ရိုးသား မှု။
Vol. 8 Ch. 100
ဝမ်မိသားစု၏တပည့်များသည် ဤမြင်ကွင်းကြောင့် အံသြသွားကြသည်။ အောင်မြင်မှုတစ်ခု ရယူပြီးသည့်တိုင် ဝမ်ဖေးယီသည် လင်းယွန်အား ထပ်မံရှုံးနိမ့် သွားခဲ့သည်။
" မိတ်ဆွေလေး၊ မင်းက သိပ်ရက်စက်တာပဲ "
ဝမ်ကျီယဲက လင်းယွန်၏ လုပ်ရပ်အတွက် အပြစ်မတင်ခဲ့ပဲ အပြုံးများဖြင့် ရေရွတ်လိုက်သည်။
" အဲဒါအတွက် တောင်းပန်ပါတယ်၊ ငါ့ရဲ့ခွန်အားအသစ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ "
လင်းယွန်က အပြစ်မကင်းသော လေသံဖြင့် ပြုံးကာ၊ ပြန်ပြောလာသည်။
" ငါအရမ်းသိချင်တယ်၊ ရေကန်အောက်ခြေမှာ မင်း..ဘာတွေ့ခဲ့လဲ၊ အကြီးအကဲတွေနဲ့ ငါက ရေကန်ကို ရှာဖွေပြီး ပြီမို့ တခြားဘာမှ ရှိမယ်တော့ မထင်ဖူး....''
" အင်း ဟုတ်တယ် စီနီယာဝမ်၊ မီးလျှံသွေးကြောက လွဲရင်၊ တခြားဘာမှ မရှိပါဖူး၊ ငါ့အတွက် မီးစွမ်းအင်က အသုံးဝင်တာကြောင့်၊ အဲ့ဒီမှာ ကျင့်ကြံနေခဲ့တာပဲ ''
" အိုး ဟုတ်လား..."
ဝမ်ကျီယဲ၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ လင်းယွန် သည် အမှန်တကယ်ပင် မီးလျှံသွေးကြော အနီးတွင် ရူးမိုက်စွာ ကျင့်ကြံရဲ ခဲ့သည်။ ၎င်းသည် သူပင် မခံယူဝံ့ချေ။ သို့သော်ရုတ်တရက် လင်းယွန်ထံ၌၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည်ကို သတိရသွားသည် ဖြစ်ရာ၊ မီးလျှံသွေးကြော အနီးတွင် လေ့ကျင့်ခြင်းသည်၊ အခြားသူများအတွက် စိတ်ကူး မယဉ်နိုင်သော် ငြားလည်း၊ လင်းယွန် အတွက်မူ၊ သာ၍ပင် အကျိုးရှိသည်ကို သတိရ လိုက်မိသည်။
ဝမ်ကျီယဲက လင်းယွန်အား လေးလေးနက်နက် စိုက်ကြည့်ကာ၊ သက်ပြင်းချလိုက်ပြီးနောက်၊
'' သနားစရာ ကောင်းလိုက်တာ၊ မင်းမှာ ပိုကောင်းတဲ့ ခန္ဓာကိုယ်မျိုး သာရှိရင် မျိုးနွယ်စုလေးခုနဲ့ ဂိုဏ်းကြီးလေးဂိုဏ်းက မင်းကို ရင်ခွင်ပိုက်ပြီး ကြိုဆိုမှာ သေချာတယ်။ ''
" ငါ အဆင်ပြေပါတယ်..... ''
လင်းယွန်က ပြုံးလျက် ပြန်ဖြေလိုက်ပြီး၊ ဝမ်ကျီယဲအား နူတ်ဆက်လိုက်သည်။
" စီနီယာဝမ်၊ ငါ အရင်သွားနှင့် လိုက်မယ်၊ ဝမ်မိသားစုနဲ့ ပြန်မလိုက်တော့ဘူး.... "
ဝမ်ကျီယဲက လင်းယွန်စကားကို ခေါင်းညိတ်လက်ခံလိုက်ပြီး၊
'' ဒါက မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ၊ ''
ဟု ရေရွတ်လိုက်၏။
ကောင်းမိသားစုဝင်များ၏ ကင်းထောက်များသည် တောအုပ်အပြင်၌ စောင့်ကြပ်ကြည့်ရှု နေမည်မှာ၊ မြေကြီး လက်ခတ်မလွဲပင်။
" မထွက်ခွာခင် စီနီယာဝမ်ဆီက အကူအညီအချို့ တောင်းဆိုချင်ပါတယ်.... ''
" မင်း ဘာလိုအပ်လဲဆိုတာ ငါသိပါတယ်၊ ငါပြင်ဆင် ထားပြီးသားပါ ''
ဝမ်ကျီယဲက ပြုံးပြီး ပြောလိုက်ကာ၊ မြေပုံတစ်ချပ်အား ထုတ်ပေးလာသည်ကြောင့်၊ လင်းယွန်၏ မျက်လုံးများ တောက်ပလာသည်။ ထိုမြေပုံတွင် မူလမီးလျှံ အမြုတေကို တွေ့ရှိနိုင်မည့် ဖြစ်နိုင်ခြေရှိသော နေရာအားလုံးအတွက်၊ အမှတ်အသားပြု ပေးထားသည်။ ထို့အပြင် မူလမီးလျှံ အမြုတေ၏ လက္ခဏာများကိုပင်၊ အသေးစိတ် မှတ်တမ်းတင်ထားလေသည်။
