ထာဝရ တံဆိပ်တော်။
Vol. 6 Ch. 82
အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာပြီး၊ ခဏအကြာတွင် လင်းယွန်၏ မြင်ကွင်းသို့ နဂါးသွေးမြင်း ဝင်ရောက်လာလေသည်။
နဂါးသွေးမြင်းကို နောက်ဆုံး မြင်ခဲ့ရသည်မှာ၊ လွန်ခဲ့ရက် အနည်းငယ် အကြာက ဖြစ်ပြီး၊ ယခုအချိန်၌ နဂါးသွေးမြင်းသည် ပိုမိုကြံ့ခိုင်ကြီးထွားလာကာ၊ ၎င်း၏ နီသောအမွေးများသည် လှိုင်းလုံးများကဲ့သို့ တရိပ်ရိပ်ယိမ်းထိုးနေသည်။ တနည်းအားဖြင့်ဆိုသော် လေပြေများ တိုးဝှေ့လိုက်ရာမှ မီးတောက်များကဲ့သို့ တလူလူ လွင့်နေလေပြီ။
"...ဝိုး မင်းက ငါ့ထက်အရပ်မြင့်လာ၊ ပြန်ပါလား...."
လင်းယွန်က နဂါးသွေးမြင်းမှာ ပို၍ အရပ်မြင့်လာသည်ကို သတိပြုမိလိုက်သည်။
'' နဂါးအရှိန်အဝါ ''
နဂါးသွေးမြင်းက ညစ်ကျယ်ကျယ်ဟန်ဖြင့်၊ ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ပြသလိုက်သော အရှိန်အဝါများကြောင့်၊ လင်းယွန်မှာ တုန်လှုပ်ချောက်ချား သွား၏။ ၎င်းသည် ရှေးဟောင်းနဂါးတစ်ကောင်၏ အရှိန်အဝါများ သိပ်သည်းစွာ ပေါင်းစပ် ပါဝင်နေ ခဲ့သည်။
'' ဒါက..... ''
လင်းယွန်၏ အမူအရာများကြောင့် နဂါးသွေးမြင်းသည် လှောင်ပြောင်ရယ်မောလိုက်ပြီး၊ ဦးခေါင်းကို ညွတ်ကာ ထပ်မံကြွားဝါ လိုက်လေသည်။ သူ၏ ဦးကင်းထက်ဆီမှ အဖြူရောင် ဦးချိုတစ်ချောင်း၊ ထွက်ပေါ်လာမှုသည် အံ့သြဖွယ်ရာပင်။ ကပ်ဘေးသင့်ရွှေကြာပန်းသည် နဂါးသွေးမြင်းအား အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ပုံ ရပေမည်။
ပုံမှန်အားဖြင့်ဆိုရသော် နဂါးသွေးမြင်းအများစုသည် နာမည်အရသာ နဂါးသွေးပါသော်လည်.း၊ သွေးမျိုး အမွေဆက်ခံမှု၌ များစွာ နိမ့်ကျလွန်း ပေ၏။ သို့သော်နဂါးလေးသည် ၎င်းတို့အတွင်းမှ ရှားပါးသော သားရဲတစ်ကောင် ဖြစ်ကာ၊ မျိုးဆက်သွေးအား နှိုးထ စေနိုင်ခဲ့ပေမည်။
လင်းယွန်က လေးလေးနက်နက် တွေးတောနေမိကာ၊ နတ်ဆိုးမီးလျှံကျား၏ သားရဲအမြုတေအား ပေးရန်၊ ဆုံးဖြတ် လိုက်မိသည်။
သူက ရှန်ရှင်းဘုံအား ရောက်ရှိပြီးနောက်တွင်၊ နတ်ဆိုးသားရဲ အမြုတေထံမှ ထင်သလောက် အကျိုး ဖြစ်ထွန်းမှုများ မရနိုင်တော့ပေ။
ထို့အပြင် နဂါးလေးသည် ရှန်ရှင်းတပိုင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ ရှန်ရှင်းဘုံအား ခြေချခွင့်ရနိုင်ရန်၊ အခွင့်အရေး ပေးရပေမည်။
ချက်ချင်းပင် လင်းယွန်က နတ်ဆိုးသားရဲ အမြုတေအား ထုတ်ယူပြီး၊ နဂါးသွေးမြင်းဆီသို့ ပစ်ပေးလိုက်သည်။
