လေ့ကျင့်မှု။
Vol. 5 Ch. 68
တောက်ပသောနေရောင်အောက်တွင် နတ်ဆိုးသားရဲတစ်ကောင်သည် တောအုပ်ကိုဖြတ်ကာ ထိတ်လန့်တကြား ပြေးထွက်လာသည်။
'' ............ '''
၎င်းသည် ပြေးလွှားနေစဉ်မှာပင် တောက်ပသောနေရောင်ခြည်မှာ သူ့အပေါ်သို့ဖြာကျနေခဲ့ပြီး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ထို့ထက်ပို၍အတိအကျဆိုရသော် ၎င်းနတ်ဆိုးသားရဲသည် အသက်ရှင်သန်ရန် အတွက် ရုန်းကန်ပြေးလွှားနေရခြင်း ဖြစ်လေသည်။
ရုတ်တရက် အပြာရောင်လူရိပ်တစ်ရိပ်သည် ဓားသေတ္တာကို ထမ်းပိုးလျက် ကောင်းကင်မှ ဆင်းသက်လာကာ ထိုအရိပ်နှင့်အတူ မိုးတိမ်များ စုရုန်း လာခဲ့သည်။
၎င်းသည် လေနှင့်တိမ်အား ဆင့်ခေါ်ထားသော လင်းယွန်ဖြစ်ပေ၏။
ကျား-နဂါးအရှိန်အဝါကြောင့် ပတ်၀န်းကျင်ရှိ သစ်ပင်များသည် ကျိုးပဲ့ပျက်စီးသွားကာ နတ်ဆိုး သားရဲ အချို့ ကိုပင် ကြောက်လန့် တကြား ထွက်ပြေးသွားစေသည်။
'' တောတောင်တခွင်အမဲလိုက်ခြင်း ''
ရက်စက် ပြင်းထန်သော ကျားတစ်ကောင်၏ အရှိန် အဝါကို ထုတ်ဖော်လျက် ကောင်းကင်သို့ ခုန်တက် သွားကာ၊ လက်သီးဖြင့် ထိုးချလိုက် သည်နှင့် ၎င်းပြေးလွှား နေသော နတ်ဆိုး သားရဲမှာ ခန္ဓာကိုယ် ကွဲအက်သံနှင့် အတူ သေဆုံး သွားခဲ့ လေပြီ။
ထိုလက်သီးတွင် အဝါရောင် မီးတောက်များ နှင့်အတူ အခိုး အငွေ့များ တောက်လောင် နေ၏။ ၎င်းသည် မိုးထိတောင် ခရီးစဉ်အတွင်း လင်းယွန် ရရှိထားသော အကျိုးအမြတ်များပင် ဖြစ်ပေသည်။
'ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း' ဆေးလုံးများ၏ အကျိုးကျေးဇူးများအရ ခွန်အားနှင့် အမြန်နှုန်း အကြားတွင် ပြီးပြည့်စုံသော ဟန်ချက်ကို ရရှိဖြစ်ပေါ်စေသည်။
လင်းယွန်က ယန်သန့်စင်ခြင်းနည်းစနစ်ကို ရုတ်သိမ်းလိုက်ပြီးနောက် သေဆုံးနေသော နတ်ဆိုးသားရဲ ကောင်ကို ကြည့်လိုက်ကာ စိတ်သက်သာရာ ရ သွားသည်။
၎င်းသည် မြွေအမြီးခြင်္သေ့ဟုခေါ်သည့် နတ်ဆိုး သားရဲပင် ဖြစ်၏။ ထိုနတ်ဆိုး သားရဲ၏ ခန္ဓာကိုယ်သည် မြွေနဂါး အမြီး ကဲ့သို့ စက်ဆုပ်ဖွယ် ကြီးမား ရှည်လျားကာ အဆိပ် ဆူးများ ပါရှိ ပေသည်။
ထို့အပြင် ၎င်းသားရဲသည် ဟောင်ရှင်း ဒဿမအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲ တစ်ကောင်ဖြစ်ပြီး ရှန်ရှင်းဘုံ သို့ပင် ချဉ်းကပ် ဝင်ရောက် နေပေပြီ။
