ဝိညာဉ်အဆီအနှစ် စုပ်ယူခြင်း။
Vol. 7 Ch. 97
မိသားစုသုံးစုသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိမ့်လိုက်ကြသည်။ ဝိညာဉ်ရေကန်ကို ဆုံးရှုံးလိုက်ရခြင်းသည်၊ ခရမ်းရောင်မီးလျှံနိုင်ငံရှိ ၎င်းတို့၏ နေ့ရက်များမှာ၊ ပိုမို ခက်ခဲလာတော့ မည်ဟု ဆိုလိုခြင်း မည်၏။
ဤမြင်ကွင်းကို သဘောကျဟန်ဖြင့်၊ ဝမ်တျန်းသည် လက်ခုပ်တီး အချက်ပြ မှုကြောင့်၊ တောအုပ်အနီးတွင် ပုန်းကွယ်နေသော ဝမ်မိသားစုဝင် သိုင်းသမားများ ထွက်ပေါ်လာတော့သည်။
'' ............ ''
အချိန်အနည်းငယ်အတွင်းမှာပင် ဝမ်မိသားစုအင်အားသည်၊ မဟာမိတ် မိသားစု သုံးစု ပေါင်းထားသော လူအရေ အတွက်ထက် နှစ်ဆ ရှိသွားလေသည်။ ဝမ်မိသားစုသည် ကနဦး ကပင် အစီအစဉ်တစ်ခုအား၊ ကြိုတင် ချမှတ်ထားခဲ့ပုံရ၏။
ကောင်းယွမ်က ယန်တင်းယီကို ပွေ့ချီလျက် ဤမြင်ကွင်းကို ခါးခါးသီးသီး ကြည့်နေမိသည်။
လင်းယွန်သည် ဤကစားပွဲကို ပြောင်းပြန် လှည့်နိုင်သော၊ ဝှက်ဖဲတစ်ချပ် ဖြစ်လိမ့်မည်ဟု မည်သည့် အချိန်ကမှ မထင်မှတ်ခဲ့ပေ။
ယခုအချိန်၌ အကယ်၍သာ သူတို့သည် တိုက်ခိုက်ရမည်ဆိုပါက၊ ဝမ်ကျီယဲသည် ကောင်းမိသားစုအား ဖယ်ရှားပစ်မည်မှာ သိသာ နေပေသည်။
" ဝမ်ကျီယဲ ဒီတောင်က မင်းရဲ့ဝမ်မိသားစု အပိုင်ပဲ၊ ငါတို့မဟာမိတ် အဖွဲ့သုံးဖွဲ့က ဒီကိုခြေချမှာ မဟုတ်ဘူး... ''
ကောင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။ သူက မည်သည့်အချိန်၌ နောက်ဆုတ်ရမည်ကိုသိနှင့်၊ နေခဲ့လေပြီ။
"နောက်ပြန် ဆုတ် လိုက်။ "
ဝမ်ကျီယဲက ခန့်ညားစွာ ညွှန်ကြား လိုက်သံနှင့် အတူ၊ နောက်တစ်စက္ကန့်တွင်၊ ဝမ်မိသားစု၏ သိုင်းသမား များမှာ မိသားစု သုံးစုအတွက် လမ်းဖွင့် ပေးလိုက်ကြသည်။
"....ငါတို့ ပြန်ဆုံမယ်၊ ကောင်လေး၊ မင်းငါနဲ့ မတွေ့ဖို့ ဆုတောင်းထားပါ...... ''
လှည့်မထွက်ခင် လင်းယွန်ထံ စိုက်ကြည့်လျက် ကောင်းယွမ်က အံကြိတ် ကြိမ်းဝါး လိုက်ပြီး၊
"သွားကြရအောင်......"
