← Chapters

ဂိုဏ်းလေးဂိုဏ်းနှင့် မျိုးနွယ်စုလေးခု။

Vol. 7 Ch. 85

ဂိုဏ်းလေးဂိုဏ်းနှင့် မျိုးနွယ်စုလေးခု။

Vol. 7 Ch. 85

၎င်းမှာ တော်ဝင်နေမင်းဂိုဏ်း၏ ပါရမီရှင် ဖိန်းဝူဟန် ဖြစ်၏။ ဖိန်းဝူဟန်နှင့် လင်းယွန်သည် ဂိုဏ်းလေးဂိုဏ်း ပြိုင်ပွဲတွင် တစ်ကြိမ်မျှသာ တွေ့ဖူး သော်လည်း၊ ၎င်းတို့ကြားတွင် ဆက်သွယ် တုံ့ပြန်မှု မရှိခဲ့ပေ။

" အဲဒါမင်းပဲ "

နောက်ဆုံးတွင် ဖိန်းဝူဟန်သည် လင်းယွန်၏မျက်နှာကိုမြင်ပြီးနောက် အတည်ပြုရေရွတ်လိုက်ကာ၊ သူ့ဘေးတွင် ရပ်နေသည့်၊ လူတစ်ယောက်အား တီးတိုးစကားဆိုလိုက်၏။ ထို့နောက်တွင် ဝမ်းသာအားရဟန်ဖြင့် လင်းယွန်ကိုပြန်ငုံ့ကြည့် လာသည်။

" လင်းယွန်.... ငါတို့နဲ့ ခရီးအတူတူဆက်ရအောင်... ''

ဖိန်းဝူဟန်က ဖိတ်ခေါ်လိုက်၏။ လင်းယွန်သည် လည်း သူ့ဘေးနားရှိ နဂါးသွေးမြင်းကို ကြည့်ကာ ခေါင်းညိတ်လျက်၊

'' ကျေးဇူးတင်ပါတယ် ''

ဟု ပြန်ဖြေလိုက်သည်။ ခဏအကြာတွင် လင်းယွန်အတွက် လှေခါးကို ချပေးရန်ပြင်နေကြရာ၊ လင်းယွန်က ခေါင်းရမ်းပြလိုက်မိသည်။

'' ရတယ် လှေခါးမလိုပါဘူး .... ''

တစ်ဆက်တည်းမှာပင် လင်းယွန်က မြင်းကျောပေါ်ကို ခုန်တက်လိုက်ပြီး၊ နဂါးသွေးမြင်းကို ပုတ်လျက် အချက်ပြလိုက်ရာ၊ နဂါးလေးသည် ၎င်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုကို အရိပ်အမြွက်ပြသခဲ့သည်။ ခဏအကြာတွင် နဂါးသွေးမြင်းသည် လင်းယွန်အားကျောပေါ်တင်လျက်၊ လှေကုန်းပေါင်ပေါ်သို့ညင်သာစွာ ခုန်တက်လိုက်လေသည်။

နဂါးသွေးမြင်းထံမှ စိမ့်ယိုကျနေသော အရှိန်အဝါသည်၊ လှေပေါ်ရှိရပ်ကြည့်နေသည့် လူတိုင်းကို၊ ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်ဆုတ်သွားကြရန် ဖိအားပေးခံ လိုက်ရသည်။

" ရှန်ရှင်းအဆင့် နတ်ဆိုးသားရဲ နဂါးသွေးမြင်း "

'' ဘယ်လောက်တောင် ရက်စက်ကြမ်းကြုပ်လိုက်တဲ့ နတ်ဆိုးသားရဲလဲ၊ တကယ်ကို ပေါ့ပေါ့ပါးပါး ခုန်ချခဲ့တာပဲ.... ''

'' ကြည့်ရတာ ဒီလူငယ်က မရိုးရှင်းဘူးပဲ၊ သူက တကယ်ပဲ ရှန်ရှင်းအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ကိုတောင် ထိန်းကျောင်းနိုင်ခဲ့တာလား.... ''