ခရီးစဉ် နှစ်လအတွင်း ဟောင်ရှင်း အဌမအဆင့်နှင့် နဝမအဆင့်၌ ရှိသော နတ်ဆိုးသားရဲများဖြင့် တိုက်ခိုက်ခြင်းသည်။
လင်းယွန်အတွက် စိန်ခေါ်မှု တစ်ရပ်မဟုတ်တော့ပဲ၊ ရှန်ရှင်းဘုံနှင့် နီးကပ်သော နတ်ဆိုးသားရဲများသည်သာ သူ့အားဖိအားပေး လာနိုင်တော့၏။
မြွေအမြီးခြင်္သေ့သည် ဟောင်ရှင်းနယ်ပယ် ဒဿမအဆင့်တွင် သာရှိသော်လည်း ၎င်းသည် ထင်ထားသည်ထက် ပို၍ သန်မာလှ၏။
သူ၏အရှိန်အဝါ ဖိအားသည်ပင် အခြားသော နတ်ဆိုး သားရဲများထက် ပို၍ သိပ်သည်း လွန်ပေ သည်။
နဂါးသွေးမြင်း၏အကူအညီဖြင့် ၎င်းအား ပြင်းထန်စွာ ဒဏ်ရာ ရစေခဲ့ကာ လွန်ခဲ့သည့် နှစ်ရက် လုံးလုံး လိုက်လံ ဖမ်းဆီး နေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်၌ လင်းယွန်၏ အရှိန်အဝါတွင် သွေးညှီနံ့များ ကပ်ညိနေကာ ၎င်းသည် လွန်ခဲ့သော လအနည်းငယ် အတွင်း နတ်ဆိုး သားရဲ များကို လိုက်လံရှာဖွေကာ သတ်ဖြတ် ထားခြင်း ကြောင့်ပင် ဖြစ်သည်။
"သားရဲအမြုတေ ...."
မြွေမြီးခြင်္သေ့၏ရင်ဘတ်တွင် လက်သီးဆုပ် အရွယ် အမြုတေအား မြင်လိုက်ရသည်နှင့် လင်းယွန်က ဝမ်းသာ အားရ အော်ဟစ် လိုက်၏။
နောက်ဆုံးတွင် သားရဲအမြုတေ တစ်ခုအား ရှာတွေ့ခဲ့ လေပြီ။ လွန်ခဲ့သော နှစ်လအတွင်း မရေ မတွက် နိုင်သောနတ်ဆိုး သားရဲ များကို လိုက်လံ ဖမ်းဆီး ခဲ့သော်လည်း သားရဲအမြုတေ တစ်ခုမျှပင် ရှာမတွေ့ခဲ့ချေ။
သို့သော်နောက်ဆုံးတွင် ယခုမူ မြွေအမြီးခြင်္သေ့အား ကိုင်တွယ်ရန်မှာ အဘယ်ကြောင့် ဤမျှ ခက်ခဲနေသည်ကို နားလည်လာ လေပြီ။
နတ်ဆိုးသားရဲ အမြုတေမှာ မည်မျှ အဖိုးတန် သည်ကိုမူ လင်းယွန် မျက်နှာပေါ် ရှိ အပြုံး တစ်ပွင့်က သက်သေ ပြနေ၏။
'' ခွပ်...... ခွပ်.......ခွပ် ''
သို့သော် ထိုအချိန်မှာပင် နဂါးသွေးမြင်းသည် မြွေအမြီး ခြင်္သေ့ ထံသို့ ပြေးဝင်သွားပြီး ကိုက်ဖြတ် လိုက်ကာ သားရဲအမြုတေအား မြိုချ လိုက်လေသည်။
နဂါးသွေးမြင်းသည် ရွှင်လန်း တက်ကြွစွာဖြင့် လင်းယွန်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်၏။ ထိုအပြုံးသည် လင်းယွန်အား မချိ မခံသာ ဖြစ်စေ သည်။
" ယုတ်မာလိုက်တဲ့ မြင်းကောင် "
