← Chapters

ကြောက်ဖို့ကောင်းသည့် ရန်သူ

Vol. 79 Ch. 1096

ကြောက်ဖို့ကောင်းသည့် ရန်သူ

Vol. 79 Ch. 1096

ဝမ်ဝေ့ ပထမဦးဆုံး တွေးမိသည့်သူက ကာဒီနယ်ခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းကင်စီရင်သူ ဖြစ်၏။ ဝူဟုန်၏ မှတ်စုစာအုပ်ထဲမှ သူသည် ကာဒီနယ်ခြောက်ယောက်၏ နာမည်များကို သင်ယူခဲ့ရသည်။ အကယ်၍ ကာလံဒေသံကို ဖြတ်ကျော်ပြီး သူ့ကို ရင်ဆိုင်ဖို့ လှည့်ကွက်၊ အင်အားနှင့် ဗဟုသုတတို့ ရှိသည့်သူဖြစ်မည်ဆိုပါက ထိုသူသာလျှင် ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော်လည်း ဝမ်ဝေ့က ထိုကောက်ချက်ချမှုကို အကြောင်းအရင်းတချို့ကြောင့် ဝန်လေးနေမိသည်။ အမွေအနှစ်က အစစ်အမှန်ကောင်းကင်တာအိုကို ဖန်တီးထားသည့်သူဆီမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ထိုအကြောင်းကို လေ့လာပြီးသည့်နောက် သိရှိလာသည့်သူထံမှ ရောက်ရှိလာခြင်း ဖြစ်၏။ ဒုတိယအနေဖြင့် ထိုအမွေအနှစ်သည် ငါးခုမြောက် ပြန်လည်ဝင်စားခြင်းအထိ ရောက်ရှိလာပြီး ပိုင်ရှင်အား ပင်မအရင်းအမြစ် ဟွင်သွမ်းကမ္ဘာများ မဟုတ်သည့် နေရာများ မဟုတ်သည့် နေရာသို့ သွားဖို့ရာ အကြံပြုထားခြင်းသည် စွမ်းအားကန့်သတ်ချက်ရှိသည့်သူမှ လုပ်ဆောင်ထားသည့် အရိပ်အယောင် ဖြစ်လေသည်။

ဝမ်ဝေ့က ကောင်းကင်စီရင်သူသည် သူ့သံသယကို ဖုံးကွယ်ဖို့ တမင်လုပ်ဆောင်ခဲ့နိုင်သည့် ဖြစ်နိုင်ချေကိုလည်း ထည့်တွက်ထားခဲ့သည်။ အမွေအနှစ်ကို ဆက်လက်လုပ်ဆောင်ဖို့ ကမ္ဘာမှ ထွက်သွားဖို့ မှတ်ချက်ပေးခြင်းက နောက်ထပ် ထောင်ချောက်တစ်ခုဖြစ်နေနိုင်သည်။

ဝမ်ဝေ့ ဒုတိယ သံသယရှိသည့်သူက ကောင်းကင်စာအုပ်စံပြ ဖြစ်၏။ ကောင်းကင်ဘုံတာအို၏ စံပြရာထူး သို့မဟုတ် အဆင့်အတန်းကို ကိုင်ဆောင်ထားသည့် သူတစ်ဦးအနေဖြင့် သူသည် ထိုအမွေအနှစ်အတွက် ဗဟုသုတနှင့် စွမ်းဆောင်ရည်တို့ ရှိလိမ့်မည်။ ကံကြမ္မာကြယ်စင်အနေဖြင့် ကောင်းကင်စာအုပ်စံပြက ဤသို့ပြောင်မြောက်သည့် အတွေးအခေါ်မျိုးကို ကောက်ချက်ချနိုင်ဖို့ ဉာဏ်ရည်မျိုး ရှိလိမ့်မည်။

