အနားယူခြင်း
Vol. 79 Ch. 1100
ကမ္ဘာက ဖရိုဖရဲဖြစ်နေပြီး ဒိုင်မေးရှင်းအနိမ့်ရှိ သုံးပုံတစ်ပုံမှ အင်အားကြီးပုဂ္ဂိုလ်များပါဝင်သည့် စစ်ပွဲက ဖြစ်ပျက်နေသည်။ ထိုဖြစ်ရပ်၏ တာဝန်ရှိသူက မည်သည့်နေရာတွင် ရှိနေသနည်း။
သူက ရွှေရောင်ရေကန်ငယ်အတွင်း အနားယူနေကာ လက်တစ်ဖက်ဖြင့် သောက်စရာကို ကိုင်ထားပြီး သူ့ရှေ့တွင် ပိတ်ကားချပ်ဆယ်ခု ရှိနေသည်။
အရာအားလုံးက အဆင်ပြေချောမွေ့နေတယ်…
ဝမ်ဝေ့က သောက်စရာကို တစ်ငုံသောက်ကာ တွေးလိုက်သည်။ သူ့အစီအစဉ်က တဲ့တိုးဆန်လှ၏။ သူ့ပျောက်ကွယ်သွားမှုကို အတုအယောင်ဆောင်ခဲ့ပြီး ကုန်သွယ်ရေးဗဟိုချက်အား သူတို့တပ်ဖွဲ့များထံ အရေးပါသည့်သူများကို စေလွှတ်ဖို့ ဖိအားပေးနိုင်ခဲ့သည့်အတွက် သူတို့၏ ဌာနချုပ်က ဗလာကျင်းကာ ကျန်နေခဲ့လိမ့်မည်။
ထို့ကြောင့် သူက ဌာနချုပ်၏ ဗဟိုကို တိတ်တဆိတ် သန့်စင်ဖို့ ဝင်ရောက်နိုင်သည်။ ထိုအခါ ကုန်သွယ်ရေးဗဟိုချက်၏ အကြီးမားဆုံး မှီခိုမှု သို့မဟုတ် လက်နက်ကို ထိန်းချုပ်နိုင်လိမ့်မည်။ သူ့အစီအစဉ်တွင် ထျန်းဝမ်ယန်၏ သတိကြီးတတ်သည့် အပြုအမူနှင့် သဘောထားကိုပင် ထည့်တွက်ထားပြီး ဥက္ကဌ၏ ဝင်ရောက်စွက်ဖက်မှုမရှိလျှင် သူ့အတွက် ကုန်းမြေကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူသွားစေသည်။
အခု ငါ လုပ်ဖို့လိုတာက ဒုတိယခြေလှမ်းကို စရမဲ့အချိန်ကို စောင့်ဆိုင်းဖို့ပဲ…
ဝမ်ဝေ့က ပိတ်ကားချပ်များကို ပိတ်ကာ တွေးလိုက်သည်။ သူ့ဒဏ်ရာများက တာအိုမြင့်မြတ်ရေစင်ဖြင့် တစ်ပတ်အတွင်း ပျောက်ကင်းသွားနိုင်သည်။ ထို့ကြောင့် သူက တခြားတစ်ခုကို အာရုံစိုက်ထားလိုက်၏။ ဧကရာဇ်ကျား၏ အမွေအနှစ် ဖြစ်သည်။
ဝိရောဓိအခမ်းအနားက အသုံးမဝင်ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူ ထိုအခမ်းအနားကို ဒုတိယအကြိမ် ကြိုးစားခြင်း၏ တစ်ခုတည်းသော ရလဒ်မှာ အစစ်အမှန်ကောင်းကင်တာအို၏ အာရုံစူးစိုက်မှုသာ ဖြစ်၏။ သို့သော်လည်း သူ့အနေနှင့် ကောင်းကင်စာအုပ်သည် သူ့ဗဟုသုတမှ အကျိုးအမြတ်ရသွားမည့် သူတစ်ယောက်ကို မလိုချင်ကြောင်း တွက်ဆထားပြီးသား ဖြစ်၏။