လှေပေါ်ရှိလူတိုင်းက အချင်းချင်း ချီးမွမ်းဆွေးနွေး လိုက်ကြသည်။ ဖိန်းဝူဟန်က လင်းယွန်ထံလမ်းလျှောက်လာသည်ကို မြင်သည်နှင့် မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး၊

" အစ်ကိုဖိန်း၊ မင်းရဲ့ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်"

'' မင်းက ယဉ်ကျေးလွန်းနေပါပြီ၊ ငါ့ကို ကျေးဇူးတင်မယ့်အစား ငါ့ဝမ်းကွဲအစ်ကို ကိုကျေးဇူးတင်သင့်တယ်၊ ဒီလှေက သူ့မိသားစုပိုင်ပါ... ''

" ဒါက ငါရဲ့ ဝမ်းကွဲအစ်ကိုဝမ်ဖိန်းပဲ၊ မင်းက မိုးကောင်းကင်နိုင်ငံရဲ့ လူငယ်မျိုးဆက်ထဲမှာ အသန်မာဆုံးဆိုတာ သူကြားတဲ့အခါ မင်းကို စိတ်ဝင်စားသွားတယ်။"

ဖိန်းဝူဟန်၏ မိတ်ဆက်စကားများကြောင့်၊ လင်းယွန်က ဝမ်ဖန်ကို အကြမ်းဖျင်းစစ်ဆေးကြည့်လိုက်ရာ၊ သူက အံ့အားသင့်သွား၏။ အသက်အရွယ်အရ လင်းယွန်နှင့် အရွယ်တူသော်လည်း၊ ဝမ်ဖန်၏ကျင့်ကြံမှုသည် အမှန်တကယ်ပင်၊ ရှန်ရှင်းနယ်မြေ၏ ဒုတိယမြောက်အဆင့်၌ ရှိနေပေသည်။

ဤအသက်အရွယ်နှင့် ထိုသို့သောကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားခြင်းသည်၊ အပြာရောင်နေမင်းနိုင်ငံတွင် ရွက်ပုန်းသီးပါရမီရှင်များ မည်မျှပေါများသည်ကို သိရှိနိုင်ပေမည်။

''ဝမ်းကွဲအစ်ကို ဒါကလင်းယွန်ပဲ၊ သူက ဟောင်ရှင်းအဋ္ဌမအဆင့်နဲ့တင် ရှန်ရှင်းတပိုင်း သိုင်းသမားတွေကို တစ်ကိုယ်တော် အနိုင်ယူ နိုင်ခဲ့တယ် ''

ဖိန်းဝူဟန်က ၎င်းတို့နှစ်ဦးကို မိတ်ဆက်ပေးခဲ့သည်။

" ဟောင်ရှင်းအဋ္ဌမအဆင့်လား၊ ဟား ဟား ဟား၊ ဒီညီငယ်လေးလင်းက မရိုးရှင်းဖူးပဲ၊ သူက သုံးလအတွင်းမှာ ရှန်ရှင်းဘုံကို တကယ်ခြေချနိုင်ခဲ့တာပဲ၊ ''

ဝမ်ဖိန်းက ပြုံးပြီး ပြောလိုက်၏။

" ရှန်ရှင်းဘုံ...''

ဝမ်ဖိန်း၏စကားကြောင့် ဖိန်းဝူဟန်မှာ အထိတ်တလန့်ဟန်ဖြင့် လင်းယွန်အား ပြန်ကြည့်လာခဲ့သည်။ လွန်ခဲ့သော သုံးလအတွင်း ဟောင်ရှင်းဒဿမအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့ပြီး၊ ၎င်းသည်လင်းယွန်နှင့် နှိုင်းယှဉ်ပါက သေးငယ်သော အောင်မြင်မှုတစ်ခုသာ ဖြစ်နေပေသည်။

" လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကမှ ဟောင်ရှင်းအတားအစီးကို ချိုးဖြတ်နိုင်ခဲ့တာပါ၊ ဒါက အစ်ကိုဝမ်နဲ့ ယှဉ်ရင် အများကြီး နိမ့်ကျနေပါသေးတယ်။"

