← Chapters

ရွေးချယ်မှု။

Vol. 7 Ch. 98

ရွေးချယ်မှု။

Vol. 7 Ch. 98

အချိန်များတရွေ့ရွေ့ကုန်ဆုံး လာသည်နှင့်အမျှ၊ ဝိညာဉ် ရေကန်၏ ဝိညာဉ် စွမ်းအင် သိပ်သည်းဆသည် ကျဆင်းလာကာ၊ ကန်ရေမှာ ပိုမို ကြည်လင်လာသည်။

တစချိန်တည်းမှာပင်၊ ဝမ်ဖေးယီသည် တစ်စုံတစ်ရာ လွဲချော်နေပြီဟု ခံစားလိုက်ရ၏။

သူစုပ်ယူ နေသော ဝိညာဉ်စွမ်းအင် ပမာဏများ မယုံနိုင်လောက်အောင် နည်းပါး သွားသဖြင့်၊ မျက်လုံးများ ဖွင့်ကြည့် လိုက်ပြီး၊ အံသြသွား သည်။

မလှမ်းမကမ်းရှိ လင်းယွန်ဘေး၌ ရေဝဲ(11)ခု ဖြစ်တည်နေခဲ့ပြီး၊ ၎င်းတို့အတွင်းမှနှစ်ခုသည် သူ့ထံမှရွေ့လျားသွားခြင်း ဖြစ်လေသည်။

" လင်းယွန် မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ...."

အဆုံးမှာတော့ ဝိညာဉ်စွမ်းအင် များကို ထပ်မံစုပ်ယူရန် အတွက် နောက်ထပ် ဆယ်စုနှစ် တစ်ခု အထိ စောင့်ရ ဦးမည် ဖြစ်သည်။

ထို့ကြောင့်ပင် သူ့ထံမှ လုယူသွားသော လင်းယွန်အား အော်ဟစ် ကျန်ဆဲလိုက်ခြင်း မည်၏။

သို့သော် လင်းယွန်က သူ့ကို လုံးဝ လျစ်လျူရှု ထားကာ၊ ကျင့်ကြံမှု အတွင်း ၌သာ အောင်မြင်မှု ရယူရန် အာရုံစိုက် နေခဲ့သည်။

" ဦးလေးဝမ် ....မင်းက ဝင်မတားဖူးလား... "

ဝမ်ဖေးယီက နောက်ဆုံးတွင်၊ သူ့မျှော်လင့်ချက်ကို ဝမ်ကျီယဲထံ သို့သာ တိုင်ကြား ခြင်းဖြင့်၊ အပြောင်းအလဲကို စောင့်မျှော် လိုက်သည်။

'' မင်း ...ပိုအာရုံ စိုက်သင့် တယ်လို့ ထင်တယ်၊ ကြည့်စမ်း၊ သူက မင်းဆီကနေ ဝိညာဉ် စွမ်းအင်ကို အကုန် ဆုပ်ယူချင်ပုံပဲ ''

ဝမ်ကျီယဲက ပြုံးလျက် ပြန်ဖြေလာသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ဖေးယီမှာ အထိတ် တလန့်ဖြင့် ခေါင်းညိတ် လိုက်ပြီး၊ ကျိန်ဆဲသံနှင့်အတူ အဆုံးတွင် မျက်လုံးများကို မှိတ်ကာ၊ အတတ်နိုင်ဆုံး အားစိုက်လျက် ပြန်လည်စုပ်ယူခဲ့သည်။

ဝမ်ဖိန်းက ထိုမြင်ကွင်းအား မျက်ဝန်းထောင့်မှ အကဲခတ်နေခဲ့ပြီး၊ ပေါက်ကွဲ လုမတတ် ကြိတ်ရယ်မိသည်။

ဝမ်ဖေးယီနှင့် သူသည် အနာဂါတ် ဝမ်သခင်နေရာ အတွက်၊ အပြင်းထန် ဆုံးသော ပြိုင်ဘက်များ ဖြစ်ရာ၊ ထိုသို့သော အဖြစ်အပျက် များသည် သူ့အားများစွာ ကျေနပ်လာစေသည်။

