← Chapters

လျူကျီဖေး။

Vol. 7 Ch. 86

လျူကျီဖေး။

Vol. 7 Ch. 86

အသံပိုင်ရှင်သည် ဝမ်ဖိန်း၏ ဘယ်ဘက်ထိုင်ခုံမှ ထလာခဲ့သည်။ ထိုသူ၏ စကားများကြောင့် ဖိန်းဝူဟန်မှာ မျက်နှာပျက် သွားသည်။ သူက လင်းယွန်ကို ဖိတ်ခေါ်ခဲ့သူ ဖြစ်ကာ၊ ထိုသို့ လှောင်ပြောင်မှုသည် သူ့အား အရှက်ရစေသည်။

ဝမ်ဖိန်းသည်လည်း ပြုံးလျက် တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။ လင်းယွန်ထံမှ နဂါးသွေးမြင်းကိုဝယ်ယူရန်၊ ၎င်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပုံအား တွေးမိလိုက်သောအခါတွင်၊ ဝမ်ဖိန်းသည် အတန်ငယ် စိတ်ပျက်သွားခဲ့ခြင်းပင် ဖြစ်သည်။

" သူက လျူကျီဖေးပဲ၊ ငါ့ဝမ်းကွဲအစ်ကိုက တိမ်လွှာမြို့ကနေ ဖိတ်ကြားထားတဲ့ သူတစ်ယောက်ပဲ၊ သူရဲ့မိသားစုက တိမ်လွှာမြို့ရဲ့ အုပ်စိုးသူအာဏာရှင်တွေ၊ အာကြောင့် နည်းနည်းလေးသည်းခံပေးပါ ''

ဖိန်းဝူဟန်က စိုးရိမ်စွာဖြင့် လင်းယွန်အား သတိပေးလာ၏။

သို့သော်လျူကျီဖေးသည် ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ကာ၊

"ဘာလဲ....ငါတစ်ခုခုများ မှားပြောမိလား၊ မင်းရဲ့ဓားသေတ္တာမှာ နာမည်တောင် ရှိရဲ့လား"

-ဟု မေးမြန်းလိုက်သော်လည်း လင်းယွန်က နှုတ်ဆိတ်နေလိုက်၏။

'' မင်းလိုကောင်ငယ်လေးက မောက်မာချင်တာလား၊....ဟမ် ''

'' ဝှစ် ''

ရုတ်တရက် လျူကျီဖေးက ခုန်လိုက်ပြီး လင်းယွန်ရှေ့သို့ တိုးဝင်လာကာ၊ သူ့လက်တစ်ဖက်ကို လင်းယွန်၏ ရှေးဟောင်းဓားသေတ္တာထံသို့ ဆန့်တန်းဆုပ်ကိုင်လိုက်သည်။

" မင်း ငါ့ဓားသေတ္တာအကြောင်းကို တွေးနေတာ ရပ်သင့်ပြီ၊ ''

လင်းယွန်က လျူကျီဖေး၏ လက်ကောက်ဝတ်အားဆုပ်ကိုင်ဟန့်တားလိုက်ပြီး ပြုံးပြလိုက်၏။

"မင်း....... "

လျူကျီဖေးသည် လင်းယွန်၏ ချုပ်ကိုင်မှုမှ အလွယ်တကူလွတ်မြောက်နိုင်ခြင်း မရှိပဲ၊ မည်မျှပင်ကြိုးစားနေပါစေ ရုန်းမထွက်နိုင်ခဲ့သည်ကြောင့် ခေတ္တမျှမှင်တက်သွားပြီး၊ သူ၏စွမ်းအင်များကို လှည့်ပတ်လိုက်ကာ၊

" ဒါဆို မင်းရဲ့ လက်တွေကို ပထမဆုံးအနေနဲ့ လွှတ်လိုက်သင့်ပြီ၊ "

