← Chapters

ဒဿန အတွေးအခေါ် ထိပ်တိုက်ရင်ဆိုင်မှု

Vol. 79 Ch. 1103

ဒဿန အတွေးအခေါ် ထိပ်တိုက်ရင်ဆိုင်မှု

Vol. 79 Ch. 1103

ခူထူလွန်က အနက်ရောင်ဝံပုလွေပုံစံ ဖော်ထားသည့် အပြာရောင် မွန်ဂိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူမခါးတွင် ရွှေရောင်ခါးပတ်တစ်ခု ရှိနေပြီး အရောင်အသွးစုံလင်သည့် ပုတီးစေ့များနှင့် ကြယ်သီးများဖြင့် တန်ဆာဆင်ထားသည့် ခေါင်းဆောင်းကို သူမ၏ ဆံပင်ရှည်ရှည်တို့ဖြင့် ရစ်ပတ်ထားသည်။ သူမက အလှတရား၊ ကြော့ရှင်းမှုနှင့် စွမ်းအားကဲ့သို့သော အငွေ့အသက်မျိုးကို ထုတ်လွှင့်နေသည်။

ထိုစဉ် သူ့မောင်ဖြစ်သူ ထိုလွေ့က အနီရောင်နှင့် ရွှေရောင် ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားလျက် ထွက်လာသည်။ သူက ကတုံးတုံးထားပြီး လက်အုပ်ချီထားလေသည်။ သူက သေချာဖုံးကွယ်ထားသည့် ခက်ထန်မှုနှင့်အတူ ငြိမ်းအေးသည့် အငွေ့အသက်မျိုး ရှိနေ၏။ သူ့လက်မောင်းက ဘုန်းတော်ကြီးတစ်ယောက်အတွက် ကြွက်သားများလွန်းနေသည်ဟု ဆိုရပေမည်။ ထိုအရာက သူ့စစ်သည်တော် အရှိန်အဝါကို ပေါ်လွင်စေသည်။

“အောမိတောဖော” ဖုန်းဟွမ်က နှောင့်ယှက်သူများသည် သူ့ကို တိုက်လိုက်လာပြီးသည့်နောက်တွင်ပင် တည်ငြိမ်နေသည်။ သူက ထိုလွေ့အား ကြည့်ကာ ပြောလိုက်၏။

“ကိုယ်တော် … ဒါက လိုအပ်လို့လား။ ကိုယ်တော်တို့က ဘုန်းတော်ကြီးတွေပါ။ ပြဿနာတွေကို ဘာလို့ အားသုံးဖြေရှင်းနေရမှာလဲ”

“ကျုပ်လည်း အားမသုံးချင်ပါဘူး။ ဒါပေမဲ့ ရွေးစရာ မရှိဘူး” ထိုလွေ့က ပြန်ဖြေလိုက်သည်။

“ကျုပ်တို့က ကုန်သွယ်ရေးဗဟိုချက်ရဲ့ အမိန့်ကို မနာခံလို့ မရဘူး”

“ အရှင့်အကြောင်း ကောလဟာလတွေကို သိမှာပါ။ သူက တစ်ခုခု ဖြစ်သွာတယ်လို့ တကယ်ထင်နေလား။ ဘာလို့များ ရှုံးရမဲ့ဘက်ကို ရွေးချယ်လိုက်ရတာလဲ”

“ တကယ်လို့ သူသာ ဘာမှမဖြစ်ရင် ဘာလို့ ပေါ်မလာသေးတာလဲ”

“သူက တစ်ကမ္ဘာလုံးနဲ့ စစ်တုရင် ကစားနေလို့ပေါ့။ အဲဒါကြောင့် ကိုယ်တော်တို့ဘက်က လူတွေက အဘက်ဘက်ကကြည့်ရင် ရှုံးနိမ့်မယ်လို့ ထင်ရတဲ့ စစ်ပွဲကို တိုက်ခိုက်ချင်ကြတာပေါ့။ သူ့နောက်ကို လိုက်နေသရွေ့ နောက်ဆုံး အနိုင်ရရှိသူ ဖြစ်လာမယ်ဆိုတာ သိနေကြတယ်လေ” ဖုန်းဟွမ်က အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

“ကံဆိုးတာက ကျုပ်တို့က အဲလို မျက်လုံးစုံမှိတ် မယုံကြည်နိုင်ဘူး”

