← Chapters

ကုံတာအို

Vol. 79 Ch. 1102

ကုံတာအို

Vol. 79 Ch. 1102

ဝမ်ဝေ့က ထုံရို့ပင်းနှင့် စကားပြောပြီး သူ ခံစားနေရသည့် စိတ်ထင့်နေမှုကို ကာကွယ်ပြီးသည့်နောက် တိုက်ပွဲကို ဆက်ကြည့်နေလိုက်သည်။ သူ့ထိန်းချုပ်မှုအောက်မှ လွတ်ကင်းမည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူ့အနေနှင့် သတိကြီးကြီးထားထားဖို့ လိုအပ်၏။

ငါတို့ဘက်က အရေအတွက် နည်းနေပေမဲ့ ထိပ်သီးအင်အားကြီး ပုဂ္ဂိုလ်တွေက သူတို့ထက် သာတယ် …

ဝမ်ဝေ့က တွေးလိုက်သည်။

သူတို့ရဲ့ အားအကောင်းဆုံး ဧကရာဇ်က သူလား …

သူက ရုပ်ချောချော လူငယ်လေးကို ကြည့်နေရင်း ခေါင်းယမ်းလိုက်သည်။

ကောင်းပြီလေ … သူတို့ရဲ့ တိုက်ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းမှာ

ဝမ်ဝေ့က တစ်စုံတစ်ခုကို အာရုံပြောင်းလိုက်ရင်း သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်လာသည်။

“ငါးစာဟပ်ပြီ”

သူ့အစီအစဉ်က မရိုးရှင်းပေ။ အစီအစဉ်များက အမြဲတမ်းလိုလို ခဲတစ်လုံးဖြင့် ငှက်များစွာကို ထိမှန်စေ၏။ ဤတစ်ကြိမ် ငှက်တစ်ကောင်က အလောင်းရောင်းဝယ်ရေးဂိုဏ်း ဖြစ်သည်။

ထို့ကြောင့် သူက အခြေအနေတစ်ခုလုံးကို ထိုလူများအတွက် သေခြင်းတရား အနိဌာရုံများဖြင့် ပြည့်နှက်နေအောင် ကြံဖန်ထားသည်။ သူက ထိုလူများသည် သူတို့တည်ထောင်သူ၏ အလောင်းနှင့် သေခြင်းတရားအပေါ် ထူးထူးဆန်းဆန်း စွဲလမ်းမှုမျိုးဖြင့် လွှမ်းမိုးမခံရဘဲ နေလိမ့်မည်ဟု မယုံပေ။ ယခု စင်မြင့်ကို ပြင်ဆင်ထားပြီးပြီဖြစ်ရာ သူ့အနေနှင့် စောင့်ဆိုင်းဖို့သာ လိုအပ်တော့သည်။

ဒီတစ်ခါ မင်းတို့ရဲ့ ဌာနချုပ်ကို တွေ့အောင်ရှာပြီး စိတ်ပျက်ဖို့ကောင်းတဲ့ မြစ်ပွားနာမျိုးကို ဖယ်ရှားပစ်မယ် …

ဝမ်ဝေ့က တိုက်ပွဲထဲ တခြားကဏ္ဍများကို အာရုံစိုက်ထားလိုက်သည်။

ဟမ် ..

သူက တစ်စုံတစ်ယောက်သည် အသူရာချောက်နက်တွင် စည်းတံဆိပ် ချိုးဖျက်ခြင်းမှ ကာကွယ်ဖို့အတွက် သူ ထားရှိခဲ့သည့် ကြိုတင်ကာကွယ်မှုထဲ ထိုးဖောက်ဝင်ရောက်လာသည်ကို သတိပြုမိလိုက်သည်။ သို့သော်လည်း ဤစစ်ပွဲဖြင့် သူက လူအားလုံးကို ထုတ်သုံးထားရ၍ ယခင်လုံခြုံရေးစီမံချက်များက လျော့ကျသွားခဲ့ရသည်။

ဒါက ချောက်နက်ထဲက စက်ဆုပ်ဖို့ကောင်းတဲ့အရာကို လွှတ်ပေးဖို့ တာဝန်ရှိထားတဲ့ ဂိုဏ်းတစ်ခုခုလား …

