ဒါက မင်းအတွက်ပဲ သူငယ်ချင်း။
Vol. 6 Ch. 75
ပတ်ဝန်းကျင် အပူချိန်က၊ ကြောက်ခမန်း လိလိ မြင့်တက်လာ သည်ကြောင့်၊ မြေပြင်ရှိ မီးတောက် များ၏ အပူရှိန်မှာ၊ မည်မျှ ပြင်းရှ မည်ကို ခန့်မှန်း နိုင်ခဲ့သည်။
မီတာ တစ်ရာ ပတ်လည် အတွင်းရှိ သစ်ပင် တိုင်းတွင် မီးစွဲလောင် နေကာ အငွေ့ တလူလူ ထွက်ပေါ် နေ လေသည်။
ထိုမီးလောင်ပြင် အတွင်းရှိ လျူမိသားစုသည် စိတ် လှုပ်ရှား စွာဖြင့် ပြင်ဆင်မှုများ လုပ်ဆောင် နေခဲ့သည်။
လျူထန်က ကပ်ဘေးသင့် ရွှေကြာပန်းအား ရိတ်သိမ်းရန် အရင်းအမြစ် များစွာ သုံးစွဲ ထားရသည်။
ထိုရိတ်သိမ်းမှုသည် လျူမိသားစု ထံ၌ ရှန်ရှင်း သိုင်းသမား များစွာကို ထပ်မံ မွေးထုတ်ပေး နိုင်ကာ၊ ၎င်းသည် လျူမိသားစုအား ရာစုနှစ် ပေါင်းများစွာ ရှင်သန် သွားစေ နိုင်ပေမည်။
ထို့အပြင် အေးသာယာမြို့အနီးဝန်းကျင် မြို့များအထိပါ လျူမိသားစု၏ အာဏာအား ဖြန့်ကျက် နိုင်မည် ဖြစ်ပေရာ၊ ဤကပ်ဘေးသင့် ရွှေကြာပန်းကို ကောင်းကင်ဘုံမှ လျူမိသားစုအား ပေးအပ် လာသော လက်ဆောင်ပင် ဖြစ်ပေသည်။
'' မစိုးရိမ်ပါနဲ့ အစ်ကိုကြီး၊ ဒီသတင်းကို ထိပ်တန်း အဆင့် သတ်မှတ်ပြီး အမှောင်ချ ထားပြီး သားပါ၊ ကပ်ဘေးသင့် ရွှေကြာပန်းကို လျူမိသားစုဝင် တွေက လွဲပြီး၊ တခြား ဘယ်သူမှ မသိ သလို ဘာအမှား အယွင်းမှ လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ''
လျူထန်ဘေး၌ ရပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက နှစ်သိမ့်လိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ လျူမိသားစု၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး၊ သူ့နာမည်မှာ လျူတျန်း ဖြစ်ပေသည်။
သူက လျူမိသားစု ခေါင်းဆောင် လျူထန်၏ ညီဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုမှာ ရှန်ရှင်းဘုံ ပထမ အဆင့် အထွတ် အထိပ် ဖြစ်၏။
'' ငါတို့ သတိလက်လွတ်နေလို့မရဖူး၊ လောကမှာ အမြဲ ဖုံးကွယ်ထား နိုင်တဲ့ လျှို့ဝှက်ချက် ဆိုတာ မရှိဘူး၊ ဘာပဲဖြစ်ဖြစ် တစ်စုံ တစ်ယောက် ကသာ ငါရဲ့ ကပ်ဘေးသင့် ရွှေကြာပန်းကို လုယူ ချင်တယ် ဆိုရင် သေကို သေရမယ်၊ ''
လျူထန်၏ မျက်ဝန်းများသည် ပြင်းထန်သော တောက်ပမှု နှင့်အတူ သတ်ဖြတ် လိုခြင်း ဆန္ဒများ ထွက်ပေါ်လာရာ လူတိုင်း၏ ကျောရိုးတစ်လျှောက်အား တုန်လှုပ်ခြောက်ခြား သွားစေသည်။ တစ်ဆက်တည်းမှာပင် သူက လျူယွမ်ကို လှည့်ကြည့်ပြီး၊