လင်းယွန်က ဝမ်ဖိန်းမှာ လွန်ခဲ့သောတစ်နှစ်ခွဲခန့်ကပင် ရှန်ရှင်းဘုံကို ရောက်ရှိခဲ့ကြောင်း၊ ခန့်မှန်းနိုင်မိကာ နှိမ့်ချ ဝန်ခံလိုက်သည်။

" 'မိုးကောင်းကင်နိုင်ငံ'က 'အပြာရောင်နေမင်းနိုင်ငံ'နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ''

ဝမ်ဖိန်းက လင်းယွန်စကားကို စိတ်၀င်စားခြင်းမရှိပဲ ပြုံးလိုက်ကာ၊ သူ၏အကြည့်ကို နဂါးသွေးမြင်းထံသို့ပို့လွှတ်လိုက်ပြီး၊

" မင်းရဲ့ နဂါးသွေးမြင်းကို ရောင်းဖို့စိတ်ကူးရှိလား၊ မင်းဆန္ဒရှိရင် စျေးနှုန်းကို ကမ်းလှမ်းနိုင်ပါတယ်.... ''

-ဟု ရုတ်တရက် မေးလိုက်သည်။ သူ၏နဂါးသွေးမြင်းကို စိတ်ဝင်စားခြင်းသည်၊ လင်းယွန်ကို စိတ်ဝင် စားသည်ထက် များစွာ မြင့်မားနေပုံရ၏။

'' ဒါပေါ့........ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သိန်းရရင် မင်းအပိုင်ပဲ အစ်ကိုဝမ်....''

ရုတ်တရက်မျက်ဝန်းများလက်နေရာမှ စျေးနှုန်းကို ကြားသောအခါတွင် အံ့သြစွာပြုံးလိုက်ပြီး၊

'' ညီငယ်လေးလင်းက ဇဝနညာဏ်ရွှင်တာပဲ၊ ... ကဲ ဝမ်းကွဲညီငယ်၊ မင်းက သူ့ကို အဖော်ပြုပေးလိမ့်မယ်လို့ ငါထင်တယ်၊ ငါအရင်သွားနှင့်ပြီ ''

ဝမ်ဖိန်းက ပြုံးပြီးနူတ်ဆက်ကာ လှည့်ထွက်သွားသည်။ ဝမ်ဖိန်း၏ပုံရိပ်ပျောက်ကွယ်သွားပြီးမှ ဖိန်းဝူဟန်က လင်းယွန်ပုခုံးကိုပုတ်လျက်၊

'' အဲဒါကို စိတ်မပူပါနဲ့၊ ငါ့ဝမ်းကွဲအစ်ကိုက မင်းရဲ့မြင်းကို ဖိအားပေး ရောင်းခိုင်းမှာမဟုတ်ပါဘူး၊ သူက အလုပ်အရမ်းများတဲ့ သူပဲ၊ နောက်တစ်စက္ကန့်လောက်ဆိုရင် မေ့သွားနိုင်တယ်။"

ဖိန်းဝူဟန်က လင်းယွန်အားနားလည်သည့်ဟန်ဖြင့်ရှင်းပြလိုက်သည်။ ထို့ကြောင့်ပင်လေထုသည် ပြန်လည်နွေးထွေးလာကာ၊ လင်းယွန်က ခေါင်းညိတ်ပြုံးပြပြီး၊

" ဒီလမ်းခရီးမှာ မင်းကိုတွေ့ရလို့၊ ငါ .....အံ့သြသွားတယ်"

သူတို့နှစ်ဦးစလုံးသည် နိုင်ငံတစ်ခုအတွင်းမှ လူငယ်မျိုးဆက်များဖြစ်ကာ၊ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေမယ့် လျင်မြန်စွာအသားကျ လာကြ၏။

" ဂိုဏ်းလေးခုပြိုင်ပွဲအပြီးမှာ ငါ့ရဲ့ လေ့ကျင့်မှုကို ဟောင်ရှင်းဒဿမအဆင့်ထိ မြှင့်တင်ဖို့ အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့ပြီးတဲ့နောက်၊ 'အပြာရောင်နေမင်းနို