အသင်္ချေအင်ပါယာကမ္ဘာအတွင်း ကျူးကျော်လာဖူးသည့်သူတစ်ယောက်ကို သတ်ပစ်ဖူး၍ ထိုအချက်က မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သူက နောက်ထပ် ထပ်ရှိနေပြီး သူတို့အားလုံးတွင် တူညီသည့် ရည်ရွယ်ချက် ရှိလိမ့်မည်ဟု သံသယရှိထားသည်။

“မဟုတ်သေးဘူး … ဒါက အယောင်ပြပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“အဲဒီလူက ဒိုင်မေးရှင်းအမြင့်က သူလျိုတစ်ယောက်ပဲ။ ငါ သူတို့အားလုံးကို မဖမ်းလိုက်မိဘူးလား”

ထိုစကားများကို ပြောလိုက်ပြီးသည့်နောက် သူက ကမ္ဘာမြေတွင် ကလေးဘဝက သီချင်းတစ်ပုဒ်ကို ရုတ်တရက် အမှတ်ရသွားသည်။ သူက ခေါင်းခါကာ အာရုံစိုက်လိုက်၏။

“ ငါ အဲဒီကပ်ပါးတွေကို လျော့တွက်မိတဲ့ပုံပဲ” အဖွဲ့များစွာကို ဒိုင်မေးရှင်းအနိမ့်ဆီ စေလွှတ်ထားကြသည်။ ကပ်ပါး၏ အဖွဲ့က နံပါတ်တစ် အဖွဲ့ ဖြစ်ကာ ယခု သူက နံပါတ်သုံး အဖွဲ့ကို တွေ့လိုက်ရသည်။ အကြည့်နှင့်ပင် ထိုအဖွဲ့ကို တခြားသူများက မသိကြောင်း ပြောနိုင်လေ၏။

သူ့အစီအစဉ်က တစ်စုံတစ်ယောက်ကို မျှားခေါ်နိုင်ခဲ့၍ ပြုံးလိုက်မိသည်။ သို့သော် သူက သိပ်မပျော်ပေ။ အတွေးတစ်ချက်ဖြင့် သူလျိုက သူ့ရှေ့ရောက်ရှိလာသည်။ ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကိုပင် ဖုံးထားလေ၏။ သို့သော် ထိုသူက ဝမ်ဝေ့ကို ကြည့်မိလိုက်သည့်အချိန် သူ့ခန္ဓာကိုယ်က ပုံပြောင်းသွားပြီး အရည်ပျော်ကာ အစိမ်းရောင်အကျိအချွဲအဖြစ် ပြောင်းလဲသွားသည်။

ဝမ်ဝေ့၏ ပထမဆုံး အသိစိတ်က ထိုဖြစ်စဉ်ကို တားဆီးဖို့ ဖြစ်သော်လည်း သူ့အန္တရာယ်ခံစားနှုန်းက အသိဝင်လာ၍ ထိုသူကိုသာ အဝေး ပြောင်းရွေ့ပေးလိုက်သည်။

“ ကြောက်ဖို့ကောင်းတဲ့ အဟန့်အတားပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ထိုလူဆီမှ ရက်စက်သည့် ကျိန်စာကို ခံစားမိလိုက်သည်။ သူသာ ထိမှန်သွားပါက သူ သေဆုံးသွားတာမျိုး ဒါမှမဟုတ် သေခြင်းတရားထက် ဆိုးရွားသည့် ကံကြမ္မာနှင့် ကြုံတွေ့သွားနိုင်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူလျိူ တတိယအဖွဲ့အကြောင်း တွေးလိုက်၏။

နောက်ထပ် ထပ်ရှိသေးလား … ပိုအရေးကြီးတာက သူတို့တွေက သူ့ဆီကနေ ဘယ်လိုပုန်းအောင်းနေနိုင်တာလဲဆိုတာပဲ