" ဒီ အမှိုက်ကသာ တိမ်လွှာရေခဲပြင်လှံကို မဆုံးရှုံးခဲ့ရင် ....... ''
ဟုရေရွတ်လိုက်ရာ လျူယွမ်က သူ့အဖေ၏ဒေါသကို ရင်မဆိုင်ရဲဟန်ဖြင့် ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။
'' အကိုကြီး၊ မင်း သိပ်စိတ်ပူနေစရာ မလိုဘူး၊ ဒီကလေးက ဝေးဝေး မပြေးနိုင်သေးပါဖူး၊ ငါတို့ ကပ်ဘေးသင့်ရွှေကြာပန်းကို ကိုင်တွယ်ပြီးရင်၊ သူ့ကို ခေါ်ဆောင်လာ ပေးပါမယ်။ ”
“ တိမ်လွှာ ရေခဲပြင် လှံကို ယူပြီး နောက်တော့၊ သူက လွယ်လွယ်နဲ့ လွတ်မြောက် နိုင်မှာ လားလို့ ငါသိချင် နေတယ်.... ”
'' အွန်း..... ''
လျူတျန်း၏ စကားမဆုံးခင်မှာပင် မြေပြင်သည် တဆတ်ဆတ် တုန်ယင်လာကာ၊ တရွှီးရွှီး မြည်သံများ အဆက်မပြတ် ထွက်ပေါ် လာလေသည်။
လျူထန်နှင့်အတူ လျူတျန်း အပါအဝင် အဘိုးအိုဟွမ်တို့ သုံးယောက် စလုံး၏ မျက်ဝန်း များသည် တောက်ပသော မျှော်လင့်ချက် များဖြင့် တဖျတ်ဖျတ် လက်လာ ခဲ့လေသည်။
“ ... လာနေပြီ။ ”
“ ... ဝူးရှ်။ ”
မီးတောက် များသည် ရုတ်တရက် သေးငယ်သွားကာ တစ်နေရာတည်းတွင် စုရုံး လာကြ၏။
ထိုသို့မီးတောက်များ စုစည်းလာသည် နှင့်အမျှ၊ နေမင်း ကြီးမှာ မြေပြင်မှ ထွက်ပေါ် လာတော့မည် ကဲ့သို့ ပူလောင် ပြင်းရှ လာလေသည်။
သို့သော် ပြိုးပြိုးပြက်ပြက် ပြသနေသော ထိုတောက်ပမှုသည် ပျောက်ကွယ်မသွားမီ တခဏမျှသာ တည်တံ့နေခဲ့သည်။
ခဏအကြာတွင် ထိုနေရာ၌ မီးတောက်လောင်နေခဲ့သော ကြာပန်းတစ်ပွင့် ထွက်ပေါ်လာတော့သည်။
" ကပ်ဘေးသင့် ရွှေကြာပန်း... တကယ်ပဲ ကပ်ဘေးသင့် ရွှေကြာပန်းပဲ... ''
လျူထန်က မည်မျှပင် ထိန်းထား ခဲ့သော်လည်း၊ ပျော်ရွှင်မှုသည် လှိုင်လှိုင် ထွက်ပေါ် နေပေသည်။
တစ်ချိန်တည်းမှာပင်၊ မီးဝိညာဉ် စွမ်းအင်များ၏ သိပ်သည်းဆသည် လူတိုင်း၏ နှုတ်ခမ်း များအား ခြောက်သွေ့သွားစေသည်။
မြေပြင်ပေါ်တွင် မီးတောက်များ မရှိတော့သော်လည်း ပတ်ဝန်းကျင် အပူချိန်မှာ၊ ဆက်လက် မြင့်တက် နေခဲ့ပြီး၊ ခဏအကြာတွင် မီးကြာပန်းမှာ အနီရောင် မှိုပွင့်ကြီးကဲ့သို့ လောင်ကျွမ်း တောက်ပ လာလေသည်။
ထိုဖြစ်စဉ် အရ ကပ်ဘေးသင့် မီးကြာ ပန်းမှာ၊ ပွင့်အာ အသွင် ပြောင်းတော့ မည်ဟု ဆိုလို ပေ၏။
'' ပစ်.......... ''
ရုတ်တရက် အော်ဟစ် လိုက်သံနှင့် အတူ လေးသမား တစ်ထောင် နီးပါးသည် လေးမြှား များအား စတင် ဆွဲထုတ်ပစ် လွှတ်လိုက် ကြ၏။
'' ရွှီး.........''