ဒါပေမဲ့ ဒီအမွေအနှစ်က ငါ့အတွက် သော့ချက် ဖြစ်လာနိုင်တယ်…
ဝမ်ဝေ့က ဆက်တွေးလိုက်သည်။ ထိုပြစ်ချက်ရှိနေသော်လည်း ထိုအမွေအနှစ်မှ အကျိုးကျေးဇူးများစွာ ရရှိလိုက်သည်။ ပထမဦးစွာ သူသည် တာအိုခန္ဓာကိုယ်များနှင့် တားမြစ်နယ်ပယ်အဆင့်အကြောင်း ပိုမိုသိခဲ့ရသောကြောင့် အလင်းမဲ့အမှန်တရားဆီ မဝင်ရောက်ဘဲ သိပ္ပံနှင့် နည်းပညာကမ္ဘာကို အသုံးချလို့ရနိုင်မလား စမ်းသပ်ကြည့်ရမည်။
ဒုတိယအနေဖြင့် အခမ်းအနားက ကွဲပြားသည့် ဟွင်သွမ်းကမ္ဘာများမှ ထူးကဲသည့် အသိအမှတ်ပြုမှုတို့ ပါဝင်နေပြီး ရှေးဦးအခမ်းအနား လုပ်ဆောင်ခြင်းကဲ့သို့သော တချို့ကိစ္စရပ်များကို ခွင့်ပြုပေးထားသည်။ သူက အခမ်းအနားကို လှည့်ဖျားရေး အစီအရင်ဖြင့် ပေါင်းစည်းကာ သင်္ကေတလေးသွယ်ကြေးမုံ၏ ပျောက်ကွယ်သွားမှုကို နှောင့်နှေးထားဖို့ အခမ်းအနား ဖန်တီးနိုင်သည်။ ထိုအခမ်းအနားက ချင်ရတနာသိုက်တွင် တွေ့ခဲ့ရသည့် ပစ္စည်းများကို အကောင်းတိုင်း ထိန်းသိမ်းပေးထားနိုင်သည့် အစီအရင်ဖြင့် ပေါင်းစည်းထားခြင်း ဖြစ်၏။
နောက်ဆုံးအနေဖြင့် ပို၍အရေးကြီးသည်က သူ့တည်ရှိမှုကို ကောင်းကင်ဧကရာဇ် သဘောတရားဖြင့် ပေါင်းစည်းဖို့ ခွင့်ပြုပေးထားသည့် အခမ်းအနား ဖြစ်သည်။ တခြားနည်းဖြင့် ပြောရလျှင် သူ့အစီအစဉ်များက အောင်မြင်လာပြီဖြစ်၏။ ယခုမှစ၍ လူများသည် သူ့ကို သတ်လိုပါက ဒိုင်မေးရှင်း အနိမ့်ကို လွှမ်းမိုးထားသည့် ကောင်းကင်ဧကရာဇ် ခေတ်ကာလတစ်ခုလုံးကိုပါ ရှင်းထုတ်ပစ်ရလိမ့်မည်။
အောင်မြင်မှုဆိုတာက တကယ်ကို စွဲမက်ဖို့ ကောင်းတဲ့အရာပဲ…
ဝမ်ဝေ့က ရယ်မောလိုက်ပြီး သူ့ကိစ္စရပ်များ ပြီးမြောက်ဖို့သာ အာရုံစိုက်ထားလိုက်သည်။
…………………………………………..
