← Chapters

ငါ့ကို ဂရုစိုက်ပေးပါ။

Vol. 7 Ch. 94

ငါ့ကို ဂရုစိုက်ပေးပါ။

Vol. 7 Ch. 94

'' ငါ့ရဲ့ဝမ်မိသားစုထံကနေ လိုချင်တဲ့သူတွေရှိခဲ့ဖူးတယ်၊ နောက်ဆုံးတော့ သူတို့ဘာတွေဖြစ်သွားလဲ မင်းသိမှာပါ၊...ဒီနေ့လည်း ချွင်းချက်မရှိဖူး ''

ဝမ်ကျီယဲက အေးစက်စက်ရေရွတ်လိုက်သည်။ ထိုလေသံကြောင့် ကောင်းယွမ်မှာ အောင့်သက်သက်ပြုံးရယ်လိုက်ပြီး၊

'' စားပြောနေတာတွေ ရပ်လိုက်ကြရအောင်၊ အားလုံးဒီမှာလား၊ ဒါဆို စလိုက်ကြစို့ "

နောက်တစ်စက္ကန့်တွင်၊ ကောင်းယွမ်၏မဟာမိတ်အ ဖွဲ့မှ လူသုံးဦးသည် ရှေ့သို့ တိုးထွက်လာ၏။ ထိုသုံးဦးအား အကဲခတ်ပြီးနောက်၊ ဝမ်ကျီယဲက မျက်မှောင်ကြုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ဝမ်ဖိန်းက လင်းယွန်အားလေသံတိုးတိုးဖြင့် မိတ်ဆက်ပေးလာ၏။

'' အဲဒီနှစ်ယောက်ကို ငါသိတယ်၊ ဘယ်ဘက်မှာရှိတဲ့ နှစ်ယောက်က ဖေးလျူယွင်နဲ့ ကောင်းလင်းယွမ်ပဲ၊ သူတို့နှစ်ဦးစလုံးက သက်ဆိုင်ရာမိသားစုတွေရဲ့ မျိုးဆက်သခင်လေးတွေပဲ၊ နောက်ဆုံးတစ်ယောက်နဲ့ပါတ်သတ်လို့ကတော့ ငါလည်းမသိဖူး၊ သူက မင်းလိုငှားထားတဲ့ တိုက်ခိုက်ရေးသမား ဖြစ်နိုင်တယ်"

" ဝမ်ကျီယဲ မင်းရဲ့ ပြိုင်ပွဲဝင်တွေ ဘယ်မှာလဲ"

" ထွက်ခဲ့ ..."

ဝမ်ကျီယဲ၏ခေါ်ထုတ်သံနှင့်အတူ ဝမ်ဖိန်း၊ ဝမ်ဖေးယီနှင့် လင်းယွန်တို့က ရှေ့ထွက်လာခဲ့ကြသည်။ သူတို့သုံးယောက်ထဲမှ လူစိမ်းဖြစ်သော လင်းယွန်ထံသို့သာ၊ မျက်လုံးများစွာက စူးစူးရဲရဲ စိုက်ကြည့်လာကြသည်။

၎င်းသည် မထူးဆန်းလှပေ။ ဝမ်ဖိန်းနှင့်ဝမ်ဖေးယီသည် ဝမ်မိသားစု၏ပါရမီရှင် မျိုးဆက်နှစ်ပါးဖြစ်သည့်အပြင်၊ သူတို့နှစ်ဦးသည် ခရမ်းရောင်မီးလျှံမြို့၏ မျိုးဆက်သစ် လူငယ်များအကြားတွင် အလွန်ကျော်ကြားလှလေ၏။

သို့သော် လင်းယွန်ကိုမူ သူတို့က သိရှိထားခြင်း မရှိကြချေ။ ထို့အပြင် ထိုလူစိမ်းသည် အမှန်တကယ်ပင်၊ ရှန်ရှင်း ပထမအဆင့်တွင်သာ ရှိနေခဲ့ပေသည်။

" ဝမ်မိသားစုက ပိုကောင်းတဲ့လူကို ရှာမတွေ့ဘူးလား၊ ပထမအဆင့်ချာတိတ်လေးတစ်ယောက်ကို စေလွှတ်ဖို့အထိ နိမ့်ကျနေရပြီလား၊ ဟားဟားဟား ''