စူးရှသော လေခွင်းသံများ ထွက်ပေါ်လာပြီး၊ ကောင်းကင်မှ မြှားမိုးများ၊ ရွာချလိုက် သကဲ့သို့ ဖွေးဖွေး လှုပ်သွားသည်။
ထိုမြှားတံ များသည် မြေပြင်အား ထိမှန်သည်နှင့်၊ မြေပြင်တစ်လျှောက် ရေခဲလွှာ မျက်နှာ ပြင်ကြီးကို ဖြစ်ပေါ် လာစေသည်။ တစ်ချိန်တည်း မှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်သည် ကျဆင်းသွား၏။
" ဝိုး အရမ်းမိုက်တယ် ''
လင်းယွန်က အဝေးမှ ထိုမြင်ကွင်းအား ကြည့်ကာ၊ အံ့သြစွာဖြင့် ချီးကျူးလိုက်မိသည်။
မြှားတံများတွင် ရေခဲစွမ်းအင်များ ပြည့်ဝနေခဲ့ကာ၊ ၎င်းသည် စေ့စပ်သေချာသော ပြင်ဆင်မှုများပင် ဖြစ်၏။
လျူမိသားစုမှ ပြသသော ခွန်အားမှာ၊ မိုးပြာရောင် ကောင်းကင်ဂိုဏ်း တစ်ခုလုံး ထက်ပင် များစွာ အားကောင်းပေ၏။
'' ဘုန်း.... ''
တစ်ချိန်ထဲမှာပင် ကပ်ဘေးသင့် ရွှေကြာပန်းသည် ခြိမ်းခြောက်မှုကို ခံစား လိုက်ရ သောအခါ၊ ၎င်းသည် ရုတ်ချည်းပင် ပေါက်ကွဲ သံနှင့် အတူ၊ ထိုကပ်ဘေးသင့် ရွှေကြာပန်းအား စောင့်ရှောက်နေသော နတ်ဆိုးဝိညာဉ်မှာ နတ်ဆိုးတစ်ကောင် အဖြစ်သို့ အသွင်ပြောင်းကာ ထွက်ပေါ်လာ လေသည်။
" ထွက်ပြေးချင်လို့လား... အိပ်မက် မက်မနေနဲ့... "
လျူထန်၊ လျူတျန်းနှင့် အနက်ဝတ် အဘိုးအို တို့က၊ ရယ်မောလျက် ကောင်းကင်သို့ လျင်မြန်စွာ ပျံတက် သွားကြ၏။
ထို့နောက်တွင် သူတို့သုံးယောက်သည် ၎င်းတို့၏ အရှိန်အဝါအား ထုတ်ဖော်လျက် လမ်းကြောင်း သုံးခု ခွဲလိုက်ကာ ချဉ်းကပ် တိုက်ခိုက် လိုက်လေသည်။
'' ........... ''
လျူယွမ်က လေးသမားများအား ဦးဆောင်လျက် မြှားများဖြင့် ချိန်ရွယ်ကာ၊ ထိုတိုက်ပွဲ နောက်သို့ လိုက်ပါသွား ကြသည်။ ထိုလှုပ်ရှားမှုသည် မည်မျှ လေ့ကျင့်ရည် ပြည့်ဝသည်ကို ထုတ်ဖော် ပြသနေခဲ့သည်။
တစ်ချိန်တည်းမှာပင် လေထုထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာရာ၊ ရှန်ရှင်း သိုင်းသမား သုံးဦး၏ ဖိနှိပ်မှု အောက်တွင် ကပ်ဘေးသင့် နတ်ဆိုးသည် ဆက်လက် ရပ်တည်ရန် အတွက် တိုက်ပွဲ ဝင်လိုက်ရ၏။
အခြားတစ်ဖက်တွင် လျူမိသားစု၏ ရှန်ရှင်းသိုင်းသမား သုံးဦးသည်လည်း ကပ်ဘေးသင့်နတ်ဆိုးတစ်ပါးကို နှိမ်နင်း ရိတ်သိမ်းရန် အခက်တွေ့နေဆဲပင်။
