← Chapters

နှုတ်ဆက်ပွဲ။

Vol. 5 Ch. 66

နှုတ်ဆက်ပွဲ။

Vol. 5 Ch. 66

ရေကန်၏အောက်ခြေရှိ အေးစက်သော အငွေ့အသက်များက လင်းယွန်၏ အရေပြား ထဲသို့ စိမ့်၀င်လာသည်။

ထိုရေကန်သည် အံသြစရာကောင်းစွာပင် သူ့အားမလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားရာ ၎င်းသည် စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေသည်။

'' ဝုန်း ''

အတွင်းခန်းဆောင်တံခါးအား ကန်ဖွင့် လိုက်သံနှင့် အတူ လူတစ်စု၏ အသံများ ထွက်ပေါ်လာ လေသည်။

"ဦးလေးဘို၊ ဒီအဘိုးကြီးကို မင်း သိလား၊ ဘာလို့ ဒီကိုလာရတာလဲ၊ သူက မိုးပြာရောင် ကောင်းကင် ဂိုဏ်းရဲ့ အမှိုက်တစ်စပဲ ''

ဝမ်နင်၏အသံသည် မောက်မာစွာ ထွက်ပေါ်လာ ခဲ့ပြီး၊ သူကအကြီးအကဲဟောင်ကို ရွံ့ရှာသဖွယ် လှမ်းကြည့် လိုက်သည်။

'' ဟားဟားဟား၊ ငါ သူ့ကို သိရုံတင်မကဘူး၊ ငါတို့ကမိတ်ဆွေဟောင်း တွေပဲ၊ ငါ့မျက်နှာမှာ ရှိတဲ့ ဒီအမာရွတ်က မေ့မရတဲ့ အတိတ်တစ်ခု ပဲပေါ့၊ ငါတို့မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီ၊ သူက ဒီလိုနေရာမှာ အမှိုက်တစ်စ ဖြစ်လာ လိမ့်မယ်လို့၊ ငါဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး၊ ... ဟောင်အို၊ မင်း ငါ့ကို မှတ်မိသေးလား ... "

အေးစက်သောအသံတစ်သံနှင့်အတူ ဦးလေးဘိုက အံသွားများကိုကြိတ်ကာ နှုတ်ဆက်လိုက်သည်။

" ဝမ်မိသားစုရဲ့ခွေးအိုကြီး၊ မင်းရဲ့ခန္ဓာကိုယ်က အနံ့ဆိုးတွေကို ငါဘယ်လိုလုပ် မမှတ်မိပဲနေမလဲ၊ ''

အကြီးအကဲဟောင်က တည်ငြိမ်စွာပြန်ဖြေ လာသည်။

'' မင်းကအရင်လို ရိုင်းစိုင်းနေတုန်းပါပဲလား၊ သခင်လေး သုံးနှစ်လုံးလုံးမင်းရှာဖွေနေတဲ့ မိုးပြာရောင်ကောင်းကင်ဂိုဏ်းရဲ့ ဘိုဘေးပိုင် ရတနာက ဒီအဘိုးကြီးမှာ ရှိလိမ့်မယ်၊ ''

" တကယ်လား၊ ဘာလုပ်နေတာလဲ မြန်မြန်ရှာစမ်း ''

အကြီးအကဲဟောင်ထံသို့ အလျင်အမြန် လျှောက်သွားသည့် ခြေသံများကြောင့် ရေကန်အောက်ခြေရှိ လင်းယွန်မှာ စိုးရိမ်စိတ်များဝင်ရောက် လာသည်။

ခဏအကြာတွင် ဦးလေးဘို၏အသံက ထပ်မံထွက်ပေါ်လာသည်။

'' ဒီ အဘိုးကြီးက တကယ်ပဲ သူ့အပ်စိုက်မှတ် တွေကို သူကိုယ်တိုင် ဖျက်စီးခဲ့တာလား.... သူ့မှာဘာမှ မရှိဖူး သခင်လေး... ''

" အမှိုက် ပဲ "