ထို့အပြင် လင်းယွန်သည် ဝမ်မိသားစုအတွင်းသို့ ဝင်ရောက်ရန်၊ စိတ်ကူးထားရှိခြင်း မရှိပေရာ၊ ၎င်း၏သန်မာမှုသည် ဝမ်ဖိန်းအား ခြိမ်းခြောက်လာနိုင်ခြင်း မရှိသောကြောင့်၊ ဟန့်တားစွက်ဖက်လိုခြင်း မရှိပေ။

အချိန်ကြာ လာသည် နှင့်အမျှ လင်းယွန်၏ ပတ်ဝန်းကျင်ရှိ ရေဝဲဆယ့် တစ်ခုသည် တည်ငြိမ် သွားပြီး၊ သူမည်မျှပင် ထပ်မံ စုပ်ယူ ပါစေ၊ ကျင့်ကြံမှုသည် ရုတ်တရက် ရပ်တန့်သွားကာ၊ ကန့်သတ် ချက်သို့ ရောက်ရှိသွားခဲ့သည်။

ဤနေရာရှိ ဝိညာဉ်စွမ်းအင်များသည် အောင်မြင်မှုတစ်ခုအား ဆုပ်ကိုင်နိုင်ရန် သူ့အတွက် မလုံလောက်တော့ပေ။

" ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက် သလဲ၊ အဆင့်ချိုးဖြတ်နိုင်ဖို့ နည်းနည်းပဲ လိုတယ် ''

လင်းယွန်က မျက်လုံးများဖွင့်လိုက်ပြီး၊ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ် ပြောဆို လိုက်၏။ သူ့ ပတ်ပတ်လည်တွင် ဝမ်မိသားစု ဝင်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဝိညာဉ်စွမ်းအင် များကို အလောတကြီး စုပ်ယူနေကြဆဲပင်။

" ငါ့ရဲ့ သူငယ်ချင်းလေး၊ မင်းရဲ့ အရည် အချင်းက အကန့် အသတ်ရှိ ပုံရတယ်"

ဤလင်းယွန်သည် ဝိညာဉ်စွမ်းအင်များကို မည်မျှပင် စုပ်ယူနေပါစေ၊ အောင်မြင်မှုတစ်စုံ တစ်ရာအား မဆုပ် ကိုင်နိုင်ကြောင်း သတိပြု မိထားပြီး ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ဖေးယီက အားရပါးရ ပြုံးပြီး၊ လှောင်ပြောင် လိုက်သော်လည်း၊ လင်းယွန်က သူ့စကားအား ခွန့်တုန့်ပြန်ခြင်း မရှိပဲ၊ လျစ်လျူရှု ထားခဲ့ လေသည်။

" စီနီယာဝမ် ဒီရေကန်အောက်မှာ ဘာရှိလဲ "

'' မြေမီးတောက်တစ်ခုရှိတယ်၊ အပူရှိန်က အရမ်းပြင်းတော့ အနားတောင် မကပ်နိုင်ဘူး၊ ဘာလို့လဲ မင်းအောက်ကို ကြည့်ချင်လို့လား"

ဝမ်ကျီယဲက ပြုံးလျက် လင်းယွန်အမေးကို ပြန်ဖြေလိုက်သည်။

" အချိန်ပိုနေပြီဆိုတော့ ဘာလို့ မသွား ရမှာလဲ၊ ပြီးတော့ အဲ့ဒီနေရာမှာ၊ ဝိညာဉ် စွမ်းအင်တွေ ပိုသိပ်သည်း နိုင်မယ် မဟုတ်လား...''