ကောင်းယွမ်၏ လှောင်ပြောင်ရယ်မောသံသည် ဝမ်မိသားစုအား စိတ်ဓာတ်ကျဆင်းစေရန် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ လင်းယွန်၏ ခွန်အားသည် ဝမ်ဖိန်းထက်ပင် သာလွန်နေသည် မဟုတ်ပါလော။

" ................ "

ခဏအကြာတွင် ဝမ်ဖေးယီသည် လှံတစ်စင်းကို ဆုပ်ကိုင်လျက် ရှေ့သို့ တိုးသွား၏။

" ငါက ဝမ်ဖေးယီပါ၊ ကျေးဇူးပြုပြီး ငါ့ကို အလင်းပြပါဦး။"

'' ...............ဝှစ် ''

ဝမ်ဖေးယီက ၎င်း၏လှံကို မြေကြီးထဲသို့ ခိုင်မြဲစွာမစိုက်မီ စွဲမက်ဖွယ်ကောင်းသော ပြကွက်တစ်ခုဖြင့် လှုပ်ယမ်းလိုက်သည်။

'' ငါတို့ မတွေ့တာ လနဲ့ချီရှိပြီ၊ မင်းဘယ်လောက်ထိတိုးတက်သွားပြီလဲလို့၊ ငါ.... သိချင်မိတယ်"

တစ်ချိန်တည်းမှာပင် ဖေးလျူယွင်က ရှေ့သို့လှမ်းထွက်လာပြီး၊ ရယ်မောလိုက်လေသည်။

'' နောက်ဆုတ်ပြီး သတိနဲ့နေကြပါ ''

ထို့နောက်တွင် ဝမ်ကျီယဲက သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ၊ သတိပေးခဲ့၏။ သူ၏ ညွှန်ကြားချက်အတိုင်း ဝမ်မိသားစုသည် နောက်ပြန်ဆုတ်သွားပြီး၊ လိုအပ်ပါကတိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့်၊ ၎င်းတို့၏ လက်နက်များကို ပြင်ဆင်ထားကြလေသည်။

ယနေ့မတိုင်မီ၊ နှစ်ဖက်သဘောတူမှုများ ရှိနိုင်သော်လည်း၊ အချိန်မရွေး သဘောတူညီချက်များ ပျက်သွားနိုင်ပေသည်။ ဤအရေးသည် ဝိညာဉ်ရေကန်တစ်ခုနှင့် သက်ဆိုင်ခဲ့ပြီး၊ ယခုအချိန်တွင် သတိလက်လွတ် ပြုမူဖြစ်ခြင်းသည် ကြီးလေးသောအကျိုးဆက်များ ခံစားရပေလိမ့်မည်။

အတိုချုပ်ပြောရရင် မိသားစုသုံးစုမဟာမိတ်အဖွဲ့သည် အရှုံးကိုလက်ခံသဘောမတူမည်ကို စိုးရွံ့နေခဲ့ခြင်း ဖြစ်၏။

နှစ်ဖွဲ့စလုံး နောက်ပြန်ဆုတ်သွားသည်နှင့် ဝမ်ဖေးယီနှင့် ဖေးလျူယွင်တို့သည် အရှိန်အဝါများကို ကိုယ်စီထုတ်ဖော်လိုက်သည်။

'' .............. ''

ထိုအရှိန်အဝါများသည် ပတ်ဝန်းကျင်ရှိ သစ်ရွက်များကို ဝေ့ဝဲပျံသန်းစေလျက်၊ ပြင်းထန်သော မုန်တိုင်းတစ်ခုအား ဖန်တီးလိုက်သည်။

'' ချွမ်း...... ''

တခဏချင်းမှာပင် လှံတစ်စင်းနှင့် ဓားတစ်လက်တို့ တိုက်ခိုက်မိသွား၏။ ထို့နောက်တွင် နှစ်ဖက်စလုံးသည် သူတို့၏တိုက်ခိုက်မှုများကို သေကွင်း သေကွက်များထံသို့ ဦးတည်ကြကာ၊ ခဏချင်းပင်၊ တိုက်ပွဲ၏ အရှိန်အဟုန်ကို ပို၍ တိုးမြှင့်လိုက်သည်။