င်ငံ'မှာရှိတဲ့ ဝမ်းကွဲအစ်ကိုထံ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာပဲ၊ ငါ့အရည်အချင်းနဲ့ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းအနက်တစ်ဂိုဏ်းဂိုဏ်းကို ဝင်နိုင်မလားဆိုတာ သိချင်မိတယ်.... ''

-ဟု ဖိန်းဝူဟန်က ရှင်းပြလာသည်။

" အပြာရောင်နေမင်းနိုင်ငံရဲ့ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းလား..... "

'' ဟုတ်တယ်၊ အပြာရောင်နေမင်းနိုင်ငံရဲ့ နယ်မြေက မိုးကောင်းကင်နိုင်ထက် အဆပေါင်းများစွာ ကျယ်ပြန့်လွန်းတယ်၊ အာကြောင့် နယ်မြေတွေကိုအုပ်စိုးဖို့ ဂိုဏ်းသုံးဂိုဏ်းက ခွဲဝေယူထားရတယ်၊ သူတို့ကို အာဏာရှင်ဂိုဏ်းငယ်သုံးဂိုဏ်းလို့ သတ်မှတ်ထားကြတယ်၊ အဲ့ဒီဂိုဏ်းတွေက ရွှေမီးတောက်ဂိုဏ်း၊ သွေးတိမ်ဂိုဏ်းနဲ့ သက်တန့်ရောင်နန်းဆောင်ဂိုဏ်းတွေပဲ၊.... ''

ဖိန်းဝူဟန်၏ ရှင်းပြချက်များကြောင့် လင်းယွန်က အတွေးထဲနစ်မျောသွားလေသည်။ အပြာရောင်နေမင်း နိုင်ငံသည် မဟာချင်အင်ပါယာ၏ ကျေးလက်ဒေသတစ်ခုသာဖြစ်ပြီး၊ များစွာ စည်ကားလှပေသည်။

အတွေးထဲနစ်မျောနေသည့် လင်းယွန်အားကြည့်ကာ ဖိန်းဝူဟန်က၊

'' ငါ ခန့်မှန်းရရင်၊ မဟာဂိုဏ်းကြီးလေးဂိုဏ်းက တစ်ဂိုဏ်းဂိုဏ်းကို ဝင်ဖို့ မင်း ကြိုးစားနေတာမလား.....''

" မဟာဂိုဏ်းကြီးလေးဂိုဏ်း....."

လင်းယွန်က ဖိန်ဝူဟန်၏စကားတိုင်းကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။

" မင်းက ဘိုင်မိသားစုရဲ့ ဖိတ်ကြားချက်ကိုတောင် ငြင်းပယ်ခဲ့ပြီးပြီပဲ၊ အပြာရောင်နေမင်းနိုင်ငံရဲ့ အာဏာရှင်ဂိုဏ်းငယ် သုံးဂိုဏ်းလောက်ကို ဘယ်ပူးပေါင်းချင်ပါ့မလဲ၊ ဆိုလိုတာက မင်းက အပြာရောင်နေမင်းနိုင်ငံကို ဝင်ရောက်လာတာက လမ်းခရီးတစ်ထောက်စာပဲ မဟုတ်လား၊ မင်းမှာ တခြား ရည်ရွယ်ချက်တွေ ရှိရမယ် ''

ဖိန်းဝူဟန် က ယုံကြည်မှုအပြည့်ဖြင့် ခန့်မှန်းပြောဆိုလိုက်သည်။ လင်းယွန်သည် မည်သို့ရှင်းပြရမည်ကို မသိသဖြင့် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဖိန်းဝူဟန်ကို ဘိုင်မိသားစုမှ သူ့အားအမှန်တကယ် ငြင်းပယ်ခဲ့သည်ကို မည်သို့ ရှင်းပြရမည် မသိခဲ့ပေ။

'' အစ်ကိုဖိန်း၊ မင်းက ငါ့ထက် မဟာချင်အင်ပါယာအကြောင်းကို ပိုသိနေတယ်၊ ဘယ်အင်အားစုက အသန်မာဆုံးလဲဆိုတာ မင်းသိလား။ "

