← Chapters

သုံးယောက် တစ်ယောက်။

Vol. 6 Ch. 80

သုံးယောက် တစ်ယောက်။

Vol. 6 Ch. 80

ခဏချင်းမှာပင် လင်းယွန်အရှေ့ မီတာအနည်းငယ် အကွာ၌ သစ်ပင်ကြီးများ လဲကျ ဆူညံနေလေသည်။

ထိုမြင်ကွင်းကြောင့် လင်းယွန်က ပြုံးလိုက် မိသည်။ ရှန်ရှင်း ဘုံအား ခြေချပြီးနောက်တွင်၊ ယခင် ကထက် အရပ် ပိုမြင့် လာပြီး၊ သူ၏ မျက်ဝန်းများမှာ အနက်ရောင် ကျောက်များ ကဲ့သို့ တောက်ပ လင်းလက် လာသည်။

ဒွါရတစ်ပါးဖြစ်သော မျက်လုံးကို ကိုယ်စားပြုသည့် ကြယ်ထောင့်ကို သန့်စင်ထုတ်ပြီးနောက်၊ သူ၏ အမြင်အာရုံမှာ သိသိသာသာ တိုးတက်လာသည်။

ထို့ကြောင့်ပင် မီတာများစွာ အကွာအဝေးအတွင်းရှိ၊ လျူမိသားစု၏ ခုတ်ထွင်နေမှုကို ပြတ်ထင်စွာ မြင်လိုက်ရ လေသည်။

" သူ့ကို တွေ့ပြီ "

"အဲဒီကောင်က အနီးနားမှာ တစ်ချိန်လုံးရှိနေတာပဲ၊ ဒီတစ်ခါတော့ သူဘယ်လိုပြေးလဲကြည့်မယ်...."

"မီး..... မြှားကိုပစ် ...''

လျူထန်သည် သူ့လက်ညိုးဖြင့် လင်းယွန်ထိုင်နေသော သစ်ပင်ထံသို့ဦးတည် ညွှန်ပြလိုက်သည်။

ထို့နောက်တွင် ကောင်းကင်မှ မြှားမိုးများ ရွာကျလာခဲ့လေရာ၊ လင်းယွန်က ၎င်းအား ရင်ဆိုင်ရန် ကောင်းကင်သို့ ခုန်တက် လိုက်လေ သည်။

တစ်ချိန်တည်းမှာပင်၊ လူရိပ်တစ်ရိပ်သည် လေထုထဲ၌ ထွက်ပေါ်လာကာ အရှိန်အဝါအား ပေါက်ကွဲ ထုတ်လွှတ်လိုက်သည်။

ထို့နောက်တွင် နောက်ဆက်တွဲအဖြစ် ထိုမီးမြှားများသည် လင်းယွန်ထံသို့ မရောက်ခင် မှာပင်၊ အပိုင်းပိုင်း ကွဲကြေသွား၏။

၎င်းသည် ဟောင်ရှင်းနယ်ပယ်ရှိ မည်သည့် သိုင်းသမားမဆို၊ လင်းယွန်အား ခြိမ်းခြောက် ဖိအားပေး နိုင်ခြင်း မရှိတော့ဟု ဆိုလိုပေမည်။

" ရှန်ရှင်း အရှိန်အဝါ..."

လျူထန်၊ လျူတျန်းနှင့် ဟွမ်အိုတို့သည် လင်းယွန်၏ ရောင်ဝါကို ခံစားမိသောအခါ အထိတ်တလန့် အော်ဟစ်လိုက်ကြသည်။

'' ............ ''

ထိုအချိန်တွင် လင်းယွန်က မြေပြင်ပေါ် ဆင်းလာခဲ့ပြီး၊ အရှိန်အဝါများ ထုတ်ဖော်ကာ လျူမိသားစုဝင်များအား ဆုတ်ခွာရန် ဖိအားပေးလိုက်သည်။

"... မင်း... ကပ်ဘေးသင့်ရွှေကြာပန်းရဲ့ ပွင့်ချပ်ဘယ်နှစ်ချပ်ကို သန့်စင်ခဲ့လဲ...''