ဖုန်းဟွမ်က သူ့ကို ကြည့်လိုက်ပြီးသည့်နောက် ခူထူလွန်ဆီ အကြည့်ပြောင်းလိုက်သည်။

“အရိပ်အုပ်စိုးသူဧကရီက အကျိုးအကြောင့်သင့်သင့်နဲ့ မောင်ဖြစ်သူကို ဘာလို့မတားတာလဲ”

“ဘုန်းတော်ကြီး အချိန်ဖြုန်းမနေနဲ့” ခူထူလွန်က ပြောလိုက်သည်။

“ ငါတို့က ဒီလမ်းကြောင်းကို ရွေးပြီးပြီဆိုတော့ အဆုံးအထိ ကြည့်ရမှာပဲ”

သူတို့က ငယ်စဉ်ကတည်းက အတွဲလိုက်ဖြစ်ခဲ့ကာ သူ့မောင်ဖြစ်သူက ဦးနှောက် ဖြစ်ပြီး သူမက ကြွက်သား ဖြစ်၏။ ထို့ကြောင့် သူမက ရံဖန်ရံခါ သဘောမတူသည့်အရာများ ရှိလျှင်ပင် ဆုံးဖြတ်ချက်အားလုံးကို သူ့ထံ အပ်ထားလေ့ရှိသည်။

ဖုန်းဟွမ်က အသက်ပြင်းပြင်းရှုလိုက်ပြီး မချင့်မရဲဖြစ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် သူက ပြောလိုက်၏။

“ ဒီအဓိပ္ပါယ်မရှိတာကို ရပ်လိုက်ကြရအောင်။ ဒီကိုယ်တော်က မင်းတို့ ဒီလမ်းစဉ် ရွေးခဲ့တာ လူသိရှင်ကြား ဓမ္မဆွေးနွေးပွဲထဲ မပါချင်လို့ဆိုတာ သိထားပြီးသား”

ထိုလွေ့က မျက်မှောင်ကြုတ်လိုက်ပြီး “ အမှန်ကို သိနေမှတော့ ဘာလို့ကွေ့ပတ်ပြောနေသေးလဲ”

“ ကိုယ်တော် အသိဝင်လာစေဖို့ မျှော်လင့်ခဲ့ရုံပါ” ဖုန်းဟွမ်က ပြန်ဖြေလိုက်သည်။

“ကိုယ်တော်တို့ရဲ့ အဖွဲ့ခွဲအသစ်က ပျက်စီးဖို့ လွယ်ကူတယ်။ အဲဒါကြောင့် အနာဂတ် မတော်တဆ ဖြစ်ရပ်တွေကို ကာကွယ်ချင်ရုံလေးပါ”

“ ခင်ဗျားတို့တွေ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ဒီလိုလုပ်ခဲ့ပြီးတာတောင် ပျက်စီးစေတဲ့အကြောင်း လာပြောနေသေးတုန်းလား” ထိုလွေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ ဒီကိုယ်တော်တို့က အမှားလုပ်ခဲ့မိလို့ အဲအတွက် အပြစ်ခံယူပြီးပါပြီ။ အခု အဲဒါကို ထပ်မဖြစ်စေချင်ရုံပါ”

“ ခင်ဗျားက မှန်လွန်းနေတယ်ပေါ့” ထိုလွေ့က လှောင်ပြောင်ပြောလိုက်သည်။

“ တကယ်လို့ ကျုပ်ဘက်က ခင်ဗျား ကျုပ်ကို ယုံပေးပြီး မတက်လှမ်းခင်အထိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အချိန်တောင်းခဲ့ပြီး ပျက်စီးမှုကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့မယ်ဆိုရင် ခင်ဗျား လက်ခံမှာလား ”

“ဒါပေါ့”

“လူသိရှင်ကြား ဓမ္မဆွေးနွေးပွဲ ဒါမှမဟုတ် ခင်ဗျားရဲ့ ဝင်ရောက်စွက်ဖက်မှု မပါဘဲနဲ့လေ ”

ဖုန်းဟွမ်က တိတ်ဆိတ်သွားခဲ့သည်။

“အဲမှာပဲလေ” ထိုလွေ့က သရော်လိုက်သည်။

“ခင်ဗျား လိုချင်တာက ခင်ဗျားရဲ့ ဩဇာနဲ့ ခင်ဗျားတို့ဘက်က ဗုဒ္ဓအဖွဲ့ အဓိက ဖြစ်နေအောင် လုပ်ဖို့ပဲလေ ”