ဖိန်းဝူဟန်၏ စကားလုံးတိုင်သည် လုံးလုံးလျားလျား မမှန်နိုင်ပေမယ့်၊ အနည်းငယ်တော့ မှန်ပေ၏။ လင်းယွန်၏ခွန်အားသည် အပြာရောင်နေမင်းနိုင်ငံမှ အာဏာရှင်ဂိုဏ်းငယ်များထက်ပင် ကျော်လွန်နေသည်။

'' အစစ်အမှန်အင်အားစုတွေ အကြောင်းပြောရရင်၊ မဟာချင်အင်ပါယာမှာ မဟာဂိုဏ်းကြီးလေးဂိုဏ်းနဲ့၊ မျိုးနွယ်စု လေးစုရှိတယ်၊ မဟာဂိုဏ်းကြီးလေးခုရဲ့ အမည်က ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်း၊ ရှေးဟောင်းတာအိုဂိုဏ်း၊ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းနဲ့ လနတ်ဆိုးဗိမ္မာန်ဂိုဏ်း တွေပဲ၊ ''

'' ဒီမဟာဂိုဏ်းကြီးလေးဂိုဏ်းက မဟာချင်အင်ပါယာရဲ့ အစစ်အမှန်အင်အားစု ဖြစ်နေရုံသာမကဖူး၊ သူတို့က တောင်ပိုင်းရှေးဟောင်းနယ်မြေကြီးမှာတောင် လေးစားထိုက်တဲ့ အဆင့်သတ်မှတ်ချက်ထဲ ဝင်တယ်၊ မျိုးနွယ်စုလေးစုကတော့ ဇောင်၊ ဝမ်၊ လင်းနဲ့ လီမျိုးနွယ်စုတွေပဲ၊ အဲ့ဒီမျိုးနွယ်စုတွေက အနှစ်တစ်ထောင်ကျော် သက်တမ်းရှည်လျားပြီး၊ အပြစ်ပြုလို့မရတဲ့ တော်ဝင်မျိုးနွယ်စုတွေပဲ၊..... ''

'' သူတို့တွေက ပြင်ပကျင့်ကြံသူတွေကို မျိုးနွယ်စုရဲ့ အမာခံတပြည့်အဖြစ် လက်ခံဖို့ မဖြစ်နိုင်ပါဘူး၊ မဟာဂိုဏ်းကြီးလေးဂိုဏ်းကတော့ တင်းကျပ်တဲ့သတ်မှတ်ချက်တွေနဲ့စိစစ်ပြီး တပြည့်လက်ခံကြတယ်၊ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က ဂိုဏ်းကြီးတွေထဲဝင်ဖို့ဆိုရင်၊ သူရဲ့ကျင့်ကြံမှုက ရှန်ရှင်းဘုံရဲ့ စတုတ္ထမြောက် ဒွါရအထိ အနည်းဆုံး သန့်စင်ထားနိုင်ဖို့လိုတယ်၊ အရေအကြီးဆုံးက မင်းရဲ့အသက်ပဲ၊ မင်းရဲ့အသက်က (17) နှစ်အောက်ဖြစ်နေရမယ် "

'' ................ "

လင်းယွန်သည် အေးစက်သောလေထုကို ရှူရှိုက်လျက် သက်ပြင်းချလိုက်မိသည်။ တကယ့်အရည်အချင်းရှိသူများသာလျှင် မဟာဂိုဏ်းကြီးလေးဂိုဏ်းတွင် ပါဝင်ရန် အရည်အချင်းပြည့်မီပေမည်။ ထိုမဟာဂိုဏ်းကြီးများရှိ ပြင်ပတပည့်တစ်ဦးသည်ပင် အပြာရောင်နေမင်းနိုင်ငံကို လက်ဗလာဖြင့် နင်းချေပစ်နိုင်၏။

