တောင်တန်းကိုဖြတ်ကျော်ခရီးသွားခြင်း။
Vol. 5 Ch. 67
" မင်းခုလို တိတ်တဆိတ် ထွက်သွားတော့မယ် ဆိုတာ ငါသိတယ်၊ ဒါကြောင့် ငါဒီမှာ အကြာကြီး စောင့်နေခဲ့တာ။ "
ဘိုင်ယုဖန်က နဂါးသွေးမြင်းပေါ်မှ ခုန်ဆင်းလျက် ပြုံးလိုက်၏။
" လူငယ်သခင်၊ မင်း ငါ့ကိုကောင်းကောင်း နားလည်ထားတာပဲ "
ထိုစကားသည် လင်းယွန်၏နှလုံးသားအား အတော်ပင် ထိမိခဲ့သည်။ အကြီးအကဲဟောင်မှ လွဲ၍ ဘိုင်ယုဖန်သည် သူ၏အမြင် ကောင်းကို ရရှိခဲ့သော ဒုတိယမြောက်လူပင် ဖြစ်သည်။
'' ငါ ... တကယ်ကျေးဇူးတင်ပါတယ်။ မင်းရဲ့ ခွန်အားအရ မိုးကောင်းကင်နိုင်ငံမှာ ပြိုင်ဘက်ကင်း နေခဲ့ပြီ၊ ဒါပေမယ့် မင်းက ထွက်မသွားခင် ဂိုဏ်းလေးဂိုဏ်း ပြိုင်ပွဲကျင်းပတဲ့ အချိန်အထိ စောင့်ပေးခဲ့တယ်။ ဒီအတွက် မိုးပြာရောင်ကောင်းကင်ဂိုဏ်းက ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ''
'' မင်းက ယဉ်ကျေးလွန်းနေပါပြီ လူငယ်သခင်၊ မိုးပြာရောင်ကောင်းကင်ဂိုဏ်းဆိုတာ မရှိရင် ငါဆိုတဲ့ လင်းယွန်က ထွက်သွားဖို့အထိ သန်မာလာမှာ မဟုတ်ပါဖူး။ "
ဘိုင်ယုဖန်က နဂါးသွေးမြင်းကို လွှဲပေးလိုက်ပြီး၊ ရှေ့ကိုမျှော်ကြည့်ကာ သက်ပြင်းချလျက်မှ၊ လင်းယွန်နှင့်အတူ လမ်းလျှောက်စကားပြောလာခဲ့သည်။
" မင်းရဲ့ခွန်အားအရ ဘိုင်မိသားစုက မင်းကို မရွေးချယ်ခဲ့တာ ငါ .....အံ့သြမိတယ်၊ မိုးကောင်းကင်နိုင်ငံက ထွက်ခွာပြီးရင် မင်းမှာ ဘာအစီအစဉ်ရှိလဲ ''
" ..... မဟာချင်အင်ပါယာကို မသွားခင်၊ ပတ်၀န်းကျင် နယ်မြေအချို့ကိုသွားဖို့ စီစဉ်ထားတယ်။ "
လင်းယွန်က သူ့ခရီးစဉ်ကို ပြန်ဖြေလိုက်၏။
ဘိုင်ချူးဟွေပေးခဲ့သော စာအုပ်အရ ပတ်ဝန်းကျင်နိုင်ငံများသည် မဟာချင် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံများ ဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်။
ထို့ထဲမှ မိုးကောင်းကင်နိုင်ငံသည် မဟာချင်အင်ပါယာပိုင်နက်၏ အစွန်အဖျားနယ်မြေ တစ်ခုသာဖြစ်ပြီး၊ ၎င်းသည် နယ်ခြားစည်းအပေါ်ရှိ သေးငယ်သောစီရင်စုနယ်မြေတစ်ခုသာ ဖြစ်ပေ၏။
မဟာချင်အင်ပါယာသည် 'တောင်ပိုင်းရှေးဟောင်းနယ်မြေ'ထဲရှိ အင်ပါယာတစ်ခုမျှသာဖြစ်ပြီး ဒီကမ္ဘာကြီးတွင် ထိုသို့သော ရှေးဟောင်းနယ်မြေများစွာဖြင့် အဆုံးအစမရှိကျယ်ပြောလှပေ၏။ တောင်ပိုင်းရှေးဟောင်းနယ်မြေ၏သက်တမ်းသည် နှစ်သန်းပေါင်းများစွာ ရှည်ကြာနေခဲ့ပေပြီ။
