← Chapters

မင်းက ငါ့ကို ကလိထိုးနေတာလား။

Vol. 7 Ch. 87

မင်းက ငါ့ကို ကလိထိုးနေတာလား။

Vol. 7 Ch. 87

ဓားသေတ္တာသည် မည်မျှလေးလံကြောင်း အားလုံးက နားလည်ခဲ့ကြသည်။ ၎င်းကို ညင်သာစွာ ချလိုက်သော်လည်း၊ လှေတစ်ခု လုံးအား ယိမ်းယိုင်သွားအောင် ပြင်းထန်သော သက်ရောက်မှုမျိုး ရှိလာခဲ့သည်။

ဤမျှလေးလံသောဝန်ကို ထမ်းထားရသော်လည်း၊ ထိုလင်းယွန်သည် ပုံမှန်အတိုင်း မည်သို့လှုပ်ရှားသွားလာနိုင်သည်ကို တွေးတောမိသောအခါတွင်၊ ထိုလူငယ်အားလုံးသည် သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ မည်မျှ ကြောက်စရာကောင်းသည်ကို၊ ထိတ်လန့်စွာ တွေးမိသွားကြသည်။

တစ်ဖက်တွင်၊ ဤတိုက်ပွဲကိုစတင်ခဲ့သော လူကျိဖေး သည်လည်း၊ မျက်နှာအမူအရာပြောင်းလဲသွားခဲ့သည်။ လင်းယွန်သည် သူ၏စိန်ခေါ်မှုကို လက်ခံလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း လင်းယွန်သည် တိုက်ခိုက်ရန် သဘောတူရုံသာမက၊ သူ၏သန်စွမ်းသော ကိုယ်ရည်ကိုယ်သွေးကိုလည်း ဖုံးကွယ်ထားပေသည်။

" မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာက အားကောင်း နေရင်တောင်မှ၊ သန်မာတဲ့ ကျင့်ကြံမှုမရှိရင် သဲအိတ်လေးတစ်အိတ်လို ရိုက်နှက်ခံရ သွားလိမ့်မယ်။"

လျူကျိဖေးက ရယ်မောလိုက်ပြီး သူ့ကိုယ်သူ ယုံကြည်မှုအား တည်ဆောက်ယူလိုက်သည်။

" ဟုတ်လား... ဒါဆို ဘာလို့ မစမ်းကြည့်တာလဲ။ ''

'' မောက်မာတဲ့ကောင်လေး ကောင်းကင် ဘယ်လောက်မြင့်တယ်၊ မြေကြီး ဘယ်လောက်နက်တယ်ဆိုတာ ပြရသေးတာပေါ့....''

ရုတ်ချည်းပင် လျူကျိဖေးက တိုက်ခိုက်မှုကို စတင်လိုက်သည်။ သူက စစ်မှန်သော အခြေခံ ရှန်ရှင်းနည်းစနစ်တစ်ခု ဖြစ်သည့် တိမ်မီးတောက် သိုင်းနည်းစနစ်ကို လေ့ကျင့်ထားခဲ့သည်။ ၎င်းသည် လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်း ကြီးမားသော လက်နက်မဲ့ တိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်ပြီး၊ ယခင်က ၎င်းကို အသုံးပြုသောအခါတွင် မည်သူမျှ သိုင်းသုံးကွက်အထိ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

နီရဲနေသောလက်သီးများ ပျံသန်းလာစဉ်၊ လက်သီးများ၌ ကပ်ညိပါဝင်နေသော ဝိညာဉ်စွမ်းအင်များသည်၊ တိမ်းလွှာများ မီးလောင်ပေါက်ကွဲ သွားသလိုပင်။ သို့သော် လင်းယွန်သည် သူ၏ ကျားရိုင်းလက်သီးဖြင့်ပင် ပြန်လည် လက်တုံ့ ပြန်လိုက်ကာ၊ ထိတ်လန့်သွားခြင်း မရှိပေ။

'' ဖုန်း....... ''

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့ဆုံလိုက်သောအခါတွင်၊ လင်းယွန်သည် ခြေတစ်လှမ်းမျှသာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။

