လူယုတ်မာလေး မင်းကိုငါသတ်မယ်။
Vol. 6 Ch. 73
အဝါဝတ်လူငယ်လေး၏ နာမည်မှာ လျူယွမ်ဖြစ်ပြီး အေးသာယာမြို့ရှိ လျူမိသားစု သခင်လေးတစ်ယောက် ဖြစ်ပေသည်။
လျူယွမ်လက်ထဲရှိ ရေခဲလှံမှာ ဘိုးဘွားပိုင် ရတနာတစ်ပါး ဖြစ်ကာ တစ်စုံတစ်ရာသော အခြေ အနေကြောင့် ထုတ်ဖော် ယူဆောင် လာခဲ့ခြင်း ဖြစ်၏။
လျူယွမ်က ရေခဲလှံဖြင့် တိုက်ခိုက် လိုက် သည်နှင့် လေထုထဲတွင် ရေခဲ လှံငယ်ပေါင်း များစွာ ထွက်ပေါ် လာခဲ့ပြီး၊ လင်းယွန်အား နောက်ပြန် ဆတ်ခွာရန် ဖိအားပေး ခံလိုက် ရသည်။
'' ............. ''
တစ်ချိန်တည်းမှာပင် လင်းယွန်က သူ၏ စွမ်းအင်များအား ထုတ်ဖော်ခြင်းဖြင့်၊ သူ့ခန္ဓာကိုယ်ထံသို့ တိုးဝင်လာသော အေးစက်စက် အရှိန်အဝါများကို ချိုးဖျက်ကာ၊ လေထုထဲရှိ မြောက်များစွာသော ရေခဲလှံချွန်များအား ရှောင်ရှားရန် မီတာ အနည်းငယ်အထိ ဆုတ်ခွာ သွားခဲ့ရသည်။
'' ........... ''
" မောက်မာလိုက်တဲ့ ကျေးတောသား၊ ငါ့ကို ခွင့်မလွှတ်ဖူးတဲ့လား ....ဟားဟားဟား.. ပြစမ်းပါဦး မင်းရဲ့မောက်မာမှုတွေကို ဟမ် "
လင်းယွန် မျက်နှာပေါ်ရှိ ကြောက်ရွံမှုအား မြင်ရပြီးနောက်၊ လျူယွမ်က ကျေနပ်စွာ ပြုံးရယ် လိုက်သည်။
ဤကျေးတောသား၏ လက်သီးသည် မည်မျှပင် ပြင်းထန်ပါစေ၊ ထိုလက်သီးဖြင့် အလယ်အလတ် တော်ဝင်လက်နက် တစ်ခုအား ယှဉ်ပြိုင် တိုက်ခိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
အခြားတစ်ဖက်တွင် လင်းယွန်မှာ လှံကြောင့်ဒဏ်ရာ မရရှိခဲ့သော်လည်း၊ ထိုလှံဆီမှ ရေခဲအရှိန်အဝါများသည် သူ့ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်လာခဲ့လေပြီ။
အကယ်၍သာ ၎င်းလှံသည် အရေပြားအား ထိုးဖောက်နိုင်ပါက၊ လင်းယွန်မှာ ချက်ချင်းပင် ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားမည်ကို အခိုင်အမာသိရှိ နေမိသည်။
သို့သော် ဤတိုက်ပွဲ အတွင်းတွင် အနည်းငယ်သော မျှော်လင့်ချက် ရှိနေပေ သေး၏။
၎င်းသည် လျူယွမ်၏ တိုက်ခိုက်မှု များတွင် အပြစ် အနာ အဆာများ ပြည့်နှက် နေခဲ့ပြီး၊ အလယ် အလတ် တော်ဝင် ရေခဲ လှံ အပေါ် ထိန်းချုပ် နိုင်စွမ်း မရှိခဲ့ပေ။
" ဝိုး .... သခင်လေး "
" လျူသခင်လေး.....အဲဒီကောင်ကို သတ်ပစ်လိုက်၊ ငါတို့လျူမိသားစုရဲ့ ခွန်အားကို ပြလိုက်...."