၎င်းသည် ရှေးဟောင်းနယ်မြေများအနက် အဆန်းကျယ်ဆုံး ဒဏ္ဍရီများ ထွက်ပေါ်လာရာ နယ်မြေတစ်ခုလည်းဖြစ်သည်။
သာမန်ကျင့်ကြံသူများ အတွက်မူ သူတို့ တစ်သက် တာတွင် တောင်ပိုင်း ရှေးဟောင်း နယ်မြေမှ ထွက်ခွာရန် မဖြစ်နိုင်ပေ။
" မဟာချင်အင်ပါယာက တော်တော်ကောင်းတဲ့ နေရာတစ်ခုပါ၊ ငါ့မှာ အဲ့ဒီကို သွားခဲ့တဲ့ ညီအစ်ကို အနည်းငယ်ရှိတယ် ... "
ဘိုင်ယုဖန်၏မျက်ဝန်းများသည် တောင့်တသော ခံစားချက်များဖြင့် တောက်ပလာသည်။
'' လူငယ်သခင်၊ မင်းရဲ့အရည်အချင်းနဲ့ဆို ခရီးဆန့်ဖို့ လွယ်ကူပါတယ်၊ ဘာလို့ မိုးပြာရောင် ကောင်းကင်ဂိုဏ်းမှာ နေနေ ရတာလဲ။ "
"ငါလား....... "
ဘိုင်ယုဖန်က ပြုံးလိုက်ပြီး သူ့မျက်နှာ၌ ဝမ်းနည်းကြေကွဲစရာအရိပ်အယောင်အချို့ ထွက်ပေါ်လာကာ၊
" ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ထွက်သွားတဲ့ သူတွေကို မြင်ဖူးခဲ့ပြီးပြီ၊ ငါ့ဘ၀မှာ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မဲ့ သူမျိုးတွေပေါ့၊ ငါ့ရဲ့ ကျင့်ကြံမှုအတွက် ခရီးကြမ်းတွေ ထွက်သွား ချင်ပေမဲ့၊ နောက်ဆုံးမှာတော့ မင်းလိုမျိုး အရည်အချင်း ရှိတဲ့ သူတွေအတွက် အခွင့်အရေး ပေးဖို့၊ တစ်ယောက်ယောက် ကတော့ နောက်ကွယ်မှာ ရှိနေဖို့ လိုအပ်တယ် မဟုတ်လား ''
သူ့စကားတွေက ဝမ်းနည်းစရာ ကောင်းပေမယ့် အဓိပ္ပာယ်ရှိ နေခဲ့သည်။ မိုးပြာရောင် ကောင်းကင် ဂိုဏ်းကို ဆက်ခံမည့် မျိုးဆက် များသည် ပုခုံးပေါ်၌ များစွာသော ဂိုဏ်းသား ကျင့်ကြံသူများ၏ မျှော်လင့်ချက် များကို ထမ်းပိုးထားရသည်မဟုတ်ပါလော။
" ငါ .... မင်းကို ဒီကနေပဲ နူတ်ဆက် လိုက်တော့မယ်။ "
သူတို့က သတိမပြုမိခင် မှာပင် မိုးပြာရောင် ကောင်းကင် ဂိုဏ်းနှင့် မိုင်အတော် ဝေးဝေးထိ ရောက်ရှိ နေခဲ့ လေပြီ။
ဘိုင်ယုဖန်က လင်းယွန်အား နူတ်ဆက် လိုက်ကာ နဂါးသွေးမြင်း၏ခေါင်းကို ပုတ်လျက်၊
'' ဒီ သူရဲကောင်း လေးက မင်းနဲ့ လိုက်ဖက်ပါ ပေတယ်၊ ဒီနှစ်လ အတွင်းမှာ မြင်းကောင်ရေ ပေါင်းများစွာကို သတ်ပစ်ခဲ့ပြီး၊ နေ့တိုင်း နတ်ဆိုး သားရဲ အသားတွေ ကျွေးခဲ့ရတယ်.... ''
'' ဟီး...... ဟီး ဟီ ''
ဘိုင်ယုဖန်စကားကို နားလည်သည့် ဟန်ဖြင့် နဂါးသွေးမြင်းက ပတပ်ရပ်ကာ မာန်ဝင့် အော်ဟစ် လိုက်သည်။
လင်းယွန်က နဂါးသွေးမြင်း၏ အမူအယာအား ငေးကြည့်လျက်မှ လေးလံသော နှလုံးသားဖြင့် ဘိုင်ယုဖန်အား နုတ်ဆက်လိုက်သည်။