ရှစ်ယောက်မြောက် လျို့ဝှက်လမင်း … ကပ်ဘေးစံပြ

ဝမ်ဝေ့က တွေးလိုက်သည်။

ငါ သုံးသပ်ထားသလောက် အဲဒီလူက ပုန်းအောင်းပြီး အန္တရာယ်ရှောင်ရှားတဲ့နေရာမှာ ဆရာတစ်ဆူပဲ … ဒါပေမဲ့ သူ့အကျင့်စရိုက်အရ သူ့လုံခြုံရေးကို အထိခိုက်ခံမဲ့ သူလျိုစေလွှတ်မဲ့ ကိစ္စမျိုး လုပ်မှာ မဟုတ်ဘူး

သူ့သုံးသပ်ချက်အရ ကပ်ဘေးစံပြသည် ကုံတာအို သို့မဟုတ် ခွေးတာအိုကို စံနမူနာယူထားခြင်း ဖြစ်၏။ ထိုလူများက တိုက်ရိုက် ထိပ်တိုက်တွေ့မှု၊ ရတနာအတွက် လျို့ဝှက်နယ်မြေများတွင် ဝင်ရောက်ဆင်နွဲခြင်း သို့မဟုတ် ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း အစရှိသည့် ကိစ္စမျိုးကို ရှောင်ရှားကြသည်။ သူတို့က တံခါးပိတ်ကာ မြင့်မားသည့် ကျင့်ကြံဆင့် ရောက်ဖို့ အေးအေးချမ်းချမ်း ကျင့်ကြံကြလေ့ရှိပြီး ကျင့်ကြံရေးလောကအတွင်း အဓိကဖြစ်ရပ်ကြီး သို့မဟုတ် ကပ်ဘေးများကို ရှောင်ရှားကြသည်။

သူတို့က စတေးမှုအနည်းဆုံး အယူအဆမျိုးဖြင့် စိတ်ရှည်လက်ရှည် သတိကြီးကြသူများ ဖြစ်ကြသည်။ သူတို့က သူတို့ လိုအပ်နေသည့် ရတနာတစ်ခု သို့မဟုတ် အရင်းအမြစ်အတွက် လျို့ဝှက်နယ်မြေ၏ အန္တရာယ်ကို ရင်ဆိုင်မည့်အစား တံခါးပိတ်ကာ နှစ်သန်းချီ ကျင့်ကြံကြဖို့ ပိုလိုလားကြ၏။ နောက်ဆုံးအနေနှင့် သူတို့၏ အဓိကအယူအဆ သဘောတရားက ကျင့်ကြံဆင့်မြင့်မားသူများကို အနိုင်ကျင့်ဖို့ ဖြစ်သည်။

သူတို့၏ စိတ်သဘောထားအရ “ရန်သူက သုံးဆတိုက်ခိုက်ရေးအဆင့် ရှိထားတဲ့ ပါရမီထူးကဲသော ထာဝရဧကရာဇ်တစ်ယောက် ဖြစ်နေပြီး ငါ့ကျင့်ကြံဆင့်က မဟာတာအိုအရင်းအမြစ် ၆၅ ရာခိုင်နှုန်းပဲ ရှိသေးတယ်ဆိုတော့ သူတို့ကို အလွယ်လေး အနိုင်ယူနိုင်ပါ့မလား … မဟုတ်ဘူး။ ငါတို့ ကောင်းကင်ဘုံအဆင့် ရောက်ပြီး သူတို့ကို အကြွင်းမဲ့စွမ်းအားနဲ့ နှိမ်နင်းဖျက်ဆီးပစ်နိုင်တဲ့အထိ စောင့်ဆိုင်းကြတာပေါ့” ဟူ၍ ဖြစ်သည်။

ထို့ကြောင့် ဒိုင်မေးရှင်းအမြင့်၏ လက်ရှိခေတ်ကာလကို အဆုံသတ်ပစ်မည့် ဝမ်ဝေ့၏ ကြမ္မာမျိုးဖြင့် ကပ်ဘေးစံပြ၏ ပထမဆုံး အလိုလိုသိစိတ်က ဒိုင်မေးရှင်းအနိမ့်မှ ကိစ္စများကို ဝင်ရောက်မစွက်ဖက်ဘဲ ထွက်ပြေးပြီး ပုန်းအောင်းဖို့ ဖြစ်သည်။

အဲဒီခိုးကြောင်ခိုးဝှက်လူတွေကို စောင့်ကြည့်စာရင်းထဲ ထည့်ထားရမယ် …

ဝမ်ဝေ့က တစ်စုံတစ်ယောက်ကို အာရုံစိုက်လိုက်၏။ ထိုသူက ကြီးကြပ်ရေးမှူး ဖြစ်၏။

………….