ပြဿနာက ဒီလူက ငါ့ကို ဘာလို့ ပစ်မှတ်ထားနေရတာလဲ။ ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ခေတ္တမျှ သုံးသပ်ပြီးသည့်နောက်တွင် အကြောင်းအရင်းများကို အဖြေထုတ်လိုက်နိုင်၏။ စံပြအဆင့် အဆုံးသတ်ကို ရောက်ရှိနေသည့် ကောင်းကင်စာအုပ်စံပြလို လူမျိုးက ဘယ်အရာကို လိုချင်မည်နည်း။ အဖြေက သိသာလှသည်။ ထိုအရာက သူ့အဆင့်တွင် ရှိသည့်သူအားလုံးအတွက် အကျုံးဝင်လေ၏။ ထူးကဲသာလွန်မှုအဆင့် ဖြစ်သည်။

ကောင်းကင်စာအုပ်က ဒုတိယမူလစစ်ပွဲမှာ မပါဝင်ခဲ့ဘူး။ ဘာကြောင့်လဲ။ သူက မလုပ်နိုင်တာလား။ ဒါမှမဟုတ် မလုပ်ချင်လို့လား။ ဒီလူ တွေးခေါ်ပုံအတိုင်း လိုက်ရင် သူက ဘာလို့ ကြီးမားတဲ့ဖြစ်ရပ်မှာ ဘာလို့မစဉ်းစားခဲ့ရတာလဲ…

သူက ဒါက အလုပ်မဖြစ်ဘူးဆိုတာကို သိနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ထူးကဲသာလွန်မှုကိုရဖို့ တခြားနည်းလမ်းတစ်ခုရှိနေတာလား။ နှစ်ခုလုံးလည်းဖြစ်နေနိုင်တယ်…

ကောင်းကင်စာအုပ်၏ ဉာဏ်ရည်ဖြင့် ချီယွမ် ရယူလိုသည့်အရာနှင့် ရှုံးနိမ့်မှုအကြောင်း ကောက်ချက်ချဖို့ရာ ခက်ခဲမည်မဟုတ်ပေ။

အဲဒါဆိုတော့ သူက ဖြစ်ရပ်ကို သုံးပြီးတော့ သူ့ရဲ့ စွမ်းအားနဲ့ လုံလောက်မှုကို ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို ဖြန့်ဝေခဲ့တာပဲ…

ဝမ်ဝေ့က ကောင်းကင်စာအုပ်စံပြသည် မည်မျှအကြံကြီးကြောင်း သဘောပေါက်သွားသည့်အခါ ကြက်သီးပင်ထလာမိသည်။ သူက ဟွင်သွမ်းစကြဝဠာတစ်လျှောက် မပြီးမပြတ်အခြေအနေတွင် ရောက်ရှိနေသည့် စံပြအားလုံးကို အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်၏။

တကယ်လို့ ငါသာ သူ့နေရာမှာဆိုရင် ပင်မဟွင်သွမ်းအရင်းအမြစ်ကမ္ဘာနဲ့ တခြားကမ္ဘာတွေတိုင်းမှာ နယ်ရုပ်တွေထားမှာ

အဲဒီကပ်ပါးတွေကရော သူနဲ့ ဆက်နွယ်နေလား…

ဝမ်ဝေ့က ထိုအရာသည် ဖြစ်နိုင်ချေရှိကြောင်း တွေးလိုက်မိသည်။

သူတို့က တစ်ခါက ကောင်းကင်စာအုပ်ရဲ့ နယ်ရုပ်တွေ ဖြစ်နေနိုင်ချေရှိတယ်။ ဒါပေမဲ့ မေတ္တယျနဲ့ အန္တိမသဟဇာတတို့ ပြန်လည်ပေါ်ထွက်လာပြီးတဲ့နောက်မှာ သူတို့ကို စွန့်ပစ်လိုက်ရမှာပဲ…

ဝမ်ဝေ့က အခြေအနေ၏ လေးနက်မှုကို သဘောပေါက်သွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ကောင်းကင်စာအုပ်စံပြ၏ အနာဂတ်ကိုယ်က မဟာတာအိုနှင့် မဟာမိတ်ဖွဲ့ထားနိုင်ချေပင် ရှိသည်။ အကြွင်းမဲ့တားမြစ်ချက်ဖြစ်ရပ်မှ သူ့နက်နဲသည့် အုတ်မြစ်ဖြင့် သူသည် ရင်ဆိုင်ရခက်သည့် ရန်သူတစ်ယောက်ဖြစ်၏။