သို့သော် နောက်ဆုံးတွင် ကပ်ဘေးသင့် ရွှေကြာ ပန်းသည် သက်တမ်း တစ်ရာ အောက်သာ ရှိသောကြောင့်၊ ရှန်ရှင်း သိုင်းသမား သုံးယောက် ထံမှ ဖိနှိပ်မှုကို မခုခံ နိုင်တော့ဘဲ၊ ဖြည်းဖြည်းချင်း နောက်ဆုတ် နေရ လေသည်။
တစ်ချိန်တည်း မှာပင် မြှားသမားများ သည်လည်း ကပ်ဘေးသင့် နတ်ဆိုးအား ဦးတည် ပစ်ခတ်ခြင်း မရှိ ခဲ့ဘဲ၊ ရှန်ရှင်း သိုင်းသမား သုံးယောက်၏ တိုက်ခိုက်မှုများ ကြားရှိ ဟာကွက် များနှင့် ပြေးလမ်း များကို ပိတ်ဆို့ ပစ်ခတ်ခြင်း ဖြင့်သာ ကူညီပေးနေ ကြသည်။
ထိုတိုက်ပွဲသည် ဟာကွက်မရှိ ပြီးပြည့်စုံ လွန်းကာ၊ အဝေးမှ ငေးကြည့်နေမိသော လင်းယွန်အား ခေါင်းကို ညင်သာစွာ ညိတ်လိုက် မိစေ၏။ လျူမိသားစုမှာ ထို့အတွက် များစွာ အချိန်ပေး အစီအစဉ် ချမှတ်ခဲ့ ပုံရသည်။
လျူမိသားစု၏ အစီအမံများ အောက်တွင် ကပ်ဘေးသင့် နတ်ဆိုးသည် တစ်စ တစ်စ အားနည်း လိုက်လာပြီး၊ ပင်ပန်း နွမ်းနယ် လာဟန်ဖြင့် လှုပ်ရှားမှုများ လေးလံ လာလေသည်။
သူ၏ နတ်ဆိုးအသွင် ပြောင်းလဲ ထားသည့် ခန္ဓာ ကိုယ်၌ ဒဏ်ရာများ ပြည့်နှက် နေခဲ့သည်။
တစ်ချိန်တည်းမှာပင် လျူထန်၏ မျက်ဝန်းများတွင် လောဘ အရိပ်အယောင်များ တောက်ပလာလျက်၊ တိုက်ပွဲ၏ အရှိန်အား ထပ်မံ မြှင့်တင်လိုက် လေသည်။
ထိုတိုက်ပွဲ၏ ရုန်းရင်း ဆန်ခတ်မှု များမှာ၊ ပြင်းထန်သော စွမ်းအင်လှိုင်း များကို ဖြစ်ပေါ် လာစေ သဖြင့်၊ ဤမြင်ကွင်းကို ကြည့်ရှု သူတိုင်းအား ထိတ်လန့် သွားစေ ကြသည်။
၎င်းစွမ်းအင် လှိုင်းများသည် ဟောင်ရှင်း နယ်ပယ်ရှိ သိုင်းသမား မည်သူ့ကို မဆိုအား သတ်ပစ်ရန် လုံလောက်ခဲ့ ပေသည်။
အခြားတစ်ဖက်တွင် လေးသမားများက ဆယ်ယောက် တစ်ဖွဲ့စီ အဖွဲ့ငယ်များ ခွဲဖွဲ့၍ အဖွဲ့လိုက် ရွေ့လျားမှုများ ပြုလုပ်ကာ၊ အခွင့် အရေးရ သည်နှင့် ကပ်ဘေးသင့် နတ်ဆိုးအား ပစ်သတ်ရန်၊ ၎င်းတို့၏ ဖွဲ့စည်းပုံ အနေ အထားကို အဆက်မပြတ် ပြောင်းလဲခဲ့ ကြသည်။
ထိုရွေ့လျားမှုများသည် စစ်ပွဲများ အတွင်း အသုံးပြုကြသည့် နည်းဗျူဟာ အခင်း အကျင်း တစ်ခုနှင့်ပင် ပို၍ တူကာ၊ ဟာကွက် မရှိ လှပ သေသပ် ပေသည်။