လင်းယွန်၏ ပြုတ်တူတစ်လက်ကဲ့သို့ သန်မာသော ဆုပ်ကိုင်မှုကြောင့်၊ လင်းယွန်မှာ ရှန်ရှင်းဘုံသို့ရောက်ရောက်ချင်းချင်း၊ သူ၏လက်များကို သန့်စင်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မှတ်မှား သွားခဲ့စေသည်။

ရုတ်တရက်ဝမ်ဖိန်းသည် အခြေအနေတင်းမာမှုကိုဖြေရှင်းရန် ကြားဝင်လာ၏။

'' အစ်ကိုလျူ၊ မင်းရဲ့ လုပ်ရပ်တွေက ငါ့အပေါ် ထင်ဟပ်နေတယ် မဟုတ်လား... ညီငယ်လေးလင်း က ငါ့ရဲ့ ဧည့်သည်မို့ ငါ့ကို မျက်နှာသာပေးပါ.."

ဝမ်ဖိန်း၏ စကားများကြောင့် လျူကျိဖေးသည် သူ၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ လျူကျိဖေးထံမှ စွမ်းအင်လှည့်ပါတ်ထားမှုမှာ ရပ်တန့်သွားခဲ့ပြီးနောက်၊ ငြိမ်သက်သွားသောအခါတွင်၊ လင်းယွန်က ဆုပ်ကိုင်ထားရာမှ ဖြည်ချလွှတ်လိုက်သည်။

'' ဒီကိစ္စကို အစ်ကိုဝမ်အတွက် ခွင့်လွှတ်လိုက်မယ်၊ မိုးကောင်းကင်နိုင်ငံက အမှိုက်တစ်စက၊ ငါ့ရှေ့မှာ ကြီးကြီးကျယ်ကျယ် ဟန်ဆောင်ဖို့ သတ္တိရှိတယ်လား၊ ဒီနေရာက တိမ်လွှာမြို့ မဟုတ်တဲ့အတွက် မင်းကံကောင်းတယ်မှတ်ပါ၊ မဟုတ်ရင် ငါ .... မင်းကို သေအောင်ရိုက်ပစ်မယ် "

လျူကျိဖေးက ရယ်မောပြီး သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ ထိုစကားကြောင့် ဤနေရာရှိလူငယ်တိုင်းသည်၊ လင်းယွန်အား အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသည်။ အများစုမှာ လျူကျိဖေးကဲ့သို့ တူညီသော အတွေးအမြင်များရှိနေ ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် သူတို့၏ရန်လိုမှုကို တိုက်ရိုက်မပြသခဲ့ပေ။ လင်းယွန်က ဒေါသထွက်နေခဲ့သော်လည်း တည်ငြိမ်စွာ တိတ်ဆိတ်နေခဲ့၏။

ရှေးဟောင်းဓားသေတ္တာသည် သူ၏အသက်ကယ်ဝှက်ဖဲတစ်ချက်ဖြစ်ကာ၊ အရေးကြီးသောအခိုက်အတန့်တွင် 'ခရမ်းရောင်ရေခဲစာကလေး'ကို ထုတ်ဖော်အသုံးချနိုင် ပေမည်။ ရှန်ရှင်းဘုံသို့ရောက်ရှိပြီးနောက် ငန်းရိုင်းပျံသန်းခြင်းနည်းစနစ်သည် သူအတွက် အသုံးမဝင်တော့ပေ။

ထို့ကြောင့် ၎င်းကို ကိုယ်နှင့်မကွာဆောင်ထားခြင်းသည် သူ့အားရွေ့လျားမှုနည်းစနစ်တစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ယုံကြည်မှုရရှိစေသည်။ ဒိအပြင် ဓားသေတ္တာကိုကျောပေါ်တွင် ထမ်းပိုးထားခြင်းဖြင့်၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းလည်း မည်၏။

တိုက်ပွဲအတွင်း၌ ဓားသေတ္တာကို ဖယ်ရှားလိုက်သောအခါတွင်၊ လင်းယွန်၏ လှုပ်ရှားမှုများသည် ပိုမိုလျင်မြန်လာပြီး၊ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူ့၏ပန်းသင်္ချိုင်းဓားသည် ရှေးဟောင်းဓားသေတ္တာ အတွင်းတွင် သိမ်းဆည်းထားသည် မဟုတ်ပါလော။

