← Chapters

ရိတ်သိမ်းခြင်း။

Vol. 6 Ch. 81

ရိတ်သိမ်းခြင်း။

Vol. 6 Ch. 81

" ဒီခွေးကောင်လေးက သူ့ရဲ့သိုင်းဝိညာဉ်ကို ဘာလို့ မထုတ်ရတာလဲ"

" သူမှာ အမှိုက်သိုင်းဝိညာဉ်ကို ပိုင်ဆိုင် ထားလို့လား "

" ဒီလိုဆိုရင်တော့ ငါတို့ သိပ်စိုးရိမ်နေစရာ မလိုဘူး"

လင်းယွန်အားကြည့်ကာ အချင်းချင်း အချက်ပြ စကားများ ဆိုလိုက်ကြပြီး၊ တပြိုင်နက်ထဲ သိုင်းဝိညာဉ်များ ဆင့်ခေါ်လျက်၊ ကောင်းကင်သို့ ခုန်တက်သွား ကြသည်။

ရှန်ရှင်းသိုင်းသမား များ၏ အသက်သည် သိုင်းဝိညာဉ်များ ဖြစ်ကာ၊ သန်မာသော သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားပါက၊ အဆင့် တူချင်း ပြိုင်ဘက် ကင်း ပေမည်။ ထို့အပြင် ထိုသို့သော သူမျိုး၏ အနာဂါတ်သည် အကန့် အသတ်မဲ့ လေ၏။

ရှန်ရှန်သိုင်းသမားတစ်ယောက်သည် သူ၏ သိုင်းဝိညာဉ်အား ထုတ်ဖော်လိုပါက၊ အခြေအနေ တစ်ရပ်အား ထည့်တွက်ထား နိုင်ရပေမည်။

၎င်းသည် သေခြင်းနှင့် ရှင်ခြင်းအတွက် တိုက်ပွဲဝင်တော့မည်ဟု ဆိုလိုခြင်း မည်ပေရာ၊ သိုင်းဝိညာဉ်အား ခေါ်ယူခြင်းသည် စိတ်ဝိညာဉ် ထုတ်ဖော်တိုက်ခိုက်ခြင်း ကဲ့သို့၊ မရိုးရှင်းလှချေ။

တစ်စုံတစ်ခုသော အကြောင်းအရာ များကြောင့် ၎င်းအား ပျက်စီးသွားပါက၊ ပြန်လည် မွေးဖွား ပြုပြင်ရန် မဖြစ်နိုင်တော့ပေ။

အခြားတစ်ဖက်တွင် လင်းယွန်သည် တည်ငြိမ်စွာရပ်နေခဲ့သော်လည်း၊ ဆန့်ကျင်ဘက် အနေဖြင့် သူ့နှလုံးသားထဲတွင် ထိတ်လန့် တုန်လှုပ်နေခဲ့၏။

မည်မျှပင် ကြိုးစားနေပါစေ၊ သိုင်းဝိညာဉ်သည် ထွက်ပေါ်မလာပဲ၊ ထိုသို့ ကြိုးစားတိုင်း သံကြိုးကိုးချောင်းက အမြဲတစေ ချုပ်နှောင်ထားခဲ့သည်။

လင်းယွန်က သူ့ထံပြေးဝင် လာနေသော ရှန်းရှင်း သိုင်းသမား သုံးယောက်အား ကြည့်ကာ၊ တွက်ဆ နေမိသည်။

သိုင်းဝိညာဉ်များ အသီးသီး ထွက်ပေါ်လာပြီးနောက်တွင်၊ ၎င်းတို့၏ ခွန်အားမှာ နောက်တစ်ဆင့်သို့ ရောက်ရှိ သွားသည်ကို အထင်းသား တွေ့မြင် နေရသည်။

ထို့ကြောင့် လင်းယွန်က နောက်သို့ အနည်းငယ် ဆုတ်ခွာ လိုက်ရ၏။

" ကောက်ကျစ်တဲ့ကောင်လေး၊ ငါ မင်းကို ဘယ်လို သတ်မလဲဆိုတာ ကြည့်ရအောင်.... ''