ရှန်ရှင်းသိုင်းသမား များ၏ တိုက်ပွဲ အတွင်းတွင် ဟောင်းရှင်း သိုင်းသမားများ ဝင်ရောက် ကူညီနိုင်ခြင်း မရှိ သော်လည်း၊ ၎င်းသည် လုံးဝ အသုံးမဝင်ဟု မဆိုလိုပေ။
လျူယွမ်၏ ကွပ်ကဲမှုများ အောက်၌ လေးသမားများသည် အဖွဲလိုက် စွမ်းရည် များကို ထုတ်ဖော်လျက်၊ ကပ်ဘေးသင့် နတ်ဆိုး၏ တိုက်ပွဲ အရှိန် အဟုန်ကို ခြောက်လှန့် ပိတ်ဆို့ရန်၊ မကြာခဏ မြှားဖြင့် ပစ်ကာ ဖိအားကို လျော့ချပေး ခဲ့လေသည်။
ကပ်ဘေးသင့်နတ်ဆိုး၏ ခွန်အားသည် ရှန်ရှင်း တတိယအဆင့် ခွန်အားနှင့် ညီမျှကာ၊ ယေဘုယျ အားဖြင့် ထွက်ပြေး လွတ်မြောက် သင့်သော်ငြားလည်း၊ လျူယွမ် လက်အောက်ရှိ မြှားသမား များ၏ အဝေးရောက် ပိတ်ဆို့မှု များမှာ၊ ၎င်း၏ ပြေးလမ်းများကို ကန့်သတ် ထားနိုင်ခဲ့ လေသည်။
အကယ်၍သာ လျူမိသားစုထံ၌ တိမ်လွှာ ရေခဲပြင် လှံသာ ရှိနေပါလျှင်၊ ၎င်းတို့၏ ပြီးပြည့် စုံသော အစီအစဉ် အောက်တွင် ထိုကြာပန်းအား လွယ်လင့်တကူ ရိတ်သိမ်းနိုင် ပေမည်။
ရေ နှင့်မီးသည် ဆန့်ကျင်ဘက် ဒြပ် သဘာဝ များရှိကာ၊ အချင်းချင်း အပြန်အလှန် ထိန်းချုပ် နိုင်ကြ ပြီးနောက်၊ ကပ်ဘေးသင့် နတ်ဆိုးအား များစွာ အားအင် လျော့ပါး သွား စေနိူင်၏။
သို့သော် ထိုသို့သော ပြီးစုံသည့် အခြေ အနေမှာ ရုတ်တရက် ပြောင်းလဲ သွားသည်။
မျက်နှာကို ဖုံးကွယ်ထားသော အနက်ဝတ် လူရိပ်ဆယ်ရိပ်သည် တောအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအရိပ်အဖွဲ့၏ ခေါင်းဆောင်မှာ ရှန်ရှင်း အရှိန်အဝါအား ထုတ်ဖော်ကာ၊ မျက်စိတစ်မှိတ် အတွင်း မှာပင် လျူမိသားစု၏ သိုင်းသမား ဆယ်ဦးကျော်ကို သတ်ဖြတ်သည်။
၎င်းလုပ်ရပ်မှာ လျူမိသားစု ဝင်များအား ထိတ်လန့် သွားစေ၏။
ခဏလေး အတွင်း မှာပင် ထိုအနက်ဝတ် သိုင်းသမားကြီးသည် လျူမိသားစု၏ ဟောင်ရှင်း သိုင်းသမား တစ်ရာ နီးပါးအား သတ်ဖြတ်ပြစ် လိုက်လေသည်။
လျူမိသားစုဝင် သိုင်းသမားများ အရေအတွက် လျော့နည်းလာသည်နှင့်အမျှ၊ မြှားများ၏ သိပ်သည်းဆသည်လည်း ကျဆင်းသွားခဲ့သည်။
အခြားတစ်ဖက်တွင် ကပ်ဘေးသင့် နတ်ဆိုးသည် မြှားတံ များ၏ ဖိအားပေးမှု လျော့ကျ လာသည်နှင့် သူ့ပြိုင်ဘက် သုံးဦးကို ကိုင်တွယ်ရန် ပိုလွယ်ကူ လာလေ သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လင်းယွန်၏ မျက်လုံးများတွင် တောက်ပမှုများ ထင်ဟပ်လာသည်။