ဝမ်နင်က ဆဲရေးလိုက်ပြီး အကြီးအကဲဟောင်၏ အလောင်းကို ကန်ထုတ်လိုက်၏။ ပြီးနောက်၊

" သောက်ပဲဟေ့ ဂိုဏ်းလေးဂိုဏ်း ပြိုင်ပွဲကျင်းပ ထဲက ငါနေခဲ့ပြီး ရှာဖွေခဲ့တာ တစ်ဂိုဏ်းလုံး နှံ့နေပြီ၊ သောက်ပဲဟေ့.... ငါက ဒီလိုအမှိုက် ဂိုဏ်းမှာ (၃)နှစ်တောင် အချိန်ဖြုန်း မိခဲ့တာပဲ "

'' ဖုန်း........ ''

ဝမ်နင်က နံရံကို ဒေါသတကြီးဖြင့် ထိုးချလိုက်လေသည်။

'' သခင်လေး၊ အဲဒါကိုမေ့လိုက်ကြစို့။ မိုးပြာရောင်ကောင်းကင်ဂိုဏ်းက ဘိုးဘေးရဲ့ ရတနာက ဒီနေရာမှာ လုံးဝမရှိတာလည်း ဖြစ်နိုင်ပါတယ်၊ ဒီလို အမှိုက်နေရာမှာ သုံးနှစ်ရှိနေတာကိုက လုံးဝမကောင်းပါဘူး၊ အနည်းဆုံးတော့ သခင်လေးရဲ့ပုံရိပ်က နိမ့်ကျနေပြီ၊ အိမ်ပြန်ကြပါစို့ သခင်လေး....... "

" ဦးလေးဘို၊ ငါ လူတစ်ယောက်အသက်ကို ယူသွားချင်တယ် "

ဝမ်နင်ကခေါင်းညိတ်လျက် အေးစက်စွာပြောလိုက်သည်။

" မရဖူးသခင်လေး၊ ဒီနေ့ ငါတို့အိမ်ပြန်ရလိမ့်မယ်၊ ဒါမှမဟုတ်ရင် ဝမ်မိသားစုရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားကို တက်ဖို့နောက်ကျလိမ့်မယ်၊ ဒါဆို ဝမ်မိသားစုမျိုးရိုးထဲကနေ သခင်လေးနာမည်ကို ထုတ်ပစ်လိုက်လိမ့်မယ်။ ''

" ဒီဓားကျွန်ကို မသတ်ရဘဲ ငါ သွားနိုင်ဘူး "

ဝမ်နင်၏ ပြတ်သားသောလေသံကြောင့် ဦးလေးဘိုမှာ ခဏမျှတုံ့ဆိုင်းသွားပြီးနောက်၊

'' ကောင်းပြီ ဒီနေ့နေမဝင်ခင် သူ့ကိုတွေ့ရင် ငါ.. ကိုင်တွယ်ပေးမယ်၊ ဒါပေမယ့် ငါတို့သူ့ကိုမတွေ့ဘူးဆိုရင် သခင်လေး ငါနဲ့ချက်ချင်းပြန်လိုက်ရမယ်၊ သူ့လို ဓားကျွန်တစ်ယောက်အတွက်နဲ့ မင်းရဲ့အလားအလာကို ဖျက်ဆီးစရာမလိုပါဘူး။ ''

'' သဘောတူတယ် ဦးလေးဘို ''

လင်းယွန်သည် လှုပ်ရှားနိူင်ခြင်းမရှိသော်လည်း ထိုစကားသံများကိုအတိုင်းသားကြားနေရကာ ဒေါသကြောင့် သတိလစ်သွားလေသည်။ သူ ပြန်သတိရးလာသည့် အချိန်တွင် နှစ်ရက်တာ ကုန်လွန်ခဲ့လေပြီ။

'' ဝေါ့ ...... ''

ဝမ်းပိုက်ထဲပြည့်လျှံ လာသည့် ရေအချို့အား အသက်ပြင်းပြင်းရှူကာ အန်ချလိုက်သည်။

သူက ရေကန်ထဲ၌ မည်မျှကြာသည်ကို မသိခဲ့ပဲ၊အသက်ရှင်သန်ရန်အတွက် အတွင်းပိုင်းအသက်ရှူခြင်းကို အားကိုးနေခဲ့ရသည်။ ၎င်းသည် စျာန်ဝင်စားခြင်းတမျိုး ဖြစ်ကာ ခန္ဓာကိုယ်၏ အလိုအလျောက်လုပ်ဆောင်မှုများ ဖြစ်ပေသည်။

" အကြီးအကဲဟောင်..."

