အစစ်အမှန် ဗုဒ္ဓဘာသာ
Vol. 79 Ch. 1105
ဖုန်းဟွမ်က ခူထူလွန်(၅)ကို ပြန်လည်ရင်ဆိုင်ဖို့ အနက်နှင့်အဖြူ သံကြိုးများကို ထုတ်လွှတ်ရင်းဖြင့် နံပါတ်တစ်၊ နံပါတ်သုံးနှင့် နံပါတ်လေးတို့ကို ရင်ဆိုင်လိုက်သည်။ ခူထူလွန်(၇)က အဝေးတစ်နေရာတွင် ရပ်နေပြီး သူ့ကို အော်ကာ အားကောင်းသည့် အသံလှိုင်းတိုက်ကွက်ကို ထုတ်လွှတ်လာခဲ့သည်။
ယင်ကမ္ဘာရိုက်ချက်
ဖုန်းဟွမ်က ပြိုင်ဘက်လေးယောက်ကျော်နှင့် ရင်ဆိုင်နေရစဉ် လျှို့ဝှက်တိုက်ကွက်တစ်ခုကို အသုံးပြုခဲ့ပြီဖြစ်ကာ စောင့်ဆိုင်းနေလေ၏။ ထို့နောက် တစ်နေရာမှ အနက်ရောင် လှံနှစ်ချောင်းပေါ်ထွက်လာကာ တစ်ခုက ခူထူလွန်(၇)ကို ပစ်မှတ်ထားထားပြီး တခြားတစ်ခုက အဆောင်ပြုလုပ်သူကို တိုက်ခိုက်လိုက်သည်။
ခူထူလွန်(၇)က သားရဲတာအိုကို ကျင့်ကြံထားပြီး သားရဲလိုအသိစိတ်ကို ပိုင်ဆိုင်ထားလေသည်။ သို့သော် သူမအနေဖြင့် တုံ့ပြန်ဖို့ နောက်ကျလွန်းသွားခဲ့၏။
အသင်္ချေအင်ပါယာကမ္ဘာရှိ ဧကရာဇ်တိုင်းလိုမျိုး ဖုန်းဟွမ်က ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အားလုံးကို လေ့လာထားခဲ့သည်။ ထို့ကြောင့် သူသည် ဝမ်ကျူ၏ နည်းစနစ်တစ်ခုက သူမသည် 2D နေရာအတွင်း ဝင်ရောက်ခဲ့သည်ကို သတိထားမိခဲ့၏။
သူက ယင်ဒိုင်မေးရှင်း သို့မဟုတ် ယင်ကမ္ဘာကို ဝင်ရောက်ခြင်းဖြင့် ကိုယ်ပိုင်ပုံစံကို ဖန်တီးခဲ့သည်။ ထိုနေရာက ယင်ယန် မမျှတသည့် နေရာအပြင်ဘက်တွင် ရှိသည့်နေရာတစ်ခု ဖြစ်၏။ အနှစ်ချုပ်အားဖြင့်ပြောရလျှင် ယင်သာ တည်ရှိသည်။ သူ့အနေဖြင့် ထိုကမ္ဘာရှိ တိုက်ကွက်များကို တစ်ဖက်လူကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်ခြင်း ဖြစ်၏။
ဖုန်းဟွမ်က သူ့အပြုအမူ၏ ရလဒ်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ နံပါတ်(၇)က တုန်လှုပ်သည့် အမူအရာဖြင့် သေဆုံးသွားပြီး အဆောင်ပြုလုပ်သူ နံပါတ်(၈)ကမူ ပုခုံးဒဏ်ရာရရှိသွားပြီး နံပါတ်(၆)ကမူ နောက်ဆုံးအခိုက်အတန့်လေးတွင် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် သူ့ကိုယ်သူ ကယ်တင်လိုက်နိုင်သည်။
ဝှစ်
