အလယ် အလတ် တော်ဝင် လက်နက်၏ စွမ်းအား။
Vol. 6 Ch. 72
ပူပြင်းသော နေရောင်ခြည်သည် ကောင်းကင်တွင် မြင့်မားစွာ ချိတ်ဆွဲထား သကဲ့သို့၊ တောက်လောင်နေကာ လေထုအား ဆုတ်ဖြဲ ဖြာကျနေ၏။
တောအုပ်တစ်နေရာမှ ခွေးဟောင်သံများ ထွက်ပေါ်လာသည်။ ထိုခွေးဟောင်သံများ နောက်တွင် လူတစ်စု၏ စကားသံ များပါ ကပ်ပါ လာလေသည်။
" ဘယ်လို မြင်းလဲဟ. ... အမဲလိုက်ခွေး၊ ခွန်နှစ်ကောင် နဲ့တောင် ဖမ်းမရ ပါလား ''
" မင်း....သူ့ရဲခွန်အား အစစ်အမှန်ကို မတွေ့ရ သေးဖူး၊ အဲဒီ သားရဲကို ငါတို့ပထမဆုံး စတွေ့တုန်းက၊ ငါတို့ရဲ့ အဖွဲ့သား အချို့တောင် ခြေထောက် ကျိုးကုန်တယ် ''
" ရိုင်းလိုက်တဲ့မြင်း... ဖမ်းမိလို့ကတော့ ''
" ဂီး........ ဝုတ် ဝုတ် ''
အဝါဝတ်လူငယ်တစ်ဦးသည် အဝတ်အလွှာ အထပ်ထပ်ဖြင့်ပတ်ထားသော လှံတစ်ချောင်းကို ကျောပိုးလျက်၊ လူအုပ်နောက်တွင် ရပ်နေခဲ့ကာ ထိုမြင်ကွင်းအား ကြည့်နေ၏။
ထိုမြင်းသည် ရင်သပ်ရှုမောဖွယ် ကိုယ်ဟန်နှင့်အတူ၊ ကြက်သွေးရောင်အသွေးအမွှေးများ ဖုံးလွှမ်းနေကာ၊ သန်မာ ကြံ့ခိုင်လွန်း လှ၏။
အမဲလိုက်ခွေးခွန်နှစ်ကောင်ဖြင့် ဝန်းရံ ပိတ်ဆို့ထား သော်လည်း၊ ၎င်းသည် ကြောက်ရွံ့ နေသည့် အရိပ်အယောင်ကိုပင် မပြခဲ့ပဲ၊ ရဲဝံစွာ ခုခံနေခဲ့သည်။
၎င်းသည် နဂါးသွေးမြင်းဖြစ်ကာ၊ သူ့ပါးစပ်တွင် စိတ်ဝိညာဉ်သစ်သီးတစ်လုံးအား ကိုက်ခဲထားလေသည်။
ထို့ကြောင့်ပင် သူက အမဲလိုက် ခွေးများအား စိတ်ထင်တိုင်း တိုက်ခိုက် နိုင်ခြင်း မရှိခဲ့ပဲ၊ အဝိုင်းခံ လိုက်ရခြင်း ဖြစ်ပေသည်။
“ ဟောင်ရှင်းဒဿမအဆင့်ခွန်အားမျိုးနဲ့ နဂါးသွေးမြင်းတစ်ကောင်ကို ပထမ ဦးဆုံး တွေ့ဖူး တာပဲ မဟုတ်လား၊ ဒီသားရဲက သားရဲ အမြုတေကို ဖွဲ့တည် နိုင်မှာပဲ၊ ပြီးတော့ ... ”
“ ... သူ့ပါးစပ်ထဲ မှာလည်း မူလရေ ဝိညာဉ် သစ်သီးကို ကိုက်ထား သေးတယ်၊ အကုန် လုံးက 'ရတနာ'တွေပဲ ။ ”
အဝါဝတ်လူငယ်၏ မျက်ဝန်း၌ လောဘရောင်များ တဖျတ်ဖျတ်လက်လာကာ မချင့်မရဲ ရေရွတ်လိုက်သည်။
ထိုလူငယ်အသံ ထွက်ပေါ်လာသည်နှင့် အမဲလိုက်ခွေးအုပ်မှာ ပိုမိုတက်ကြွလာကာ တဂီးဂီးတဂဲဂဲဖြင့် ဟန်ရေးပြနေကြ၏။
" သခင်လေး၊ ဒီမြင်းကို ဖမ်းပြီးရင် ငါတို့ရဲ့ မြို့တစ်ဝိုက်မှာ လှည့်ပတ်စီးနင်း လိုက်တာ နဲ့တင်၊ သခင်လေးက ပြိုင်ဘက် ကင်းပြီ..."