လင်းယွန်သည် တိုက်ပွဲကိုကြည့်ပြီး၊ တုန်လှုပ်သွား၏။ မရဏသတ်ပွဲနှင့် သာမာန် ယှဉ်ပြိုင်ပွဲများ ကြားတွင် သိသိသာသာ ကွာခြားချက် ရှိပေသည်။ အနည်းငယ်သော အမှားမျိုးသည်ပင်၊ သေခြင်းကို လက်ခံရရှိသွား စေနိုင်၏။

စက္ကန့်အနည်းငယ်အတွင်း၊ တိုက်ပွဲသည်အဆုံးထိ ရောက်ရှိသွားကာ၊ သိုင်းဝိညာဉ်များကို ဆင့်ခေါ်သည်အထိ အရှိန်မြင့်လာလေသည်။ ဝမ်ဖေးယီသည် သူ၏ သိုင်းဝိညာဉ်ကို ပထမဦးဆုံး ထုတ်ဖော်လိုက် ရ၏။

'' .......... ''

ထိုခဏအတွင်းမှာပင်၊ ဝမ်ဖေးယီ၏လက်ထဲတွင် ရှိသောလှံသည်၊ အခြားလှံတစ်စင်းကဲ့သို့ တောက်ပသွားသည်။ သူ၏ သိုင်းဝိညာဉ်မှာ လှံတစ်စင်းဖြစ်ပြီး၊ ၎င်းသည် လက်နက်နှင့် အပြည့်အဝ လိုက်ဖက်လှပေ၏။

ထိုမြင်ကွင်းသည် ဝမ်မိသားစုဝင်များ၏ မျက်နှာအား ရှုံ့မဲ့ပျက်ယွင်းသွားစေ၏။ တစ်စုံတစ်ယောက်သည်တိုက်ပွဲအတွင်း၌ သိုင်းဝိညာဉ်ကို အရင်ဆုံး ထုတ်ဖော်လိုက်ပါက၊ ၎င်းသည် သူ၏ နောက်ဆုံး ရုန်းကန်မှုတစ်ခုဖြစ်သည်ဟု ဆိုလိုပေသည်။ထို့အပြင် သိုင်းဝိညာဉ်များကို ဆင့်ခေါ်ပြီးနောက်၊ ပြိုင်ဘက်ကို သိုင်းဆယ်ကွက်အတွင်း အနိုင်ယူရန် လိုအပ်ပေမည်။ သို့မဟုတ်ပါက ထိုသိုင်းသမားသည်ပြိုင်ဘက်အား ရှုံးနိမ့်သွားနိုင်၏။ အဘယ်ကြောင့်ဆိုသော် သိုင်းဝိညာဉ်အား ထုတ်ဖော်တိုက်ခိုက်မှုတိုင်းသည်၊ သွေးအဆီအနှစ်များကို ထုတ်ယူသုံးစွဲရခြင်း ဖြစ်ပေရာ၊ များစွာမောပန်းနွမ်းနယ် စေ၏။

'' ............ ''

မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားမှုကိုးခုကို ထုတ်ဖော်လျက်၊ ဝမ်ဖေးယီက သူ့ပြိုင်ဘက်ထံသို့ တိုးဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် ဖေးလျူယွင်က သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်ထားကာ၊ ပြန်လည် ခုခံလိုက် လေသည်။

'' ........ဝူးရှ်။ ''

အပြာရောင်မီးတောက်များသည် ဖေးလျူယွင်၏ နောက်ကျောတွင် ဝန်းရံလာသောကြောင့် ပတ်ဝန်းကျင်အပူချိန်သည် တစ်ဟုန်ထိုးမြင့်တက်လာ၏။ ထိုမီးတောက်များလွှမ်းခြုံလျက် သူ၏ဓားကို ချိန်ရွယ်ဝှေ့ယမ်းလိုက်သည်နှင့်၊ ဝမ်ဖေးယီ၏ လှံသည် လက်ထဲမှ လွင့်ထွက်သွားလေသည်။

တစ်ဆက်တည်းမှာပင် ဖေးလျူယီသည် တိုက်ခိုက်မှုအား မရပ်တန့်ခဲ့ပေ။ သူ့မျက်နှာ၌ ကောက်ကျစ်သောအပြုံးကို ဆင်မြန်းလိုက်ပြီး၊ လည်တိုင် တည့်တည့်ဆီသို့ ဓားဖြင့်ထိုးသွင်းလိုက်၏။