'' ................. ''
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသွေးမြင်းသည် နတ်ဆိုးသားရဲ အမြုတေအား၊ ဖမ်းယူ မျိုချ လိုက်၏။
သို့မဟုတ်ပါက လင်းယွန်သည် စိတ်ပြောင်း သွားပြီး၊ ပြန်လည် ရယူသွား မည်ကို စိုးရိမ် နေပုံ ရသည်။
၎င်းမြင်ကွင်းကြောင့် လင်းယွန်က နဂါးသွေး မြင်းအား ပိတ်ကန်လျက် ပြုံးလိုက်ကာ၊
'' ကံကောင်းပါစေ သူငယ်ချင်း ''
ဟု ဆုတောင်းပေးလိုက်သည်။
ရှန်ရှင်းနယ်ပယ်သည် လွယ်လွယ်နှင့် ရောက်ရှိ နိုင်သည့် အရာ မဟုတ်ပေ။ နဂါးလေးသည် များစွာ ကံကောင်းဖို့ လိုပေ၏။
နတ်ဆိုးသားရဲအမြုတေကို ကိုက်ဝါး ပြီးနောက်၊ နဂါးသွေးမြင်းထံမှ နတ်ဆိုး ဆန်သော အရှိန်အဝါများ ထပ်မံထွက်ပေါ်လာ လေသည်။
လေနှင့်အတူ လွင့်ပျံနေသော ၎င်း၏ သားမွေးများသည် မီးညွှန့်များကဲ့သို့ တရိပ်ရိပ် ယိမ်းထိုး သွားခဲ့သည်။
လင်းယွန်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ပြီး၊ ရပ်ကြည့်နေလိုက်သည်။ နဂါးသွေးမြင်းများသည် ရှန်ရှင်းနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်ရန် သူ့ကိုယ်သူသာ အားကိုးနိုင်ပေမည်။
ဤအတောအတွင်း၊ လင်းယွန်သည် လျူမိသားစု၏ သိုလှောင်အိတ်များကို မြေပြင်ပေါ်သို့ သွန်ချလိုက်သည်။
'' ................ ''
ဖရိုဖရဲထွက်ကျစုပုံသွားသည့် ပစ္စည်းများ ထဲတွင်၊ ဝိညာဉ်ကျောက်တုံး အများအပြား ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးသည် အလယ်အလတ် ဝိညာဉ်ကျောက်တုံးအချို့နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ပြီး၊ အနည်းဆုံး တစ်ထောင်ခန့်ရှိ ပေမည်။
မဟာချင်အင်ပါယာနယ်နိမိတ်တွင် ရှိသော မျိုးနွယ်စုငယ်လေး တစ်စုအနေဖြင့်၊ ၎င်းတို့တွင် အလယ်အလတ် ဝိညာဉ်ကျောက်တုံးများစွာ မရှိခဲ့သော်လည်း၊ အနည်းငယ်သော ပစ္စည်းများ အောက်တွင်၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၁၀)လုံးကို တွေ့ရှိရသဖြင့် အံ့အားသင့် သွားခဲ့သည်။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ငွေကြေးအဖြစ် အသုံးပြုခဲပေသည်။ အများစုမှာ ၎င်းတို့၏ ရှားပါးမှုများကြောင့် ကျင့်ကြံရန် အတွက်သာ အသုံးပြု ခဲ့ကြသော်လည်း၊ အချို့မှာ မှော်အခင်းအကျင်းများ၊ ရုပ်သေးရုပ်များနှင့် စစ်သင်္ဘောများတွင်လည်း အသုံးပြုခဲ့ ကြသည်။
