အရုဏ်ဦး။
Vol. 6 Ch. 77
လင်းယွန်သည် နဂါးသွေးမြင်း၏ ကျောပေါ်သို့ ပြန်လည် ရောက်ရှိလာ သော်လည်း၊ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားကာ၊ သူ့ကိုယ်တွင်း အင်္ဂါများ ကွဲအက်သွားသလို ခံစား လိုက်ရသည်။
လျူထန်၏သိုင်းဝိညာဉ်အား ထုတ်ဖော်တိုက်ခိုက်မှုသည်၊ ကြောက်စရာ ကောင်းစွာ ပြင်းထန်နေခဲ့ပြီး၊ ၎င်းသည် ဓားသေတ္တာ၏ ခုခံကာကွယ် ပေးမှုကြောင့်သာ မဟုတ်ခဲ့ပါက၊ သူ့အသက်အား ဆုံးရှုံးသွားပေလိမ့်မည်။
အခြားတစ်ဖက်တွင် လျူမိသားစု ဝင်များက အံကြိတ်လျက်၊ ငေးကြည့် ကျန်ရစ်ခဲ့လေသည်။
ပုံမှန် အခြေ အနေများ အရ ဆိုပါလျှင်၊ ၎င်းတို့ သုံးဦးမှာ နောက်ကျောတွင် ဝန်ကို ထမ်းထားသော နဂါးသွေးမြင်း ဆီသို့ ပြေးလိုက် မှီ နိုင်၏။
ယခုအချိန်၌ ဒဏ်ရာ အချို့ ရရှိခဲ့ကာ တိုက်ပွဲများကြောင့် မောပန်းနွမ်းနယ် နေခဲ့သည်။
သူတို့သုံးယောက်နှင့် နဂါးသွေးမြင်းကြား အကွာအဝေးမှာ တဖြည်းဖြည်း တိုးလာသော အခါတွင်၊ သူတို့ သုံးယောက်စလုံး စိတ်ပျက် လက်ပျက် ခံစားလိုက်ရသည်။
လျူထန်၏မျက်နှာသည် ဒေါသကြောင့် နီရဲနေသဖြင့်၊ လေထုအား ပို၍ အေးခဲလာ စေသည်။
ကပ်ဘေးသင့်ရွှေကြာပန်းအား ရိတ်သိမ်းရန်အတွက် လျူမျိုးနွယ်စု၏ အရင်းအမြစ် အားလုံးကို ထုတ်ယူ သုံးစွဲထား ခဲ့ရာ၊ ၎င်းသည် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်ပေသည်။
ထို့အပြင် ၎င်းသည် ရှန်ရှင်း-တစ်ပိုင်း သိုင်းသမားလေး တစ်ယောက်နှင့် မြင်း တစ်ကောင်ကြောင့် ဖြစ်ပြီး၊ ထိုသတင်းသာ ပျံနှံ့သွား ပါက လျူမိသားစုအား များစွာ အရှက်ရ စေမည်။
'' စိတ်လျော့ပါ အစ်ကိုကြီး၊ ဒီလောက် ဒဏ်ရာ ကြီးကြီး မားမား ရသွားတာ၊ ဝေးဝေး ပြေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ ''
လျူတျန်းက သူ့အစ်ကိုကို နှစ်သိမ့်ဖို့ ကြိုးစား လိုက်သည်။
'' မင်းတို့အားလုံး သူ့ကို မလွတ်စေနဲ့၊ သူအသက်ရှင် နေတယ်ဆိုရင် ငါဆီ ဖမ်းခေါ် လာခဲ့၊ သေပြီဆို အလောင်းကို ငါမြင်ချင်တယ်..... ''
ခဏချင်းမှာပင် လျူမိသားစုဝင်များသည် တောအုပ်အတွင်းသို့၊ အလျိုလျို ဝင်ရောက် ပျောက်ကွယ်သွား ကြလေသည်။
အကြမ်းဖျင်း နှစ်နာရီခန့် ကြာပြီး နောက်တွင်၊ လင်းယွန်သည် သူ၏ လက်ချောင်း များကို စတင် လှုပ်ရှားလာ နိုင်ခဲ့သည်။
ထို့နောက်တွင် နဂါးသွေးမြင်း၏ ခုန်ပေါက် ပြေးလွှား မှုများကြောင့် သူ့ဒဏ်ရာ များမှာ၊ ပို၍ နာကျင် လာသဖြင့်၊ ရပ်တန့်ရန် အမိန့်ပေး လိုက်သည်။
" ခဏနားမယ် နဂါးလေး...''