မဟုတ်သေးဘူး။ ဒါက သူ့ရဲ့ အနာဂတ်ကိုယ်တင် မဟုတ်ဘူး။ စံပြတွေက အချိန်မြစ်ကြောင်းကို ဝင်ရောက်စွက်ဖက်တဲ့နေရာမှာ ပိုပြီးတော့ နည်းလမ်းတွေ ပိုပြီးတော့ ရှိတယ်။ သူ့အနေနဲ့ မဟာတာအိုနဲ့ ဆက်သွယ်ထားပြီဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး…

ဝမ်ဝေ့က တက်လှမ်းသွားပြီးသည့်နောက်တွင် အကြီးမားဆုံးရန်သူက ကပ်ပါးများ မဟုတ်ဘဲ ကောင်းကင်စာအုပ်စံပြ ဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဒါက အဓိက ပြဿနာကြီးပဲ။

ဧကရာဇ်ကျားနှင့် ရင်ဆိုင်ပြီးသည့်နောက်တွင် သူ့ငယ်ရွယ်နေမှုက အားနည်းချက်တစ်ခု ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့၏။ သူသည် ပါရမီထူးကဲနေသော်လည်း တချို့သော လူအိုကြီးများက သူ့ရှေ့တွင် အချိန်များစွာ ပိုင်ဆိုင်ထားပြီး သူတို့၏ နည်းစနစ်နှင့် စွမ်းရည်များက သူ့ပါရမီဖြင့် ဟာကွက်ကို ဖြည့်တင်းဖို့ မလုံလောက်တော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူက အချိန်မြှင့်တင်ရေး အစီအရင်ဖြင့် အစားထိုး အသုံးပြုနိုင်သော်လည်း ကောင်းကင်စာအုပ်ကဲ့သို့သော သူများက အချိန်မြှင့်တင်ရေးကို အသုံးပြုနိုင်သည့်အတွက် သူ့အရေးသာချက်က အသုံးမဝင်ဖြစ်သွားရသည်။

ငါ့အနေနဲ့ အချိန်ကို နောက်ပြန်ဆုတ်ပြီး အသုံးချဖို့ နည်းလမ်းကို ရှာရမယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒီလိုအချိန်မျိုးမှာ ကမ္ဘာဦးဟွင်သွမ်းထဲမှာရှိတဲ့ ငါ့အချိန်က အသုံးဝင်သင့်တယ်…

(မှတ်ချက် - အသင်္ချေဝါးမျိုသူဖြစ်ခဲ့တုန်းက အချိန်ကို ပြေတာပါ)

သူက အချိန်အများစုကို ကမ္ဘာမြေမှ သူ့အကျင့်စရိုက်နှင့် ကျင့်ဝတ်တို့ကို ထိန်းသိမ်းထားခြင်းဖြင့် ကုန်ဆုံးလေ့ရှိပြီး ထိုမကောင်းဆိုးဝါးအိုကြီးများဖြင့် ယှဉ်နိုင်လောက်သည့် အနေအထားရောက်အောင် သူ့ဝိညာဉ်နှင့် စုပ်ယူရေးကျင့်စဉ်တို့ကို လေ့ကျင့်ထားသင့်သည်။ သူ လုပ်ဖို့ လိုအပ်သည်က ထိုနည်းစနစ်များသည် ယွမ်ခေတ်ကာလသန်းပေါင်းများစွာ သန့်စင်ထားပြီး သူ့လက်ရှိတာအိုတို့ဖြင့် ပေါင်းစည်းလိုက်ဖို့ ဖြစ်သည်။

ဝမ်ဝေ့က သူ့ဝိညာဉ်မှ စည်းတံဆိပ်ကို စစ်ဆေးကြည့်လိုက်သည်။ ယခု သူက အတိတ်က ကံကြွေးများကို မရင်ဆိုင်လိုသည့်အတွက် ဖွင့်လှစ်ရမည့် အချိန်မဟုတ်ကြောင်း သိထားသည်။ သို့သော် ထိုမှတ်ဉာဏ်များက စံပြအဆင့်တွင် အဖိုးတန်လာလိမ့်မည်။