ထို့နောက်တွင် စကားဝိုင်းသည် အခြားသောအကြောင်းအရာဆီသို့ ရောက်ရှိသွားသည်။

" အစ်ကိုဝမ်၊ ငါတို့ အားလုံးရောက်နေကြပြီ၊ ငါတို့ကို ဘာလို့ ခေါ်လာတာလဲ မင်းပြောပြပေးနိုင်မလား"

ဝမ်ဖိန်းက အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး၊

" အပြာရောင်နေမင်းနိုင်ငံမှာ အာဏာရှင်ဂိုဏ်းသုံးဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေ ရှိတယ်ဆိုတာ လူတိုင်းသိပါတယ်၊ ဒါပေမယ့် မင်းတို့အားလုံးကလည်း ငါတို့ရဲ့ မျိုးဆက်တွေထဲမှာ အထက်တန်းစားတွေပဲ မလား ''

လင်းယွန်နှင့် ဖိန်းဝူဟန်မှလွဲ၍ ကျန်ရှိနေသူတိုင်းသည် ရှန်ရှင်းနယ်မြေ၏ ဒုတိယမြောက် ဒွါရကို သန့်စင်ထားပြီးသော သန်စွမ်းသူများ ဖြစ်ပေသည်။ ဝမ်ဖိန်း၏ စကားများတွင် အမှားအယွင်းမရှိခဲ့ပဲ၊ လူတိုင်းက သူ၏ ချီးကျူးမှုကို ဝမ်းမြောက်စွာ လက်ခံခဲ့ကြ၏။

" အပြာရောင်နေမင်းနိုင်ငံက အရမ်းကျယ်လွန်းတဲ့အတွက် အတူတူစုဝေးခွင့်ရဖို့က ရှားပါတယ်၊ တံခါးပိတ်ပြီး ကျင့်ကြံရုံနဲ့ အောင်မြင်မှုကို မရနိုင်ဖူး၊ ဒီနေ့ ဒီတွေ့ဆုံမှုဟာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အသိအမြင်တွေကို မျှဝေဖို့ဖြစ်ပြီး၊ လူတိုင်းအတွက် အကျိုးရှိစေမှာပါ... ''

လျှို့ဝှက်ချက်တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားပုံဖြင့် ဝမ်ဖိန်း၏ မျက်လုံးများသည် စကားပြောနေဆဲမှာပင် လင်းလက်သွားသည်။

" မင်းပြောတာမှန်တယ် အစ်ကိုဝမ်၊ ကျင့်ကြံလမ်းခရီးမှာ အရာရာတိုင်းကို ရှောင်လွှဲနေတာက အဖြေမဟုတ်ဖူး၊ မင်းကသန်မာမှုမရှိရင် မင်းကိုဘယ်သူက အလေးအနက်ထားမှာလဲ၊ ''

" ငါတို့နောက်ဆုံးတွေ့တာ တစ်နှစ်ရှိပြီထင်တယ် အစ်ကိုဝမ်"

လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးထားကြပြီး၊ ၎င်းတို့အားလုံးတွင် အလားတူမျိုး နောက်ခံများပိုင်ဆိုင်ကြသည်။ သူတို့အားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများတွင်၊ ထိပ်တန်းပါရမီရှင်များဖြစ်ပေသည်။ မကြာခင်မှာပင် သူတို့၏ စကားဝိုင်းသည် အတားအဆီးမရှိ နစ်မွန်းသွားကြ၏။

သူတို့အားလုံးက ၎င်းတို့၏ကျင့်ကြံမှုကနေ ကြုံတွေ့ရသော အသိအမြင်တွေကို မျှဝေလာကြပြီး၊ နောက်ဆုံးတွင် အချို့သောသူတို့သည် ပျင်းရိသွားကြသည်။