" ဒါပေါ့ မင်းစမ်းကြည့်နိုင်ပါတယ်၊ ဒါပေမယ့် အရမ်းနက်နက်ထဲထိ မသွားပါနဲ့၊ မဟုတ်ရင် မင်းကို ငါတောင် ကယ်နိုင်မှာ မဟုတ်ဘူး ''

ဝမ်ကျီယဲက လင်းယွန်၏ အတွေးများကို နားလည်ထားမိပေသည်။ ဤလူငယ်လေးသည် အတော်ဝေးဝေးထိပျံသန်းနိုင်ရန်၊ သူ့ကိုယ်သူပင် ငဲ့ညာသနားခြင်း မရှိခဲ့ပေ။

ထိုကဲ့သို့သော လူတစ်ယောက်သည် သဘာဝအားဖြင့်၊ စွန့်စားခန်းများကို အလိုရှိကြောင်း သူ့အတွေ့အကြုံအရ သိနှင့်နေလေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာဝမ်၊... ''

လင်းယွန်က ဓားသေတ္တာအားထမ်းပိုးလျက် ရေနက်ပိုင်းအတွင်းသို့ ငုပ်လျှိုးသွားသည်။ သူကအတားအဆီးများကို ဖြတ်ကျော်ရန်၊ ပိုမိုသပ်သည်းသော ဝိညာဉ်စွမ်းအင်များကို လိုအပ်နေပေသည်။

ရေကန်အနက်ပိုင်းတစ်နေရာတွင် ထူးဆန်းသော အပင်များ ပေါက်ရောက် နေသော်လည်း၊ ၎င်းတို့သည် သူ့အတွက် အသုံးမဝင် လှပေ။

ဝမ်ကျီယဲသည် အစောထဲကပင်၊ အဖိုးတန်သော အရာ မှန်သမျှကို ရိတ်သိမ်းထားပုံ ရသည်။

ပိုမိုနက်ရှိုင်း လာသည် နှင့်အမျှ အပူရှိန် တရိပ်ရိပ် တိုးလာခဲ့ပြီး၊ ကံကောင်း ထောက်မ စွာဖြင့်၊ သူ့တွင် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ဖွဲ့စည်း နိုင်ခဲ့ခြင်း ကြောင့်သာ၊ ၎င်းကို ခံနိုင်ရည် ရှိခဲ့ပေသည်။

သို့သော် မီတာ တစ်ရာ ကျော်ကျော် ငုပ်လျိုး ပြီးသည် အထိ ရေကန်၏ အောက်ခြေအား မရောက်ရှိ သေးပေ။

ကံမကောင်းစွာဖြင့်၊ သူသည် အပူရှိန်ကို သည်းမခံနိုင်တော့ပဲ၊ ထို့ထက်ပို၍ နက်ရှိုင်းစွာ ဆက်သွားနိုင်ခြင်း မရှိတော့ချေ။

ထိုအကွာအဝေးတွင်၊ ဝမ်ကျီယဲ ပြောခဲ့သော မြေမီးတောက်ကို ယိမ်းနွဲ့လျက် တွေ့မြင်လိုက် ရလေသည်။

"ဒါက မြေမီးတောက် လား။"

စိတ်ဝင်စားစွာဖြင့် ဆက်လက်ငုတ်လျိုး လိုက်ရာ၊ မြေမီးတောက် ထံမှ တောက်လောင် နေသော အပူရှိန်ကို မခံနိုင် တော့ပဲ၊ ပြန်လည် ဆုတ်ခွာရန် ပြင်ဆင်နေချိန် မှာပင်၊ ရှေးဟောင်း ဓားသေတ္တာက အေးစက်သော အငွေ့အသက် များအား ထုတ်လွှတ်လာသည်။

'မြင့်မြတ်သောခရမ်းရောင်မီးရေခဲ'

ရှေးဟောင်းဓားသေတ္တာထံမှ ထွက်ပေါ်လာသောအရှိန်အဝါသည် သူ့အား အံ့အားသင့်သွားစေသည်။

'မြင့်မြတ်သောခရမ်းရောင်မီးရေခဲ' သည် ခရမ်းရောင်ရေခဲစာကလေး၏ မူလဝိညာဉ်ကို တံဆိပ်တစ်ခုအဖြစ် ချိတ်ပိတ်ထားခဲ့၏။

ထိုရေခဲစာကလေးသည် ရုတ်တရက် အသက်ဝင်လာပြီး ဓားသေတ္တာ၏ မျက်နှာပြင်ပေါ်၌ ၎င်း၏ အတောင်ပံများကို ခတ်လိုက်သည်ဖြစ်ရာ၊ ထိုကဲ့သို့ အေးစက်သော အငွေ့ အသက် များအား ခရမ်းရောင် ရေခဲစာကလေး ထံမှ ထုတ်လွှတ်လာခြင်း ဖြစ်သည်။