ထိုဓားဖျားမှထွက်ပေါ်လာသော အငွေ့အသက်များကြောင့် ဝမ်ဖေးယီသည် အကြောက်တရားဖြင့် တုန်ယင်လာကာ၊ ဗီဇသိစိတ်အရ ၎င်းမှာ သူ့အသက်အား ချွေယူနိုင်သည်ဟု ခံစားမိလျက်၊ ထိတ်လန့်စွာနောက်ပြန် ရွေ့လျားလိုက်မိရာ ခြေခေါက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။

" ငါ အရှုံးပေး ပါ တယ်...''

ဝမ်ဖေးယီ၏အသံသည် တုန်ယင်စွာထွက်ပေါ်လာလေသည်။ ထို့အတူ နောက်ကျော၌ရပ်ကြည့်နေသည့်၊ ဝမ်တျန်းသည်လည်း လျင်မြန်စွာ အော်ဟစ်ဟန့်တား လိုက်၏။

'' ရပ်လိုက်......''

အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာသောဓားဖျားသည် ရုတ်တရက် ဦးတည်ချက်ပြောင်းလဲသွားကာ၊ ဝမ်ဖေးယီ၏ရင်ဘက်အထက် လက်မအနည်းငယ်အကွာ၌ ဝေ့ဝဲသွားလေသည်။ ထို့နောက်တွင် ဝမ်ဖေးယီသည်မျက်လုံးမှိတ်ထားလျက်မှ သက်ပြင်းချလိုက် သော်လည်း၊ ဓားတွင်ကပ်ညိပါဝင်လာသော အပြာရောင်မီးတောက်များသည် သူ့အဝတ်အစားများအား လောင်ကျွမ်းသွားစေပြီး၊ မီးကို အလျင်အမြန် ငြိမ်းသတ်ရန် တွန်းအားပေးခံလိုက် ရ၏။

" စိတ်မပူပါနဲ့ ဦးလေးဝမ်၊ သူရဲ့ ခန္ဓာကိုယ်မှာအညစ်အကြေးတွေများလွန်းလို့၊ ငါက ကူညီပေးတာပါ၊ ပြီးတော့ ငါ့ကို ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့တဲ့သူကို၊ သတ်ဖို့အထိ မရက်စက်တက်ပါဖူး...ဟားဟားဟား ''

ဖေးလျူယွင်၏ လှောင်ပြောင်ရယ်မောသံသည် ဝမ်မိသားစုအား များစွာအရှက်ရစေသည်။

'' သိပ်ကောင်းလိုက်တယ် ဖေးလျူယွင်..ငါ့ရဲ့ကြင်နာတက်တဲ့၊ ကလေးလေး......''

ကောင်းယွမ်၏ ရယ်မောသံသည် ကျယ်လောင်ပျံ့လွင့်လာပြီး၊ ၎င်းသည် အောင်ပွဲခံရန် စောလွန်းနေမှန်း သိနေပေ၏။ ဝမ်မိသားစုထံ၌ နောက်ထပ် ပြိုင်ပွဲဝင်နှစ်ယောက် ကျန်ရှိနေသေး လေပြီ။

ဤပြိုင်ပွဲသည် အသေသတ်ပွဲဖြစ်သောကြောင့် ပါဝင်သူများသည် ရှုံးနိမ့်ခြင်း သို့မဟုတ် သေဆုံးခြင်းကို ဝန်ခံရပေမည်။ သို့မဟုတ်ပါက အသက်သည်အာမခံချက် မရှိချေ။

ဝမ်မိသားစုမှ အကြီးအကဲတိုင်း၏ မျက်နှာများသည် နီရဲနေခဲ့၏။ ဖေးလျူယွင်သည် လအနည်းငယ်အတွင်း သိသိသာသာ တိုးလာနိုင်မည်ဟု၊ မထင်မှတ်ခဲ့ကြပေ။ သို့သော်လည်း ဖေးလျူယွင်၏ မောက်မာစော်ကားမှုသည် ဝမ်ဖိန်းကိုပင်လျှင်၊ တုန်ယင်စွာ ဒေါသထွက်လာစေသည်။ သူ့လက်ထဲ၌လှံတစ်စင်းကို ဆုပ်ကိုင်ထားပြီး၊ ၎င်းလှံသည် အဆင့်နိမ့်အလယ်အလတ် တော်ဝင်လက်နက် တစ်လက် ဖြစ်ပေ၏။

