← Chapters

မြင့်မြတ်သော ခရမ်းရောင်မီးရေခဲ။

Vol. 6 Ch. 71

မြင့်မြတ်သော ခရမ်းရောင်မီးရေခဲ။

Vol. 6 Ch. 71

လင်းယွန်က သတိပြန်ရ လာသည်နှင့် မျက်လုံးများ ဖွင့်လိုက်သော အခါ၊ သူ၏ ပင်ပန်း နွမ်းနယ်မှုများ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ထို့အပြင် သူ၏ ရင်ဘက်ရှိ ဒဏ်ရာ များမှာ အမာ ရွတ်များ အဖြစ်သာ ထင်ကျန်ရစ်တော့၏။

သူက မီးစွမ်းအင်ဖြင့် ခန္ဓာကိုယ်အား သန့်စင် ပြီးနောက်တွင်၊ ရုပ်ပိုင်း ဆိုင်ရာ ပြန်လည် ကုသ နိုင်မှု နှုန်းမှာ ပိုမို အားကောင်း လာခဲ့ သည်။

လင်းယွန်က ထထိုင် လိုက်ပြီး ဘေးပတ်ပတ် လည်ကို ကြည့်လိုက်၏။

ဝန်းကျင်၌ နတ်ဆိုး မီးလျှံကျား၏ အလောင်း အပြင်၊ အခြား နတ်ဆိုး သားရဲ များ၏ အလောင်းများ သည်လည်း ရှိနေ ခဲ့သည်။

ထိုသားရဲ အသေကောင် များကို တစ်ချက် ဝေ့ကြည့် လိုက်ပြီးနောက်၊ ၎င်းတို့အားလုံးအား နဂါးသွေး မြင်းမှ နင်းသတ်ခဲ့ကြောင်း ထင်ရှား လှပေ၏။

၎င်းနဂါးသွေးမြင်းသည် သတိလစ်မေ့မျော နေစဉ် ကာလ တစ်လျှောက်လုံး သူ့အား စောင့်ရှောက် နေခဲ့ပုံ ရသည်။

အနည်းဆုံးတော့ ဤမြင်းမိုက်တွင် အသိစိတ် တစ်ခု ရှိနေ၏။ ထိုခံစား ချက်ကြောင့် လင်းယွန်က ပြုံးလိုက်ကာ နဂါးသွေးမြင်းအား လှည့်ပတ်ကြည့် လိုက်သည်။

သို့သော် တောအုပ်အတွင်း၌ နဂါးသွေး မြင်း၏ အရိပ်အယောင်မျှပင် မတွေ့ရှိခဲ့ပဲ၊ ၎င်းသည် ထိုမြင်း၏ ပြုမူနေကြ ခြေရှည်မှုများ ဖြစ်ကာ၊ လင်းယွန်က စိုးရိမ်ခြင်း မရှိတော့ချေ။

တစ်ဆက်တည်းမှာပင် ပတ်ဝန်ကျင်အား ဆက်လက် အကဲခတ် ကြည့်နေလျက်မှ၊ နောက်ဆုံးတွင် သူ့၏ အကြည့်မှာ နတ်ဆိုး မီးလျှံကျား ထံ၌ ငြိမ်သက်သွားခဲ့၏။

ထို့နောက်တွင် လင်းယွန်သည် သိုလှောင်အိတ် အတွင်းမှ ဓားမြှောင်ကို ထုတ်ယူ လိုက်ကာ၊ နတ်ဆိုး မီးလျှံကျားအား စတင်ရိတ်သိမ်း လိုက်သည်။

လင်းယွန်လက်၌ဓါးရှည်များမှာ ကျိုးကျကြ သော်လည်း၊ ဓါးမြှောင်များ မှာမူ ကျိုးကျ ခဲ့ခြင်း မရှိပေ။ ၎င်းသည် လင်းယွန်၏ မဖြေရှင်း နိုင်သော ပြဿနာ တစ်ရပ် ဖြစ်နေဆဲပင်။