'' ............... ''
လင်းယွန်၏စကားကြောင့် နဂါးသွေး မြင်းသည် သူ၏ အရှိန်အဟုန်ကို ရုတ်တရက် ရပ်တန့်လိုက်ရာ၊ လင်းယွန်သည် မြင်းကျော ပေါ်မှ အရှိန်လွန် ပြုတ်ကျ သွားပြီး၊ မြေပြင် ပေါ်သို့ လဲကျသွားသည်။
လင်းယွန်က ထရပ်နိုင်ခြင်း မရှိပဲ၊ ကုန်းရုန်းကာ သစ်ပင်ပင်စည်အား ကျောမှီ လိုက်၏။
သူ့တစ်ကိုယ်လုံးတွင် နာကျင်မှုအား အနှံခံစားလိုက်ရပြီး၊ မြင်းစီးရာမှ လှုပ်ရမ်းမှု များကြောင့် ဒဏ်ရာကို ပိုဆိုးစေခဲ့သည်။
ခဏအကြာတွင် အနည်းငယ် သက်သာ လာသဖြင့် မျက်လုံးများ ပွင့်လာသည်။ ဖြူဖျော့သော မျက်နှာတွင် သွေးရောင်များ နီမြန်း လာခဲ့ သော်လည်း၊ မျက်ဝန်များတွင် သူခံစား နေရသော ပင်ပန်း နွမ်းနယ်မှု များနှင့် နာကျင်မှု များကို ဖုံးကွယ် ထား၍ မရခဲ့ပေ။
လင်းယွန်က နှလုံးအားဖြည့်ဆေးကို ထုတ်ကာ သက်ပြင်းချလိုက်သည်။ ယခုအချိန်တွင် သူသည် ၎င်းကို ကုသဆေးအဖြစ်သာ အသုံးပြုနိုင်သည်။
နှလုံးအားဖြည့်ဆေးလုံးသည် သူ့ရင်ဘတ်အတွင်းတွင် ပေါက်ကွဲသွားခဲ့ကာ၊ ဆေးအာနိသင်မှာ ပျံ့နှံ့သွားသည် နှင့်အမျှ၊ သူ၏ နှလုံးသားသည် ရံဖန်ရံခါ ပြင်းထန်စွာ ခုန်လှုပ် လာသည်။
နာရီအနည်းငယ်အတွင်း၊ သူ့ခန္ဓာကိုယ်သည် အလွန်ကောင်းမွန်သော နှလုံးခုန်သံများနဲ့အတူ၊ အားအင်များ ပြန်လည် ပြည့်ဖြိုး လာခဲ့ လေသည်။
ဒဏ်ရာများမှာ အနည်းငယ်မျှ သက်သာ လာသော်ငြားလည်း၊ နာကျင်မှုသည် အကင်း မသေသေးပေ။
'' မဟာချင်အင်ပါယာရဲ့ မျိုးနွယ်စုလေး တစ်စုကတင် သိပ်ကို အားကောင်းနေပြီ၊ ချင်အင်ပါယာကြီးဟာ တကယ့်ကို ဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတာပဲ၊ ''
လင်းယွန်၏ မျက်လုံးများတွင် တောက်ပမှုများ ဖြာထွက်လာလျက်မှ ရေရွတ်လိုက်သည်။
လျူထန်ပစ်လိုက်သောလှံသည် သိုင်းဝိညာဉ် တစ်ခုဖြစ်ကာ၊ ကြောက်စရာ ကောင်းလောက် အောင်ပင် စွမ်းအားကြီး လှ၏။
ထိုအကြောင်းကို တွေးလိုက်သော အခါတွင်၊ သူ့နှလုံးသား ထဲမှ အဆက်မပြတ် စွမ်းအား ဆာလောင် ခြင်းကို ခံစားလိုက်ရသည်။
ရှန်ရှင်းမျိုးစေ့ကို ဖွဲ့တည် နိုင်စဉ်ကတည်းက၊ သူ၏ သိုင်းဝိညာဉ်နှင့် ပတ်သက်ပြီး၊ မျှော်လင့် ချက်များ ပြည့်နှက်နေခဲ့သည်။
ထို့နောက်တွင်၊ သိုလှောင်အိတ်အတွင်းမှ ကပ်ဘေးသင့်ရွှေကြာပန်းကို ထုတ်ယူလိုက်ရာ၊ အဆက်မပြတ် မီးစွမ်းအင်များ စိမ့်ထွက် လာသည်။
ထိုကြာပန်းတွင် ပွင့်ချပ် တစ်ဆယ့်နှစ်ချပ် ရှိပြီး၊ ပွင့်ချပ် တစ်ချပ် စီတိုင်းသည် မီးဝိညာဉ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသည်။
