← Chapters

စိတ်ဝိညာဉ်ဆိုင်ရာ ထူးကဲသာလွန်မှု

Vol. 79 Ch. 1106

စိတ်ဝိညာဉ်ဆိုင်ရာ ထူးကဲသာလွန်မှု

Vol. 79 Ch. 1106

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းဟွမ်၏ တိုက်ပွဲရလဒ်ကို စောင့်ကြည့်နေသည်။ သူက သူ့စိတ်ထဲ ပျောက်ကွယ်မသွားခင် ထိုအရာမှ လှုံ့ဆော်မှုတချို့ကို ဖမ်းယူမိလိုက်သည်။

ဉာဏ်အလင်းပွင့်မှု၊ စိတ်ဝိညာဉ် ကျင့်ကြံအားထုတ်မှု … ဗုဒ္ဓဘာသာ၊ တာအိုဘာသာ ဒါမှမဟုတ် တခြားဘာသာရေး ဒါမှမဟုတ် အတွေးအခေါ်ပိုင်းဆိုင်ရာတွေ…

သူက တွေးလိုက်မိသည်။

စိတ်ဝိညာဉ်ဆိုင်ရာ ကျင့်ကြံအားထုတ်မှုတစ်ခုတည်းနဲ့ ထူးကဲသာလွန်မှုကိုရဖို့ ဖြစ်နိုင်မလား။

နိဗ္ဗာန်ကို ရရှိထားတဲ့ ဘုန်းတော်ကြီး ဒါမှမဟုတ် တာအိုနဲ့ တစ်သားတည်းဖြစ်နေတဲ့ တာအိုဆရာတစ်ယောက်က စကြဝဠာရဲ့ အနှောင်အဖွဲ့တွေကနေ လွတ်မြောက်ပြီး ထူးကဲသာလွန်မှုကို ရယူနိုင်မလား

ထိုမေးခွန်းများက ရိုးရှင်းဟန်ပေါ်သော်လည်း ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလေသည်။ နမူနာအားဖြင့် မေတ္တယျလိုမျိုး တစ်စုံတစ်ယောက်အတွက် သူမ၏ အားထုတ်မှုတွင် နိဗာန်အဆင့်ကို ရောက်ရှိထားသည်ဟု ဆိုရပေမည်။

“အဲ့လိုတော့ မဟုတ်သေးဘူးပဲ” ဝမ်ဝေ့က တွေးလိုက်သည်။

သူမက သံသရာရဲ့ အနှောင်အဖွဲ့ကနေ လွတ်မြောက်မှု ကဏ္ဍကို ရရှိထားတာ။ ဒါပေမဲ့ အကြွင်းမဲ့ ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုကို ရရှိထားတဲ့ ကဏ္ဍကရော

သူမက ဒုက္ခဝေဒနာ ဒါမှမဟုတ် စွဲလမ်းမှုတွေကနေ လွတ်မြောက်သွားပြီလား

သူမရဲ့ စိတ်အခြေအနေက အဲဒါနဲ့ နီးကပ်နေတယ်ဆိုတာတော့ သိသာတယ်။ ဒါပေမဲ့ သူမက ဗုဒ္ဓဘာသာကို ဘာသာရေးအဖြစ် မှတ်ယူပြီးတော့ ကျင့်ကြံရေးလောကရဲ့ ဆက်သွယ်မှုတွေကြောင့် ကျင့်ကြံရေးလောကရေးလောကရဲ့ အရှုပ်အထွေးဆက်ဆံရေးတွေနဲ့ ပိတ်မိနေတုန်းပဲ။ အဲဒါကြောင့် ဒုက္ခဝေဒနာတွေ တွေ့နေရတာ။ သူမရဲ့ နိဗ္ဗာန်အောင်မြင်မှုကလည်း ပြစ်ချက်ရှိနေတယ်လို့ ထင်တယ်။ ပြီးတော့ ဗုဒ္ဓဘာသာကဏ္ဍရဲ့ ကျင့်ကြံရေးက အဲဒီအတွက် ကာမိအောင် လုပ်ဖို့ လိုအပ်နေတယ်။