ရှေးဦးနတ်ဆိုးကမ္ဘာ

“ အရှင် ဆုံးဖြတ်ပြီးသွားပြီလား” ကြီးကြပ်ရေးမှူးက ရွှေဖြူရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး ရွှေပလ္လင်ပေါ်တွင် ထိုင်နေသည့် မျောက်ကို အရိုကျိုးဆုံး လေးစားသမှုဖြင့် မေးလိုက်သည်။

“ငါက မင်းတို့နဲ့ မဟာမိတ် ဖွဲ့ပြီး တိုက်ပွဲမှာ ဝင်ပါချင်ပါတယ်။ ငါ တကယ်ကို ပါဝင်ချင်တာပါ” မိုးမြေကပ်ဘေး ဧကရာဇ်ဟု သိထားသည့် ယဲ့တာ့ဖူက ပြောလိုက်သည်။ သူက တစ်ခါတုန်းက ကောင်းကင်ဧကရာဇ်အထက် ရှိသည့် နာမည်မျိုးကို လိုချင်ခဲ့သော်လည်း သူ့ဂိုဏ်းက သူ့ကို ဖျောင်းဖျခဲ့သည်။ သူတို့ပြောစကားအရ သူသည် ဤနာမည်ကို ဒိုင်မေးရှင်းအနိမ့်တွင် ထိန်းသိမ်းထားနိုင်သော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင်တော့ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

“ဘာကများ အရှင်ကို တားဆီးနေတာလဲဆိုတာ သိပါရစေ”

“ပထမဦးဆုံး ငါက ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ အဲဒီကောင်စုတ်ကို တန်ကြေးတစ်ခု ပေးရမယ်ဆိုတာ ဒေါသထွက်နေတုန်းပဲ” ယဲ့တာ့ဖူက ပြောလိုက်သည်။

“မင်းတို့က ငါ့ကို တစ်ခုခု ပေးသင့်တာပေါ့ ”

“အဲဒါကတော့ မဖြစ်နိုင်လောက်ဘူး။ တခြားလူတွေက စည်းမျဉ်းကို လိုက်နာကြရတယ်လေ” ကြီးကြပ်ရေးမှူးက တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်သည်။

“ဒါပေမဲ့ မဟာမိတ်အတွက်ကတော့ တခြားအကျိုးကျေးဇူးတွေ ရှိပါတယ်”

“ ပြီးတော့ ဒုတိယပြဿနာ ပေါ်လာရော” မျောက်က နှာခေါင်းကလော်ကာ ပြောလိုက်သည်။

“ လေပေါလွန်းတဲ့ အဲဒီအကြီးအကဲတွေက ငါ စစ်ပွဲမှာ ပါဝင်ဆင်နွဲဖို့ အကျိုးမြတ်က မလုံလောက်ဘူးလို့ ပြောနေကြတယ်လေ။ ကြည့်ရတာ ငါတို့ဘက်က ရှုံးနေရတဲ့ပုံကြီး ”

“ဒါပေမဲ့ ကျုပ်တို့ဘက်က ရှုံးနေတာ မဟုတ်ပါဘူး။ ကျုပ်တို့ဂိုဏ်းချုပ် ရှိနေသရွေ့ ရှုံးနိမ့်ဖို့ဆိုတာ မဖြစ်နိုင်မှန်း အရှင်လည်း သိပါတယ်”

“ ဒါပေမဲ့ သူက ပေါ်မလာသေးဘူးလေ” မျောက်က နှာချေးကို ခုံရုံးဘေးရှိ လူတစ်ယောက်ထံ ပစ်လိုက်သည်။ ထိုကိုယ်စားလှယ်က သူ့အပြုအမူများကို နေသားကျနေဟန်ပေါ်သည့်အတွက် ထိုနှာချေးကို ဖယ်ရှားဖို့ တုတ်တံကို အသာဝှေ့လိုက်သည်။