" လျူမိသားစုက အပြစ်ပြုလို့မရဖူးဆိုတာ၊ ဒီလူမိုက်ကို သင်ပေးလိုက်ပါ သခင်လေး.. ''
တိုက်ပွဲတွင် လျူယွမ်သည် အပေါ်စည်းမှ ဖိအားပေး နိုင်လိုက်သည်ကို မြင်လိုက်ရ သည်နှင့်၊ အစေခံများမှာ ဆူညံစွာ အော်ဟစ် အားပေး လိုက်ကြသည်။
သို့သော်လည်း လျူယွမ်မှာ သက်တောင့် သက်သာ မရှိခဲ့ပဲ၊ ဤကျေးတောသားအား အနိုင် ယူရန် မည်မျှ ခက်ခဲသည်ကို သူ့ နှလုံးသား အတွင်းမှ နက်နက် ရှိုင်းရှိုင်း သိရှိ နေမိ ခဲ့လေသည်။
ပွဲအစ ကတည်း ကပင် ၎င်းကျေးတော သားက၊ ရေခဲလှံ၏ အရှိန်အဝါကို ချေဖြတ် ရှောင်ရှား သွားနိုင် ခဲ့၏။
လျူယွမ် ဆက်လက်တိုက်ပွဲဝင်ရန် တုန့်ဆိုင်းနေသည်ကို ကြည့်ကာ လင်းယွန်က ပြုံးလိုက်သည်။
'' ကျား-နဂါးအရှိန်အဝါ ''
ထို့နောက်တွင် ကျားနဂါးအရှိန်အဝါအား ထုတ်ဖော်လိုက်ရာ၊ ဟောင်းရှင်း ဒဿမ အဆင့်တွင် ထုတ်ဖော်လိုက်သည့် ကျားနဂါး အရှိန်အဝါမှာ၊ စစ်မှန်သော ရှန်ရှင်း သိုင်းသမား တစ်ယောက်၏ အရှိန်အဝါ ဖြင့်ပင် နှိုင်းယှဉ်နိုင် နေခဲ့လေပြီ။
'' ......... ''
ရုတ်တရက် လေနှင့်တိမ်များ စုရုန်းလာပြီးနောက် အရှိန်အဝါအချို့ ပေါက်ကွဲထွက်ပေါ်လာကာ၊ လင်းယွန်၏ ခြေလှမ်းများစွာသည် နောက်ပြန်ဆုတ် သွားနေစဉ်၊ တစ်ချိန်တည်းမှာပင် လျူယွမ်၏ လက်ထဲတွင်ရှိသော ရေခဲလှံသည် တုန်ယင်လာကာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
ထိုအခွင့်အရေးကို ဆုပ်ကိုင်ရန် လင်းယွန်က ကျားရိုင်း လက်သီး နှင့်အတူ ပြေးဝင် သွားလေသည်။
ထိုသို့ ပြေးဝင်လာသည့် လင်းယွန်ကြောင့်၊ လျူယွမ်မှာ ထိတ်လန့် တကြားဖြင့် 'ထွက်သွား'ဟု အော်ဟစ် လျက်၊ ရေခဲ လှံအား ချိန်ရွယ် ပစ်ချ လိုက်ရ၏။
၎င်းလှံသည် လေထုအား စုရုန်းစေလျက် ဧရာမ ရေခဲလှံကြီး သဖွယ်၊ လေထုထဲ၌ ထင်ဟပ်လာ လေသည်။
အခြားတစ်ဘက်တွင် လင်းယွန်သည်လည်း ရေခဲလှံကြီး ထွက်ပေါ်လာသည်နှင့်တပြိုင်နက်၊ ကျားရိုင်း လက်သီးကို ရုတ်သိမ်းလိုက်ပြီး၊ ရှေးဟောင်း ဓါးသေတ္တာကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ကာ၊ လျူယွမ်ထံသို့ ပစ်လွှတ်လိုက် လေသည်။
'' ဖုန်း.... ''