ဝမ်မိသားစုဝင်များသည် ကောင်းယွမ်မှ တစ်စုံ တစ်ခု လှည့်စားခြင်း မရှိကြောင်း၊ သေချာသည် အထိ လိုက်လံ စောင့်ကြည့် နေခဲ့၏။
ကောင်းယွမ်၏ မဟာမိတ်အဖွဲ့များ ပျောက်ကွယ်သွားသည်နှင့်၊ လေထုမှာ ပြန်လည် သိမ်မွေ့လာပြီး၊ ပျော်ရွှင်ရယ်မောသံများဖြင့် ဆူညံလာကာ၊ လင်းယွန်အား သဘောကျစွာ ချီးကျူးလိုက်ကြ၏။
လင်းယွန်ကြောင့်သာ မဟုတ်ပါက၊ ယနေ့ ဝမ်မိသားစုသည် ဝိညာဉ်ရေကန်အား၊ ခွဲဝေအသုံးပြု ရပေမည်။ ဤကောင်းယွမ်သည် သွေးတိမ်ဂိုဏ်းမှ အမာခံတပည့်တစ်ဦးအား စုဆောင်းနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ဝမ်ကျီယဲက လင်းယွန်အား ရောထွေးနေသော ခံစားချက် များဖြင့် လှည့်ကြည့် လိုက်ပြီး၊ ဒဏ်ရာများကို အနီးကပ်စစ်ဆေး ကြည့်လိုက်သည်နှင့် အံသြ ထိတ်လန့် သွားသည်။
ယန်တင်းယီမှာ သွေးတိမ်ဂိုဏ်းသားပီပီ ရက်စက်ကြမ်းကြုတ်ခဲ့သော်လည်း၊ ၎င်းသည် ဤနတ်ဆိုးနှင့် ယှဉ်ပါက များစွာ ညင်သာ နေဆဲပင်။
ထိုယန်တင်းယီအား ရိုက်နှက်ရန်အတွက် လင်းယွန်က သူ့ခန္ဓာကိုယ်ဖြင့် ရင်းခံကာ၊ မိုက်မဲစွာ ပြုမူခဲ့ပေသည်။
ဤလင်းယွန်သည် သူ့အသက်အား အရင်းအမြစ်တစ်ခုအဖြစ်သာ ရှုမြင်ခဲ့ပုံရပြီး၊ ယန်တင်းယီ၏ သိုင်းဝိညာဉ်ကို ဖမ်းယူရန် သူ့ခန္ဓာကိုယ်အား အသုံးပြုလျက်၊ သူ့အတွက် အခွင့်အရေးတစ်ရပ်အား ဖန်တီးယူခဲ့ပေသည်။
၎င်းသည် အနည်းငယ် တိမ်းစောင်းသွား သည်နှင့် သူ့နှလုံးမှာ ပေါက်ကွဲပျက်စီးသွားနိုင် လေ၏။
" အစ်ကိုလင်း၊ မင်းအဆင်ပြေလား....."
ဝမ်ဖိန်းက စိုရိမ်တကြီး မေးလိုက်သည်။ လင်းယွန်ကသူ့ဆီလျှောက်လာသော ဝမ်ဖိန်းအား ပြုံးပြ လိုက်ပြီး၊
" ငါ အဆင်ပြေပါတယ်၊ .....''
ပြန်ဖြေသံဆုံသည်နှင့် ဒဏ်ရာများအား မတော်တဆ ဆွဲဆန့်လိုက်ကဲ့သို့၊ အရိုး ဖွေးဖွေးများ ထွက်ပေါ်လာပြီး၊ သွေးစိမ်း ရှင်ရှင် ပန်းထွက် လာလေသည်။
ယန်တင်းယီ၏ နောက်ဆုံး တိုက်ခိုက်မှုမှာ လက်မဝက်ခန့် ထပ်မံတိုးဝင်လာခဲ့ပါက၊ သေဆုံးရပေလိမ့်မည်။
'' မိတ်ဆွေလေး မင်းကို အကြံတစ်ခု ပေးပါရစေ၊ သွေးတိမ်ဂိုဏ်းရဲ့ တပြည့် တွေက ရန်ငြိုး ဖွဲ့ထားတတ်ကြတယ်၊ ငါ့ရဲ့ ဝမ်မိသားစုက သွေးတိမ်ဂိုဏ်း လက်ကနေ မကာကွယ် နိုင်တော့ မှာကို စိုးရွံ့မိတယ်....."