လင်းယွန်က ထိုအပြုံးကြောင့် ဒေါသထွက် သွားသဖြင့် ကျောက်တုံးဖြင့် ကန်ထုတ် လိုက်ရာ ထိုနတ်ဆိုး သားရဲမြင်းသည် ကျောက်တုံးအား ကဆုန်ပေါက် ရှောင်တိမ်း လိုက်၏။
ထို့အပြင် လင်းယွန်က သူ၏ဒေါသကို မထုတ်ပြ နိုင်မီ နဂါးသွေးမြင်းသည် ပြေးထွက် လာကာ ရယ်ပြလိုက်သည်။
'' မင်းက မင်းဝေစုကို ယူတယ်ပေါ့လေ ''
နဂါးသွေးမြင်းကိုကြည့်ကာ လင်းယွန်သည် ခါးသက်သော အပြုံးဖြင့် ပခုံးတွန့်လိုက်သည်။
အကယ်၍သာ နဂါးသွေးမြင်း၏ အပြုအမူများအပေါ်ဒေါသထွက်ခဲ့ပါက၊ ဤတောအုပ်အတွင်းမှ မထွက်ခင် သူသည် ဒေါသ ထွက်လွန်းသောကြောင့် သေရပေလိမ့်မည်။
ထို့အပြင် နဂါးသွေးမြင်းသည် မြွေအမြီးခြင်္သေ့နှင့် တိုက်ခိုက်ရာတွင် များစွာ အထောက်အကူပြုခဲ့ပြီး သူ့အသက်ကိုပင် ကယ်တင်ပေးခဲ့သည်။
သို့သော်သားရဲအမြုတေ၏ တန်ဖိုးကိုစဉ်းစားမိသွားကာ လင်းယွန်သည် နာကျင်မှုကို မဖြေဖျောက်နိုင်သေးပေ။
မြွေအမြီးခြင်္သေ့နှင့် တိုက်ပွဲအပြီးတွင် သူ့ခန္ဓာကိုယ်တစ်လျှောက် အဝါရောင် စွမ်းအင်များ အရှိန်အဟုန် မပြတ် စီးဆင်း နေဆဲပင်။
'' ငါသာ ကျန်တဲ့အပ်စိုက်မှတ်တွေကို အားဖြည့် သန့်စင်နိုင်သွားရင် ငါ့ရဲ့ စွမ်းအင်လှည့်ပတ်မှုက ပိုအားကောင်းလာမှာပဲ ''
ကောင်းကင်မှ တွဲလောင်းကျလာသော နေရောင်ကို ကြည့်လိုက်ပြီး အတွေးထဲသို့ နစ်မျော ရောက်ရှိ သွားသည်။
လင်းယွန်သည် စိတ်ဝိညာဉ် စုစည်းခြင်း နည်းစနစ်ကို လေ့ကျင့်ပြီးနောက်တွင် ကောင်းကင်နှင့် မြေကြီး ကြားတွင် တည်ရှိ နေသော အခြေခံ စွမ်းအင် များကို ခွဲခြားရှုမြင်နိုင်ခဲ့သည်။
ဥပမာအားဖြင့်ဆိုရသော် တစ်ချိန်တည်းမှာပင် ကွဲပြားခြားနားသော ကျင့်ကြံမှုနည်းစနစ်များသည် မတူညီသော စွမ်းအင် အမျိုးမျိုးထဲ မှနေ၊ လိုက်လျော ညီထွေဖြစ်ပြီး လိုအပ်သော စွမ်းအင် ကိုသာ စုပ်ယူခြင်းသည် ကျင့်ကြံမှုနှုန်းကို ပိုမိုလျင်မြန် စေနိုင်သည်။
ရုတ်တရက်လေထုသည် အပူငွေ့များသိုင်းခြုံလျက် မီးစွမ်းအင်အချို့ကို သယ်ဆောင်လာသည်ကို ခံစားမိလိုက်ရာ လင်းယွန်ကတုန့်ဆိုင်းသွားသည်။
မီးစွမ်းအင်သည် မူလသဘာဝ အခြေခံ စွမ်းအင် ငါးမျိုး ထဲတွင် ပါဝင်ပြီး၊ ၎င်းအား ခန္ဓာကိုယ်မှ စုပ်ယူခြင်းသည် ၀န်ထုပ် ဝန်ပိုး တစ်ခု မဖြစ်နိုင်ပေ။
သို့သော် ထိုအခြေခံ ဒြပ်သဘာဝကို စုပ်ယူရာ ၌လည်း သတိမထား မိပါက ထိခိုက်ဒဏ်ရာ ရပေ လိမ့်မည်။
