← Chapters

ခူထူလွန်များ

Vol. 79 Ch. 1104

ခူထူလွန်များ

Vol. 79 Ch. 1104

“ဒီအားကောင်းတဲ့ ရန်သူဆီကနေ ကာကွယ်ဖို့ ခူထူလွန်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေကို လမ်းညွှန်မှုနဲ့ ကာကွယ်မှုအတွက် ဆင့်ခေါ်အပ်ပါတယ်” ခူထူလွန်က ပြောလိုက်သည်။ သူမက ထိုစကားများကို ရေရွတ်လိုက်သည်နှင့် လေဟာနယ်တိုက်ပွဲကွင်းပြင်က ညင်သာသည့် အပြောင်းအလဲတစ်ခု ဖြစ်လာသည်။ မောင်နှမနှစ်ယောက် ဝန်းကျင်ရှိ ကပ်ဘေးအားလုံးကို လေဟုန်တစ်ချက် တိုက်သွားပြီး အေးစက်စက် လေထုမျိုး သယ်ဆောင်လာသည်။

ကွဲပြားသည့် လိင်အမျိုးအစားနှင့် ခန္ဓာကိုယ်အရွယ်အစား မျိုးစုံ ရှိကြသည့် လူ ၁၁ ယောက်က ပေါ်ထွက်လာသည်။ သူတို့က အရပ်မြင့်ကာ ခြိမ်းခြောက်နိုင်ကြသော်လည်း တချို့က တခြားသူထက် ပိုသာလွန်နေသည်။ ထိုဆင့်ခေါ်ခံလူရိုင်းအားလုံးက ခူထူလွန်ကို ကြည့်လိုက်ကြသည်။

ထို့နောက် ကြွက်သားပြိုင်းပြိုင်းနှင့် အသက်ကြီးကြီးလူတစ်ယောက်က ပြောလာသည်။

“ မင်းက ငါတို့ကို ဆင့်ခေါ်ခဲ့တဲ့လူလား”

“ဟုတ်ပါတယ် မျိုးနွယ်စုခေါင်းဆောင်”

“အဲဆိုတော့ မင်းက ၁၂ ယောက်မြောက်လား။ အဲဆို ဧကရာဇ်ကျိန်စာ အသက်ဝင်လာပြီလား။ ခဏနေပါဦး” အသက်ကြီးကြီး အမျိုးသားက ထိုလွေ့အား လှည့်ကြည့်လာကာ “၁၃ ယောက်မြောက်လား။ မျိုးဆက်တစ်ခုတည်းမှာလေ ”

“ဒိုင်မေးရှင်းအနိမ့်က အပြောင်းအလဲတွေ တွေ့ကြုံနေရပြီး ကိစ္စတွေက ရှုပ်ထွေးနေပါတယ်” ထိုလွေ့က ပြောလိုက်၏။

“အဲဒါဆို မင်းက ဘုန်းတော်ကြီး ဖြစ်နေတာ ရှင်းပြပြီးသား ဖြစ်သွားပြီ” အသက်ကြီးကြီး အမျိုးသားက ပြောလိုက်သည်။ ထိုလူက မျိုးနွယ်စု၏ ပထမဆုံး မဟာဧကရာဇ် ဖြစ်သလို ခူထူလွန် ဂုဏ်ပုဒ်ကို ပထမဆုံး ကိုင်ဆောင်သူ ဖြစ်၏။

“ မင်းက ဘုန်းတော်ကြီး ဖြစ်နေတာ ပြဿနာ မရှိဘူး။ ငါတို့လူတွေရဲ့ စိတ်ကို ချုပ်နှောင်ဖို့တော့ အဲဒါကို အသုံးမပြုနဲ့ ”

“ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး” ထိုလွေ့က ပြောလိုက်သည်။

“ အဲဆို မင်းရဲ့ မျိုးဆက်နဲ့ အမွေဆက်ခံသူတွေကရော ”

“အဲလိုကိစ္စမဖြစ်ရအောင် အာမခံပါ့မယ်”

“မင်းကို ယုံလိုက်မယ်” ခူထူလွန်(၁)က ခေါင်းညိတ်လိုက်ပြီး ဖုန်းဟွမ်ကို ကြည့်လိုက်သည်။

