ဒီအရူးနဲ့တော့ ငါပါရူးတော့မယ်။
Vol. 5 Ch. 70
'' ပြေး ''
မြင်းတစ်ကောင်နှင့်လူတစ်ယောက်သည် ပန်းဝင်ခါနီးအပြေးသမားများကဲ့သို့ အားသွန်ခွန်စိုက်ပြေးလွှားနေကြသည်။
နတ်ဆိုးမီးလျှံကျားသည် ရှန်ရှင်းပထမ အဆင့်၌ ရှိနေကာ ဟောင်ရှင်း သိုင်းသမားများ အဖို့ ရင်ဆိုင်ရန် နည်းလမ်းမရှိချေ။
ဟောင်ရှင်းဘုံနှင့်ရှန်ရှင်းဘုံသည် ကြီးမားသောခြားနားချက်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် လင်းယွန်သည် အသက်လုကာ ပြေးနေမိ၏။
ပြေးလမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲများကိုကြည့်ကာ အံကြိတ် ထားမိသည်။ ယခုအချိန်၌ နတ်ဆိုးမီးလျှံကျား သည်သာ လိုက်ပါလာခြင်း မရှိပါက၊ ၎င်းတို့အား သတ်ဖြတ် ရိတ်သိမ်း မိပေမည်။
'' ဝေါင်း ....... ''
အခြားတစ်ဖက်တွင် နတ်ဆိုးမီးလျှံ ကျားသည် ၎င်း၏ ပိုင်နက်အား လှည့်ပတ် အကဲခတ် လိုက်ရာ ပျောက်ဆုံး သွားသည့် မီးစွမ်းအင် များကြောင့် ရင်ကွဲလုမတက် ဒေါသတကြီး ကြုံးဝါး အော်ဟစ် လိုက်လေသည်။ ထိုဟိန်းဟောက်သံသည် မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွာ၏။
'' ငါ့ရဲ့ ရတနာနယ်မြေ.....အား..၊ ခွေး ခွေးမြင်း...ကောက်ကျစ်ယုတ်မာတဲ့၊ ခွေးသွေး ပါတဲ့ မြင်းကောင်၊ ... မင်းလွတ်အောင်ပြေး ''
ရုတ်တရက် သစ်ပင်များပြိုလဲကျ သံများကြောင့် လင်းယွန်က လည်ပြန်ငဲ့ ကြည့်လိုက်ရာ၊ နတ်ဆိုးမီးလျှံကျားသည် ဒေါသဖြင့် မီးညွှန့်များ မှုတ်ထုတ်လိုက်သည်ကို တွေ့မြင်လိုက်ရ၏။
၎င်းသည် သူ၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းစေသော၊ နဂါးတစ်ကောင်မှ မီးမှုတ်လိုက်ခြင်းနှင့်တူ ပေ၏။
'' ဝုန်း.... ရွှီး ''
ထိုမီးတောက်များသည် အရှိန်အဟုန် ပြင်းစွာဖြင့် သူ့ထံသို့ တိုးဝင်ရောက်ရှိလာ တော့မည်ကို သိမြင်သောအခါ၊ လင်းယွန်သည် ချက်ချင်းဆို သလိုပင် မီးတောက်များနှင့် လွတ်ရာသို့ ဘေးတိုက်လှိမ့်ရှောင်လိုက်ရ၏။
'' ................. ''
မြေကြီးတုန်ခါလှိုင်းများနှင့်အတူ ထိုမီးတောက်သည် ရှေ့သို့ကျော်လွန်သွားခဲ့ပြီး၊ သူ့အကန့်အသတ်ရောက်သည်နှင့် ပေါက်ကွဲ လောင်ကျွမ်းသွား လေရာ၊ လင်းယွန်သည် ပြန်မကြည့်ဝံ့တော့ပဲ ထရပ်လိုက်ကာ ထပ်မံပြေးလွှား လိုက်ရ လေသည်။
