← Chapters

ညှိနှိုင်းခြင်း

Vol. 79 Ch. 1094

ညှိနှိုင်းခြင်း

Vol. 79 Ch. 1094

ဧကရာဇ်ကျားက အတွေးနက်နေမိသည်။ သူက ကိုယ့်ဘာသာ သတ်သေပြီး ပြန်လည်ရှင်သန်လာခြင်းက အခြေအနေကို ဖြေရှင်းဖို့ သက်ရောက်မှုအရှိဆုံး နည်းလမ်းမှန်း သိထားလေသည်။ သူ့ယခင်တိုက်ကွက်က အကြီးမားဆုံး ထိခိုက်မှုနှင့် သူ့အစစ်အမှန် စိတ်ဆန္ဒ ထိုးဖောက်မှုကို ဖြစ်စေဖို့ အချိန်ကိုက် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူ့အနေနှင့် ရန်သူက ပတ်ဝန်းကျင်ရှိ အစီအစဉ်ကျမှု - မကျမှုကို ပြောင်းလဲပြီး အသက်ရှည်နည်းစနစ် သို့မဟုတ် အရင်းအမြစ်များကို ပိတ်ပင်ထားခဲ့သည်။ သူ့ကိုယ်ပိုင်နည်းစနစ်ဖြင့် ဤမျှများများ ထိခိုက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒီနည်းလမ်းနဲ့ အသက်ပြန်ရှင်ဖို့ လုပ်လို့ရပေမဲ့ အဲလိုသာ လုပ်လိုက်ရင် တိုက်ပွဲ ချက်ချင်း ရှုံးသွားလိမ့်မယ် …

ဧကရာဇ်ကျားက သူ့ဒဏ်ရာနှင့် ထိခိုက်မှုအားလုံးကို လွဲပြောင်းပေးဖို့ လွဲပြောင်းရေးသင်္ကေတကို အသုံးပြုနိုင်သော်လည်း ဒဏ်ရာအားလုံးကို ခံယူပေးမည့် လူ လိုအပ်သည်။

“ဒီတိုက်ပွဲကို အဆုံးသတ်လိုက်ရင် ဘယ်လိုလဲ” ဧကရာဇ်ကျားက ပြောလိုက်သည်။

“ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ”

“ငါတို့မှာ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေရမဲ့ ရန်ငြိုးမှ မရှိတာ”

“စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကတော့ သဘောတူမယ် မထင်ဘူး ”

“ ငါ ဂိုဏ်းကနေ ထွက်လာတာ ကြာလှပေါ့” ဧကရာဇ်ကျားက ခေါင်းခါကာ ပြောလိုက်သည်။

“ဘာဖြစ်ဖြစ် မင်းက အဲဒါကို ဖျက်ဆီးပစ်တာမှ မဟုတ်တာ။ ဒါက လုံလောက်နေပါပြီ”

“တကယ်လား ”

“ဘယ်အရာမှ ထာဝရစည်ပင်ကြွယ်ဝ မနေနိုင်ဘူး။ သူတို့က ဒိုင်မေးရှင်းအနိမ့်မှာ အထွတ်အထိပ် ဖြစ်နေတာ အတော်လေး ကြာသွားပြီ။ အခု သူတို့ရဲ့ လွှမ်းမိုးမှုကို လက်လျော့ရမဲ့ အချိန်ပဲ။ မင်းလည်း ဒီသဘောထားကို နားလည်မှာပါ”

“ဒါပေါ့” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ တစ်ရက်ကျ တာအိုအခွင့်အလမ်းဂိုဏ်းသည်လည်း အဆင့်အတန်း ပျောက်ဆုံးကာ ဒိုင်မေးရှင်းအနိမ့်၏ လူအများလက်ခံထားသည့် လျို့ဝှက်အုပ်ချုပ်သူဟုသော ဂုဏ်ပုဒ် ဆုံးရှုံးသွားရနိုင်သည်။ အကယ်၍ သူသာ အဲဒီအချိန်မတိုင်ခင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ရောက်သွားပါက စည်းမျဉ်းများက သက်ရောက်မှုရှိမည် မဟုတ်ပေ။