လင်းယွန်က ပြေးဝင် နေစဉ်မှာပင် ဓါးသေတ္တာက၊ အရှိန်ပြင်းပြင်းဖြင့် ရှေ့မှ လျင်မြန်စွာ ထွက်ပေါ် လာပြီး၊ ရေခဲလှံ ပုံရိပ်ကြီးအား တွန်းတိုက် ချိုးဖြတ် လိုက်ပြီးနောက်၊ လျူယွမ် ထံသို့ ဆက်လက် တိုးဝင် ထိမှန် သွားခဲ့လေသည်။
ထို့နောက်တွင် ရှေးဟောင်း ဓားသေတ္တာ၏ ထိမှန်ခြင်းကြောင့်၊ လျူယွမ်၏ ရင်ဘက်မှာ ပေါက်ကွဲလုမတက် အောင့်မြက်သွားပြီး၊ နံရိုးများ ကွဲကြေသွားကာ လွင့်စင်ထွက်သွား လေသည်။
အကယ်၍သာ လျူယွမ်သည် တော်ဝင် သွေးမီးလျှံ ချပ်ဝတ်အား ဝတ်ဆင် ထားခဲ့ခြင်း မရှိပါက၊ သူသည် ယခု တိုက်ခိုက်မှုတွင် ပါဝင်သော အရှိန်ကြောင့် ကျိန်းသေပေါက် သေဆုံးသွား ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ ရှေးဟောင်း ဓားသေတ္တာ၏ စွမ်းအားမှာ သူ့ မျှော်လင့် ချက်ထက် ကျော်လွန် သွားသောကြောင့် လင်းယွန်က အံ့ဩသွား၏။
ထိုတိုက်ခိုက် မှုတွင် စွမ်းအင် အနည်း ငယ်မျှသာ ထုတ်ဖော် ခဲ့ရပြီး၊ ၎င်းသည် အလယ်အလတ် တော်ဝင် လက်နက် တစ်ခု ဖြစ်သော ရေခဲလှံ၏ တိုက်ခိုက်မှု ကိုပင် ဖောက်ထွက် သွားနိုင်ကာ၊ လျူယွမ်အား ပြင်းထန်သော ဒဏ်ရာ ပေးနိုင် ခဲ့သည်။
သို့သော်ထိုဖြစ်စဉ်သည် လျူယွမ်၏ တော်ဝင်ရေခဲလှံပေါ် ထိန်းချုပ်နိုင်စွမ်း နိမ့်ပါးခြင်းကြောင့်လည်း ဖြစ်ပေ၏။
ထိုသို့ မဟုတ်ပါက ဤဓားသေတ္တာသည် ထိုကဲ့သို့သော စွမ်းအားကို ပြသရန် မဖြစ်နိုင်ပေ။
ပတ်ဝန်းကျင်မှ တုန်လှုပ် ချောက်ချား သံများ ငြိမ်သက်သွား သည်နှင့် လင်းယွန်က မြေပေါ် ပြုတ်ကျ နေသည့် လှံကို ကောက်ယူ လိုက်၏။
'' .............. ''
ရုတ်တရက် ရေခဲလွှာများသည် လင်းယွန်၏ လက်ကို ဖုံးလွှမ်းလာကာ အေးစက်သော အရှိန်အဝါများ စီးဝင်လာသည်။
'' ငါ့ရဲ့ ....တိမ်လွှာရေခဲပြင်လှံ ....လှံ ''
လင်းယွန်၏ အမူအရာကြောင့် လျူယွမ်မှာ နှမျောတသစွာဖြင့် သွေးအန်လိုက်ရသည်။ သို့သော်လည်း လျူယွမ်သည် ယခုအချိန်၌ သူ့ကိုယ်သူပင် မကာကွယ် နိုင်ခဲ့သောကြောင့်၊ သူ၏ လှံအား မည်သို့ပြန်ယူနိုင် မည်နည်း။
လင်းယွန်သည်လည်း သူ၏ လက်ထဲရှိ တိမ်လွှာများ ကဲ့သို့ ရေခဲပြင်များ အထပ်ထပ် ဖုံးလွှမ်းလာသည့် လှံတံအား ပြုံးလျက် ကြည့်နေခဲ့ကာ၊
"ကောင်းလိုက်တဲ့ လှံ....''