ဤအချိန်တွင်၊ ဝမ်ဖိန်သည် သူ၏ဒုတိယမြောက်အကြံအစည်အား စတင်လာခဲ့လေသည်။

" ငါတို့ ရဲ့ နားလည်မှုတွေကို လက်တွေ့ဖလှယ်ကြရအောင် ...... သေတဲ့အထိ တိုက်ခိုက်စရာမလိုဖူး ... ကျေးဇူးပြု၍ ထိန်းထိန်းသိမ်းသိမ်း ဂရုစိုက်ပေးပါ။"

"အစ်ကို ဝမ်၊ ဒီအတွက် မင်း ....စိတ်ပူစရာ မလိုပါဘူး"

ထို့နောက်တွင် လူငယ်နှစ်ယောက်သည် အခန်းအလယ်သို့ ထွက်ရပ်လာပြီးနောက်၊ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။

'' ............ ''

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးစလုံးသည် ရှန်ရှင်းနယ်မြေ၏ ဒုတိယမြောက်အဆင့်တွင် ရှိပြီး၊ အရှိန်အဝါများကို ထုတ်ဖော်လျက်၊ လျင်မြန်စွာ တိုက်ခိုက်လိုက်ကြ၏။

" ရှန်ရှင်းသိုင်းနည်းစနစ်လား...."

ထိုမြင်ကွင်းကြောင့် လင်းယွန်၏မျက်လုံးများ တောက်ပလာသည်။ ၎င်းတို့၏ နည်းစနစ်စွမ်းအားကို အကဲဖြတ်နေမိကာ၊ လက်သီးနှင့် လက်ဖဝါးနည်းစနစ်တိုင်းသည် သူ့အတွက် အကျိုးရှိနေဆဲဖြစ်သည်။ သူ၏ ထာဝရနတ်ဘုရားတံဆိပ်တော် သည်၊ အဆင့်မြင့်ရှန်ရှင်းနည်းစနစ်တစ်ခု ဖြစ်သော် လည်း၊ ဤနည်းစနစ်သည် စွမ်းအင်စုစည်းခြင်းနည်းစနစ်တစ်ခုသာ ဖြစ်ပေ၏။

ထို့အပြင်လေဝဲဓားသည် ရှန်ရှင်းသိုင်းနည်းစနစ်မဟုတ်ပေ၊ ၎င်းသည် သူ၏လက်ရှိကျင့်ကြံမှုအဆင့်အရ၊ အသုံပြုရန်အတွက် မသင့်လျော်တော့ချေ။ ဓါးတာအို၌ မပြည့်စုံသောဓားရည်ရွယ်ချက်ကြောင့်သာ၊ ယခုအချိန်၌ မည်သည့်ပြဿသနာမျှ မကြုံတွေ့ရသော်လည်း၊ ၎င်းသည် အမြဲတမ်းဖြေရှင်းချက်မဟုတ်ချေ။

ဆိုလိုသည်မှာ သူကဓားတာအိုအသိကို မည်မျှပင် ဆုပ်ကိုင်ထားနိုင်ပါစေ၊ ထက်မြက်သော ဓါးသိုင်းနည်းစနစ်များ မရှိပါက၊ ကောင်းမွန်သောဝှက်ဖဲတစ်ချပ်ဖြစ်လာမည် မဟုတ်နိုင်။

ထို့ကြောင့် ရှန်ရှင်းသိုင်းသမားတစ်ယောက် ဖြစ်လာသည့်နောက်တွင်၊ သူ၏ပြိုင်ဘက်တိုင်းသည် ရှန်ရှင်းသိုင်းသမားများပင် ဖြစ်လာမည်ဖြစ်ရာ၊ ထို့အတွက်လေဝဲဓါးသည် ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့လာလေပြီ။

