← Chapters

အံသြဖွယ်ရာ ။

Vol. 7 Ch. 92

အံသြဖွယ်ရာ ။

Vol. 7 Ch. 92

လင်းယွန်က ပြန်ရောက်သည်နှင့် မိုးကြိုးခန္ဓာကျင့်ကြံခြင်း နည်းစနစ်ကို စတင်လေ့လာတော့၏။

အဆင့်မြင့် ရှန်ရှင်းနည်းစနစ် တစ်ခုအနေဖြင့်၊ ၎င်းသည် အစွမ်းထက်မည်မှာ သေချာသော်လည်း၊ ကျင့်ကြံရန် ခက်ခဲသော လိုအပ်ချက် တစ်ခု ရှိနေမည် ဖြစ်သည်။

" မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ် '' သည် မတူညီသော ဒြပ်စင် နှစ်ခုဖြစ်သည့် မိုးကြိုး စွမ်းအင်နှင့် မီးစွမ်းအင်များအား သန့်စင် ပေါင်းစပ်ရန် လိုအပ်ပေမည်။

မိုးကြိုးနှင့် မီးကဲ့ သို့သော စွမ်းအင် နှစ်မျိုး လုံးသည်၊ ကမ္ဘာပေါ်ရှိ စွမ်းအင်များ ထဲမှ အကြမ်းတမ်း ဆုံးသော သဘာဝကို ပိုင်ဆိုင် ထားလေသည်။

၎င်းတို့အထဲမှ စွမ်းအင်တစ်ခုကို စုပ်ယူခြင်းသည်ပင်၊ လုံလောက်သော အန္တရာယ် ရှိပေ၏။

လင်းယွန်သည် ဝမ်ကျီယဲမှ ကျမ်းကျိန်ရန် ဆန္ဒရှိခဲ့သည်ကို ယခုမှပင်၊ သဘောပေါက်သွားသည်။

" မိုးကြိုးခန္ဓာကျင့်ကြံခြင်း နည်းစနစ် '' တွင် အဆင့်ငါးဆင့် ပါရှိပေမည်။ အကြမ်းအားဖြင့် ထိုအဆင့်ငါးဆင့်ကို နှစ်ပိုင်းခွဲခြားထား၏။

ပထမအဆင့်မှ တတိယအဆင့်ထိသည် မီးစွမ်းအင်ကို စုပ်ယူသန့်စင်ကာ၊ ခန္ဓာကိုယ်အား သန့်စင်ရပေမည်။

စတုတ္တအဆင့်နှင့် ပဉ္စမအဆင့်တွင် မိုးကြိုး စွမ်းအင်အား စုပ်ယူကာ၊ ယခင်အဆင့် များ၌ စုပ်ယူသန့်စင်ထားသော မီးစွမ်းအင်နှင့် ပေါင်းစပ်နိုင်မှ သာလျှင်၊ ပြီးမြောက်အောင်မြင် နိုင်ခြင်း မည်၏။

တနည်းအားဖြင့်ဆိုရသော် ပထမအဆင့်တွင် ကိုယ်ခန္ဓာရှိ အသားနှင့်အရိုးများအား မီးစွမ်း အင်များဖြင့် သန့်စင်ရန်ဖြစ်၏။

ပထမအဆင့်ကို ပြီးမြောက်အောင်မြင်ပါက၊ အဆင့်နိမ့်နတ်ဆိုးများနှင့် ညီမျှသော၊ မီးလျှံနတ်ဆိုးကိုယ်ခန္ဓာကို စတင်ဖွဲ့ တည်နိုင် ပေမည်။ ထိုအဆင့်တွင် ၎င်းခန္ဓာကိုယ်သည် သာမန်လက်နက်များဖြင့် တိုးပေါက်နိုင်ခြင်း မရှိတော့ချေ။

" မီးလျှံနတ်ဆိုးခန္ဓာလား....ဒါဆို မီးဝိညာဉ်ကို စုပ်ယူ သန့်စင်တာက၊ မီးလျှံ နတ်ဆိုး ခန္ဓာ ကိုယ်ကို ပြောင်းလဲပြုပြင်ဖို့ ရည်ရွယ် တာပေါ့.''