ဆက်လက်ရှာဖွေနေစဉ် စိတ်ဝင်စားဖွယ်ရာ၊ အများအပြား ထပ်မံတွေရှိခြင်း မရှိတော့ပဲ၊ ကုသဆေးအနည်းငယ်၊ လက်နက်အနည်းငယ်၊ ငွေကြေးအချို့နှင့် သိုင်းနည်းစနစ် အချို့သာ ပါရှိပေသည်။
ရုတ်တရက် သူ၏ အကြည့်မှာ သိုင်းနည်းစနစ် တစ်ခုထံသို့ မျက်လုံး အရောက်တွင် စိတ်လှုပ်ရှားစွာဖြင့် လှမ်းယူ လိုက်သည်။
'' ထာဝရနတ်ဘုရားတံဆိပ်တော် ''
၎င်းသည် ရှန်ရှင်းသိုင်း နည်းစနစ်တစ်ခု ဖြစ်ကာ၊ ဤနည်းစနစ်သည် ပြင်းထန်သော စွမ်းအားများကြောင့် အလွန်ကျော်ကြား လှသည်။
ထို့အပြင် ၎င်းသည် လေ့ကျင့်ရန် ခက်ခဲလိမ့်မည် မဟုတ်ပဲ၊ ဝိညာဉ်စွမ်းအင်များ လုံလောက်အောင် မြင့်မားနေဖို့သာ လိုအပ်လှ၏။
ရှန်ရှင်းသိုင်းနည်စနစ်များကို အဆင့်လေးမျိုး ခွဲခြားထားသည်။ ၎င်းတို့မှာ အခြေခံနည်းစနစ်၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပြီးပြည့်စုံသော နည်းစနစ် ဟူ၍ ဖြစ်သည်။
ရှန်ရှင်းသိုင်းနည်းစနစ်များအား ကျော်လွန်၍ သိုင်းပညာရပ်များစွာ ရှိသည်ဟု၊ ကောလာဟလများ ထွက်ပေါ် လာခဲ့ သော်လည်း၊ သူသည် 'နက်နဲနယ်ပယ်'သို့ ရောက်ရှိပြီး နောက်မှသာ၊ ၎င်းတို့အား လေ့ကျင့်နိုင် ပေမည်။
ထို့ကြောင့် ၎င်းကောလဟာလများသည် ယခု စဉ်းစားသင့်သည့် အရာများ မဟုတ်သေးချေ။
ရုတ်တရက် 'ထာဝရ နတ်ဘုရား တံဆိပ်တော်'ကို ဖတ်ကြည့် နေသည့်၊ လင်းယွန်၏ မျက်ဝန်းများမှာ မျှော်လင့်ချက် ရောင်ခြည်များဖြင့် တဖျတ်ဖျတ် တောက်ပလာ လေသည်။
၎င်းသည် ကျားရိုင်းလက်သီး (18)ကွက်၏ ပင်မသိုင်းနည်းစနစ် ဖြစ်မည့်ဟန် ရှိ၏။
ဤနည်းစနစ် စွမ်းအားကို မျှော်တွေးမိသွားကာ၊ စက္ကန့်ပိုင်းမျှပင် သူ၏ ဆန္ဒကို မချုပ်တည်း နိုင်တော့ပဲ၊ ထိုနည်းစနစ်အား ဆက်လက် ဖတ်ရှုနေခဲ့ မိသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူ့မျက်နှာတွင် ထိတ်လန့်တကြား အရိပ်အယောင်များ ပေါ်ပေါက်လာပြီး၊
" လျူထန်က ဒီနည်းစနစ်ကို အသုံး မပြု ခဲ့တာ အံ့သြ စရာတော့ မဟုတ်ဘူးပဲ၊ သူရဲ့ ရေခဲ ဝိညာဉ် စွမ်းအင်နဲ့ 'ထာဝရနတ် ဘုရား တံဆိပ်တော်' ကို ကျင့်ကြံလို့မှ မရတာကိုး၊ ဒီလောက် တန်ဖိုး ရှိတဲ့ နည်းစနစ်ကို ဘယ်လိုများ ရထား ပါလိမ့်........ "
လျူမိသားစု၏ အခြေခံအုတ်မြစ်အရ၊ ဤသို့သော အဆင့်မြင့် ရှန်ရှင်းနည်းစနစ်ကို မဆိုထားနှင့်၊ အခြေခံ နည်းစနစ်များကိုပင် ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။ လျူမိသားစုတွင် ကျင့်ကြံချင်း လောက၌ ပါရမီရှင် ဘိုးဘေး တစ်ဦး တစ်ယောက် ရှိနှင့်ပုံရ၏။
'' .... ကဲ ကြည့်ရအောင်....''