အစေခံ တစ်ယောက်က ချက်ချင်း မော့ကြည့် လိုက်ကာ အကြံပေး မြှောက်ပင့် လိုက်၏။
" ထားလိုက်တော့၊ ဒီမြင်းနဲ့ သူ့ပါးစပ်က ဝိညာဉ် သစ်သီးကို အဆုံးရှုံး ခံလို့ မရဖူး၊ ဒီခွေးအုပ် ကလည်း အချိန်ဖြုန်း ဖို့က လွဲရင် အသုံး မဝင်ဖူး၊ ဒါကြောင့် ငါတို့ကိုယ်တိုင် လုပ်ရလိမ့်မယ် "
ထိုအစေခံ၏စကားကို အသိအမှတ်ပြု ခေါင်းညိတ်ပြ လိုက်ပြီး အဝါဝတ်လူငယ်က လောဆော် လိုက်သည်။
ထိုအဝါဝတ်လူငယ်နှင့် မနီးမဝေးတွင် ဆံပင်များဆွတ်ဆွတ်ဖြူနေသော အနက်ဝတ်အဘိုးကြီးတစ်ယောက်သည် ပျင်းရိစွာလဲလျောင်းနေခဲ့သည်။
၎င်းအဘိုးအိုသည် နဂါးသွေးမြင်းအား စိတ်ဝင်စားဟန် မပြ သပဲ၊ အဝါဝတ် လူငယ် စကားကို လျစ်လျူရှုထား၏။ သို့သော်အဘိုးအိုသည် တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့်၊
'' သခင်လေး ငါတို့နောက်ကျနေပြီ၊ သခင်ကြီးက မျှော်နေလောက်ပြီ၊ ''
" ဦးလေးဟွမ်၊ မင်းက ငါ့ကို ဘာလို့ ဒီမြင်းကို ဖမ်းမပေးရတာလဲ "
အဝါဝတ်လူငယ်က အလိုမကျစွာ မျက်မှောင်ကြုတ်လျက် စောဒက တက် လိုက်သည်။
" မင်းရဲ့လုံခြုံရေးကိုပဲ ငါတာဝန်ယူနိုင်တယ်၊ သခင်လေး ''
အဘိုးအိုသည် အဝါဝတ်လူငယ်၏ တောင်းဆိုမှုကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုခဲ့သည်။
" ခေါင်းမာတဲ့ အဘိုး ကြီး..."
အဝါဝတ်လူငယ်မှာ စိတ်မရှည်ဟန်ဖြင့် နဂါးသွေးမြင်းထံ မော့ကြည့်လိုက်ကာ အစေခံများ ဘက်သို့ ခေါင်းညိတ်ပြလျက်မှ၊
'' ကဲ..... စရအောင် ''
-ဟု ရေရွတ်လိုက်လေသည်။
ထိုစကားသံဆုံးသည်နှင့် ဟောင်ရှင်းနဝမအဆင့် အထွတ်အထိပ် အရှိန်အဝါ များအား ထုတ်လွှတ်လျက်၊ လူလေးဦးမှာ ရှေ့ထွက် လာလေသည်။
တစ်ဆက်တည်းမှာပင် သူတို့ လေးယောက်က၊ နဂါးသွေးမြင်း ထံသို့ ဦးတည် ပြေးဝင်သွား ကြသည်။
အခြားတစ်ဖက်တွင် ထိုအမဲလိုက် ခွေး ခွန်နှစ် ကောင်၏ ပိတ်ဆို့မှုများ အောက်၌၊ လူလေးယောက် တိုက်ပွဲအတွင်း ပြေးဝင်လာ သည်ကို မြင်လိုက်ရ သည်နှင့်၊ ဒေါသတကြီး အော်ဟစ် လိုက်၏။
