သေခြင်းမှလွတ်မြောက်ခြင်း။
Vol. 5 Ch. 69
လင်းယွန်သည်သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ခဏအကြာတွင် ခြေထောက်အောက်ရှိ ကျောက်တုံးကြီးအား စစ်ဆေးနေခဲ့သည်။
သူ၏ခန္ဓာကိုယ် အတွင်းသို့ အပူစွမ်းအင် များသည် စုပ်ယူစရာ မလိုဘဲ စိမ့်ဝင်စီးဆင်း လာကာ၊ သက်တောင့် သက်သာ ဖြစ်စေသော ခံစားချက်ကို ဖြစ်ပေါ်လာစေသည်။
'' နတ်ဆိုးမီးလျှံကျားက ဒီမှာအိပ်နေတာ အံ့သြစရာမရှိဖူးပဲ ''
ယခုအချိန်တွင်လင်းယွန်သည် အိပ်စက်ခြင်းဖြင့်နတ်ဆိုးမီးလျှံကျားမှာ အဘယ်ကြောင့်အစွမ်းထက်လာသည်ကို နောက်ဆုံး၌နားလည်လိုက်သည်။
အိပ်စက်ခြင်းဖြင့် ကျင့်ကြံမှုများ ကြီးထွားလာမည်ဆိုပါလျှင် ထိုသူသည်မည်သို့ လုပ်ဆောင်ချက်များ လိုအပ်လိမ့်မည်နည်း။
နတ်ဆိုးသားရဲများသည် လူသားကျင့်ကြံ သူများ ကဲ့သို့၊ မည်သည့် နည်းစနစ်ကိုမျှ မသိရှိ ထားကာ၊ သူတို့က ပတ်ဝန်းကျင်ရှိ စွမ်းအင် များအား ခန္ဓာကိုယ် အတွင်းသို့ အလို အလျောက် စီးဝင် ခြင်းဖြင့် သန်စွမ်း လာကြရာ၊ ၎င်းသည်ပင် ကျင့်ကြံခြင်း မည်ပေ၏။
ခဏအကြာတွင် လင်းယွန်သည် ကျောက်ဆောင်ပေါ်တွင်ထိုင်ကာ ယန်သန့်စင်ခြင်းနည်းစနစ်ကို စတင်ဖြန့်ဝေလိုက်သည်။
စက္ကန့်ပိုင်းအတွင်း ကျောက်တုံးကြီးထံမှ အဆုံးမဲ့မီးစွမ်းအင်များ သူ့ခန္ဓာကိုယ်အတွင်းသို့ တိုး၀င်လာသည်ကို ခံစားလိုက်နိုင်သည်။
ထိုသို့ပြင်းထန်သော မီးစွမ်းအင်များ စီးဝင်လာခြင်း နှင့်အတူ၊ ယန်သန့်စင်ခြင်း နည်းစနစ်၏ လမ်းညွှန်မှု အောက်၌၊ ခန္ဓာကိုယ် အစိတ် အပိုင်း များက၊ ဖယောင်းချက်များ ကဲ့သို့ အသစ်သစ်သော ဖွဲ့စည်းမှုများ ဖြစ်ပေါ်လာ သည်အထိ သွန်းလောင်း ခံနေရသည်။
ကြွက်သားမျှင်များနှင့် တစ်သျှူးများ လောင်ကျွမ်းခံရခြင်းနှင့်အတူ နာကျင်မှုသည် အရိုးအတွင်း အထိပါ ကူးစက်လာ ခဲ့သည်။
သို့သော် ထိုနာကျင်မှုအား လျစ်လျူရှုထားကာ သတိအပြည့်ဖြင့်၊ ပြည့်လျှံနေသော စွမ်းအင်များမှ မတော်တဆ ပေါက်ကွဲမှုများ ဖြစ်ပေါ်မလာစေရန် စက္ကန့်မလပ် စောင့်ကြည့် နေရ၏။
'' အာ့....''