ထိုအခိုက်အတန့်တွင် လင်းယွန်ခေါင်းထဲ၌ လွတ်မြောက်ရန်အတွက် ခြေကုန်သုတ် ပြေးလွှားရန်ကိုသာ အာရုံစိုက်ထားမိသည်။
တစ်ဆက်တည်းမှာပင် နဂါးသွေးမြင်းသည် သူ့အား ဖြတ်ကျော်ကာ ရှေ့မှ ဦးဆောင်ပြေး ထွက်သွား ခဲ့ရာ၊ လင်းယွန်၏ နှလုံးသားသည် ပေါက်ကွဲလုလု အဟုန်ဖြင့် ဒေါသများ ဖြစ်ပေါ် လာသည်။
'' နေဦ .....ငါက ဒီအရူးနဲ့၊ အချိန်အကြာကြီး အပေါင်းအသင်းလုပ်နေခဲ့ပြီးမှ၊ ငါလည်း ပိုပို မိုက်မဲလာတယ်၊ ဒီမြင်းမိုက်လို ငါက ဘာလို့ ပြေးနေရမှာလဲ၊ ''
ရုတ်တရက် လင်းယွန်က နဂါးသွေးမြင်း၏ နောက်ကျောပေါ် စီးနင်းရန် အတွက် အရှိန်ဖြင့် ခုန်တက် သွားလိုက် လေသည်။
သို့သော် နဂါးသွေးမြင်းသည် နောက်ကျောမှ ပြေးလိုက် နေသည့်၊ လင်းယွန်၏ အရှိန်အဝါ ပြောင်းလဲမှု များကြောင့်၊ ရည်ရွယ်ချက်အား နားလည်မှု လွဲသွားကာ၊ ချက်ချင်းပင် သူ၏ ဦးတည် ရာအား နောက်ပြန် လှည့်ကြည့် လိုက်ပြီး၊ နတ်ဆိုး မီးလျှံကျား ထံသို့ ပြန်လည် ပြေးဝင်သွား တော့သည်။
'' အား ...သေစမ်း.... မြင်းမိုက်၊ ငါဘာလို့ မင်းလို အယုတ်တမာ ကောင်နဲ့ ပေါင်းသင်း နေမိရ တာလဲ....''
ထိတ်လန့်မှုကြောင့် လင်းယွန်မှာ အော်ဟစ်လိုက် သော်လည်း နဂါးသွေး မြင်းသည် သူ၏ ခြေအစုံအား မရပ်တန့်ခဲ့ချေ။ ဆန့်ကျင်ဘက် အနေနှင့် ၎င်းသည် တိုး၍ တိုး၍ လျင်မြန် လာလေသည်။
'' ဖြောင်း ..... ''
တစ်ချိန်တည်းမှာပင် လင်းယွန်က လေထု ထဲမှ တဆင့် နဂါးသွေးမြင်း၏ ကျောပေါ်သို့ ခုန်ချမိ လိုက်သဖြင့်၊ သူ့ကိုယ်သူ ပါးပြန် ရိုက်ချ လိုက်သည်။
ယခုသူသည် နဂါးသွေးမြင်းအားစီးနင်းလျက် အန္တရာယ် အတွင်းသို့ မိုက်မဲစွာ ပြေးဝင်မိခဲ့ လေပြီ။
" ငါတို့က ပြန်မလှည့်နိုင်မှတော့၊ မိုက်မဲ လိုက်ကြစို့ အရူးကောင်.... "
လင်းယွန်က ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်သည်နှင့်၊ ကြောက်ရွံ့စိတ်များ ပျောက်ကွယ်သွားကာ တည်ငြိမ်သွား၏။
ထို့နောက်တွင် ယန်သန့်စင်ခြင်း နည်းစနစ်ကို ထုတ်ဖော်လှည့်ပတ်လိုက်ကာ၊ စွမ်းအင်များအား အရှိန်အဟုန်ဖြင့် လက်သီး ထံသို့ စုစည်း လိုက်သည်။
တစ်ချိန်တည်းမှာပင် နဂါးသွေးမြင်းသည် ကောင်းကင်သို့ပျံတက်သွားပြီး၊ နတ်ဆိုး မီးလျှံကျား ထံသို့ မကြောက်မရွံ့ ခုန်လွှား တိုးဝင်လိုက်သည်။