ပြင်းထန်သော အရှိန် အဝါကို ထုတ်ဖော်လျက်၊ ၎င်း၏ခွာ များကို အမဲလိုက် ခွေးသုံးကောင် ထံသို့ ဦးတည် ကန်ထုတ် လိုက်သည်။
" မင်း... ပြေးလို့လွတ်မယ်ထင်လား "
တစ်ချိန်ထဲမှာပင် အော်ဟစ်ကြုံးဝါး သံနှင့် အတူ မတူညီသော လမ်းကြောင်းလေးခုမှ တိုက်ခိုက်မှု လေးခု တိုးဝင်လာ ခဲ့သည်။
'' ဖုန်း... ''
သူတို့၏ တိုက်ခိုက်မှုများသည် နဂါးသွေးမြင်းပေါ်သို့ ကျရောက်သွားခဲ့ပြီး၊ ပြင်းထန်သည့် စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။
ထိုတိုက်ခိုက်မှုဒဏ်ကို ခံရပြီးနောက် နဂါးသွေးမြင်းသည် မြေပြင်ပေါ်သို့ လဲကျလုနီးနီး တုန်လှုပ်သွားခဲ့၏။
အခြားတစ်ဖက်တွင်လည်း ထိုလေးယောက်သည် သက်တောင့် သက်သာ မရှိခဲ့ပေ။
သူတို့၏တိုက်ခိုက်မှုများအား ကြီးမားစွာ ပြန်လည် တုံ့ပြန်လာ မှုသည်၊ ၎င်းတို့၏ ခန္ဓာကိုယ် တွင်းရှိ သွေးများကို မသက် မသာ ဖြစ်စေခဲ့သည်။
တစ်ချိန်ထဲမှာပင် နဂါးသွေးမြင်းသည် မြေပြင်ပေါ်သို့ လဲကျတော့မည်ကို မြင်လိုက် သည်နှင့်၊ အဝါဝတ်လူငယ်ထံမှ ရယ်မောသံများ ထွက်လာခဲ့ပြီး၊ စတင်လှုပ်ရှားလာ လေသည်။
ထိုလူငယ်သည် နဂါးသွေးမြင်းအား စီးနင်းရန် ရည်ရွယ် ထားပြီး၊ အရှိန်အဝါအား ထုတ်လွှတ်လျက် ကောင်းကင်မှ ညင်သာစွာ ဆင်းသက် လာ၏။
သို့သော် နဂါးသွေးမြင်းသည် ထိုလူငယ်၏ ရည်ရွယ်ချက်အား ရိပ်မိနေခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်အား ကဆုန်ပေါက် လှည့်ပတ် လိုက်ကာ အဝါဝတ် လူငယ်ကို ဖယ်ထုတ်ရန် ကြိုးစား လိုက်သည်။
နဂါးသွေး မြင်း၏ အပြုအမူကြောင့် ကောက်ကျစ်စွာ ပြုံးရယ်လျက်၊ ပြင်းပြင်း ထန်ထန် ကန်ချ လိုက်လေ၏။
'' ဗုန်း......... ''
ထိုကန်ချက်ကြောင့် မောပန်းနွမ်းနယ်နေသော နဂါးသွေးမြင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
" သခင်လေး......."