ဦးခေါင်းကြေမွနေသော နတ်ဆိုးမီးလျှံကျား အသေကောင် ထံမှ၊ အရေခွံအား ဦးစွာ လှီးဖြတ် လိုက်သည်။

ထို့နောက် အသားကို သိုလှောင်အိတ် ထဲသို့ ခုတ်ထစ် သိမ်းဆည်း ပြီးနောက်တွင်၊ ရင်ဘတ် နေရာ၌ ခရမ်းရောင် မီးတောက် တစ်ခုကို တွေ့လိုက် ရ၏။

'' အို သားရဲ အမြုတေလား ..... ဟား ဟား ဟား ''

လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် ရယ်မောလိုက်၏။ နတ်ဆိုးမီးလျှံ ကျား၏ သားရဲ အမြုတေမှာ နီရဲ တောက်လောင်လု နီးနီး အပူရှိန်ကို ထုတ်လွှတ် နေခဲ့ကာ၊ ကျောရိုး တစ်လျှောက် အေးစက်သည့် ခံစားချက်များ စိမ့်တက် လာစေသည်။

ထိုခံစားချက်သည် သူ့ခန္ဓာကိုယ်အား ညင်သာစွာ တုန်ခါလာ စေသောကြောင့်၊ သူက အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရကာ ပင့်သက်ချမိလေသည်။

'' ငါ့ ကောင်းကင်..... ငါ ဘယ်လောက်တောင် မိုက်မဲ လိုက်သလဲ...... ''

အမြုတေမှ ထွက်ပေါ် လာသည့် အရှိန်အဝါ ဖြင့်ပင်၊ ထိုနတ်ဆိုး သားရဲမှာ ရှန်ရှင်း တတိယ အဆင့်၌ ရှိနေ ခဲ့ကြောင်း ခန့်မှန်း လိုက်နိုင်၏။

ဤနတ်ဆိုး မီးလျှံ ကျား၏ အသိညာဏ် အရ၊ ၎င်းသည် အနိုင် မရ နိုင်သည့် ရန်သူနှင့် ဘက်ပြိုင် မိုက်မဲ လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်ပင် ထိုသားရဲသည် သူ၏ ခွန်အား အရ လင်းယွန်အား သေချာပေါက် သတ်နိုင် လိမ်မည်ဟု ယုံထား ပေမည်။

၎င်း၏ အစစ်အမှန် ခွန်အားကို မသိရှိခဲ့ပဲ၊ မိုက်မဲစွာ ရင်ဆိုင်လိုက်ခြင်း အားဖြင့် သူ့အား ကံကောင်းမှုအ ချို့ ရရှိ သွားစေသည်။

သားရဲအမြုတေအား ဆုပ်ကိုင်လျက် လင်းယွန်၏ နှလုံးသားမှာ လောဘဖြင့် တောက်လောင် လာ၏။

၎င်းအမြုတေသည် နဂါးသွေးမြင်း လုယူ သွားသော မြွေအမြီး ခြင်္သေ၏ အမြုတေထက် များစွာ သာပေသည်။

ပို၍ တန်ဖိုးရှိစေသည်မှာ နတ်ဆိုး မီးလျှံ ကျား၏ အမြုတေသည် လင်းယွန် အတွက် ရည်ရွယ် ဖန်တီး ပေးထားသကဲ့သို့ လိုက်လျော ညီထွေမှုများ ရှိနေ ခဲ့၏။

တိတိ ကျကျ ဆိုရသော် ထိုသို့ မီးစွမ်းအင်များ လျှံထွက်နေသော အမြုတေ တစ်ခုသည် လင်းယွန်ခန္ဓာကိုယ် အတွက် များစွာ အကျိုးရှိ ပေသည်။

နတ်ဆိုးမီးလျှံကျား၏ သားရဲအမြုတေအား သိမ်းဆည်းလိုက်ပြီးနောက်၊ သူ့အကြည့်ကို ရှေးဟောင်းဓား သေတ္တာထံသို့ ပြောင်းရွေ့ လိုက်သည်။