ထိုနာကျင်မှုသည် ရုတ်တရက် သူ၏ အာရုံကို ပျက်ပြားစေကာ တိမ်းစောင်းမှု အနည်းငယ်ကြောင့်၊ သွေးတပွက် အန်ထွက် လာသည်။
၎င်းသည် သူ၏ ခံနိုင်ရည်အား ကျော်လွန်နေခဲ့ပြီ ဖြစ်ရာ၊ ချက်ချင်းပင် ကျောက်ဆောင် ပေါ်မှ ခုန်ဆင်း လိုက်သော် ငြားလည်း၊ လင်းယွန်၏ နှလုံးသားမှာ သူ့ဆန္ဒ များအား ငြင်းဆန် နေခဲ့ကာ၊ အကြောင်း ပြချက်များ ပို့လွှတ်လာခဲ့၏။
ဤနာကျင်မှုလေးကိုမျှ သည်းမခံနိုင်ခဲ့ပါက၊ အနာဂတ်တွင် ကျရောက်လာနိုင်မည့် အခက်အခဲများအား မည်သို့ဖြေရှင်း နိုင်မည်နည်း။
(ငါ ....နောက်တစ်ကြိမ် လုပ်ရ မယ်... )
ခဏအကြာတွင် ချွေးပေါက်များမှတဆင့် အခိုးအငွေ့များ ထွက်လာသည့် အခိုက် အတန့်တွင်၊ ငယ်ရွယ်နုပျိုသော မျက်နှာမှာ နေရောင်ခြည် အောက်၌ တုန်ယင်နေခဲ့ပြီး၊ မမျှော်မှန်းနိုင်သော နာကျင်မှုများအား အံကြိတ် ခုခံနေရလေသည်။
သူ၏အတွင်းပိုင်း စွမ်းအင်များမှာ ယန်သန့်စင်ခြင်း အကူအညီနှင့်အတူ၊ သဘာဝ မီးစွမ်းအင်များဖြင့် တရွေ့ရွေ့ အသားကျ လာကာ၊ အတွင်းပိုင်း အပူရှိန်များအား လျော့ကျလာ စေသည်။
လင်းယွန်၏ ခန္ဓာကိုယ်သည် မည်သည့် ဒြပ်စင် ကိုမျှ၊ အထူးပြု ဖွဲ့စည်းထားခြင်း မဟုတ် ခဲ့သည် ဖြစ်ရာ၊ သူက သဘာဝတရားကြီး ထံမှ မည်သည့် စွမ်းအင်ကို မဆို စုပ်ယူ သန့်စင် နိုင်သော်လည်း၊ ၎င်းသည် နှေးကွေး လေးလံ စေ၏။
ဥပမာအားဖြင့် ဆိုသော် မီးစွမ်းအင် အထူးပြု ခန္ဓာကိုယ် ဖွဲ့စည်းပုံများနှင့်ယှဉ်ပါက၊ လင်းယွန်၏ စုပ်ယူသန့်စင် နှုန်းမှာ၊ ဟာသ တစ်ခု သဖွယ် ဖြစ်နေပေမည်။
ထို့ကြောင့်ပင် သူ့ကဲ့သို့သော ခန္ဓာကိုယ် ဖွဲ့စည်းပုံများသည် စွမ်းအင်ကျင့်ကြံရာ၌ အမှိုက်ခန္ဓာကိုယ်များ အဖြစ်သာ သတ်မှတ်ထား ကြ၏။
အတွင်းပိုင်း စွမ်းအင် စီးဆင်းမှုများ ပိုမို အားကောင်းလာသည် နှင့်အမျှ အပူချိန်မှာ လျောကျလာကာ သက်တောင့်သက်သာ ဖြစ်လာ လေသည်။
တတိယအကြိမ်မြောက် စွမ်းအင် စီးဆင်း မှုသည်၊ သွေးလွှတ်ကြောများမှ တဆင့် သွေးပြန်ကြော များသို့ ဝင်ရောက်ကာ 'စ'မှတ် ပြန် အရောက်တွင်၊ သူ၏ အခြေအနေမှာ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
အတွင်းပိုင်းစွမ်းအင်များတွင် မီးဒြပ်သဘာဝများ ပေါင်းစပ်ပါဝင်နေခဲ့ပြီး၊ ၎င်းသည် အဝါရောင် မီးတောက်များအား တဖျစ်ဖျစ် မည်နေစေ၏။
ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်လာသော မီးစွမ်းအင်များသည် ပိုမိုအားကောင်းလာ သည်နှင့် အမျှ၊ အဝါအရောင်ဖျော့ဖျော့မှ တဆင့် ရွှေဝါရောင်သို့ ပြောင်းလဲ သွား၏။
၎င်းစွမ်းအင်များမှာ လင်းယွန်အား ဗဟိုပြုလျက်၊ မိုင်လေးရာ ပတ်လည်အား လွှမ်းခြုံ ထားသော ရွှေဝါရောင် ထီးတစ်လက် အဖြစ် ထွက်ပေါ် လာလေသည်။
ထိုရွှေဝါရောင်ထီးကြီးသည် မြေပြင်သို့ တရိပ်ရိပ် ကျဆင်းလာပြီး၊ မြေကြီးနှင့် ထိလိုက် သောအခါ ချက်ချင်းပင် မီးစွဲလောင်သွား၏။
ထို့နောက်တွင် မီတာတစ်ရာအတွင်း၌ မီးလျှံများ ဖုံးလွှမ်းသွား လေသည်။
" ဘာစွမ်းအားကြီးလဲ...."
နာရီဝက်အကြာတွင် ထိုမီးပင်လယ်ကြီး အတွင်းရှိ၊ လင်းယွန်၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအင် များမှာ၊ တစ်စထက်တစ်စ မြှင့်တက် လာပြီး၊ လင်းယွန်အား ပို၍အံ့သြတုန်လှုပ် သွားစေသည်။
'' ............ ''
ရွှေဝါရောင်ထီးစက်ဝန်းကြီး ငြိမ်သက်သွား ပြီးနောက်၊ နာကျင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ် သွားသည် နှင့်အမျှ၊ သူ၏ ကြွက်သား မျှင်များ ထဲသို့ မီးဒြပ်စင်များ ပေါင်းစပ် သွားလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်သည် မီးလူသားတစ်ဦး ကဲ့သို့ အပူရှိန်များ တလျှံလျှံ ထွက်ပေါ် နေခဲ့သည်။
'' ကြည့်ရတာတော့ ဒီယန်သန့်စင်ခြင်း နည်းစနစ်က ထင်သလောက် မရိုးရှင်းဖူးပဲ၊ ငါ့လို အမှိုက်ခန္ဓာကိုယ် တစ်ခုကို ခုလောက်အထိ အကျိုး အမြတ် ရရှိ စေတာ ကိုက၊ ... ကောင်းကင်ကို အန်တု နေပြီ မဟုတ်လား...''
လင်းယွန်က သူ၏အောင်မြင်မှုများအပေါ် ကျေနပ်အားရနေစဉ် ရုတ်တရက် တစ်စုံ တစ်ခုအား သတိရသွားခဲ့သည်။
သူ၏ယန်သန့်စင်ခြင်းနည်းစနစ်သည် ရှန်ရှင်းအဆင့်၌ ဒုတိယအဆင့်သို့ ရောက်ရှိ သွားခဲ့ လေပြီ၊ ထိုစက္ကန့်ပိုင်းအတွင်းတွင် ရွှေဝါရောင်သို့ ကူးပြောင်းသွားသော စွမ်းအင် များအား ထုတ်ဖော် အသုံးပြုကာ၊ ကျန်ရှိ နေသော အပ်စိုက်မှတ် များကို အားဖြည့် သန့်စင် လိုက် လေသည်။
'' အိုး......... ''
စက္ကန့်အနည်းငယ်အကြာတွင် လင်းယွန်က မယုံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်မိ၏။
ထိုအော်ဟစ်သံမှာ သူ၏ အပ်စိုက်မှတ် များမှာ၊ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိ သွားသောကြောင့် ဖြစ်ပေသည်။