ဝမ်ဝေ့က ဧကရာဇ်ကျားကို အာရုံစိုက်လိုက်သည်။ သူက ထိုသူ၏ နဖူးအထက် လက်ညိုးထိုးကာ သူ့ဝိညာဉ်ကို စွမ်းအင်အဖြစ် ပြောင်းလဲပြီး သူ့စိတ်ဝိညာဉ် အမှုန်တစ်ခုထဲ ပေါင်းစည်းလိုက်ပြီး ခန္ဓာကိုယ်အတွက် ဝိညာဉ်အသစ် ပေးလိုက်သည်။ သူက ဧကရာဇ်ကျား၏ ကံကြိုးမျှင်ကို မည်သူကမှ ကွဲပြားချက် မပြောနိုင်လောက်အောင် ကောင်းချီးပေးခဲ့၏။

“မင်း ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ထိုသူက မျက်လုံးဖွင့်လိုက်သည်။

“သိပါပြီ” ဧကရာဇ်ကျား၏ ခန္ဓာကိုယ်က ရုတ်တရက် ဖြူဖျော့သွားပြီး ဘယ်ဖက်လက် မပြတ်တောက်ခင် ခပ်မှိုင်းမှိုင်း အစက်အပြောက်များ ပေါ်ထွက်လာသည်။ သူက လေဟာနယ်တိုက်ပွဲကွင်းပြင်မှ ထွက်ခွာသွား၏။

သူ ထွက်ခွာသွားသည်နှင့် ဝမ်ဝေ့က လက်ညှိုးထိုးကာ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက မူမမှန်မှုကို ခံစားမိလိုက်ကြသော်လည်း အကြောင်းအရင်းကိုမူ မသိကြပေ။ သူတို့က တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်သွားကြောင်း သိကြသော်လည်း အကြောင်းအရင်း အတိအကျကို မသိကြပေ။

ဒီလောက်ဆို လုံလောက်မှာပါ…

သူက ဤတိုက်ပွဲကို ဘယ်သူမှ စောင့်ကြည့်မနေအောင် အရာအားလုံးကို စီစဉ်ထားပြီးသား ဖြစ်၏။ သူက ခုံရုံးသို့ တိတ်တဆိတ်ရော က်ရှိလာပြီး လူလေးယောက်ကို ဆင့်ခေါ်လိုက်သည်။ လီကျွင်း၊ ယန်းလီလင်း၊ သူ့အမေနှင့် ရှုရှစ်တို့ ဖြစ်၏။

အားလုံးက ပေါ်ထွက်လာသည့်အခါ ယုယန်က မေးလိုက်သည်။

“သား အဆင်ပြေရဲ့လား”

“အိုး ဒါလား” ဝမ်ဝေ့က သူ ဆုံးရှုံးထားရသည့် လက်တစ်ဖက်ကို ကြည့်ကာ ပြောလိုက်သည်။

“လ အနည်းငယ်ကြာရင် ပြန်ကောင်းသွားမှာပါ”

သူ့အနေဖြင့် ဧကရာဇ်ကျား၏ အစစ်အမှန်ဆန္ဒကို ဖယ်ရှားပြီး ပြန်လည်ကုစားဖို့ အချိန်တစ်ခုကြာမြင့်လိမ့်မည်။ သူက လီကျွင်းနှင့် ယန်းလီလင်းကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ကို ခေါ်လိုက်ရတာက စိတ်အေးသွားအောင်လို့ပဲ”

သူက ကျန်နှစ်ယောက်ကို ကြည့်လိုက်သည်။

“ခဏကြာရင် ငါ့ရဲ့ သေဆုံးမှုအကြောင်းနဲ့ ပျောက်ကွယ်သွားမှုအကြောင်းက ကောလဟာလတွေ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီဟာ ဖြစ်လာရင် မတော်တဆ ဖြစ်ရပ်လေး ဖြစ်သွားတယ်ဆိုပြီးတော့ ခုံရုံးကို စိတ်အေးအောင် ထိန်းထားလိုက်။ ငါ အဆင်ပြေတယ်။ ပြီးတော့ ကြယ်တာရာသားရဲကမ္ဘာကို ထောက်ပံ့ပေးပြီး နဂိုအစီအစဉ်အတိုင်း ဆက်လုပ်ရမယ်။”