ဝမ်ဝေ့၏ စိတ်ထဲ အတွေးများက ဝင်ရောက်လာခဲ့သည်။

ဖုန်းဟွမ်ပြောတာ မှန်နေနိုင်တယ်။ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတို့ရဲ့ ကျင့်ကြံရေးလောကအတွင်း အစစ်အမှန်လမ်းစဉ်က စိတ်ဝိညာဉ်အားထုတ်မှု ဖြစ်နေနိုင်တယ်။ သူတို့ရဲ့ အသက်ရှည်မှုကို အသုံးပြုပြီးတော့ စိတ်ဝိညာဉ် ကျင့်ကြံအားထုတ်ရမယ်။ ဒီလမ်းစဉ်က ထူးကဲသာလွန်မှု ဖြစ်နေနိုင်တယ်။

ဝမ်ဝေ့က အတွေးများစွာ ရှိနေနိုင်သည်။ နမူနာအားဖြင့် ဗုဒ္ဓဘာသာ၏ စိတ်ဝိညာဉ်အားထုတ်မှုသည် စိတ် သို့မဟုတ် ဝိညာဉ်တာအိုဖြင့် ဆက်နွယ်နေဟန်ပေါ်သော်လည်း ထိုအရာက မဟုတ်ပေ။

အကယ်၍ သူတို့၏ အဓိကရည်ရွယ်ချက်က အပြင်ပိုင်းအစား အတွင်းပိုင်းကို လေ့ကျင့်ဖို့ အလေးထားပါက စိတ်ဝိညာဉ် အားထုတ်ခြင်းသည် ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်နှင့် တူညီလိမ့်မည်။ ထိုအရာသည် စည်းမျဉ်း သို့မဟုတ် တာအိုကို နားလည်ဖို့ရာ မလိုအပ်ဘဲ ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည့် အနေအထား ရောက်အောင် စိတ်ကို လေ့ကျင့်ဖို့ အလေးထားခြင်း ဖြစ်သည်။

တခြားနည်းဖြင့် ပြောရလျှင် သူတို့၏ အားထုတ်မှုက ခွန်အားနှင့် ထူးကဲသာလွန်မှုလမ်းစဉ် ဖြစ်ပြီး ပြင်ပအကူအညီ သို့မဟုတ် မဟာတာအိုမှ များစွာ သက်ရောက်ခြင်း မရှိပေ။

သူတို့ရဲ့ အခြေအနေက မဟာတာအိုသာ စိတ်ဝိညာဉ်အားထုတ်ရေး လမ်းစဉ်မှာ ဝင်ရောက်မစွက်ဖက်ရင် ပိုပြီးတော့ ကောင်းနေနိုင်တယ်။ ခန္ဓာကိုယ် လေ့ကျင့်ရေးလမ်းစဉ်ကို လုပ်ခဲ့သလိုမျိုးပေါ့။

ဝမ်ဝေ့က ကောက်ချက်ချလိုက်ပြီး ရုတ်တရက် ရပ်တန့်သွားမိသည်။

ဒါက လုပ်ခဲ့ပေမဲ့ ငါကပဲ မသိတာဆိုရင်ရော

ဘုန်းတော်ကြီးများနှင့် တာအိုဆရာအများစုသည် မဟာတာအို၏ လှည့်ကွက်ကြောင့် ဖုန်းဟွမ်အစား မေတ္တယျနှင့် အန္တိမသဟဇာတတို့၏ တူညီသည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းကြသည်။

မဟာတာအိုက စိတ်ဝိညာဉ် အားထုတ်မှုလမ်းစဉ်ကို ခွန်အားအစစ်အမှန် တာအိုနယ်ပယ်လိုမျိုး ခန္ဓာကိုယ်စမ်းသပ်ချက်လိုမျိုး စည်းမျဉ်းတွေများ ချထားတာ ဖြစ်နိုင်မလား။

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

ဒါက အမှန်ဖြစ်ဖြစ်။ ဖုန်းဟွမ်ကတော့ ထူးကဲသာလွန်မှုလမ်းစဉ်ကို မသိလိုက်ဘဲ လျှောက်လှမ်းနေမိပြီ။