ထိုရှေးဟောင်း ဓားသေတ္တာသည် သံချေးများ ဖယ်ခွာ သွားသည်နှင့်၊ ၎င်း၏ ကိုယ်ထည်တွင် မီးစွမ်းအင်များ သိပ်သည်းစွာ စီးဆင်း နေခဲ့ကာ၊ ရွှေဝါရောင် တောက်ပသော အဆင်းကို ထုတ်လွှတ် ထားလေသည်။

တနည်းအားဖြင့်ဆိုရသော် ထိုရှေးဟောင်းဓားသေတ္တာသည် ပြန်လည်မွေးဖွားခြင်း ခံရသကဲ့သို့၊ သန်စွမ်းလှုပ်ရှားနေသော ခံစားချက် အချို့အား ထုတ်ဖော်ကာ၊ လင်းယွန်ကို ဆက်သွယ် လာခဲ့ လေသည်။

သူ၏ကိုယ်ထည်၌ ရေးထိုးထားသော 'ကနုတ်' များသည်၊ နက်နဲ ထည်ဝါမှုများ နှင့်အတူ ရှုပ်ထွေး တောက်ပ နေခဲ့၏။

ထို့နောက်တွင် လင်းယွန်က ၎င်းဓားသေတ္တာအား လှမ်းယူကာ မြေပေါ်တွင် ချထား လိုက်ပြီးနောက်၊ ထို'ကနုတ်'များကို အနုစိတ် စစ်ဆေး လိုက်မိသည်။

၎င်းသည် သာမာန် 'ကနုတ်' များထက်ထူးခြား နေခဲ့ကာ၊ စနစ်တကျ ရေးဆွဲ ထားသော အစီအရင် တစ်ခု နှင့်ပင် ပို၍ တူနေပေသည်။

ထို့အပြင် ဤကိုယ်ထည်သည် မီးစွမ်း အင်များဖြင့် ပြည့်နှက် နေသော်ငြားလည်း၊ ဆန့်ကျင်ဘက် အနေနှင့် အရိုး ခိုက်အောင် အေးစိမ့်မှု များသာ ပေးစွမ်း နေပြန်သည်။

လင်းယွန်၏လက်များသည် ရှေးဟောင်းဓားသေတ္တာ ကိုယ်ထည်အား ပွတ်သတ်လိုက်မိကာ၊ အတွေးထဲ နစ်မျောသွားလေသည်။

ဓားသေတ္တာ၏ 'ကနုတ်'များအလယ်၌ နူးညံ့ပြီး သေးသွယ်သော ပန်းနွယ်ပင်များ နှင့်အတူ၊ စွဲမက်ဖွယ် ကောင်းသော ပန်းတစ်ပွင့် ရှိနေသည်။

ထိုပန်းပွင့်ထံမှ တုန်လှုပ် စေသော အအေး ဓာတ်များ ထွက်ပေါ်နေခဲ့ပြီး၊ ၎င်းပန်းပွင့်နှင့် အနီး အနားတွင် အတောင်ဖြန့် ထားသော စာငှက် တစ်ကောင် ရှိနေ လေသည်။

'' စိတ်ဝင်စားစရာပဲ..... ''

လင်းယွန်ကပြုံးလျက် စိတ်ဝင်စားစွာ ရေရွတ်လိုက်ပြီး၊ ပန်းနှင့်ငှက်တို့အားအတူတကွ ရောနှော ပွတ်သတ် မိသွားကာ၊ အံသြဖွယ် အဖြစ် အပျက် တစ်ခု ဖြစ်ပွားလာလေသည်။

ထိုအဖြစ်အပျက်သည် ထိတ်လန့်ဖွယ် ကောင်း ခဲ့ပြီး၊ ၎င်းမတိုင်မီ စူးရှနာကျင်မှု တစ်ခုသည် လင်းယွန်၏ လက်ချောင်းများ ထံမှ တဆင့် သူ့စိတ်ဝိညာဉ်အ တွင်းသို့ တိုးဝင် လာ၏။