၎င်းသည် ရှန်ရှင်းဘုံ ပထမအဆင့်၌သာ ထိုရလာဒ်မျိုးရရှိရန် လုပ်ဆောင်နိုင်မည် ဖြစ်သော် ငြားလည်း၊ သူက ဟောင်ရှင်း အဆင့် ၌ပင် လုပ်ဆောင်နိုင်ခဲ့ လေသည်။
ဥပမာအားဖြင့်ဆိုရသော် ဟောင်ရှင်း နယ်ပယ်၌ ခန္ဓာကိုယ် သန့်စင်ခြင်း များသည် အစစ်အမှန် သန့်စင်နိုင်ခြင်း မရှိပဲ၊ ၎င်းတို့အား ချဲ့ထွင်ခြင်း၊ ပြုပြင်ခြင်းနှင့် အားဖြည့်ခြင်းတို့ ဖြစ်၏။
ထိုသို့ပြုလုပ်ရခြင်းသည် ရှန်ရှင်း နယ်ပယ်တွင် အပြီးသတ်သန့်စင်ခြင်းများ၌ အကူအညီဖြစ်စေရန်၊ ကနဦး လုပ်ဆောင်ချက် များသာ ဖြစ်ပေသည်။
တစ်စုံတစ်ယောက်သည် သူ၏အပ်စိုက်မှတ် များကို ပြီးပြည့်စုံအောင် သန့်စင်လိုပါက၊ သူ၏ ကျင့်ကြံမှု အဆင့်မှာ ရှန်ရှင်းဘုံ ပထမအဆင့်၌ ရှိရ ပေမည်။
ယုတ္တိဗေဒနည်းအရဆိုလျှင် လင်းယွန်သည် သူ၏အပ်စိုက်မှတ်များအား ရှန်ရှင်းဘုံပထမ အဆင့် ရောက်မှသာ၊ ၎င်းကို အပြီးသတ် သန့်စင်နိုင် သင့်သည်။
ထိုကြောင့် ၎င်းဖြစ်စဉ်သည် လင်းယွန်၏ သိမြင်နိုင်စွမ်းထက် ကျော်လွန် နေခဲ့ပေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး၊ နောက်ထပ် တစ်နာရီအကြာတွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
ထိုပေါက်ကွဲမှုသည် ဒွါရခွန်နှစ်ပါး ဆေးလုံးများ၏ စွမ်းအင်အကြွင်း အကျန်များ ကြောင့်ပင် ဖြစ်ပေသည်။
ဒွါရခွန်နှစ်ပါး ဆေးလုံး များ၏ နောက်ဆုံး စွမ်းအင်များ ပေါက်ကွဲအားဖြည့်လာမှု အောက်တွင် သူ၏ ကျင့်ကြံမှု သည်လည်း မယုံနိုင် လောက်သော အမြန်နှုန်းဖြင့် ကြီးထွား လာခဲ့သည်။
၎င်းဖြစ်စဉ်မှာ လင်းယွန်၏ ကျင့်ကြံမှုအဆင့်အား အကန့်အသတ်အထိ တွန်းပို့ လိုက်လေသည်။
တစ်ဆက်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသောအာရုံတစ်ခု ရုတ်တရက် မြင့်တက်လာသည်ကို ခံစား လိုက်ရ ၏။
'' ဖုန်း ....... ''
စွမ်းအင်နှင့်တကွ ခန္ဓာကိုယ် အစိတ်အပိုင်း များအား သန့်စင်ခြင်းမှ ရရှိလာသော အဆီ အနှစ် များသည်၊ အတူ တကွ ပေါင်းစည်း သွားသောအခါ၊ ၎င်းသည် ဒါန်တမ်အတွင်း၌ တောက်ပသော စွမ်းအင် အစိုင်အခဲတစ်ခု ဖြစ်တည်လာသည်။
ရှန်ရှင်းမျိုးစေ့ ။
တစ်စုံတစ်ယောက်သည် ဟောင်ရှင်းဒဿမ အဆင့်၌ ရှန်ရှင်းမျိုးစေ့အား သန့်စင်နိုင်ပြီး၊ ၎င်းသည် ရှန်ရှင်း တပိုင်း စွမ်းအားကို ထုတ်ဖော်နိုင် ပေမည်။