ဝမ်ကျီယဲသည် စိတ်မကောင်းဟန်ဖြင့် ရိုးရိုးသားသား ဝန်ခံလာခဲ့သည်။
'' အဲဒါကို စိတ်မပူပါနဲ့၊ ဝမ်မိသားစုကို ငါ ဆွဲခေါ်သွားမှာ မဟုတ်ပါဘူး ''
လင်းယွန်က ကတိပေးလိုက်သည်။ သူ့၌ နဂါးသွေးမြင်းနှင့်အတူ ဓားသေတ္တာကဲ့သို့သော ဝှက်ဖဲများ ကျန်ရှိနေသေးသည်။
ထို့အပြင်၊ သူသည် မည်သည့်နှောင်ကြိုးမျှ မရှိသော၊ အထီးကျန် သိုင်းသမားတစ်ယောက် ဖြစ်နေခဲ့သည်ဖြစ်ရာ၊ အပြာရောင် နေမင်း နိုင်ငံ အတွင်း၌ သူ့အား၊ သွေးတိမ်ဂိုဏ်းမှ ရှာတွေ့ရန် လွယ်ကူမည် မဟုတ်ပေ။
'' ကောင်းပြီ၊ ဒီနေ့အတွက် ကျေးဇူး တင်ပါတယ်....''
လင်းယွန်၏ ကတိစကားကြောင့် ဝမ်ကျီယဲမှာ စိတ်သက်သာရာ ရသွားပုံရ၏။
'' အစ်ကိုကြီး၊ မိတ်ဆွေလေးလင်းက သူ့ရဲ့လက်ရှိဒဏ်ရာတွေနဲ့ ဝိညာဉ်အဆီအနှစ်ကို စုပ်ယူဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်၊ ဒီဝိညာဉ်အဆီအနှစ်က သူ့ဒဏ်ရာတွေကို ကုစားပေးနိုင်ရင်တောင်မှ၊ အများစုက အလဟသဖြစ်သွားမှာပဲ၊ ငါတို့က သူ့ခွဲတမ်းကို ပြန်ယူပြီး၊ လျော်ကြေးပေးဖို့ ဘာကြောင့် မလုပ်တာလဲ။ ''
ဝမ်တျန်းက အရှက်မဲ့စွာ ရယ်မောလျက် ရောက်ရှိလာသည်။
" ဘယ်လိုများ ပြောထွက် လိုက်လဲ၊ လင်းယွန်က ငါတို့အတွက် အဲဒီရေကန်ကို ရယူပေး ထားတာ တောင်မှ၊ သူ့ ခွဲတမ်းကို ပြန်ယူ မလို့ တဲ့လား .... ''
ဖိန်းဝူဟန်က ထိုသဘောထားကို လက်မခံနိုင် ဟန်ဖြင့်၊ ဝင်ရောက်ကန့်ကွက် လိုက်သည်။
ထိုသို့ကန့်ကွက်မှုသည် ဝမ်မိသားစုထံ၌၊ သူ၏အနာဂါတ်အား ထိခိုက်စေမည်ကို စိုးရိမ်ခြင်း မရှိပဲ၊ ရဲဝင့်စွာ ပြောထွက် ရဲခဲ့ပေ၏။
ထိုစကားကို ကြားသောအခါ လင်းယွန်က၊ ဒေါသတကြီးဖြင့် ဝမ်တျန်းကို မော့ကြည့် လိုက်မိ သည်။
'' မင်းက အပြင်လူပဲ၊ ကောင်လေး..... ဝမ်မိသားစုအရေးမှာ ဝင်စွက်ဖက်ခွင့်ရှိတယ်လို့ ထင်နေတာလား၊ မင်းဆက်ပြီး ကန့်ကွက်နေရင် မင်းရဲ့ခွဲတမ်းကိုလည်း ငါသိမ်းရလိမ့်မယ် "
ဝမ်တျန်းက နှာခေါင်းရှုံ့လျက် ဖိန်းဝူဟန်ကို ငေါက်လိုက်သည်။ ဖိန်းဝူဟန်က သူ့ရင်ဘတ် ထဲ၌ ဒေါသများ တောက်လောင် နေသလို ခံစား လိုက်ရ ပြီးနောက်၊ သူက ဝမ်ကျီယဲကို လှည့်ကြည့် လိုက်ပြီး၊
" ဦးလေး၊ သူ့စကားကို နားမထောင်ပါနဲ့.... ''
" ဝမ်တျန်း....မင်းပြောခဲ့တာကို ငါမကြားလိုက်ဖူးလို့ပဲ ထားလိုက်ကြရအောင်၊ မင်းက ငါ့ကတိကို ဖျက်စေချင်တာလား၊ ဒါဆိုလည်း မင်းဆန္ဒပြည့်အောင် ကတိ ဖျက်ပေး လိုက်မယ်၊ မင်းသားရဲ့ ဒဏ်ရာက လင်းယွန်ထက် ပိုကောင်းပုံ မပေါ်ဘူး၊ ဘာလို့ သူ့ခွဲတမ်းကို မယူရ တာလဲ ...."