ဝမ်ဝေ့က ကောက်ချက်ချလိုက်ပြီး ပြုံးလိုက်မိသည်။

ကိစ္စတွေ ဘယ်လိုဖြစ်မလဲဆိုတာကို သူ့ကို ပြောပြသင့်လား

သူက ဖုန်းဟွမ်ကို ဆင့်ခေါ်ပြီးပြောပြလိုသော်လည်း ရပ်တန့်လိုက်သည်။

ဒါက မပြောတာပိုပြီး ကောင်းလိမ့်မယ်။

ဖုန်းဟွမ်က ထိုအတွေးများ ရှိထားသော်လည်း မလှုပ်ရှားရသေးပေ။ သူက ထိုသတင်းအချက်အလက်ကို ထုတ်ဖော်ခြင်းအတွက် လှိုင်းဂယက်ကို ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်၏။

အကောင်းဆုံးအနေအထားက မေတ္တယျက ယုံကြည်ဖို့ ထိုက်တန်ရဲ့လားဆိုတာကို ဆုံးဖြတ်ပြီးတဲ့အထိ စောင့်ဆိုင်းပြီးတော့မှ ဖုန်းဟွမ်ကို ပြောပြတာ အကောင်းဆုံးပဲ။ ငါက ဗုဒ္ဓဘာသာမှာ လူသစ်လေးဆိုတော့ ငါ့ရဲ့ အတွေးအခေါ်တွေက အဓိပ္ပာယ် မရှိတာလည်း ဖြစ်နေနိုင်တယ်။

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် အလျင်မလိုဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူ့စိတ်ထဲ နောက်ထပ် အတွေးတစ်ခု ပေါ်ထွက်လာခဲ့၏။

ငါ့ရဲ့ အတွေးတွေကို မှန်တယ်ပဲ ထားပါတော့။ အဲ့လိုဆိုရင်ဗုဒ္ဓဘာသာရဲ့ ဖန်ဆင်းရှင် ဂေါတမက ကျင့်ကြံခြင်းမရှိဘဲ အစစ်အမှန်နိဗာန်ကို ရယူထားနိုင်တာလား။ သူတင်မကသေးဘူး။ သမိုင်းမတိုင်မီကမ္ဘာမျိုးမှာ အောင်မြင်သွားတဲ့ ဘုန်းတော်ကြီးတွေကရော

ဤပုံမှန်ကိစ္စမျိုးက သမိုင်းမတိုင်မီကမ္ဘာတွင် ဖြစ်ပွားခဲ့လျှင် ပို၍ရှုပ်ထွေးလာလေသည်။ အကြောင်းအရင်းမှာ တခြားသော ဟွင်သွမ်းစကြဝဠာနှင့် မဟာတာအိုတို့နှင့် ထူးခြားသည့် ဆက်ဆံရေးကြောင့် ဖြစ်၏။

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် သတင်းအချက်အလက်တချို့ကို ကောက်ချက်ချလိုက်သည်။

“ဗုဒ္ဓဘာသာထဲမှာ ပါဝင်ပတ်သက်တာ ပိုကောင်းလိမ့်မယ်။ အဲ့ကနေ သင်ယူရမယ်” သူက ရေရွတ်လိုက်သည်။ စိတ်ဝိညာဉ်အားထုတ်ခြင်း၏ ဗုဒ္ဓဘာသာလမ်းစဉ်က သူနှင့် မသင့်တော်ပေ။

ဗုဒ္ဓဘာသာက လွတ်မြောက်မှုကို ရယူဖို့ လိုလားသော်လည်း သူနှင့် မတူပေ။ ထို့ကြောင့် သူ့အနေဖြင့် သူ့ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ကူညီပေးဖို့ သူတို့ဆီမှ သင်ယူနိုင်လေသည်။ ထို့ကြောင့် ဝမ်ဝေ့က ဂုဏ်ထူးဆောင်ဗုဒ္ဓ ဂုဏ်ပုဒ်ကို အလေးအနက်မှတ်ယူဖို့ ဆုံးဖြတ်လိုက်သည်။ သူက တာအိုဘာသာနှင့် တခြားသော ဘာသာရေးများကိုလည်း လေ့လာပြီး သူတို့ဆီမှ သင်ယူဖို့ ဆုံးဖြတ်ထားခဲ့သည်။

……………………………………………………..