မီးလျှံနတ်ဆိုးများသည် မြေအောက် ချော်ရည်များ ထဲတွင် နေထိုင်သော လူမဟုတ် နတ်မဟုတ် သတ္တဝါများ ဖြစ်လေသည်။

ရုတ်တရက် လင်းယွန်သည် နတ်ဆိုးမီးလျှံ ကျား၏ နေထိုင်ရာနေရာမှ၊ မီးစွမ်းအင်များကို စုပ်ယူခြင်း အပြင်၊ ကပ်ဘေးသင့် ရွှေကြာပန်း ကိုလည်း သန့်စင် ထား ခဲ့ဖူးကြောင်း သတိရမိသွားသည်။

ဤမိုးကြိုး ခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်၏ ဖော်ပြထားသော နည်းလမ်းနှင့် နှိုင်းယှဉ်ပါက၊ ကပ်ဘေးသင့် ရွှေကြာပန်းကို သန့်စင်ခြင်းသည် ပို၍ ပူလောင် ပြင်းထန် လှပေသည်။

မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်၏ ဒုတိယ အဆင့်သည် အလယ်အလတ် မီးလျှံ နတ်ဆိုး များနှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်ကို ပေးစွမ်းမည် ဖြစ်၏။

ထိုသို့သော ခန္ဓာကိုယ်သည် မြင်းကောင်ရေအား ( ၁၀၀၀၀)နှင့် ညီမျှသော ခွန်အားကို ရုပ်ပိုင်း ဆိုင်ရာ သက်သက်ဖြင့်၊ အသာ အယာ ခုခံနိုင်သည် သာမက၊ အလယ်အလယ် ဝိညာဉ် လက်နက် များကိုပင် လက်ဗလာဖြင့် ရင်ဆိုင် နိုင်လေသည်။

တတိယအဆင့်သို့ရောက်သည်နှင့် ထိုအဆင့်၌ ခန္ဓာကိုယ်၏ခွန်အားသည် အဆင့်မြင့် မီးလျှံနတ်ဆိုးများဖြင့် ယှဉ်နိုင်မည် ဖြစ်၏။ သို့သော် ၎င်းတတိယအဆင့်သို့ ရောက်ရှိရန် မီးစွမ်းအင် အမြုတေကို စုပ်ယူရပေမည်။

အကယ်၍သာ ၎င်းမီးအမြုတေသည် (100) ရာခိုင်နှုန်း သန့်စင်ပါက၊ ပြီးပြည့်စုံသော မီးလျှံ နတ်ဆိုး တစ်ပါး၏ တိုက်ပွဲဝင် ခန္ဓာ ကိုယ်အား၊ ဖွဲ့စည်းနိုင်ရန် အခွင့်အရေး ရပေ လိမ့်မည်။

ထိုအချိန်၌ ရုပ်ခွန်အား သက်သက်ဖြင့် အဆင့်မြင့်ဝိညာဉ် လက်နက်များ ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင် ပေမည်။

သို့သော် ၎င်းမီးလျှံနတ်ဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်သည် မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်၏ အခြေခံ အုတ်မြစ်သာ ဖြစ်၏။ ဤအဆင့်မှ စ၍ မိုးကြိုးစွမ်းအင်ကိုသာ စုပ်ယူသန့်စင်ရန် လိုအပ်ပေတော့သည်။

ရှန်ရှင်းဘုံ၏ သတ္တမမြောက် အဆင့် ခွန်အားနှင့် ညီမျှသော၊ မိုးကြိုး သဘာဝ နတ်ဆိုး သားရဲများ ထံမှ မိုးကြိုး အမြုတေ များကို စုပ်ယူ သန့်စင်ကာ၊ မိုးကြိုးခန္ဓာ တစ်ခုကို ဖန်တီး နိုင်ပေမည်။

ထိုစတုတ္ထအဆင့်ပြီးမြောက်သည်နှင့် အဆင့်မြင့်ဝိညာဉ် လက်နက် များပင် တိုးပေါက်ခြင်း မရှိ တော့ပဲ၊ နက်နဲနယ်ပယ်ရှိ သိုင်းသမားကြီး များအား ရုပ်ခွန်အား သက်သက်ဖြင့် ရင်ဆိုင်နိုင်ပေမည်။

ပဉ္စမအဆင့်သည် အဆုံး၌ ပါရှိမလာ ခဲ့သော်လည်း၊ ဤသည်ပင်လျှင် လင်းယွန်အား ထိတ်လန့်စေရန် လုံလောက် ခဲ့သည်။

၎င်းသည် တကယ်ပင် 'နက်နဲနယ်ပယ်'ရှိ သိုင်းသမားများ၏ ခွန်အားကို ရုပ်ခွန်အား သက်သက်ဖြင့် ခုခံနိုင်ခြင်းဆိုသည်မှာ၊ မည်မျှ အစွမ်းထက်ခဲ့ လေသနည်း။