“အကြောင်းအရင်းက …”

“မျောက်လေး ငါ မသေသေးဘူးဆိုတာ မင်းလည်း သိပါတယ်။ ဘာတွေ ခက်ခဲအောင် လုပ်ချင်နေရတာလဲ”

“ဝမ်ဝေ့လား။ ကောင်စုတ် မင်းက ဘယ်ရောက်နေတာလဲ။ ထွက်လာခဲ့”

“ငါက ဘာလို့ ထွက်လာဖို့ လိုမှာလဲ”

“ငါနဲ့ ထပ်တိုက်ရအောင်လို့ပေါ့။ ငါ ထပ်တိုက်ချင်တယ်”

“ငါက ငကြောက်တွေနဲ့ မတိုက်ဘူး” ဝမ်ဝေ့က သရော်ကာ ပြောလိုက်သည်။

“ငကြောက်တဲ့လား။ ငါ့ကို ငကြောက်လို့ ခေါ်ရဲတာလား” မျောက်၏ လည်ပင်းနှင့် မျက်လုံးထဲ အနီရောင်သွေးကြောများ ထင်းထွက်လာသည်။

“ငါ သိတဲ့ ယဲ့တာ့ဖူက အမြဲတမ်း တိုက်ပွဲအတွက် အဆင့်သင့်ဖြစ်နေတဲ့သူ …. ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ပင်ကို - ဟော်သဲ့စစ်ပွဲပြီးရင် ဒိုင်မေးရှင်းအနိမ့်ရဲ့ အကြီးမားဆုံး စစ်ပွဲမှာ ပါဝင်ဖို့ ငြင်းဆန်နေတယ်လေ။ အဲကြောင့် ငါ မင်းနဲ့ မတိုက်ဘူး ”

“ကောင်စုတ်” ယဲ့တာ့ဖူက ရှေးဦးနတ်ဆိုးကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ သူ့အရှိန်အဝါက နတ်ဆိုး ၉၉ ရာခိုင်နှုန်းကို ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားစေ၏။

“အရှင် မလုပ် …”

“ပါးစပ်ပိတ်ထား” ယဲ့တာ့ဖူက ပြောလာသည့်လူအား မျက်လုံးနီနီဖြင့် ကြည့်လာသည်။

“သူက ငါ့ကို မျှားနေတယ်ဆိုတာ သိတယ်”

ခုံရုံးမှ လူက မလုံမလဲ ပြုံးလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။

တကယ်လို့ တစ်ယောက်ယောက်က မျှားခေါ်နေမှန်း သိရက်နဲ့ ကျဆင်းသွားရင် မသိလိုက်တာနဲ့ ဘာမှမကွာဘူးလေ …

“ငါတို့တပ်ဖွဲ့အားလုံးကို အသင့်ပြင်ထား။ ဒီစစ်ပွဲမှာ ဝင်ရောက်ဆင်နွဲမယ်” ယဲ့တာ့ဖူက ကြေညာလိုက်သည်။

“ပြီးတော့ ကောင်စုတ် ဝမ်ဝေ့ ဒီစစ်ပွဲပြီးတာနဲ့ ငါတို့ ပြန်ပြီး လက်ရည်ယှဉ်မယ်”

“မင်း မနိုင်ဘူးဆိုတာကို သိထားရက်နဲ့တောင်လား ”

“ဘာဖြစ်ဖြစ် … မင်းကို ငါ့တုတ်နဲ့ အကြိမ်နည်းနည်းလောက်မှ မရိုက်ရရင် ငါ့ဒေါသက ပြေမှာ မဟုတ်ဘူး”

“ကောင်းပြီလေ” ဝမ်ဝေ့က ရယ်မောလိုက်ပြီးနောက် ကြီးကြပ်ရေးမှူးနှင့် အံ့ဖွယ်အသိစိတ်မှတဆင့် ဆက်သွယ်လိုက်သည်။

“ ဒီလောက်အားစိုက်ထုတ်ထားရတာကို သူ့ကို ဒေါသထွက်အောင် လုပ်ပြီးမှ လက်ခံလိုက်တယ်တဲ့လား” ကြီးကြပ်ရေးမှူးက သက်ပြင်းချလိုက်သည်။