ထိုနာကျင်မှုမှာ စိတ်ဝိညာဉ်အား အပိုင်းအစ တစ်ခု အဖြစ် ဖဲ့ချွေ စုပ်ယူ ခံလိုက် ရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းယွန်၏ စိတ်ဝိညာဉ်အား စုပ်ယူလိုက်ပြီးနောက် ရှေးဟောင်း ဓားသေတ္တာမှာ ရွှေဝါရောင်များ တောက်ပ လာသည်။

အခြားတစ်ဖက်တွင် လင်းယွန်က သူ၏ လက်ကို ပြန်လည် ဆုတ်ခွာလိုက်ကာ၊ သူ့နဖူးအား ဖမ်းအုပ်လျက် နောက်သို့ ယိမ်းထိုး သွား လေသည်။

တစ်ဆက်တည်း မှာပင် ဓားသေတ္တာ ထံမှ ခရမ်းရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါက်ကွဲ လာခဲ့သည်။

'' ဖ ရူး...... ''

ပတ်ဝန်းကျင်အပူချိန်သည် လျင်မြန်စွာ ကျဆင်းသွားပြီး၊ နှင်းမိုးများရွာချသကဲ့သို့ မြေပြင်၌ ဖွေးဖြူဖုံးလွှမ်း သွားသည်။

ရုတ်တရက် အသက်ရှိုက်သံ တစ်ချက်နှင့် အတူ နှင့်ပွင့်များသည် လင်းယွန်အား ဗဟိုပြုလျက်၊ မီတာ တစ်ထောင် အထိ ပြန့်ကား သွားကာ၊ ခိုက်ခိုက် တုန်အောင် အေးခဲ လာစေသည်။

'' ဒါက...... ''

လင်းယွန်သည် အံ့အားသင့်သွားပြီး စကားလုံးများဆုံးရှုံးသွားသည်။ ထိုသို့ ထိတ်လန့် နေစဉ် မှာပင် ခရမ်းရောင် မီးတောက် များက၊ ဓားသေတ္တာအား ဖုံးလွှမ်း သွားပြီး၊ ရေခဲငှက် တစ်ကောင် ထွက်ပေါ် လာလေသည်။

၎င်းမှာ ဓားသေတ္တာပေါ်ရှိ ငှက်သဏ္ဍာန် 'ကနုတ်'တစ်ခုဖြစ်ကာ၊ ထိုကနုတ်သည် သက်ရှိ တစ်ကောင်ကဲ့သို့ အသက်ဝင်လာပြီးနောက်၊ အတောင်ပံခတ် ပျံသန်းလိုက်၏။

သို့သော် ထိုငှက်သည် အဝေးသို့ ပျံသန်း နိုင်ခြင်း မရှိကာ၊ သူ၏ အရှိန်နှင့် အတူ ရုတ်တရက် ဓားသေတ္တာ သည်လည်း ကောင်းကင်သို့ လိုက်ပါပျံတက် သွားသည်။

တနည်းအားဖြင့် ဆိုရသော် ခရမ်းရောင် ရေခဲငှက်သည် ဓါးသေတ္တာထံမှ တုတ်နှောင် ခံထား ရပြီး၊ လွတ်လွတ်လပ်လပ် ထွက်ခွာ နိုင်ခြင်း မရှိခဲ့ပဲ၊ ဓားသေတ္တာအား သယ်ပိုး ထားရသည့် သဏ္ဍာန် လေးကန် နေလေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီးနောက် လင်းယွန်က သူ့လက်အား အလိုလို ဝှေ့ယမ်းလိုက်မိ၏။

'' အိုး.....ထင်တဲ့အတိုင်းပဲ ''

ခရမ်းရောင်ရေခဲငှက်သည် ရုတ်တရက် ခရမ်းရောင် မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူ၏လက်ဖဝါးပေါ်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

'' ဖုန်း......... ''

လင်းယွန်၏လက်ဖဝါးသို့ ခရမ်းရောင်မီးလျှံများ လွင့်ပျံလာသောအခါ ရှေးဟောင်းဓားသေတ္တာသည် လေထုထဲ ပျံဝဲလျက်မှ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

အခြားတစ်ဖက်တွင် လင်းယွန်မှာ လက်ဖဝါးပေါ်ရှိ ခရမ်းရောင်မီးတောက်အား သူ၏စိတ်ဝိညာဉ်အစိတ်အပိုင်း တစ်ခုကဲ့သို့ ခံစားမိလိုက်သည်။