လင်းယွန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။ တစ်ဆက်တည်းမှာပင် မျက်လုံးများအား မှိတ်ထားလိုက်ပြီး၊ စိတ်ဝိညာဉ်ထဲ၌ 'ထာဝရနတ်ဘုရားတံဆိပ်တော်'ကို ရွတ်ဆို လိုက်မိသည်။
'' ............... ''
နာရီအနည်းငယ်အကြာ၌ ဝိညာဉ်စွမ်းအင်များမှာ စုစည်းလာပြီး၊ ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်းမှ တောက်ပသော ရောင်ဝါများ စိမ့်ထွက် လာသည်။
ထိုရောင်ဝါသည် လေထုအား အလွှာတွန့်များ ဖြစ်ပေါ်လာစကာ၊ ပတ်ဝန်း ကျင်ရှိ သစ်ပင်များ ပြိုကျလုနီးသည်အထိ ကွေးညွတ် သွားစေသည်။
သူ့ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် ဖြစ်နေသော နေဝါရောင်ဖြင့်ပင် တူပေ၏။
'' ဝူးရှ်။ ''
သူ၏ခန္ဓာကိုယ်အတွင်း စုစည်းထားသော ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် ပြောင်းလဲ သွားပြီး ပျောက်ကွယ်သွားသည်။
သူ၏ သွေးပြန်ကြောများမှ တဆင့် ထွက်လာသော ဝိညာဉ်စွမ်းအင်များ၏ သက်ရောက်မှုသည် နာကျင်ကိုက်ခဲမှုကို ဖြစ်လာစေသည်။ တစ်ချိန်ထဲမှာပင် လင်းယွန်၏ မျက်လုံးများ ပြန်လည် ပွင့်လာကာ၊
" ....အဲဒါကို လျှော့တွက်မိခဲ့တာပဲ.... ဒါက အဆင့်မြင့်ရှန်ရှင်းသိုင်းနည်းစနစ် တစ်ခုပဲ"
သို့သော် လင်းယွန်သည် တစ်ကြိမ် ကျရှုံး ပြီးနောက် လက်မလျှော့ ခဲ့ပေ။ နောက်တစ်ကြိမ် မကြိုး စားခင် သူ့ကိုယ်သူ တည်ငြိမ် ရှင်းလင်းရန် အချိန် နည်းနည်းယူခဲ့ပြီး ထပ်မံ လေ့ကျင့်လိုက်ပြန်သည်။
'' မအောင်မြင်ဖူး...... ''
'' မအောင်မြင်ဖူး......... ''
လင်းယွန်သည် ရှုံးနိမ့်မှုများစွာကို ကြုံတွေ့ခဲ့ရပြီး၊ သူ့လည်ချောင်းမှ သွေးတစ်လုတ် အန်ကျလာကာ၊ တစ်ကြိမ်ကို သွေးတစ်လုတ် နှုန်းဖြင့် အကြိမ်ကြိမ် အန်ကျ နေလေပြီ။
ထို့ကြောင့်ပင် အရူးတစ်ယောက်လို ဖိအားပေးခံရကာ၊ ကျရှုံးမှုများကြောင့် ရရှိလာသော ၎င်းဒဏ်ရာများကို ဆေးလုံးများ သောက်သုံးခြင်းဖြင့်၊ ပြန်လည် အားဖြည့် ကုသနေမိသည်။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့် အမျှ၊ လင်းယွန်မှာ ပင်ပန်း နွမ်းနယ်မှုကို သတိ မရ နိုင်ဘဲ၊ စိတ်အား ထက်သန်စွာဖြင့် ကြိုးစားလေ့ကျင့် နေမိ၏။
၎င်းနှင့် တဖြည်းဖြည်း ရင်းနှီးလာပြီး၊ ဝိညာဉ်စွမ်းအင်များ လှည့်ပတ်ရာ၌ အနည်းငယ် မြန်ဆန်လာလေသည်။
'' .............''
