ဓားတာအို။
Vol. 6 Ch. 83
ဆယ်ရက်အကြာတွင် ကြက်သွေးရောင် မြင်းတစ်ကောင်သည် တောအုပ်ကြီး အတွင်းမှ ဖြတ်ကျော် ပြေးလွှား သွားနေပြီး၊ ၎င်းမှ စိမ့်ထွက် နေသော နတ်ဆိုးရောင်ဝါသည် ပတ်ဝန်း ကျင်ရှိ သားရဲများကို ကြောက်ရွံ့ တုန်လှုပ် စေခဲ့သည်။
ရှေးဟောင်း ဓားသေတ္တာကို ထမ်းပိုး ထားသော အပြာရောင်ဝတ် လူငယ်လေး တစ်ယောက်သည်၊ ၎င်းမြင်းအား စီးကာ တောအုပ်ထဲမှ ဖြတ်သွားသည့် အခါတွင်၊ တောအုပ်အား ဆူညံသံများချန်ထားခဲ့ လေသည်။
ထိုအပြာဝတ် လူငယ်သည် ရှေ့သို့ လှမ်းမျှော်ကြည့် လိုက်ရာတွင်၊ အဆုံး မရှိသော တောင်တန်းများနှင့်အတူ ဆယ်မိုင်ခန့် အကွာ၌ ရေစီးသန်သော မြစ်တစ်စင်းကို တွေ့မြင် လိုက်ရသည်။
ထိုမြစ်ကမ်း တစ်လျှောက် တောင်ထွတ်ဖျား များသည် အရမ်းမြင့်မား လွန်းပြီး တိမ်လွှာများ အတွင်းသို့ ထိုးဖောက် ဝင်ရောက် ပျောက်ကွယ် သွားသည်။
နဂါးသွေးမြင်းသည် ရှန်းရှင်းဘုံကို ရောက်ရှိသည်နှင့်၊ ၎င်း၏ အမြန်နှုန်းသည် မယုံ နိုင်လောက် အောင်ပင် လျင်မြန်လွန်းခဲ့ကာ၊ ပြေးလွှားရာ၌ အနီရောင် အလင်း တန်းလေး သဖွယ် ရွေ့လျားသွား၏။
ထိုအလင်းတန်း ဖြတ်သွားရာ လမ်းတစ်လျှောက် ဆူညံသံများ ဖြစ်ပေါ် လာသည့် အချိန်တွင်၊ နဂါးသွေး မြင်းက ရှေ့သို့ တိုးဝင် ပျောက်ကွယ် သွားခဲ့ပေသည်။
ထိုသို့ပြေးလွှား နေသော နဂါးသွေး မြင်း၏ ခွာများသည် ကြက်သွေးရောင် လျှပ်စီးကြောင်း များဖြင့် တဖျပ်ဖျပ် ခတ်နေ ခဲ့ပြီး၊ ဦးချိုလေး သည်ပင် လျှပ်စီး အချို့ လက်လက်ထ လာတက်၏။
သူ၏ ခန္ဓာကိုယ်သည် ကောင်ကင်ဘုံ လျှပ်စီးများအား သဘာဝအရ သန့်စင်စုပ်ယူ နိုင်ခဲ့ ပုံရ၏။
'' ဒါ... အပြာရောင်နေမင်းနိုင်ငံပဲ၊....''