ဟု ရေရွတ်လိုက်လေသည်။
ကျား-နဂါးအရှိန်အဝါအား ထုတ်ဖော်ပြသ သည်မှ စပြီး တိမ်လွှာ ရေခဲပြင် လှံကို သိမ်းယူ လိုက်သည် အထိ၊ သူ၏ လှုပ်ရှားမှု များမှာ သေသပ် ချောမွေ့ နေခဲ့သည်။
မျက်စိ တစ်မှိတ်အတွင်းမှာပင် ကစားပွဲအား ပြောင်းပြန် လှန်နိုင်ခဲ့ပြီး၊ လျူမိသားစုဝင်များ၏ မျှော်လင့်ချက်အား ရိုက်ချိုးပြ ခဲ့သည်။
" ငါ့မြင်းက နည်းနည်းတော့ မိုက်မဲကောင်း မိုက်မဲ နိုင်တယ်၊ ဒါပေမယ့် ဘယ်သူ့ ကမှ သူ့အသားကို နာကျင်အောင် ရိုက်ခွင့်မရှိဖူး.... ''
လက်ထဲရှိ လှံရှည်အား ဝေ့ရမ်းလိုက်သည်နှင့် လှံကိုင် လက်တစ်လျှောက် လက်ကောက်ဝတ် အထိ ဖုံးလွှမ်း နေ ခဲ့သော ရေခဲလွှာများ တဖျစ်ဖျစ် မြည်လျက် ကွဲကြေ ပျောက်ကွယ် သွား၏။
ပြီးနောက်၊ လင်းယွန်က လျူယွမ်အား အေးစက်စွာ စိုက်ကြည့်လိုက် လေသည်။ သူက လျူယွမ်၏ ပြစ်မှုအား ခွင့်လွှတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
'' ဖုန်း........ ''
ရုတ်တရက် လျူယွမ်အား ရိုက်နှက်ရန် ဟန်ပြင်နေသော လင်းယွန်မှာ တစ်စုံ တစ်ယောက်၏ လက်ဖဝါး ရိုက်ချက်ကြောင့်၊ နောက်ပြန် လွင့်စင်နေစဉ် လေထုထဲ၌ပင် သွေးတစ်လုပ် အန်ချလိုက်ရ၏။
ထိုလက်ဖဝါးပိုင်ရှင်သည် လျူယွမ်၏ ရှေ့တွင် ဆင်းသက်ရပ်နားလိုက်ပြီး၊ လင်းယွန်အား စူးစူးဝါးဝါး စူးစိုက် ကြည့်နေ ခဲ့သည်။
သူ့ဆံဖြူများသည် ချည်နှောင်ထားခြင်း မရှိသည်ကြောင့် ရှည်လျားစွာ ကျဆင်းနေခဲ့ပြီး၊ မျက်ဝန်းများမှာ သိန်းငှက်တစ်ကောင် ကဲ့သို့ လင်းလက်နေ၏။
အခြားတစ်ဖက်တွင် လင်းယွန်က မြေကြီးပေါ်တွင် မြဲမြန်စွာ မရပ်နိုင်မီ၊ အရှိန်အား လျော့ချရန် ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရ၏။
ထို့နောက်တွင် သူ့အား တိုက်ခိုက်လာသည့် လက်ဖဝါး ပိုင်ရှင်ထံသို့ မော့ကြည့်လိုက်ရာ အထိတ်တလန့် ရေရွတ်လိုက် မိလေသည်။
" ရှန် ရှင်း သိုင်း သ မား ... ''
ထိုအဘိုးအိုသည် လျူမိသားစု၏ ပိုင်နက်အတွင်း၌ လင်းယွန်ကဲ့သို့သော လူမိုက်မျိုး မရှိတန်ရာဟု၊ မှတ်ထင်ထားကာ ပေါ့ဆစွာဖြင့် အိပ်ပျော် သွားခဲ့ပြီးနောက်၊ လေနှင့် တိမ်များ ဆင့်ခေါ် ခံလိုက်ရခြင်း နှင့်အတူ ရှန်ရှင်းဘုံ၏ အရှိန်အဝါများကြောင့်၊ လန့်နိုးလာခြင်း ဖြစ်ပေသည်။ ၎င်းသည်ပင် ကြီးစွာသော ဆုံးရှုံးမှုများမှ ကာကွယ်နိုင် ခဲ့ပေ၏။
" ဦးလေးဟွမ်၊ ငါ့ရဲ့ 'တိမ်လွှာရေခဲပြင်လှံ'ကို ပြန်ယူပေးပါ။ "