လျူထန်က သူ့လက်ထဲတွင် လှံရှည်အား ဆုပ်ကိုင်ကာ ကြုံးဝါး လိုက်သည်။ လျူတျန်းနှင့် ဟွမ်အို သည်လည်း ဆိုးရွားသော အမူအရာ များကို ထုတ်ဖော်လျက်၊ ဒေါသတကြီး လိုက်ပါ ပြေးဝင်လာလေသည်။

တစ်ချိန်ထဲမှာပင် လင်းယွန်သည် ၎င်းတို့၏ ထိုတိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ဓားသေတ္တာအား ဆုပ်ကိုင် ဝေ့ရမ်းလိုက်ရ၏။

ပြင်းထန်သော ပေါက်ကွဲအသံ နှင့်အတူ နောက်ပြန် လွင့်စင် သွားခဲ့ပြီး၊ ရှေးဟောင်း ဓားသေတ္တာ သည်လည်း မီတာတစ်ရာ အကွာသို့ လွင့်စင် သွားခဲ့လေသည်။

လျူထန်တို့သုံးယောက်စလုံး၏ မျက်လုံးများသည် ဤမြင်ကွင်းကြောင့် ကြေနပ် အားရသွားဟန်ဖြင့် အပြုံးများ တောက်ပလာသည်။

ထိုကောက်ကျစ်သော ကောင်လေးသည် ရှေးဟောင်းဓားသေတ္တာဖြင်၊ ၎င်းတို့၏ တိုက်ခိုက်မှု များကို တားဆီးနိုင် ခဲ့သော်လည်း၊ တိုက်ခိုက်မှု သုံးခုမှ ကပ်ပါလာသော အင်အား များကြောင့်၊ ယခုအချိန်၌ လွင့်ထွက်သွားခဲ့လေသည်။

".... ဒီနေ့ ငါ့သိုင်းဝိညာဉ်နဲ့ သေရတဲ့ အတွက်.... မင်းဂုဏ်ယူလိုက်.....''

".....ငါက ဂုဏ်ယူရမယ်ပေါ့.... ဒီလောက်နဲ့ ငါ့အသက်ကို ရမယ် ထင်နေတာလား .... အဘိုးကြီး၊ ဒါဆိုရင်တော့ မင်းက သိမ်ဖျင်း လွန်းတယ်....''

ပျက်ရယ်ပြုသံနှင့်အတူ လဲကျနေရာမှ ပြန်လည် မတ်တပ်ရပ်လိုက်ကာ၊ လက်ဖမိုး ပေါ်ရှိ ကပ်ဘေးသင့်ရွှေကြာပန်းကို ကြည့်လိုက်သည်။

ထို့နောက်တွင် စွမ်းအင်အချို့အား လှည့်ပါတ် စီးဆင်းစေ လိုက်ပြီး၊ ၎င်းကြာပန်း ထံသို့ တိုးဝင် စေ လိုက်၏။

တစ်ခဏလေးအတွင်းမှာပင်၊ သူ၏ လက်သီးများ စတင် တောက်ပလာသည်နှင့် အမျှ လက်ခုံပေါ်ရှိ ကြာပန်းသည် လင်းလက် သွားကာ၊ ကောင်းကင်၌ မီးကြာပန်းအဖူး တစ်ဖူး ဝုန်းခနဲ ထွက်ပေါ် လာလေသည်။

ထိုကြာပန်းသည် မီတာများစွာ ကြီးမားခဲ့ပြီး တောအုပ်တစ်ခုလုံးအား အုပ်မိုးထား နိုင်ခဲ့သည်။

'' ဝူးရှ်.......''

'' ကပ်ဘေးသင့်ရွှေကြာပန်း.....''