ဤအကြိမ်တွင် သူ၏ ဝိညာဉ်စွမ်းအင်များ စုစည်းလာသော အခါ၊ ၎င်းသည် သိုင်းကျမ်းတွင် ဖော်ပြထားသည့် အတိုင်း ပုတီးစေ့ သဏ္ဍာန် စွမ်းအင် အခဲများ အဖြစ် ပြောင်းလဲသွားကာ၊ အလွန်အမင်း ခြယ်လှယ် နိုင်လွန်းသော အရှိန်အဝါ အငွေ့အသက်များ စိမ့်ထွက်လာလေပြီ။
လင်းယွန်၏ သွယ်လျသော လက်ချောင်း များသည် ပန်းပွင့်များ အပေါ် ပျံသန်းနေသော လိပ်ပြာများ ကဲ့သို့၊ တဖျတ်ဖျတ် လှုပ်ရှား သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထူးဆန်းသော ပုံသဏ္ဍာန် တံဆိပ်တစ်ခု ဖွဲ့တည်လာလေသည်။
ထိုအချိန်တွင် သူ၏ လက်များမှာ ရွှေရောင်အဆင်းများဖြင့် တောက်ပနေခဲ့ကာ၊ 'ထာဝရနတ်ဘုရားတံဆိပ်တော်'ကို အောင်မြင်စွာ ပေါင်းစည်း နိုင်ခဲ့လေပြီ။
သို့သော် ရုတ်တရက် လင်းယွန်၏ လက်များ တုန်ခါလာပြီး၊ သူ့တစ်ကိုယ်လုံးရှိ အကြောအချင်များ တောင့်တင်းလာ၏။
သူ၏ လက်ချောင်းများတွင် စုစည်းထားသော ဝိညာဉ်စွမ်းအင်များကို တဖြည်းဖြည်း ထိန်းချုပ်နိုင်စွမ်းများ ဆုံးရှုံး သွားခဲ့ကာ၊ ဤအရာသည် တံဆိပ်တော် ဖန်တီးခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပေသည်။
မှတ်တမ်းများအရ လူများစွာတို့သည် ယခုအချိန်တွင် မအောင်မြင်နိုင်ခဲ့ပဲ၊ ဝိညာဉ် စွမ်းအင်များ ပြည့်လျှံနေသည့် လက်ချောင်း များမှာ ပေါက်ကွဲ ထွက်သွား တက်သည်။
သို့သော်လည်း လင်းယွန်သည် နှင်းဆီဓားနည်းစနစ်ကို အသုံးပြုရာတွင် အတွေ့အကြုံများ ရှိခဲ့သည်ဖြစ်ရာ၊ နှလုံးသားထဲရှိ ကြောက်စိတ်များကို ဖယ်ရှားလျက် တည်ငြိမ်စေခဲ့၏။
ထိုပြင်းထန်လွန်းသည့် ဖိအားများကြောင့်၊ လင်းယွန်၏ လက်နှစ်ဖက်မှာ တုန်ခါနေခဲ့ကာ၊ နောက်ဆုံး၌ သည်းမခံနိုင်တော့ပဲ ရှေ့သို့ တွန်းလွှတ် လိုက်ရလေသည်။
'' ဘုန်း......... ''
ရွှေရောင်အလင်းတန်းများသည် လှိုင်းလုံးများ အဖြစ်သို့ ပေါက်ကွဲ ထွက်လာကာ၊ ပတ်ဝန်းကျင်သစ်ပင်များကို ပြာများ ဖြစ်သည် အထိ၊ ပြောင်းလဲသွား စေခဲ့၏။
" ဘယ်လောက်တောင် ပျက်စီးခြင်းတွေ ပြည့်နှက်နေတဲ့ စွမ်းအားများလဲ....''