“အောမိတောဖော” ဖုန်းဟွမ်က ရေရွတ်လိုက်သည်။

“ကိုယ်တော်က ဗုဒ္ဓတစ်ပါးဆိုပေမဲ့ ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေရှိတဲ့ လူသားတစ်ယောက်ပါပဲ။ ဗုဒ္ဓဘာသာပြန်လည်ရှင်သန်ဖို့ ဘဝတစ်ခုလုံး ကုန်ဆုံးထားရတာ။ အရင်ကလို ဒုက္ခမျိုး ပြန်လည်ဖြစ်စေနိုင်တဲ့ ထိန်းချုပ်မရနိုင်တဲ့ အပြောင်းအလဲမျိုးကို ခွင့်မပြုနိုင်ဘူး” ဖုန်းဟွမ်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“နောက်ဆုံးတော့ တကယ့်ပုံစံ ပြလာပြီကိုး” ထိုလွေ့က ပြောလိုက်သည်။

“ မင်းကတော့ ရည်ရွယ်ချက်ကို ဘယ်တုန်းကမှ မဖုံးကွယ်ထားခဲ့ဘူး” ဖုန်းဟွမ်က ပြန်လည်ချေပလိုက်သည်။ သူတို့အကြည့်ချင်းဆုံသွားပြီး အရှိန်အဝါများလည်း လိုက်ပါလာရာ ပတ်ဝန်းကျင် အာကာပြင်ကို တွန့်ချိုးသွားစေသည်။ ကံကောင်းစွာဖြင့် လူအဖွဲ့အစည်းများနှင့် အားနည်းသည့် ကျင့်ကြံသူများကို ရွေ့ပြောင်းထားပြီးသား ဖြစ်၏။

“ဒီကိုယ်တော်က မလိုလားအပ်တဲ့ အသက်တွေကို မသတ်ချင်ဘူး။ ဒီကမ္ဘာမှာ လေဟာနယ်တိုက်ပွဲကွင်းပြင် ရှိတယ်မလား.။ အဲဒီမှာ တိုက်ရအောင်” ဖုန်းဟွမ်က ပြောလိုက်၏။

“ကောင်းပြီလေ” ခူထူလွန်က လက်ဝေ့လိုက်ပြီး မုခ်ပေါက်ကို ဖွင့်လှစ်ကာ ဖုန်းဟွမ်က ထောင်ချောက်ရှိလား စစ်ဆေးပြီးသည့်နောက် ဝင်ရောက်လိုက်သည်။ သူက အင်မတန် တောင့်တင်းသည့် အာကာပြင်ရှိထားသည့် နေရာလွတ်ကျယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။

ဝုန်း

ဖုန်းဟွမ်ဆီ အားပြင်းပြင်း မီးတောက်တစ်ခု ရောက်ရှိလာသည်။ ထိုအရာက တိုက်ခိုက်မှု မဟုတ်ဘဲ တိုက်ပွဲကွင်းပြင်၏ ပတ်ဝန်းကျင် ရလဒ်သာ ဖြစ်၏။

ဖုန်းဟွမ်က နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်ပြီး သူ့နောက်တွင် မျှော်လွင့်နေသည့် အနက်နှင့်အဖြူ စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုလွေ့၏ နိုးထအသက်ဝင်မှုက ခက်ထန်သည့် ပုံစံဖြစ်စေသည့် အနီရောင်မျက်နှာဖုံး တစ်ခု ဖြစ်ပြီး ခူထူလွန်ကမူ အရိပ်တောင်ပံများ ရှိလာသည်။

ဖိနှိပ်ခြင်း …

ဖုန်းဟွမ်၏ တာအိုသက်သေပြပစ္စည်းဖြစ်သည့် ရွှေရောင် ပုတီးကုံးက ထိုသူနှစ်ယောက်အထက် မျှောလွင့်ကာ ဖိအားတစ်ခု ထုတ်လွှင့်လာသည်။ ခူထူလွန်၏ ခန္ဓာကိုယ်မှ အရိပ်လက်တံထောင်ချီ ထွက်ပေါ်လာပြီး ပုတီးကုံးကို ရိုက်ခတ်ဖို့ ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ သူမအတွက် ကံကောင်းသွားသည်မှာ ထိုလွေ့၏ မြားက သူမကို လာရောက်အားဖြည့်ထားခြင်း ဖြစ်၏။