ဝမ်ဖိန်း၏လှံကိုမြင်သည်နှင့် လင်းယွန်က " မင်းက လှံသိုင်းသမားလား " ဟု မေးလိုက်မိသည်။ ဝမ်ဖိန်းက ခေါင်းညိတ်လျက် ငဲ့ကြည့်လိုက်ကာ၊ လင်းယွန်အား ပြန်မေးလိုက်၏။

" အင်း..ဘာဖြစ်လို့လဲ ''

" ရော့ ငါ့လှံကို သုံးပါ ''

'' ......ဝှစ် ''

လင်းယွန်သည် တိမ်လွှာရေခဲပြင်လှံကို ထုတ်ယူလိုက်သောအခါ၊ မီတာအနည်းငယ်အတွင်း အအေးဓာတ်များ လွှမ်းခြုံသွားလေသည်။

'' အထွတ်အထိပ်အဆင့် အလယ်အလတ်တော်ဝင်လက်နက်... ''

ဝမ်ဖိန်းသည်လှံကို ဖမ်းယူလိုက်ပြီး၊ အံ့သြစွာအော်ဟစ် လိုက်၏။

ဝမ်မိသားစုတွင် အလယ်အလတ်တော်ဝင်လက်နက်များ ခုနစ်ခု (သို့မဟုတ်) ရှစ်ခုခန့်သာ ရှိပြီး၊ မည်သည့်အရာမှ အထွတ်အထိပ်ဟု မယူဆနိုင်ပေ။ ထို့အပြင် ဝမ်မိသားစု၌ အဆင့်မြင့်တော်ဝင်လက်နက် တစ်ခုရှိသော်လည်း၊ ဝမ်ဖိန်းက ၎င်းကို အသုံးမပြုနိုင်သေးချေ။

ဤလင်းယွန်ထံ၌ အထွတ်အထိပ်အဆင့် အလယ်အလတ်တော်ဝင်လက်နက်ကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည်ဟု၊ ဝမ်ဖိန်းက ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ထို့အပြင် ထိုလက်နက်သည် ရှားပါးသောရေခဲသဘာဝကို ပိုင်ဆိုင်ထားပြီး၊ တွေ့မြင်ရခဲသောလက်နက်အမျိုးအစား ဖြစ်ပေသည်။ ၎င်းသည် ဖေးလျူယွင်၏ အပြာရောင်မီးတောက်သိုင်းဝိညာဉ်အား ရင်ဆိုင်ရန်အတွက်၊ ပြီးပြည့်စုံသောလက်နက်တစ်ခု ဖြစ်နေခဲ့လေပြီ။

" ကျေးဇူးတင်ပါတယ် .... "

တိမ်လွှာရေခဲပြင်လှံကို ဆုပ်ကိုင်လိုက်သောအခါ ဝမ်ဖိန်း၏ ယုံကြည်မှုမှာ ပို၍တိုးလာ၏။

"မင်းငါ့ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါကြည့်မယ်..."

ထို့နောက်တွင် ဝမ်ဖိန်းက အေးစက်စွာကြုံးဝါးလိုက်ပြီး၊ တိမ်လွှာရေခဲပြင်လှံကို ဝှေ့ယမ်းလိုက်ရာ၊ လေထုအတွင်း၌ ရေခဲလှံငယ်များ ဖွဲ့တည်လာလေသည်။

''ကောင်းလိုက်တဲ့လှံ...''

'' ...........'

ဖေးလျူယွင်သည် ဝမ်ဖိန်း၏ လှံချက်တိုင်းကို အသည်းအသန်ခုခံ နေရသည်။ ခဏအတွင်းမှာပင် သူ၏သိုင်းဝိညာဉ်ကို ဆင့်ခေါ်တိုက်ခိုက်ခဲ့ရသော်လည်း၊ တိမ်လွှာရေခဲပြင်လှံသည် အပြာရောင်မီးတောက်များကို လုံးလုံးလျားလျား နှိမ်နင်းနိုင်သောကြောင့် အသာစီးမရနိုင်ခဲ့ပေ။