လျူထန်သည် လင်းယွန်အား စိုက်ကြည့်နေကာ၊ သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

လင်းယွန်က ထိုကြာပန်းပွင့်ချပ်များကို အသုံးပြုကာ၊ ရှန်ရှင်းနယ်မြေထဲသို့ ဖြတ်ကျော် ခြေချနိုင်ခဲ့ခြင်းသည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့လေပြီ။

ထို့အပြင် ၎င်းခွေးကောင်သည် ထိုသို့သော အောင်မြင်မှုကို လျင်မြန်စွာ ရရှိရန်၊ ပွင့်ချပ် ငါးချပ် ခြောက်ချပ်ခန့်ကို သန့်စင် ထားရ ပေမည်။

ထိုသို့သော ရဲတင်းစွာ သန့်စင် ရဲခဲ့သည်ဆိုသော အတွေးဖြင့်၊ သူ့မျက်နှာအား ဒေါသဖြင့် နီမြန်းစေခဲ့သည်။

မျှော်လင့်ထားသည်မှာ လင်းယွန်အား ရှာဖွေတွေ့ရှိသည်နှင့်၊ ကပ်ဘေးသင့်ရွှေကြာပန်းကို ပြန်လည် ရနိုင်မည်ဟု ထင်ထားခဲ့ရာ၊ ထိုခွေးကောင်သည် ၎င်း၏ တစ်ဝက်အား ဖြုန်းတီးပစ်လိုက်လေပြီ။

" အဘိုးကြီး....မင်းက ငါ့ဆီကနေ ကပ်ဘေးသင့်ရွှေကြာပန်းကို ပြန်ယူဖို့ စိတ်ကူးနေတာလား၊ ဟားဟားဟား .....နဂါးသွေးမြင်းနဲ့ ငါက မင်းရဲ့ ကြာပန်းကို သန့်စင်ပြီး ခဲ့ပြီ.......''

လင်းယွန်က ပြုံးလိုက်ကာ လှောင်ပြောင် လိုက်လေသည်။

" ....မဖြစ် နိုင် တာ...''

လျူထန်သည် လင်းယွန်၏ စကား များကြောင့် အံ့သြ ထိတ်လန့် သွားသည်။

ပွင့်ချပ် သုံးချပ်ကို သန့်စင်ခြင်းသည် သာမန်လူ တစ်ဦးအတွက် ကန့်သတ်ချက်ပင် ဖြစ်ကာ၊ သာ၍ ထူးချွန် သူများ သည်ပင်၊ ပွင့်ချပ်လေး-ငါးချပ်သာ ဖြစ်ရပေမည်။

သို့သော် ဤခွေးကောင်သည် မည်သို့ ဖြုန်းတီး လိုက်သည်ကို တွေးတော မရခဲ့ချေ။

'' ကောင်းပြီ၊ ဒါဆိုလည်း ...... မင်းသေ လိုက်တော့ ကောင်လေး....''

လျူထန်က အော်ဟစ်ကြိမ်းဝါးလျက်၊ အသက်တစ်ရှိုက်စာအတွင်း လင်းယွန်ရှေ့သို့ ရောက်ရှိ လာခဲ့သော်ငြားလည်း၊ လင်းယွန်သည် ထွက်ပြေးရန် ဆန္ဒမရှိဟန်ဖြင့် ပြုံးကြည့် နေခဲ့လေ သည်ကြောင့်၊ အံ့သြလိုက် သွားမိ သည်။

"သေ...စမ်း ''

လျူထန်က သူ့လက်ဖဝါးပေါ်တွင် စုစည်းထားသော ဝိညာဉ်စွမ်းအင်များနှင့်အတူ၊ လက်ကို တွန်းထုတ်လိုက်ကာ အော်ဟစ် လိုက်၏။

ထိုဝိညာဉ်စွမ်းအင်များတွင် ပါရှိသော စွမ်းအားသည် အလွန်ကြီးမားပြီး တောင် တစ်လုံး ကိုပင် ခွဲထုတ်နိုင်လေသည်။

တစ်ချိန်ထဲမှာပင် လင်းယွန်က လက်သီး ထဲသို့ စွမ်းအင် များအား သွန်ချ လိုက်ပြီး၊ ပြန်လည် ထိုးချလိုက်သည်။

'' ..........ဖုန်း ''

လျူထန်သည် လင်းယွန်၏ ရွှေရောင်တောက်ပနေသော လက်သီးအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဤသို့ ထိပ်တိုက် တွေ့စုံမှုများ အောက်တွင် ရလာဒ်အနေဖြင့်၊ လျူထန်၏ ခန္ဓာကိုယ်အား တုန်လှုပ်သွားစေခဲ့ပြီးနောက်၊ အတွင်း အင်္ဂါများကို လှုပ်ခတ်သွား စေလေသည်။