သို့သော်၊ ထိုအရာသည် လွယ်ကူမည် မဟုတ်ချေ။ ရှန်ရှင်း သတ္တမ အဆင့်ရှိ နတ်ဆိုး သားရဲ တစ်ကောင်ကို လိုက်လံ ရှာဖွေ သတ်ဖြတ်ရန် လိုအပ်သည်။

အကယ်၍သာ သူသည် ထိုသတ္တမအဆင့် နတ်ဆိုးသားရဲအား၊ သတ်ဖြတ်နိုင်မည့်အချိန်၌ သူ၏ ခွန်အားမှာ၊ နက်နဲ နယ်ပယ် သိုင်းသမား များနှင့် ယှဉ်နိုင်နေပြီ မဟုတ်ပါလော။

၎င်းနည်းစနစ်၏လိုအပ်ချက်သည် လောလောဆယ်၌ ဖြည့်စွက်နိုင်ခြင်း မရှိကာ၊ သက်ပြင်းချလိုက်မိသည်။ သို့သော် ၎င်းနည်းစနစ်သည် ကြောက်စရာ ကောင်းလွန်းနေဆဲပင်။

တစ်ဆက်တည်းမှာပင်၊ မီးလျှံနတ်ဆိုး ခန္ဓာ ဖွဲ့တည်ခြင်း အပိုင်းသည် သူ့လက်လှမ်း မီသော နေရာတွင် ရှိနေ ပေသည်။ ဒုတိယ အဆင့်ကို ရောက်ဖို့ရန် အတွက် ပြဿနာ တစ်ခုမျှရှိမည် မဟုတ်ပေ။

သူ့ခန္ဓာကိုယ်သည် မီးစွမ်းအင်များကို အကန့်အသတ်အထိ စုပ်ယူသန့်စင်ထားပြီး ဖြစ်ရာ၊ ပထမအဆင့်အား အောင်မြင်ရန် လိုအပ်ချက်ဖြင့်၊ ကိုက်ညီမှု ရှိမရှိ စမ်းသပ်ကြည့်ရ ပေမည်။

ထို့နောက်တွင် လင်းယွန်သည် လမ်းညွှန်ချက်များ အတိုင်း သူ့ခန္ဓာကိုယ် အတွင်းမှ စွမ်းအင်များကို စတင် လည်ပတ်စေ လိုက်၏။

ဤသို့လှည့်ပတ်လိုက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအင်များမှာ ဆူပွက်လာခဲ့ပြီး၊ အပ်စိုက်မှတ် များအား ပြန်လည် ချဲ့ထွင် လိုက်ကြသည်။

ပြီးနောက်၊ သူ၏ ဝိညာဉ်စွမ်းအင်သည် ထိုအမှတ်များမှ တဆင့်၊ ခန္ဓာကိုယ် တစ်လျှောက် လွယ်ကူစွာ ဖြတ်သန်း သွားလာ နိုင်လေသည်။

'' ဟား ဟား ဟား ..... ၊ တကယ်ပဲ အလုပ်ဖြစ် တယ်ဟေ့ ''

လင်းယွန်၏ခန္ဓာကိုယ်သည် အချိန် အနည်းအငယ် အတွင်း ပထမ အဆင့်ကို အောင်မြင် သွား ခဲ့လေသည်။

သူ့နှလုံးသားထဲတွင် ရွှင်မြူး သွားပြီးနောက်၊ သွေးပြန် ကြောများ ထဲတွင် စွမ်းအင်များ သိပ်သည်းစွာ စီးဆင်း နေသည်ကို ခံစား လိုက်မိ သည်။

ဝမ်မိသားစု၏ မိသားစုဝင်များသည် မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်အား ကျင့်ကြံချိန်၌၊ ၎င်းတို့၏ ခန္ဓာကိုယ်အား မီးဖြင့်၊ အရှင်လတ်လတ် လောင်ကျွမ်းခံရခြင်း၏ ဖြစ်ပေါ်ခံစားရသော ဝေဒနာကို တွေးယူ ခံစား ပေးရန် မဝံ့ရဲခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုသို့သော ဝေဒနာကို ကပ်ဘေးသင့် ရွှေကြာပန်းအား သန့်စင်ချိန်၌ ခံစားခဲ့ဖူးသည်ဖြစ်ရာ၊ ဤငရဲခန်း ပျို့အား ရူးမိုက်စွာ ဖြတ်ကျော်ပြီး ချိန်၌ ကောင်းမွန်သော အကျိုးအမြတ်ကို ရရှိလာ စေသည်။