ထိုအင်းအားစုများအကြောင်းပြောပြရာတွင် ဖိန်းဝူဟန်၏ လေသံမှာ လေးစားမှုအပြည့်ရှိနေခဲ့သည်။ မဟာဂိုဏ်းကြီးလေးဂိုဏ်းနှင့် မျိုးနွယ်စုလေးစုကို ရိုသေလေးစားမှုသည် သူ့နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလေပြီ။

'' မဟာဂိုဏ်းကြီးလေးဂိုဏ်းနဲ့ မျိုးနွယ်စုလေးစုက ငါအတွက် လက်လှမ်းမှီတဲ့ အရာမဟုတ်ဖူး၊ ဒါကြောင့် 'အပြာရောင်နေမင်းနိုင်ငံ'ရဲ့ အာဏာရှင်ဂိုဏ်းငယ်သုံးဂိုဏ်းအနက်၊ တစ်ဂိုဏ်းဂိုဏ်းနဲ့ ပူးပေါင်းနိုင်ဖို့သာ မျှော်လင့်မိတယ်၊ သူတို့ထဲက ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပူးပေါင်းနိုင်သရွေ့ 'အပြာရောင်နေမင်းနိုင်ငံ'မှာ ခေါင်းကို ငုံ့စရာမလိုတော့ဖူး၊ ငါသာ ဒီ့ထက်ပိုပြီး၊ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့မယ်ဆိုရင်၊ မဟာချင်အင်ပါယာမှာ ငါ့ကိုယ်ငါ နာမည်တစ်လုံး ရေးထိုးနိုင် လိမ့်မယ်.... ''

ဖိန်းဝူဟန်သည် ရှည်လျားစွာရှင်းပြခဲ့ပြီး၊ သူ့မျက်ဝန်းများတွင် အနာဂတ်အတွက် ရည်မှန်းချက်များ ပြည့်နှက်နေခဲ့သည်။ ထို့ကြောင့်ပင် ဖိန်းဝူဟန်သည် သူ၏ဝမ်းကွဲအစ်ကိုလက်အောက်သို့ လာရောက်ခိုလှုံခဲ့ခြင်း ဖြစ်ပေသည်။

ထပ်လောင်းပြောဆိုကြသောအခါတွင်၊ ဖိန်းဝူဟန်၏ဝမ်းကွဲအစ်ကိုတွင် ကျောထောက်နောက်ခံပြုထားသော မျိုးနွယ်စုတစ်စုရှိသည်ကို သိရှိခဲ့ရသည်။ ၎င်းသည် ခရမ်းရောင်မီးလျှံမြို့မှ ဝမ်မိသားစုဖြစ်ပြီး၊ ဝမ်ဖိန်းသည် ထိုမိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ အေးသာယာမြို့မှ လျူမိသားစုဝင်များနှင့် နှိုင်းယှဉ်ရမည့်အရာမဟုတ်ချေ။ ခရမ်းရောင်မီးလျှံမြို့မှ ဝမ်မိသားစုသည်၊ မဟာချင်အင်ပါယာ၏ တော်ဝင်မျိုးနွယ်စုကြီးလေးစုထဲရှိ၊ ဝမ်မျိုးနွယ်စု၏ အခွဲမိသားစုဝင်များဖြစ်ကြသည်။

အပြာရောင်နေမင်းနိုင်ငံ၏ နယ်မြေသည် ရာနှင့်ချီသော မြို့ငယ်များစွာ ပါဝင်သည်။ ခရမ်းရောင်မီးလျှံမြို့သည် အပြာရောင်နေမင်းနိုင်ငံ၏ ပထမတန်းစားမြို့များထဲတွင် အဆင့်အနည်းငယ်သာ နိမ့်ကျခဲ့ပြီး၊ ၎င်း၏အဆင့်အတန်းသည် ဤမျှမြင့်မားသောအဆင့်တွင် ရှိနိုင်သောကြောင့်၊ ထိုသို့သောအထက်တန်းစားမြို့ရှိ ဝမ်မိသားစုအား၊ ကျောထောက်နောက်ခံပြုထားခြင်းသည်ကောင်းမွန်သောလုပ်ရပ် ဖြစ်ပေသည်။