“မင်းက ငါတို့ကို အားကောင်းတဲ့ ရန်သူကို ရင်ဆိုင်ဖို့ ခေါ်လိုက်တာဆိုတော့ ဒီကိစ္စကို အာရုံစိုက်ထားရအောင်”

သူက အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ရန်သူက ငါးဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိထားစဉ် သူ့မျိုးဆက်နှစ်ယောက်က သုံးဆတိုက်ခိုက်ရေးအဆင့်သာ ရှိထားကြသည်။ ခူထူလွန်က ထိပ်သီး သုံးဆတိုက်ခိုက်ရေးအဆင့် ရှိထားစဉ် ထိုလွေ့က အလယ်အလတ်အဆင့်သာ ဖြစ်၏။

“ဒါက မလွယ်လောက်ဘူး” သူက တခြားသူများကို ပြောလိုက်သည်။

ထိုစဉ် ဖုန်းဟွမ်က အားလုံးကို အကဲခတ်နေသည်။

ဒါတွေက ခူထူလွန်မျိုးနွယ်စုရဲ့ အရင်ဧကရာဇ်တွေကို ရှေးဟောင်းစိတ်ဝိညာဉ်အဖြစ် ဆင့်ခေါ်လိုက်တာလား … ဒီကမ္ဘာရဲ့ လုပ်ဆောင်ပုံစနစ်အရ ဒီလိုလုပ်နိုင်တာ အဓိပ္ပါယ်တော့ ရှိသား

ဖုန်းဟွမ်က တိုက်ပွဲကို အားကုန်ထုတ်သုံးပြီး တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အထက် ရွှေရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားကာ သူ့ကို ရွှေရောင်ဘုန်းတော်ကြီးအဖြစ် ပြောင်းသွားစေသည်။

“ဒါက ကုသိုလ်ရွှေခန္ဓာလား” ပြောလိုက်သူက ခြင်္သေ့သားမွေးကို ပခုံပေါ်တင်ကာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက သဘာဝကျကျ အရိုင်းဆန်ပြီး ကြမ်းတမ်းသည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားသည်။

“အဲလိုမျိုး ထင်ရပေမဲ့ အငွေ့အသက် မတူဘူး” ခူထူလွန်(၄)က ပြောလိုက်သည်။ ထိုသူကမူ သုံးမီတာမြင့်မားပြီး လက်ကောက်ဝတ်၊ လက်သီးနှင့် ဖိနပ်တို့တွင် ချပ်ဝတ်များ ဝတ်ဆင်ထားသော်လည်း အပေါ်ပိုင်းဗလာ ဖြစ်၏။

“ အဲဒါက တကယ့်ကုသိုလ်ရွှေခန္ဓာ မဟုတ်ဘူး” ခူထူလွန်မျိုးနွယ်စု၏ ပထမဆုံး ထာဝရဧကရာဇ်ဖြစ်သည့် ခူထူလွန်(၃)က ပြောလိုက်သည်။ ထိုသူက အရပ်မြင့်ကာ ပိန်ပါးသော်လည်း မည်သူကမှ သူ့သွင်ပြင်ကြောင့် လျော့မတွက်ရဲကြပေ။ အကြောင်းအရင်းမှာ သူက အံ့ဖွယ်ခွန်အားဖြင့် မွေးဖွားလာ၍ ဖြစ်သည်။ အသက်သုံးနှစ်အရွယ်တွင် သူက သာမန်ဝက်ဝံတစ်ကောင်ကို လက်သီးတစ်ချက်ဖြင့် သတ်ခဲ့ပြီး အသက်ကိုးနှစ်တွင် မကျင့်ကြံရသေးဘဲ အဆင့် ၁ နတ်ဆိုးသားရဲကို သတ်ခဲ့သည်။

“အဲဆို ဘာကြီးလဲ”

“ငါလည်း မသိဘူး။ ငါ့အလိုလိုသိစိတ်အရ အဲဒါက တကယ် မဟုတ်ဘူးဆိုတာပဲ သိတယ်”