ခူထူလွန်(၁၂)က တစ်နေရာမှ ပေါ်ထွက်လာပြီး ဖုန်းဟွမ်၏ နောက်ကျောကို ဓားဖြင့် ထိုးချလိုက်သည်။ သို့သော်လည်း သူမ၏ ဓားမြောင်က သူ၏ ရွှေခန္ဓာကာကွယ်ရေးကို ချိုးဖောက်မသွားနိုင်ပေ။ သို့သော်လည်း သူမက ထိုအချက်ကို တည်ငြိမ်နေဟန်ပေါ်၏။ ဖုန်းဟွမ်က လှုပ်ရှားတော့မည့်ဆဲဆဲတွင် သူ့ဝိညာဉ်ကို တိုက်ခိုက်လာသည့် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
ထင်ထားသည့်အတိုင်း ခူထူလွန်များ၏ တိုက်ကွက်က သူ့ဝိညာဉ်မှ အရိပ်ဆီ ဖြစ်၏။ သို့သော်လည်း ထိုနည်းစနစ်က သူ့အတွက် အသုံးမဝင်ပေ။ သူက ရှုရှစ်နှင့် သူမတို့၏ တိုက်ပွဲအတွင်း သူမ တိုက်ကွက်ကို မြင်တွေ့ဖူးသား ဖြစ်နေသည်။ သူက သိပြီးသားအရာကို ကျဆင်းမည် မဟုတ်ပေ။
ဖုန်းဟွမ်က ခူထူလွန်(၁၂)ကို အနည်းငယ် လျှော့တွက်မိသွားသည်။ ဤနှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ နည်းစနစ်က မည်သို့မတိုးတက်လာဘဲ နေမည်နည်း။
ဝိညာဉ်၏ အရိပ်က အစမျှသာရှိသေးပြီး သူမ၏ တိုက်ကွက်က ခန္ဓာကိုယ်၏ အရိပ်ပါ ပါဝင်နေသည်။ သို့သော်လည်း ထိုအရာက လူသားသွင်ပြင်မှ ဖန်တီးထားသည့် သာမန်အရိပ်တစ်ခု မဟုတ်ပေ။
ပြောရလျှင် ထိုအရာထက် ပိုမိုနက်ရှိုင်း၏။ သူမ၏ နည်းစနစ်ထဲတွင် ခန္ဓာကိုယ်ရှိ အက်တမ်တိုင်းက ကိုယ်ပိုင်အရိပ်ရှိနေသည့် အတွေးအခေါ် ပါဝင်နေကာ သူမက သူတို့ကို ထိန်းချုပ်ပြီး ရန်သူကို အထဲမှ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
ဤပြောင်မြောက်လှသည့် အပြုအမူမျိုးဖြင့် ဖုန်းဟွမ်၏ အမှားအယွင်းက သူမ၏ ပြိုင်ဘက်ထံ ဒဏ်ရာအပြင်းအထန်ပေးနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်လာသင့်သည်။ နှမြောစရာကောင်းလှစွာဖြင့် ခူထူလွန်(၁၂) သို့မဟုတ် ဤတိုက်ပွဲရှိလူများက ကုသိုလ်ရွှေခန္ဓာ၏ ကာကွယ်မှုကို လျှော့တွက်ခဲ့လေသည်။ ဖုန်းဟွမ်၏ ခန္ဓာကိုယ်ဝန်းကျင်ရှိ ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ် အက်တမ်တိုင်း၏ ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ကာကွယ်ပေးထားသည်။
“အခု လုပ်လိုက်တော့” ခူထူလွန်(၁၂)က ပြောလိုက်သည်။ သူမက တခြားသူများကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်၏။ သူတို့က ခန္ဓာကိုယ်ထဲတွင် တိတ်တဆိတ် စည်းပိတ်ထားသည့်အဆောင်ကို အသက်သွင်းလိုက်ကြသည်။