အခြားတစ်ဖက်တွင် ဝမ်ဖိန်းသည် သူ၏သိုင်းဝိညာဉ်ကိုပင် ဆင့်ခေါ်စရာမလိုခဲ့ပဲ၊ တိမ်လွှာရေခဲပြင်လှံအားကိုင်ဆွဲကာ တိုက်ပွဲကိုအမြန် အဆုံးသတ်လိုက်၏။

" ကောင်းလင်းယွမ်၊ အခု မင်းရဲ့အလှည့်ပဲ"

ထို့နောက်တွင်ဝမ်ဖိန်းသည် ကောင်းလင်းယွမ်ထံသို့ လှံဖြင့်ထိုးညွှန်လျက်၊ အေးစက်စွာ စိန်ခေါ်လိုက်သည်။

အခြားတစ်ဖက်တွင် ကောင်းယွမ်သည် ဖေးလျူယွင်၏ ရှုံးနိမ့်မှုအပေါ် စိုးရိမ်နေခြင်းမရှိခဲ့ပဲ၊ တည်ငြိမ်စွာတိုက်ပွဲကို ဆက်ကြည့်နေလေသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ကျီယဲက အလိုမကျဟန်ဖြင့် ကောင်းယွမ်ဘေးရှိ ပြိုင်ပွဲဝင် လူစိမ်းထံသို့ စူးစိုက်စွာအကဲခတ်လိုက် မိသည်။ ထိုလူငယ်သည် ကြီးမားသော ခမောက်ပြားကြီးကို၊ မျက်နှာတစ်ပြင်လုံး အုပ်ကွယ်သည်အထိ ငိုက်စိုက်ဆောင်းထားကာ၊ သူ၏အရှိန်အဝါကို သိုသိပ်စွာ ဖိနှိပ်ထားလေသည်။

သို့သော်လည်း ဝမ်ကျီယဲသည် လင်းယွန်ထံ အကြည့်ရောက်သွားပြီးနောက်၊ ပြန်လည်တည်ငြိမ်သွား ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ လင်းယွန်သည် အဆင့်မြင့် ရှန်ရှင်းနည်းစနစ်ကို ပိုင်ဆိုင်ထားသည့်အပြင်၊ ရှန်ရှင်း တတိယအဆင့်အောက် မည်သူမဆို၊ သူအား ဘက်ပြိုင် တိုက်ခိုက်နိုင်မည့်သူ မရှိချေ။

တိုက်ပွဲသည်ဆက်လက်ဖြစ်ပွားနေခဲ့ပြီး၊ အံ့သြစရာကောင်းသည်မှာ၊ ကောင်းလင်းယွမ်သည် ဖေးလျူယွင်ထက်ပင် အားနည်းလှပေ၏။

တိမ်လွှာရေခဲပြင်လှံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက်၊ တိုက်ပွဲဝင်နေသောဝမ်ဖိန်းသည် သူ့မျက်နှာပေါ်တွင် စူးရှသောအပြုံးကိုထုတ်ဖော်ထားကာ၊ ပြိုင်ဘက်အား အပေါ်စည်းမှ ဖိနှိပ်ထားနိုင်ခဲ့သည်။

" သူတို့ရဲ့ အစစ်အမှန်ခွန်အားက ဖေးလျူယွင်ပဲ၊ ကောင်းလင်းယွမ်ကတော့ နယ်ရုပ်တစ်ရုပ်ထက် ပိုပုံမရဖူး...... ''

'' နောက်ဆုံးတော့ သူတို့က မိသားစုငယ်တွေပဲ မဟုတ်လား၊ ဝမ်မိသားစုရဲ့ အရင်းအမြစ်တွေနဲ့တော့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာပဲ၊ သူတို့ရဲ့အရင်းအမြစ်က အကန့်အသတ်ရှိတာကြောင့် ဖေးလျူယွင်လို လူတစ်ယောက်ကို ပြုစုပျိုးထောင်တာနဲ့တင် လုံလောက်အောင် ကောင်းမွန်နေပါပြီ၊...''