ပုတီးက အနည်းငယ် တုန်ယင်သွားသော်လည်း တည်ငြိမ်နေသေးသည်။ ထို့နောက် ဝေဟင်အထက်မှ ရွှေရောင်လက်ဝါး ကျဆင်းလာပြီး ထိုသူနှစ်ဦးကို ပိုမို ဖိနှိပ်လိုက်သည်။ အရိပ်တစ်ခုက မောင်နှမနှစ်ယောက်ကို လွှမ်းခြုံသွားပြီး သူတို့က တည်နေရာမှ ပျောက်ကွယ်သွားကြသည်။

အရိပ်လေဟုန် မြား …

မမြင်နိုင်ဖွယ် မြားတစ်ချောင်းက ဖုန်းဟွမ်ဆီ ပြေးဝင်လာသည်။ သို့သော် ထိုနည်းဗျူဟာသည် ယင်ယန်မျက်ဝန်းပိုင်ရှင် တစ်ယောက်အတွက် အသုံးမဝင်ပေ။ ထို့ကြောင့် သူက လက်ကိုအသာမြောက်ကာ မြားကို ဖမ်းပြီး ခြေမွပစ်လိုက်သည်။

ဗုဒ္ဓက ခန္ဓာကိုယ် အနှောင်အဖွဲ့နှင့် လောကီရေးရာတို့မှ လွတ်မြောက်သွားပြီ ဖြစ်ရာ သူ့စိတ်က နေရာတိုင်းတွင် ရှိနိုင်သည်။ ထို့ကြောင့် သူက နေရာတိုင်းတွင် တည်ရှိနေနိုင်၏။ ခြေတစ်လှမ်းဖြင့် ဖုန်းဟွမ်က သူတို့ရှေ့ ပေါ်ထွက်လာကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး ထိုသူနှစ်ဦးကို လွှင့်စင်သွားစေသည့် အားမျိုး ထုတ်လွှင့်လာသည်။ သူတို့က ဤလေဟာနယ်တိုက်ပွဲကွင်းပြင်ရှိ မိုးကြိုးဇုန်ထဲ ရောက်ရှိသွားကာ သူတို့ကိုယ်သူတို့ ဒုတိယအကြိမ် ထိခိုက်စေတော့မလို ဖြစ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် ထိုလွေ့က သူတို့အား သဘာဝဓာတ် အထိအခိုက်များဆီမှ ခံနိုင်ရည်ကို ချီးမြင့်ပေးနိုင်သည့် အံ့ဖွယ်စွမ်းရည်တစ်ခု အသုံးပြုလာသည်။

အရိပ်သက်ရှိ

ခူထူလွန် နောက်မှ အရိပ်သက်ရှိနှစ်ယောက် ထွက်ပေါ်လာသည်။ တစ်ယောက်က ဓားသွားရှိနေသည့် လက်များ ရှိထားပြီး ကျန်တစ်ယောက်က ခန္ဓာကိုယ်အပေါ် ပိုင်း၊ နောက်ကျောနှင့် ခြေထောက်များတွင် ဆူးချွန်များရှိလေသည်။ သူတို့က ဖုန်းဟွမ်အနား ပေါ်ထွက်လာပြီး အစိတ်စိတ်အမြွာမြွာ လုပ်ပစ်ဖို့ ကြံလိုက်ကြသည်။ သို့သော်လည်း ရွှေရောင်အလင်းတန်း ထွက်လာကာ သူတို့ခန္ဓာကိုယ်များကို ပျက်သုန်းသွားစေသည်။

ယင်ယန် ပိတ်ဆို့ရေးစက်ဝန်းပြား

ယင်ယန်သင်္ကေတနှစ်ခုက မောင်နှမနှစ်ယောက်၏ အပေါ်နှင့်အောက်ဘက်တွင် ပေါ်ထွက်လာပြီး သူတို့အား အသားစိုင်အဖြစ် ခြေမွပစ်ဖို့ ကြိုးစားနေသည်။ ဤတစ်ကြိမ် ခူထူလွန်က အရိပ်ကူးပြောင်းသွားလာရေးကိုပင် အသုံးမပြုနိုင်တော့ပေ။ ဖိအားက သူတို့အပေါ် ကျဆင်းလာသည့်အခါ ခူထူလွန်က ပြောင်မြောက်သည့် အစီအစဉ်တစ်ခု ပေါ်လာခဲ့၍ ထောင်ချောက်ထဲမှ ပျောက်သွားခဲ့သည်။