" ငါသာ မစွန့်စားဘူးဆိုရင်၊ ငါ့ရဲ့ ယန် သန့်စင်ခြင်း နည်းစနစ်နဲ့ ကျန်တဲ့ အပ်စိုက်မှတ် တွေကို သန့်စင်ဖို့က ဘယ်လောက်ကြာမယ် ဆိုတာ ငါမသိနိုင်ဖူး... "
လင်းယွန်အတွက်အချိန်သည် တန်းဖိုးရှိလှသည်။ သူက အသက်(၁၇)နှစ် မတိုင်ခင် ရှန်ရှင်းဘုံအား ဝင်ရောက်နေဖို့ လိုသည်။
ပုံမှန်ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ကြွယ်ဝသော မီးစွမ်းအင်များကို စုပ်ယူရန်မှာမိုက်မဲသော စိတ်ကူး ဖြစ်နေ ဆဲပင်။
သို့သော် သူ၏ ယန်သန့်စင်ခြင်း နည်းစနစ် အောက်၌ ကိုယ်ပိုင်စွမ်းအင် များတွင် မီးဒြပ်သဘာဝများ ထူးကဲစွာ ပြောင်းလဲ ပါဝင် နေရာ၊ ၎င်းသည် မီးစွမ်းအင်များကို စုပ်ယူ ရာတွင် မျှော်လင့်ချက် အနည်းငယ် ရှိနိုင် ပေမည်။
နောက်ဆုံးတော့ ဤသို့သော ဒီလိုနေရာ မျိုးကို ဘယ်အချိန်တွင် ပြန်တွေ့ရ မည်ဆို သည်အား မခန့်မှန်းနိုင်ခဲ့ရာ အခွင့်အရေးအား လက်လွှတ် မခံလိုပေ။
ထို့ကြောင့်ပင် လင်းယွန်က တောအုပ်ကို ဖြတ်၍ ထိုအရင်း အမြစ်များ ထွက်ပေါ် လာရာ ထံသို့ လိုက်လံ ရှာဖွေ ခဲ့သည်။
နောက်နှစ်နာရီကြာပြီးနောက် မီးဒြပ် သဘာဝများ ထွက်ပေါ်နေခဲ့သော နယ်မြေ တစ်ခုအား ရှာဖွေ တွေ့ရှိလိုက်သည်။
ထိုနယ်မြေ၌ သစ်ပင်ကြီးများ ဆိတ်သုန်းနေကာ မီးလောင်တစ်စပြင်ကြီးကဲ့သို လေထုသည် ပူလောင်ကြွပ်ရွနေခဲ့ပြီး ကန္တာရဆူးပင်များ၊ ချုံနွယ်ပင်များနှင့် ပြည့်နှက်နေခဲ့သည်။
ရတနာနယ်မြေဆိုသည်ထက် နွေခေါင်ခေါင် သဲကန္တရာရ တစ်ခု ကဲ့သို့ ပူလောင်ခြောက်သွေ့ နေခဲ့ကာ ၎င်းသည် စွန့်ပစ်နယ်မြေတစ်ခုနှင့်ပင် ပို၍ တူပေသည်။
ထိုဝန်းကျင်၌ အပူဒဏ်ခံနိုင်သည့် အပင်အချို့သာ ပေါက်ရောက်နေသည်။
" ဒီ မှာ ပဲ ။ "
လင်းယွန်က လေထုကိုအက်ကွဲလာစေသည့် အပူရှိန်နှင့်အတူ မီးဒြပ်သဘာဝအရင်းအမြစ် နေရာအား တွေ့ရှိ ခဲ့သော်လည်း၊ သူ့အတွေ့ အကြုံများ အရ၊ ၎င်းနယ်မြေတွင် နတ်ဆိုးသားရဲ အချို့ ရှိနိုင်သည်ကို ခန့်မှန်းမိ သည်ကြောင့်၊ အလျင်အမြန် မလှုပ်ရှားရဲ တောချေ။
အနီးအနားရှိ မြင့်မားသော သစ်ပင်တစ်ပင်ထံသို့ ချည်းကပ် တက်ရောက် လိုက်ကာ၊ ပတ်ဝန်းကျင်အား စစ်ဆေး ငုံ့ကြည့် လိုက်သည်။
" အို့ ငါ့ကောင်းကင်......"