'' သွား........ ''

ခပ်တိုးတိုးရေရွတ်သံနှင့်အတူ လက်ဖဝါးအား လွှဲပစ်လိုက်သောအခါ ခရမ်းရောင်မီးတောက်သည် ရေခဲငှက်ပုံ သဏ္ဍာန် ပြောင်းလဲ ပြေးထွက် သွားခဲ့၏။

ထိုရေခဲငှက်သည် သူ၏ အကန့် အသတ်သို့ ရောက်သည်နှင့် မီတာ ငါးထောင် ပတ်ပတ်လည် အတွင်း အရာ အားလုံးအား ချက်ချင်းပင် အေးခဲ သွားစေသည်။

တစ်ချိန်တည်းမှာပင် လင်းယွန်က သူ၏လက်ကို ပြန်ဆွဲယူ လိုက်ရာ၊ ထိုမီတာ တစ်ထောင် အတွင်းရှိ အေးခဲနေသော သစ်ပင် များမှာ ရုတ်တရက် လောင်ကျွမ်း ကုန် ကြ၏။

ထို့နောက်တွင် ရေခဲငှက်သည် သူ့ လက်ဖဝါး ပေါ်သို့ ပြန်လည် ပြေးဝင်လာခဲ့ပြီး၊ ခရမ်းရောင်မီးတောက် သဖွယ် အသွင်ပြောင်း သွားကာ၊ ၎င်းသည် ထွက်ခွာ သွားသည့် အချိန် ကထက် ပို၍ မှေးမှိန် နေခဲ့သည်။

လင်းယွန်က ညင်သာစွာပွတ်သတ်လိုက်ရာ၊ ထိုခရမ်းရောင် မီးတောက်သည် ဓားသေတ္တာ ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး၊ ပန်းပုံစံ 'ကနုတ်' များနှင့် ရောစပ် သွားကာ၊ မူလနေရာ၌ ငှက်သဏ္ဍာန် 'ကနုတ်' တစ်ခုအဖြစ် ပြောင်းလဲသွား၏။

'' .......ဒါဆို နတ်ဆိုး မီးလျှံ ကျားကို တစ်ချက် ထဲနဲ့ ပေါက်ကွဲ စေတာက ဒီစွမ်းအား ကြောင့်ပေါ့...... ''

ရုတ်တရက် လင်းယွန်က ဘိုင်ချူးဟွေ ပေးထားသည့် စာအုပ်ကို သတိရ သွားကာ ချက်ချင်း ထုတ်ယူ လိုက်သည်။

ထိုစာအုပ်သည် ထူးဆန်းသည့်အထွေထွေ ဗဟုသုတများအား မှတ်တမ်းတင်ထားသော အသုံးဝင်သည့် စာအုပ်တစ်အုပ် ဖြစ်ပေသည်။

စာမျက်နှာများကို လျင်မြန်စွာ လှန်ကြည့် လိုက်ပြီး၊ ခရမ်းရောင် ရေခဲငှက် တစ်ကောင်အား မြင်သော အခါတွင်၊ သူက ရပ်တန့် လိုက်သည်။

၎င်းသည် ရှေးဟောင်း ဓားသေတ္တာ ပေါ်တွင် ရှိနေ ခဲ့သော ရေခဲ ငှက်နှင့် တူပေ၏။

ခရမ်းရောင်ရေခဲစာကလေး။

ခရမ်းရောင်ရေခဲ စာကလေးသည် ဖီးနစ်ငှက် များ၏ သွေးမျိုးဆက်ကို ဆက်ခံထားသော အမွေခံ သားရဲများ ဖြစ်သည်။

၎င်းမှာ မြောက်ဝင်ရိုးစွန်း ဒေသ၏ အေးခဲနေသော ရေခဲ တောင်များ ပေါ်တွင် ရှင်သန် နေထိုင်ကြ၏။