“ အဲဆိုတော့ မင်းသဘောကရော ”

“ ကျုပ် သဘောမတူရင်ရော ”

“ ဘာလို့လဲ။ ငါ မင်းကို တိုက်နေတာက မင်းက ငါ့ပြန်လည်ဝင်စားမှုကို နှောင့်ယှက်တယ် ထင်လို့လေ” ဧကရာဇ်ကျားက ရုတ်တရက် ရပ်တန့်လိုက်ပြီးနောက်

“မင်းက သင်္ကေတလေးသွယ်ကြေးမုံ လိုချင်တာလား”

“ဒါပေါ့ ဒီလိုပစ္စည်းမျိုးက ကျုပ်ဂိုဏ်းအတွက် အုတ်မြစ် ဖြစ်လာနိုင်တယ်လေ”

ဧကရာဇ်ကျားက ခဏတွေးတောကာ ပြောလိုက်သည်။

“မင်းကို ပေးမယ်”

“ဒီလောက်တောင် ရိုးရှင်းတယ်လား။ ခင်ဗျားက ဒီလိုအဖိုးတန်ရတနာကို ဘာလို့ လိုလိုလားလား ပေးချင်နေတာလဲ”

“ ဒါက မျိုးဆက်အနည်းငယ်အတွင်း ပျက်သုန်းသွားလိမ့်မယ်” ဧကရာဇ်ကျားက ပြန်ဖြေလိုက်သည်။

“ပျက်သုန်းသွားမယ်တဲ့လား။ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်မှာ ဒီအရာရဲ့ တည်ရှိမှုကို လက်မခံတော့ဘူးလား”

“ဟုတ်တယ်”

ဝမ်ဝေ့က တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားနေရပြီး အမှန်တရားက အကျိုးအကြောင်းသင့်နေသည်။ သူက အမှားကို ရှာမတွေ့သော်လည်း ထိုလူက အမှန်အတိုင်း ပြောနေခြင်း မဟုတ်ကြောင်း ခံစားချက်ရနေသည်။

“ ကျုပ်က ခင်ဗျားရဲ့ လိုလားမှုကို သဘောကျပေမဲ့ ကျုပ် ငြင်းဆန်ရလိမ့်မယ်”

“ဘာလို့လဲ” ဧကရာဇ်ကျားက ထိုအမျိုးသားသည် အကျိုးအကြောင်းသင့်သူဟု ထင်ထားခဲ့မိသည်။

“အကြောင်းအရင်းကတော့ ကျုပ်က ခင်ဗျားရဲ့ အမွေအနှစ်ကို လိုချင်လို့”

“အမွေအနှစ်တဲ့လား။ အဲဒါက ဘာကိုပြောတာလဲ” သူက နားမလည်ဘဲ မေးလိုက်သည်။

“သရုပ်ဆောင်ကောင်းလိုက်တာ ဒါပေမဲ့ အသုံးမဝင်ဘူး” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ ခင်ဗျားက တားမြစ်နယ်မြေအဆင့် ရောက်အောင် လုပ်နိုင်တဲ့ တာအိုခန္ဓာလေ့ကျင့်မှုအကြောင်း သင်ပေးတာကို ပြောနေတာ”

ဧကရာဇ်ကျားက အမူအရာ၊ အရှိန်အဝါ ပြောင်းလဲခြင်းမရှိ တည်ငြိမ်နေသည်။

“ ကြည့်ရတာ ငါ မတော်တဆ သတင်းအချက်အလက်အများကြီး ထုတ်ပြောမိသွားတဲ့ပုံပဲ”