ရုတ်တရက် နဂါးသွေး မြင်းက လင်းယွန် လက်ထဲရှိ၊ ကပ်ဘေးသင့် မီးကြာပန်းအား စိုက်ကြည့် နေခဲ့ပြီးနောက်၊ မျက်လုံးများ တောက်ပလာသည်ကို မြင်လိုက်ရသည်။
၎င်းမြင်းသည် ပါးစပ်ပွင့်သွားကာ၊ သွားရည် ကျလု နီးနီး ဖြစ်နေပေသည်။
နဂါးသွေးမြင်းအတွက် မီးစွမ်းအင်များ သိပ်သည်းနေသော ကပ်ဘေးသင့် ရွှေကြာပန်းသည် အသုံးဝင်သော ရတနာ တစ်ပါး ဖြစ်နေခဲ့၏။
တစ်ချိန်တည်းမှာပင်၊ လင်းယွန်က ပြုံးရယ်လိုက်ကာ ကြာပန်းပွင့်ချပ် တစ်ချပ်အား ဖြုတ်ယူပြီး၊ နဂါးသွေးမြင်းအား ပေးလိုက်သည်။ ၎င်း၏ လျှာကို ပွတ်ဆွဲခြင်းဖြင့် နဂါးသွေးမြင်းသည် ပွင့်ချပ်ကို အနည်းငယ် ဝါးပြီးနောက်၊ မျိုချလိုက်သည်။
'' ............ ''
တစ်ဆက်တည်းမှာတွင် နဂါးသွေးမြင်းသည် ကြက်သွေးရောင် မီးလျှံများ ဖုံးလွှမ်းသွားကာ ပူလောင် ပြင်းပြနေပုံရ၏။
ထို့နောက်တွင် နဂါးသွေးမြင်းသည် ပြင်းထန်သော မီးစွမ်းအင်များဖြင့် တောက်ပ လာပြီး၊ ခဏအကြာတွင် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများ ဆူပွက်လာကာ၊ ရူးသွပ်သွား သကဲ့သို့ တဟုန်ထိုး ပြေးထွက်သွား လေသည်။
ဤသို့ နဂါးသွေးမြင်း၏ ကပ်ဘေးသင့် ကြာပန်းအား စားသုံးပြီးနောက် တုန့်ပြန်မှု များမှာ လင်းယွန်အား ထိတ်လန့်သွားစေ၏။
ကံကောင်းစွာပင် အလောတကြီး မစားသုံးမိခဲ့ခြင်းသည် သူ့အသက်အား ကယ်တင်ခဲ့ပေသည်။
နဂါးသွေးမြင်း ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက်၊ ရုတ်တရက် မျက်နှာပျက် သွားမိလေသည်။
လက်ရှိအချိန်တွင် လင်းယွန်သည် ဒဏ်ရာများ ပြင်းထန်စွာ ရရှိနေခဲ့ပြီး၊ ဤနေရာ၌ မလုံခြုံတော့ချေ။
ထို့အပြင် နဂါးသွေးမြင်း၏ ပြင်းရှစွာအော်ဟစ် ခုန်ပေါက် ပြေးထွက် သွားခြင်းသည် လျူမိသားစုအား သတိပြုမိသွား နိုင်ပေမည်။
ယခုအချိန်၌ သူ၏ အင်အား (30%)ကိုတောင် ပြန်လည်ရရှိထားခြင်း မရှိသည်ဖြစ်ရာ၊ မည်သူမဆို သူ့အား အနိုင်ယူ နိုင်မည် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင်၊ နဂါးသွေးမြင်း၏ ထွက်ခွာသွားမှုသည်၊ လင်းယွန်အား စိတ်မသက်မသာ ခံစားလိုက်ရ စေသည်။
သို့သော်လည်း လင်းယွန်က သူ၏ ခြေထောက်များကို ချိတ်ထိုင်လိုက်ကာ၊ ယန်သန့်စင်ခြင်း နည်းစနစ်ကို ထုတ်ဖော်လျက်၊ သူ့ခန္ဓာကိုယ်အနှံ့ ယန်စွမ်းအင်များကို ဖြန့်ကျက်စေလိုက်ပြီး၊ အတွင်းဒဏ်ရာများအား စတင် ကုစားနေမိသည်။
အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်ခန့်ကြာသောအချိန်တွင်၊ ရုတ်တရက် ခြေသံများ ထွက်ပေါ်လာသည်ကြောင့်၊ လင်းယွန်က သူ၏ စွမ်းအင် ဖြန့်ဝေနေမှုကို ရပ်တန့်လိုက်သည်။
သူ့၏ စိတ်ဝိညာဉ်ကို ဖြန့်ကျက်ရှာ ဖွေလိုက်ရာ၊ ၎င်းခြေသံ ပိုင်ရှင် များမှာ လျူမျိုးနွယ်၏ သိုင်းသမား အနည်းငယ်မျှသာ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
တစ်ဆက်တည်းမှာပင်၊ အနားရှိ သစ်ပင်တစ်ပင်ပေါ်သို့ ပြေးတက်လိုက်ပြီးနောက်၊ ထူထပ်သော သစ်ကိုင်းများကြားတွင် ပုန်းအောင်းနေလိုက်၏။
'' ဒါက ထူးဆန်းနေတယ်၊ သိပ်မကြာခင်က ဒီနေရာ တဝိုက်မှာ ဆူညံသံတွေ ထွက်ပေါ် လာတာ၊ ငါတို့ ရှင်းရှင်းလင်းလင်း ကြားခဲ့ ရတာပဲ၊ အခု ဘာဖြစ်လို့ ဘယ်သူမှ မရှိရတာလဲ။
ဇဝေဇဝါစကားသံများနှင့်အတူ သိုင်းသမားငါးယောက် ရောက်ရှိလာခဲ့သည်။ သူတို့ငါးယောက်သည် ပတ်ဝန်းကျင်ရှိ အရိပ်အယောင် များကို လှည့်ပတ် အကဲခတ် လိုက်ပြီး၊
'' သေသေချာချာရှာကြစို့၊ သခင်ကြီးပြောပုံ အရဆို ဒီကောင်လေးမှာ ဒဏ်ရာ ကြီးကြီး မားမား ရနေပြီ၊ ငါတို့ထဲက ဘယ်သူမဆို သူ့ကိုသတ်နိုင်ဖို့ လုံလောက်နေပြီ၊ ..... ''
'' ဟုတ်တော့ဟုတ်ပါပြီ၊ ဒါပေမယ့် ဘယ်သူမှမရှိဖူးလေ... ''
" ငါတို့နားကြားတာ မှားသွားတာလား..... "
အဖွဲ့ငယ်၏ခေါင်းဆောင်မှာ အပြာရောင်ဝတ်ထားသော အမျိုးသား တစ်ဦး ဖြစ်သည်။
သူက လင်းယွန် ပုန်းအောင်းနေသော သစ်ပင်ကို မျှော်ကြည့်လိုက်ပြီး၊ ခေါင်းကို ညိတ်လိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် လင်းယွန်၏ နှလုံးသားများမှာ တုန်လှုပ် သွားသည်။ ထို့နောက်တွင် သူ့ကိုယ်သူအား သေချာအောင်၊ ချက်ချင်းပင် ကွယ်ဝှက်ထား လိုက်ရ၏။
" ငါတို့ ဒီသစ်ပင်ပေါ် တက်ကြည့်သင့်တယ် ထင်လား.."
ခေါင်းဆောင်၏ အကြံပြုချက်ကို အားလုံးက သဘောတူ လိုက်သော်ငြားလည်း၊ မည်သူက သစ်ပင်ပေါ် တက်ရောက် ရှာဖွေမည်ကို၊ ဆုံးဖြတ် မရခဲ့ပေ။
လျူသခင်ကြီး၏ စကားများအရ၊ လင်းယွန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ကြောင်း သိရှိထားသော်လည်း၊ ကြောက်ရွံ့မှု များမှာ ပြည့်နှက်နေသေးသည်။
လင်းယွန်သည် အနည်းငယ်သော ခွန်အားရှိနေခဲ့ပြီး၊ သစ်ပင်ပေါ်၌ ရှိနေပါက၊ ထိုသစ်ပင်ပေါ်သို့ တက်ရောက်သွားသူသည် အသက်ရှင်ရန် အခွင့်အရေး နည်းလှပေသည်။
" သုံးစားမရတဲ့ကောင်တွေ၊ ငါကိုယ်တိုင် လုပ်မယ်...."