နတ်ဆိုးမီးလျှံကျားထံမှ ထုတ်လွှတ်လိုက်သော မီးတောက်များကို ခုခံကာကွယ်နိုင်ရန် ဦးကင်း အထက်သို့ အရှိန်အဝါ များကို စုစည်းထုတ်ဖော်ထား လေသည်။
၎င်းအပြုအမူသည် နောက်ကျောပေါ်ရှိ လင်းယွန်အား မီးတောက်များ လောင်ကျွမ်း ခြင်းမှ ကာကွယ်ပေးခဲ့၏။
တစ်ဆက်တည်းမှာပင် လင်းယွန်က နဂါးသွေးမြင်း၏ ကျောပေါ်၌ မတ်တပ် ထရပ် လိုက်ပြီး၊ နတ်ဆိုးမီးလျှံကျားအား တုန့်ဆိုင်းခြင်း မရှိ လက်သီးဖြင့် ထိုးချ လိုက်သည်။
သို့သော် နတ်ဆိုးမီးလျှံကျားသည် လင်းယွန်၏လက်သီးကို မထီမဲ့မြင်ပြုမူကာ၊ ၎င်း၏လက်အားပုတ်ထုတ် ရင်ဆိုင်လာသည်။
'' တောဘုရင် ကျားဟိန်းသံ ''
လက်သီး၌ ရွှေဝါရောင် မီးတောက်များ နှင့်အတူ နတ်ဆိုးမီးလျှံ ကျား ဆီသို့ တိုးဝင် သွားကာ၊ ထိပ်တိုက်တွေ့ဆုံ သွားပြီး ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုကြီး ထွက်ပေါ် လာလေသည်။
'' ဖုန်း .... '
တစ်ချိန်တည်းမှာပင် လင်းယွန်၏ လက်မောင်းမှ တဆင့် ခန္ဓာကိုယ် ထဲသို့ ကြီးမားသော အင်အား တစ်ခု စီးဝင် လာ၏။
မကြာမီ ထိုအင်အားသည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များ နှင့်အတူ ပေါင်းစပ် ပျောက်ကွယ် သွားသည်။
လင်းယွန်၏စိတ်နှလုံးမှာ အံသြမှုကြောင့် တုန်လှုပ် သွားပြီး၊ မီးစွမ်းအင်များ စုပ်ယူ ပြီးနောက် ဤမျှထိ အစွမ်း ထက်လာ လိမ့်မည်ဟု ဘယ်သော အခါ ကမျှ မျှော်လင့် မထား ခဲ့ပေ။
အခြားတစ်ဖက်တွင် နတ်ဆိုးမီးလျှံကျားမှာ ဒေါသထွက်နေခဲ့ပြီး၊ ဤလူသားသည် သူ၏ တိုက်ခိုက်မှုအား ခုခံကာကွယ် နိုင်လိုက် သည်ကြောင့်၊ အလိုမကျဟန်ဖြင့် ချက်ချင်းပင် တိုက်ခိုက်မှုအား ထပ်မံ ထုတ်ဖော် လိုက်လေသည်။
'' ............... ''
ထိုတိုက်ခိုက်မှုတိုင်းသည် တစ်စတစ်စ ပိုမို ပြင်းထန်လာကာ၊ (၁၀)ကြိမ်မြောက် ထိပ်တိုက် တွေ့ဆုံမှု အပြီးတွင်၊ လင်းယွန်က လေထုထဲမှ လွင့်စင်ပြုတ်ကျလာကာ၊ သွေးတလုပ်အား အန်ချလိုက်ရသည်။
'' ဝေါ့.... ''
(' မဟုတ်သေးဖူး၊ ဒါက စောလွန်း သေးတယ်..... '' )
လင်းယွန်မှာ ဒုတိယအဆင့် ယန်သန့်စင်ခြင်း နည်းစနစ်အား ထုတ်ဖော်လျက် စွမ်းအားအပြည့် တိုက်ခိုက်ခဲ့သော်လည်း၊ ယခုအချိန်၌ ရှန်ရှင်းသားရဲတစ်ကောင်ကို အန်တုတိုက်ရန်မှာ မဖြစ်နိုင်သေးပေ။
တစ်ချိန်တည်းမှာပင် နတ်ဆိုးမီးလျှံ ကျားက သူ၏မျက်လုံး များ၌ ရှိသော အထင်အမြင် သေးမှုများ သည်လည်း ပျောက်ကွယ်သွား၏။