ဝမ်ကျီယဲသည် ရေကန်အတွင်းရှိ အဖိုးတန်အရာအားလုံးကို ရိတ်သိမ်းထား နိုင်လိမ့် မည်ဟု ယူဆထားသည် ဖြစ်ရာ၊ အကယ်၍သာ တစ်စုံတစ်ရာသော ရတနာ များကို ရှာဖွေ လိုပါက၊ ဝမ်ကျီယဲ မရောက် နိုင်ခဲ့သော နေရာများသို့ သွားရောက် ရှာဖွေရမည် ဖြစ်၏။

လင်းယွန်က သွားများကို ကြိတ်ကာ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ မြေမီးတောက်နှင့် နီးကပ်လာသော်လည်း ၎င်းအနီးသို့ရောက်ရန် နောက်ထပ် မီတာလေးရာကျော် ကူးခတ်သွားခဲ့ရသည်။

'' ဝှစ်.... ''

တရွေ့ရွေ့နီးကပ်လာသည်နှင့်အမျှ အပူရှိန်သည် ပြင်းရှလာခဲ့သော်လည်း၊ ဓါးသေတ္တာ ပေါ်ရှိ ခရမ်းရောင်ရေခဲ စာကလေးသည် ရေခဲ အငွေ့ အသက်များကို အဆက် မပြတ် ပို့လွှတ်ထား ခြင်းကြောင့်၊ ထိုအပူရှိန်မှာ၊ လင်းယွန် အပေါ်၊ သက်ရောက်မှု မရှိ နိုင်တော့ချေ။

အဆုံး၌ လင်းယွန်၏ မျက်လုံးများသည် လင်းလက်တောက်ပလာကာ၊ မြေမီးတောက်နှင့် မီတာအနည်းငယ်အကွာအတွင်း ရပ်လျက်၊ ရေကန်ကြမ်းပြင်အား လှည့်ပတ် ကြည့် လိုက်မိသည်။

အကယ်၍သာ မြေမီးတောက်သည် ဝိညာဉ်အမြုတေကို ဖွဲ့စည်းနိုင်ခဲ့ပါက ရတနာများအား မွေးဖွားပေးနိုင်ပေမည်။

နှမျောစရာကောင်းသည်မှာ၊ ယခုအချိန်၌ ၎င်းမီးတောက်သည် မွေးဖွားခါစဖြစ်ကာ စုပ်ယူသန့်စင်ရန် မဖြစ်နိုင်သေးပေ။

နာရီဝက်ခန့် ကြာအောင် ရှာဖွေခဲ့သော်လည်း မြေမီးတောက်မှလွဲ၍ မည်သည်ကိုမျှ မတွေ့ရသဖြင့် စိတ်ပျက်သွားခဲ့သည်။

".... ဒါကဘာလဲ...."

ရုတ်တရက် လင်းယွန်က မြေမီးတောက်နှင့်ခပ်လှမ်းလှမ်းရှိ လျှိုမြောင် တစ်ခုအား တွေ့မြင်လိုက်ရပြီး၊ ထိုလျှိုမြောင် ဆီသို့ ကူးခတ်သွားမိသည်။

ချဉ်းကပ်လာသည်နှင့်အမျှ လျှိုမြောင်သည် ပို၍ကျယ်လာပြီး၊ လူတစ်ကိုယ်စာဝင်ရောက်ရန် လုံလောက်အောင် ကျယ်ဝန်းနေခဲ့ပေသည်။

လင်းယွန်က မြေမီးတောက်ဝန်းကျင်၌ အခြားမည်သည့် အရာကိုမျှ ရှာမတွေ့ သောကြောင့်၊ အထဲသို့ ဝင်ရန် ဆုံးဖြတ် လိုက်သည်။