ရုတ်တရက် သူ့အကြည့်သည် လဲကျသေဆုံးနေသည့် တစ်စုံတစ်ယောက်ထံ အရောက်တွင် ဝမ်းနည်းတကြီး အော်ဟစ်လိုက်၏။

အကြီးအကဲဟောင်၏ မျက်နှာပေါ်တွင် နာကျင်မှုများ စွန်းထင်းခြင်း မပြခဲ့ပဲ၊ အေးချမ်းစွာ ထွက်ခွာ သွားခဲ့ပုံရသည်။

ထိုအကြီးအကဲသည် လင်းယွန်၏ တစ်ဦး တည်းသော သူငယ်ချင်းတစ်ယောက်ဖြစ်ကာ မသေဆုံးမီ အချိန်၌ သူ့အသက်ကိုပင် ကယ်တင်ပေးခဲ့သည်။

" ဝမ်နင် ငါမင်းရဲ့ ခေါင်းကို သေချာပေါက် လာဖြတ်မယ် .... ''

ရုတ်တရက် ဆုစီယာက ဝမ်နင်ကိုသတိထားဖို့ ပြောခဲ့သည့် စကားများအား ပြန်ပြောင်း သတိရမိသည်။ ဤခွေးသားပေါက်သည် တစ်စုံတစ်ရာအတွက် သူ့ကိုယ်သူ သုံးနှစ်လုံးလုံးမြုပ်နှံထားနိုင် ခဲ့သည်။ ၎င်းသည် လူတိုင်းသည်းခံနိုင်သည့် အရာမဟုတ်ပေ။

အကြီးအကဲဟောင်၏ရုပ်အလောင်းနှင့် ဓါးထိန်းသိမ်းရေးခန်းမတစ်ခန်းလုံးတွင် တစ်စုံတစ်ရာအား ရှာဖွေချင်း ခံလိုက်ရဟန်ဖြင့် ဖရိုဖရဲ ပျံ့ကျဲနေခဲ့သည်။ သို့သော် ဝမ်နင်သည် သူရှာဖွေနေသည့် အရာအား ရရှိသွားပုံ မရပေ။

'' ဒီပန်းချီကားများ ဖြစ်မလား။ ''

လင်းယွန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် အကြီးအကဲဟောင်၏ အလောင်းကို ကောက်ယူလိုက်ကာ အနောက်ဘက် တောင်တန်းများ ဆီသို့ ဦးတည်ပြေးလွှား လာခဲ့သည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ အနောက်ဘက် ဆယ်မိုင်ဝေးသောနေရာ၌ တောအုပ်တစ်ခုရှိခဲ့ပြီး၊ ထိုတောအုပ်အတွင်းတွင် အခေါင်းတလား အလွတ်တစ်ခုကို မြုပ်နှံထားသော သင်္ချိုင်းတစ်ခု ရှိခဲ့သည်။

၎င်းကို လွန်ခဲ့သော နှစ်နှစ်က အကြီးအကဲဟောင် ကိုယ်တိုင်ပြင်ထားခဲ့ပြီး၊ သူသေဆုံးပါက ဤနေရာတွင်မြုပ်နှံရန် လင်းယွန်အား ပြသထားခဲ့သည်။

ထိုအချိန်တွင် လင်းယွန်က အကြီးအကဲ ဟောင်မှာ သူ့အား နောက်ပြောင်ခြင်း အဖြစ်သာ ထင်လိုက်မိသေးသည်။

နှစ်နာရီကြာပြီးနောက် ခေါင်းတလားအလွတ် တစ်လုံး ထွက်ပေါ်လာရာ ခေါင်းတလားပေါ် ခုန်ဆင်းလိုက်ပြီး ဖွင့်လိုက်သည်။

'' စာတစ်စောင်လား ''