“သူက အနာဂတ်ကနေ ဆင့်ခေါ်လိုက်တာ” အနက်ရောင် မွန်ဂိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ ပခုံးနှစ်ဖက်လုံးတွင် မြွေနှစ်ကောင်ရှိနေဟန် ထင်ရစေသည့် ခေါင်းဆောင်မျိုး ဝတ်ဆင်ထားသည့် ခူထူလွန်(၅)က ပြောလိုက်သည်။ သို့သော်လည်း သူမကို အာရုံအဖမ်းစားနိုင်ဆုံးလက္ခဏာရပ်က ငွေရောင်နှင့် ရွှေရောင် အရောင်နှစ်ရောင်ကွဲနေသည့် မျက်လုံး ဖြစ်၏။

သူမက မျိုးနွယ်စုအတွင်း ဒဏ္ဍာရီတစ်ခု ဖြစ်နေသည်မှာ သူမသည် အတုအယောင် ဧကရာဇ်တစ်ဦး ဖြစ်ပြီး တစ်ခါက ခေတ်ဟောင်းခေတ်ကာလမှ လျို့ဝှက်နယ်မြေအတွင်း သွားရောက်စဉ် ပင်ကိုသက်ရှိဖြစ်သည့် ရွှေငွေကျားဆီမှ ထိုမျက်လုံးကို နှိုက်ထုတ်လာခဲ့၍ ဖြစ်သည်။

“အနာဂတ်ကလား”

“သူက ကုသိုလ်ရွှေခန္ဓာ ဖွဲ့စည်းဖို့ အလားအလာရှိပေမဲ့ ကုသိုလ်မလုံလောက်သေးဘူး။ အဲဆိုတော့ သူက အချိန်အခြေခံ မန္တန်တစ်ခုကို အသုံးပြုပြီး အနာဂတ်ကနေ ယူသုံးလာတာ ”

“ရန်သူက ငါတို့ထင်ထားတာထက် ပိုဒုက္ခပေးနိုင်တယ်” သူ့အားကောင်းသည့် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည့် ခပ်ပွပွ အနက်ရောင်ဝတ်ရုံကို ဝတ်ထားသူ လူလတ်အရွယ် အမျိုးသား ခူထူလွန်(၂)က ပြောလိုက်သည်။ သူက သူ့အရှိန်အဝါနှင့်တည်ရှိမှုကို တမင်လျော့ချထားဟန်ပေါ်သည်။

“ ဘိုးဘေးတို့က ဉာဏ်ပညာကြီးမားမှုကြောင့် ကျော်ကြားပါတယ်။ အစီအစဉ်များ ရှိထားလား” နံပါတ်(၁၂) ဖြစ်လာသည့် ခူထူလွန်က မေးလိုက်သည်။

“ရှိတယ်” နံပါတ်(၂) က ဖြေလိုက်သည်။

“အဲဒါကို မပြောခင် မင်းက အံ့ဖွယ်စွမ်းရည် ဘယ်လောက်သိထားလဲဆိုတာ နားလည်ဖို့လိုတယ်”

“ဟုတ်” ထိုလွေ့က ပြောလိုက်သည်။

“မင်းက …”

“ပြဿနာမရှိပါဘူး”

“ အဲဆိုရင် အစီအစဉ်က ဒီလို” ခူထူလွန်(၂)က ရှင်းပြလိုက်သည်။

ခပ်သွက်သွက် စကားပြောဆိုပြီးသည့်နောက်တွင် အားလုံးက တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။ အားလုံးထဲတွင် တစ်ဦးတည်းသော ကျွမ်းကျင်အတတ်ပညာ တာအိုကို ကျင့်ကြံခဲ့သည့် ခူထူလွန်(၈)က အားလုံးကို အံ့ဖွယ်သင်္ကေတ(အဆောင်များ) ဖြင့် ကောင်းချီးပေးလိုက်သည်။

ထို့နောက် ခူထူလွန်(၁) နှင့် (၄) တို့က ဖုန်းဟွမ်ဆီ ပြေးဝင်သွားကြသည်။ မျိုးနွယ်စု၏ တည်ထောင်သူက ခွန်အားတာအို ကျင့်ကြံ၍ သူ့တိုက်ခိုက်ရေးပုံစံက အမြဲလိုလို တည့်တိုးဆန်လှသည်။ သူက တစ်ဖက်လူကို မဟာကမ္ဘာတစ်သန်းအားဖြင့် ထိုးချလိုက်သည်။