လျူယွမ်က လှံကို လက်ညိုးညွှန်ပြ နေစဉ် ထိတ်လန့်စိတ်များ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
သူက စကားပြော နေစဉ်တွင် အတွင်း ဒဏ်ရာ များကြောင့် ပါးစပ်မှ သွေးများစွာ စီးကျသွားကာ သတိလစ် မေ့မျောသွားလေ၏။
၎င်းသည် လျူယွမ်၏ ဒဏ်ရာများမှာ မည်မျှ ပြင်းထန်ကြောင်းကို ဖော်ပြနေပေသည်။
အဘိုးအိုက လျူယွမ်အား တစ်ချက်ဝေ့ကြည့် လိုက်ပြီးနောက်၊ လင်းယွန်အား စူးရှစွာ ကြည့်လိုက်ပြီး၊
'' လူငယ်လေး၊ ဒီလောက်ဆို လုံလောက် ပါပြီ၊ တိမ်လွှာရေခဲပြင် လှံကို ချန်ထား ခဲ့ပြီး၊ မင်းရဲ့ မြင်းကို ယူပြီး ထွက်သွား နိုင်ပါတယ်။ ဆိုရိုး စကား အရ နဂါးတစ်ကောင် တောင်မှ နယ်ခံ မြွေကို အပြစ် မပြုဝံ့ဘူး၊ .. ”
“ ... လျူမိသားစုဆိုတာက အေးသာယာမြို့ရဲ့ ပထမတန်းစား အာဏာကို ပိုင်စိုး ထားတဲ့ မိသားစု တစ်စုပဲ၊ မင်းက လှံကို ယူသွား နိုင်ရင်တောင် ဒီတောထဲ ကနေ အန္တရာယ် ကင်းကင်း ဖြတ်သွားနိုင်ဖို့ မဖြစ်နိုင် ပါဘူး။ ''
" အို .....ဟုတ်လား....."
အဘိုးအို၏စကားကြောင့် လင်းယွန်က နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို သုတ်လိုက်ပြီး၊ ယုံကြည်မှု အပြည့်ဖြင့် မျက်ခုံးကိုပင့်ကာ ရေရွတ်လိုက်သည်။
ကျင့်ကြံခြင်းလမ်းမ၌ တစ်စုံတစ်ယောက်၏ ခွန်အားသည် အဘယ်မျှ ကြံ့ခိုင်သည်ကို သိလိုလျှင်၊ ဤမျှသော နာကျင်မှုကို သူက သေချာပေါက် ခံရပေမည်။
ထို့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤအဘိုးအို၏ လက်ဖဝါးထံမှ ထွက်ပေါ်လာသည့် ခွန်အားမှာ ထင်သလောက် မသန်မာလှပေ။
နတ်ဆိုးမီးလျှံကျားနှင့် နှိုင်းယှဉ်ပါက ဤအဘိုးအိုသည် လွန်စွာ အားနည်းနေ လေသည်။
သို့သော်လည်း မဟာချင်အင်ပါယာသည် တကယ်ပင် မလွယ်ကူလှချေ။ နယ်စပ်မြို့ငယ်လေး တစ်မြို့ရှိ မျိုးနွယ်စု တစ်စုမှာပင် ရှန်ရှင်း သိုင်းသမားများ ရှိနေခဲ့လေပြီ။ ထို့အပြင် ထိုသိုင်းသမားများသည် မိသားစု၏ သက်တော်စောင့် သိုင်းသမားများ အဖြစ်ပင် ခိုင်းစေထား နိုင်ကြ၏။
'' .... ငါက နေရာမှန်ကို ရောက်လာတာပဲ၊ ရှန်ရှင်း သိုင်းသမား တစ်ယောက်ရဲ့ အစွမ်းကို ကြည့်လိုက်ရအောင် ''
လင်းယွန်းက ကျား-နဂါး အရှိန်အဝါကို ထုတ်ဖော်လျက်၊ တိမ်လွှာ ရေခဲပြင် လှံကို အဖိုးအို ထံသို့ ထိုးချိန် လိုက်သည်။