လင်းယွန်က နဂါးသွေး မြင်းအား ပြောပြ လိုက်ပြီး၊ သူက ထိုအရပ်ထံသို့ လှမ်းကြည့် လိုက်သည်။
'အပြာရောင်နေမင်းနိုင်ငံ'သည် မဟာချင် အင်ပါယာ၏ ကျေးလက် ဒေသ တစ်ခု ဖြစ်သော်လည်း၊ ၎င်းနိုင်ငံ သည်ပင် လျူမျိုး နွယ်စု အုပ်စိုးသော 'အေးသာယာ'မြို့ငယ်ပေါင်းများစွာကို ပေါင်းစည်းထား သည်ထက်၊ များစွာ ကျယ်ပြော စည်ကားပေသည်။
ရုတ်တရက် နဂါးလေး၏ ပြေးလမ်းကြောင်း ပေါ်တွင်၊ ကန့်လန့်ဖြတ် ပိတ်ဆို့ တားစီး နေခဲ့သော မြစ်ပြင် ကျယ်ကြီးကြောင့်၊ အနှောက် အယှက် ဖြစ်ဟန်ဖြင့် မျက်ခုံးတွန့် သွားမိသည်။
အပြာရောင်နေမင်းနိုင်ငံအား ဝင်ရောက် လိုပါက၊ ထိုမြစ်အား ဖြတ်ကျော် ရပေမည်။ သို့မဟုတ်ပါက မိုးထိတောင် တစ်လျှောက် ကွေ့ပတ် ကျော်လွှား ရမည်ဖြစ်ကာ ခရီးသည် ရှည်လျား လွန်းပေမည်။
သူ့တွင် ပိုမိုကောင်းမွန်သော အခြား ရွေးချယ် စရာ မရှိသောကြောင့် ၎င်းမြစ်အား အနီးကပ်ကြည့်ရှု ရန်သာ ဆုံးဖြတ် နိုင်ခဲ့သည်။
နဂါးသွေးမြင်းသည် မြစ်ကမ်းနဖူးအထိ ခေါ်ဆောင်သွားခဲ့ရာ၊ လင်းယွန်က မြင်းပေါ်မှ မဆင်း သေးပဲ၊ မြစ်ပြင်ကို ငေးကြည့်လိုက်ကာ၊
" ဘယ်လောက်တောင် ကျယ်လွန်းတဲ့ မြစ်လဲ ...."
ဟုရေရွှတ်ကာ အံသြမင်သက်မိသည်။ အဝေးမှ မျှော်ကြည့်စဉ်တွင် မြစ်သည် ကြီးမား သည်ဟု မထင်ခဲ့ပေ။ မြစ်၏ တစ်ဖက်ကမ်း နဖူး သည်ပင် ပျပျ လေးသာ မြင်နိုင်ခဲ့သည်။
ဤမျှကြီးမားသောမြစ်ပြင်ကြီးကို မမြင်ဖူးခဲ့သည်ဖြစ်ရာ တုန်လှုပ်သွားမိသည်။ ငန်းရိုင်းပျံ သန်းခြင်း နည်းစနစ်အား ပိုမို ကျွမ်းကျင်လာ ခဲ့သည် ဆိုသော်လည်း၊ အကွာ အဝေး အားဖြင့် မီတာ သုံးရာ အထိသာ သွားလာ နိုင်ပေမည်။
သို့မဟုတ်ပါက ရှေးဟောင်း ဓားသေတ္တာအား စီးနင်းပျံသန်းနိုင်ရန် သူ၏ စိတ်ဝိညာဉ် စွမ်းအင် များကို ဖြည့်သွင်းခြင်းဖြင့်၊ မိုင်ထောင်ချီ ခရီးနှင် နိုင်ပေသည်။
သို့သော် မြစ်လယ်တွင် ရံဖန်ရံခါ လေပြင်းများ တိုက်ခတ်ကာ လှိုင်းလုံးကြီးများ ဖြစ်ပေါ် လာတတ်သည်။
ထိုသို့သော အခြေ အနေ မျိုးတွင် မြစ်ကို ဖြတ်၍ သွားလာ ရသည်မှာ အန္တရာယ် များလှ လေသည်။