ရုတ်တရက်ကောင်းကင်ကြီး ပျောက်ဆုံးသွားသကဲ့သို့၊ မီးကြာပန်း၏ ပုံရိပ်ကြီး ထွက်ပေါ်လာမှုသည်၊ လျူထန်တို့အား အံ့အားသင့်သွား စေ၏။

၎င်းကြာဖူးကြီးသည် ကပ်ဘေးသင့် ရွှေကြာပန်းအား အဆထောင်ပေါင်းများစွာ ချဲ့ကားလိုက်ခြင်း မည်၏။

သူ့ထံမှထုတ်လွှတ်နေသော အပူရှိန်သည် လေထုအား တဖျစ်ဖျစ် ထိုးခွဲလိုက်ကာ တိမ်လွှာ အထပ်ထပ်အား ကူးစက် တောက်လောင် သွား လေသည်။ ထို့သို့ ဖူးရာမှ ပွင့်လာပြီးနောက်၊ နတ်ဆိုးတစ်ပါး အသွင်သို့ ပြောင်းလဲသွား လေသည်။

ထိုအချိန်တွင် လျူထန်တို့သည် လင်းယွန်အား ဆုပ်ဖြဲရန် ပြေးဝင်နေဆဲ ဖြစ်ရာ၊ ထိုနတ်ဆိုးသည် ကောင်းကင်ပေါ်မှ ခုန်ချလျက် သူတို့သုံးဦးအား ဟန့်တား တိုက်ခိုက် လာတော့သည်။

'' ............ ''

ရုတ်တရက်ထွက်ပေါ်လာသော နတ်ဆိုးဝိညာဉ်၏ ရက်စက်စွာ တိုက်ခိုက်မှု များကြောင့်၊ သုံးယောက်သား ပါးစပ်မှ သွေးများ ထွက်ကျလာသည်နှင့် တပြိုင်နက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

ထိုသို့လဲကျနေရာမှ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ၊ နတ်ဆိုးဝိညာဉ်သည် ပျောက်ကွယ်သွားပြီး၊ မီးတိမ်ပင်လယ်ကြီးတွင် ရွှေဝါရောင် မီးတောက်များ တောက်လောင် နေခဲ့လေသည်။

၎င်း၏ အပူရှိန်သည် အချင်းဝက် ဆယ်မိုင် အကွာအဝေးအတွင်း ပင့်ကူအိမ် များကဲ့သို့၊ မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ပျံ့နှံ့ကာ နီမြန်းသွားလေသည်။

ဒါက ကောင်းကင်ဘုံကိုးခုကို မီးရှို့ခြင်း ဖြစ်စဉ်လား။

သည်ဖြစ်စဉ်အောက်တွင် လင်းယွန်၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များမှာ ပြောင်းလဲ သွား သည်ကို ခံစားနိုင်သည်။

ပြိုင်ဘက်သုံးယောက် မတ်တပ်ထရပ်ရန် ရုန်းကန်နေရသည်ကို ကြည့်ကာ ရယ်မော လိုက်၏။

" ငါ့ရဲ့ သိုင်းဝိညာဉ်ကို မခေါ်ထုတ် နိုင်တာ နဲ့ပဲ၊ ငါ့ကို အမှိုက် တစ်စလို့ ထင်နေလား ...... ဟမ် "

" ကောက်ကျစ်တဲ့ ကောင်လေး ..... မင်းမှန်တယ်၊ ဒါပေမယ့် ဒီနေ့ မင်းသေကို သေရမယ်......."

လျူထန်က ခက်ခက်ခဲခဲ မတ်တပ်ရပ်လာခဲ့ပြီး သူ့မျက်လုံးများတွင် အေးစက်သည့် အရိပ်အယောင်များ လင်းလက် လာကာ၊ တစ်ချိန်တည်းမှာပင် အဘိုးအိုနှင့် လျူတျန်းတို့သည်လည်း သူတို့၏ သိုင်းဝိညာဉ်များကို ထပ်မံထုတ်ဖော်လျက်၊ မတ်တပ်ရပ်လာ ကြသည်။

'' ............ ''

ခဏချင်းမှာပင်၊ အဖြူရောင် မီးတောက် များက လျူထန်၏ လှံထိပ်တွင် စုရုံးတောက်ပ လာပြီး၊ လှံတစ်စင်းလုံးအား လုံးလုံးလျားလျား ဖုံးလွှမ်းသွားလျက်၊ အရှိန်အဝါများ ထုတ်လွှတ် လာလေသည်။