ကြယ်တာရာသားရဲ ကမ္ဘာ့အသိုက်အဝန်း

တိုက်ပွဲစတင်လာသည်နှင့် အားလုံးက ပြိုင်ဘက် ကိုယ်စီ ရှိနေကြသည်။ ကျိလန်ဖန်းက သူ့ရှေ့တွင်ရှိနေသည့် လူ၅ယောက်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။ ထာဝရဧကရာဇ်နှစ်ယောက်နှင့် အတုအယောင် ထာဝရဧကရာဇ် သုံးဦးတို့ ပါရှိသည်။ သူက နောက်ဆုံးအကြိမ်အနေဖြင့် သေရည်ကို သောက်သုံးပြီးသည့်နောက်တွင် သိမ်းဆည်းလိုက်၏။

သူတို့ကို ကြည့်ပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုကို သတိထားမိသွားသည်။

သူတို့အားလုံးကို သူတို့ရဲ့ ခုခံမှုနဲ့ လှုပ်ရှားမှုတို့ကို တိုးမြင့်နိုင်တဲ့ အဆောင်နဲ့ ကောင်းချီးပေးထားတာပဲ။ သူတို့က ငါ့ရဲ့ အရှိန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာလား။

“ခင်ဗျားတို့ကို ဘယ်လိုခေါ်ရမလဲ” ကျိလန်ဖန်းက မေးလိုက်သည်။

“လေဟာနယ်ကြေးမုံဧကရာဇ်”

“အနီရောင်မိုးကြိုးဧကရာဇ်”

“အပြာရောင်စင်းကျားဧကရာဇ်”

“တောင်လက်သီးဧကရာဇ်”

“သံမဏိအရေပြားဧကရာဇ်”

အဲဒါဆိုတော့ တစ်ယောက်က လှုပ်ရှားမှု၊ တစ်ယောက်က အဝေးတိုက်ကွက်၊ တစ်ယောက်က အရှိန်၊ တစ်ယောက်က အနီးကပ်တိုက်ကွက်နဲ့ တစ်ယောက်က ခုခံဖို့ပဲ…

ကျိလန်ဖန်းက တွေးလိုက်ပြီး ထိုသူများကို သူ့ပြိုင်ဘက်အဖြစ် ရွေးချယ်ထားသူက သေသေချာချာ စဉ်းစားထားသည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဝမ်ဝေ့၏ မဟာမိတ်တွင်ရှိသည့်လူများကလည်း တူညီသည်လားဟု စဉ်းစားနေမိ၏။

ကုန်သွယ်ရေးဗဟိုချက်ရဲ့ သတင်းအချက်အလက် စုဆောင်းရေးစွမ်းရည်အရ ဒီလိုတော့ တွက်ထားပြီးသားပါ။

ကျိလန်ဖန်းက တွေးလိုက်သည်။ ကုန်သွယ်ရေးဗဟိုချက်က ဤတိုက်ပွဲအတွက် အချိန်တစ်ခု ပြင်ဆင်ထားသည်မှာ သိသာလှသည်။ သူတို့က ဝမ်ဝေ့၏ ရုတ်တရက် ပျောက်ကွယ်သွားမှုတွင် သူတို့၏ တပ်ဖွဲ့အားလုံးကို လှုပ်ရှားလာနိုင်သည် မဟုတ်ပါလော။

“ကောင်းပြီလေ။ ငါက …”

“ခင်ဗျားက ဘယ်သူလဲဆိုတာကို သိပြီးပြီ” လေဟာနယ်ကြေးမုံက ပြောလိုက်သည်။ ထိုသူက မှန်နှင့်တူသည့် မျက်လုံးများရှိထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူက လူသားသွင်ပြင်ရှိနေသော်လည်း သူက စိတ်ဝိညာဉ်မျိုးနွယ်မှ ဖြစ်ပြီး အသိစိတ်ဝင်ထားသည့် ကြေးမုံတစ်ချပ်မှ ဖြစ်သည်။ သူ့ကမ္ဘာတွင် လေဟာနယ်တာအိုကို တားမြစ်ခံအဖြစ် မှတ်ယူထားခံရသော်လည်း သူကမူ ကျင့်ကြံနိုင်သည့် အကြောင်းအရင်းလည်း ဖြစ်၏။