ထို့အပြင်၊ သူ ဖြတ်ကျော် သွားနိုင် လျှင်ပင် နဂါးသွေး မြင်းမှာ မတတ်နိုင်ပေ။ နဂါးလေး၏ အမြန် နှုန်းများ အရ၊ ပျံသန်း သကဲ့သို့ မြန်ဆန် ခဲ့သော် ငြားလည်း၊ အမှန်တကယ် ပျံသန်း နိုင်ခြင်း မဟုတ်ချေ။
သည်ဟု မဆိုလိုနိုင်ကာ၊ နောက်ဆုံးတော့ ပြန်လှည့်လာလိုက်ပြီး မြစ်ကိုဖြတ်ကူးဖို့ အတွက်၊ သစ်သားဖောင် တစ်ဖောင်အား ဖွဲ့တည် လိုက်၏။
သိပ်မကြာခင်အချိန်မှာပင် သစ်ဖောင် တစ်စင်း နှင့်အတူ၊ မြစ်ပြင်ကို စတင်ဖြတ်ကူးကြ လေသည်။
ဝိညာဉ် စွမ်းအင်ကို ဖောင်ထဲသို့ တွန်းပို့ထား ခဲ့သည် ဖြစ်ရာ၊ လင်းယွန်နှင့် နဂါးလေးတို့၏ အလေးချိန်ကို ထမ်းထားရသော်လည်း အရှိန်မနှေးလှပေ။
သစ်ဖောင်ထိပ်တွင် မျက်လုံးများ မှိတ်ပြီး ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူ့ရင်ဘတ် အတွင်းရှိ ခြောက်ထောင့် ကြယ်၏ သန့်စင် ပြီးသော ထောင့်စွန်းမှ အလင်း တစ်ချက် ထွက်ပေါ် လာကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို အလိုအလျောက် စုပ်ယူ ဝါးမျို နေသည်။
ဟောင်ရှင်း နယ်ပယ်တွင် ရှိစဉ်ကထက် စာပါလျှင်၊ ဝိညာဉ်စွမ်းအင် များကို ပိုမို မြန်ဆန်စွာ စုပ်ယူ နိုင်ခဲ့သည်။
ထိုအချင်းအရာကြောင့် အံသြစိတ်နှင့်အတူ ရှန်ရှင်း ဘုံ၌ သက်တမ်းကို စွဲဆန့် နိုင်ခြင်း၏ သဘော တရား များအား နားလည် လိုက်မိသည်။
တစ်စုံ တစ်ယောက်သည် ဒွါရခွန်နှစ် ပါးအား သန့်စင် ထားနိုင်သည့် အချိန်တွင်၊ ၎င်း၏ စွမ်းအားမှာ၊ မည်မျှ ကြောက်မက်ဖွယ် ကောင်းလှ ပေမည်နည်း။
ရှန်ရှင်း နယ်မြေသည် သိုင်းတာအို၏ အစသာ ဖြစ်၏။
လွန်ခဲ့သည့် အချိန်များ အတွင်း သူ၏ အမှိုက် ခန္ဓာကိုယ်သည်၊ ကပ်ဘေးသင့် ရွှေကြာပန်းအား သန့်စင် ပြီးနောက်၊ တရွေ့ရွေ့ ပြောင်းလဲ နေခဲ့သည်။
ထို့ပြင် ယန်သန့်စင်ခြင်း နည်းစနစ် သည်လည်း အဆင့်သုံး အထိ အောင်မြင် သွားခဲ့ပြီး၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ် စွမ်းအင် များသည်၊ ယခင်ကထက် ပိုမိုကြံ့ခိုင် လာခဲ့သည်။