ခေါင်းတလားပွင့်လာသည်နှင့် စာတစ်စောင်သည် လင်းယွန်အား စောင့်ကြိုနေခဲ့ လေသည်။

'' လူငယ်လေး၊ မင်း ဒီစာကိုမြင်ရရင် ငါသေပြီလို့ ဆိုလိုတာပဲ၊ ငါက ဘာကြောင့်ပဲ သေသေ ငါ့အတွက် စိတ်မကောင်း မဖြစ်ပါနဲ့၊ နှစ်ပေါင်းရာချီ ငြီးငွေ့အောင်နေခဲ့ ပြီးပါပြီး၊ ပြီးတော့ ငါက မိုးပြာရောင်ကောင်းကင်ဂိုဏ်းက ဘိုးဘေးနဲ့ သွေးသောက်ညီအစ်ကိုတွေ ပါပဲ။ ''

ရုတ်တရက် လင်းယွန်၏ မျက်နှာတွင် အံသြမှုများ စွန်းထင်းလာခဲ့သည်။ တစ်ချိန်လုံး နိမ့်ကျစွာ ရှင်သန် နေခဲ့သော ထိုအကြီးအကဲ ဟောင်သည် ရှန်ရှင်းသိုင်းသမားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု တစ်ကြိမ်မှ မတွေးတောမိခဲ့ပေ။

ထို့အပြင် မိုးပြာရောင်ကောင်းကင်ဂိုဏ်းအား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းသုံးရာ ရှိနှင့်ခဲ့ပြီး ဖြစ်ရာ အကြီးအကဲဟောင်၏ အသက်မှာ အသက်သုံးရာကျော်လေပြီ။

'' အဲဒီတုန်းက မိုးပြာရောင် ကောင်းကင် ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးက သိုင်းလောကကို ခရီးဆန့်ရင်း ငါနဲ့တွေ့ဆုံ ခဲ့တာပဲ၊ နောက်မကြာ ခင်မှာ ငါတို့က သွေးသောက် ညီအစ်ကို ဖွဲ့လိုက်တယ်၊ အဲ့ဒီနောက် လွန်ခဲ့တဲ့ အနှစ်သုံးဆယ် တုန်းက သူက ငါ့ကို ဆက်သွယ် လာပြီး တောင်ပိုင်း ဧကရာဇ် ဂူသင်္ချိုင်းကို ဖွင့်ဖို့တိုင်ပင်လာခဲ့တာပဲ ...''

'' ဒါက ငါတို့ဘဝရဲ့အပြောင်းအလဲပဲမလား၊ တောင်ပိုင်းဧကရာဇ်ဂူသင်္ချိုင်းကို စွန့်စားခဲ့တဲ့ ခရီးမှာ ငါတို့ရတနာနှစ်ခုနဲ့ ရွှေငွေအချို့ ရခဲ့တယ်၊ အကျိုးဆက်အနေနဲ့ ဒဏ်ရာအပြင်း အထန်ရ ခဲ့ပြီး၊ အဲဒီဒဏ်ရာတွေကြောင့်ပဲ သူသေဆုံး သွားတယ်၊ သူကသူ့ဝေစုဖြစ်တဲ့ ဓါးရှည် တစ်လက်ကို သူ့ရဲ့မျိုးဆက်ထံ လက်ဆင့်ကမ်းပေးဖို့ တောင်းဆိုလိုက်တယ်၊ ငါကတော့ ငါ့ဝေစုအဖြစ် ကျောက်စိမ်း ပန်းချီကားချပ် တစ်ချပ်ကို ရခဲ့တယ်။

( ဒါဆို ကျောက်စိမ်းစာလိပ်က တကယ်ပဲ ရတနာတစ်ခုပေါ့ )

'' ငါက ငါ့ကတိအတိုင်း တောင်တန်းတွေနဲ့ ပင်လယ်တွေကိုဖြတ်ပြီး ဒီလိုချောင်ကျတဲ့ နေရာက မိုးပြာရောင်ကောင်းကင်ဂိုဏ်းကို ရောက်လာခဲ့ရတယ်၊ ပြီးတော့ ရတနာဓါးကို သူ့မျိုးဆက်ကိုပေးအပ်ခဲ့တယ်၊ ဒါပေမယ့် သူရဲ့သားစဉ်မြေးဆက်က ရတနာဓားရဲ့ မူလအစကို မရှာနိုင်ခဲ့ဖူး၊ သူတို့က ရတနာ ဓားကို နတ်သစ်သားနဲ့သွန်းလုပ်ထားတဲ့ သာမာန်သစ်သားဓားတစ်လက်အဖြစ်သာ ရှုမြင်ကြတယ်၊ ပြီးတော့ ဒီဓါးရဲ့ဝိညာဉ်က သေဆုံးသွားပြီလို့လည်း သတ်မှတ်လိုက်တယ် ........... ''