ပြန်တွေးကြည့်လိုက်ပါက သူ လုပ်ခဲ့မိသည့် အမှားများကို သဘောပေါက်သွားခဲ့သည်။ သူ အသိပြန်ဝင်လာပြီးသည့်နောက် စကားများကို ရေရွတ်လိုက်ပြီး သတင်းအချက်အလက်များကို ထုတ်ဖော်ခဲ့မိသည်။ ထို့နောက် တိုက်ပွဲအတွင်း သူက ဤဘဝအသစ်နှင့် ခန္ဓာကိုယ်အသစ်တို့ဖြင့် နေသားကျစေဖို့ သတင်းအချက်အလက် ထုတ်ဖော်မိခဲ့သည်။ ဝမ်ဝေ့လို လူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ အသေးငယ်ဆုံး အရိပ်အမြွက်ကပင် ပဟေဠိအားလုံးကို အဖြေထုတ်နိုင်ဖို့ လုံလောက်၏။

“ခင်ဗျား လုပ်ခဲ့တာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါကလွဲရင် အရာအားလုံးက ညှိနှိုင်းလို့ ရပါတယ်”

“အဲဆိုရင်တော့ ကျုပ်တို့ဆီမှာ ဘာမှပြောစရာ မကျန်တော့ဘူး”

“ ဒါက မင်းအတွက် အသုံးဝင်လို့လား” ဧကရာဇ်ကျားက ဆက်ပြောလိုက်သည်။

“မင်းအနေနဲ့ အစကနေ ပြန်စတင်ရလိမ့်မယ်။ နဝမအဆုံးစွန် အုတ်မြစ်လိုမျိုး သမာရိုးကျ မဟုတ်တဲ့ တခြားနည်းလမ်းတွေ မရှိဘူး။ အဲဆိုတော့ ဒီလမ်းစဉ်ကို လျှောက်လှမ်းဖို့ အရာအားလုံး လက်လျော့ဖို့ အဆင့်သင့်ဖြစ်ပြီလား”

“အဲလို ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အဲဒါက ကျုပ် ဆုံးဖြတ်ရမဲ့ အရာပါ ”

“မင်းက ကြမ္မာအမြောက်အများ သယ်ဆောင်ထားတဲ့လူ … ဒီတားမြစ်အဆင့်တစ်ခုအတွက် အရာအားလုံကို လက်လျော့ချင်တာလား”

“ကျုပ် လက်လျော့မလား၊ လက်မလျော့မလားဆိုတာ မေးခွန်း မဟုတ်ဘူး။ ကျုပ်ဆီမှာ ရွေးချယ်စရာရှိလားဆိုတာပဲ ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“ကျုပ် အမွေအနှစ်ကို ရတာနဲ့ အားလုံး လက်လျော့ဖို့ ထိုက်တန်ရဲ့လားဆိုတာ သိရမယ်လေ ”

“ ဒီလိုဆိုရင် တားမြစ်နယ်မြေအဆင့်ပေါ် ငါ့နားလည်မှုအကြောင်း ပြန်ပြောရရင်ရော။ နည်းလမ်းအတိအကျကလွဲရင် အားလုံးကို ပြောပြပေးမယ်”

“မရသေးဘူး” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။ ဧကရာဇ်ကျားက စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီး ရွေးချယ်ဖို့ စဉ်းစားနေသည်။ သူက သတင်းအချက်အလက်ကို ထုတ်ဖော်လိုက်ရမည်လား ဒါမှမဟုတ် အန္တရာယ်ကို ရင်ဆိုင်လိုက်ရမည်လား ဆုံးဖြတ်ရမည်။ နောက်ဆုံးတွင် သူက အလောင်းအစားထပ်ဖို့ ဆုံးဖြတ်လိုက်၏။

“ငါ့နည်းလမ်းက ပြစ်ချက်ရှိနေတယ်ဆိုရင်ရော ”

“အဲဒါက ဘာကိုပြောတာလဲ”