သူ၏ရှန်ရှင်း ဘုံ ခွန်အားများ အရ ဟောင်ရှင်း အထွတ် အထိပ် သိုင်းသမား များ ကိုပင်၊ တိုက်ခိုက်မှု တစ်ခုတည်းနှင့် ဒဏ်ရာ အပြင်း အထန်ရရှိ စေနိုင်သည်။
၎င်းသည် ဘုံနှစ်ခု၏ ကွာဟချက် ဖြစ်သော် ငြားလည်း၊ ထိုဥပဒေသသည် ယခုသူ့ရှေ့ရှိ လူသားနှင့် ပတ်သတ်ခြင်း ရှိပုံမရချေ။
ရှန်ရှင်းဘုံရောက် နတ်ဆိုးသားရဲ တစ်ကောင် အနေနှင့် အသိညာဏ်အချို့ ပိုင်ဆိုင်ထားကာ၊ ထိုနတ်ဆိုး မီးလျှံကျားသည် လင်းယွန်၏ ခွန်အား အပေါ် ခွဲခြမ်းစိတ်ဖြာ နေခဲ့သည်။
ရှန်ရှင်းခွန်အားကို အပြည့်အဝထုတ်ဖော် လိုက်သည်နှင့်၊ ဟောင်ရှင်းဒဿမအဆင့် သိုင်းသမားများသည်ပင် အသားပုံအဖြစ် ပြောင်းလဲသွားမည် ဖြစ်သော်ငြားလည်း၊ လက်ရှိ ရန်သူသည် ဒဏ်ရာကြီးကြီးမားပင် ရရှိခဲ့ပုံမရခဲ့ပေ။
'' ခ ရစ် ''
ထို့နောက်တွင် နတ်ဆိုးမီးလျှံကျားသည် မီးတောက်လောင်နေသည့်အမွေးများကို ထုတ်ဖော်လျက်၊ ချွန်ထက်နေသော ခြေသည်း များအား ဆန့်ထုတ်ကားလိုက်သည်။
ထိုမြင်ကွင်းအား မြင်သည်နှင့် လင်းယွန်မှာ အံ့သြသွား၏။ ၎င်းနတ်ဆိုးမီးလျှံကျားသည် ပြိုင်ဘက်၏ ခွန်အားအပေါ် ခွဲခြမ်းစိတ်ဖြာရန် အမှန်တကယ်ပင် တက်စွမ်းခဲ့သည်လော။
လင်းယွန်၏ ခွန်အားများ တိုးပွားလာခဲ့လျှင် တောင်မှ၊ သူသည် ဤနတ်ဆိုးသားရဲကောင်၏ ပြိုင်ဘက် မဟုတ်ကြောင်း၊ ရုတ်တရက် သိရှိ လိုက်ရ သည်။
'' .............. ''
တစ်ချိန်တည်းမှာပင် ၎င်း၏ ခြေသည်း များအား ဖြန့်ကားပြီး ခန္ဓာကိုယ်အား နောက်သို့ အားယူ လိုက်ကာ၊ တဖန်ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ခုန်အုပ်လာလေသည်။
ထိုသို့ လျင်မြန်သောအဟုန်မှာ မီးလျှံတန်းကြီးသဖွယ် လင်းယွန်ထံသို့ ဦးတည်ပြေးဝင်လာရာ၊ သူက မဆိုင်းမတွပင် နောက်ဆုတ် ရှောင်တိမ်းလိုက်ရ၏။
သို့သော် ထိုရှောင်တိမ်းမှုသည် အလွန်နှေးကွေး နေခဲ့ပေရာ၊ ရလာဒ်အနေဖြင့် သူ၏ အ၀တ်များ စုတ်ပြဲသွားပြီး၊ အရိုးများ ထိတိုင် နက်ရှိုင်းသော လက်သည်းရာ ဆယ်ချက် ထင်ကျန်ရစ်ခဲ့သည်။
၎င်းသည် လင်းယွန်၏အကန့် အသတ် ဖြစ်ကာ၊ သူကရှောင်တိမ်းမှုအရှိန်အား ထပ်မံ တိုးမြှင့်ရန် မစွမ်းဆောင်နိုင်တော့ချေ။