တစ်ချိန်တည်းမှာပင်၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် အဖိုးအိုနှင့် လျူတျန်းတို့၏ သိုင်းဝိညာဉ်များမှာ လာရောက် ပေါင်းစပ်သွားတော့သည်။

" မီးရေခဲချိန်းကြိုး ''

" သွေးအရိပ် မုန်တိုင်း ''

သိုင်းဝိညာဉ်သုံးခု ပေါင်းစပ်လိုက်ပြီးနောက် မတူညီသော သိုင်းဝိညာဥ်သုံးခုအဖြစ် အသစ်မွေးဖွားပေးလာခဲ့ပြီး၊ သူတို့၏ အဆုံး စွန်သော လှုပ်ရှားမှုများကို အကောင် အထည်ဖော် လိုက်သည့် အခါ သူတို့၏ မျက်နှာပြင် တစ်ပြင်လုံး ဖြူဖျော့ သွားကြလေသည်။

'' မိုးတိမ်လွှာခွဲဖွင့်ခြင်း ''

"............ "

( ရှန်ရှင်းသိုင်းနည်းစနစ်လား...)

ရှန်ရှင်းသိုင်းနည်းစနစ်အား သူတို့၏ သိုင်းဝိညာဉ်များဖြင့် ကြားခံ ထုတ်ဖော် ခင်းကျင်းလိုက်သည်ဖြစ်ရာ၊ ၎င်းသည် သာမာန် ရှန်ရှင်းသိုင်းနည်းစနစ်များထက် ပိုမို ပြင်းထန် နေလေသည်။ ထိုသိုင်းကွက်သည် လျူမိသားစု၏ ဝှက်ဖဲတစ်ချပ်ပင် ဖြစ်နိုင်ပေ၏။

တိုက်ခိုက်မှုသုံးခုစလုံး၏ ပုံရိပ်ယောင်များသည် ကွဲပြားစွာ ထွက်ပေါ်လာ လေသည်။

လျူထန်၏ ရေခဲလှံသည် ကောင်းကင်၌ မျောလွင့်နေသော ရေခဲချိန်းကြိုးကြီးများ အဖြစ် ပြောင်းလဲသွားသည်။

ဟွမ်အို၏ သိုင်းဝိညာဉ်သည်လည်း လေဓါးသွားများ အဖြစ် ဖွဲ့တည် ဖြစ်ပေါ်လာပြီး၊ အရှိန်အဝါများ တဖျတ်ဖျတ် ထုတ်ဖော်ထား လေသည်။

လျူတျန်း၏ ဓားရှည်မှာ ကောင်းကင်သို့ ထိုးတက်သွားပြီးနောက်၊ လင်းယွန် ထုတ်ဖော် ထားသည့် မီးတိမ်လွှာများအား ထိုးဖောက် သွားလေသည်။

'' ချွမ်....... ''

အခြားတစ်ဖက်တွင် လင်းယွန်သည် ထိုဖြစ်စဉ်အား ရပ်ကြည့်ငေးမောချိန် မရခဲ့ပဲ၊ ဓားသေတ္တာအတွင်းမှ ပန်းသင်္ချိုင်းဓားအား ဆွဲယူလိုက်ရသည်။

တစ်ချိန်တည်းမှာပင် နှင်းဆီပန်း လေးပွင့်သည် ပန်းသင်္ချိုင်းဓား၏ အဖျား၌ ဖူးပွင့် လာခဲ့ပြီးနောက်၊ စူးရှတောက်ပသော ဓားရောင်ဝါများကို ဖြာထွက်လာစေသည်။

ပွင့်ချပ်များသည် ကောင်းကင်မှ လွင့်ပျံကျလာသည်နှင့်အမျှ၊ လင်းယွန်၏ ပန်းသင်္ချိုင်းဓားသည် ငြင်သာစွာ လှုပ်ခတ်သွားရာ၊ ဆန့်ကျင်ဘက် အနေဖြင့် နှင်းဆီပွင့်ချပ် မုန်တိုင်း တစ်ခု အသွင်သို့ ပြောင်းလဲ သွား၏။