ဤသို့ဆိုပါက လင်းယွန်သည် ဟောင်းရှင်း ဒဿမ အဆင့်သို့ ရောက်ရှိရန် အချိန် အနည်းငယ်သာ လိုပေတော့မည်။
သို့သော် သူ၏ရှန်ရှင်းမျိုးစေ့သည် ယန်သန့်စင်ခြင်း နည်းစနစ်အောက်၌ ပြီးပြည့်စုံသော သန့်စင်မှုဖြစ်လာခဲ့ ပေပြီ။
သူဌေးတုံ၏ ပြောပြချက်များအရ ဟောင်းရှင်း နဝမအဆင့်အထွတ်အထိပ်တွင် ရှန်ရှင်း မျိုးစေ့အား ဖွဲ့တည်ရုံသာ ဖြစ်တည် နိုင်ပြီး၊ ဒဿမအဆင့်၌ တွင်သာ ၎င်းမျိုးစေ့အား ကျစ်လစ် သိပ်သည်းအောင် သန့်စင်နိုင်ပေမည်။
ထိုဖြစ်စဉ်သည် တရားသေစည်းမျဉ်းတစ်ခု ဖြစ်ခဲ့သော်လည်း၊ လင်းယွန်က ၎င်းစည်း မျဉ်းအား ချိုးဖြတ်ကာ၊ ဒွါရခွန်နှစ်ပါး သန့်စင်ခြင်း ဆေးလုံး အကူအညီဖြင့်၊ ဟောင်ရှင်း နဝမ အဆင့်၌ပင် ရှန်ရှင်း မျိုးစေ့အား အပြီးသတ် သန့်စင် လာနိုင်၏။
နောက်ဆုံးတော့ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်းဆေးလုံးများသည် မည်မျှတန်းဖိုး ရှိခဲ့ သည်ကို ခံစားလိုက်မိပြီးနောက်၊ သူက ဆုစီယာအား သတိရသွားမိသည်။
သို့သော် ယခုအချိန်တွင် သူကမပျော်နိုင်ခဲ့ပဲ၊ ဒုက္ခနှင့်ရင်ဆိုင်နေရလေသည်။ ရှန်ရှင်း မျိုးစေ့အား ဖွဲ့တည်ပြီးနောက်၊ လိုအပ်သော စွမ်းအင် ပမာဏအား ထပ်မံဖြည့်စွက်ရန် အတွက်၊ ယန်သန့်စင်ခြင်း နည်းစနစ်၏ ဒုတိယ အဆင့်အား ထုတ်ဖော်လျက်၊ မြောက်များ စွာသော မီးစွမ်းအင်များကို စုပ်ယူနေမိ၏။
တနည်းအားဖြင့်ဆိုသော် ရှန်ရှင်း မျိုးစေ့ ဆိုသည်မှာ ချီစွမ်းအင်များအား ဒါန်တမ် အတွင်းသို့ အစိုင်အခဲ ပုံသဏ္ဍာန် အဖြစ် ပြောင်းလဲစုဆောင်းခြင်းပင် ဖြစ်သည်။
ထိုသို့စုဆောင်းခြင်းမပြုမီ ခန္ဓာကိုယ် အစိတ်အပိုင်း များအား စွမ်းအင်များ လိုအပ်ခြင်း မရှိတော့သည် အထိ ဖြည့်စွက် ပေးထားဖို့ လိုပေသည်။
ထို့ကြောင့်ပင် ဟောင်ရှင်းနယ်ပယ်တွင် ခန္ဓာကိုယ်ပြုပြင်ခြင်းအား အသားပေးကျင့်ကြံရ ပေရာ၊ ၎င်းအား အခြေခံတည်ဆောက်ခြင်း နယ်ပယ် (သို့) ဟောင်ရှင်းနယ်ပယ်ဟု ခေါ်တွင် ရခြင်း မည်၏။
ယန်သန့်စင်ခြင်း ဒုတိယအဆင့်သည် ပထမအဆင့်ထက်အဆများစွာ သန်မာနေခဲ့ပြီး၊ စုပ်ယူမှုနှုန်းသည်လည်း ထိတ်လန့်စရာ ကောင်းသော အဟုန်သို့ ရောက်ရှိသွားသည်။
တစ်စုံတစ်ယောက်သည် ထိုဖြစ်စဉ်ကို မြင်တွေ့ မိပါက လင်းယွန်အား ရှန်ရှင်း သိုင်းသမား တစ်ယောက် အဖြစ် ရှုမြင်သွားနိုင် ပေမည်။