“အဲဒါက အဆင်ပြေပါ့မလား။ တစ်ယောက်ယောက် ပြဿနာရှာရင်ရော” ရှုရှစ်က မေးလိုက်သည်။

“အရင် ငါးစာပြီးတဲ့နောက်မှာ သူတို့က မတုံးအလောက်ကြတော့ပါဘူး။ ပြီးတော့ လီကျွင်းနဲ့ ယန်းလီလင်းကလည်း ရှိနေတယ်လေ”

လူတချို့ကသာ ကျမ်းသစ္စာနှင့် သူတို့ဝင်ရောက်မစွက်ဖက်နိုင်သည့် အချက်ကို သိထားကြသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုအချက်ကို အသုံးချလိုက်ခြင်း ဖြစ်၏။ လူတချို့က တာအိုအခွင့်အလမ်းဂိုဏ်းသည် ထိုသူနှစ်ဦး တာအိုသက်သေပြပြီးသည့်နောက်တွင် ကံကောင်းမှု သို့မဟုတ် ကြမ္မာကို လက်ခံရရှိခြင်း မရှိကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို မှန်းဆမိခဲ့ကြသည်။

“မစိုးရိမ်ပါနဲ့။ ငါတို့တွေ သေသေချာချာ ကိုင်တွယ်ထားလိုက်မယ်။ မင်း စိတ်တိုင်းကျသာလုပ်” ယုယန်က ပြောလိုက်စဉ် ရှုရှစ်ကလည်း ခေါင်းညိတ်လိုက်သည်။

“ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ။”

သူ့အဖေက နဝမအဆုံးစွန်အုတ်မြစ် ပြီးမြောက်တော့မည်ဖြစ်သော်လည်း ဓားရေးကမ္ဘာတွင် ရှိနေဆဲ ဖြစ်၏။ ဝမ်ဝေ့က ထိုသူအား သတင်း ကြားက အလျင်မလိုစေလိုပေ။

အားလုံးက တိတ်တဆိတ် ထွက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က ဒေါသပင်လယ်ကမ္ဘာဟု ခေါ်ဆိုသည့် ကမ္ဘာတစ်ခုဆီ ရောက်ရှိလာသည်။ ထိုကမ္ဘာက ပင်လယ်မျိုးနွယ်က အုပ်စိုးပြီး လူသားမျိုးနွယ်က ပြန့်ကျဲနေသည့် ကျွန်းများတွင် နေထိုင်ကြလေသည်။ ထိုနယ်မြေက ရှောင်းဝေ့ယွမ် တာအိုသက်သေပြခဲ့သည့် နေရာတစ်ခုလည်း ဖြစ်၏။

ဝမ်ဝေ့က ကျွန်းတစ်ခုပေါ်တွင် ပေါ်ထွက်လာသည်။ ဆယ်စက္ကန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ကျူကလည်း ပေါ်ထွက်လာ၏။

“အခြေအနေဘယ်လိုလဲ”

“ကျွန်မ တောင်းပန်ပါတယ်။” ဝမ်ကျူက ခေါင်းငုံ့ထားလိုက်သည်။

“တစ်ခုခု ဖြစ်ခဲ့လို့လား” ဝမ်ကျူက မေးလိုက်သည်။

“အားလုံးကို ဖမ်းဆီးမိခဲ့ပေမဲ့ နံပါတ်တစ်က လွတ်မြောက်သွားခဲ့တယ်။”

“မင်းရဲ့ လက်ထဲကနေ သူက ဘယ်လိုလုပ် လွတ်မြောက်သွားတာလဲ”