“ဒီနည်းလမ်းက ငါးဘဝမြောက် ပြန်လည်ဝင်စားခြင်းအထိပဲ ရောက်နိုင်တာ။ ခြောက်ဘဝကနေ ကိုးဘဝမြောက်အထိကျမှ တားမြစ်နယ်မြေအဆင့်ကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်မှာ။ ဒါပေမဲ့ အမွေအနှစ်ထဲမှာ ကျန်တဲ့အပိုင်း မပါဘူး”

ဝမ်ဝေ့က မျက်မှောင်ကျုံ့ကာ သူက အမှန်အတိုင်း ပြောနေတာလားဟု စဉ်းစားနေသည်။

သူက အမှန်အတိုင်း ပြောနေတာ ဖြစ်နိုင်တယ်။ သူက ငါ့ကို လိမ်ညာနေတာ မဟုတ်အောင် သေချာဖို့ ငါ့ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်ဆိုတာ သူလည်း ခန့်မှန်းမိမှာပါ ..

“အဲဆိုတော့ ခင်ဗျားက ခြောက်ကြိမ်မြောက် ပြန်လည်ဝင်စားရင် ဘယ်လိုဖြစ်မှာလဲ” သူက မေးလိုက်သည်။

“အစစ်အမှန် ကောင်းကင်တာအိုက ငါ့ကို ချက်ချင်း သတိထားမိသွားလိမ့်မယ်” ဧကရာဇ်ကျားက အမှန်အတိုင်း ပြောလိုက်သည်။

“အဲဒါက အဓိပ္ပါယ်တော့ရှိတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“နှမြောစရာကောင်းတာက ကျုပ်အဖြေက အတူတူပဲ”

“ဘာလို့လဲ။ ငါ့ဘက်က ယုံကြည်ရတယ်ဆိုတာ ပြသပြီးပြီ မဟုတ်ဘူးလား”

“ တားမြစ်နယ်မြေအဆင့် နည်းလမ်းက ခင်ဗျားရဲ့ အမွေအနှစ်ထဲ အဖိုးတန်ဆုံး အပိုင်း မဟုတ်ဘူးဆိုတာ ကျုပ် မသိဘူးလို့ ထင်နေတာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဝိရောဓိကို သုံးပြီး အစစ်အမှန်ကောင်းကင်တာအိုရဲ့ မှတ်တမ်းကို ပြောင်းလဲပစ်ပြီး ခင်‌ဗျားကို လျစ်လျူရှုအောင် လုပ်တဲ့ နည်းလမ်း … အဲလိုဟာမျိုးကို ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ”

ဧကရာဇ်ကျားက သက်ပြင်းချလိုက်သည်။ သူက ဝိရောဓိအကြောင်း ပေါက်ကြားမသွားအောင် အကောင်းဆုံး ကြိုးစားထားခဲ့သော်လည်း ခရမ်းကောင်းကင်ဘုံကျောင်းမှ လူများက ခေါင်းမာကြပြီး တချို့က သူ့လက်ထဲမှ လွတ်မြောက်သွားခဲ့ကြသည်။ သူက သူတို့ကို ဖြေရှင်းပြီးသည့်အချိန် နောက်ကျသွားပြီ ဖြစ်၏။ သူက ထိခိုက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သော်လည်း ကမ္ဘာရှိ လူများက မတုံးအကြပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က ဝိရောဓိအကြောင်း သိသွားသည်နှင့် သူ့အစီအစဉ်တချို့ကို သိသွားသည်မှာ နားလည်၍ ရပေသည်။

“ ညှိနှိုင်းနေစရာ မလိုတော့ဘူး ထင်တယ်”

ဝမ်ဝေ့က ပခုံးတွန့်လိုက်၏။ သူ့အနေနှင့် ထိုလူက အမွေအနှစ်ကို လက်ဆင့်ကမ်း မပေးလိုကြောင်း သိထားလေသည်။ အကယ်၍ သူသာ ထိုလူနေရာဆိုပါက တူညီသည့် ရွေးချယ်မှုကို ပြုလုပ်မိလောက်သည်။