သူ၏ သွေးကြော များမှ တဆင့် ဝိညာဉ် စွမ်းအင်များ စီးဆင်းသံ များမှာ၊ မြစ်ရေ စီးသံများ နှင့် လိုက်ဖက် လှသည်။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာကာ၊ ပတ်ဝန်းကျင်၌ နေရောင်များ ပါးလျ ပျောက်ကွယ် လာသည့် အချိန်တွင်၊ လင်းယွန် မျက်ဝန်းများက ရုတ်တရက် ပွင့်လာခဲ့လေသည်။
ဆောင်းဦးရာသီသို့ ဝင်ရောက်လာ သည်ကြောင့် တောအုပ်အတွင်းရှိ အရွက်များ အားလုံးသည် ကြက်သွေးရောင်များ သန်းနေ ကြသည်။
ထိုနီညိုရောင် အရွက်များ နှင့်အတူ အဆုံး အစမဲ့ မိုးကုပ်စက်ဝိုင်း အောက်ရှိ နေဝင်ချိန်မှာ၊ ပတ်ဝန်း ကျင်အား အတော်ပင် စိတ်ပျက် ပျင်းရိဖွယ် ကောင်းစေ၏။
ထိုမြင်ကွင်းသည် လင်းယွန်နှင့် လိုက်ဖက် လွန်းခဲ့ကာ၊ အထီးကျန် မှုများ တရိပ်ရိပ် တိုးပွား လာသည်ကို တားစီး မရခဲ့ပေ။
ရုတ်တရက် သူ့မျက်လုံးများထဲတွင်၊ စိုးရိမ်မှု အရိပ် အယောင် အချို့ ရစ်သိုင်း လာ၏။ ဆယ်ရက်ကျော် ကြိုးစား ခဲ့ရ သော်လည်း၊ သိုင်းဝိညာဉ်ကို ဆင့်မခေါ် နိုင်သည့် အပြင်၊ တစ်စုံ တစ်ရာသော စွမ်းအား၏ အကြိမ်များစွာ ရိုက်ခတ်မှုများကြောင့် ဒဏ်ရာရလာခဲ့သည်။
၎င်းသည် ဓါးကျိုး တစ်လက် ဖြစ်နေ မည်ကို စိုးရိမ် မိခြင်း မရှိပေ။ သူစိုးရိမ်မိ သည်မှာ အသုံး မဝင်သော သိုင်းဝိညာဉ် တစ်ခု ဖြစ်နေမည် ကိုသာ ဖြစ်သည်။
သိုင်းသမားတစ်ယောက်အတွက် သိုင်းဝိညာဉ်မှာ ကြီးမားသော အရေးပါမှု တစ်ခု ဖြစ်ကာ၊ ၎င်းသည် ကျင့်ကြံသူ တစ်ဦး တစ်ယောက် အတွက် အောင်မြင်မှု သော့ချက်လည်း ဖြစ်၏။
ရုတ်တရက် သစ်ဖောင် ထိပ်တွင် ရပ်နေ လျက်မှ ပန်းသင်္ချိုင်း ဓားကို ထုတ်ယူ လိုက်သည်။
'' ချွမ်...... ''
ညနေဆည်းဆာ အောက်တွင် ပန်းသင်္ချိုင်း ဓား၏ ရောင်ဝါများ လင်းလက် သွားသည်။ ရုတ်ချည်းပင် ဓားကို ဆွဲကိုင်လျက် လေထဲသို့ ခုန်တက် သွားမိ၏။
စမ်းချောင်းများစွာပေါင်းစည်းပြီးနောက်၊ ပြင်းထန်သော ရေစောင်းကို ဖြစ်ပေါ်လာ စေသည်။ ထို့အတူ လေပြေ လေညင်း သည်လည်း ကြီးမားသော အဟုန်ကို ဖန်တီး နိုင်၏။