တစ်ရက်ကြာတွင် သူ၏ အသွင်ပြောင်း မှုမှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ သွားပြီးနောက်၊ ဦးခေါင်းမှာ ပို၍ မြင့်လာသည် နှင့်အမျှ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာလျက်မှ၊ အရေပြား များ နီရဲတောက်ပ လာလေပြီ။

ရုတ်တရက် လင်းယွန်က မျက်လုံးဖွင့် လိုက့်သည့်အခါတွင်၊ သူ့မျက်ဝန်းများထဲ၌ မီးစနှစ်စ ထင်ဟပ် တောက်လောင်နေခဲ့ပြီး၊ အပူလှိုင်းများကဲ့သို့ ပြင်းထန်သော အငွေ့ အသက်များ ထွက်ပေါ်လာ၏။

'' ဝူးရှ်........ ဝူးရှ်။ ''

ထိုအချိန်တွင် သူ၏အနက်ရောင် ဆံပင်များသည် ကြက်သွေးရောင် အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ၎င်းသည် မီးတောက်များ ကဲ့သို့ ယိမ်းနွဲ့နေလေသည်။

ထို့အပြင်၊ ရုပ်ခွန်အား သက်သက်ဖြင့် ရှန်ရှင်း ဒုတိယ အဆင့် သိုင်းသမား များအား ရင်ဆိုင် နိုင်သည်ဟု ခံစား မိ၏။

ဤသည်မှာ မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်၏ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား၊ စတင်ဖွဲ့တည် နိုင်ခြင်း ဖြစ်ပေမည်။

'' ဖုန်း......... ''

တစ်ဆက်တည်းမှပင်၊ လင်းယွန်က လေထု ထဲသို့ လက်သီးတစ်ချက် ထိုးချ လိုက်သည်။

အသစ်သော ခွန်အားကို စမ်းသပ် လိုက်သည်နှင့်၊ ထိုခွန်အား၏ ပစ်မှတ် ဖြစ်ရာ ကျောက်စားပွဲ တစ်ခုလုံးသည်၊ ဖုန်မှုန့်အဖြစ်သို့ ဖြိုခွဲခံလိုက်ရ၏။

ထို့နောက်တွင် လက်သီးရှိ ဝိညာဉ်စွမ်းအင် များကို ပြန်လည် ဆုတ်ခွာရန် ဆန္ဒပြု လိုက်သည်။

ပြင်းထန်သော စွမ်းအင်များမှာ သူ၏ ဒါန်တမ် အတွင်း၌ စုရုံးသွားကာ၊ မီးလျှံနတ်ဆိုး အငယ်စား သဏ္ဍာန် တံဆိပ် တစ်ခု ဖွဲ့တည် သွားပြီး၊ သူ့ခန္ဓာကိုယ်မှာ မူလအတိုင်း ပြန်လည် ပြောင်းလဲ သွားလေသည်။

ယခုအချိန်၌ လင်းယွန်သည် မတင်းတိမ်နိုင်ခဲ့ သေးပဲ၊ မျက်လုံးများကို မှိတ်လျက် ထပ်မံ ကျင့်ကြံ နေလိုက်သည်။

မီးလျှံနတ်ဆိုး တံဆိပ် စည်းကို လွယ်လွယ် ကူကူ ဖန်တီးနိုင်ခဲ့သည့် အပြင်၊ ခွန်အားကို ထပ်မံ မြှင့်တင် နိုင်ရန် အလားအလာ ရှိနေ သည်ဟု၊ ခံစား ခဲ့ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ ငါးရက်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။

ဝမ်ဖိန်းနှင့် ဖိန်းဝူဟန်တို့သည် လင်းယွန်၏ တည်းခိုဆောင်သို့၊ လမ်းလျှောက်လာနေလျက်မှ ဖိန်းဝူဟန်က၊

"ဝမ်းကွဲအစ်ကို၊ လွန်ခဲ့တဲ့ ငါးရက်လုံးလုံး လင်းယွန်က ဘာလုပ်နေမယ်လို့ ထင်လဲ"

" သူလား ... မိုးကြိုး ခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်ကို လေ့လာ နေမှာပေါ့ ''

ဝမ်ဖိန်းကပြုံးလျက် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"သူ သင်ယူနိုင်မယ်လို့ မင်း....... ထင်လား"

"ဟား ဟား ဟား ၊ မင်း အဲဒါကို တကယ်ပဲ အလေးနက် မေးနေ တာလား........''