သူမက ကူးသန်းသွားလာဖို့ ရှေးဟောင်းစိတ်ဝိညာဉ်နယ်ပယ်ကို ကြားခံနယ်အဖြစ် သုံးခဲ့တာလား … သူမရဲ့ တိုက်ခိုက်ရေးဉာဏ်ရည်က သိပ်မဆိုးဘူးပဲ

ဖုန်းဟွမ်က အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

အတုအယောင် နိဗ္ဗာန်

ဖုန်းဟွမ်က လက်နှစ်ဖက်ပူးကပ်ကာ ခန္ဓာကိုယ်မှ ရောင်စဉ်များ ထုတ်လွှင့်လာသည်။ လူရိုင်း မောင်နှမနှစ်ယောက်က အိပ်မက်ဆန်ဆန် အပြုံးမျိုး ပြုံးရင်း ငေးမောသွားကြ၏။ သူတို့က ပျော်ရွင်မှု အနေအထားထဲ ရောက်ရှိနေသည်။ တခြားနည်းဖြင့်ပြောရလျှင် ဤသည်က သူတို့၏ ခံစားချက် အတိအကျ ဖြစ်၏။

ငြိမ်းအေးခြင်း၊ ကောင်းချီးပေးခံထားရခြင်းနှင့် သေခြင်းရှင်ခြင်း သံသရာမှ လွတ်ကင်းခြင်း …

မောင်နှမနှစ်ယောက်က နိဗ္ဗာန်ရောက်ရှိသည့် စိတ်ခံစားချက်ထဲ နှစ်မြောနေပြီး စိတ်၏ လွတ်မြောက်မှုကို ရရှိသွားကြသည်။

ဖုန်းဟွမ်က သူတို့ကို စည်းပိတ်တော့မည့်ဆဲဆဲတွင် ထိုလွေ့၏ ဦးခေါင်းမှ အလင်းတန်းတစ်ခု ထွက်လာပြီး အပေါ်ပိုင်း ဗလာခန္ဓာကိုယ်၊ နဂါးဦးခေါင်း၊ လက်တစ်ထောင်ရှိသည့် အနက်ရောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုပုံရိပ်မှ ခက်ထန်ပြီး တိုက်ပွဲလို အငွေ့အသက်မျိုး ထွက်နေသည်။

ဒါက …

ဖုန်းဟွမ်၏ ယင်ယန်မျက်လုံးက လည်ပတ်လာသည်။ သူက အမှန်တရားကို မြင်လိုက်ရ၏။ ဤသည်မှာ ထိုလွေ့ဆီမှ ကိုးကွယ်ခံကာ ဖန်တီးထားသည့် နတ်ဘုရား ဖြစ်ပြီး သူ့နောက်လိုက်များက သူတို့ဉာဏ်အလင်းပွင့် လမ်းစဉ်ကို အရှိန်မြင့်တင်နိုင်စေရန် ဖြစ်သည်။ ဖုန်းဟွမ်က သူ့စိတ်ထင့်နေမှုက မှန်ကန်နေကြောင်း သိလိုက်၍ သက်ပြင်းချလိုက်သည်။

ဗုဒ္ဓဘာသာအဖွဲ့ခွဲအသစ် ဖန်တီးထားသည့် နတ်ဘုရားက စစ်သည်တော် အမျိုးအစား ဖြစ်သောကြောင့် သူတို့သည် ဓမ္မထက် ခွန်အားကို အလေးပေးထားကြောင်း သိသာသည်။

မောင်နှမနှစ်ယောက်က ပုံရိပ်ယောင်မှ လွတ်မြောက်လာသည်။ ထိုစဉ် ခူထူလွန်၏ ခန္ဓာကိုယ်အထက် တက်တူးများ ပေါ်ထွက်လာကာ သူမက ရှေးဟောင်းစိတ်ဝိညာဉ် အရိပ်မြွေဝံပုလွေကို ဆင့်ခေါ်ခဲ့သည်။

ဒေါသထွက်နေသည့် နတ်ဘုရားက သူ့လက်ထောင်ချီဖြင့် ဖုန်းဟွမ်အား ရိုက်ချလိုက်သည်။ ရိုက်ချက်တစ်ချက်စီက မြန်ဆန်လွန်း၍ မလှုပ်ရှားသလို ခံစားရ၏။ ထို့နောက် ဝံပုလွေ၏ မြွေအမြီးက ပျောက်ကွယ်သွားပြီး ဖုန်းဟွမ်၏ လည်ပင်းကို ဦးတည်နေသည်။