တဖန် လျူကျိဖေးသည်တိုက်မိခြင်း၏ ရလဒ်ကို လက်မခံနိုင်ဟန်ဖြင့်၊ မျက်ခုံးနှစ်ဖက်ကို စုကွေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည်တိမ်မီးတောက်နည်းစနစ်ကို ဆက်လက်ထုတ်ဖော် တိုက်ခိုက်ခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဘယ်ညာ ကွေ့ပတ်ယိမ်းထိုးနေကာ၊ တိမ်တိုက်တစ်ခုလို ဖြစ်တည်နေပြီး၊ အခြားသူများမှာ ၎င်း၏လားရာနောက်သို့၊ သာမန်မျက်စိဖြင့် ခန့်မှန်းရန် ခက်ခဲသွားစေသည်။ သို့သော်လင်းယွန်သည် သူ့၏ဒွါရတစ်ပါးဖြစ်သည့်မျက်စိကို ရှင်းလင်းထားပြီဖြစ်ရာ၊ ထိုတိုက်ခိုက်မှုအား ရှင်းလင်းစွာမြင် နေရပေ၏။

'' ဝှစ်.......ဝှစ်......ဝှစ် ''

မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းကွက်သုံးကွက်ကို ပြီးမြောက်ခဲ့ပြီး၊ လျူကျိဖေး၏ တိုက်ခိုက်မှုများသည် ပိုမိုအားကောင်းလာသည်နှင့်အမျှ၊ အခန်းတွင်း အပူချိန်သည်လည်း တဖြည်းဖြည်းမြင့်တက်လာ၏။ ၎င်းသည် သူ၏ရှန်ရှင်းသိုင်းနည်းစနစ်ကို ဖြည်းညှင်းစွာ ထုတ်ပြနေသည့် လက္ခဏာပင် ဖြစ်သည်။

ထိုသို့သော ပြင်းထန်သည့်တိုက်ခိုက်မှုများကို လင်းယွန်က ကျားရိုင်းလက်သီးကို ထုတ်ဖော်လျက် တည်ငြိမ်စွာ တားဆီးလိုက်၏။

စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ရုံဖြင့် အကဲဖြတ်မရချေ၊ ဟူသော အယူအဆသည် အမှန်ပင် ဖြစ်ပေသည်။ လင်းယွန်သည် လျူကျိဖေး၏ တိုက်ခိုက်မှု သုံးခုကို အမှန်တကယ် ခံနိုင်ရည်ရှိနေပြီဖြစ်သည်။

" ငါ လျူကျိဖေးနဲ့ တိုက်ခိုက်ခဲ့တုန်းက၊ ငါ့ရဲခွန်အားက ဒီလင်းယွန်ထက်နိမ့်ကျနေသလိုပဲ၊ လျူကျိဖေးရဲ့ သိုင်းသုံးကွက်ကို ခုခံကာကွယ်ပြီးတာနဲ့၊ ငါမှာ ဆက်လက်တိုက်ပွဲဝင်ဖို့ အင်အားမရှိတော့ဖူး... "

"လင်းယွင်ရဲ့ နည်းစနစ်က ငါတို့ထင်ထားသလို မရိုးရှင်းဘူး"

"မင်းတို့ သတိထားမိကြလား... ဒီလင်းယွန်က ရှန်ရှင်း သိုင်းနည်းစနစ်ကို သိပုံမရဖူး၊ ပွဲစထဲက ဟောင်ရှင်းနည်းစနစ်ကိုပဲ အသုံးပြုနေတယ် ''

"အိုဟုတ်သား..... မိုးကောင်းကင်နိုင်ငံလို နိုင်ငံငယ်လေးက သူတစ်ယောက်အတွက်၊ ရှန်ရှင်းသိုင်းနည်းစနစ်ကို မသိတာ မစမ်းပါဖူး... ''

တိုက်ပွဲတစ်လျှောက်တွင်၊ လင်းယွန်သည် ဟောင်ရှင်း သိုင်းနည်းစနစ်ကိုသာ အသုံးပြုနေသောကြောင့်၊ လူငယ်တိုင်းမှာ အံ့သြနေကြသည်။

နောက်တဖန်၊ သူတို့သည် ထိုအကြောင်းကို တွေးလိုက်မိသည်နှင့်၊ အလွန်တရာ အံ့သြစရာ မဟုတ်တော့ပေ။ အရိုင်းမြေသာသာ နိုင်ငံငယ်လေး တစ်နိုင်ငံမှ လာသော လင်းယွန်အတွက်၊ ရှန်ရှင်းသိုင်းနည်းစနစ် တစ်ခုကို မည်သို့ ပိုင်ဆိုင်နိုင်လိမ့် မည်နည်း။