ရင်ဘတ်မှသွေးများ စီးကျလာမှုနှင့်အတူ သူ၏တုန့်ပြန်နိုင်မှုမှာ ပိုမိုနှေးကွေး လာနိုင် ပေရာ၊ ထိုအချက်အလက်များ အပေါ် တွေးတော နေမိစဉ်၊ ကြောက်ရွံ့ခြင်းသည် သူ့နှလုံးသား ထံသို့ ချက်ချင်းစိမ့်ဝင်လာခဲ့၏။
အခြားတစ်ဖက်တွင် နတ်ဆိုသားရဲ ကောင်မှာ၊ လင်းယွန်၏ မျက်ဝန်းများထဲရှိ ထိတ်လန့်သော အမူအရာကို ခံစားမိသွားကာ၊ ညစ်နွမ်းသောအမူအရာဖြင့် အရှိန်အဝါကို အဆုံးအစွန်ထိ ဖော်ထုတ်လိုက်လေသည်။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို ကြက်သွေးရောင် အလင်းတန်းတစ်စသည် တိုက်ပွဲအတွင်းသို့ မိုက်မဲစွာပြေးဝင်လာ၏။
၎င်းသည် မေ့ဖျောက်ထားခဲ့မိသော နဂါးသွေးမြင်းဖြစ်ကာ၊ ရက်စက် ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်ဖော် လျက်၊ နတ်ဆိုးမီးလျှံကျား၏ တင်ပါးအား သွားတုံးတုံး များဖြင့် ကြိတ်ခဲထား လိုက်လေသည်။
'' ဝေါင်း ..... ''
( ခွေးသွေးပါတဲ့ မြင်းယုတ်ကောင်... ငါ့တင်ပါး..... )
နတ်ဆိုးမီးလျှံကျားသည် ၎င်း၏ ခန္ဓာကိုယ်မှ ခံစားချက်ကြောင့် တုန်လှုပ်သွားပြီး၊ နဂါးသွေးမြင်း၏ မေးရိုးမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ ထိုကိုက်ခဲမှုသည် အသွားတုံးတုံး ဓားနှစ်လက်ဖြင့် ကြိတ်ချေခံထားရသလို အောင့်မြက်နာကျင်လာစေကာ၊ သူ၏ ရုန်းကန်မှုများအောက်တွင် ထိုခွေးသွေးပါသောမြင်းမှာ အခိုင်အမာ အံခဲထားခဲ့လေ၏။
" ........... ''
ထိုမြင်ကွင်းကြောင့် မင်သက်နေရာမှ သတိဝင်သွားကာ၊ နာကျင်မှုအား အံကြိတ် ခံလျက် ရှေးဟောင်း ဓားသေတ္တာ အတွင်းမှ ပန်းသင်္ချိုင်းဓားကို ထုတ်ယူ လိုက်လေသည်။
သို့သော်ယခုအချိန်တွင်မူ ရှေးဟောင်း ဓားသေတ္တာသည် ယခင်ကထက် ပိုမိုလေးလံ နေခဲ့ပြီး၊ ၎င်းသည် သူ၏ တိုးတက်လာသော ခွန်အားများနှင့်ပင် ထုတ်ယူရန် ခက်ခဲနေဆဲပင် ဖြစ်သည်။
'' .............. ''
တဆက်တည်းမှာပင် နဂါးသွေးမြင်းသည် နတ်ဆိုးမီးလျှံကျား၏ အရိုက်အနှက်ခံကာ၊ သွေးစိမ်းရှင်ရှင်စီးကျနေသော်လည်း နောက်ဆုံး အချိန်ထိ ဆုပ်ကိုင်ထားမည့် ဆန္ဒ ရှိနေပုံ ရ၏။
ထိုမြင်ကွင်းသည် လင်းယွန်၏ မျက်လုံး များအား နီရဲလာစေကာ၊ ပန်းသင်္ချိုင်းဓားအား ထပ်မံဆွဲထုတ် အချိန်ဖြုန်းနေခြင်း မပြုတော့ပဲ၊ ရှေးဟောင်း ဓါးသေတ္တာအား လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လျက် နတ်ဆိုး မီးလျှံ ကျား၏ ဦးခေါင်း ထံသို့ ရိုက်ချလိုက်လေသည်။