တောင်ကုန်းငယ်တစ်ခုပေါ်တွင် မီးတောက်များကဲ့သို့ အနီရောင် အမွေးများဖြင့် ဖုံးလွှမ်းနေသောနတ်ဆိုးမီးလျှံကျားသည် အိပ်လျက် လောကကြီးကို လျစ်လျူရှုထား လေသည်။
အတိတ်ကာလ၌ နတ်ဆိုးမီးလျှံကျားများနှင့် တိုက်ခိုက်တွေ့ကြုံဖူးသော်လည်း ယခုအကြိမ်တွင် ကူရာကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်း ချလိုက်လေသည်။
၎င်းသည် ဟောင်ရှင်းနယ်ပယ် နတ်ဆိုးသားရဲ များထက် အဆမတန် သန်စွမ်း လွန်သော ရှန်ရှင်းဘုံရောက် နတ်ဆိုးသားရဲ တစ်ကောင်ပင် ဖြစ်ပေ၏။
ယခုအချိန်တွင် ၎င်းနတ်ဆိုးမီးလျှံကျားသည် ကျောက်ဆောင်ပေါ်တွင်လဲလျောင်းကာ အနားယူနေသည်။
အခြားတစ်ဖက်တွင် လင်းယွန်က သစ်ကိုင်းများတစ်လျှောက် တိတ်တဆိတ် ဆင်းသက်လာခဲ့ပြီး၊ နတ်ဆိုးမီးလျှံကျား၏ နယ်မြေအတွင်းမှ လျင်မြန်စွာ ထွက်ခွာလာကာ၊ အန္တရာယ်နှင့် လွတ်ကင်းကြောင်း သေချာပြီဆိုမှသာ ရပ်တန့်လိုက်သည်။
ရုတ်တရက် တောအုပ်အတွင်းမှ နဂါးသွေးမြင်း၏ ခွာသံများ ထွက်ပေါ် လာသည်။ ထိုမြင်း ခွာသံ များကြောင့် ပတ်၀န်း ကျင်၌ ပျံဝဲနေသော ငှက်များသည် အထိတ် တလန့် ဖြစ်သွားကာ ဝေးရာသို့ ပြေးထွက် သွားလေသည်။
ခဏအကြာတွင် နဂါးသွေးမြင်းမှာ အရှိန်အဝါများအား ထုတ်ဖော်ထားလျက် မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာပြီး၊ ထိုအရှိန်အဝါသည်ပင် မြွေအမြီးခြင်္သေ့သားရဲ၏ အမြုတေကိုစားသုံးပြီးနောက် အရင်ကထက် ပို၍ သိပ်သည်းလာခဲ့သည်။
လွန်ခဲ့သော နှစ်လတာ ကာလအတွင်း လင်းယွန်တစ်ယောက် တည်းသည်သာ ကျင့်ကြံမှုလမ်းကြောင်း၌ ပိုမိုကြံ့ခိုင်လာခဲ့ခြင်း မဟုတ်ချေ။
သူနှင့်အတူ နေ့တိုင်း လိုက်ပါ တိုက်ခိုက်ပြီးနောက် နတ်ဆိုးသားရဲအသေကောင်များကို စားသုံးနေသည့် နဂါးသွေးမြင်းသည်လည်း ပို၍ သန်မာလာခဲ့၏။
ယခုအချိန်၌ နဂါးသွေးမြေမှ ထုတ်လွှတ်ထားသော အရှိန်အဝါသည် ဟောင်ရှင်း ဒဿမအဆင့် နတ်ဆိုးသားရဲနှင့် နှိုင်းယှဉ်နိုင်ခဲ့လေပြီ။
" မင်းက ဒီကာလတစ်လျှောက်လုံး လွယ်လွယ်ကူကူနဲ့ နေခဲ့ပြီးပြီ၊ နည်းနည်း ဒုက္ခခံဖို့ အချိန်ကျပြီ။ "
နဂါးသွေးမြင်းက ရှေ့သို့ ရောက်လာသည်နှင့် လင်းယွန်မှာ ကောက်ကျစ်စွာ ပြုံးလိုက်ကာ၊
'' နီလေး .... ငါ့ကို တစ်ခုခုကူညီပါ။ ''
နဂါးသွေးမြင်းသည် အသိဉာဏ်အချို့အား ပိုင်ဆိုင်ထားခဲ့ရာ၊ လင်းယွန်၏ဆိုလိုရင်းကို နားလည်ရန် လက်ဟန်အနည်းငယ်သာ ပြသလိုက်ရသည်။