နောက်အခိုက်အတန့်တွင်၊ ထိုမုန်တိုင်းသည် လျူမျိုးနွယ်စု သိုင်းသမား သုံးယောက်၏ တိုက်ခိုက်မှု များနှင့်၊ ထိပ်တိုက် တွေ့ဆုံ သွားခဲ့သည်။

'' ဘုန်း....... ''

ထို့နောက်တွင် ကျယ်လောင်သော မိုးခြိမ်းသံများကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာပြီးနောက်၊ ပန်းမုန်တိုင်းသည် အရာအားလုံးကို ဖြတ်ကျော်ကာ၊ တိုက်ခိုက်မှုသုံးခုကို ဖြိုခွဲပစ်လိုက်သည်။

'' ........... ''

ရလာဒ်အနေဖြင့် လျူထန်၊ လျူတျန်းနှင့် ဟွမ်အိုတို့သည် ပါးစပ်မှ သွေးများ အန်ထွက်ကျ လာသည်။

သူတို့၏ မျက်နှာများသည် ဖြူဖျော့နေခဲ့ပြီး၊ ဆက်လက် တိုက်ပွဲဝင်နိုင်စွမ်းများ မရှိကြ တော့ချေ။

သို့သော် ၎င်းတို့သုံးဦးသည် သူတို့၏ ဒဏ်ရာများကို ဂရုမစိုက်နိုင်အားပဲ၊ အသက် ရှင်ခွင့် ရရန် လျင်မြန်စွာ ပြန်လှည့် ပြေးလိုက် ကြသည်။

"မင်းတို့ ပြေးချင်ကြလား"

ထိုအခိုက်အတန့်တွင် လင်းယွန်က သူတို့သုံးယောက်နောက်သို့ ပျံဝဲလိုက်ပါလာပြီး ရယ်မောလိုက်၏။

ခဏချင်းမှာပင် လင်းယွန်၏ ပန်းသင်္ချိုင်းဓားမှ ဓားအလင်း အချို့ထွက်ပေါ် လာကာ၊ သုံးယောက်ထံသို့ ဦးတည် ပြေးဝင် သွားသည်နှင့် တစ်ပြိုင်နက်၊ မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာ ညည်းတွား လိုက်ကြလေသည်။

" ငါတို့ကို မသတ်ပါနဲ့ မင်းလိုချင်တာ မှန်သမျှ ငါပေးနိုင်တယ်...."

လျူထန်က ထိတ်လန့်သွားပြီး နောက်ပြန်တွားသွားကာ၊ ပန်းသင်္ချိုင်းဓားအား ကိုင်လျက် တရွေ့ရွေ့ လျှောက်လာနေသည့်၊ လင်းယွန်အား တောင်းပန် လိုက်လေသည်။

ယခုအချိန်၌ သူတို့၏ မျက်ဝန်းများတွင် မောက်မာမှုများ ပျောက်ကွယ်နေခဲ့ကာ၊ ကြောက်ရွံ့မှုများ အစားထိုး ဝင်ရောက် လာလေသည်။

" စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါမှာ တောင်းဆိုစရာ ဘာမှမရှိဘူး...."

လင်းယွန်က ပန်းသင်္ချိုင်းဓားကို မြောက်လျက် သိုလှောင်အိတ်များ ထိုးဖြတ်ယူ လိုက်သည်ကြောင့်၊ လျူထန်မှာ ရှင်သန်ခွင့် ရသဖြင့် စိတ်သက်သာ သွားသော် ငြားလည်း၊ သိုလှောင်အိတ်များ လုယူ ခံလိုက်ရခြင်းကြောင့်၊ တုန်လှုပ်သွား စေသည်။

၎င်းသိုလှောင်အိတ် များထဲတွင် ဤလုပ်ငန်းအတွက် မျိုးနွယ်စု တစ်စုလုံး၏ အရင်းအမြစ်များကို စုစည်းထားခဲ့ပြီး၊ ၎င်းသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း လျူမျိုးနွယ်စုမှ ရိတ်သိမ်း စုဆောင်းထားသော အရင်းအမြစ်များ ဖြစ်ပေသည်။

" မင်း မကျေနပ်ဘူးလား..."