ထိုစာကလေး များ၏ အစစ်အမှန် ခွန်အားမှာ မိုင်ထောင်ချီ အေးခဲ လောင်ကျွမ်း စေနိုင်သည်။

နတ်ဘုရားများ ကြီးစိုးစဉ် ရှေးဟောင်း ခေတ်၌ ၎င်းတို့အား 'ရေခဲ ဖီးနစ်ငှက်' များဟု ခေါ်တွင် ကြသည်။

အမှန်အားဖြင့် ဆိုရသော် ခရမ်းရောင် ရေခဲစာ ကလေးငှက် များ၏ ဘိုးဘေး ဖီးနစ်ငှက် များမှာ ကောင်းကင်ဘုံ သားရဲများ ဖြစ်သည့် အပြင်၊ နတ်ဘုရား အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင် ပေ၏။

ထိုနတ်ဘုရား ဖီးနစ်ငှက်များ၏ အမွေခံမျိုးဆက် များထဲတွင်၊ ခရမ်းရောင် ရေခဲ စာကလေးမှာ၊ သွေးမျိုးဆက်ခံမှု အသန့်စင်ဆုံး ရှေ့ဆုံးရောက် မျိုးဆက်များ ဖြစ်ကြပေသည်။

ခရမ်းရောင် ရေခဲစာကလေး။

လင်းယွန်က စာအုပ်ကိုပိတ်လိုက်ပြီး ဓါးသေတ္တာကိုကြည့်ကာ အံ့သြသွားလေသည်။

ရှေးဟောင်းဓားသေတ္တာတွင် ထိုမျှ အစွမ်းထက်သော နတ်ဘုရား မျိုးဆက်သွေး သားရဲ တစ်ကောင်အား ချိတ်ပိတ် ထားနိုင် ခဲ့သည်။

ယခုအချိန်၌ ထိုသားရဲဝိညာဉ်သည် မီးစွမ်း အင်များ နှင့်အတူ၊ လင်းယွန်၏ စိတ်ဝိညာဉ် အချို့အား စုပ်ယူအား ဖြည့်ကာ၊ ပြန်လည်နှိုးထ လာခဲ့သည်။

ရုတ်တရက် လင်းယွန်၏အတွေးသည်၊ ဤဓားသေတ္တာပိုင်ရှင်၏ ဖြစ်တည်မှုအပေါ် မေးခွန်းထုတ်လျက်၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားလေသည်။

'' ဘယ်လောက် တောင် အစွမ်းထက် လိုက်မလဲ။ ''

ထို့နောက်တွင် ဓားသေတ္တာထံသို့ စိတ်ဝိညာဉ်အချို့အား ပို့လွှတ် ဆက်သွယ် လိုက်သည်နှင့်၊ ရေခဲ စာကလေးမှာ ဖောင်းကြွ သဏ္ဍာန်ဖြင့် ဓားသေတ္တာ၏ မျက်နှာပြင်ပေါ်မှ ထွက်ပေါ်လာပြီး၊ အတောင်ပံများအား ခတ်လိုက်ရာ၊ လေးလံသော ဓားသေတ္တာသည် လေထဲသို့ ပျံတက်သွား လေသည်။

'' ......ဆိုတော့ မင်းနာမည်က၊ 'မြင့်မြတ်သော ခရမ်းရောင် မီးရေခဲ' ပေါ့.... ဟုတ်ပြီ၊ မင်းရဲ့ပျံသန်းနိုင်မှုက ငါ့အတွက် အရမ်း အဆင်ပြေ သွားပြီ၊ ''

လင်းယွန်က ကျေနပ်စွာပြုံး ရယ်လိုက်သည်။ သူက ကောင်းကင်၌ မပျံသန်းနိုင် သည်ကြောင့်၊ ၎င်းဓါး သေတ္တာ၏ ပျံသန်း နိုင်မှုမှာ၊ သူ့အတွက် ပို၍ အဆင်ပြေစေမည်။

သူက အရေးကြီးသော အခြေအနေများ၌ ဓားကိုဆုံးရှုံးနိုင်သည့် ဖြစ်ရပ်များမှ ရှောင်လွှဲနိုင် ပေမည်။