"ဟားဟားဟား ဒီပွဲပြီးရင် ငါတို့က နောက်ထပ်တစ်ယောက်ကို အနိုင်ယူဖို့ပဲ၊ လိုတော့လိမ့်မယ်။"

ဝမ်မိသားစုမှ အကြီးအကဲများက တိုက်ပွဲကိုကြည့်ပြီး၊ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ဖုံးလွှမ်းနေခဲ့ကြသည်။ မကြာခင်ဝမ်ဖိန်းသည် သိုင်းဝိညာဉ်ကို ထုတ်ဖော်စရာမလိုပဲ၊ ကောင်းလင်းယွမ်အား အနိုင်ရပေမည်။

" ထွက် သွား..."

ဝမ်ဖိန်းက နောက်ဆုံးသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့်၊ လှံထိပ်ဖျား၌ ရေခဲလွှာများအထပ်ထပ် ဖြစ်တည်လာကာ၊ လေထုကိုတဖျပ်ဖျပ်တုန်ခါ သွားစေသည်။

'' ............... ''

ဝမ်ဖိန်းထံမှ သိုင်းကွက်(၄)ကွက်ကို လက်ခံရယူပြီးနောက်၊ ကောင်းလင်းယွန်သည် နောက်သို့လဲကျသွားခဲ့ပြီး မျက်နှာဖြူဖျော့သွားခဲ့၏။ သွေးအိုင်ထဲ၌ တဆတ်ဆတ်တုန်ယင်နေချိန်တွင် ကောင်းမိသားစုမှ အကြီးအကဲတစ်ဦးသည် ကောင်းလင်းယွမ်ကို ကူညီရန် ပြေးလာလေသည်။

တစ်ချိန်ထဲမှာပင် ဝမ်ဖိန်းသည် ပြိုင်ဘက်နှစ်ဦးကို အနိုင်ယူပြီးနောက်၊ ယုံကြည်မှုများ အမြင့်ဆုံးထိတိုးပွားလာကာ၊

'' ဟေး ရုပ်ဆိုးဆိုးကောင်လေး မင်းအလှည့်ရောက်ပြီ ''

-ဟု ပြုံးလျက် ဖိတ်ခေါ်လိုက်ပြန်သည်။ ဝမ်ဖိန်း၏ လှောင်ပြောင်လိုက်သံကြောင့်၊ ခမောက်ဖြင့်ဖုံးကွယ်ထားသော လူငယ်လေးထံမှ၊ ရယ်မောသံများ ထွက်ပေါ်လာလေသည်။

ထို့နောက်တွင် ပျင်းရိပျင်းတွဲဟန်ဖြင့်၊ သူ၏ဦးထုတ်ကိုချွတ်လိုက်ကာ၊ သူ့ကိုယ်သူ မိတ်ဆက်လာ၏။

'' ငါ့နာမည်က ယန်တင်းယီပါ၊ ငါက... ဒီမှာလူသစ်မို့ ကျေးဇူးပြုပြီး ငါ့ကိုဂရုစိုက်ပေးပါ "

သူ့ဦးထုပ်ကို ချွတ်လိုက်သောအခါတွင်၊ ဝမ်မိသားစုအကြီးအကဲများသည် တိတ်ဆိတ်သွား၏။

အကြောင်းမှာ ထိုလူငယ်လေး၏ မျက်နှာပေါ်ရှိ ကြက်သွေးရောင် မျက်နှာဖုံး ကြောင့်ပင် ဖြစ်ပေသည်။

ထိုမျက်နှာဖုံးသည် မျက်နှာပေါက်အကျနှင့်၊ အံကိုက် သွန်း လုပ် ထားပြီး၊ တိမ်စိုင် တစ်ခုကဲ့သို့ မျက်နှာ တစ်ဝက်အား ဖုံးအုပ်ထားလေသည်။

၎င်းသည်အလွန်လက်ရာမြောက်လှသော သွေးတိမ်တိုက်တစ်ခုဖြစ်ကာ၊ ရက်စက် ကြမ်းကြုပ်သော အရှိန်အဝါကို ထုတ်ဖော်နေခဲ့ လေပြီ။

"သွေးတိမ်ဂိုဏ်း....."

ဝမ်ကျီယဲ၏ နှလုံးခုန်သားသည် ပြင်းထန်စွာ ခုန်လှုပ်သွားလေသည်။ ကောင်းယွမ်၏ ဝှက်ဖဲသည် သွေးတိမ်ဂိုဏ်းမှ အမာခံ တပြည့်တစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလော။

***

All Chapters