အအေးဓာတ်သည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားပြီး၊ လျူမိသားစု ဝင်များအား ထိတ်လန့်သွား စေခဲ့၏။ တိမ်လွှာရေခဲပြင်လှံမှာ လင်းယွန်၏ လက်ထဲ၌ ပို၍ လိုက်လျောညီထွေ ဖြစ်လာခဲ့လေပြီ။
အဘိုးအိုသည် ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အခါ၊ သူ့မျက်နှာတွင် အလိုမကျ ဟန်များ ထွက်ပေါ်လာပြီး၊ မျက်မှောင် ကျုံ့လိုက်မိသည်။
ဤလူငယ်လေးတွင် တစ်စုံတစ်ရာသော အရှိန်အဝါများ ရှိနေခဲ့ကာ၊ ၎င်းသည် ရှန်ရှင်း သိုင်းသမား တစ်ယောက်၏ အရှိန်အဝါ ဖိအား ကိုပင် ခုခံ လွန်ဆန်နိုင် ပေသည်။
ထို့အပြင် ယင်းစွမ်းအားသည် ရှန်ရှင်း-တပိုင်း သိုင်းသမား တစ်ယောက်ထံ၌ ရှိရမည့် အရာမဟုတ်သကဲ့သို့၊ ထိုအရှိန်အဝါသည်ပင် ကျိုးကြောင်း ဆီလျော်မှု မရှိလောက်အောင် အားကောင်းလှပေသည်။
ထိုတစ်ခုတည်း သည်ပင်၊ ထိုလူငယ်လေးမှာ လွယ်ကူသော ပြိုင်ဘက် မဟုတ်ဟု အကဲဖြတ် လိုက်မိသည်ဖြစ်ရာ၊ သတ်ပစ်ဖို့ရန် အထိ ဆုံးဖြတ် လိုက်မိသည်။
" အဘိုးကြီး....မင်းငါ့ဆီ မလာဘူးလား၊ ကောင်းပြီ ဒါဆို..... ငါမင်းဆီ လာခဲ့မယ်.... "
လင်းယွန်က သူ့ရှေ့ရှိ အဘိုးအိုသည် သတိကြီးကြီး ထားတတ်သော၊ အကျင့်စရိုက် ရှိကြောင်း သိသာနေခဲ့ရာ၊ လှောင်ပြောင် ရေရွတ်လျက် ပြေးဝင်သွားလေသည်။
ထိုအဘိုးအိုသည် ရှန်ရှင်းဘုံ၌ ရှိနေခဲ့သော်လည်း၊ စတင် တိုက်ခိုက်ရန်အတွက် တုံ့ဆိုင်း နေဆဲပင်။
ဤသို့သော အပြု အမူကို သတိကြီးသူ တစ်ယောက်ဟု ယူဆရ သော်လည်း၊ ၎င်းသည် ကျင့်ကြံခြင်း လမ်းကြောင်း ပေါ်မှ အနည်းငယ် ဖယ်ခွာ သွားနေခြင်း ဖြစ်ကာ၊ သိုင်းတာအိုမှာ ယိုင်နဲ့ သွားခြင်း၏ လက္ခဏာပင် ဖြစ်ပေ၏။
တစ်ချိန်ထဲမှာပင် လင်းယွန်က သူ့နောက်ကျောတွင် ဓားသေတ္တာအား ထမ်းပိုးထားလျက်မှ တိမ်လွှာရေခဲပြင်လှံကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ခုန်တက်သွားလေသည်။
'' ဝှစ်...... ဝှစ်...... ဝှစ် ''
တိမ်လွှာရေခဲပြင်လှံ၏ စွမ်းအားကို ထုတ်ဖော်လျက် ထိုအဘိုးအိုနှင့် လက်ရည်တူ တိုက်ခိုက် နိုင်ခဲ့ လေသည်။
တိုက်ခိုက် လိုသော ဆန္ဒများမှာ လောင်ကျွမ်း လာခဲ့ပြီး၊ လင်းယွန်၏ သွေးသား များကို ပူလောင် နှိုးထ လာစေသည်။
ဤအခိုက်အတန့်တွင် သူ့ရင်ထဲ၌ ကြောက်ရွံ့ စိတ်များ ကင်းစင် နေကာ၊ တိမ်ကင်း စင်သည့် လတစ်စင်းကဲ့သို့ တိုက်ပွဲ ဆာလောင် စိတ်များ ဖြာကျနေခဲ့သည်။
၎င်းသည် လူငယ်တစ်ယောက်တွင် ရှိသင့်သော မာနနှင့် ယုံကြည်ချက်မျိုး ဖြစ်ပေ၏။