လင်းယွန်က စွမ်းအင်ကျင့်ကြံခြင်းတွင် နစ်မျောနေရာမှ ပုံမှန်မဟုတ်သော အခြေအနေ များကြောင့် ပြန်လည် နှိုးထလာသည်။
တစ်စုံတစ်ယောက်သည် သူ့အား စောင့်ကြည့်နေသကဲ့သို့ ခံစားချက်များ ဖြစ်ပေါ် နေခဲ့သော်လည်း ပတ်ဝန်းကျင်မှာ တိတ်ဆိတ် ငြိမ်သက် နေဆဲပင်။
" .....ဘာဖြစ်နေတာလဲ "
ရုတ်တရက် ယန်သန့်စင်ခြင်းနည်းစနစ်အား လင်းယွန်က ရပ်တန့်လိုက်သော်ငြားလည်း၊ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်စီးဝင်လာမှုသည် ရပ်တန့်သွားခြင်း မရှိခဲ့ချေ။
နေရာတိုင်းမှ မီးစွမ်းအင်များသည် အလုအယက် တိုးဝင်နေခဲ့ပြီး၊ ၎င်းတို့သည် ရပ်တန့် လျော့နည်းလာခြင်းမရှိကာ၊ မည်မျှပင် ကြိုးစားစေကာမူ အချည်းနှီးပင် ဖြစ်သွားလေသည်။
အသက်တရှိုက်စာအတွင်း မီးစွမ်းအင်များ လျင်မြန်စွာ အတောမသတ် တိုးဝင်လာမှုသည်၊ လင်းယွန်အား လောင်ကျွမ်း လုနီးပါး ဖြစ်သွား ကာ၊ သူက မီးနှင့် ကစားမိသည့် အကျိုးဆက် များကို ရင်ဆိုင်လိုက်ရသည်။
လက်ရှိ အခြေအနေ၌ သူ့ကံကြမ္မာအား ရပ်တန့်စောင့်ကြည့်နိုင်ရုံသာ ရှိတော့၏။
'' .............. ''
သို့သော် သူ့အား မီးစွမ်းအင်များ ဝါးမျို တော့မည့် အချိန်၌ မမျှော် လင့်သော အရာ တစ်ခု ဖြစ်ပွား လာခဲ့သည်။
ထိုအရာသည် လင်းယွန်ဘေး၌ ရှိသော ရှေးဟောင်းဓားသေတ္တာပေါ်မှ သံချေးများ စတင်ကွဲ ထွက်လာ ခဲ့ခြင်းပင် ဖြစ်လေ၏။
'' အိုး.....ဒါက ''
နောက်အခိုက်အတန့်တွင် လင်းယွန်ထံ တိုးဝင်လာသည့် မီးစွမ်းအင်များအားလုံးသည် ရှေးဟောင်းဓားသေတ္တာထံသို့ တိုးဝင် ပျောက်ကွယ်သွား၏။
၎င်းသည် အချိန်ကြာမြင့်စွာဖြစ်ပွားခဲ့ပြီး ရှေးဟောင်းဓားသေတ္တာပေါ် ရှိ သံချေးများမှာ တစ်စတစ်စကွဲထွက်နေခဲ့သည်။
ရှေးဟောင်းဓားသေတ္တာသည် လင်းယွန်၏ခန္ဓာကိုယ်မှ သန့်စင်ပြီးသား မီးစွမ်းအင်ပေါင်းများစွာကို စုပ်ယူခဲ့သော်လည်း၊ ၎င်းသည် သူ့အတွက် လုံလောက်သည့်ဟန် မရှိကာ၊ ထိုအရင်းအမြစ်များထံမှ တိုက်ရိုက်စုပ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ခဏအတွင်းမှာပင် မီတာထောင်ပေါင်း များစွာသော မီးစွမ်းအင် အရှိန်အဝါများသည် လျင်မြန်စွာ ပျောက်ကွယ် သွား၏။
နောက်ဆုံး စွမ်းအင် စီးကြောင်း များမှ တဆင့်၊ ရဲရဲနီနေသော မီးအမြုတေ တစ်ခုသည် မြေပြင်မှ အက်ကွဲ လွင့်စင် လာပေရာ၊ ဓါးသေတ္တာက အလော တကြီး စုပ်ယူ သွားလိုက် လေသည်။
'' ခ ရစ်....''