လေဝဲဓား၏အနှစ်သာရကို တိုးတိတ်စွာ ရေရွတ် နေမိကာ၊ ဓားကို ဝေ့ရမ်း လိုက်သည်နှင့် မြစ်ရေ ပြင်တွင် ပြင်းထန်သော လှိုင်းတံပိုးကို ဆွဲဆောင် နိုင်ခဲ့ပြီး၊ လေပြင်းများအား ငြင်သာစွာ စတင်လှုပ်ရှား လာစေသည်။
လေဝဲဓါးချက်များသည် ပန်းသင်္ချိုင်းဓား၏ ဦးဆောင်မှု အောက်တွင်၊ ဟာကွက်မရှိ ပြီးပြည့်စုံ နေခဲ့ လေသည်။
ဓားချက်များ ထုတ်ဖော်လျက်မှ မြစ်ပြင် ပေါ်သို့ ဆင်းခါနီးတွင် ခြေဖျားဖြင့် ရေလွှာအား ပုတ်ကာ၊ ကောင်းကင်သို့ နောက်တစ်ကြိမ် ခုန်တက် သွားပြန်၏။
ထိုအချိန်တွင် သူ့ အတွေး များက၊ ဆုစီယာနှင့် တိုက်ပွဲ အပေါ်ပြန်လည် ရောက်ရှိ သွား ခဲ့ပြီး၊ ပန်းသင်္ချိုင်းဓား အပေါ် တွင်သာ အပြည့်အဝ နှစ်မြှုပ်ပစ် လိုက်သည်။
ထိုအချိန်တွင် ဓားတစ်လက်နှင့် မြစ်ရေပြင် ကြီးသာ ရှိပေ တော့၏။
'' ဝှစ် ......... ''
ရုတ်တရက်ပင် မျက်စိတမှိတ် အတွင်း ရေပြင်အား ဖြတ်ကျော် သွားသော အရိပ် တစ်ရိပ်သည် လျင်မြန်စွာရွေ့လျားသွား၏။
ထိုအရိပ် ရွေ့လျားရာ လမ်း တလျှောက် မွှေးကြိုင်သော ရနံ့ တစ်ခုသာ ကျန်ခဲ့ လေသည်။
"ဟမ်..."
ထိုအရိပ်သည် ကောင်းကင်ယံထက်၌ ပန်းသင်္ချိုင်းဓားနှင့်အတူ စီးမျောနစ်ဝင်နေသော လင်းယွန်ကို ဖြတ်သွား ဖြတ်လာ လှမ်းကြည့် ပြီးနောက်၊ ရုတ်တရက် အံ့သြတုန်လှုပ် သွားလေသည်။
ထိုအရိပ်သည် အနီရောင်ဝတ်ရုံကို ဆင်မြန်း ထားသော အမျိုးသမီးငယ် တစ်ဦး ဖြစ်ကာ၊ သူမ၏ မျက်ဝန်းတစ်စုံသည် လဝန်းနှစ်စင်း ကဲ့သို့ ရွှန်းလဲ့ တောက်ပ နေသည်။
သူမက နတ်သမီး တပါး ကဲ့သို့ သိမ်မွေ့သော အရှိန် အဝါကို ထုတ်ဖော်၊ လွှမ်းခြုံ ထားသည်။
" ရှန်ရှင်းဘုံရဲ့ ပထမအဆင့် သိုင်းသမားလေး တစ်ယောက်က ဒီလို ထက်မြက်တဲ့ ဓားတာအို ရှိနေ တာလား၊ အံသြ စရာပဲ ... ဓါးရည်ရွယ်ချက်ကို ရောက်ဖို့ အချိန် သိပ်ယူရ လိမ့်မယ် မထင်ဖူး၊... ဟုတ်တယ် ... အဲဒါကို ကူညီ ပါရစေ။ "
ထိုအမျိုးသမီးငယ်သည် ပြုံးလျက်၊ ခြေထောက်ကို ပုတ်ကာ သစ်ကိုင်းတစ်ခုပေါ် သို့ ပေါ့ပါးစွာ ပျံဝဲတက်ရောက်သွားလေသည်။
ထို့နောက်တွင် သူမခါးပေါ်တွင် ချိတ်ဆွဲထားသည့်ပုလွေကို ဖြုတ်လိုက်ကာ၊ ညင်သာစွာ စတင် မှုတ်ယူလိုက်သည်။