အဆောင်က ဖုန်းဟွမ်အထက် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာစေပြီး သူ့လှုပ်ရှားမှုအားလုံးကို ကန့်သတ်ထား၏။
“မောင်လေး”
ခူထူလွန်(၁၂)က အော်ပြောလိုက်စဉ် ထိုလူက လှုပ်ရှားလာခဲ့သည်။
အပြစ်ကြွေးတိုက်စားခြင်းကမ္ဘာ
သူက ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာ၏ အကုသိုလ် သို့မဟုတ် အပြစ်ကြွေးအားလုံးကို ဆင့်ခေါ်သည့် စွမ်းရည်ကို အသုံးပြုကာ သူတို့အားလုံးကို ရန်သူ၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းခဲ့သည်။ အစီအစဉ်က ဖုန်းဟွမ်ကို တိုက်စားပစ်ပြီး သူ့ကုသိုလ်ရွှေခန္ဓာကို ဖျက်စီးပစ်ဖို့ ဖြစ်သည်။ တိုက်စားနှုန်းက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပျက်သုဉ်းအောင် လုပ်ဖို့ လုံလောက်သင့်ပေသည်။ ထို့ကြောင့် ဤတိုက်ပွဲအတွင်း သူ ရှုံးနိမ့်သွားလိမ့်မည်။
“ဒီအစီအစဉ်က တုံးအတာပဲ။ ငါက ဘုန်းတော်ကြီးတစ်ပါးဆိုတော့ အပြစ်ကြွေး သန့်စင်တာက ငါ့အတွက် သဘာဝပဲ” သူက တည်တည်ငြိမ်ငြိမ်ဖြင့် မှတ်ချက်ပေးလိုက်သည်။
“ကျုပ်က မတုံးဘူး။ ဒီလိုရိုးရှင်းပြီး သိသာတဲ့ အချက်ကို ဘာလို့သုံးရမှာလဲ” ထိုလွေ့က သရော်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာတစ်ခုလုံးရဲ့ ယွမ်ခေတ်ကာလများစွာတည်ရှိနေတဲ့ အပြစ်ကြွေးကို တောင့်ခံနိုင်မှာလား”
“မင်းက ဒီကိုယ်တော် ဗုဒ္ဓဘာသာကို ပြန်လည်အသက်မသွင်းနိုင်ခင် ဘယ်လိုတွေခံစားခဲ့ရတယ်ဆိုတာကို လျှော့တွက်ခဲ့တာကိုး” ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ထွက်ပြေးတော့” ခူထူလွန်(၅)က အော်ပြောလိုက်သော်လည်း နောက်ကျလွန်းသွားခဲ့သည်။
ရွှေရောင်ကန်ကြာမီးတောက်
ဖုန်းဟွမ်ကို ရွှေရောင်မီးတောက်တစ်ခု လွှမ်းခြုံသွားပြီး အပြစ်ကြွေးအားလုံးကို သန့်စင်ပေးနေသည်။ မီးတောက်က ပျံ့နှံ့သွား၍ ခူထူလွန်(၁) နှင့်(၄)ကို သတ်လိုက်ပြီး (၃)ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည်။
“မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး” ထိုလွေ့က တစ်စုံတစ်ယောက်သည် ဤသို့ ဆိုးဆိုးရွားရွား ကံအပြစ်ကြွေး၌ပင် အသက်ရှင်နိုင်သည့်အချက်ကို လက်ခံဖို့ ငြင်းဆန်နေလေသည်။ အပြစ်ကြွေးကို သန့်စင်နိုင်ခဲ့သည့်အချက်ကို ထည့်မပြောရသေးပေ။
ခူထူလွန်(၄)က အကြံပြုလိုက်၏။
“ငါတို့ တစ်ခုခုလုပ်မှ ဖြစ်မယ်။ မဟုတ်ရင် ဒီတိုက်ပွဲကို ရှုံးသွားလိမ့်မယ်”
“ကျွန်မမှာ အစီအစဉ်တစ်ခု ရှိတယ်။ ကျွန်မတို့တွေ စိတ်ဝိညာဉ်နယ်ပယ်ထဲက လျှို့ဝှက်ဧကရာဇ်တာအိုအမှတ်အသားတွေကို သူ့ခန္ဓာကိုယ်အတွင်း ထည့်သွင်းပြီး တစ်ခုနဲ့ တစ်ခု ရင်ဆိုင်ခိုင်းရင်ရော”
အားလုံးက မျက်မှောင်ကြုတ်လိုက်စဉ် ခူထူလွန်(၅)က ပြောလိုက်သည်။
“စိတ်ဝိညာဉ်နယ်ပယ်ဆိုတာက ရှေးဟောင်းလျှို့ဝှက်ချက်တွေ အများကြီး ပါဝင်နေတယ်။ အဲဒီလူတွေကို သွားရှုပ်လို့ အဆင်ပြေမယ်လို့ ထင်လို့လား”
“ဟုတ်တယ်။ ဒီလိုကိစ္စမျိုး လုပ်တာက ကမ္ဘာနဲ့ မျိုးနွယ်အတွက် ဂယက်ရိုက်သွားစေလိမ့်မယ်” ခူထူလွန်(၃)က ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ အခု ဘာမှမလုပ်ရင် မျိုးနွယ်က အသက်ရှင်မှာ မဟုတ်ဘူးလေ” ထိုလွေ့က သူ့အစ်မဘက်မှ ဝင်ပြောလိုက်သည်။
“ဒီအစီအစဉ်က ရန်သူကို ရင်ဆိုင်ရင်းနဲ့ ကမ္ဘာထဲ အဲဒီလူတွေ သူတို့ဘာသာသူတို့ ပုန်းအောင်းပြီးတော့ အသက်ပြန်သွင်းပြီး ဖရိုဖရဲဖြစ်အောင်လုပ်မဲ့ အခွင့်အရေးကို စောင့်နေတဲ့ ကပ်ဘေးကို ရှင်းထုတ်နိုင်လိမ့်မယ်” ခူထူလွန်(၁၂)က ဖျောင်းဖျလိုက်သည်။
“အကျိုးဆက်အတွက်ကတော့ အဲဒီနောက်မှ သူတို့ကို ဖြေရှင်းနိုင်ပါတယ်”
ခူထူလွန်(၃)က သက်ပြင်းချလိုက်သည်။
“မင်းက ဒီမျိုးဆက်ရဲ့ ခေါင်းဆောင်ပဲ။ ငါတို့က မင်းကို ထောက်ပံ့ပေးဖို့ ကျန်နေခဲ့တဲ့ စိတ်ဝိညာဉ်သက်သက်ပဲ။ ဒါက မင်းရဲ့ ဆုံးဖြတ်ချက်ဆိုမှတော့ ကူညီပေးမယ်”
တခြားသူများကလည်း အချင်းချင်းကြည့်ကာ သဘောတူလိုက်ကြသည်။ သူတို့က စိတ်ဝိညာဉ်နယ်ပယ်ထဲ ဝင်ရောက်ကာ လျှို့ဝှက်အမှတ်အသားများကို ရှာဖွေပြီး ဖုန်းဟွမ်၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းနေသည်။ အမှတ်အသားက ခုခံကြသော်လည်း သူတို့က အမှတ်အသားများသာ ဖြစ်သည့်အတွက် တချို့ကသာ သူတို့၏ အထွတ်အထိပ် အချိန်အခါလိုမျိုး အပြည့်အဝ တိုက်ခိုက်နိုင်ကြသည်။ ထို့ကြောင့် သူတို့၏ ခုခံမှုက အသုံးမဝင်ပေ။