လင်းယွန်က သူ၏ယုတ်မာသော အကြံ အစည်ကို နဂါးသွေးမြင်းမှ ငြင်းလာ လိမ့်မည်ဟု ကနဦး ခံစားခဲ့ရ သော်လည်း အမှန်တကယ် သဘောတူသည့် အခါ အံ့သြ သွားမိသည်။
ဤနဂါးသွေးမြင်းသည် မိုက်မဲခဲ့သည်လော။
နဂါးသွေးမြင်းက ၎င်း၏ရင်ဘတ်ကို ဂုဏ်ယူစွာ ထရပ်ပြ လိုက်ပြီး နတ်ဆိုး မီးလျှံ ကျား၏ နယ်မြေဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ လေသည်။
'' ခ လောက်....ခွပ်၊.... ခ လောက်....ခွပ် ''
ဖုန်မှုန့်တိမ်တိုက်များသည် လေထုထဲသို့ တက်လာသည်နှင့်၊ နဂါးသွေးမြင်းမှာ နတ်ဆိုးမီးလျှံကျား နယ်မြေအတွင်းသို့ ပြေးဝင်ရောက်ရှိ သွားခဲ့လေပြီ။
သို့သော်လည်း ထိုနတ်ဆိုးမီးလျှံကျားသည် ငြိမ်းချမ်းစွာအိပ်ပျော်နေပြီး၊ မျက်လုံးများ ဖွင့်ရန်ပင် ပျင်းရိနေခဲ့ကာ၊ အဆုံး၌ ၎င်း၏ ရှန်ရှင်းဘုံ အရှိန်အဝါကိုသာ ထုတ်လွှတ် လာခဲ့သည်။
သာမန်နတ်ဆိုးသားရဲများမှာ ထိုအရှိန်အဝါဖြင့်ပင် ထိတ်လန့်တကြား ထွက်ပြေးရန် လုံလောက်ပေသည်။
သို့သော် နဂါးသွေးမြင်းသည် ထိုအရှိန်အဝါအား လျစ်လျူရှုထားကာ ဆက်လက်ပြေးဝင်လာနေသည်ဖြစ်ရာ၊ နတ်ဆိုးမီးလျှံကျားက သူ၏ မျက်လုံးများကို အလိုမကျဟန်ဖြင့် ဖွင့်ကြည့်လိုက်၏။
နဂါးသွေးပါသော မြင်းတစ်ကောင်သည် သူ့ထံသို့ ရူးမိုက်စွာ ပြေးဝင်လာ သည်အား အံသြစွာ တွေ့မြင်လိုက်ရသည်။
'' မိုက် မဲ တဲ့ သား ရဲ ကောင် ''
ပုံမှန်အားဖြင့်ဆိုသော် ထိုသို့သောမိုက်မဲသည့် တိရစ္ဆာန်ကောင်များသည် သူ့အား နှောက်ယှက်ရန် ဝေးစွ၊ မျက်လုံးပင် ဖွင့်ကြည့် လောက်အောင် အဆင့် မရှိခဲ့ချေ။
ထို့ပြင် သက်တမ်းတစ်လျှောက်တွင်၊ နဂါးသွေးမြင်း အများစုကိုလည်း တွေ့မြင်ထား ဖူးရာ၊ ထိုမြင်းများ အားလုံးသည်ပင် သူ့အား မြင်သည်နှင့် တုန်လှုပ်သွားကြ ဆဲပင်။
ထို့ကြောင့်ပင် ဤနဂါးသွေးမြင်းပေါက်သည် ရူးသွပ်မိုက်မဲ နေသည်လော။ သို့မဟုတ် တစ်ကောင် တမြီးကြောင့် အသဲကွဲလာကာ ရူးရူး မိုက်မိုက် သက်သေချင် နေခဲ့သည်လော။
ရှန်ရှင်းဘုံသို့ တက်ရောက်ပြီး နောက်တွင် နတ်ဆိုး မီးလျှံကျား၏ အသိညာဏ်မှာ ဖွံ့ဖြိုး လာခဲ့ သောကြောင့်၊ သူက နဂါးသွေး မြင်းအား ကြည့်ကာ ခွဲခြမ်းစိတ်ဖြာ နေခဲ့ပြီး သံသယ ဖြစ်ဖွယ်ရာ များကို ရှာဖွေနေခဲ့လေသည်။
(ဒါက ထောင်ချောက်လား။)