ဘန်း ဘန်း ဘန်း

တိုက်ကွက်က ဖုန်းဟွမ်အတွက် ဘာမှမဟုတ်ပေ။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်းက တိုက်ကွက်အားလုံးကို ကာဆီးပေးထား၏။ လက်နက်တာအိုကို ကျင့်ကြံသည့် နံပါတ်(၃)က ဧရာမတူနှစ်လက်ကို ဆင့်ခေါ်ကာ တိုက်ခိုက်မှုထဲ ဝင်ရောက်လာသည်။

ဖုန်းဟွမ်က အသက်ကြီးကြိး အမျိုးသား မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်ပြီး နံပါတ်(၄)ကို ဗိုက်မှ ဖြတ်ကန်လွတ်လိုက်သည်။ ထို့နောက် သူ့ထံ တစ်နေရာမှ မမြင်နိုင်သည့် မြားနှစ်ချောင်း ထွက်ပေါ်လာကာ အရေးကြီးအင်္ဂါရပ်များကို ထိမှန်သွားစေသည်။

ဖုန်းဟွမ်က ဒဏ်ရာမရသော်လည်း မျက်မှောင်ကြုတ်လိုက်၏။ သူက လားရာကို ရှာဖွေလိုက်သည့်အခါ ခူထူလွန်(၉) နှင့် (၁၀)တို့နှင့်အတူ ထိုလွေ့ကို မြင်လိုက်ရသည်။ တစ်ယောက်စီက လေးနှင့်မြားကို ကိုင်ဆောင်ထားကြသည်။ သို့သော်လည်း သူက ခူထူလွန်(၈) နှင့် (၅) ကို လှည့်ကြည့်လိုက်သည်။

ခူထူလွန်နှင့် အဆောင်ပြုလုပ်သူတို့က မြားကို ကောင်းချီးပေးထားပေမဲ့ ငါ့မျက်လုံးနဲ့ မြားကို အာရုံမခံမိတဲ့ အဓိကအကြောင်းအရင်းက အံ့ဖွယ်မျက်လုံးရှိထားတဲ့ အဲဒီအမျိုးသမီးကြောင့်ပဲ …

ဖုန်းဟွမ်က သုံးသပ်လိုက်သည်။ သူက မျက်လုံးကို ကန့်သတ်ချက်အထိရောက်အောင် တွန်းပို့လိုက်ပြီး ဗုဒ္ဓသွားလာရေး နည်းစနစ်ကို အသုံးပြုကာ ထိုအဖွဲ့ဆီ ပြေးဝင်သွားလိုက်သည်။

သူက ထိုအမျိုးသမီးကို အဓိကပြဿနာအဖြစ် မှတ်ယူထားပြီး သူမဆီ ဦးတည်လိုက်သည်။ သို့သော် ခူထူလွန်(၃)က သူ့ကို တားဖို့ ပြေးဝင်လာပြီး ထိပ်တိုက်ရင်ဆိုင်ကာ နောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

ခွန်အားတာအိုလား … မဟုတ်သေးဘူး သူက ခန္ဓာကိုယ်လေ့ကျင့်သူသပ်သပ်ပဲ … ကြည့်ရတာ အတော်လေး ပါရမီထူးပုံပြ

ဖုန်းဟွမ်က တွေးလိုက်သည်။

“ခန္ဓာကိုယ်ဆိုတာက အဆိပ်အတောက်ပဲ။ လွတ်မြောက်မှုအတွက် တစ်ခုတည်းသော လမ်းစဉ်က စိတ်ဝိညာဉ် အားထုတ်ကျင့်ကြံမှုပဲ” ဖုန်းဟွမ်က ကြာလျှာနည်းနစစ်ဖြင့် ထိုစကားများကို ပြောလိုက်စဉ် ထိုလူ၏ ခန္ဓာကိုယ်က စတင်ဆွေးမြေ့လာသည်။