ထိုသို့သော ဆုံးဖြတ်လိုက်သံကြောင့် ဝမ်တျန်းမှာ ထိတ်လန့်သွားပြီး၊
'' ဒါက ဟာသ အဖြစ် နောက်ပြောင်ရုံ ပါပဲ အစ်ကိုကြီး ...... စိတ်မပူပါနဲ့၊ ဝမ်ဖေး ဘာလုပ် နေတာလဲ ဝိညာဉ် ရေကန်ထဲ ဝင်ဖို့ ပြင်တော့ ...''
" ကောင်းပြီ၊ ငါတို့ အရင်က သတ်မှတ်ထား ခဲ့တဲ့ အတိုင်း မင်းတို့အားလုံး ဝင်လို့ရပြီ။"
လင်းယွန်၊ ဝမ်ဖိန်း၊ ဝမ်ဖေးယီနှင့် ဖိန်းဝူဟန်မှလွဲ၍ လူငယ်ခြောက်ယောက်သည်၊ ဝမ်မိသားစုဝင်လူအုပ်ကြီးထဲမှ၊ စိတ်လှုပ်ရှားစွာ ရှေ့ထွက်လာကြသည်။
" မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့၊ အားလုံးပဲ ဒီတောအုပ်ကို ပိတ်ဆို့ထားပါ၊ အခွင့်မရှိ ကျူးကျော်လာသူမှန်သမျှ ချွင်းချက်မရှိ....သတ် ''
ဝမ်ကျီယဲသည် ချုံနွယ်ထူထပ်သော တောအုပ်ကို ဖြတ်၍ လမ်းလျှောက်ခဲ့သည်။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်ခန့် အကြာတွင် အငွေ့ပျံနေသော ရေကန်တစ်ကန်အား တွေ့မြင်လိုက်ရ၏။
ထိုရေကန်အတွင်းမှ ဝိညာဉ်စွမ်းအင်များ မှုတ်ထုတ်လာသည်ကို သတိပြုမိလိုက်ရာ၊ လင်းယွန်က အသက်ပြင်းပြင်းရှူလိုက်သည်နှင့် လန်းဆန်းတက်ကြွလာသလို ခံစားလိုက်ရသည်။
'' ဒီဝိညာဉ်ရေကန်အောက်မှာ မီးတောက်တစ်ခုရှိတယ်၊ အရမ်းကြီး နက်နက်ရှိုင်းရှိုင်း မဆင်းသွားဖို့ သတိရကြပါ၊ ဒါမှမဟုတ်ရင် မင်းတို့ ဒုက္ခရောက်လိမ့်မယ်
"နား လည် ပါ ပြီ။"
ဝမ်ကျီယဲ၏သတိပေးချက်ကို လက်ခံရရှိပြီးနောက်၊ လူတိုင်းသည် ဝိညာဉ်ရေကန်ထဲသို့ ခုန်ဆင်းလိုက်ကြသည်။
" အို .....ဒါက အံ့သြစရာပဲ...."