ထိုအခိုက်အတန့်တွင် လေဝဲဓါးပေါ်၌ အပြည့်အ၀ နှစ်မြုပ်နေသဖြင့် ရုတ်တရက် ဂီတသံစဉ်ကို သတိမထားမိပေ။
အစပိုင်းတွင် လင်းယွန်သည် ထိုဂီတ သံစဉ်ကို ကြားသည့်အချိန်၌ စိတ်၀င်စားခြင်း မရှိသော်လည်း၊ အချိန် ကြာလာသည်နှင့်အမျှ သတိထားမိကာ၊ တုန်လှုပ်စပြုလာသည်။
၎င်းဂီတသည် လေဝဲဓါးနည်းစနစ်နှင့် ပနံသင့် လှ ပေ၏။ ထို့အပြင် ပန်းသင်္ချိုင်းဓားကို လွှဲရမ်းလိုက် သည်နှင့် ဂီတသံစဉ်သည် သူ့နှလုံးသား ထဲ၌ ပဲ့တင်ထပ် သွားလေသည်။
ဂီတ သံစဉ်မှာ သူ၏ ပန်းသင်္ချိုင်း ဓားအား ဦးဆောင် လမ်းပြ နေခဲ့သည်။
အဆုံးတွင် လင်းယွန်၏ ဓားအရှိန် အဟုန်မှာ၊ တဖြည်းဖြည်း ပို၍ ငြိမ်သက်လာ သည်ကို တွေ့ရှိလိုက်ရ သဖြင့် တုန်လှုပ် သွားမိသည်။
ထိုဖြစ်စဉ်သည်၊ ဓားတစ်လက်နှင့် အမှောင် ထဲတွင် လမ်းပျောက် နေခဲ့ရာမှ အလင်းအချို့ကို တွေ့ရှိသွား ခဲ့ခြင်းနှင့် တူပေ၏။
ထိုခံစားမှုသည် အံ့သြဖွယ်ကောင်း လောက်အောင် သူ၏ ဓားတာအိုအား အမှန် တကယ်ပင် သန့်စင် သွားနိုင် ခဲ့သည်။
'' လေဝဲဓါးပထမဓါးချက်.. ''
'' ပုံရိပ်ယောင်ဓါး ''
'' အရိပ်မဲ့ ဓါး ..''
လင်းယွန်သည် လှုပ်ရှားမှုသုံးခုကို ပြီးမြောက်သောအခါတွင်၊ သူ၏ဓားအရှိန်သည် ပိုမို ချောမွေ့ငြင်သာလာကာ၊ ပန်းသင်္ချိုင်း ဓား၏ အရှိန်အဝါသည် မြစ်ပြင်ကဲ့သို့ သိပ်သည်း ထက်မြလာခဲ့သည်။
ထိုခဏအတွင်းမှာပင် လင်းယွန်၏ မျက်လုံးများ ပြန် မှိတ်လိုက်ပြီး၊ ငြိမ်သက် သွားရာမှ မျက်ဝန်း တစ်စုံကို ပြန်အဖွင့်တွင်၊ လှိုင်းကြက်ခွပ်များ ကြား၌ ရေပုတီးစေ့များအား၊ ပြတ်ထင်စွာ မြင်လိုက်ရလေသည်။
(ရေပုတီးစေ့= ရေမော်လီကျူး)
၎င်းသည် ဓါးနှင့်လူ တစ်သားတည်း ဖြစ်တည်လာ ပြီးနောက်၊ ထိုခဏ အတွင်း၌ ကမ္ဘာပေါ်ရှိ အရာ အားလုံးမှာ ရပ်တန့်သွား စေကာ၊ သဘာဝတရားကြီး၏ မူလအစကို ရှုမြင် နိုင်ခဲ့လေပြီ။
'' ........... ''
ရုတ်တရက် ဒါန်တမ် အတွင်းရှိ ဓါးကျိုးသည် သံကြိုး ကိုးချောင်း ထံမှ တစ်လက်မ ဝက်ခန့် ရုန်းထွက် လွတ်မြောက် သွားပြီး၊ ဖြူဖွေး တောက်ပ နေသော ကိုယ်ထည်ကို ပြသပေး လာလေသည်။