ကံကောင်းထောက်မစွာဖြင့်၊ သူ၏ကျားရိုင်းလက်သီးနည်းစနစ်တွင် ထာဝရနတ်ဘုရားတံဆိပ်တော်ကို ပေါင်းစပ်နိုင်ခဲ့သည်ကြောင့်၊ အသုံးဝင်နေခဲ့သော်လည်း၊ ၎င်းသည် ဟောင်ရှင်းအဆင့်အခြေခံနည်းစနစ်တစ်ခုသာ ဖြစ်နေပေသည်။ ထို့ကြောင့်ပင် အခွင့်အရေးရတုန်း ရှန်ရှင်းနည်းစနစ်များကို လေ့လာနေခဲ့မိသည်။

ခဏအကြာတွင် လင်းယွန်သည် တစ်ခုခုလွဲချော်နေသည်ကို သတိပြုမိလိုက်၏။ သူတို့နှစ်ဦးစလုံးသည်၊ ၎င်းတို့၏ ရှန်ရှင်းသိုင်းနည်းစနစ်များကို ပြင်းထန်စွာ ထုတ်ဖော်တိုက်ခိုက်နေသော်လည်း၊ ထိုနည်းစနစ်များ၌ အနှစ်သာရများ ပျောက်ဆုံးနေခဲ့လေသည်။

အမှန်မှာ၊ ၎င်းတို့၏နည်းစနစ်များသည် အစွမ်းထက်ပုံပေါက်ပေမယ့်၊ ထိုးထွင်းနားလည်နိုင်မှု အားနည်းနေပြီး၊ ထိုကျင့်ကြံသူနှစ်ယောက်စလုံးသည် လျူထန်တို့သုံးယောက်နှင့် နှိုင်းယှဉ်ရပါက၊ ပိုမိုအားကောင်းခြင်း မရှိကြပေ။

ထိုင်ခုံတွင်ထိုင်နေသော ဝမ်ဖိန်းသည် စိတ်ပျက်လက်ပျက်ဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ၎င်းတို့ နှစ်ယောက်တိုက်ပွဲပြီးသွားပြီးနောက်၊ လျူကျိဖေးက မတ်တပ်ရပ်လိုက်သည်ကို မြင်လိုက်သည်နှင့်၊ ထိုအမူအရာများသည် ရွှင်လန်းမှုများဖြင့် အစားထိုးဝင်ရောက်လာသည်။

ထို့နောက်တွင် လျူကျိဖေးသည် ပြိုင်ဘက်သုံးယောက်အား ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်။

" တောင်းပန်ပါတယ်၊ ငါ့စွမ်းအားရဲ့ (50%)က ဒီလောက်ပြင်းထန်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ''

တောင်းပန်မှုတွင် ရိုးသားမှုတစ်စုံတစ်ရာမရှိခဲ့ပဲ ပျက်ရယ်ပြုနေသလို ဟန်အမူအရာများသာ ထွက်ပေါ်လာလေသည်။

"အစ်ကို လျူ.....မင်းက ယဉ်ကျေးလွန်းတယ်၊ မင်းရဲ့ဝိညာဉ်စွမ်းအင်နဲ့ လက်နက်မဲ့သိုင်းနည်းစနစ်က ငါ့ထက်သာလွန်နေတယ် ''

သူ့၏ပြိုင်ဘက်တိုင်းသည် နာကျင်နေသည့်ဟန်ဖြင့် သူတို့၏ရင်ဘတ်ကို အုပ်ကိုင်ကာ၊ ရှက်ရွံ့စွာ ပြုံးလိုက်ကြ၏။ အပြာရောင်နေမင်းနိုင်ငံတွင် ခွန်အားရှိသူကိုသာ လေးစားကြပေမည်။ လျူကျိဖေးသည် မာနကြီးသော်လည်း သူ့အစွမ်းအစဖြင့် မောက်မာရန် လုံလောက်လေသည်။

'' ဟေး မိုးကောင်းကင်နိုင်ငံက ဟိုကောင်လေး၊ ငါနဲ့အတူ ကစားချင်လား ''

လျူကျိဖေးက လင်းယွန်ကြည့်ပြီး မေးလိုက်သည်ကြောင့်၊ အခန်းအတွင်း တိတ်ဆိတ်သွားသည်။သို့သော် လင်းယွန်က ပြန်မဖြေခဲ့ပဲ၊ အခန်းပတ်လည်အား လှည့်ကြည့်လိုက်သည်။