ဒီအတိုင်းသာ ဆက်လက်တိုက်ခိုက်ဖြစ်မည် ဆိုပါက၊ လင်းယွန်သည် ကျိန်းသေပေါက် ရှုံးနိမ့်သွားပေမည်။

အခြားတစ်ဖက်တွင် ဖိန်းဝူဟန်သည် သူ့ထိုင်ခုံပေါ်တွင်၊ တိုက်ပွဲအားကြည့်လျက် ထိတ်လန့်တုန်လှုပ်နေမိသည်။ လင်းယွန်သည် အောက်စည်းအနေအထားတွင် ရှိနေကြောင်း၊ သဘာဝကျကျ ပြောပြနိုင်၏။ ထိုအချိန်တွင် လျူကျိဖေး၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာလေသည်။

တိမ်မီးတောက်နည်းစနစ်၏ အရှိန်အဟုန်သည် အထွတ်အထိပ်သို့ရောက်ရှိလာသည်နှင့်၊ ပိုမိုပြင်းထန်လာကာ၊ လျူကျိဖေးသည် ရှန်ရှင်းတတိယအဆင့် သိုင်းသမားများကိုပင်၊ လက်ရည်တူ တိုက်ခိုက်နိုင်ပေသည်။

ထိုမြင်ကွင်းကြောင့် အခန်းထဲရှိ လူငယ်အားလုံးသည် သက်ပြင်းချလိုက်ကြ၏။ မကြာခင် လင်းယွန်မှာ ပြင်းထန်စွာ ရှုံးနိမ့်သွားနိုင်သည်ဟု ခံစားမိလာသည်။

" တိမ်ယံကို မီးရှို့မယ့် လက်....."

ထို့နောက်တွင်လျူကျိဖေးသည် ရုတ်တရက် အော်ဟစ်ကြုံးဝါးလျက်၊ တိမ်မီးတောက်သိုင်းနည်းစနစ်၏ အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ၊ ကောင်းကင်သို့ခုန်တက်သွားပြီး၊ တစ်ချိန်တည်းမှာပင် ထိုအရှိန်အဝါကြောင့် အခန်းအတွင်းလေထုသည် ဖျစ်ဖျစ်မြည်လာလေ၏။

'' ဖုန်း....ဖုန်း....ဖုန်း ''

တစ်ဆက်တည်းမှာပင် လျူကျိဖေး၏လက်သီးချက်များကြောင့်၊ လင်းယွန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်မီ၊ ခြေလှမ်းဆယ်လှမ်းခန့် နောက်ပြန်ဆုတ်လိုက်ရသည်။ စွမ်းအင်အကျွင်းအကျန်လှိုင်းများ ပျံ့နှံ့လာသည်နှင့်အမျှ၊ ၎င်းတို့နှစ်ဦးသည် တိုက်ခိုက်မှုကို ထပ်မံမစတင်မီ၊ သူတို့ထံသို့ ဦးတည်လာသော လှိုင်းလုံးများကို ဖြိုခွဲပစ်လိုက်ကြသည်။

'' ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား..''

လူငယ်တိုင်း၏ အထိတ်တလန့်အော်ဟစ်သံသည် ဆူညံစွာထွက်ပေါ်လာပြီး၊ ဤသည်မှာ လျူကျိဖေး၏ စစ်မှန်သော အင်အားဖြစ်ပေသည်။ ထို့ကြောင့်ပင် ဝမ်ဖိန်းထံမှ အရေးပါသော ထိုင်ခုံကို

ရရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

လင်းယွန်ကို နောက်သို့ ဆုတ်ခွာရန်ဖိအားပေးလိုက်ပြီးနောက်၊ လျူကျိဖေးသည် ယုတ်မာသော အပြုံးကိုထုတ်ဖော်လိုက်ကာ၊

" မောက်မာတဲ့ကောင်လေး..လှေကို ဖျက်မယ်လို့ မင်းပြောဖူးတာမှတ်မိလား၊ ဒါပေမယ့် အခုမင်းရဲ့လက်သီးတွေက ဘာလို့ကလိထိုးသလို ခံစားနေရတာလဲ၊ ဒါက မိုးကောင်းကင်နိုင်ငံရဲ့ အသန်မာဆုံးဆိုတဲ့ သူရဲ့ ခွန်အားလား.....ဟားဟားဟား.......''