အပြာရောင်ဝတ်ထားသူက စိတ်မရှည်တော့ ဟန်ဖြင့် ကျိန်ဆဲ လိုက်သည်။ အခြား တစ်ဖက် တွင် တရွေ့ရွေ့ တက်လာ သည့် လူ တစ်ယောက် ကြောင့်၊ အသက် ပြင်းပြင်းပင် မရှူထုတ် ရဲခဲ့ပဲ၊ ငြိမ်သက်စွာ ပုန်းအောင်း နေမိသည်။
' ..............''
ထိုလူသည် သစ်ပင်ပေါ် တက်ရောက် ရာတွင် လျင်မြန်လွန်းခဲ့ပြီး၊ သူ၏ အရှိန်အရ လင်းယွန် ထံသို့ ရောက်ရှိရန် အချိန် အနည်းငယ်မျှသာ ကြာပေမည်။
သို့သော် လင်းယွန်နှင့် အကွာအဝေး အနည်းငယ် အရောက်တွင် ရပ်တန့်လိုက်ကာ၊ မြေပြင်ရှိ တောအုပ်အတွင်းသို့ ဝေ့ဝဲ ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းယွန်သည် လူသေကောင် တစ်ကောင် ကဲ့သို့၊ အရှိန်အဝါ များအား လုံးလုံး လျားလျား ဖျောက်ဖျက် ထားလိုက် ရသည်။
၎င်းသည် စက္ကန့်ပိုင်းမျှသာ ကြာခဲ့ သော်လည်း၊ လင်းယွန်အတွက်မူ ကမ္ဘာပေါင်း များစွာ အချိန်ကြာညောင်း လွန်းလှပေသည်။
" သစ်ပင်ပေါ် တက်ကြည့် ရတာ၊ အချိန်ဖြုန်း တာပဲ"
ထိုလူက ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီး၊ ပြန်လည် ခုန်ချ သွားကာ၊
" တခြားတစ်နေရာကို သွားကြည့်ရအောင်၊.. ''
ဟုဆိုပြီး ဦးဆောင် ထွက်ခွာ သွားလေသည်။ ထိုလူရိပ်များ ပျောက်ကွယ် သွားမှသာ၊ လင်းယွန်က သက်ပြင်း တစ်ချက် ချလိုက် မိ၏။
၎င်းအခြေအနေသည် အရမ်းအန္တရာယ်များ လွန်းခဲ့ပြီး၊ လင်းယွန်က သူတို့အားလုံးကို အနိုင်ယူ နိုင်ခဲ့ လျှင်ပင်၊ သူ၏ တည်နေရာအား ထုတ်ဖော် ပြသရာ ရောက် ပေမည်။
" လောလောဆယ်တော့ ... ငါ့ဒဏ်ရာတွေကို ကုစားဖို့ ဒီနေရာက အလုံခြုံဆုံး ဖြစ်သွားပြီ။ "
ဤနေရာအား ရှာဖွေခဲ့ပြီးပြီဖြစ်ရာ အချိန် အနည်းငယ် အထိ ဘေးကင်းနိုင်သည်။
အရုဏ်တက်ချိန်တွင် လင်းယွန်၏ အသားအရေမှာ ပြန်လည် ကောင်းမွန်လာပြီး၊ သူ့မျက်နှာတွင် သွေးရောင်များ ပြည့်လွှမ်း လာသည်။
နှလုံးအားဖြည့်ဆေးလုံးကို လုံးလုံးလျားလျား စုပ်ယူသွားနိုင်ကာ ခွန်အား (80%)အား ပြန်လည် ရရှိခဲ့သည်။
" ကဲ.... ကပ်ဘေးသင့်ရွှေကြာပန်းပွင့်ကို သန့်စင်ဖို့ အချိန်တန်ပြီ။"
လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့်၊ ကပ်ဘေးသင့် ရွှေကြာပန်းကို သိုလှောင်အိတ် အတွင်းမှ ထုတ်ယူ လိုက်လေသည်။
***