝမ်းသာဟန်ပန်အား ကြည့်ကာ အကြီးအကဲဟောင်က ပြုံးလိုက်ပြီး၊
'' အပျော်မစောနဲ့ဦး၊ မင်းရဲ့ ပျောက်ဆုံးသွားတဲ့ အမှတ်တရ တွေကို ဆုစီယာနဲ့ငါတို့ နှစ်ယောက် စလုံးက ချိပ်ပိတ်ထားတာပဲ... ''
" တကယ်ပဲပေါ့.... ''
လင်းယွန်၏ စိတ်ထဲတွင် မိုးကြိုးသံများ ဟိန်းထွက်နေ သကဲ့သို့ ပူလောင်သွားလေသည်။ အမှန်တရားသည် လင်းယွန်၏ မျှော်လင့်ချက် များကို လုံးဝပျက်စီး သွားစေသည်။
" အကြီးအကဲဟောင်၊ ငါ့ ပျောက်ဆုံးနေတဲ့ မှတ်ညာဏ်တွေကို မင်း ပြောပြနိုင်မလား။ ''
လင်းယွန်က တောင်းပန်လိုက်၏။ နောက်ဆုံးတော့ သူ့ရဲ့မှတ်ညာဏ်တွေကို ချိတ်ပိတ်ထားသူအား သိရှိခဲ့သော်လည်း ၎င်းသည် အကြီးအကဲဟောင်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
'' လူငယ်လေး၊ မင်းရဲ့အမှတ်တရတွေကို အကြောင်းပြချက် တစ်ခုကြောင့် ချိတ်ပိတ် ထားတာပါ၊ ဒါက မင်းတို့ နှစ်ယောက်လုံး အတွက် အကျိုးရှိတာမို့ မင်းက တောင်းပန်နေရင်တောင် ဒီလျှို့ဝှက်ချက်တွေကို ငါ့နဲ့အတူ ယူသွားရလိမ့်မယ်၊ အဲဒါကိုမင်းမသိတာက မင်းအတွက်ကောင်းပါတယ်။ ''
အကြီးအကဲဟောင်က သက်ပြင်းချကာ နှစ်သိမ့်လိုက်သည်။ ထိုသို့ ပြတ်သားသော စကားသည် လင်းယွန်အား မျှော်လင့်ချက် မဲ့သွားစေ၏။ ဆက်လက်ပြီး၊
" ဆုစီယာအတွက် မင်း စိတ်ပူစရာမလိုပါဘူး၊ သူက သူ့တာအိုကို ဖွဲ့စည်းထားပြီးပြီ၊ အဲ့ဒါကြောင့်လည်း ခံစားချက်တွေ ပိုနက်ရှိုင်း လေလေ သူမအတွက် ပိုနာကျင်လေလေပဲ၊ ဒါက မင်းတို့ နှစ်ယောက်ကြားက ကံကြမ္မာပဲ ... "
အကြီးအကဲဟောင်က တုန့်ဆိုင်းသွားကာ၊ လင်းယွန်အား နှစ်သိမ့်ဟန်ဖြင့် ပြုံးပြ လိုက်သည်။
('' သူမက ခံစားချက်တွေ ပိုမိုနက်ရှိုင်းလေလေ ပိုမိုနာကျင်လေလေပဲ '')
လင်းယွန်က မျက်မှောင်ကျုံလိုက်၏။ ဆုစီယာသည် ထိုသို့သော အခြေအနေများ ဖြစ်လာစေရန် မည်သို့သော 'တာအို'ကို ဖွဲ့စည်းထားခဲ့သနည်း။
ခဏအကြာတိတ်ဆိတ်သွားပြီးနောက် လင်းယွန်က ဒွါရခွန်နှစ်ပါး ဆေးလုံးများအား ရုတ်တရက် စဉ်းစားလိုက် မိသည်။
" ငါ လိုက်ရှာရမယ်၊ သူမကို တွေ့တဲ့အထိရှာရမယ်၊ "
လင်းယွန်က ပြတ်သားသော ာလေသံဖြင့် ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။
" မင်းအတွက် ငါ အကြံပေးချင်တာက အဲဒါကို လက်လျှော့လိုက်ပါ ... "
အကြီးအကဲဟောင်က လင်းယွန်၏ ရေရွတ်သံကြောင့် ပြုံးလျက်တားမြစ်လိုက်ကာ၊
'' သူ့မှာ တာဝန်တွေရှိနေတယ် ကောင်လေး၊ သူက ဧကရာဇ်မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော မျိုးဆက်ပဲ ''
အကြီးအကဲဟောင် စကားကြောင့် လင်းယွန်က အံသြတုန်လှုပ်သွားနေစဉ်၊ ရုတ်တရက် ဓားထိန်းသိမ်းရေး ခန်းမအပြင်မှ ထက်ရှသော အရှိန်အဝါတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာလေသည်။
'' ဖုန်း......... ''
တစ်ချိန်ထဲမှာပင် လင်းယွန်ထံသို့ အကြီးအကဲဟောင်၏ လက်ဖဝါး ရိုက်ချက် တစ်ချက် လာရောက်ထိမှန်ကာ သူ့အား ရေခဲကန်ထဲသို့ ဦးတည်တွန်းထုတ် လိုက်လေသည်။
ရေကန်အောက်ခြေ၌ လင်းယွန်၏ အရှိန်အဝါ များမှာ ပျောက်ကွယ် သွားခဲ့ကာ လှုပ်ရှား နိုင်စွမ်းများ မဲ့သွားတော့၏။
***