"ငါ့ရဲ့ ခွန်အားတစ်ဝက်ကို အသုံးချပြီးပြီလို့၊ မင်းထင်နေတာလား.... ငတုံးကောင် "

လင်းယွန်က ပြုံးလိုက်ပြီး၊ ဝတ်စုံကိုပြန်ဆွဲဆန့်လိုက်ကာ ဆက်ပြောလိုက်သည်။

" ဒါက မင်းမှာရှိတဲ့ စွမ်းအားအကုန်ဆိုရင်တော့၊ ငါ့ရဲ့ခွန်အားတစ်ဝက်လောက်ကို အသုံးပြုဖို့တောင် မလိုအပ်ဖူး...... "

" မောက်မာလိုက်တဲ့ ကျေးတောသား.... ''

လျူကျိဖေး၏ အော်ဟစ် ငေါက်ငမ်းသံနှင့်အတူ သူ့နှလုံးသားသည် ဒေါသများဖြင့် ပြည့်လျှံလာသည်။ ဒီနေ့ ဤကျေးတောသားသည် သူ့အား ဒူးထောက်ပြီး တောင်းပန်ရပေ လိမ့်မည်။

'' ကောင်းပြီ.... တကယ့်ပွဲစလိုက်ကြရအောင် ''

လင်းယွန်ကမျက်လုံးများ မှိတ်လိုက်ကာ ရေရွတ်လိုက်၏။ သူ့ခန္ဓာအတွင်း၌ ရွှေရောင်ဝိညာဉ်စွမ်းအင်များ လှည့်ပတ်လာခဲ့ပြီးနောက်၊ ၎င်းသည်တစ်စုံတစ်ရာသော ဦးဆောင်မှုအောက်တွင်၊ ဝိညာဉ်စွမ်းအင် (70%)နီးပါးပါဝင်သော၊ မူလပုတီးစေ့သဏ္ဍာန် ဖွဲ့တည် လာလေသည်။ ခဏအကြာတွင် ထိုပုတီးစေ့သည် လင်းယွန်၏လက်ချောင်းများ ထံသို့ ဝိညာဉ်စွမ်းအင်စီးကြောင်း ဆယ်ကြောင်းအဖြစ် ခွဲထွက်ဝင်ရောက်သွားသည်။

( မူလပုတီးစေ့ = စွမ်းအင်အဆီအနှစ်)

'' ထာဝရနတ်ဘုရားတံဆိပ်တော် ''

လင်းယွန်သည် စွမ်းအင်များစုစည်းနိုင်ပြီးနောက်၊ တံဆိပ်တော်ကို ဖန်တီးနိုင်ခဲ့ကာ၊ သူ့လက်ဖဝါးများကို ရှေ့သို့ တွန်းလွှတ်လိုက်သည်။

'' ဘုန်း....... ''

ကြမ်းပြင်၊ တိုင်များ၊ နံရံများနှင့် ပရိဘောဂများသည် နောက်တစ်စက္ကန့်အတွင်း အပျက်အစီးပုံများအဖြစ်သို့၊ ချက်ချင်းကျိုးပဲ့ပြောင်းလဲကုန်သည်ကြောင့် ကြည့်နေသူအားလုံးမှာ အံ့အားသင့်သွားကြ၏။

လျူကျိဖေးသည်လည်း လင်းယွန်၏လက်သီးချက်ကြောင့်၊ သူ့ပါးစပ်မှ သွေးများပန်းထွက်လာကာ နောက်သို့ လွင့်စဉ်နေစဉ်မှာပင်၊ အခန်းပတ်ပတ်လည် ရှိ အခန်းနံရံများ ပျက်စီးသွားသည် နှင့်အမျှ၊ မြစ်ပြင်မှ လေညင်းများသည် အပြေးအလွှား တိုးဝင် တိုက်ခတ်လာသည်။

ထိုလေရူးများကြားတွင် ရပ်နေသောလင်းယွန် ၏ဆံပင်များသည် တဖျပ်ဖျပ် လွင့်နေခဲ့ကာ၊ သူ၏ အရှိန်အဝါသည် လုံးဝမတူညီသည့် လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး၊ ထက်မြက်သော အသွင်အပြင်မှာ ယုံကြည်မှုအပြည့်ဖြင့် ရဲဝံ့နေခဲ့သည်။ ယခုအချိန်၌ လျူကျိဖေး၏ မောက်မာမှုသည် ဟာသတစ်ပုဒ်ထက်ပင် မပိုတော့ချေ။

တစ်ချိန်ထဲမှာပင်လင်းယွန်၏ လက်ဖဝါးတွင်၊ ထာဝရနတ်ဘုရားတံဆိပ်တော်သည် မပျောက်ကွယ်သွားခဲ့ပဲ၊ ပေါက်ကွဲစေတတ်သော စွမ်းအားများကို ဆင့်ခေါ်လိုက်သောအခါတွင်၊ သူ၏လက်သီးများသည် သွေးနီရောင်များ တောက်ပနေခဲ့၏။ လင်းယွန်က ပြုံးလိုက်ပြီး၊

"ဒါဆို ငါ့ရဲ့ လက်သီးတွေကြောင့်၊ မင်း.... ကလိထိုးသလို ခံစားနေရသေးလား......"