ထို့နောက်တွင် သွေးစီးဆင်းမှုများ ဖရိုဖရဲဖြစ်လာပြီး၊ သူ့ခန္ဓာကိုယ် အတွင်းသို့ အပူလှိုင်း အချို့ တိုးဝင်လာလေသည်။

နောက်အခိုက်အတန့်မှာတော့ သူ့လည်ချောင်းအတွင်းမှ သွေးများ ပျို့တက်လာပြီး ပါးစပ်ထောင့်စွန်းမှ စိမ့်ယို ထွက်လာလေသည်။

ဤမြင်ကွင်းသည် လျူတျန်းနှင့် ဟွမ်အိုအား ထိတ်လန့်သွားစေရန် လုံလောက်ခဲ့ပေ၏။ အမှန်တကယ်ပင် လင်းယွန်၏ ခွန်အားသည် လျူထန်ထက် သာလွန် နေခဲ့လေပြီ။

'' ဒါက လျူမိသားစုရဲ့ ခွန်အားလား...''

လင်းယွန်၏ မျက်လုံးများက၊ အထင်အမြင် သေးစွာဖြင့် တဖျပ်ဖျပ် ခတ်လာသည်။

သူက လျူထန်အား စဉ်းစားချိန် မပေးတော့ဘဲ၊ နောက်တစ်ချက် ထပ်မံ ထိုးချ လိုက်သည် ။ ယခင်တွေ့ဆုံမှု အပြီးတွင် လင်းယွန်အား ယုံကြည်မှုများ တိုးပွားလာစေခဲ့သည်။

'' တော ဘုရင် ကျားဟိန်းသံ ''

ရှန်ရှင်းအရှိန်အဝါသည် လင်းယွန်ကို လွှမ်းခြုံသွားပြီး၊ ကြောက်စရာကောင်းသော ကျားတစ်ကောင်၏ ရောင်ဝါ အဖြစ်သို့ ပြောင်းလဲ သွားကာ၊ လျူထန်ဆီသို့ ဦးတည် သွားလေသည်။

လင်းယွန်က ရှန်ရှင်းနယ်မြေသို့ ရောက်ရှိပြီးနောက် ကျားရိုင်းလက်သီး (၁၈) ကွက်မှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာပြီး၊ ၎င်းအား ထုတ်ဖော်လိုက်သည်နှင့် ကျားဟိန်း သံများသည် မိုးကုပ်စက်ဝိုင်းတစ်လျှောက် ပဲ့တင်ထပ် နေခဲ့လေပြီ။

''........... '''

တစ်ဆက်တည်းမှာပင် လင်းယွန်၏ လက်သီးရိပ်များသည် လေထဲတွင် ပေါင်းစပ်သွားကာ၊ စွမ်းအင်လှိုင်းများ ထပ်ခါထပ်ခါ ထွက်ပေါ်တိုးဝင်လာပြီးနောက်၊ လျူထန်မှာ ထိတ်လန့်တကြားဖြင့် ချက်ချင်းပင် ပြန်ဆုတ်ရှောင်တိမ်းလိုက်ရသည်။

'' ဘုန်း.......''

လင်းယွန်၏လက်သီးဖြင့် တိုက်ရိုက် ထိတွေ့လိုက်သောအခါ မြေပြင်သည် ပြိုလဲကျသွား၏။

ထို့နောက်တွင် အက်ကွဲမှုများမှာ မြေပြင်၌ ဖြည်းညှင်းစွာ ကျယ်ဟလာပြီး၊ ဖုန်မှုန့်များ ကောင်းကင်သို့ ပျံတက်သွားလေသည်။

'' ................. ''

တစ်ဆက်တည်းမှာပင် လင်းယွန်၏ ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေခဲ့ပြီး၊ သူ့ပုံရိပ်သည် အပျက်အစီးများကြားမှ ကောင်းကင်သို့ ထိုးတက်သွားသည်။

'' ................. ''

နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်နှင့်၊ လျူထန်တို့ သုံးယောက် စလုံးသည် လင်းယွန်၏ အပြင်း အထန် တိုက်ခိုက် လာမှုများကြောင့် ခြေလှမ်း များစွာ နောက်ပြန် ဆုတ်ခွာပေးနေ ရသည်။