“ဒီလောက်လွယ်မယ်လို့ ဘယ်သူက သိမှာလဲ”

“ ခင်ဗျားက မျောက်လေးကို လေးစားမှု မပြလို့လေ”

“ အဲဒီပေါက်ကွဲပြနေတာက အတုအယောင်လို့ ပြောတာလား” ကြီးကြပ်ရေးမှူးက အံ့အားသင့်စွာ မေးလိုက်သည်။

“သူ့ခုံရုံးက အကြီးအကဲတွေက သူရဲ့ သောင်းကျန်းတတ်တဲ့ သဘောထားကို လွှမ်းမိုးပြီး ပိုကောင်းတဲ့ ကောင်းကင်ဧကရာဇ် ဖြစ်လာအောင် ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ဆန် ရည်ရွယ်ချက်တွေအတွက် လုပ်နေကြတာ။ ဒါပေမဲ့ သူက ငြီးငွေံလာပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး သူ့စိတ်ကြိုက်လုပ်တော့မှာ ”

ကြီးကြပ်ရေးမှူးက မလုံမလဲ ပြုံးလိုက်သည်။

“ ထာဝရဧကရာဇ် ဖြစ်လာတဲ့သူတိုင်းက မရိုးရှင်းနိုင်ဘူးဆိုတဲ့ စကားက အမှန်ပါပဲလား”

“တကယ့်စကားတွေကို ဘယ်တုန်းကမှ ထုတ်မပြောကြဘူးလေ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဘာဖြစ်ဖြစ် ခင်ဗျားက အခု ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာဆီ သွားဖို့ မလိုတော့ဘူး”

“ တစ်ခုခု ဖြစ်ခဲ့လို့လား”

ရှေး’ဟောင်းစိတ်ဝိညာဉ်ကမ္ဘာက ကုန်သွယ်ရေးဗဟိုချက်နှင့် ပတ်သက်နေသည့်အတွက် မဟာမိတ်ထဲ နောက်ဆုံးမှာ ထားထားခြင်း ဖြစ်၏။

“ဟုတ်တယ် သူတို့က ဘက်ရွေးပြီးသွားပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“နှမြောစရာပဲ … အဲဆိုတော့ နောက်တာဝန်က ဘာလဲ။ အိမ်ပြန်လာပြီးတော့ စစ်ပွဲမှာ ပါဝင်လိုက်ရမလား”

“မလိုဘူး။ အဲဒီကမ္ဘာတွေကို သွားပြီး မဟာမိတ်ထဲ ဝင်နိုင်မလားဆိုတာ တစ်ချက်လောက်သွားကြည့်လိုက်” ဝမ်ဝေ့က စာရင်းတစ်ခုပေးပြီးသည့်နောက် သူ့တည်ရှိမှုက ပျောက်ကွယ်သွားသည်။

……………

ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာ

ဖုန်းဟွမ်က သစ်သားအခန်းငယ်လေးထဲ တင်ပျဉ်ခွေထိုင်ကာ ညာဘက်လက်တွင် ပုတီးကို ကိုင်ထားသည်။ ဤသည်က သူ့လိုမျိုး ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်အတွက် ဆိုးရွားသည့် နေရာတစ်ခု ဖြစ်သော်လည်း ထိုလူ၏ သူ့အပေါ် အရှက်ခွဲဖို့ ကြိုးပမ်းမှုကို စိတ်ထဲမထားပေ။ သူတို့က နေရာပြပြီးသည်နှင့် သူက ကျေးဇူးတင်ကြောင်းပြောကာ အေးအေးဆေးဆေး နေနေခဲ့သည်။

ဖုန်းဟွမ်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ပုတီးစိတ်တာကို ရပ်ထားကာ သက်ပြင်းချလိုက်သည်။ ထို့နောက် တဲလေးက ရုတ်တရက် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားသော်လည်း သူက တည်ငြိမ်အေးချမ်းစွာ ရှိနေသည်။ သူက သူ့ရှေ့မှ လူနှစ်ယောက်ကို ကြည့်လိုက်၏။

All Chapters