" ဟုတ်တယ် မင်းဘာလို့ ရှေ့မထွက်တာလဲ..... ''

" အစ်ကိုဝမ်၊ မင်းဘာလို့ စကားမပြောတာလဲ၊ ငါတို့အားလုံး အဆင်သင့်ဖြစ်နေပြီ၊ မင်းသူငယ်ချင်းက ငြင်းဖို့ ကြိုးစားနေတာလား... ''

လူအုပ်သည် လင်းယွန်အား လွယ်လွယ်ဖြင့် အလွတ်ပေးချင်ပုံမရပဲ၊ လှောင်ပြောင်ရယ်မော လိုက်ကြ၏။ ထိုစကားများကြောင့် လင်းယွန်က အခန်းအား လှည့်ပတ်ကြည့်နေလျက်မှ ရယ်မောလိုက်ကာ၊

" ဘာလို့ ငါ့ကို တိုက်ခိုက်စေချင်နေတာလဲ၊ ငါ့ရဲ့ စွမ်းအား (50%)က ဒီအခန်းကို ဖျက်ဆီးပစ်မှာကို ငါစိုးရိမ်မိတယ်"

အခန်းသည် ကြီးမားသော်လည်း ထာဝရနတ်ဘုရားတံဆိပ်တော်၏ စွမ်းအားသည် အဆင့်သစ်တစ်ခုတွင် ရှိနေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးမှ တိုက်ခိုက်ရန် ချီတုံချတုံ ဖြစ်နေမိ ခဲ့၏။

'' .............''

လူငယ်အားလုံးက လင်းယွန်၏စကားကြောင့် ယောင်ချာချာဖြင့် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။

ဝမ်ဖိန်းသည်ပင်လျှင် ခေတ္တမျှ အံ့အားသင့်သွားကာ တိတ်ဆိတ်သွား၏။ ဤလှေအတွင်းရှိ ကြမ်းပြင်နှင့် တိုင်များကို နတ်သစ်သားဖြင့် ပြုလုပ်ထားပြီး၊ ရှန်ရှင်းပဉ္စမမြောက် သိုင်းသမားတစ်ယောက်တောင်မှ၊ သူတို့ကို အလွယ်တကူ မဖျက်ဆီးနိုင်ပေ။

'' မောက်မာလိုက်တဲ့ ကောင်လေး...."

" လျူကျီဖေးရှေ့မှာ ဝါကြွားရဲတယ်လား.... ''

" ဟားဟားဟား....နောက်မှနောင်တရလိမ့်မယ် ''

လင်းယွန်၏ မာနကြီးသောစကားများကြောင့် လူငယ်တိုင်းကို ဒေါသထွက်လာ စေခဲ့သည်။

'' ........ဘုန်း ''

သို့သော် လင်းယွန်က သူ့ဓားသေတ္တာကို မြေပြင်ပေါ်သို့ချလိုက်သောအခါ ထွက်ပေါ်လာသောအသံသည် အခန်းကို ဆူညံသွားစေပြီး၊ ၎င်း၏ ကြီးမားသော အလေးချိန်သည် လှေတစ်ခုလုံးအား လှုပ်ခါသွားစေသည်ကြောင့်၊ လှောင်ပြောင်ရယ်မော သံများမှာ တိခနဲတိတ်ကျသွား၏။

" ဒါက ဓားသေတ္တာလေးပဲ မဟုတ်ဖူးလား....."

တစ်ဆက်တည်းမှာပင် ရှေးဟောင်းဓါးသေတ္တာအား ကြည့်ပြီး၊ လူတိုင်းမှာ ထိတ်လန့်သွားကြ၏။

လှေတစ်စင်းလုံးအား ယိမ်းနွဲ့သွားစေ လောက်သည်အထိ ဤဓားသေတ္တာသည် မည်မျှလေးလံခဲ့လေ သနည်း။

***

All Chapters