နတ်ဆိုးမီးလျှံ ကျားမှာ အဖြေတစ်ခုအား တွက်ထုတ် နိုင်ခဲ့ သည်နှင့်၊ ဝမ်းသာအားရ ဂုဏ်ယူမည့် အသွင် ပြလိုက် သော်လည်း၊ ထိုနဂါးသွေး မြင်းက လျင်မြန်စွာ ရောက်ရှိ လာ ခဲ့ပြီး၊ သူ၏ တင်ပါးအား နောက်ခြေဖြင့် လှည့်ကန် လိုက် လေသည်။
'' ဟီး.... ဟီး ဟီး ''
နတ်ဆိုး မီးလျှံကျားက သူ့တင်ပါးအား တကယ်ပင် အကန် ခံခဲ့ လိုက်ရသည့် အတွက် ပြင်းစွာ အော်ဟစ် လိုက်လေသည်။
'' နိမ့်ကျတဲ့ သား ရဲ မိုက် ''
နတ်ဆိုးမီးလျှံကျား၏ မတုန်မလှုပ်ငြိမ်သက်နေမှုကြောင့် နဂါးသွေးမြင်းမှာ စိတ်မရှည် ဟန်ဖြင့် နောက်ထပ် ကန်ချက် တစ်ချက်ကို ထပ်မံ ပေးအပ်လိုက် ပြန်သည်။
'' ဖုန်း........ ''
ထိုကန်ချက်သည် ယခင်ကထက် ပိုမိုပြင်းထန်လာပြီး၊ ၎င်းလုပ်ရပ်သည် နတ်ဆိုးမီးလျှံကျား၏ နှလုံးသား၌ ပေါက်ကွဲနာကျင်သွားစေသည်။
၎င်းသည် အိပ်မက်မဟုတ်သည်မှာ သိသာထင်ရှားခဲ့ပြီး၊ နဂါးသွေးမြင်းသည် သူ၏ တင်ပါးအား နှစ်ကြိမ်တိတိ ကန်လာကာ သက်သေ ပြခဲ့လေသည်။
ဒေါသကြောင့် ဟိန်းသံပင် ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပဲ နဂါးသွေးမြင်းထံသို့ ခုန်အုပ်လိုက်မိ၏။
( ငါမင်းကို သတ်ရမှ ကျေနပ်မယ် ခွေးကောင်.. အဲ့ မြင်းကောင် )
နတ်ဆိုးမီးလျှံကျားမှာ ဒေါသတကြီး ပြေးဝင် အော်ဟစ်နေစဉ်တွင် ၎င်း၏ အမွေးများသည် မီးတောက်များကဲ့သို့ ရဲရဲနီလျက် လောင်ကျွမ်း တောက်ပလာ လေသည်။
ထိုအရှိန်အဝါသည် မိုင်တစ်သောင်း ပတ်၀န်းကျင်အတွင်းရှိ နတ်ဆိုးသားရဲများအား ထိတ်လန့်စေနိုင်သော သတ်ဖြတ်လိုသည့် ဆန္ဒများကပ်ညိပါဝင် နေ၏။
သို့သော်လည်း နဂါးသွေးပါသောမြင်းသည် ပြေးထွက်သွားပြီး နတ်ဆိုးမီးလျှံကျားအား ပြုံးပြလျက် ရန်စလိုက်လေသည်။
နတ်ဆိုးမီးလျှံကျားသည် ဒေါသတကြီး ခြိမ်းခြောက် အော်ဟစ် နေသော်လည်း၊ ၎င်းမြင်းကောင်သည် လှောင်ပြောင်ပြုံးပြလိုက်ပြီး၊ နတ်ဆိုး မီးလျှံ ကျားအား တော၏ အဆုံးသို့ ဦးဆောင် မျှားခေါ် ပြေးလွှားနေခဲ့ လေပြီ။
ထိုသားရဲများ ပျောက်ကွယ်သွားသည်နှင့် အပြာရောင် လူရိပ်တစ်ရိပ်မှာ ပျံဝဲသွားပြီး နတ်ဆိုးမီးလျှံကျားလဲလျောင်းအိပ်စက်ရာ ကျောက်တုံးကြီးပေါ်သို့ ဆင်းသက်လာခဲ့သည်။ ထိုလူရိပ်မှာ လင်းယွန်ဖြစ်ပြီး ၊ သူကနဂါးသွေးမြင်း ပြေးထွက်သွားရာအရပ်သို့ မျှော်ကြည့်လျက်မှ၊
'' ဒီ မြင်းမိုက်က ကောက်ကျစ် ယုတ်မာ လိုက်တာ၊ ဒါပေမယ့် သူက အားကိုးရတဲ့ အရူး ကောင်ပဲ .."
***