ကြယ်တာရာသားရဲကမ္ဘာ
မူလိန်နှင့် ထုံရို့ပင်းတို့က ကောင်းကင်အထက် ပျံသန်းရင်း အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ကြ၏။
“စိတ်လှုပ်ရှားနေပြီလား” ထုံရို့ပင်းက မေးလိုက်သည်။
“နည်းနည်းပေါ့”
“ရှင့်ဆီမှာ ကျွန်မ ရှိတယ်။ ဘာတွေစိုးရိမ်ပူပန်နေဖို့ လိုမှာလဲ” ထုံရို့ပင်းက သူ့လက်ကို အသာကိုင်ကာ ပြောလိုက်သည်။
“မင်းပြောတာ ဟုတ်တယ်” သူက အပြုံးဖြင့် ပြန်ဖြေလိုက်၏။ နှစ်ဦးသားက အေးအေးချမ်းချမ်း စကားပြောပြီးသည့်နောက်တွင် အိပ်မက်လောကဆီမှ ဆက်သွယ်မှုကို လက်ခံရရှိလိုက်၍ မျက်လုံးများကို အသာမှိတ်လိုက်ကြသည်။
“မြင်းတပ်တော့ ရောက်လာပြီ” ထုံရို့ပင်းက သူမ၏ ကာကွယ်ရေးရှိ အကာအရံကို ဖွင့်လှစ်ဖို့ အဆောင်တစ်ခုကို အသက်သွင်းပြီး တပ်ဖွဲ့များအား ဝင်ရောက်ခွင့်ပြုလိုက်သည်။ ထို့နောက် သူတို့က အရေအတွက်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။
“ဒီတပ်ဖွဲ့တွေအားလုံးနဲ့ဆိုရင် အချိုးအစားက တစ်အချိုး သန်းငါးရာဖြစ်သွားလိမ့်မယ်” ထုံရို့ပင်းက ပြောလိုက်သည်။
“သူတို့တွေက သိုင်းပညာအုပ်စိုးသူကမ္ဘာကိုလည်း စေလွှတ်ရဦးမှာဆိုတော့ ဒါက တကယ်ကို များပြားတဲ့အရေအတွက်ပဲ”
“အခုတော့ အသက်ရှူနိုင်ပြီ” မူလိန်က ပြောလိုက်သည်။
ထျဲ့ကန်က ကူးပြောင်းပို့ဆောင်ခံလိုက်ရသည့် ပထမတပ်ဖွဲ့အတွင်း ပါဝင်လေသည်။ ထို့ကြောင့် သူက စစ်ပွဲခန်းမအတွင်းသွားကာ ဤစစ်ပွဲအတွင်း နည်းဗျူဟာများကို သုံးသပ်ရင်း ကျိလန်ဖန်းနှင့် ဒေါသကဲ့သို့သော တခြားသော ထာဝရဧကရာဇ်များဖြင့် မည်သို့ပူးပေါင်းလုပ်ကိုင်ရမည်ကို ဆွေးနွေးလိုက်ကြသည်။
“ကောင်းပြီ”
ထုံရို့ပင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် အလုပ်စလုပ်လိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား” မူလိန်က သူမကို ကြည့်ကာ မေးလိုက်၏။
“ဒါပေါ့” ထုံရို့ပင်းက ပြန်ဖြေလိုက်ပြီး လက်ကို အသာဆုပ်လိုက်သည်။ သူမက အဆောင်ကို ပြန်ဖြေလိုက်ပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို သုတ်သင်ပစ်လိုသည့် စိတ်ဆန္ဒများဖြင့် တောက်ပနေသည့် တပ်သားများကို ထုတ်လွှတ်လိုက်သည်။
“အစီအရင်ကို အသက်သွင်းလိုက်” ထျဲ့ကန်က အမိန့်ပေးလိုက်သည်။ ရန်သူများကို လေးပိုင်း ခွဲခြားထားသည်။ သို့သော်လည်း ကိစ္စများက သိုင်းပညာအုပ်စိုးသူကမ္ဘာနှင့် ကွဲပြားလှသည်။ ယခင်က ပထမအလွှာတွင် တပ်မှူး သို့မဟုတ် တပ်စုမှူးအဖြစ် ထမ်းဆောင်သည့် မသေမျိုးပုဂ္ဂိုလ်များ ပါဝင်သည်။ ထျဲ့ကန်လိုလူမျိုး ဖြစ်၏။ ယခုအခါ ထိုနေရာတွင် အင်အားကြီး ပုဂ္ဂိုလ်များ မပါဝင်ဘဲ တပ်သားများသာ ပါဝင်နေ၏။