ဝမ်ဖိန်းက ဖိန်းဝူဟန် စကားကို ပြန်မဖြေခဲ့ပဲ ရည်ရွယ်ချက် ရှိရှိ ရယ်မောလိုက်၏။ ထိုအမူအရာ များကြောင့် ဖိန်းဝူဟန်မှာ ခေါင်းကုတ်လျက်၊ ဝမ်ဖိန်းစကားကို အပြန်ပြန် အလှန်လှန် စဉ်းစားနေမိသည်။

" ငါ့ရဲ့ ဝမ်းကွဲ ညီလေး ....၊ ခေါင်းရှုပ်ခံ မနေ ပါနဲ့၊ မင်းက ဝမ်မိသားစု အကြောင်းကို ပိုလေ့လာဖို့ လိုနေပြီ၊ ငါတို့ ဝမ်မိသားစုက မိုက်မဲတဲ့ လုပ်ရပ်ကို လုပ်လိမ့်မယ်လို့၊ မင်း ယူဆ နေတာလား၊ ဟား ဟား ဟား ... ”

“ ... အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ် ဆိုတာ လွယ်လွယ်ပေး လို့ရတဲ့ အရာ မဟုတ်ဖူး၊ အဲ့သလိုပဲ မိုးကြိုး ခန္ဓာ ကျင့်ကြံခြင်း နည်းစနစ် ကိုလည်း လုံးလုံး လျားလျား စမ်းစစ် ထားပြီးပြီ၊ ''

'' ရလာဒ်အနေနဲ့ ရှန်ရှင်း ပဉ္စမ အဆင့် အောက်က ဘယ်သူမဆို လေ့ကျင့်နိုင်စွမ်း မရှိကြဘူး၊ ပြီးတော့ ... ”

“ ... သူ့ရဲ့လိုအပ်ချက်က မှန်းဆမရ နိုင်အောင် မြင့်မားတယ်၊ ပထမ အဆင့်ကို အောင်မြင် ဖို့တင်၊ မင်းကိုယ်မင်း မီးလောင် တိုက်သွင်း ရမယ်၊ ဘယ်သူ ကများ အဲဒီ လောက်ထိ ရူးသွပ်နိုင်လိမ့် မယ်လို့ ထင်လဲ..... ''

'' ............... ''

ဝမ်ဖိန်းက လျှို့ဝှက်သောအပြုံးကိုသာ ဆင်မြန်းလျက်၊ ခြံဝန်းတစ်ခု အနီးသို့ ချဉ်းကပ် လာရာမှ၊ ရုတ်တရက် ပြင်းထန်သော အပူလှိုင်းများ ရိုက်ခတ်လာမှုကြောင့် တုန့်ခနဲ့ ရပ်တန့် လိုက် မိသည်။

ပတ်ဝန်းကျင် အပူရှိန်နှင့် ဝမ်ဖိန်း၏ ပျက်ယွင်းနေသော မျက်နှာကြောင့်၊ ဖိန်းဝူဟန်မှာ နားမလည် ဟန်ဖြင့် ရပ်ကြည့် အကဲခတ် လိုက်ကာ၊

'' ...ဒီဝန်းကျင်က ဘာလို့ပူလောင်နေရတာလဲ၊ ဝမ်းကွဲအစ်ကို ''

'' အိုး...... တကယ်ပဲလား.....''

ဝမ်ဖိန်းက ဖိန်းဝူဟန်စကားကို ပြန်မဖြေနိူင်ခဲ့ပဲ၊ ခြံဝန်းအတွင်းသို့လျင်မြန်စွာ ပြေးဝင်သွားလိုက်၏။

ခြံဝင်း အတွင်းရှိ မြေကွက်လပ် တစ်နေရာတွင် နှစ်မီတာ နီးပါး မြင့်မားပြီး၊ တစ်ကိုယ်လုံးရဲရဲနီနေသည့် ပုံရိပ် တစ်ခုကို တွေ့မြင် လိုက်ရသည်။

ထိုလူရိပ်၏ ဆံနွယ် တစ်နွယ်ချင်း စီတွင် ကြက်သွေးရောင် မီးတောက်များ တရှိန်ရှိန် ထွက်ပေါ်နေကာ၊ အရေပြားအောက်၌ ရှေးဟောင်း အက္ခရာများ တဖွားဖွား ဖြစ်တည်စ ပြု လာနေ၏။