" ဂရုစိုက်ပါ... "
သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြာမြင့်စွာ ကြည့်ကာ သက်ပြင်းချ လိုက်ကြသည်။
" အခွင့်အရေးရှိရင် နောင်မှာ ပြန်ဆုံ ကြတာပေါ့ "
ဘိုင်ယုဖန်က ပြုံးပြီး စတင်နူတ်ဆက် ထွက်ခွာ သွားသည်။ မြင်ကွင်းအောက်မှ ဘိုင်ယုဖန်၏ ပုံရပ် တဖြည်းဖြည်း ပျောက်ကွယ် သွားသည် အထိ ငြိမ်သက် နေခဲ့ပြီးနောက်၊ နဂါးသွေး မြင်းထံ ခုန်တက် လိုက်ကာ၊
" သွားကြရအောင် .... နီလေး "
နေဝင်ချိန်တွင် ကောင်းကင်သည် အနီရောင်ဖြစ်ပြီး တိမ်တိုက်များသည် အနီရောင်လွှမ်းနေသောသွေးများကဲ့သို့ တောက်ပနေသည်။
မိုးကုပ် စက်ဝိုင်း အောက်တွင် ဓါးသေတ္တာ တစ်လုံးအား ထမ်းပိုးသော လူငယ် တစ်ယောက်မှာ၊ ရဲရဲ နီသော နတ်ဆိုး သားရဲ တစ်ကောင်ကို လျင်မြန်စွာ စီးနင်း နေခဲ့ လေသည်။
နှစ်လအကြာတွင် မိုးထိတောင်၏ အနက်ရှိုင်းဆုံး နေရာ၌ မီးပုံကြီးရှေ့တွင် ထိုင်နေသော လင်းယွန် လက်ထဲရှိ အလယ် အလတ် ဝိညာဉ်ကျောက်တုံးကို ဆုပ်ကိုင်ကာ မျက်လုံး များအား ပိတ်လျက် ဝိညာဉ် ကျောက်တုံးရှိ စွမ်းအင်များကို စုပ်ယူ လိုက်သည်။
ည၏လွှမ်းခြုံမှုအောက်၌ အမှောင် တောအုပ်သည် ပဲ့တင်ထပ်နေသော နတ်ဆိုး သားရဲတို့၏ ဟိန်းသံများနှင့်အတူ အမည်မသိ အန္တရာယ်များ ပြည့်နှက်နေခဲ့၏။
နာရီအနည်းငယ် အကြာတွင် အလယ် အလတ် ဝိညာဉ် ကျောက်တုံး နှစ်တုံးသည် အမှုန့်အဖြစ် ကြေမွသွားကာ၊ လင်းယွန်၏ မျက်လုံးများ ပွင့်လာခဲ့သည်။
သူ့မျက်ဝန်း၌ တောက်ပသောရောင်ခြည်နှင့် အတူ သူ၏ ကျင့်ကြံမှုသည် ဟောင်ရှင်း နဝမ အဆင့် အရှိန် အဝါများ ရစ်သိုင်းလာသည်။
လွန်ခဲ့သော တစ်လတည်းက လင်းယွန်သည် ဟောင်ရှင်း နဝမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ ယခုအချိန်၌ ကျင့်ကြံမှုကို အခြေခိုင်မာ စေခဲ့လေပြီ။
ဒွါရခွန်နှစ်ပါးသန့်စင်ခြင်းဆေးလုံမှ အကန့် အသတ်မရှိ ပို့လွှတ်နေသော စွမ်းအင်များ အောက်တွင် ဟောင်ရှင်း နယ်ပယ်သည် လင့်ယွန်အတွက် အဟန့်အတား မရှိချေ။
ထို့ပြင် ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်သည် အလယ်အလတ် ဝိညာဉ် ကျောက်တုံး များအား မှီခိုလျက် ချီစွမ်းအင်စုပ် ယူကျင့်ကြံရာ၌ ပို၍ ခရီးရောက်လာခဲ့သည်။