( .... ဒါဆို ငါ ရှုံးသွားရင် ဘာဖြစ် မလဲ။ )
( '' ငါက ဘာလို့ရှုံး မှာကို ကြောက်ရ မှာလဲ၊ အနိူင် အရှုံး ဆိုတာက ရလာဒ် တစ်ခုပဲ၊ ငါ့ အလုပ်က ဆုံးဖြတ် ပြီးရင် နောင်တ ကင်းကင်နဲ့ တိုက်ပွဲ ဝင်နေဖို့ပဲ။ '' )
အခြားတစ်ဖက်တွင် အဘိုးအိုသည် ထိုလူငယ်လေး ထံမှ ထွက်ပေါ် လာသော တိုက်ပွဲဝင် ဆန္ဒများမှာ၊ သူမျှော်လင့် ထားသည်ထက် များစွာ ကျော်လွန် နေသဖြင့်၊ ထိတ်လန့် သွား၏။
၎င်းတိုက်ခိုက် မှုများ အရ ထိုလူငယ်လေးသည် လှံသိုင်းကို ကျွမ်းကျင်စွာ တတ်မြောက် ထားခြင်း မရှိကြောင်း၊ သိရှိ လိုက်သည်။ သို့သော် ဤတိုက်ပွဲသည် ကြောက်စရာ ကောင်းနေ ဆဲပင်။
တစ်ချိန်တည်းမှာပင် လင်းယွန်၏ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ တိုက်ခိုက်မှုများကြောင့်၊ အဘိုးအိုမှာ နောက်သို့ တရွေ့ရွေ့ဆုတ်ခွာရန် ဖိအားပေးခံနေရရာ၊ ၎င်းအခြေအနေအား လက်မခံလိုဟန်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
'' ကောင်းပြီ.... မင်း အလှည့်ပြီးပြီ ဆိုရင်၊ ငါအလှည့်ပဲ.... ''
ထို့နောက်တွင် အဘိုးအို၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအင်များ မရပ်မနား ပေါက်ကွဲ ထွက်ပေါ် လာကာ၊ အလင်းတန်း တစ်စ နှင့်အတူ စွမ်းအင်ဓားတစ်လက် ထွက်ပေါ်လာ လေသည်။
၎င်းစွမ်းအင်ဓါးမှာ ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်လျက်၊ လင်းယွန်၏ တိမ်လွှာ ရေခဲပြင် လှံ ထံမှ စွမ်းအား များကို ဖြိုခွင်း လိုက်သည်။
'' သိုင်း ဝိ ညာဉ် လား ''
ထိုစွမ်းအင်ဓားကို မြင်လိုက်သည်နှင့် လင်းယွင်၏ မျက်လုံးများက တောက်ပ လာခဲ့ပြီး၊ သူ၏ စွမ်းအင်များအား တိမ်လွှာ ရေခဲလှံ ထဲသို့ အကုန်အစင် လောင်းထည့် လိုက်၏။
သို့သော် ၎င်းသည်ပင် အဘိုးအို၏ သိုင်းဝိညာဉ် ဓါးကို ခုခံကာကွယ် နိုင်ခြင်း မရှိခဲ့ပေ။
ရလာဒ် အနေဖြင့် ကျယ်လောင်သော အသံများ နှင့်အတူ၊ ထိတ်လန့်ဖွယ် စွမ်းအင် လှိုင်းများ မီတာများစွာ အထိ ပြန့်နှံ့ သွားပြီး၊ တောအုပ် အတွင်း၌ အချိန် အတော် ကြာကြာ ကျန်ရစ်ခဲ့ လေ၏။
တိုက်ပွဲကွင်းပြင်မှ ဖုန်မှုန့်များ ကြည်လင်သွားသောအခါ၊ လင်းယွန်၏ နှုတ်ခမ်းတွင် သွေးစများ စီးကျလာလျက် ခက်ခဲစွာ ရပ်နေခဲ့ရသည်။ သို့သော် ထိုတိုက်ခိုက်မှုများကပင် သူ့အား ပို၍ ပျော်ရွှင်လာစေသည်။
'' ဒါက မင်းရဲ့သိုင်းဝိညာဉ် ပေါ့...ဟုတ်လား အဘိုးကြီး...''