တဆက်ထဲမှာပင် လင်းယွန်၏ စွမ်းအင်များသည် ဓားသေတ္တာထဲသို့ မရည်ရွယ်ပဲ မျောပါသွားလေသည်။
စွမ်းအင်များကို ထပ်မံ စုပ်ယူခံလိုက်ရ ပြီးနောက်၊ ထိုဓားသေတ္တာသည် ၎င်း၏ ကိုယ်ထည် ပေါ်ရှိ ပန်းပုံစံကနုတ်များမှ အလင်း အချို့ တောက်ပလာလေသည်။
၎င်းသည် နတ်ဆိုးမီးလျှံကျားထံသို့ ကျောက်ဆောင်ကြီး တစ်ခု သဖွယ် ပြေးဝင် သွားခဲ့ ၏။
'' ဖုန်း......... ''
ဓားသေတ္တာဖြင့် ရိုက်နှက်ခံရသော နတ်ဆိုးမီးလျှံကျား၏ ဦးခေါင်းမှာ အမှန် တကယ်ပင် ပေါက်ကွဲသွား ခဲ့ရာ၊ ထိုပေါက်ကွဲ မှုမှ ဦးနှောက်အပိုင်းအစများနှင့် သွေးရည် ကြည်များ လွင့်စင်လာခဲ့သည်ကြောင့်၊ လင်းယွန်မှာ အလျင်အမြန် ရှောင်တိမ်း လိုက်ရသည်။
မြေပြင်ပေါ်သို့ ခြေချမိသည်နှင့်၊ လင်းယွန်၏မျက်နှာသည် သွေးရောင်ပင် မရှိတော့ပဲ၊ ဖြူဖျော့သွား၏။
လွန်ခဲ့သော အခိုက်အတန့်တွင် သူ၏စွမ်းအင် များမှာ ရှေးဟောင်း ဓားသေတ္တာ အတွင်းသို့ လုံး၀စီးဝင်ပျောက်ကွယ်သွား ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားသည် မောဟိုက် နေခဲ့သော်ငြားလည်း၊ လင်းယွန်သည် မယုံနိုင်စွာဖြင့် ဤမြင်ကွင်းအား လှမ်းကြည့် လိုက်မိ၏။
ရှေးဟောင်းဓားသေတ္တာမှာ တကယ်ပင် နတ်ဆိုးမီးလျှံကျားအား ရိုက်သတ်နိုင်ခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် လင်းယွန်သည် ပင်ပန်းနွမ်းနယ်မှုများ ခံစားလာရပြီး၊ ဦးခေါင်းအတွင်းမှ စတင်နာကျင်လာသည်။
သို့သော် သူသည် ဤအခြေအနေ၌ သတိလစ်မသွားစေရန် အားစိုက်နေရပေ၏။
၎င်းသည် မိုးထိ တောင်တန်း ကြီး၏ အနက်ရှိုင်းဆုံး နေရာဖြစ်ရာ၊ အသိစိတ်အား ဆုံးရှုံးသွားခြင်းသည် သေခြင်းတရား ကိုသာ ဖိတ်ခေါ်ခြင်း မည်ပေ၏။
နတ်ဆိုးမီးလျှံကျား အသေ ကောင်က၊ အခြားသော နတ်ဆိုးသားရဲများအား ဆွဲဆောင် ပေလိမ့်မည်။
သို့သော် ထိုသို့ ပြင်းထန်သော နာကျင်မှုသည် သူ၏ စိတ်ဆန္ဒအား တဖြည်းဖြည်း လွန်ဆန်လာ စေကာ၊ နောက်ဆုံး၌ သတိလစ် လဲကျသွား တော့သည်။
မျက်လုံးများ မှေးစင်းလာသည်နှင့်အမျှ နဂါးသွေးမြင်း၏ မျက်နှာကြီးသည် သူ့ရှေ့သို့ ဝိုးတဝါး တိုးကပ်လာတော့သည်။
'' ဒီအရူး......... ''
၎င်းသည် သတိလစ်မသွားမီ၊ နဂါးသွေးမြင်းအား ကျိန်ဆဲလိုက်သည့် နောက်ဆုံးအတွေးပင် ဖြစ်ပေသည်။