ဝမ်ဖေးယီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူက ဝိညာဉ်အဆီအနှစ် များကို စတင်စုပ်ယူလိုက် သည်နှင့်အမျှ၊ သူ့ပတ်ဝန်းကျင်ရှိ ရေမျက်နှာပြင်ပေါ်တွင်၊ ရေဝဲလေးခု ဖြစ်ပေါ်လာလေသည်။
အခြားသော ဝမ်မျိုးဆက်လူငယ်များ၏ ပတ်ဝန်းကျင်တွင် ရေဝဲများစွာရှိသော်လည်း၊ ဝမ်ဖိန်နှင့်ဝမ်ဖေးယီတို့ဘေးရှိ ရေဝဲများမှာ အများဆုံးဖြစ်သည်။
တနည်းအားဖြင့် ဆိုရသော် သူတို့နှစ်ယောက်ဘေးတွင် ရေဝဲလေးခုစီ ရှိသော်လည်း၊ ကျန်သောဝမ်လူငယ်လေးများဘေး၌ ရေဝဲ တစ်ခု (သို့မဟုတ်) နှစ်ခုသာ ရှိလေသည်။
"လင်းယွန်၊ မင်းဘာလို့မသွားသေးတာလဲ၊ မင်း အချိန်ဖြုန်းနေမိရင် သူတို့က ဝိညာဉ်အဆီ အနှစ်တွေ အားလုံးကို စုပ်ယူသွားလိမ့်မယ် ''
ထိုမြင်ကွင်းအား တိတ်ဆိတ်စွာရပ်ကြည့် နေသည့် လင်းယွန်ကို၊ ဝမ်ကျီယဲက သတိပေး လိုက်မိသည်။ သူက ဤလူငယ်လေး၏ မဆုတ်မနစ် စိတ်ထားကို သဘောကျသည်။
ထို့အပြင် လူငယ်မျိုးဆက်များထဲတွင် အာဏာရှင် ဂိုဏ်းငယ် သုံးဂိုဏ်းရှိ အမာခံ တပည့်များ ထက်ပင် ပိုမို သန်စွမ်းလွန်း လေပြီ။
" ကောင်းပြီ ငါသွားတော့မယ်"
လင်းယွန်က ခဏမျှ တုံ့ဆိုင်းသွား ပြီးနောက် ပြုံးလိုက်ကာ၊ ရေကန်ထဲသို့ ခုန်ချ သွားလေ သည်။
'' ဗွမ်း...... ''
ထို့နောက်တွင် လင်းယွန်သည် ရေကန်၏အလယ်ဗဟိုထံသို့ တိုးကပ်သွားပြီး၊ ဝိညာဉ်စွမ်းအင် များကို စုပ်ယူရန် ပြင်ဆင် လိုက်သည်။
တစ်ဆက်တည်းမှာပင်၊ သူ့ ပတ်ဝန်း ကျင်၌ ရေဝဲ ကိုးဝဲ ဖြစ်ပေါ်လာကာ၊ ဝမ်ဖိန်းနှင့် ဝမ်ဖေးယီ တို့ နှစ်ယောက် ပေါင်းသည် ထက်ပင် ပိုများနေ၏။
ဤမြင်ကွင်းကိုမြင်သည်နှင့် ဝမ်ကျီယဲ၏အပြုံးသည် အေးခဲသွား၏။ လင်းယွန်သည် မည်သည့်အတွက်ကြောင့် ဝင်ရောက်ရန်၊ တွန့်ဆုတ်နေရသည်ကို သိရှိ လိုက်ရသည်။
လင်းယွန်က တခြားသူများအား၊ အမှတ်မထင် အနိုင်ကျင့် မိမည်ကို ရှောင်ရှားရန် အတွက်၊ ကြိုးစား နေခဲ့ခြင်း ဖြစ်ပေမည်။
သူ့ပတ်ဝန်းကျင်ရှိ ရေဝဲများကိုအခြေခံကာ၊ လင်းယွန်၏ အခြေခံ အုတ်မြစ်သည် မည်မျှ နက်ရှိုင်း ခဲ့မည်ကို ခန့်မှန်းနိုင်လိုက်လေပြီ။
'' ဘာလဲ.....''