သူတို့ သုံးယောက်သား မျက်နှာတွေ မည်းမှောင်သွားပြီး၊ ဆက်လက် ဆုတ်ခွာ သွားပါက ခုခံ ကာကွယ်သည့် အနေအထား တွင်သာ ကျန်ရှိ တော့မည် ဖြစ်ကြောင်း ၎င်းတို့၏ အတွေ့အကြုံအရ သိနှင့်နေ ခဲ့သည်။

'' ...... သတ် ။ ''

တစ်ချိန်တည်းမှာပင် လျူထန်၏ ကြုံးဝါး လိုက်သံနှင့် အတူ၊ ရှန်ရှင်း အရှိန်အဝါများကို အကန့်အသတ်အထိ တွန်းတင်လိုက်ပြီး အတူတကွ ပြန်လည်တိုက်ခိုက် လိုက်ကြသည်။

ထိုအရှိန်အဝါသည် လင်းယွမ်ပေါ် သို့ ပြိုကျလာသော ဧရာမတောင်ကုန်းကြီးကဲ့သို့ လင်းယွန်အား ဖိနှိပ်လိုက်ပြီး၊ ၎င်းတို့နှင့်အတူ တိုက်ခိုက်မှု များပါ တွဲလျက် ပါဝင်လာလေသည်။

ဤတိုက်ခိုက်မှုသည် လင်းယွန်အတွက် ယခင်က တွေ့ကြုံခံစားခဲ့ဖူးပြီး ဖြစ်ကာ၊ ယခုအကြိမ်၌ လုံလောက်အောင် ခြိမ်းခြောက် နိုင်ခြင်း မရှိတော့ချေ။

ထို့ကြောင့်ပင် လင်းယွန်က ပြုံးပြလိုက်ပြီး၊ ထိုအရှိန်အဝါ သုံးခုအား ထိပ်တိုက် ရင်ဆိုင် လိုက်သည်။

တိမ်များမှာ လျင်မြန်စွာ ရွေ့လျားလာပြီး လေပြင်းများကို ခေါ်ဆောင်လာခဲ့သည်။ လေနှင့် တိမ်ကို ဆင့်ခေါ်လိုက်ပြီးနောက် လင်းယွန်၏ ခန္ဓာအတွင်းမှ ထူးဆန်းသော သဏ္ဍာန်မဲ့ စွမ်းအား အချို့ ပေါက်ကွဲ ထွက်ပေါ်လာကာ၊ ရှန်ရှင်း အရှိန်အဝါများ နှင့်အတူ ပေါင်းစပ် သွားလေသည်။

'' ကျား-နဂါးအရှိန်အဝါ....''

နဂါးနှင့်ကျား အော်သံနှစ်သံ စလုံးသည် လင်းယွင်၏ ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်လာသည်။

စက္ကန့်ပိုင်းအတွင်း လေနှင့်တိမ် ပေါင်းစပ် သွားပြီးနောက်၊ သူ၏ ရှန်ရှင်း အရှိန်အဝါ ဖိအား များသည် ပို၍ သိပ်သည်း ပြင်းထန် လာလေသည်။

'' .....ဘုန်း ''

ထို့နောက်တွင် ကြောက်စရာ ကောင်းလှသော အသံများ ထွက်ပေါ်လာပြီး၊ ရှန်ရှင်း အရှိန်အဝါ သုံးရပ်အား ပြိုခွဲသွား လေသည်။

'' သားရဲတစ်ရာသုတ်သင်ခြင်း ''

တစ်ဆက်တည်းမှာပင် ကျားရိုင်း လက်သီး၏ အဆုံးစွန်သော လှုပ်ရှားမှုကို ပြီးပြည့်စုံစွာ ထုတ်ဖော်လိုက်၏။

'' ဖုန်း.....ဖုန်း.......ဖုန်း.....''

ထိတ်တိုက်တွေ့ဆုံမှုများအပြီးတွင် မြေပြင်၌ အပျက်အစီးများ လွင့်ပျံလာကာ၊ ဖုန်မှုန့်များ လွင့်စင်လာလျက်မှ၊ မြေပြင်အား အပေါက်များဖြင့် ဖုံးလွှမ်းသွားစေသည်။

လျူမိသားစုမှ သိုင်းသမား များက၊ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်ရွံ့ တုန်လှုပ် သွားကြသည်။

ရှန်ရှင်းသိုင်းသမားများ၏ တိုက်ပွဲ တစ်ပွဲသည် ၎င်းတို့ တက်စွမ်း နိုင်သည့် အရာ မဟုတ်ခဲ့ကာ၊ တိုက်ပွဲအနားပင်၊ မကပ် နိုင်ကြပေ။