ဒဏ်ရာဖိနှိပ်ခြင်း သင်္ကေတ

ဧကရာဇ်ကျားက ဒဏ်ရာများကို ဖိနှိပ်ထားလိုက်သည့်အတွက် သူ့ခန္ဓာကိုယ်အထက် လောင်ကျွမ်းရာများက ပျောက်ကွယ်သွားခဲ့ပြီး အထွတ်အထိပ် အခြေအနေ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် သူက အမှားအယွင်းတာအို - အနှောင့်အယှက် သင်္ကေတကို ထုတ်သုံးခဲ့သည်။

ကမ္ဘာကြီးက ရုတ်တရက် မှောင်မည်းသွားပြီး ပျက်စီးနေသည့် သံကြိုးများက နေရာအနှံ့ ပြန့်ကျဲနေသည်။

ဝမ်ဝေ့က ထိုသံကြိုးများကို လေ့လာလိုက်စဉ် သူတို့က မဟာတာအိုအရင်းအမြစ်၏ သံကြိုးများနှင့် တူနေလေ၏။ သူက သူတို့ကျိုးပျက်နေသည့် သံကြိုးထဲ သေးငယ်သည့် သင်္ကေတတချို့ကို မြင်လိုက်ရသည်။

ဒါက …

ဝမ်ဝေ့က သူ့တာအို ကောင်းကောင်း အလုပ်မလုပ်တော့ကြောင်း သိလိုက်ရ၍ အံ့အားသင့်သွားသည်။

မဟုတ်သေးဘူး … သူက ကံကြမ္မာတာအိုမှလွဲ၍ ကျန်အရာများကို ဆင့်ခေါ်၍ မရတော့ပေ။ ကံကြမ္မာတာအိုသည်ပင် နှေးကွေးနေသည့် ကွန်ပျူတာအိုကြီး တစ်လုံးလို ဖြစ်နေ၏။

ဒီနည်းစနစ်က ပြောင်မြောက်တာထက်တောင် လွန်နေသေးတယ်…

ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုနည်းစနစ်သည် ဧကရာဇ်ကျား၏ သင်္ကေတာအို အထွတ်အထိပ် ဖြစ်ကြောင်း ပြောနိုင်လေ၏။ သူက ဘဝငါးခုလုံး အချိန်ကုန်ဆုံးကာ လေ့ကျင့်ထားခြင်း ဖြစ်၏။

အဆုံးသတ်လိုက်ရအောင် …

ဝေဟင်အထက် သံကြိုးများ ပေါ်ထွက်လာပြီး ဝမ်ဝေ့ဆီ ပြေးဝင်လာသည်။ သူက ကံကြမ္မာတာအိုဖြင့် သူ့ဝန်းကျင်တွင် စကြဝဠာအသစ်တစ်ခု ဖန်တီးပြီး သူ့တိုက်ပွဲကွင်းပြင်နှင့် ထိုနည်းစနစ်ကြား ပိုင်းခြားဖို့ လုပ်ခဲ့သည်။ သို့သော် ထိုအရာက အောင်မြင်ဖို့ သုံးနာရီခန့် ကြာမြင့်မည် ဖြစ်ကြောင်း သတိပြုမိလိုက်၏။

သူတို့လိုအဆင့် သက်ရှိများအတွက် အက်တိုစက္ကန့်နှင့်ပင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်သောကြောင့် သုံးနာရီကြာမြင့်ခြင်းက အမြောက်အများ ဖြစ်နေသည်။ သူက တခြားတာအိုများကို အသုံးပြုဖို့ မကြိုးစားကြည့်တော့ပေ။ သူ့အနေနှင့် ထိုအရာများက ပိုဆိုးရွားနေမည်မှန်း သိထားလေ၏။