ယခင်တတိယအလွှာတွင် မသေမျိုးအင်အားကြီး ပုဂ္ဂိုလ်များဖြင့်သာ ဖွဲ့စည်းထားသည်။ အထူးသဖြင့် ဆန့်ကျင်ကျင့်ကြံသူများ ဖြစ်၏။ ယခုအခါ ထာဝရအရှင်နှင့် တာအိုဘိုးဘေးတို့သာရှိပြီး လေးလွှာမြောက်တွင်မူ ဆန့်ကျင်ကျင့်ကြံသူများနှင့် ထာဝရတန်းစား ပုဂ္ဂိုလ်များအတွက် ဖြစ်သည်။
ထျဲ့ကန်က လူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ဆီမှာ အချိန်သိပ်မရဘူးဆိုတော့ တတ်နိုင်သမျှများ များသတ်ဖို့မှတ်ထားပါ”
“ပြဿနာမရှိဘူး” ဝမ်ထျန်းက မသေမျိုးအင်အားကြီးပုဂ္ဂိုလ်များရှိသည့် တတိယအလွှာဆီ သွားလိုက်သည်။ ထို့အပြင် သုံ့လီဖန်းက ဒုတိယအလွှာဆီ သွားကာ သေမျိုးအင်အားကြီးပုဂ္ဂိုလ်များကို သတ်ဖြတ်နေ၏။
ပွင့်ချပ်ငါးလွှာအဆင့်ရှိထားသည့် ကျင်းမုန့်ယောင်နှင့် တိကျားယင်တို့ကဲ့သို့သော လူများကမူ တပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး တပ်သားများကို တတ်နိုင်သမျှ မြန်မြန်တိုက်ခိုက်နေကြသည်။
အမှုန်ဖြတ်တောက်ခြင်း
ဝမ်ထျန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ထာဝရအရှင်နှင့် တာအိုဘိုးဘေးများစွာက ပျောက်ကွယ်သွားပြီး သူတို့၏ ခန္ဓာကိုယ်က သဲမှုန်အဖြစ် ပျောက်ကွယ်သွားကာ လေနှင့်အတူ လွင့်ပါသွားလေသည်။ အကြိမ်အနည်းငယ် သတ်ဖြတ်ပြီးသည့်နောက်တွင် ရန်သူဘက်က နည်းဗျူဟာ ပြောင်းလဲသွားခဲ့၏။
သူတို့က တာအိုဘိုးဘေး၏ အတွင်းကမ္ဘာဖောက်ခွဲရေးဖြစ်စဉ်ကို ပြန်လည်ဖန်တီးထားသည့် ကမ္ဘာ့ပေါက်ကွဲရေးအဆောင်များကို အသုံးပြုလာကြသည်။ ထိုအင်အားကြီးပုဂ္ဂိုလ်များက အဆောင်များစွာ ပါရှိကြသော်လည်း အသုံးမဝင်ခဲ့ပေ။
ဝမ်ထျန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ပေါက်ကွဲမှုများကို ဖြတ်သန်းပြီး သူတို့၏ ခန္ဓာကိုယ်၊ ဝိညာဉ်များကိုပင် ဖျက်ဆီးပစ်လိုက်သည်။
သူက မရဏဓားနတ်ဘုရားသဖွယ်ဖြစ်နေပြီး မသေမျိုးများကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နေသည်။ ကုန်သွယ်ရေးမဟာမိတ်အင်အားစုမှ ခေါင်းဆောင်က တန့်ချင်းအမည်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ အံကြိတ်လျက်ရှိနေသည်။ သူမက နောက်ထပ် နည်းဗျူဟာကို ရွေးချယ်လိုက်၏။ သူမက သေမျိုးနှလုံးသားကမ္ဘာမှ အင်အားကြီးပုဂ္ဂိုလ်များကို ရန်သူ၏ တာအိုနှလုံးသားကို ပစ်မှတ်ထားဖို့ စေခိုင်းခဲ့သည်။ တစ်ခါတရံတွင် အင်အားသုံးခြင်းက အဖြေ မဟုတ်ပေ။