“ကောင်းပြီလေ။ ငါက မောက်မာတဲ့ပုံ မပေါ်ချင်ရုံပဲ” ကျိလန်ဖန်းက ပုံမှန်အတိုင်း ပြန်ပြောလိုက်၏။

“ဓားသမားတွေက ဒီလောက်ရယ်ရမယ်ဆိုတာ ဘယ်သူသိမှာလဲ” သံမဏိအရေပြားက ပြောလိုက်သည်။

“ဟုတ်တယ်။ မင်းတို့လူတွေက ဓားနဲ့ပဲ အိပ်နေတဲ့ကောင်တွေ” အပြာရောင်စင်းကျားက ထပ်ပြောလိုက်ပြီး လေဟာနယ်ကြေးမုံကလွဲ၍ အားလုံးက ရယ်မောလိုက်ကြသည်။

ကျိလန်ဖန်း၏ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး “ကောင်းပြီလေ။ မင်းက အဲဒီစကားတွေကြောင့် ပထမဦးဆုံး သေရတဲ့သူဖြစ်လာလိမ့်မယ်”

“ငါက မင်းကို ကြောက်မယ်များ ထင်နေလား”

“အဓိပ္ပာယ်မရှိတာတွေ တော်တော့” လေဟာနယ်ကြေးမုံက ခေါင်းဆောင်မှန်း သိသာလှသည်။

“ငါတို့က စကားပြောဖို့ ရောက်လာတာ မဟုတ်ဘူး။ တာဝန်နဲ့ ရောက်လာတာ။ အစီအစဉ်ကို မှတ်ထားပြီးတော့ အသက်မူတည်နေသလိုမျိုး လှုပ်ရှားကြ”

သူတို့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် အပြာရောင်စင်းကျားက ပြေးဝင်လာသည်။ သူက နာမည်အတိုင်း ကိုက်ညီလှပြီး သူ့လမ်းကြောင်းတစ်လျှောက်တွင် အပြာရောင်အကြောင်းကို ချန်ထားခဲ့ပြီး ပြိုင်ဘက်ကင်းအလျင်ဖြင့် တစ်ဖက်လူဆီ ရောက်ရှိလာခဲ့သည်။

အပြာရောင်စင်းကျား၏ ရက်စက်သည့် အပြုံးက သူ့သေးငယ်သည့် မျက်လုံးများကို ပိုမိုသေးငယ်သွားစေပြီး မျက်လုံးပိတ်ထားသလိုမျိုး ဖြစ်နေလေသည်။ သူ ယခုစဉ်းစားနေသည်က တစ်ဖက်လူကို အဆုံးမသတ်ခင် မည်သို့ ကစားရမည်လဲဟုသာ ဖြစ်သည်။

ဟမ် ငါက ဘာလို့ ငါ့ခန္ဓာကိုယ်ကို ပြန်ကြည့်နေရတာလဲ…

အပြာရောင်စင်းကျား ဧကရာဇ်က တွေးလိုက်မိသည်။

မဟုတ်သေးဘူး။ ဒါက ငါ့ခန္ဓာကိုယ် မဖြစ်နိုင်ဘူး။ ခေါင်းပြတ်သွားတာပဲ

ထို့နောက် တစ်စုံတစ်ခု သဘောပေါက်သွားခဲ့သည်။

မဖြစ်နိုင်တာ။ ငါ့ရဲ့ အရှိန်တာအိုနဲ့ ပြီးပြည့်စုံစွာ ကိုက်ညီနေတဲ့ ထိပ်တန်းအဆင့် အရှိန် ဧကရာဇ်အဆာင်ကို သုံးထားတာလေ။ ငါ့ထက် ဘယ်သူက မြန်နိုင်မှာတုန်း

သူက စမ်းသပ်ခဲ့ပြီးသားဖြစ်ကာ သူ့အရှိန်က မယုံနိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိနေသည့်အတွက် သူက မည်သို့ မြန်မြန်ဆန်ဆန် သေဆုံးသွားရသနည်း။ သူ ခေါင်းဖြတ်ခံလိုက်ရသည်ကိုပင် သတိမထားမိခဲ့ပေ။