ခူထူလွန်(၃)က အလျှင်အမြန် လှုပ်ရှားကာ သူ့ခန္ဓာကိုယ်က နီရဲလာပြီး ထိုနည်းစနစ်ကို တန်ပြန်ရင်ဆိုင်လိုက်သည်။ သို့သော်လည်း ဖုန်းဟွမ်က ထိုအခွင့်အရေးကို ယူကာ သူ့ကို အနက်နှင့်အဖြူ စွမ်းအင်ဒိုင်းကာထဲ ယာယီစည်းပိတ်လိုက်သည်။

သူက ထိုခြိမ်းခြောက်မှုဆီ ဆက်လက်သွားနေစဉ် ဦးတည်ချက်နှင့် နီးကပ်လာသည့်အချိန် အဖွဲ့ကို အံ့အားသင့်သွားစေသည့်အရာ တစ်ခု ပြုလုပ်လာသည်။ ဖုန်းဟွမ်က အဖွဲ့၏ လေးသမားဆီ ရုတ်တရက် ကူးသန်းသွားကာ လက်ဝါးချက်ကို ထုတ်လွှင့်လိုက်သည်။ ခူထူလွန်(၉) နှင့် (၁၀) တို့က တုံ့ပြန်ဖို့ အခွင့်အရေး မရလိုက်ဘဲ စိတ်ဝိညာဉ်အမှုန်အဖြစ် ပေါက်ကွဲထွက်သွားသည်။ ထိုလွေ့က သွေးထွက်နေသော်လည်း ဖုန်းဟွမ်၏ ဝန်းကျင်မှ လွတ်မြောက်ခဲ့သည်။

ဖုန်းဟွမ်က သူ့နောက်ကို ဆက်မလိုက်ဘဲ ခူထူလွေ့(၁၁)ကို ကြည့်ကာ ပြောလိုက်သည်။

“မကောင်းတဲ့အရာတွေ မြင်ကွင်းကနေ ပျောက်သွားလိုက်တော့ ”

ခူထူလွန်(၁၁)က အဖွဲ့ထဲ အရပ်အပုဆုံး ဖြစ်ကာ နေမကောင်းဘူးဟု ဆိုရလောက်သည့် ဖြူဖျော့ဖျော့အသားရည်မျိုး ရှိထားသည်။ အကြောင်းအရင်းမှာ သူ့ပင်မတာအိုက အစောပိုင်းနှစ်များတွင် ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့သည့် အဆိပ်နှင့် ကျိန်စာ ဖြစ်၏။ သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင်ပင် မပြောင်းလဲခဲ့ပေ။

ဖုန်းဟွမ်က ထိုစကားများကို ရေရွတ်လိုက်သည့်အခါ နံပါတ်(၁၁)က သူ့အတွက် ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။

ကုသိုလ်ရွှေခန္ဓာက အဆိပ်၊ ကျိန်စာ သို့မဟုတ် မိစ္ဆာဆန်ဆန်၊ နတ်ဆိုးဆန်ဆန်အရာများကို ရင်ဆိုင်ဖို့ သက်ရောက်မှုပိုရှိလေသည်။ ထို့ကြောင့် ရွှေရောင်အလင်းတန်းက ကျဆင်းလာသည်နှင့် သူ့ကို ပျက်သုန်းသွားအောင် သန့်စင်ပစ်လိုက်တော့သည်။

“ကျစ် သူက ငါတို့အစီအစဉ်ကို သိနေတာလား” နံပါတ်(၄)က မေးလိုက်သည်။

“ဖြစ်နိုင်တယ်”

“မဟုတ်ဘူး။ သူက ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး အတွေ့အကြုံရှိနေရုံပဲ။ ဘုန်းတော်ကြီးတစ်ယောက်အနေနဲ့တော့ ထူးဆန်းတယ် ပြောရမယ်။ ဒါပေမဲ့ သူ့အရှိန်အဝါက သာမန်ထက် ရှေးကျတယ်ဆိုတော့ အဲဒါက အကြောင်းအရင်း ဖြစ်နေနိုင်တယ်”

ခူထူလွန်က အိပ်မက်လောကနှင့် သက်ရောက်မှုများအကြောင်း သိထားသော်လည်း ယခုအခါ ထုတ်ပြောရမည့် အချိန် မဟုတ်ကြောင်း သိသည်။