သို့သော်လည်း ဝမ်ထျန်း၏ ဓားချက်က သူတို့၏ တာအိုနှလုံးသားများကိုပါ ဖြတ်တောက်သွားပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ဖိအားပေးလိုက်သလို ဖြစ်သွားသည်။ ထိုစဉ် ရန်သူက သူတို့ဘက်မှ ဆန့်ကျင်ကျင့်ကြံသူများ၏ စွမ်းအားကို ရုတ်တရက် တိုးမြင့်လာသည့် ဗျူဟာကို သုံးပြီး ဝမ်ထျန်းကို သတိလက်လွတ်ဖမ်းဆီးဖို့ ပြင်ဆင်ခဲ့သည်။ သို့သော် အစီအရင်က ရုတ်ချည်းဆိုသလို သူတို့အား လေးလွှာမြောက်သို့ ပို့ဆောင်သွား၏။
“လေးလွှာကသူတွေကို အစီအရင်ကို အားသုံးချိုးဖောက်ဖို့ ပြောလိုက်” တန့်ချင်းက အမိန့်ပေးလိုက်သည်။ အစီအရင်ဆရာများက သူမအတွက် အချိန်ကြာလွန်နေ၏။ တတိယအလွှာမှ ပထမအလွှာအထိ သူတို့ဘက်တွင် သေဆုံးမှုအမြောက်အများ ခံစားနေကြရသည်။ အထူးသဖြင့် အဆင့်(၁) တာအိုဘိုးဘေးစွမ်းအားရှိဖို့ အလားအလားရှိသူ နှစ်ယောက်နှင့် ထာဝရအရှင်စွမ်းအား ရှိနိုင်သည့် အလားအလားကောင်းသော လူ ဆယ်ယောက်ကျော်တို့ ပါဝင်နေသည်။ ထိုလူများက သုံ့လီဖန်းအမည်ရှိ အမျိုးသမီးလက်အောက်တွင် သေဆုံးသွားရခြင်း ဖြစ်၏။
ဝမ်ထျန်းက သားရဲသခင်ကမ္ဘာမှ သားရဲဆရာသခင်အုပ်စုကို မပိုင်းဖြတ်ခင် အစီအရင်မှတဆင့် အတွင်းကမ္ဘာရာချီကို ဆက်သွယ်ထားသည့် တာအိုဘိုးဘေးအုပ်စုကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူတို့၏ အတွင်းကမ္ဘာများကို ဧကရာဇ်လက်နက်များဖြင့် ပေါင်းစည်းကာ အားဖြည့်မှု ရယူထားသည့် အသင်္ချေလက်နက်ကမ္ဘာမှ အရူးအုပ်စုကိုပင် သတ်ဖြတ်ခဲ့ရသည်။ သူတို့အများစုက အပေါ်လွှာသို့ ကူးပြောင်းခံလိုက်ရစဉ် ကျန်ရှိနေသည့်သူများကမူ ဝမ်ထျန်း၏ ဓားချက်အောက် သေဆုံးသွားကြရသည်။
ဝုန်း
ဝမ်ထျန်းက သူ့ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာသည့် အက်ကြောင်းများကို သတိထားမိလိုက်၏။
အစီအရင်က ပြိုလဲတော့မှာလား။ ဒီလိုဆိုရင် မြန်မြန်သွက်သွက်လက်လက် ရှင်းထုတ်ရမယ်…
သူ့ဓားက တောက်ပလာသည်။
တတိယအလွှာရှိ လူအားလုံးက ကျိုးပျက်သွားသည့် အသံမျိုးကို ကြားလိုက်ရသည်။ သို့သော် ပတ်ဝန်းကျင်တွင် ဘာမှဖြစ်မလာခဲ့ပေ။ မည်သူမှ သေဆုံးခြင်း မရှိသလို အာကာပြင်အက်ကြောင်းလည်း ပေါ်ထွက်လာခြင်း မရှိပေ။
ထို့နောက် လူအားလုံး၏ အရှိန်အဝါက သိသိသာသာ လျော့ကျသွားပြီး ဤစစ်ပွဲအတွင်း တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးသွားရသည်။ သူတို့က ဤနေရာသို့ လာဖို့ရာ အတင်းအကြပ် ဖိအားပေးခံရပြီး စက္ကန့်ပိုင်းနှင့်အမျှ ကျိန်ဆဲနေကြသည်။ တချို့သော ဉာဏ်ကောင်းသူများကမူ ဝမ်ထျန်းလုပ်ခဲ့သည့် အရာကို သတိထားမိလိုက်၏။ သူက သူတို့၏ စိတ်ဓာတ်တက်ကြွမှုကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