ထို့နောက်တွင် 'မြင့်မြတ်သော ခရမ်းရောင် မီးရေခဲ' အား နောက်ကျောသို့ ပိုးလွယ် လိုက်သည်။ မိုးထိတောင် ခရီး၏ သုံးလတာ ကာလအတွင်း၊ ဟောင်ရှင်း ဒဿမအဆင့်သို့ ရောက်ရှိလု နီးနီး တိုးတက် လာခဲ့သည်။

ထို့အပြင် ရှန်ရှင်းမျိုးစေ့အား ယန်သန့်စင်ခြင်း နည်းစနစ် အကူအညီဖြင့် အပြီးသတ် သန့်စင်နိုင်ခဲ့၏။

'' ခရီးဆက်ချိန် တန်ပြီ။ ''

လင်းယွန်က ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ကာ တောအုပ်အတွင်းမှ ငန်းရိုင်း တစ်ကောင်ကဲ့သို့ ပျံဝဲ ပြေးထွက် သွားသည်။

တစ်ချိန်တည်း မှာပင် သူ့ထံမှ စိမ့်ယိုကျ လာသော အရှိန်အဝါသည် မီတာ အနည်းငယ် တိုင်၊ ဖိနှိပ်ထား လေသည်။

" နေဦး၊ နဂါးသွေးမြင်းက ဘာလို့ ရောက်မလာ တာလဲ ''

နာရီဝက် ကြာသည် အထိ နဂါးသွေး မြင်း၏ အရိပ် အယောင် မျှပင်၊ မတွေ့ရှိ ခဲ့ရာ၊ မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးစွာ ရပ်တန့် လိုက်သည်။

နဂါးသွေးမြင်းသည် အမြဲလှုပ်ရှားခြေရှည်ခဲ့သော်လည်း၊ ဤမျှ ကြာရှည်စွာ ပျောက်ကွယ် မသွား တက်ပေ။

ထိုမြင်းသည် ကြောက်စရာ ကောင်းသော နတ်ဆိုး သားရဲ များနှင့် တွေ့နေခဲ့ သည်လော။

သို့သော်လည်း ထိုသို့သော စိုးရိမ် စိတ်သည် နဂါးသွေး မြင်းအား အထင် သေးရာ ကျပေမည်။

၎င်း၏ ခွန်အားအရ ရှန်ရှင်း နတ်ဆိုး သားရဲ တစ်ကောင် ကိုပင်၊ ရန်စကာ လွတ်အောင် ပြေးနိုင် ခဲ့သည်။

မိုးထိတောင် အတွင်း၌ ထိုသို့သော နတ်ဆိုး သားရဲ မျိုးဖြင့်၊ ဘက်ပြိုင် တုပ ရူးမိုက် နိုင်သော နတ်ဆိုး သားရဲများ မရှိ နိုင်ချေ။

လင်းယွန်ထံမှ လေချွန်အချက်ပြသံသည် မိုးထိတောင်အနှံ့ ပဲ့တင်ထပ်သွားသည်။ သို့သော် အချိန်အတော် ကြာကြာ လေချွန်သံများ ပဲ့တင်ထပ် သွားသည့်တိုင် ရင်းနှီးကျွမ်းဝင်သော ပြေးလွှား သံများ မကြားခဲ့ရပေ။

'' .... မဟုတ်သေးဖူး၊ လူသားတွေနဲ့ တွေ့ဆုံပြီး၊ အဖမ်းခံလိုက်ရတာလား ''

ဟိုဟိုဒီဒီ လှည့်ပါတ်ရှာဖွေလိုက်ရာ နောက်ဆုံးတွင် နဂါးသွေးမြင်း၏ သဲလွန်စ အချို့အား တွေ့လိုက်ရသည်။

ရုတ်တရက် လင်းယွန်မျက်နှာသည် မှောင်မိုက် သွားကာ လက်နှစ်ဖက်အား ဆန့်ထုတ်လျက်၊ ထိုသဲလွန်စများ ရှိရာသို့ အလောတကြီး ပြေးလိုက်သွား လေသည်။

***

All Chapters