'' အဲဒီတုန်းက ငါကလည်း ဒဏ်ရာအပြင်းအထန်ရထားတာနဲ့၊ ငါ့ ဒဏ်ရာတွေကို ကုသရင်း မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှာ ခဏနေဖို့ ဆုံးဖြတ် လိုက်တယ်၊ အဲ့ဒီကာလတွေမှာ ကျောက်စိမ်း စာလိပ်ရဲ့ လျှို့ဝှက်ချက်ကို နားလည်ဖို့ကြိုးစား နေမိတယ်၊ ဆယ်နှစ်ကြာပြီးမှ နောက်ဆုံးမှာ ပန်းချီကားရဲ့ လျှို့ဝှက်ချက်ကို ငါတွေ့လိုက်ရတယ်။

'' အဲ့ဒါက နတ်ဆိုးဝိညာဉ်တွေ အဆုံးအစမဲ့ ခုန်ထွက်လာခဲ့တာပဲ၊ အဲ့ဒီအချိန်မှာပဲ ဓါးအခင်းတစ်စက ပန်းချီကားထဲကနေ လင်းလက်လာပြီး နတ်ဆိုးဝိညာဉတွေ အကုန်လုံးကို ပိုင်းဖြတ်သတ်ပစ် လိုက်တယ်၊ ... ”

“ ... နောက်တော့ အဲ့ဒီဓါးအလင်းကပဲ ငါ့သိုင်းဝိညာဉ်ကို ခုတ်ဖြတ် ဖျက်ဆီးပစ် လိုက်တော့ တာပဲ၊ အဲဒီအချိန်တုန်းက ငါက ငါ့ဘဝအဆုံးသတ်သွားပြီဆိုတာ သိလိုက်ရတယ် ... "

လင်းယွန်က စာဖတ်နေစဉ် သံသယများနှင့် ပြည့်နှက်သွား၏၊ အကြီးအကဲ ဟောင်မြင်ခဲ့ ရသော မြင်ကွင်းသည် သူမြင်ခဲ့ရသည်များနှင့် လုံးလုံး ခြားနားနေခဲ့သည်။

သူက ဓားအလင်းကို မြင်ခဲ့ရသော်လည်း ဒဏ်ရာမရခဲ့ပေ။ စီနီယာဟောင်ပြောခဲ့သော နတ်ဆိုးများကိုပင် မည်သည့်နေရာတွင်မှ မတွေ့ရပါ။

ပန်းချီကားသည် လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ သူ့မျက်လုံးများသည် ပန်းသင်္ချိုင်းဓားထံသို့ ရောက်သည့်အခါ အတွေးများထဲသို့ နစ်မျောသွားသည်။

'' မင်းက တောင်ပိုင်းဧကရာဇ်ဂူသင်္ချိုင်းက ထုတ်ယူလာတဲ့ ဓားပေါ့..... ''

ကံတရားသည် တကယ့်ပင် ထူးဆန်းလွန်း ပေဆွ၊ ...ထိုသူတို့နှစ်ဦး၏ အသက်ကို စွန့်စားခဲ့သော ခရီး၏အကျိုးအမြတ် နှစ်ခုသည် ယခုသူ၏လက်ထဲ၌ ရှိနေခဲ့သည်။

'' .... ဝမ်နင် သုံးနှစ်လုံးလုံး ရှာနေတာ ဒီရတနာဓားကိုပေါ့..... ''

သူက အတွေးမှထွက်ကာ စာကိုဆက်ဖတ် နေခဲ့ပြီး အကြောင်းအရာ များမှာ၊ များစွာ မထူးခြားတော့ပဲ ဆုစီယာကို မေ့ပစ်ရန်သာ ဖြစ်ပေသည်။

'' တောင်ပိုင်းဧကရာဇ် ... တောင်ပိုင်းဧကရာဇ်ဆိုတာ ဘယ်သူလဲ။ ''