“ဒီနေ့လောက် ဓားသမားတွေကို ဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး” တန့်ရှင်းက အံကြိတ်ကာ ပြောလိုက်သည်။ သူ့တာအိုလက်တွဲဖော်ကလည်း ဓားသမား ဖြစ်နေကြောင်း မေ့လျော့နေဟန်ပေါ်၏။
“မြန်မြန်လုပ်။ တကယ့်တိုက်ပွဲအတွက် ပြင်ဆင်ထား”
ဝမ်ထျန်းက အစီအရင်မှ ထွက်လာပြီးသည့်နောက်တွင် နောက်သို့ ပြန်သွားလိုက်သည်။ သူ့လက်ရှိအင်အားက ယာယီသာဖြစ်ပြီး လူဝင်စားများဖြင့် နောက်ဆုံးပေါင်းစည်းမှုကို မတွေ့ကြုံရသေးပေ။ သူက တစ်ယောက်ချင်းစီကို ကန့်သတ်ချက်ထိရောက်အောင် လေ့ကျင့်လိုဆဲ ဖြစ်၏။
သူက သုံ့လီဖန်း စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
“ပြီးသွားပြီလား”
“အင်း”
“ရလဒ်က ဘယ်လိုလဲ”
“သူ အားလုံးကို သတ်ခဲ့တယ်” သူမက တည်တည်ငြိမ်ငြိမ်ပြောစဉ် သူမကို ဝမ်ထျန်းက လက်မထောင်ပြလိုက်သည်။ ဒုတိယအလွှာက ရန်သူ၏ အင်အားကြီးပုဂ္ဂိုလ်များ မရှိသော်လည်း ကျင့်ကြံသူအမြောက်အများ ဆုံးရှုံးသွားပြီးသည့်နောက်တွင် ထိနှက်ချက်ကြီး ဖြစ်သွားလိမ့်မည်။
“ဆက်တိုက်မှာလား” သူက မေးလိုက်သည်။
“ကျွန်မ မသိသေးဘူး။ ထျဲ့ကန်က ကျွန်မကို အိမ်ပြန်ရင်ပြန် ဒါမှမဟုတ်ဘူးဆိုရင် သိုင်းပညာအုပ်စိုးသူကမ္ဘာကို သွားပြီး ရန်သူက ကျွန်မကို ပစ်မှတ်ထားတာကို ကာကွယ်ဖို့ ပြောထားတယ်။ ဒါပေမဲ့ ကျွန်မ မဆုံးဖြတ်ရသေးဘူး” သုံ့လီဖန်းက ပြောလိုက်သည်။
“မင်း တခြားတိုက်ပွဲကွင်းပြင်ကို သွားတာ ကောင်းလိမ့်မယ်။ အမှောင်ထဲကနေ ငါတို့ဘက်ကို ကူညီပေးပေါ့။ ရန်သူအပေါ် အမှောင်ကျိန်စာချတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူတို့ကို နှေးကွေးသွားအောင် လုပ်ပြီး ငါတို့တပ်သားတွေကို အနိုင်ရဖို့ အခွင့်အရေး ပေးတာမျိုးပေါ့”
သုံ့လီဖန်းက ခေါင်းညိတ်လိုက်သည်။ ဤသည်က သူမ စဉ်းစားထားသည့်အရာတစ်ခု ဖြစ်၏။
သူမ၏ တုံ့ဆိုင်းနေမှုက ကူညီပေးဖို့အတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းရှိလားဟု စဉ်းစားနေခြင်း ဖြစ်သည်။ ဝမ်ထျန်းက ဆက်မပြောတော့ဘဲ တိုက်ပွဲကွင်းပြင်ကိုသာ အာရုံစိုက်ထားလိုက်၏။ သူ့စိုးရိမ်မှုက သူ့ဇနီးသည်အပေါ် မဟုတ်ဘဲ ထာဝရတန်းစား စွမ်းအားကို ရရှိထားပြီး စမ်းသပ်လိုသည့် သူ့အဖေကို ဖြစ်သည်။
သူ့ပြောစကားအရ ဤသည်မှာ နေမင်းကိုးစင်းနှင့် မတိုက်ခိုက်ခင် ကြိုတင်လေ့ကျင့်ထားမှုတစ်ခု ဖြစ်၏။