သို့သော်လည်း သူ၏နှလုံးသားအတွင်းမှ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်းဆေးလုံးများသည် လက်သည်းခွံအရွယ်အထိ ကျုံ့ဝင်သွား၏။
တစ်ချိန်ထဲမှာပင် ယန်သန့်စင်ခြင်းနည်း စနစ်ကို ဖြန့်ဝေ လိုက်ပြီးနောက် သူ့ရင်ဘတ်ရှိ ဆေးလုံးများမှ တဆင့် စွမ်းအင်စီးကြောင်း ခုနှစ်ကြောင်းက၊ အစိမ်းရောင်နဂါးများကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ချွေးပေါက်များမှ ဆေးဖက်ဝင် အမွှေးနံ့သာ များစွာ ယိုစိမ့်ထွက်ရှိလာသဖြင့် ည၌ ကျက်စား နေသော နတ်ဆိုးသားရဲများစွာအား ဆွဲဆောင် သွားသည်။
လင်းယွန်၏ပတ်ဝန်းကျင်တွင် စိမ်းလန်း တောက်ပ နေသော မျက်လုံး ပေါင်းများစွာက သူ့ကိုစိုက်ကြည့်နေကြ၏။
ထိုမျက်လုံး များတွင် ငရဲမီးစများ ကဲ့သို့ အခိုး အငွေ့များ လောင်ကျွမ်း နေသည်။
သူတို့က လင်းယွန်အား လူသားရတနာ တစ်ခုလို ရှုမြင်ယူဆ ထားကြ သော်လည်း စိမ့်ထွက် နေသည့် အရှိန်အဝါများကြောင့် အနည်းငယ် ထိတ်လန့်ကာ တုန့်ဆိုင်း နေခဲ့သည်။
'' ..... အောင်း ''
နောက်ဆုံးတွင် နတ်ဆိုး သားရဲ တစ်ကောင်သည် ၎င်း၏ ဆန္ဒအား မထိန်းချုပ် နိုင် တော့ဘဲ၊ အော်ဟစ် ပြေးဝင်လာ လေသည်။
ထိုသို့သော အပြု အမူသည် အခြားသော နတ်ဆိုး သားရဲ များ၏ လောဘအား ပိုမို လောင်မြိုက် စေခဲ့ကာ လိုက်ပါ ပြေးဝင် လာစေ ခဲ့၏။
နတ်ဆိုး သားရဲ များ၏ အော်ဟစ်သံ များကြောင့် လင်းယွန်သည် မျက်လုံးများ ဖွင့်လျက် ဤမြင်ကွင်းအား တည်ငြိမ်စွာ ကြည့်နေ ခဲ့သည်။
စွမ်းအင်များအား သူ့လက်ချောင်းများ ထဲသို့ ဆွဲယူစုဆောင်းကာ အရှိန်အဝါကို ထုတ်လွှတ်ချ လိုက်သည်။
သိပ်သည်းသော ထိုအရှိန်အဝါသည် ၎င်း၏ လမ်းကြောင်း ပေါ်ရှိ အရာအားလုံးအပေါ် တောက်လောင် ကျွမ်းသွားပြီး ညကို လျှပ်စီး လက်သွား စေခဲ့၏။
ထိုနတ်ဆိုးသားရဲတို့သည် သူတို့၏ ဦးတည်ရာထံမှ ကြောက်စရာကောင်းသော စွမ်းအင်များ တောက်ပ လာသည်ကြောင့် ထိတ်လန့်သွားကြသည်။
တစ်ချိန်တည်းမှာပင် လင်းယွန်က သူ့လက်ဖဝါးဖြင့် ဓားသေတ္တာအား ညင်သာစွာ ပုတ် လိုက်သည်။
'' ဖန်း ....... ''
လင်းယွန် ဘေးမှ ရှေးဟောင်း ဓားသေတ္တာသည် ရုတ်တရက် လေထဲသို့ ပျံတက် သွားပြီးနောက်၊ ပွင့်ထွက် သွား၏။
သေတ္တာ ထဲမှ အဖြူရောင် ပွင့်ချပ်များ သာမက နှင်းပွင့် များပါ ကြွေကျ လာလေသည်။ ယင်းမှာ အလွန် လှပသော မြင်ကွင်း တစ်ရပ် ဖြစ်ချေ ၏။
'' ချွမ်..... ''