" ... သောက်ပဲဟေ့ ရက်ပိုင်းအတွင်း ဒီကောင်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်း ထက်လာရတာလဲ။"

လျူယွမ်က အံ့အားသင့်စွာ ကျိန်ဆဲလိုက်သည်။ ထိုကျေးတောသားသည် သူ့အဖေနှင့်တကွ နောက်ထပ် ရှန်ရှင်းသိုင်းသမား နှစ်ဦးကိုပင်၊ ဖိနှိပ် နိုင်ခဲ့လေသည်။

ရလာဒ်အနေဖြင့် လျူထန်တို့ သုံးယောက် စလုံးမှာ လွင့်စင်သွားသဖြင့် ပေါက်ကွဲသံများ ထွက်ပေါ် လာခဲ့သည်။

လင်းယွန်ကို အံ့သြစွာ ကြည့်လိုက် ကြ၏။ ဝိညာဉ် စွမ်းအင် များမှာ၊ လွန်ကဲနေရုံမျှ သာမက၊ အဆုံး မရှိသော အရင်း အမြစ်များ ရှိနေ သကဲ့သို့ တသွင်သွင် စီးဆင်း နေသည်ဟု ခံစား မိသည်။

ထိုခွေးကောင်သည် ကပ်ဘေးသင့် ရွှေကြာပန်းအား၊ တစ်ကယ်ပင် သန့်စင် အောင်မြင် ထားခဲ့ ပြီလော။

သူတို့ သုံးယောက်စလုံးတွင် တူညီသည့် အတွေးတစ်ခုသာ ရှိပြီး၊ ဤခွေးကောင်သည် သူတို့၏ စိတ်ကူးကို ကျော်လွန်သွားခဲ့လေပေပြီ။ သူတို့၏ မျက်ဝန်းများတွင် နားမလည် နိုင်ဟန်များ စွန်းထင်းလျက်၊ အံကိုကြိတ်ထား လိုက်ကြ၏။

'' ..........ဝှစ် ''

အခြားတစ်ဖက်တွင် လင်းယွန်က သူတို့သုံးယောက်အား စဉ်းစားရန် အခွင့်အရေး မပေးခဲ့ချေ။

သားရဲတစ်ရာ သုတ်သင်ခြင်းကို ထုတ်ဖော် တိုက်ခိုက် လိုက်ပြီးနောက် တစ်ဆက်တည်း မှာပင်၊ ရှေးဟောင်း ဓားသေတ္တာအား ဖြုတ်ယူ ကိုင်ဆောင် လိုက် လေသည်။

ဝိညာဉ်စွမ်းအင်များဖြင့် ပြန်လည် နိူးထ လာသော ဤဓားသေတ္တာသည်၊ အလယ် အလတ် တော်ဝင် လက်နက်များ ထက်ပင် ပို၍ ကြောက်စရာ ကောင်းလှပေ၏။

ထို့အပြင် ပန်းသင်္ချိုင်းဓားသည်လည်း အကန့်အသတ်မဲ့သော အရှိန်အဝါများပင်၊ ရရှိနေခဲ့ပြီ မဟုတ်ပါလော။

".......ငါမယုံဖူး၊ ဒီခွေးကောင်ကို မသတ်နိုင်ဖူးဆိုတာ "

လျူထန်၏ မျက်နှာမှာ ပြာမှုန်နေခဲ့ပြီး၊ ယုံကြည်မှုများ ပြည့်လျှံနေသည့် လင်းယွင်ကို ကြည့်ကာ အံကြိတ် အော်ဟစ်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က၊ ဤခွေးကောင်သည် သူ၏ သိုင်းတစ်ကွက်ကိုပင် လက်ခံယူနိုင်ချင်း မရှိပဲ၊ ခိုးပြေးဝက်ပြေး ပြေးရန်သာ တက်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်၌ သူ့တို့အား လုံးလုံးလျားလျား ပြန်လည် ဖိနှိပ်ထားနိုင် နေခဲ့လေပြီ။

'' သတ်..... ''

နောက်ဆုံးတွင် ၎င်းတို့သုံးဦးသည် ခွန်အားကို အကုန်အစင် ထုတ်ဖော် တိုက်ခိုက် လိုက်သော်ငြားလည်း၊ ပြန်လည် လွင့်စင်သွားကြပြန်သည်။