“နောက်ထပ်ကရော”

“အစီအစဉ်က အရင်လိုပဲ။ သတိကြီးကြီးထားကြ”

ခူထူလွန်(၁)၊ (၃)နှင့် (၄) တို့က ရှေ့ပြေးအဖွဲ့ ဖြစ်လာသည်။ ခူထူလွန်က သူမ၏ ဝံပုလွေနှင့် ပေါင်းစပ်ကာ စွမ်းအား တိုးမြင့်ခဲ့ပြီး ကိုယ်ပျောက်သွားခဲ့သည်။ ခူထူလွန်(၅)၏ မျက်လုံးမှ ရွှေရောင်သံကြိုးများ ထွက်ပေါ်လာကာ ထောက်ပံ့မှု ပေးထားသည်။

ဖုန်းဟွမ်က အန္တရာယ်ကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။

သူမရဲ့သံကြိုးတွေက ငါ့အားနည်းချက်တွေကို ပစ်မှတ်ထားနေတာပဲ …

သူက ရှောင်ရှားရင်း တွေးလိုက်သည်။ တခြားသော လူများကလည်း သူ့နောက်မှ လိုက်ပါလာပြီး အသက်ရှုဖို့နှင့် လှုပ်ရှားဖို့ အချိန်ချန်မထားကြပေ။

ဝှစ်

အသံက တိုးသော်လည်း အားလုံးက ကြားလိုက်ကြရပြီး ယာယီ ရပ်တန့်သွားကြသည်။ သူတို့က အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ နောက်ထပ် ဖုန်းဟွမ်တစ်ယောက်က ခူထူလွန်(၂) နောက် ပေါ်ထွက်လာပြီး သူ့ရင်ဘတ်ထဲ ထိုးဖောက်ပစ်လိုက်ခြင်း ဖြစ်သည်။

ခူထူလွန်(၂)က ပျောက်ကွယ်လာသည့် ခန္ဓာကိုယ်ကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“အစီအစဉ်ကို ဆက်လုပ်”

သူက ပျောက်ကွယ်သွားတော့သည်။

ဖုန်းဟွမ်က ယင်ကိုယ်ပွားကို ပြန်မဖျောက်သေးဘဲ ထိုသူအား အဆောင်ပြုလုပ်သူဆီ ပြေးဝင်သွားစေလိုက်သည်။ ခူထူလွန်(၅)က မျက်လုံးကို အသက်သွင်းကာ လမင်းက သူတို့အထက် ထွက်ပေါ်လာပြီး ကိုယ်ပွားကို ပျောက်ကွယ်စေသည့် အလင်းတန်း ထုတ်လွှင့်လာသည်။

ငါ သိပြီ …. သူမရဲ့မျက်လုံးက ယင်ယန်မျက်လုံးရဲ့ နောက်ထပ်ပုံစံမျိုးပဲ

ဖုန်းဟွမ်က တွေးလို‌က်သည်။

ရွှေက ယန်ကို ကိုယ်စားပြုပြီး ငွေက ယင်ကို ကိုယ်စားပြုတယ် …

ဖုန်းဟွမ်က ကောင်းကင်ရုပ်ခန္ဓာများသည် လူသားသဘောတရားများ ဖြစ်ကြောင်း သိထား၏။ နတ်ဆိုး သို့မဟုတ် အားကောင်းသည့် သွေးမျိုးဆက်ရှိသည့် သက်ရှိများအတွက် ကောင်းကင်ရုပ်ခန္ဓာ ပိုင်ဆိုင်ဖို့ ရှားပါးလှသည်။

ကောင်းကင်တာအိုက နတ်ဆိုးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကနေ အဲဒီရုပ်ခန္ဓာတချို့ကို စံနမူနာယူ ပုံဖော်ခဲ့တာလား ဒါမှမဟုတ် ဒီလိုကိစ္စရပ်မျိုးဆိုရင် သူတို့က မူလနတ်ဆိုးမျိုးနွယ်တွေပဲဆိုတော့ ပင်ကိုသက်ရှိတွေပေါ့ ….

All Chapters