ယင်ယန်ဒိုင်းကာက ဖုန်းဟွမ်ကို ကာကွယ်ပေးထားပြီး နတ်ဘုရား၏ အားပြင်းပြင်း ရိုက်ချက်အားလုံးနှင့် မြွေအမြီး၏ ခိုးကြောင်ခိုးဝှက် တိုက်ကွက်ကိုပင် ခုခံနိုင်ခဲ့သည်။ သူ့နောက်တွင် လက်ထောင်ချီပါရှိသည့် ရွှေရောင်ဗုဒ္ဓပုံရိပ် ပေါ်ထွက်လာကာ ပြန်လည် ရင်ဆိုင်လိုက်၏။

ဒေါသထွက်နေသည့် နတ်ဘုရားက အားဖြည့်ကာ အရှိန်ကို မြင့်လိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် အရှိန်နှင့် နှေးကွေးမှုကို ထိန်းချုပ်ထားသည့် ဖုန်းဟွမ်၏ ယင်ယန်မျက်လုံးကြောင့် သူ့လက်တစ်ထောင်ဗုဒ္ဓက မြန်ဆန်လွန်းနေသည်။ ခူထူလွန်က သူမ၏ အရိပ်စွမ်းအားဖြင့် နတ်ဘုရားကို ကောင်းချီးပေးကာ သူ့လက်များအား ပျောက်ကွယ်သွားစေပြီး အရိပ်ဒိုင်မေးရှင်းမှတဆင့် ကူးသန်းသွားလာခွင့်ပြုလိုက်သည်။

ထိုကြိုးပမ်းမှုက အသုံးမဝင်ခဲ့ပေ။ ရွှေရောင်ဗုဒ္ဓက တစ်ချက်ပြီးတစ်ချက် ကျရောက်လာ၏။ ဖုန်းဟွမ်က လေဟာနယ်တိုက်ပွဲကွင်းပြင်မှ သဘာဝကပ်ဘေးများကို စုစည်းပြီး သူ့တိုက်ကွက်ကို ဂုဏ်သတ္တိတချို့ဖြင့် ကောင်းချီးပေးခဲ့သည်။ သူ့လက်တချို့က မီးတောက်၊ ရေခဲ၊ မိုးကြိုးအစရှိသဖြင့် ပါဝင်နေသည်။

နတ်ဘုရားက ဤကဲ့သို့ စိတ်အနှောင့်အယှက် မဖြစ်ခံဖူး၍ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ ဒေါသက လျို့ဝှက်စွမ်းအားတချို့ကို လှုံ့ဆော်ပေးလိုက်သည့်အလား အရှိန်အဝါက မြင့်တက်လာ၏။ ထိုအရာ၏ အနက်ရောင် အရေပြားနှင့် ခန္ဓာကိုယ်က အနီရောင် ပြောင်းလဲသွဦးပြီး နဂါးဦးခေါင်းအထက် မျက်လုံးဒါဇင်ချီ ထွက်ပေါ်လာသည်။

“ဗုဒ္ဓက သဏ္ဍာန်မရှိဘူး။ ဒါပေမဲ့ ဒီသွင်ပြင်က နတ်ဆိုးဆန်တယ်” ဖုန်းဟွမ်က ခေါင်းခါလိုက်သည်။

“ လာရာကို ပြန်သွားတော့ … အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအား ”

သူက ထိုစကားများကို ရေရွတ်လိုက်သည်နှင့် နတ်ဘုရား၏ ခန္ဓာကိုယ်က စတင်ပျက်သုန်းသွားပြီး မတည်ရှိခြင်း အနေအထားဖြစ်သည့် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။

“ကျစ်” ထိုလွေ့က ငြီးတွားလိုက်သည်။ သူက ဤအားကောင်းလှသည့် နတ်ဘုရားကို ဖွဲ့စည်းဖို့ အချိန်နှင့် အရင်းအမြစ်များစွာ အားစိုက်ထုတ်ထားရသည်။ ယခု သူ့ကြိုးပမ်းမှုအားလုံး အလကား သဲထဲရေသွန် ဖြစ်သွားခဲ့လေပြီ။

“စိတ်ငြိမ်ငြိမ်ထား” ခူထူလွန်က ပြောလိုက်သည်။

“ငါတို့တွေ အကုန်ထုတ်သုံးရမယ် မဟုတ်ရင် သူနဲ့ ရင်ဆိုင်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး ”

All Chapters