အဖွဲ့၏ အဓိကပြဿနာက သာမန်စိတ်ဝိညာဉ်မှ လျှို့ဝှက်အမှတ်အသားများကို လိုက်ရှာဖို့ ဖြစ်၏။ တချို့သော စိတ်ဝိညာဉ်များက အမှန်တကယ် အားကောင်းလှသည့်အတွက် သူတို့ကို ဒေါသထွက်စေဖို့ မထိုက်တန်ပေ။ ထို့ကြောင့် အဖွဲ့က ဉာဏ်ရှိရှိ ရွေးချယ်ဖို့ လိုအပ်သည်။
ဖုန်းဟွမ်က ပထမအမှတ်အသား သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့်အခါ ချက်ချင်း သတိထားမိလိုက်သော်လည်း ဂရုမစိုက်ပေ။ သူက သူ့သန့်စင်ရေးစွမ်းအင်အပေါ် အပြည့်အဝ ယုံကြည်ထားပြီး သူ့တာအိုအမှတ်အသားဖြင့် ထိုအမှတ်အသား အားလုံးကို ရှင်းထုတ်နေသည်။ ဖုန်းဟွမ်က ဤတိုက်ပွဲကို စိတ်ဆန္ဒလေ့ကျင့်ရေး အတွေ့အကြုံအဖြစ် မှတ်ယူထား၏။
တိုက်ပွဲကွင်းပြင်က အနည်းငယ် လှုပ်ခါသွားပြီး အပြစ်ကြွေးများက ရပ်တန့်သွားကြသည်။
အဖွဲ့က သူတို့၏ အစီအစဉ် ကျရှုံးသွားပြီး ဆက်လုပ်နေခြင်းက အသုံးမဝင်ကြောင်း သိသွားကြ၏။
ထိုလွေ့က ဖုန်းဟွမ်ကို အံကြိတ်ကာ ကြည့်လိုက်သည်။ ခူထူလွန်(၁၂)ကမူ တိတ်ဆိတ်နေပြီး ကျန်စိတ်ဝိညာဉ်များကလည်း သက်ပြင်းချလိုက်သည်။ ထိုစဉ် ဖုန်းဟွမ်က သူ့ရှေ့တွင် မြောလွင့်နေပြီး အဖြူရောင်အလင်းများ ထုတ်လွှတ်နေသည့် အဖြူရောင်သလင်းကျောက်ကို ကြည့်လိုက်သည်။
ဒါက သန့်စင်ထားတဲ့ ကံတွေ စုစည်းထားတဲ့ သဏ္ဍာန်ပြမှုလား။ စိတ်ဝင်စားစရာပဲ…
ဖုန်းဟွမ်က ထိုသလင်းကျောက်ကို လေ့လာရင်း တွေးလိုက်သည်။
ဒါက ငါ့ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် အတော်လေး အကျိုးရှိမှာပဲ…
သူက သလင်းကျောက်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ကျန်ရှိနေသည့်သူများအား ကြည့်လိုက်၏။
“ဒီလိုအကျိုးမရှိတဲ့ တိုက်ကွက်ကို ဆက်ပြီး တိုက်ခိုက်ချင်သေးလား”
“ခင်ဗျားက အရေးသာချက်ရှိနေတယ်ဆိုတာနဲ့ ကျုပ်က လက်လျှော့မှာ မဟုတ်ဘူး” ထိုလွေ့က ပြောလိုက်သည်။
“တိုက်ပွဲက ငါတို့အားလုံး မသေသရွေ့ အဆုံးသတ်မှာ မဟုတ်ဘူး” ခူထူလွန်(၁၂)က ပြောလိုက်သည်။