ဓါးသေတ္တာမှ လွတ်လာသည်နှင့် ပန်းသင်္ချိုင်းဓားက အသံများ မြည်ဟည်း လာသည်။
" အရိပ်မဲ့ဓား "
တစ်ချိန်တည်းမှာပင် ဓားကိုကိုင်လျက် လင်းယွန်သည် လေထုထဲသို့ ခုန်ဝင် ပျောက်ကွယ် သွား ပြီးနောက် မြည်ကြွေးသံ များသည် ဆူညံစွာထွက်လာခဲ့စဉ် သွေးစများ ပန်းထွက် လာခဲ့သည်။
လင်းယွန်၏အရိပ်သည် မြေပေါ် ပြန်ရောက်လာ သည်နှင့် သူ့ ထံဦးတည် တိုးဝင်လာသော နတ်ဆိုးသားရဲ များမှာ သွေးအိုင် ထဲ၌ ဆန့်တငင်ငင်ဖြင့် လဲကျနေ လေသည်။
သူတို့တစ်ကောင်ချင်း စီတွင် အနည်းဆုံး ဓားဒဏ်ရာ(၄-၅) ချက်ခန့် ရရှိ ကုန်၏။
ထိုဒဏ်ရာ များမှာ အသက်မသေ လျှင်ပင် ဟောင်ရှင်း အဋ္ဌမ အဆင့်နှင့် နဝမအဆင့်ရှိ လူသား ကျင့်ကြံသူ တို့၏ ခွန်အားနှင့် ညီမျှသော ဤနတ်ဆိုး သားရဲများကို ဓားတစ်ချက် တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရှိစေသည်မှာ ကျေနပ်ဖွယ်ကောင်းလှပေ၏။
မီးပုံ၏ အလင်းရောင် ဖျော့ဖျော့ အောက်တွင် နံနက်ခင်း နှင်းရည်ကဲ့သို့ မြေပြင်ပေါ်၌ သွေးများ စီးဆင်းနေခဲ့ကာ ဓား၌ပြင်းထန်သော သွေးညှီနံများထုံမွှန်း နေခဲ့သည်။
ယခုအချိန်၌ ပန်းရနံ့များ၏ အာဟာရဖြည့်ပေးမှုများအောက်တွင် ပန်းသင်္ချိုင်းဓားသည် အဆင့်နိမ့်တော်ဝင် လက်နက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်ခဲ့လေပြီ။
၎င်းဓားချက်မှာ၊ အသက် တရှိုက်စာ အတွင်း လျင်မြန်စွာ ဖြစ်ပွား ခဲ့ပြီး လင်းယွန်၏ လှုပ်ရှားမှုများ ရပ်တန့် သွားသည့် အချိန်တွင်၊ အဖြူရောင် ပန်းရိုင်း ပွင့်ချပ် များမှာ၊ မြေပြင် ပေါ်သို့ ကျဆင်းရန် အားယူ နေဆဲ ဖြစ်ရာ၊ ဓားကို ဝေ့ရမ်းလျက် ထိုပွင့်ချပ် များအား စုဝေး စေလိုက်၏။
ပြီးနောက် ဓားသေတ္တာအတွင်းသို့ ပန်းသင်္ချိုင်း ဓား၏ လမ်းညွှန်ပြမှုနှင့်အတူ ပြန်လည် ဝင်ရောက် စေခဲ့၏။
နောက်ဆုံးပွင်ချပ် ပျောက်ကွယ်ပြီးသည်နှင့် ပန်းသင်္ချိုင်းဓားအား ဓားသေတ္တာထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။
'' ခွပ်...... ခွပ်.......ခွပ်....... ''
တစ်ချိန်တည်းမှာပင် လင်းယွန်အနားသို့ ချဉ်းကပ်လာသော အသံများနှင့်အတူ မြေပြင်သည် တုန်ခါသွားလျက် နဂါးသွေး မြင်းမှာ ထွက်ပေါ်လာလေသည်။
ဒဏ်ရာကြောင့် ညည်းညူ လူးလှိမ့် နေခဲ့သော ထိုနတ်ဆိုး သားရဲ များအား ရက်စက်စွာ နင်းသတ် လိုက်လေသည်။