ဓားသေတ္တာမှ ထွက်ပေါ်လာသည့် စွမ်းအားမှာ ၎င်းတို့ အသီးသီးအား ပြင်းထန်စွာ ဖိနှိပ်ထားပြီး၊ ဒဏ်ရာများစွာ ရရှိသွားစေသည်။

'' နောက်မဆုတ်နဲ့ ... မင်းတို့ရဲ့ သိုင်းဝိညာဉ်ကို ထုတ်ပါ "

ထိုရလာဒ်များကြောင့် လျူထန်က ရှက်ရွံ့နီမြန်းသော မျက်နှာဖြင့်၊ မတ်တပ်ထရပ်ကာ အော်ဟစ်လိုက်၏။

ဤခွေးကောင်အား သတ်နိုင်မည်ဆိုပါက၊ မည်မျှပင် ပေးဆပ်ရပါစေ၊ တွေဝေ နေမည် မဟုတ်ပေ၊ ထို့ကြောင့်ပင် တိုက်ပွဲကို အဆုံးထိ ဆက်သွားရန် ပြတ်သားစွာ အမိန့်ပေး လိုက်သည်။

နောက်ခဏအတွင်းမှာပင်၊ လျူထန်၏ လက်ထဲ၌ သိုင်းဝိညာဉ်တစ်ခု ရုန်းကြွ ထွက်ပေါ်လာ လေသည်။

၎င်းသိုင်းဝိညာဉ်သည် ရေခဲလှံတစ်စင်း ဖြစ်ကာ၊ အေးစက်စူးရှသော အရှိန်အဝါကို ထုတ်လွှတ်ထား၏။ ထိုအရှိန်အဝါများကြောင့် ရေခဲလှံအနားရှိ လေထုသည် အတွန့်အခေါက် များအဖြစ် လှုပ်ခတ်သွားလေသည်။

'' ဘယ်လောက်တောင် စူးရှထက်မြက် လိုက်သလဲ...''

ထိုမြင်ကွင်းကြောင့် လင်းယွန်သည်ပင် အံသြလေးနက်သွား၏။

'' .....ဝူးရှ်။ ''

တစ်ချိန်တည်းမှာပင် တခြား နှစ်ယောက် သည်လည်း မဆိုင်းမတွပဲ ၎င်းတို့၏ သိုင်းဝိညာဉ်ကို ထုတ်ဖော် လိုက်ပေပြီ။

အခြားတစ်ဖက်တွင် လင်းယွန်က သူ၏ သိုင်းဝိညာဉ်ကိုလည်း ဆင့်ခေါ်လိုက်၏။

'' သိုင်းဝိညာဉ် ထွက်လာစမ်း....''

'' ချွမ်.....''

သို့သော် ချွင်ခနဲမြည်သံပေးကာ ဓားကျိုးသည် ထွက်ပေါ် မလာခဲ့ပေ။ သံကြိုး ကိုးချောင်းဖြင့် ချည်နှောင် ခံထားရ သောကြောင့်၊ ရလဒ် အနေဖြင့် ထွက်ပေါ်လာ နိုင်ခြင်း မရှိဘဲ၊ အတွင်းအင်္ဂါ များမှာ အမည်မဲ့ စွမ်းအား တစ်ခုနှင့် ဆောင့်တိုက် ခံလိုက်ရ သကဲ့သို့ တုန်လှုပ် ချောက်ချား သွားကြလေသည်။

အဆုံးမှာတော့ လင်းယွန်၏ လည်ချောင်းထဲတွင် စီးကပ်ပျစ်တွဲသော သွေးများ လှိမ့်တက်လာသည်ကြောင့် အံကြိတ်လျက် ပြန်လည်မျိုချ လိုက်ရသည်။

သံကြိုးကိုးချောင်းသည် အချိန်အနည်းငယ်သာ ပေါ်ပေါက်လာခဲ့သည်မှာ ကံကောင်း လှပေ၏။ သို့မဟုတ်ပါက လင်းယွန်၏ ကိုယ်တွင်း အင်္ဂါများမှာ ကြေမွှပျက်စီး နိုင်ပေမည်။

"ငါ့ရဲ့ သိုင်းဝိညာဉ်ကို ခေါ်လို့ မရဘူးလား..."

လင်းယွန်က ၎င်းတို့၏ သိုင်းဝိညာဉ်များကို ခေါ်ယူနေသော ပြိုင်ဘက်သုံးဦးထံသို့ ကြည့်ကာ သူ့ကိုယ်သူ သံသယဝင် သွားမိ လေသည်။

***

All Chapters