လင်းယွန်၏ မျက်လုံးများသည် သတ်ဖြတ်လိုခြင်း ဆန္ဒဖြင့် တောက်ပလာကာ၊ ယခုအချိန်၌ လျူထန်သာ လိမ္မာပါးနပ်မှု မရှိပါက၊ သူကသတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

ထိုအချင်းအရာအား ခံစားသိရှိနေသည့် လျူထန်မှာ အလျင်အမြန် ခေါင်းညိတ်ပြလျက်၊

"....မဟုတ်ဘူး၊ ငါကျေနပ်ပါတယ် "

ဟု ရေရွတ်လိုက်လေသည်။ ထို့နောက်တွင် သူတို့သုံးဦးသည် လင်းယွန်ပုံရိပ် ထွက်ခွာပျောက်ကွယ်သွားသည်အထိ၊ ခေါင်းမော့ မကြည့်ဝံ့ကြတော့ချေ။

တောအုပ်တစ်နေရာ၌ လင်းယွန်က ကောင်းကင်ကို မော့ကြည့်လျက် သူ့လက်အား ဝှေ့ယမ်းလိုက်ရာ၊ မီးတောက်လောင်နေသော တိမ်ပင်လယ်သည် ပျောက်ကွယ် သွားခဲ့ပြီး၊ သူ့လက်ဖမိုးပေါ်၌ မီးကြာပန်းသဏ္ဍာန် ပြန်လည် လင်းလက်သွား လေသည်။

ယခုအချိန်၌ ကပ်ဘေးသင့် ရွှေကြာ ပန်းကြောင့်၊ ဖြစ်ပေါ် လာခဲ့သော မီးတိမ် ပင်လယ်အား နားလည် နိုင်ခြင်း မရှိခဲ့ သော်လည်း၊ ၎င်းသည် ပို၍ အစွမ်း ထက်လာ ပါက ကောင်းကင် မီးပြင်းဖိုကြီး တစ်လုံးကဲ့သို့ ပူပြင်း လောင်မြိုက်စေ မည်မှာ သေချာလှ ပေမည်။

'' ...ဒီကောင်းကင် မီးပြင်းဖိုက တကယ် ကြောက်စရာ ကောင်းတာပဲ၊ ငါသာ လုံလောက်အောင် သန်မာ လာရင်၊ ဒီကောင်းကင် မီးပြင်းဖိုရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်ဖော် နိုင်မယ် ထင်တယ်...."

ခဏအကြာတွင် သိုလှောင်အိတ် သုံးအိတ်ကို ရိတ်သိမ်းနိုင်မှုအတွက်၊ လင်းယွန်မှာ ပြုံးလျက် ကျေနပ် နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း လုယူထားခဲ့သော ရတနာများ အပါအဝင်၊ လျူမိသားစုဝင်များထံမှ များစွာ ရိတ်သိမ်းနိုင်ခဲ့ လေသည်။

ထို့အပြင် တိုးတက်မှုများ အနေဖြင့် ရှန်ရှင်းဘုံသို့ ခြေချနိုင်ခဲ့ပြီး၊ သူ၏ ဝှက်ဖဲတစ်ချပ် ဖြစ်သော နှင်းဆီဓါးသိုင်း နည်းစနစ်သည်လည်း ပိုမို အားကောင်းလာ ခဲ့လေသည်။

ရုတ်တရက် နဂါးသွေး မြင်းအား သတိရ သွားကာ၊ တောအုပ် အတွင်းသို့ အချက်ပေး သံများ ထုတ်လွှတ်လျက် ခေါင်းယမ်း လိုက်မိ သည်။

***

All Chapters