တစ်ချိန်တည်းမှာပင် လျူယွမ် လက်အောက်ရှိ လေးသမား များမှာ ဖွဲ့စည်းပုံ ပျက်သွားကာ၊ ပျက်စီး ယိုယွင်း သွားပြီးနောက် လျို့ဝှက်လူ တစ်စုအား ရင်ဆိုင်လိုက်ရ၏။
ထိုလျို့ဝှက်လူတစ်စု၏ ခေါင်းဆောင်မှာ လျူမိသားစု ဝင်တိုင်းကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ် ထားပုံ ရကာ၊ သူ့မျက်လုံး များတွင် လူသတ် လိုသည့် ဆန္ဒများဖြင့် တောက်ပနေခဲ့သည်။
သို့သော် လျူမိသားစု၏ ရှန်ရှင်း သိုင်းသမား သုံးယောက်သည် ကပ်ဘေးသင့် နတ်ဆိုးကို တိုက်ခိုက်ရန် အရေး ကြီးသော အခိုက်အတန့် တစ်ခုတွင် ဖြစ်သော် ငြားလည်း၊ သူတို့၏ မျက်နှာများ ပေါ်တွင် ထိတ်လန့်မှု အနည်းငယ် မျှပင် မရှိခဲ့ပဲ၊ အော်ဟစ် ရယ်မောလိုက် ကြသည်။
ထိုရယ် မောသံ များကြောင့် လျှို့ဝှက်သော လူတစ်စုသည် အံ့အားသင့် သွားကြ၏။
" ... ထောင်ချောက်.....အမြန် နောက်ဆုတ်ကြ...၊ ''
ရုတ်တရက် လျှို့ဝှက်သော အဖွဲ့ ခေါင်းဆောင်သည် စိုးရိမ် တကြီး အော်ဟစ် သတိပေး လိုက်သည်။ သို့သော်လည်း အချိန် နှောင်းသွား ခဲ့ပေပြီ။
ထိုအခိုက်အတန့်တွင် အပြာဝတ် လေးသမား ဆယ်ယောက်သည် သစ်ပင်များ ပေါ်မှ ခုန်ဆင်းလာ ခဲ့သည်။
၎င်းတို့ အားလုံးသည် ဟောင်ရှင်း နဝမ အဆင့်တွင် ရှိနေကြကာ၊ လက်ထဲရှိ လေးကိုင်းကို ဆွဲတင် လိုက်ကြ၏။
ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ သူတို့လက်ထဲရှိ လေးကိုင်း များသည် အဆင့်နိမ့် တော်ဝင် လက်နက်များ ဖြစ်နေခဲ့ပေသည်။
တော်ဝင်လက်နက် ဆယ်လက်၏ လေးကြိုး ဆွဲသံသည် တပြိုင်နက်တည်း ထွက်ပေါ် လာကာ၊ မြှားဆယ်ချောင်းအား ပစ်လွှတ်လိုက် ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြှားဆယ်ချောင်းသည် လေကို စုတ်ဖြဲလျက် လျင်မြန်စွာ ပြေးဝင်လာပြီး၊ လျှို့ဝှက်အဖွဲ့အား ထိုးဖောက် သတ်ပစ်လိုက်လေသည်။
မြှားဖြင့်ထိသူတိုင်းသည် မြေပြင်ပေါ်သို့ လဲကျသွားကာ နောက်ဆုံးထွက်သက်အား ရှူရှိုက် ညည်းတွားသွား ကြ၏။
'' ဝမ်မိသားစုရဲ့ အမှိုက်တွေ၊ မင်းတို့အားလုံး မျက်နှာဖုံးစွပ်ထားလို့၊ ငါက မမှတ်မိဖူးလို့ ထင်နေလား ဟားဟားဟား..."