လင်းယွန်က ဆူညံသော နှလုံးခုန်သံ များနှင့် အတူ ပန်းသင်္ချိုင်း ဓားအား ဆုပ်ကိုင်လျက် သစ်ဖောင် ဆီသို့ ပြန်ဆင်း လာခဲ့သည်။
သစ်ဖောင်ကိုခြေချ မိမိချင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့် လိုက်သည်။ တစ်ဖက်ကမ်း နဖူးရှိ သစ်ပင် တစ်ပင် ပေါ်၌၊ အနီဝတ် မိန်းမပျို တစ်ယောက်က၊ သူ့အား ရပ်ကြည့် နေခဲ့ သည်ကို တွေ့လိုက်ရသည်။
'' ကောင်းလိုက်တဲ့ ဓားနည်းစနစ်ပဲ ''
ထိုမိန်းမပျိုလေးက ပြုံးပြီး ချီးကျူး လိုက်သည်နှင့် ဖြူဖွေးတောက်ပနေသော သွားစွယ် နှစ်ချောင်းကို လှစ်ခနဲ့ ထွက်ပေါ် လာစေ ခဲ့သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ အလှတရားများသည် သူမ၏ အပြုံးကြောင့် သေဆုံးသွားကြလေသည်။
ထို့နောက်တွင် သစ်ကိုင်းအား ခြေစောင့်လျက် မြူခိုးများကြားသို့ ပျံသန်း ပျောက်ကွယ် သွား ခဲ့၏။
သူမသည် လင်းယွန်၏ ဟန့်တား ခေါ်ဆိုလိုက် သံအား မကြား နိုင်တော့ချေ။
သူမ၏ ပုံရိပ် ပျောက်ကွယ် သွားသည်ကို ကြည့်ကာ၊ လင်းယွန်သည် သက်ပြင်းချ လိုက်မိသည်။
ထိုကူညီမှုအတွက် ကျေးဇူးတင်ရန် အခွင့် အရေးကို လွဲချော်ခဲ့ပေပြီ။ တစ်ဆက်တည်း မှာပင် သိုင်းဝိညာဉ်၏ အပြောင်းအလဲ များကြောင့် စိတ်လှုပ်ရှား တက်ကြွလာခဲ့သည်။
ဆိုလိုသည်မှာ သူ၏သိုင်းဝိညာဉ်သည် ခေါ်ထုတ်မရသော အမှိုက်တစ်စ မဟုတ်နိုင် တော့ပေ။
၎င်းသည် သူ့အား ဆင့်ခေါ် လိုပါက၊ ဓားတာအို၌ နက်နက် ရှိုင်းရှိုင်း ထိုးထွင်း သိမြင် နိုင်ဖို့ လိုပေသည်။
"ဒီ ခံစားချက်က ဘာလဲ"
အကယ်၍ လင်းယွန်သည် သိုင်းဝိဉာဉ်ကို ဆင့်မခေါ် နိုင်ခဲ့ ပါက၊ ထိုဓားကျိုးရှိ လွတ်မြောက် လာသော 'ရောင်ဝါ'ကို ဆင့်ခေါ် နိုင်သည်။
ရုတ်တရက် ရရှိ လာသည့် ထိုခံစားချက်ကို ချက်ချင်း အတည်ပြုရန်၊ ပန်းသင်္ချိုင်း ဓားအား ပင့်မြှောက်ကာ၊ မြစ်ရေပြင် ပေါ်သို့ ခုတ်ချ လိုက်လေသည်။
'' ဘုန်း....... ''
မြစ်ရေပြင်အား ထက်ခြမ်း ကွဲစေ နိုင်သော သဏ္ဍာန်မဲ့ စွမ်းအားများ ထုံမွှန်းလျက် ဓားရောင်ဝါ အချို့ ထွက်ပေါ်လာတော့သည်။
***