“ကျွန်မ အကြောင်းအရင်းကိုတော့ သေချာမသိဘူး။ ဒါပေမဲ့ သူက တစ်စုံတစ်ခုကို ခံစားမိပြီး အားလုံးကို ချန်ထားခဲ့ပြီးတော့ ထွက်ပြေးသွားခဲ့တာ။ သူ့နောက်ကို လိုက်ဖို့ ကြိုးစားကြည့်ပေမဲ့ ကျွန်မရဲ့ ဂမ္ဘီရက ပိတ်ဆို့ခံထားရတယ်”

“ဟယ်ရှစ်ယီက သူ့ကို သင်္ကေတလေးသွယ်ကြေးမုံနဲ့ ကောင်းချီးပေးပြီး ကာကွယ်ပေးထားတာ နေမယ်။ ငါ အခု အဲဒီ ကာကွယ်ရေးကို ဖျောက်လိုက်မယ်။ အခု သွားခေါ်ခဲ့”

ဝမ်ဝေ့က ကြေးမုံကိုဆင့်ခေါ်ပြီး အသုံးပြုလိုက်သည်။

ဝမ်ကျူက သူ့စွမ်းအား အားလုံးကို အသုံးပြုကာ ပျောက်ကွယ်သွား၏။ သူမက တစ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင် နံပါတ်တစ်ကို ဖမ်းဆီးလျက် ပြန်လည်ရောက်ရှိလာသည်။

“သူ တစ်ယောက်ယောက်နဲ့ ပြောနေသေးလား”

“ကျွန်မ စစ်ဆေးကြည့်ပြီးသလောက်ကတော့ မရှိဘူး။ သူက ထွက်ပြေးဖို့ပဲ အာရုံစိုက်နေတာ”

“ကောင်းပြီ။ ကျန်တဲ့သူတွေကရော” ဝမ်ကျူက ကျန်သည့် သူလျှိုများကို ဆင့်ခေါ်လိုက်သည်။

ဝမ်ဝေ့က သူတို့၏ ဝိညာဉ်များကို ရှာဖွေခဲ့၏။ သူက သုံးယောက်သာ အောင်မြင်ခဲ့ပြီး ကျန်၆ယောက်က သူတို့၏ ဝိညာဉ်ထဲ ကျွန်အမှတ်အသား ရှိနေသည့်အတွက် ထိုအရာကို မထိတွေ့လိုပေ။ ထို့နောက် သူက စိတ်ဝိညာဉ်အမှုန်ကို အသုံးပြုကာ အမှတ်အသား မရှိသည့်သူများကို ကျွန်ပြုလိုက်စဉ် အမှတ်သားရှိသည့် သူများကိုမူ စိတ်ညှို့ခဲ့သည်။

“မင်းတို့တွေ မွေးရပ်မြေကို ပြန်ပြီးတော့…”

“ဟုတ်ကဲ့ပါ သခင်”

ထိုသူလျှိုများက ပျောက်ကွယ်သွားပြီး ဝမ်ဝေ့နှင့် ဝမ်ကျူကိုသာ ချန်ထားခဲ့သည်။ တစ်ခါတစ်လေ အားသုံးခြင်းက ကိစ္စများကို လုပ်ဆောင်ဖို့ အမြန်ဆန်ဆုံးနည်းလမ်း ဖြစ်နေသော်လည်း အကျိုးကျေးဇူးအတွက် သက်ရောက်မှုအရှိဆုံး မဟုတ်တတ်ပေ။

“နောက်အဆင့်ကို သိတယ်မလား”

“ဟုတ်ကဲ့” ဝမ်ကျူက ဦးညွှတ်လိုက်သည်။

“ကျွန်မရဲ့ ကျရှုံးမှုအတွက် တောင်းပန်ပါတယ်”

“ကိစ္စမရှိဘူး။ အခု လုပ်လက်စကို သွားလုပ်ချည်”

ဝမ်ဝေ့က ဖြစ်နိုင်ချေအမှားများအတွက် အမြဲတမ်း ပြင်ဆင်ထားပြီး မည်သည့်အစီအစဉ်ကမှ အာမခံချက် မရှိကြောင်း သိထားလေသည်။ သူက ကျရှုံးမှုသည် သူမ၏ အမှားအယွင်းကြောင့် ဖြစ်ပါက အပြစ်ပေးမည်သာ ဖြစ်၏။

All Chapters