“အောမိသောဖော” ဖုန်းဟွမ်က သက်ပြင်းချလိုက်ပြီး တိုက်ခိုက်လိုက်သည်။ ရလဒ်က ထင်ထားသည့်အတိုင်း ဖြစ်၏။ သူက ဒဏ်ရာရရှိနေသည့် နံပါတ်(၃)ကို သတ်ဖြတ်ပြီး အဆောင်ပြုလုပ်သူ နံပါတ်(၈)ကိုလည်း အမြန်အဆန် ရှင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် သူမ၏ ယင်ယန်မျက်ဝန်းဖြင့် စိတ်ဝိညာဉ်ကို ပေါင်းစည်းဖို့ ကြံရွယ်နေသည့် နံပါတ်(၅)ကိုပင် စည်းပိတ်နိုင်ခဲ့ပြီး ခူထူလွန်(၁၂)နှင့် သူ့မောင်ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။
“ငါတို့ကို ဘာလုပ်ချင်တာလဲ” ထိုလွေ့က မေးလိုက်သည်။
“ငါ ဘာလုပ်ချင်လဲဆိုတာကို မင်းလည်း သိပါတယ်”
“ဘယ်တော့မှ ခင်ဗျားကို ကူညီမှာ မဟုတ်ဘူး” ထိုးလွေ့က ပြောလိုက်သည်။
“ငါ့ယုံကြည်သူတွေနဲ့ နောက်လိုက် လူတွေအားလုံးကို သတ်ဖြတ်တာကို ကြည့်နေဖို့တောင် ပြင်ဆင်ပြီးသွားပြီ။ အဲဒါက ငါ့အသက်ကို ကယ်ဖို့ တစ်ခုတည်းအတွက်ဆိုရင်တောင် ခင်ဗျားကို ကူညီပေးမှာ မဟုတ်ဘူး”
“ဒါက မင်းရဲ့ မာနကို ထိခိုက်စေမယ်ဆိုတာကို သိတယ်။ မင်း စိတ်ငြိမ်သွားတာနဲ့ ငါတို့တွေ အကျိုးအကြောင်းသင့်သင့် ဆက်လက်ပြီး ဆွေးနွေးကြတာပေါ့” ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ထိုလွေ့က သူ့ကို ခက်ထန်စွာ ကြည့်လိုက်၏။
“လူသားတွေက မောက်မာကြပြီးတော့ ဆိုးရွားတဲ့အပြုအမူတွေကို ကျူးလွန်ကြတယ်။ ငါပြောတဲ့အတိုင်း ခင်ဗျားက လူတိုင်းကို သတ်နိုင်တယ်။ အဲဒါက ခင်ဗျား လိုချင်တာ မဟုတ်ဘူးလား။ ဗုဒ္ဓဘာသာမြင့်တက်လာမှု မဟုတ်ပဲနဲ့ ခင်ဗျားရဲ့ လိုအင်ဆန္ဒတွေကနေ တဆင့် လွှမ်းမိုးချင်နေတာလေ”
ဖုန်းဟွမ်က ချက်ချင်းပြန်မဖြေပေ။ ထိုအစား သူက အဝေးတစ်နေရာကို ကြည့်လိုက်၏။
“ဗုဒ္ဓဘာသာနဲ့ ကျင့်ကြံရေးဆိုတာက ဘယ်တုန်းကမှ မရောစပ်သင့်ဘူးလို့ တွေးနေခဲ့တာ။ ငါတို့ရယူထားတဲ့ စွမ်းအားက ငါတို့ရဲ့ ကျင့်ကြံအားထုတ်မှုကို အနှောင့်အယှက် ဖြစ်စေတယ်။ ငါတို့တွေက ကျင့်ကြံရေးလောကရဲ့ အကျိုးအမြတ်တွေ အာဏာတွေအတွက် လိုအင်ဆန္ဒတွေနဲ့ ရစ်ပတ်နေပြီးတော့ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို ကျင့်ကြံအားထုတ်ရမဲ့အစား အတွေးအခေါ်တွေ စည်ပင်ကြွယ်ဝမှုကိုပဲ ဂရုစိုက်နေလွန်းတယ်”