လျှိုမြောင်တစ်လျှောက် လျင်မြန်စွာ ကူးခတ်လာခဲ့ပြီး၊ အဆုံးတွင် ကျောက်စက် ပန်းဆွဲ များဖြင့်၊ ပြည့်နှက်နေသော ဂူကြီး တစ်ဂူအား တွေ့မြင်လိုက်ရသည်။

ထိုဂူကြီးသည် ရေကန်နှင့် သီးခြား ဖြစ်တည်နေခဲ့ပြီး၊ ၎င်းနှင့် ရေကန် အကြား တစ်ခုတည်းသော အဝင်လမ်းကို၊ လျှိုမြောင် ဖြင့်သာ ဆက်သွယ်ထားလေသည်။

" မြေမီးတောက်အနားမှာ ဂူကြီးတစ်လုံးရှိနေတာလား၊ ထူးဆန်းလိုက်တာ ''

လင်းယွန်က ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက်ကြည့်ကာ အကဲခတ်နေမိသည်။ ဂူအဝင်ဝသည် လျှိုမြောင်အတွင်း ငုပ်လျှိုး သွားပြီး၊ ဂူအတွင်းပိုင်းသည် အပေါ်သို့ တဖြည်းဖြည်းမြင့်တက်လာသည်ဖြစ်ရာ၊ ၎င်းသည် ရေပြင်နှင့်လွတ်ရာနေရာ၌ ခြောက်သွေ့ နေခဲ့ လေသည်။

ယခုအချိန်တွင် သူသည် ဝိညာဉ်စွမ်းအင် များကို စုပ်ယူ ထားမှုကြောင့်၊ ဒဏ်ရာများမှ ပြန်လည် ကောင်းမွန် လာခဲ့သည်။

ထို့ကြောင့်ပင် ဂူအမြင့်ပိုင်းထံသို့ တိုးဝင်လာပြီး၊ ဂူအတွင်းပိုင်းတစ်နေရာ အရောက်တွင်၊ ရေစက်ကျသံများကြောင့် ရပ်တန့် ရှာဖွေ လိုက်မိသည်။

'' ပ တောက်........ ပတောက် ''

လှိုဏ်ဂူအတွင်းတစ်နေရာရှိ ကျောက်ဆောင် ရေစက်လေးများကျနေသံကြောင့် ထိုနေရာသို့ သူ့အကြည့်များအား ပို့လွှတ်လိုက်ရာ ရုတ်တရက် မှင်တက်သွားမိသည်။

မျက်နှာကျက်တွင် တွဲလွဲခိုနေသော ဧရာမ ကျောက်စက် ပန်းဆွဲကြီး ထံမှ ကြည်လင်သော ရေစက်များ ကျနှင့်နေလေပြီ။

၎င်းသည် အောက်ခြေမျက်နှာပြင်၌ ရေအိုင်ငယ်သဖွယ် ရေစက်များအား စုစည်းဖြစ်တည်လာစေသည်။

ထိုရေစက်များသည် သဘာဝအတိုင်း ဖြစ်တည်လာသော ဝိညာဉ် အဆီအနှစ်များ ဖြစ်ကာ၊ ကျောက်ခွက်အင်တုံ အတွင်း၌ နို့နှစ်ရောင် အဖြစ် ပြောင်းလဲ တောက်ပ နေခဲ့သည်။

ကျောက်စက်ပန်းဆွဲထံမှ ဝိညာဉ် အဆီအနှစ် များမှာ လျှိုမြောင်မှ တဆင့်၊ ရေကန် အတွင်းသို့ တိုက်ရိုက် စီးဝင် လာခြင်း မရှိခေျ။

ထိုကျောက်အင်တုံ အတွင်းရှိ ဝိညာဉ်အဆီအနှစ် များသည်၊ မြေမီးတောက်၏ အပူရှိန်ကြောင့် အငွေ့ပျံ သွားကာ၊ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သော ရေကန် အတွင်းသို့ ရောနှော သွားခဲ့သည်။

ထို့ကြောင့်ပင် ရေကန်တွင်းရှိ ရေများ၌ ဝိညာဉ် စွမ်းအင် ပါဝင်နှုန်းများ လျော့နည်း သွားကာ၊ အဆင့်နိမ့် ဝိညာဉ်ရေကန် တစ်ခုသာ ဖြစ်နေခဲ့ခြင်း မည်၏။