အစေခံ လေးယောက်သည် ချက်ချင်း ပြေးဝင် လာခဲ့ပြီး၊ အဝါဝတ်လူငယ်အား ဖေးမ လိုက်သည်။
နဂါးသွေး မြင်းမှာ လဲကျသွား သကဲ့သို့ အဝါဝတ်လူငယ်မှာလည်း မသက်သာလှချေ။ သူက နူတ်ခမ်းထောင့်စွန်းရှိ သွေးစကို လက်ခုံဖြင့် သုတ်လိုက်ကာ၊
"အဲဒီ ယုတ်မာတဲ့ တိရစ္ဆာန်ကောင်ကို ကိုက်သတ် လိုက်ကြစမ်း "
ဟု အော်ဟစ်လျက် ဖေးမထားသည့် အစေခံလေးယောက် ထံမှ တွန်းထိုး ထရပ် လိုက်သည်။
ထိုလူငယ်၏ အမိန့် ပေးသံ ဆုံး သည်နှင့် အမဲလိုက် ခွေးအုပ်ကြီးသည် အရှိန်အဟုန် ပြင်းပြင်း ဖြင့် ပြေးဝင် သွားခဲ့၏။
နဂါးသွေးမြင်းသည် လဲကျလျက်မှ၊ ထိုမြင်ကွင်းကြောင့် ကုန်းရုန်ထရပ်ရန် ကြိုးစား လိုက်ရသည်။
သို့သော် ၎င်းအမဲလိုက် ခွေးများသည် သူ့ထံသို့ မရောက်မီ၊ ရုတ်တရက် ရွှေဝါရောင် လက်သီး တစ်လုံး၏ ထိုးနှက်လိုက်မှုကြောင့်၊ နောက်ပြန် လွင့်စင်လျက်၊ နာကျင်စွာ အော်ဟစ် ကုန်ကြ၏။
မြေပြင် ပေါ်သို့ လဲကျ သွား ခဲ့ပြီး၊ ပါးစပ်မှ အမြှုပ်များ ထွက်ကာ အသက်ငင် နေခဲ့ လေပြီ။
ထိုလက်သီးပိုင်ရှင်၏ အငွေ့အသက် များကြောင့် နဂါးသွေးမြင်းမှာ ပျော်ရွှင်စွာဖြင့် ထရပ် လိုက်ကာ အော်ဟစ် လိုက်၏။ လင်းယွန်သည် နဂါးသွေးမြင်းအား ဤမျှ ဆိုးရွားသော အခြေအနေဖြင့်၊ တွေ့မြင်ရ လိမ့်မည်ဟု မမျှော်လင့် ခဲ့ပေ။
နောက်ထပ် အနည်း ငယ်သာ နောက်ကျ ခဲ့ပါက နဂါးသွေး မြင်းမှာ သေဆုံးသွား နိုင်ပေ မည်။
တစ်ချိန်တည်း မှာပင် လင်းယွန်၏ စိုးရိမ် ပူပန်မှုအား အာရုံခံ မိသည်နှင့်၊ နဂါးသွေး မြင်းမှာ ပါးစပ်၌ မူလရေဝိညာဉ် သစ်သီးအား ကိုက်လျက် ရယ်ပြလာခဲ့သည်။
ထိုအမူအရာများကြောင့် စက္ကန့်ပိုင်းအတွင်း နဂါးသွေး မြင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင် သွားကာ၊ သူ၏ မျက်လုံးများတွင် သတ်ဖြတ် လိုခြင်း ဆန္ဒများ ပြည့်နှက် လာ၏။
နဂါးသွေးမြင်းသည် လင်းယွန်အတွက်၊ သဘာဝကုသရေး ဆေးဘက်ဝင်အပင်များကို လိုက်လံရှာဖွေခဲ့ရာမှ၊ ဤလူအုပ်နှင့် တွေ့ဆုံ တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်ပေ၏။
" ငါ့မြင်းကို ဒဏ်ရာ ရအောင် မင်း လုပ်တာလား ...... ''
လင်းယွန်၏အကြည့်သည် နဂါးသွေးမြင်းထံမှတဆင့်၊ အဝါဝတ်လူငယ်ဘက်သို့ လှည့်ကြည့် လိုက်သည်။
ထိုလူငယ်သည် ဟောင်ရှင်းဒဿမ အဆင့်၌ ရှိပြီး၊ သူ၏အစေခံ လေးဦးသည် ဟောင်ရှင်း နဝမ အဆင့် တွင်သာ ရှိနေခဲ့ ပေသည်။
ထိုလူငယ်၏ သွင်ပြင် လက္ခဏာများ အရ၊ ၎င်းသည် မျိုးနွယ်စု တစ်စု၏ သခင်လေး တစ်ယောက် ဖြစ်နိုင် ပေမည်။
လင်းယွန်၏ စကား များကြောင့် ထိုအဝါဝတ် လူငယ်လေးမှာ ပျက်လုံး တစ်ခုအား ကြားလိုက်ရ သလို၊ ဟက်ဟက် ပက်ပက် ရယ်မော လိုက်လေသည်။
" အေးသာယာမြို့ရဲ့ ပိုင်နက်အတွင်းမှာ၊ မင်းက ငါ့ရဲ့ အမဲလိုက်ခွေးတွေကိုသတ်ပြီး၊ ငါ့ကို မေးခွန်းထုတ်ရဲတဲ့ ပထမဆုံးသောလူပဲ "
အေးသာယာမြို့။
ထိုအဝါဝတ်လူငယ်၏ စကားသံများကြောင့်၊ လင်းယွန်သည် မြေပုံပေါ်ရှိမြို့တစ်မြို့အား ပြန်လည်သတိရလိုက် မိသည်။
၎င်းသည် မဟာချင်အင်ပါယာ၏ နယ်နိမိတ်အတွင်းတွင်ရှိသော နယ်စပ်မြို့လေးတစ်မြို့ ဖြစ်ပေ၏။
သုံးလနီးပါး ခရီးထွက်လာပြီးနောက်၊ နောက်ဆုံး၌ လင်းယွန်က ချင်အင်ပါယာ၏ နယ်နိမိတ်အား နင်းမိခဲ့လေပြီ။
'' ကောင်လေး၊ ဒီမြင်းက မင်းအပိုင်ဆိုရင်၊ ငါတို့ သခင်လေးကို ခုချက်ချင်း ပေးအပ်လိုက်ပါ၊ အဲဒီလိုမှ မဟုတ်ရင် မင်းရဲ့မြင်းလို အဖြစ်မျိုးကြုံရလိမ့်မယ်..... ....... "
'' ဖုန်း.......''