လင်းယွန်သည် အပျက်အစီးကွင်းပြင်ကို ကြည့်ကာ၊ အံ့အားသင့်သွားသည်။ ဤလှုပ်ရှားမှုဖြင့် သူသည် ကျောက်တုံးများကို ဖြိုခွဲနိုင်ခဲ့သည်။
သူ၏ လက်ဖဝါးထဲရှိ၊ ထိုတံဆိပ်တော်ထံမှ အကန့်အသတ်မဲ့စွမ်းအားတစ်ခုကို ခံစားလိုက်မိ၏။
ထိုခဏ၌ လင်းယွန်သည် အတွေးထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားခဲ့ပြီး၊ သူ့လက်ဖဝါး အတွင်းရှိ တံဆိပ်သည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။
"ဒါဆို 'ထာဝရ နတ်ဘုရား တံဆိပ်တော်' ဆိုတာ 'ကျားရိုင်း လက်သီး နည်းစနစ်'ကို ပိုပြီး ပြင်းထန် လာအောင် ပံ့ပိုးပေးတဲ့ နည်းစနစ်ပေါ့။ ''
လင်းယွန်က သက်ပြင်းချကာ ရေရွတ်လိုက်သည့်အချိန်မှာပင်၊ ကောင်းကင်မှ ရုတ်တရက် လျှပ်တပြက် လျှပ်စီးများ ဝင်းလက်လာ လေသည်။
ထိုလျှပ်စီးများတွင် ကြောက်မက်ဖွယ်ရာ၊ စွမ်းအားများကို ထုတ်လွှတ်လာသည်နှင့်အမျှ မိုးခြိမ်းသံသည် သူ့နားအတွင်း၌ ပဲ့တင်ထပ်သွား၏။
လင်းယွန်က အံ့အားသင့်သွားကာ မီတာရာဂဏန်းအကွာသို့ လွင့်စင်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းသည် လျှပ်စီးစက်ကွင်း၏ အဖျားခတ်သွားခြင်းဖြစ်ရာ၊ ထို့ကြောင့်ပင် ပြင်းထန်သောဒဏ်ရာများ မရရှိခဲ့ချေ။
သို့သော် လင်းယွန်က မျက်မှောင်ကျုံလျက်၊ ထိုမိုးကြိုး စက်ကွင်း၏ အလယ်ဗဟိုသို့ မျှော်ကြည့်လိုက်မိသည်။
'' ကောင်းကင်ဘုံမိုးကြိုး အပြစ်ဒဏ်လား၊ ဒါကြောင့်လည်း............ နဂါးလေးက ထူးကဲနေတာကိုး...''
ထိုသို့တွေးမိခြင်းနှင့်အတူ စိုးရိမ်စွာဖြင့် တောအုပ်ထဲ ပြေးဝင်သွား လိုက်၏။ ကောင်းကင်ဘုံ အပြစ်ဒဏ် ကျရောက်ရာ နေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာမိသည်နှင့် နတ်ဆိုးရောင်ဝါများ ထူထပ်စွာ ပြန့်ထွက်ကြိုဆိုခြင်းကို ခံလိုက်ရသည်။
နောက်ဆုံးတွင် နဂါးသွေးမြင်းသည် ကြက်သွေးရောင် လျှပ်စီးများ တဖျတ်ဖျတ် ခတ်နေ ခဲ့ပြီး၊ ၎င်းမြင်းသည် ရင်းနှီးသည့် အငွေ့ အသက်ကြောင့် လှည့်ကြည့်ကာ၊ ရယ်ပြဟန်ဖြင့် အသိအမှတ်ပြု လာသည်။
ခဏချင်းမှာပင် နောက်ဆုံး မိုးကြိုးသည် နဂါးသွေးမြင်း၏ ဦးကင်းထက်မှ ချို ထံသို့ ပစ်ချ လိုက်လေသည်။
နဂါးသွေးမြင်း၏ အဆင်ပြေနေသည့်မြင်ကွင်းကြောင့် လင်းယွန်က သက်ပြင်း တစ်ချက်ချ လိုက်မိ၏။
ထို့နောက်တွင် သူ့အကြည့်သည် တောအုပ်ကို ကျော်လျက် ကောင်းကင်တူရှုသို့ မျှော်ကြည့်ကာ၊ ခပ်တိုးတိုး ရေရွတ်လိုက် လေသည်။
" အခု နဂါးလေးလည်း ရှန်ရှင်းနယ်မြေကို ရောက်နေပြီဆိုတော့၊ မဟာချင်အင်ပါယာကို သွားရမယ့် အချိန်ပဲ...''
***