လင်းယွန်၏ သိချင်စိတ်အား စာထဲတွင် မဖော်ပြခဲ့ချေ။ တဖန်၊ တောင်ပိုင်းဧကရာဇ်သည် ကြောက်စရာကောင်းသောသူတစ်ဦး ဖြစ်ရမည်ဟုသာ တွက်ဆနိုင်ခဲ့သည်။

စာကိုထိန်းသိမ်းလိုက်ပြီး အကြီးအကဲဟောင်၏ အလောင်းအား ခေါင်းတလားထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။

အလောင်းကိုသန့်ရှင်းရေးလုပ်ပြီးနောက် ခေါင်းတလားအား ပိတ်ကာ မြေမြုပ်ပေးလိုက်၏။ ခဏအကြာတွင် လင်းယွန်သည် ဒူးထောက်လျက် သုံးကြိမ်ပေးအရိုအသေပေးလိုက်ပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့သည်။

ဂိုဏ်းသို့ ပြန်ရောက်သည့်အချိန်၌ နေရောင်ခြည်သည် ဖြာဆင်းနေခဲ့ပြီး၊ မိုးပြာရောင် ကောင်းကင် ဂိုဏ်းမှာ စည်ကား အသက်ဝင် နေတော့၏။

အတွင်းတပည့်အချို့က လင်းယွန်အား မြင်သည့်နှင့် လာရောက် နူတ်ဆက်ကာ လွန်ခဲ့ သည့် နှစ်ရက်က ဝမ်နင်သည် သူ့အား အသည်း အသန် ရှာဖွေနေခဲ့ပြီနောက်၊ ဝမ်နင်အား ဂိုဏ်း၌ လုံးဝ မတွေ့တော့ဟု ဆိုလာကြသည်။

" ငါ မင်းကို သေချာပေါက် လာတွေ့မှာပါ..... "

လင်းယွန်၏မျက်လုံးများတွင် အမုန်းတရားများ နှင့်အတူ သတ်ဖြတ်လိုသေား ရည်ရွယ်ချက်များ တောက်ပလာလေသည်။

ခဏအကြာတွင် သူ၏ သစ်သားတဲအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သစ်သားတဲ တစ်နေရာရှိ အဖြူရောင်ပန်းရိုင်းပင်သည် ပန်းများစွာ ပွင့်နေခဲ့လေပြီ။

၎င်းပန်းသည် နှင်းဆီပန်း ပွင့်များသဖွယ် နီရဲသောအဆင်းကိုဆောင်ကာ၊ စူးရှသော ပန်းရနံ့များ စိမ့်ထွက်နေ၏။

လင်းယွန်က သူ၏သိုလှောင်အိတ်အတွင်းမှ ရှေးဟောင်းဓားသေတ္တာကို ထုတ်ယူလိုက်ပြီး၊ သေတ္တာကိုဖွင့်ကာ အဖြူရောင်ပန်းရိုင်း အပွင့်များအား ခူးထည့်လိုက်၏။

ထိုသေတ္တာအတွင်း ပိုင်းသည် အစ်မလန်ပြော သကဲ့သိုပင် အေးစိမ့်သော အငွေ့အသက်ကို သိပ်သည်းစွာ ထုတ်လွှတ်နေခဲ့သည်။

သေတ္တာထဲတွင် ပန်းပွင့်များဖြည့်ပြီးနောက် ပန်းသင်္ချိုင်းဓားအား သေတ္တာထဲသို့ ထည့်လိုက်၏။

တောင်ပိုင်းဧကရာဇ်ဂူသင်္ချိုင်းမှ ထုတ်ယူခဲ့သော ရတနာဓားမှာ လင်းယွန်လက်၌ ၎င်း၏ တောက်ပမှုကို စတင် ပြသလာခဲ့သည်။

ဤတောက်ပမှုသည် တစ်ချိန်က ဂုဏ်အသရေနှင့် နှိုင်းယှဉ်၍ မရသေးသော်ငြားလည်း ပန်းရနံ့များဖြင့် ဓားအား ထိန်းသိမ်းရန် တွက်ဆ လုပ်ဆောင် နိုင်ခဲ့ ခြင်းသည် လင်းယွန်အား ပို၍ ယုံကြည်ချက် ရှိလာ စေသည်။

ထို့နောက် ဓားသေတ္တာကိုပိတ်လိုက်ပြီး "ငါထွက်သွားဖို့အချိန်ကျပြီ" ဟု ညင်သာစွာ ရေရွတ်လိုက်လေသည်။