ထိုအတွေးများက အပြာရောင်စင်းကျား၏ နောက်ဆုံးအတွေးဖြစ်ပြီး သူ့ဝိညာဉ်က မိုးမြေကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

“ကျစ်” လေဟာနယ်ကြေးမုံဧကရာဇ်က ရေရွတ်လိုက်သည်။ ကုန်သွယ်ရေးဗဟိုချက်က သူ့အား ကောင်းကင်မျက်ဝန်းတစ်စုံကို ကျိလန်ဖန်းနှင့် ရင်ဆိုင်ဖို့ရာ ပေးအပ်ထားသည်။ သို့သော်လည်း သူတို့၏ စွမ်းအားဖြင့်ပင် ထိုဓားချက်ကို မမြင်လိုက်ရသည့်အတွက် အပြာရောင်စင်းကျားကို ကယ်တင်ဖို့ရာ လှုပ်ရှားဖို့ ဆိုထားဖွယ်မရှိပေ။

“မင်းတို့ရဲ့ ပိုင်နက်စွမ်းရည်ကို ထုတ်သုံးကြ” လေဟာနယ်ကြေးမုံက အမိန့်ပေးလိုက်သည်။

“အဲဒါက အသုံးမဝင်ဘူး” ကျိလန်ဖန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူက အမှန်အတိုင်း ပြောနေခြင်း ဖြစ်၏။ ထိုသူအားလုံးက သူနှင့် စွမ်းအားညီတူရှိပြီး ထူးကဲသည့် တာအို မရှိသရွေ့ ထိုနည်းစနစ်က သူ့အတွက် အသုံးဝင်မည် မဟုတ်ပေ။

“ကျစ်” သံမဏိအရေပြားက ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က သတ္တုအဖြစ် ပြောင်းလဲသွားပြီးသည့်နောက်တွင် ကျိလန်ဖန်းဆီ ဝင်ရောက်လာသည်။ သူက အလင်းတစ်ချက်သာ မြင်လိုက်ရပြီး အပြာရောင်စင်းကျားလိုမျိုး သူ့ခေါင်းမဲ့ခန္ဓာကိုယ်ကို ပြန်လည်မြင်ယောင်လိုက်ရသည်။ ထို့နောက် သူ့ဝိညာဉ်က မိုးမြေကြား ပျောက်ကွယ်သွား၏။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” တောင်လက်သီးက အံကြိတ်ကာ ပြောလိုက်သည်။ သူတို့၏ လေ့လာတွက်ဆထားမှုအရ ကျိလန်ဖန်းသည် ဝမ်ဝေ့ပြီးသည့်နောက်တွင် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြ စ်၏။ သူက ရှုရှစ်နှင့် တခြားသူများထက်ပင် ပို၍ အန္တရာယ်ကြီးနေသည်။

သူတို့က လီကျွင်း၊ ယန်းလီလင်းနှင့် ယုယန်တို့အကြောင်းကို သိမထားကြပေ။

ကျိလန်ဖန်းက သူ့ကို ကြည့်လိုက်၏။ သူက ထိုသူများအား သူသည် ဓားရေးကမ္ဘာအတွင်း လေ့ကျင့်ပြီးသည့်နောက်တွင် သိသိသာသာ တိုးတက်လာမည့်အကြောင်း ပြောပြမည် မဟုတ်ပေ။

“နောက်အလှည့်က မင်းပဲ” သူက ကြေညာလိုက်သည်။ တောင်လက်သီးရှေ့တွင် ကြေးမုံတစ်ချပ် ရုတ်ချည်း ပေါ်ထွက်လာပြီး တိုက်ကွက်ကို ပြန်လည် ရောင်ပြန်ဟပ်စေလိုက်သည်။ သို့သော်လည်း ထိုအရာက လုံလုံလောက်လောက် မမြန်ဆန်သည့်အတွက် ဝိညာဉ်အပါအဝင် ထိုသူ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမြွာမြွာ ကြေမွသွားလေသည်။

All Chapters