“ကျုပ်တို့ဆီမှာ စွမ်းအား မရှိရင် တခြားသူတွေက ဖိနှိပ်မှာပေါ့” ထိုးလွေ့က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက စွမ်းအား လိုချင်နေတဲ့ အကြောင်းကို သုံးတဲ့ အကြောင်းပြချက်သက်သက်ပဲ” ဖုန်းဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒါက အမှန်ဖြစ်ရဲ့လား။ ကျန်တဲ့သူတွေက ဉာဏ်အလင်းပွင့်ဖို့ အာရုံစိုက်ထားတဲ့အချိန် လူတချို့က စုပေါင်းကာကွယ်ဖို့ စွမ်းအားနည်းနည်းပဲ လိုတဲ့ စနစ်မျိုး ဘာလို့မကျင့်ကြံတာလဲ”
“အဲဒါက သိသာတယ် မဟုတ်ဘူးလား။ အာဏာရှိတဲ့သူတွေက အလွယ်တကူ အနိုင်ကျင့်နိုင်လို့ပေါ့” ခူထူလွန်က ပြောလိုက်စဉ် ထိုလွေ့ကလည်း သဘောတူလိုက်သည်။
“တကယ်လို့ သူတို့ကသာ အစစ်အမှန်ဘုန်းကြီးတွေဆိုရင် သူတို့ရဲ့ စွမ်းအားအကြောင်း ဘာလို့ ဂရုစိုက်နေရမှာလဲ”
နှစ်ဦးသာက တိတ်ဆိတ်သွားကြသည်။
“အဲဒီရွေးချယ်ခံဘုန်းကြီးတွေက သူတို့ဆီမှာ ဒီစွမ်းအားရှိပြီးတော့ သူတို့ရဲ့ တာဝန်က ဘာလဲဆိုတာကို သိထားသင့်တယ်။ သူတို့ရဲ့ ရာထူးက ယာယီပဲ။ နောက်တစ်ဖွဲ့ ပေါ်ထွက်လာပြီးတော့ သူတို့ရဲ့ ရာထူးကို ယူသွားမှာပဲ။ အဲဒီအခါကျရင် သူတို့ရဲ့ လေ့ကျင့်မှုကို အာရုံစိုက်ထားဖို့ ကျင့်ကြံရေးကို စွန့်ပစ်ကြရလိမ့်မယ်”
“ခင်ဗျားရဲ့ အတွေးအခေါ်တွေကတော့ နားထောင်လို့တော့ ကောင်းပါရဲ့။ သေချာကြည့်မယ်ဆိုရင် ပြစ်ချက်တွေချည်းပဲ”
“ဘယ်လိုမျိုးလဲ”
“သက်တမ်းလိုမျိုးပေါ့။ ကျင့်ကြံရေးရဲ့ ရှည်လျားတဲ့ သက်တမ်း မရှိဘဲနဲ့ ဘယ်လိုလုပ် ဉာဏ်အလင်းပွင့်မှုကို ရယူနိုင်ပါ့မလဲ”
“သေမျိုးတွေက သူတို့ရဲ့ တိုတောင်းလှတဲ့ သက်တမ်းအတွင်းမှာ ဘယ်လိုတွေ အောင်မြင်နိုင်တယ်ဆိုတာ မသိဘူးပဲ” ဖုန်းဟွမ်က ခေါင်းခါကာ ပြောလိုက်သည်။
“ပြီးတော့ မင်းက ငါ ပြောချင်တဲ့ အချက်ကို မမြင်ဖူး။ ကျင့်ကြံရေးဆိုတာက ငါတို့ရဲ့ သက်တမ်းကို တိုးမြှင့်ပြီးတော့ ကျင့်ကြံအားထုတ်မှုကိုလည်း ကူညီပေးနိုင်တယ်။ ငါတို့က စွမ်းအားနဲ့ အာဏာကြောင့်ပဲ အသုံးပြုရုံ မဟုတ်ဘူး။
ပြီးတော့ အစစ်အမှန် ဉာဏ်အလင်းပွင့်မှုဆိုတာက ကိုယ်နဲ့စိတ်ကို ကျင့်ကြံအားထုတ်ခြင်းပဲ။ မိုးမြေဆီက စည်းမျဉ်းတွေကို အာရုံစိုက်ဖို့ မလိုဘူး။ ငါတို့တွေက ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ထားတယ်။ အပြင်အစား အထဲကနေ ကျင့်ကြံအားထုတ်ကြတယ်”