ဂိုဏ်းလေးဂိုဏ်းပြိုင်ပွဲအပြီးတွင် လင်းယွန်သည် ထွက်ခွာရန် ရည်ရွယ်ချက်ရှိထားပြီး ဖြစ်သော်လည်း စိတ်ကို ချုပ်တည်းခဲ့ကာ ရရှိခဲ့သည့် အကျိုးအမြတ်များကို အမိအရ ချေဖျက်ဖို့ရန် လဝက်မျှစောင့်ဆိုင်းခဲ့ခြင်း ဖြစ်ပေသည်။

ခဏအကြာတွင် လင်းယွန်က ဂိုဏ်းချုပ်နှင့် မတွေ့တော့ရန် ဆုံးဖြတ်လိုက်ပြီး စာတစ်စောင်သာ ချန်ထားရစ်လိုက်၏။

" အိုး ...... အရမ်းလေးတယ် "

လင်းယွန်က သူ့နောက်ကျောတွင် ဓါးသေတ္တာအား ထမ်းပိုးလိုက်သည်နှင့် အထိတ်တလန့် ရေရွတ်လိုက်သည်။ ကံကောင်းသည်မှာ ထိုအရာအားသယ်ပိုးရန် သူ့ခန္ဓာကိုယ်သည် လုံလောက်အောင် သန်မာ နေခဲ့၏။ ၎င်းသည် လအနည်းငယ်အတွင်း အသုံးပြုခဲ့သော အရင်းအမြစ်များကြောင့်ပင် ဖြစ်ပေမည်။

ဥပမာအားဖြင့်ဆိုသော် နှလုံးအားဖြည့်ဆေးလုံးများ၊ သွေးသန့်စင်ခြင်း ဆေးလုံးများ၊ နတ်ဆိုးသားရဲ အမြုတေများနှင့် ဒွါရခွန်နှစ်ပါး ဆေးလုံးများသည် အမာခံတပည့်များအတွက်ပင် ထိတ်လန့်စရာ အရင်းအမြစ်များ ဖြစ်နေဆဲပင် မဟုတ်ပါလော။

နေရောင်သည် ဖြည်းဖြည်းချင်း ကျဆင်းလာသည်နှင့်အမျှ လင်းယွန်မှာ တောင်ပေါ်မှ တရွေ့ရွေ့ ဆင်းသက် သွားတော့သည်။

မိုးပြာရောင်ကောင်းကင်ဂိုဏ်း၏ ဂိတ်တံခါးဝ အရောက်တွင် နောက်ပြန်လှည့်ကာ နူးညံ့သော ာမျက်ဝန်းများဖြင့် ကြည့်လိုက်၏။

ဤမြင်ကွင်းသည် နောင်အချိန်၌ အမှတ်ရစရာ တစ်ခုအဖြစ်သာ ရှိနေပေလိမ့်မည်။ ၎င်းသည် နောက်ဆုံး မြင်ကွင်း မည်၏။

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာလေရာ လင်းယွန်၏အတွေးများ ပြတ်တောက် သွားလေသည်။

" ညီငယ်လင်း၊ ခဏ စောင့်ပါဦး .... "

လင်းယွန်က လှည့်ကြည့်လိုက်သောအခါ ဘိုင်ယုဖန်သည် နဂါးသွေးမြင်းအားစီးလျက် အပြုံးဖြင့် ဟန့်တားလာခဲ့သည်ကို တွေ့လိုက်ရသည်။

လင်းယွန်သည် နဂါးသွေးမြင်းကို မြင်လိုက်ရသည်နှင့် အံ့သြသွားသည်။ သူသတိလစ်သွားသည့် အချိန်၌ နဂါးသွေးမြင်းမှာ ယန်မိသားစုဝင်များထံသို့ ပြန်သွားလိမ့်မည်ဟု ထင်ထားမိခဲ့သည်။

သို့သော်၎င်းသည် မိုးပြာရောင် ကောင်းကင်ဂိုဏ်း၌ အမြဲရှိနေခဲ့သည်ကို မြင်ရသည်နှင့် အံ့သြမှုကို ထိန်းချုပ် မထားနိုင်ခဲ့ချေ။

***

All Chapters