" လျူထန် အယုတ်တမာကောင်... "
ထိုဝမ်မိသားစုခေါင်းဆောင်က သူ့မိသားစုဝင် များ၏ အလောင်းကိုကြည့်ကာ အံကြိတ် ကျိန်ဆဲ လိုက်ပြီး၊ သူ့မျက်နှာဖုံးအား ဖယ်ရှား လိုက်သည်။ သူ့မျက်နှာတွင် နောင်တ များဖြင့် ပြည့်နှက်နေ ခဲ့လေသည်။
" ......ဟားဟားဟား ဝမ်အဘိုးကြီး၊ ငါသာ ရက်စက် ကြမ်းကြုတ်မှု မရှိရင် အေးသာယာ မြို့ကြီးကို ငါဘယ်လို အုပ်ချုပ် နိုင်မလဲ။ မင်းလို အမှိုက် မိသားစုတွေ ကိုလည်း ဘယ်လိုလုပ် ရှင်းပစ် နိုင်မှာလဲ။ ”
“ ... မင့်က မင်းရဲ့ ဝမ် မိသားစုက ပြန်လာ နိုင်မယ်လို့ ထင်နေ တာလား...ဟမ်၊ အိမ်မက်မက် မနေနဲ့ ဝမ် အဘိုးကြီး၊ ဒီနေ့ မင်းရဲ့ နောက်ဆုံး ထွက်သက် ငင်ရမယ့် နေ့ပဲ၊ ''
လျူထန်က အော်ဟစ်လှောင်ပြောင်ကာ ဝမ်မိသားစု၏ အဘိုးအို ထံသို့ ပြေးဝင် တိုက်ခိုက် လိုက်လေသည်။
ထိုအချိန်တွင် လျူတျန်နှင့် အနက်ဝတ် အဘိုးကြီးမှာ ကပ်ဘေးသင့် နတ်ဆိုးအား အပြင်း အထန် တိုက်ခိုက် လိုက်တော့၏။
ဤမြင်ကွင်းကို ငေးကြည့်လျက် လင်းယွန်၏ မျက်လုံးများမှာ တောက်ပနေခဲ့ကာ၊ မူလက လင်းယွန်သည် လျူမိသားစု၏ ဟာကွက်မရှိ၊ ဗျူဟာများ အောက်၌ အခွင့်အရေး မရှိ သည်ကြောင့်၊ ဆုတ်ခွာရန် စီစဉ်နေပြီ ဖြစ်၏။
လက်ရှိ အခြေ အနေအား တွေ့မြင် လိုက်ရ သည်နှင့် စိတ်ပြောင်း သွားခဲ့သည်။ သူက ရှေးဟောင်း ဓားသေတ္တာကို ကျောမှ ဖြုတ်ယူ ပုတ်လိုက်ပြီး၊ ''ဒါက မင်းအတွက်ပဲ၊ သူငယ်ချင်း'' ဟု ပြုံးကာ ရေရွတ်လိုက် လေသည်။
ရုတ်တရက် ရှေးဟောင်းဓားသေတ္တာပေါ်ရှိ ငှက်ပုံစံ 'ကနုတ်'သည်၊ ၎င်း၏ အတောင်ပံ များကို ခတ်ထားကာ ခရမ်းရောင် ရေခဲငှက် သဏ္ဍာန်ဖြင့် တောက်ပ လာလေ သည်။
ထို့နောက်တွင် ကောင်းကင်၌ ပျံဝဲ နေသည့် ဓားသေတ္တာ ပေါ်သို့ လင်းယွန်က ခုန်တက် လိုက်၏။
'' ......ဝှစ် ''
ဓားသေတ္တာပေါ်ခြေချမိသည်နှင့်၊ ၎င်းသည် လေထဲ၌ ယိမ်းထိုးရမ်းခါ သွားခဲ့သည်ဖြစ်ရာ၊ လင်းယွန်က သူ၏ စွမ်းအင်အချို့အား ထုတ်ယူလျက်၊ ဓါးသေတ္တာ အတွင်းသို့ သွန်းလောင်း လိုက်ပြီးနောက်၊ ထိုလှုပ်ခါရမ်းမှုသည် ငြိမ်သက်သွားခဲ့၏။
တစ်ဆက်တည်းမှာပင် ဓားသေတ္တာအား ဖြည်းဖြည်းချင်း တွန်းထုတ်လိုက်ကာ ကောင်းကင်သို့ တိုးဝင်သွား ခဲ့လေသည်။
***