ရုတ်တရက် ဖုန်းခနဲမြည်သံနှင့်အတူ ထိုအစေခံသည် လက်သီးချက်ကြောင့်၊ နံရိုးများ ကျိုးသွားသော အသံများ ထွက်ပေါ် လာလေသည်။
ဟောင်ရှင်း နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်သည် လက်သီး တစ်ချက်တည်း နှင့်ပင် သေလု မျောပါး လဲကျ သွား၏။
" သောက်ပဲဟေ့.... မင်းက သေချင်နေတာပဲ "
လင်းယွန်းက အမှန်တကယ်ပင် တိုက်ခိုက်လိုက် သည်ကြောင့်၊ ကျန်အစေခံ သုံးယောက်မှာ ဒေါသတကြီး ပြေးဝင်လာ လေသည်။
သူတို့သုံးဦးသည် ဟောင်ရှင်း နဝမအဆင့် အရှိန်အဝါအား ကိုယ်စီ ထုတ်ဖော်လျက်၊ လက်ဖဝါး များကို ဓါးသဏ္ဍာန် လွှဲခုတ်လာ ကြ၏။
သို့သော် လင်းယွန်သည် ၎င်းတို့၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်း ခဲ့ကာ၊ နှာခေါင်းရှုံ့သံနှင့်အတူ ရိုးရှင်းသော လက်သီး တစ်ချက်အား ထုတ်ဖော် ထိုးချ လိုက်သည်။
သူ၏လက်သီးတွင် ရွှေဝါရောင်အဆင်းများ တောက်ပနေခဲ့ပြီး၊ ထိုသုံးယောက်ထံသို့ လျင်မြန်စွာတိုးဝင်သွား လေသည်။
'' ..... အု..... ''
လက်သီး တစ်ချက် ထိုးရုံဖြင့် ထိုသုံးယောက်၏ တိုက်ခိုက်မှု များမှာ လွင့်ပျက် သွားခဲ့၏။
နောက်ပြန် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ရောက်ချိန်၌ ပါးစပ်မှ သွေးများ ထွက်ကျ လာလျက် မီတာ အနည်းငယ် အကွာသို့ လှိမ့်ထွက် သွားလေသည်။
အဝါဝတ် လူငယ်၏ နောက်လိုက် များက၊ လင်းယွန်အား ကြောက်လန့်တကြား မျက်လုံး များဖြင့်၊ ကြည့်နေကြကာ ပတ်ဝန်း ကျင်မှာ တိတ်ဆိတ် သွား၏။
သူတို့ရှေ့ရှိ ဤလူငယ်သည် အလွန်ပင် ကြောက်စရာ ကောင်းလွန်း လှပေရာ၊ အလိုလို နောက်ပြန် ဆုတ်သွားမိ ကြသည်။
အဝါရောင်ဝတ်လူငယ်လေးသည် လင်းယွန်မှ၊ ဟောင်ရှင်းနဝမအဆင့် ကျင့်ကြံသူ သုံးဦးအား၊ လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူ နိုင်လိမ့် မည်ဟုပင်၊ မမျှော်လင့်ခဲ့ပေ။
ရုတ်တရက် ထိုလူငယ်၏ နှုတ်ခမ်းများမှာ တုန်ရီလာခဲ့ပြီး၊ သူ့မျက်လုံးထဲရှိ တစ်စုံ တစ်ရာအား ဖုံးကွယ် လိုက်ဟန်ဖြင့်၊
" ငါ ဒေါသ မထွက်ခင်၊ ဒူးထောက်ပြီး တောင်းပန်ပါ၊ ဒါဆို ဖြစ်ခဲ့သမျှကို ခွင့်လွှတ်ပေးလိုက်မယ်.."