တနည်းအားဖြင့်ဆိုသော်၊ ၎င်းလူရိပ်သည် ဤလောကကြီးမှခွဲထွက်နေခဲ့သော ဖြစ်တည် မှုမျိုး ဖြစ်ကာ၊ ငရဲသခင်တစ်ပါးကဲ့သို့ ကြမ်းကြုပ်သော အသရေကို ထုတ်လွှတ် ထားလေသည်။

သူ၏လက်သီးများမှ ထွက်ပေါ်လာသော အရှိန်အဝါသည်၊ ဖျက်စီးခြင်း နတ်ဆိုး တစ်ပါး ကဲ့သို့ လောင်ကျွမ်း ပူမြိုက် ပေ၏။

လင်းယွန်၏ ရက်စက်သော မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှု များဖြင့် ပြည့်နှက် နေလေသည်။ သူက ရင်းနှီးသည့် အငွေ့အသက် များကြောင့်၊ ပြန်လှည့် ကြည့်လိုက်ရာ၊ ပါးစပ် အဟောင်းသားဖြင့် ငေးမော နေခဲ့သော၊ ဝမ်ဖိန်းတို့ညီအစ်ကိုအား တွေ့လိုက်ရသည်။

ထိုညီအစ်ကိုနှစ်ယောက်သည် သက်မဲ့အရုပ်တစ်ရုပ်ကဲ့သို့ မှင်တက် ထိတ်လန့်နေ သည်ကြောင့် လင်းယွန်၏ ပြုံးပြ နေမှုကို သတိ မမူမိ လိုက်ကြပေ။

လင်းယွန်ထံမှ ထွက်ပေါ်လာသော ဖိအားသည် သူတို့နှစ်ယောက်အား နဖူးမှချွေးများ ပြိုက်ပြိုက်ကျသည်အထိ ဖိအားပေးနေသည် ဖြစ်ရာ၊

'' ပြန်လာခဲ့.... ''

လင်းယွန်၏ခပ်တိုးတိုးရေရွတ်သံနှင့်အတူ နောက်တစ်စက္ကန့်အတွင်း ကြမ်းကြုပ်သော အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့သည်။ သူက ပုံမှန်ပြန် ဖြစ်လာသောအခါ၊ ဖိန်းဝူဟန်နှင့် ဝမ်ဖိန်းတို့၏ ခန္ဓာကိုယ်များမှာ ပြန်လည်ငြိမ်သက်လျက်၊ သက်တောင့်သက်တာ အခြေအနေသို့ ရောက်ရှိသွား၏။

"မင်းတို့ ဒီမှာဆိုတော့၊ သွားရမယ့်အချိန်ရောက်ပြီလို့ ဆိုလိုတာလား။"

လင်းယွန်ကပြုံးလျက် ဝမ်ဖိန်းတို့ညီအစ်ကိုနားသို့ လျှောက်လာပြီး မေးမြန်း လိုက်သော်လည်း၊ ထိုညီအစ်ကို နှစ်ယောက်မှာ ပြန်လည်ဖြေကြားခြင်း မရှိပဲ၊ ထိတ်လန့်တကြားဖြင့်၊

"လင်းယွန်၊ မင်း... မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ခဲ့တာလား....... ''

'' အင်းဆိုပါတော့.... ဒါပေမယ့် ငါ့ရဲ့နိမ့်ပါးတဲ့ ခန္ဓာကိုယ်ကြောင့် ဒုတိယအဆင့်ထိပဲ ဆုပ်ကိုင်နိုင်ပါသေးတယ်... ''

"မဖြစ်နိုင်တာ..... ''

ဝမ်ဖိန်းသည် အလွန်တုန်လှုပ်သွားပြီး သွေးအန်လုနီးပါး ဖြစ်သွားသည်။ ထိုအခြေအနေကြောင့် ဘေးနားတွင် ရပ်နေသော ဖိန်းဝူဟန်သည် ခေါင်းရမ်းလျက် သက်ပြင်းချလိုက်မိ၏။

လမ်း၌ သူ့ဝမ်းကွဲအစ်ကို၏ စကားများကို ပြန်လည်သတိရသွားကာ၊

" ဝမ်းကွဲအစ်ကို မင်းရဲ့ ဝမ်မိသားစုက အရမ်း မိုက်မဲလွန်းတယ်လို့ မင်းမထင်ဖူးလား"

***

All Chapters