ကြီးမားသော ရေဝဲ ကိုးဝဲဖြစ်ပေါ် လာသည်ကို တွေ့မြင်လိုက် ရသည်နှင့်၊ ရေကန် အတွင်းရှိ ဝမ်မိသားစုဝင် လူငယ်များမှာ တုန်လှုပ် ချောက်ချား သွားကြ၏။
ထို့အတူ ဝမ်ဖေးယီ သည်လည်း ထိုဖြစ်စဉ်ကြောင့်၊ ထိတ်လန့်စွာ ဆဲရေး လိုက်လေ သည်။
" သောက်ပဲ.... ဟေ့ ဘယ်လို နတ်ဆိုးမျိုး မလို့၊ ဒီလောက်တောင် ရက်စက်ရ တာလဲ.... ''
ထို့နောက်တွင် ဝမ်ဖေးယီက မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို မြန်နိုင်သမျှ မြန်မြန် ဖြန့်ကျက်လိုက်သည်။
တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်စွာဖြင့်၊ ဝိညာဉ်အဆီအနှစ်ကို ပို၍စုပ်ယူနိုင်ရန် ပြင်ဆင် လိုက်မိ၏။
ဤစုပ်ယူနိုင်မှုနှုန်းအရ လင်းယွန်သည် ဝိညာဉ်စွမ်းအင်များအားလုံးကို စုပ်ယူသွားရန် အချိန်များစွာ မလိုအပ်လှပေ။
အခြားတစ်ဖက်တွင် လင်းယွန်သည် ယန်သန့်စင်ခြင်းနည်းစနစ်ကို လှည့်ပတ် လိုက်သည်နှင့် အမျှ၊ ခန္ဓာကိုယ်တစ်လျှောက် အဆက်မပြတ် လည်ပတ်နေကာ၊ ဝိညာဉ် စွမ်းအင် များစွာအား စုပ်ယူသန့်စင် ပေးနေ လေသည်။
ဝိညာဉ် အဆီ အနှစ် များနှင့် သူ၏ ယန်စွမ်းအင် သန့်စင်ခြင်း နည်းစနစ်ကြောင့်၊ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့်၊ လျင်မြန်စွာ မြင့်တက် လာလေသည်။
သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ ပိုမိုစုပ်ယူလာနိုင်သည်နှင့်အမျှ၊ ယခုကဲ့သို့သော ပျော်ရွှင်မှုမျိုး တစ်ကြိမ်တစ်ခါမှပင် မကြုံခဲ့ဖူးပေ။
ထို့ကြောင့်ပင် ၎င်းအတွက်၊ ကောင်းယွမ်သည် ဝမ်မိသားစုနှင့် စစ်ခင်းရန် အထိပါ၊ သတ္တိရှိ ခဲ့ခြင်း ဖြစ်ပေမည်။
ဤဝိညာဉ်အဆီအနှစ်များသည် သူတို့၏ သားစဉ် မြေးဆက်များ အတွက် များစွာ အကျိုး ရှိစေ ခဲ့သည် မဟုတ်ပါလော။
ဝိညာဉ်အဆီ အနှစ် များကို စုပ်ယူခြင်းဖြင့်၊ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ပိုမိုအားကောင်း စေပြီး၊ သာ၍ပင် သန့်စင် လာစေ၏။
ဝိညာဉ်ရေကန်တွင် တစ်နေ့တာ စုပ်ယူကျင့်ကြံခြင်းသည်၊ အပြင်လောက၌ တစ်နှစ်ခွဲသော ကျင့်ကြံ အချိန်နှင့် ညီမျှပေသည်။
" ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင် ရမယ် .....''
ဤအရာသည် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်ပြီး၊ လင်းယွန်သည် ယင်းကို လက်လွှတ်မခံချင်ပေ။
'' ......ဗွမ်း ''
ခဏအကြာတွင် လင်းယွန်က သူ့ခန္ဓာကိုယ်အား အလိုရှိသ၍စုပ်ယူခွင့် ပြုလိုက်သည်နှင့်၊ နောက်ထပ် ရေဝဲနှစ်ဝဲ ထပ်မံ ဖြစ်ပေါ် လာပြီး၊ စုစုပေါင်း ဆယ့်တစ်ခု အထိ ရှိလာ လေသည်။
သူတစ်ဦးတည်းမှ စုပ်ယူထားသော ဝိညာဉ် အဆီ အနှစ် များသည် ဝမ်မိသားစုဝင် ကိုးယောက်မှ စုပ်ယူ ထားသော ဝိညာဉ် စွမ်းအင် များနှင့် ညီမျှလုနီးပါးပေပင်။
ရေကန်ဘေးတွင် ရပ်ကြည့်နေသော ဝမ်ကျီယဲသည် ထိုမြင်ကွင်းကြောင့် အောင့်သက်သက် ပြုံးလိုက်ကာ၊
'' ဒီကောင်လေးက နာကျည်းချက်ရှိနေတာလား၊ ဝမ်တျန်းသာ ဒီမှာရှိနေရင် သွေးအန်သွားနိုင်တယ်...''
လင်းယွန်ထံမှ ထပ်မံဖြစ်ပေါ်လာသော ရေဝဲနှစ်ခုသည်၊ ဝမ်ဖေးယီထံမှ ရွေ့လျား သွားခြင်း ဖြစ်ကြောင်း၊ ဝမ်ကျီယဲက သတိပြု မိလိုက်လေသည်။
***