ထို့နောက်တွင် ဓားသေတ္တာသည် လုံးလုံးလျားလျား အသွင်ပြောင်းလဲ တောက်ပ လာ ပြီးနောက်၊ သူ၏ နောက်ဆုံး သံချေး လွှာကို ပေါက်ကွဲ ထွက်သွား စေခဲ့၏။
၎င်းအပြင် လင်းယွန် သည်ပင် အရေ ပြားများ စတင်ကွဲထွက်လာ သည်နှင့်အမျှ ကြွက်သား မျှင်များ၊ တစ်သျှူးများ ထွက်ပေါ် လာလေသည်။
ထိုမီးစွမ်းအင်မှာ သူ့ခန္ဓာကိုယ်ရှိအညစ် အကြေးများကို ဖယ်ရှား ပေးခဲ့ကာ၊ အသားအရေအား ကြည်လင် တောက်ပလာ စေသည်။
ထို့အပြင် သူ၏နဖူးပေါ်ရှိ ခရမ်းရောင်ကျွန်အမှတ်အသားသည်ပင် ပို၍တောက်ပလာကာ၊ တစ်စုံတစ်ရာသော ခန့်ထည်မှုကို ပေးစွမ်းနေခဲ့လေသည်။
ရုတ်တရက်အဝေးမှ မြင်းခွာသံ များကြောင့် လင်းယွန်က အဝတ်အစား တစ်စုံအား လျင်မြန်စွာ ဝတ်ဆင်လိုက် ရသည်။
'' ခ လောက် ခွပ်.... ခလောက်ခွပ် ''
နဂါးသွေးမြင်းသည် အနီရောင်အလင်းတန်း သဖွယ် လျင်မြန်စွာ ပြေးဝင် လာခဲ့ လေသည်။ ၎င်း၏ မျက်ဝန်း များတွင် လင်းယွန်အား သူပြန် လာပြီဟု ဝမ်းသာ အားရ ထုတ်ဖော် ပြသနေခဲ့၏။
ထိုအမူ အရာကြောင့် လင်းယွန်က တစ်စုံ တစ်ရာအား သံသယ ဖြစ်သွားကာ၊
" မြင်းမိုက်၊ မင်းဘာလို့ ဒီလောက်ပျော် နေရတာလဲ ... "
ဟု မေးမြန်း လိုက်၏။
နောက်အခိုက် အတန့်၌ နဂါးသွေးမြင်း၏ အပြုံးအား အဓိပ္ပါယ် ရှိလာစေသော သက်သေ ပြချက် တစ်ခု အဖြစ်၊ ရှန်ရှင်း အရှိန်အဝါများ နှင့်အတူ နတ်ဆိုးမီးလျှံ ကျားအား တွေ့ လိုက် ရလေသည်။
" အ ယုတ် တ မာ ကောင် "
လင်းယွန်၏ ထိတ်လန့်တကြား ကျိန်ဆဲလိုက်သံကြောင့် နဂါးသွေးမြင်းမှာ ကျေနပ်သွားဟန်ဖြင့် 'တဟီးဟီး' အော်ဟစ် လိုက်၏။
ထိုအယုတ်တမာ မြင်းကောင်သည် သူ့အား ပြန်လည် လက်စား ချေခဲ့ လေပြီ။
ထို့နောက်တွင် လင်းယွန်က ဓါးသေတ္တာအား အလျင်အမြန် ထမ်းပိုးလျက် နဂါးသွေး မြင်း ရှေ့မှ နေကာ၊ စတင် ပြေလွှား လိုက်လေ တော့သည်။
***