လင်းယွန်၏ နှလုံးခုန်သံများသည် စတင်တုန်လှုပ်လာသည်။ ရေကန် ထဲရှိ အငွေ့ပျံရောနှော ထားသော ဝိညာဉ်စွမ်းအင် သည်ပင်၊ မိသားစု များစွာအား တိုက်ခိုက် နိုင်လောက်သည် အထိ အစွမ်းထက်ပေရာ၊ သို့ဆိုလျှင် ဤစုစည်း ထားသော ဝိညာဉ်အဆီအနှစ်များသည်၊ အဘယ်မျှပင် တန်ဖိုးဖြတ်၍ ရနိုင်မည်နည်း။

'' ..........ဝှစ် ''

လင်းယွန်က တုန့်ဆိုင်းခြင်းမရှိပဲ၊ ကျောက်စိမ်းပုလင်း များစွာကို ထုတ်ယူ လိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းပုလင်း ဆယ်ပုလင်းအား ဖြည့်လိုက် ပြီးနောက်၊ ဒေါသတကြီး ဆဲရေးမိ လိုက်၏။

အဘယ့်ကြောင့်ဆိုသော် သူ့ထံ၌ ထည့်သိမ်းစရာ ပုလင်းများ ထပ်မံမပါ ရှိတော့ပေ။ ကျောက်အင်တုံ အတွင်းရှိ အရည် များ၏ (1%)လောက် ကိုသာ ရယူနိုင်ခဲ့ပြီး၊ နှမျော တသစွာဖြင့် အံကြိတ်လိုက်မိသည်။

ရုတ်တရက် လင်းယွန်က ကျောက်စက် ပန်းဆွဲကို မျှော်ကြည့် လိုက်မိပြီးနောက်၊ သူ၏ မျက်လုံးများမှာ ဝင်းလက်လာလေသည်။

ဝိညာဉ်အဆီအနှစ် များသည် ကျောက်စက် ပန်းဆွဲကြီး ထံမှ သဘာဝအရ ဖြစ်တည် နေသော၊ အရင်း အမြစ်ကြီး ဖြစ်နေပေသည်။

၎င်းသည် (100)%သန့်စင်ပြီး၊ ကြည်လင်သော ဝိညာဉ်အဆီအနှစ်များကို မွေးဖွားပေးနေခြင်း ဖြစ်လေသည်။

ဝိညာဉ်အဆီအနှစ်များသည် သန့်စင်သိပ်သည်းမှု နှုန်းပေါ်မူတည်ကာ အရောင်များကွဲပြားလှ၏။ ပို၍ သန့်စင်လေလေ ပို၍ကြည်လင်လေလေ ဖြစ်သည်။

ကျောက်စိမ်းပုလင်းထဲရှိ ဝိညာဉ်စွမ်းအင် များသည် ထိုကျောက်စက်ပန်းဆွဲကြီးတွင် ဖြစ်တည်နေခဲ့သော ဝိညာဉ်အဆီအနှစ်များ၏ အဖျားအနားကိုပင် မမှီခဲ့ပေ။

" ငါ အဲဒါကို ဖြတ်ဖို့ ကြိုးစားရမယ်....''

လင်းယွန်က လေထဲသို့ ခုန်တက်ကာ စိတ်လှုပ်ရှားစွာဖြင့် ထိုကျောက်စက်ပန်းဆွဲ ကြီးအား စတင်ခုတ်ဖြတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ့နောက်ကျောဆီမှ အေးစက်သည့် ခံစားချက် များကြောင့် ကျောချမ်းစွာဖြင့် လှည့်ကြည့်လိုက်ပြီးနောက်၊ လျင်မြန်စွာ ရှောင်တိမ်းလိုက်ရသည်။

၎င်းသည် စူးရှတောက်ပသော မျက်လုံး နှစ်လုံးဖြင့် ပြင်းထန်စွာ တိုက်ခိုက်လာသော ကြက်သွေးရောင် မြွေကြီး တစ်ကောင် ဖြစ်လေသည်။

***

All Chapters