ထိုသို့သော အင်အားကြီးနောက်ခံကို ရရှိထားသော၊ ဝမ်ဖိန်း၏ဘိုးဘေးသည် ရှန်ရှင်းသတ္တမမြောက်အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်ကာ၊ လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းကပင် တံခါးပိတ်ကျင့်ကြံနေပြီး၊ ၎င်းသည် 'နက်နဲနယ်ပယ်'သို့ ချိုးဖြတ်နိုင်ခဲ့ပါက၊ ဝမ်ဖိန်း၏ဝမ်မိသားစုသည် ထိပ်ဆုံးရောက်အင်အားစုတစ်စု ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

ထိုသို့သောနောက်ခံမျိုးဖြင့် ဝမ်ဖိန်းသည် ရှန်ရှင်းဘုံ၏ ဒုတိယအဆင့်သို့ ရောက်ရှိနိုင်သည်မှာ အံ့သြစရာတော့ မဟုတ်ချေ။

'' ဒီကသခင်လေးတို့ သခင်လေးဝမ်ဖန်က သူ့အခန်းကို ဖိတ်ခေါ်လိုက်ပါတယ်.....''

-ဟု အစေခံတစ်ဦးက လေးစားစွာ ဖိတ်ခေါ်လာခဲ့သည်။

'' သွားကြည့်ရအောင်၊ ငါ့ရဲ့ဝမ်းကွဲအစ်ကိုက သူ့ခရီးစဉ်မှာ သူငယ်ချင်းတွေ အများကြီးဖိတ်ခေါ်ထားတယ်၊ သူတို့နဲ့ မိတ်ဖွဲ့ဖို့ ဒီအခွင့်အရေးကို ရယူနိုင်တယ် ''

ဖိန်းဝူဟန် က ပြုံးပြကာ စိတ်လှုပ်ရှားနေလေသည်။ ထို့နောက်တွင် ဖိန်းဝူဟန်၏ဦးဆောင်လမ်းပြမှုဖြင့်၊ သန့်ရှင်းသပ်ရပ်သောအခန်းငယ် တစ်ခန်းထဲသို့ ဝင်ရောက်လိုက်သည်။ ထိုအခန်းတွင်း၌ ဝမ်ဖိန်နှင့်အတူလူငယ်များစွာထိုင်လျက် ရှိနေကြသည်။ သူတို့အားလုံးသည် လင်းယွန်နှင့် ရွယ်တူများသာဖြစ်ပြီး၊ မောက်မာသော ဟန်ပန်အပြည့်ဖြင့် ရှိနေလေပြီ။

" ကဲ .... အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ၊ ဒါက မိုးကောင်းကင်နိုင်ငံရဲ့ အသန်မာဆုံး မျိုးဆက်တစ်ယောက်ပဲ၊ သူ့နာမည်က လင်းယွန်တဲ့..''

ဝမ်ဖိန်း၏ ပြုံးပြုံးရွှင်ရွှင်ဖြင့် မိတ်ဆက်ပေးလာမှုကြောင့် ထူးဆန်းသော အကြည့်များစွာသည် လင်းယွန်ထံသို့ ဦးတည် ရောက်ရှိလာလေသည်။ ရုတ်တရက် ရယ်မောသံတစ်သံနှင့်အတူ ထွားကြိုင်းသောလူငယ်တစ်ယောက်သည် ရှေ့သို့တိုးထွက်လာကာ၊

'' ဟား ဟာဟား ....မင်းရဲ့ ဓားသေတ္တာအရ ဆိုရင် ... ဓါးသမား တစ်ယောက် ပဲလို့ ငါထင်တယ်၊ မိုကောင်းကင် နိုင်ငံလို အရိုင်းမြေ သာသာ နိမ့်ကျတဲ့ နယ်မြေလေး တစ်ခုမှာ၊ သန်မာတဲ့ ကျင့်ကြံ သူတွေ ဘယ်လို လုပ်ရှိ နေနိုင် မှာလဲ၊ တကယ်ပဲ မင်ကိုယ်မင်း ပါရမီရှင်လို့ ယူဆ ထားရင် .... ငါတို့က ဘာတွေလဲ ...''

***

All Chapters