ငါ့ခန္ဓာကိုယ်က အားပျော့နေသေးပေမဲ့ တာအိုလောက် မဆိုးဘူး …

ဝမ်ဝေ့က နည်းဗျူဟာ အပြောင်းအလဲ လုပ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သော်လည်း သံကြိုးများက မြန်ဆန်လွန်းနေသည်။ သူက အချိန်အတော်ကြာ ရှောင်ရှားနိုင်မည် မဟုတ်ကြောင်း သိနေ၏။

အဆီအနှစ်၊ ချီ၊ စိတ်ဝိညာဉ် ပြောင်းလဲရေး

သူက အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်စွမ်းအား အားလုံးကို ရုပ်ပိုင်းဆိုင်ရာ ခွန်အားအဖြစ် ပြောင်းလဲပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အားကို တိုးမြင့်ခဲ့သည်။ သူက သက်ရောက်မှုအပြည့်အဝ ရှိစေဖို့ အစစ်အမှန်ဆန္ဒကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အားဖြည့်ခဲ့သည်။

ငါ့တာအိုက အပြင်ပိုင်း အလုပ်မဖြစ်မှတော့ အတွင်းပိုင်း အလုပ်ဖြစ်နိုင်တယ်…

ဝမ်ဝေ့က သူ့တာအိုကို ခန္ဓာကိုယ်ကို တိုးတက်ဖို့ အသုံးပြုလိုက်သည်။

ဘန်း

ဝမ်ဝေ့က သံကြိုးကို လက်သီးဖြင့် ထိုးချလိုက်ပြီး အနည်းငယ် ကျိုးပဲ့သွားစေသည်။ ဧကရာဇ်ကျားက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဒီလိုကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေးဉာဏ် …

ဤသည်က သူ့အောင်မြင်မှု၏ အထွတ်အထိပ် ဖြစ်သော်လည်း ထိုလူက နေသားတကျ ဖြစ်စေပြီး အသက်ရှင်ဖို့ လုပ်ဆောင်နိုင်ခဲ့သည်။

သံကြိုးအရှည်ကြီးက ရွှေရောင်အလင်းမိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝမ်ဝေ့က ရှောင်ရှားဖို့ ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်၏ အရှိန်နှင့် ခုခံမှုဖြင့်ပင် မြန်ဆန်လွန်းကာ များပြားလွန်းနေသည်။ ထို့အပြင် သူတို့က သူ့ကို စူးဝင်သွားသောကြောင့် သူ့ခန္ဓာကိုယ်နှင့် အတွင်းအင်္ဂါစနစ်သည် အနှောင့်အယှက် ပေးခံလိုက်ရကြောင်း သဘောပေါက်သွား၏။

သူက တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း စိတ်ထဲ တွက်ချက်နေသည်။ သူက အနာဂတ်ဗုဒ္ဓကိုယ် ၃၆၅ ခုလုံးကို အသက်သွင်းကာ တန်ပြန်နည်းလမ်းကို ရှာဖွေနေသည်။ သူက တွေးတောရင်းဖြင့် သူ့အဆီအနှစ်ကို ပြောင်းလဲကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အက်တမ်တိုင်း၊ အမှုန့်တိုင်းအဖြစ် ပြန့်ကျဲစေလိုက်၏။

ဤသို့ကြောက်ဖို့ကောင်းသည့် အခြေအနေမျိုးတွင် ဧကရာဇ်ကျားက သူ့အက်တမ်တိုင်းကို ပစ်မှတ်ထားရမည် ဖြစ်သော်လည်း တစ်ခုချင်းစီက ဝမ်ဝေ့၏ ဆန္ဒနှင့် ရှောင်ရှားနိုင်စွမ်းတို့ ပါဝင်နေသည်။ ထို့အပြင် အက်တမ်များက လူတစ်ယောက်လုံး ပေါင်းစည်းထားသည်ထက် မြန်မြန်ဆန်ဆန် ရွေ့လျားနိုင်ကြ၏။

All Chapters