-ဟု ပြုံးလျက် မေးခွန်းထုတ်လိုက်ကာ၊ နောက်ထပ်လက်သီတစ်လုံးကို ထပ်မံထိုးချလိုက်ပြန်သည်။ ကျားရိုင်းလက်သီးသည် ထာဝရတံနတ်ဘုရားတံဆိပ်တော်၏ ပံ့ပိုးပေးမှုကြောင့်၊ ၎င်း၏စွမ်းအားသည် ယခုအခါ လုံးဝကွဲပြားနေခဲ့၏။

လျူကျိဖေးသည်လည်း လင်းယွန်ထံမှ တိုက်ခိုက်မှုကိုမခုခံမီတွင်၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားလိုက်ပြီးနောက်၊ ခွန်အားအပြည့် ပြန်လည်ခုခံလိုက်သည်။

'' .......... ''

တိုက်ခိုက်မှုနှစ်ခုတွေ့ဆုံပြီးသောအခါတွင် ကြမ်းပြင်သည်တုန်ခါသွားပြီးနောက်၊ လျူကျိဖေးသည် ခြေလှမ်းသုံးလှမ်းခန့် နောက်ပြန်ဆုတ်လိုက်ရကာ၊ သူ၏ပါးစပ်မှ ကြက်သွေးရောင်သွေးမြူများ ထပ်မံထွက်ကျလာ ပြန်သည်။ လင်းယွန်က ရပ်တန့်လိုခြင်းမရှိပဲ၊ လျူကျိဖေးအား အခွင့်အရေးထပ်မပေးတော့ဟန်ဖြင့်၊ နောက်ထပ်လက်သီးနှစ်လုံးကို ထိုးချလာခဲ့သည်ဖြစ်ရာ၊ ၎င်းစွမ်းအားသည် ယခင်ကထက် ပိုမိုပြင်းထန်နေလေ၏။

သုံးချက်ထိုးခံရပြီးနောက် လျူကျီဖေးသည် သူ့ပါးစပ်မှသွေးများ၊ ခြေဖဝါးအောက်ကြမ်းပြင်တွင် အိုင်ထွက်နေကာ၊ ခံနိုင်ရည်များ ပျောက်ဆုံးလာခဲ့သည်။

'' တောဘုရင်ကျားဟိန်းသံ...''

သို့သော်လည်း လင်းယွန်သည် လျူကျိဖေးကို လွယ်လွယ်ကူကူ ခွင့်လွှတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက ထာဝရနတ် ဘုရားတံဆိပ်တော်ကို အပြည့်အဝအသုံးပြုပြီး၊ အဆုံးသတ်လက်သီးကို ထပ်မံထိုးချခဲ့သည်။

'' ........ဖုန်း ''

လင်းယွန်သည် ကျားဟိန်းသံသဲ့သဲ့ကို ထုတ်ဖော်လျက်၊ ကျားတစ်ကောင်လို ခုန်ထွက်လာသည်။

သူ၏ လက်သီးသည် လျူကျိဖေးဆီသို့ တိုးဝင်နေရာ၊ ထိုလက်သီးတွင် ကပ်ညိပါဝင်နေသော စွမ်းအားမှာ၊ သူ့အား အလွယ်တကူ ချေမွှနိုင်သည်ကို သိရှိလိုက်သည်ကြောင့်၊ ထိတ်လန့်သွားကာ တုန်ယင်သွားမိသည်။

လက်သီးများ နီးကပ်လာသည်နှင့်အမျှ၊ ကျားရိုင်းတစ်ကောင်၏ အရှိန်အဝါသည် ပိုမိုအားကောင်းလာသည်ကြောင့်၊ ၎င်းအားခုခံ ကာကွယ်နိုင်ခြင်း မရှိတော့ကာ စိတ်ပျက် လက်ပျက်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်မိလေသည်။

***

All Chapters