ဟု ခြိမ်းခြောက်လိုက်ရာ၊ လင်းယွန်က ဟက်ဟက် ပက်ပက် ရယ်မော လိုက်လေသည်။
" ဟားဟားဟား.... မင်းက ခွင့်လွှတ်ပေးနိုင် ပေမယ့်၊ ငါက မင်းကို ခွင့်လွှတ် ပေးလိမ့်မယ်လို့ မင်းထင် နေလား "
စကားသံဆုံးသည်နှင့် လင်းယွန် မျက်ဝန်း ထဲ၌ သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက် လာသည်။
နဂါးသွေး မြင်းအား ပြင်းပြင်း ထန်ထန် ဒဏ်ရာရ စေသော မည်သူ မဆို၊ ခွင့်လွှတ် လိမ့်မည် မဟုတ်ပေ။
စက္ကန့်ပိုင်းလေး အတွင်းမှာပင် လင်းယွန်၏ လက်သီးသည် ထိုလူငယ် ဆီသို့ ပြင်းထန်စွာ ပြေးဝင် သွားသည်။
အဝါဝတ် လူငယ်သည် လှံရှည်အား ဖြုတ်ယူလျက်၊ ထိတ်လန့်စွာ နောက်ဆုတ် ရှောင်တိမ်း လိုက်ရာ၊ အဝတ်စ လေတိုးသံများ ဖြစ်ပေါ်လာလေသည်။
'' ဝှစ်...... ''
တစ်ချိန်တည်းမှာပင် ထိုလူငယ် လက်ထဲရှိ လှံရှည်မှ၊ ရစ်ပတ် ထားသော အဝတ်စများ ကွဲအက် ပေါက်ကွဲလာ ခဲ့ပြီးနောက်၊ အေးစက်သော အရှိန်အဝါများ ထွက်ပေါ် လာခြင်း နှင့်အတူ၊ လှံဖျားအား လင်းယွန်ထံသို့ ဦးတည် ထိုးသွင်းလိုက် လေသည်။
" ဒါဆိုလည်း ငရဲသွား သေတော့ "
အအေးဓာတ်သည် စူးရှသောအဟုန်ဖြင့် လင်းယွန်ထံသို့ တိုးဝင်လာရာ၊ လက်သီးအား ရုတ်သိမ်းလိုက်ပြီး၊ ဓားကို ဆွဲထုတ်လျက် အလျင်အမြန် ခုခံ ကာကွယ်လိုက် ရ၏။
ဓားနှင့်လှံ ပြန်းထန်စွာ ရိုက်ခတ် သွားပြီးနောက်၊ တစ်ဆက်တည်း မှာပင် ဓား တစ်လျှောက်မှ အေးစက် နေသော အငွေ့ အသက်များ စီးဝင် လာကာ၊ သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်း လာလေသည်။
ထို့နောက်တွင် ထိုအအေးဓာတ်သည် သွေးများ ပျစ်ခဲ လာစေ သည်အထိ တိုး၍ အေးလာ သည်ကြောင့်၊ ယန်သန့်စင်ခြင်း နည်းစနစ်အား ထုတ်ဖော်လျက် စွမ်းအင်များကို လျင်မြန်စွာ ဖြန့်ဝေလိုက် ရသည်။
တစ်ချိန်တည်း မှာပင် လေထုသည် ရေခဲလှံပေါင်း များစွာအား သယ်ဆောင်လျက်၊ သူ့ထံ ထပ်မံ ပြေးဝင်လာ ပြန်သည်။
အလယ်အလတ် တော်ဝင် ရေခဲလှံ။
ရုတ်တရက် လင်းယွန်၏ အကြည့်မှာ အဝါဝတ် လူငယ် လက်ထဲရှိ လှံပေါ် ကျရောက် သွားသည်။
***