လင်းယွန်က တိမ်လွှာရေခဲပြင်လှံကို ကိုင်ဆောင်ထားလျက်မှ ပြုံးလိုက်ရာ၊ ထိုသို့သော အပြုအမူသည် အဘိုးအိုအား ပို၍ ဒေါသထွက်လာ စေသည်။
သူက အော်ဟစ် ကြုံးဝါးလျက် ထပ်မံတိုက်ခိုက်ရန် ပြေးဝင် လာပြန်သည်။ သို့သော် ၎င်းအဘိုးအိုသည် ရုတ်တရက် စွမ်းအင် ကုန်ခမ်းသွားသည့် ယန္တရားအရုပ် တစ်ရုပ်ကဲ့သို့ တုန့်ခနဲ့ ရပ်ဆိုင်းသွားကာ တုန်လှုပ်ခြောက်ခြား နေခဲ့လေသည်။
အဘယ့်ကြောင့် ဆိုသော် ထိုလူငယ်လေးသည် သူ၏ ခြေဖဝါးအောက်၌ သတိလစ် နေသော လျူယွမ်အား သားရဲ အသေကောင် တစ်ကောင် ကဲ့သို့ ဖိနင်း ထားခြင်းကြောင့် ဖြစ်ပေ၏။
'' မင်း.......ယုတ်မာတဲ့ကောင် .... ''
"ဟားဟားဟား... ငါက ရိုးသားတဲ့ သူလို့၊ မင်းကို ပြောဖူး လို့လား၊ တကယ်ပဲ ရှန်ရှင်း သိုင်းသမား တွေက အစွမ်းထက် လွန်းပါတယ်၊ ငါ့အတွက် ဉာဏ်အလင်း ရစေတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုးကြီး... ''
လင်းယွန်က ကောက်ကျစ်စွာ ရယ်မော လိုက်ပြီးနောက်၊ လျူယွမ်အား သဲအိတ် တစ်အိတ် ကဲ့သို့ ကန်ထုတ် လိုက်လေသည်။
ထိုကန်ချက်ကြောင့် လျူယွမ်မှာ သတိ ပြန်လည် လာကာ လက်ရှိ အခြေ အနေအား ဆက်စပ် မရ ဟန်ဖြင့်၊ လေထဲ ပျံဝဲ နေသည့် သူ့ခန္ဓာကိုယ်အား ငုံ့ကြည့် လိုက်၏။
ဤမြင်ကွင်းကြောင့် အဘိုးအိုသည် ထိတ်လန့်စွာ ပြေးဝင် ဖမ်းယူ လိုက်ရ၏။
တစ်ဆက်တည်း မှာပင် အဘိုးအိုက လျူယွမ်အား ဖမ်းမိ လိုက်သည်နှင့်၊ လင်းယွန်မှာ နဂါးသွေးမြင်းအား စီးနင်းလျက် ထွက်ခွာ သွားပြီ ဖြစ်သည်။
'' ဟား ဟား ဟား ...ဟား..... ဟား ..... ဟား ... ''
တောအုပ်အတွင်းတွင် လင်းယွန်၏ ရယ်သံများသာ ပဲ့တင်ထပ် ကျန်ရစ်နေခဲ့ပြီး၊ ၎င်းသည် အဘိုးအိုအား ဒေါသတကြီး တုန်ယင် သွား စေခဲ့၏။
***