ထိုနတ်ဆိုးသားရဲ များနှင့် နှိုင်းယှဉ်ပါက နဂါးသွေးမြင်း၏ လုပ်ရပ်သည် ပို၍ ရက်စက် ယုတ်မာ လှပေ၏။
လင်းယွန်က လက်နှစ်ဖက်ကို ဓားသေတ္တာ ပေါ်တွင် တင်လိုက်ပြီး ထိုမြင်ကွင်းအား ကြည့်လျက် ငြိမ်သက် သွားသည်။
နဂါးသွေးမြင်းများသည် နဂါးများ၏သွေးကို အမွေဆက်ခံထားသော နတ်ဆိုးသားရဲများ ဖြစ်သည်ဟူသော ကောလဟာလများနှင့်အတူ မြင်းမျိုးနွယ်များထဲမှ ထူးချွန်သော မြင်းမျိုးစိတ်တစ်ခု ဖြစ်လာလေသည်၊
၎င်း၏နာမည်သည်လည်း သွေးရောင်ကဲ့သို့သော အသွေးအမွေးများကို ရည်ရွယ်မှည့်ထားခြင်းပင်။
ထို့အပြင် နဂါးသွေးမြင်းအများစု၏ နဂါးသွေးမျိုးဆက်သည် မသန့်စင်ကြချေ။ ထို့ကြောင့်ယေဘုယျအားဖြင့် နဂါးသွေးမြင်း များသည် ဤမျှ ရက်စက် ကြမ်းကြုတ် မောက်မာနိုင်ခြင်း မရှိပေ။
ယန်မိသားစုသည် နတ်ဆိုးသားရဲများထက် ပို၍ ရက်စက်သော ဤနဂါးသွေးမြင်းအား မည်သို့ရရှိခဲ့သည်ကို သိရှိချင်လာမိသည်။
အဲဒီနောက် နဂါးသွေးမြင်းက နတ်ဆိုးသားရဲတွေကို သေအောင်နင်းသတ် လိုက်ပြီး အလောင်းကိုပါးစပ်ဖြင့် ကိုက်ချီလျက် ပြန်လာခဲ့၏။
ဤအတောအတွင်း လင်းယွန်က ခေါင်းညိတ်လျက် နတ်ဆိုးသားရဲများမှ ရတနာ အချို့ ကိုသာ ရိတ်သိမ်းလိုက်ပြီး ကျန်သည့် အစိတ် အပိုင် များအား နဂါးသွေး မြင်းကို စားရန် ခွင့်ပြုထား လိုက်သည်။
မိုးထိတောင်တန်းကြီးသည် နိုင်ငံပေါင်းများစွာအား ဆက်သွယ်ထားသော ခက်ခဲကြမ်းတမ်းသည့် ဖြတ်လမ်းတစ်ခု ဖြစ်ခဲ့သည်။
ထို့ကြောင့်ပင် ချင်အင်ပါယာသို့သွားရာ၌ မိုးထိတောင်တန်းကြီးပေါ် ဖြတ်သန်းကာ ခရီးဆက်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
မဟာချင်အင်ပါယာသည် တောင်ပိုင်းရှေးဟောင်းမြေ၌ပင် ကြီးမားသည့် ကုန်းမြေကြီး တစ်ခု ဖြစ်ကြောင်း သိခဲ့ရသည်။
ရှည်လျားသောသမိုင်းကြောင်းများနှင့် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ဂိုဏ်းကြီး များစွာ ရှိသည်။
ထူးချွန်ထက်မြက်သော ပါရမီရှင် များစွာလည်း ရှိခဲ့ပြီး ၎င်းသည် ကောင်းကင်၌ ထွန်းလင်းသည့် ကြယ်ပွင့်လေးများ ကဲ့သို့ များပြား ဆွတ်ပျံ့ဖွယ် ကောင်းသော ကုန်းမြေ ကြီးလည်း ဖြစ်ခဲ့သည်။
တနည်းအားဖြင့်ဆိုရသော် မဟာချင် အင်ပါယာသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး၌ပင် တော်ဝင်ကုန်းမြေ တစ်ခု အဖြစ် ဂုဏ်သတင်းကြီး မြတ်လှ ပေသည်။
***