" ကျေးဇူးတင်ပါတယ် စီနီယာဝမ် "
လင်းယွန်က မြေပုံကို သိမ်းဆည်းကာ ဦးညွှတ်အရိုအသေ ပြုလိုက်၏။
"ဒုတိယအဆင့်မှာ မူလမီးလျှံ အမြုတေကို မင်းသေချာပေါက် ရှာတွေ့ဖို့ လိုလိမ့်မယ်၊ အမှန်အတိုင်း ပြောရရင် ငါ့အဖေက ဒီနည်းစနစ်ကို လေ့ကျင့်ဖို့ ကြိုးစားခဲ့တာမို့ မူလမီးလျှံနဲ့ ပတ်သက်တဲ့ အချက်အလက် အားလုံးကို စုဆောင်းထားခဲ့တာပဲ၊ ဒါပေမယ့် ...... ''
" ....... ဒါပေမယ့် ဘာဖြစ်ခဲ့လဲ "
" လူတိုင်းက မင်းလိုမျိုး မီးလောင်ကျွမ်းမှုဒဏ်ကို ခံနိုင်ရည်ရှိမယ်လို့ ထင်နေတာလား၊ ငါ့အဖေက ပထမအဆင့်ကို တက်လှမ်းနိုင် ခဲ့ပေမယ့် ဒုတိယအဆင့်ကိုတော့ စွန့်လွှတ် လိုက်ရတယ်။ ''
ဝမ်ကျီယဲ၏ စကားများကြောင့် လင်းယွန်ကငြိမ်သက်သွားသည်။ သူသည်တောင်မှ ကပ်ဘေးသင့် ရွှေကြာပန်းအား အောင်မြင်အောင် သန့်စင်နိုင်ခြင်း မရှိပါက၊ ဒုတိယအဆင့်သို့ ရောက်ရှိရန် ခက်ခဲလှပေမည်။ ထိုနာကျင်မှုသည် ပြန်တွေးမိသည့် အချိန်တိုင်းတွင်၊ ကျောရိုး တစ်လျှောက်သို့ အေးစက်စက် ခံစားချက်များ၊ စိမ့်ဝင်လာ စေခဲ့သည်။
တစ်ချိန်တည်းမှာပင် နက်နဲနယ်ပယ်သို့၊ ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးစားနေသော၊ ဝမ်မိသားစု၏ ဘိုးဘေးအကြောင်းကို တွေးတောမိသွားပြီး၊ ၎င်းသည် သူ၏ အောင်မြင်မှုကို ဆုပ်ကိုင်မိပါက၊ ဝမ်မိသားစု၏ အင်အားမှာ ဆယ်စုနှစ်များစွာ အထိ ကြီးထွားလာ ပေတော့မည်။ ထို့အပြင် ကောင်းမိသားစု၏ မဟာမိတ်အဖွဲ့ သုံးဖွဲ့အား လက်ဝှေ့ယမ်းရုံဖြင့်၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် နိုင်လေပြီ။
ထိုအဆင့်ကို လှမ်းမျှော်ကြည့်ကာ၊ လင်းယွန်က ခေါင်းကိုမော့လျက်၊
" ဝမ်မိသားစုရဲ့ ဘိုးဘေးကြီးကို ကြိုပြီး ဂုဏ်ပြုပေးခဲ့ပါမယ်၊ လောလောဆယ်တော့ သူ့ရဲ့မျိုးဆက် မင်းရဲ့ သားကို ငါပေးချင်တာ တစ်ခုရှိတယ်။"
"..............."
ဝမ်ကျီယဲက ကျောက်စိမ်းပုလင်းကို လက်ခံယူလိုက်ပြီး၊ စူးစမ်းချင်စိတ်ကြောင့်၊ ဖွင့်ကြည့်ရန် ပြင်လိုက်သည်။
" ငါ သွားပြီးနောက်မှ ဖွင့်ကြည့်လိုက်ပါ၊ စီနီယာဝမ်...."
သို့သော် ထိုအမူအရာကြောင့် လင်းယွန်က ပြုံးပြီး၊ ဟန့်တားလာ၏။
" ဟားဟားဟား... ဟုတ်ပါပြီ၊ ဒီလိုဆိုတော့လည်း ငါ့ရဲ့ သိချင်စိတ်ကို ပိုတိုးလာ စေတယ်ဟေ့...... ''
'' ကျေးဇူးတင်ပါတယ် စီနီယာဝမ်၊ နှုတ်ဆက်လိုက်ပါတယ်.. ''
လင်းယွန်က နှုတ်ဆက်လိုက်ပြီး နဂါးသွေးမြင်းပေါ် တက်လိုက်ကာ၊ ဓားသေတ္တာကို ထမ်းပိုးလျက် အဝေးသို့၊ လျင်မြန်စွာ ပြေးထွက် ပျောက်ကွယ်သွား တော့သည်။
'' ဘယ်လောက်တောင် မြန်လိုက်တဲ့ မြင်းလဲ ''
ဝမ်ကျီယဲက လင်းယွန် ပျောက်ကွယ် သွားရာသို့ မျှော်ကြည့်ပြီး၊ ကျောက်စိမ်းပုလင်းကို မဖွင့်ခင် သူ့စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ထို့နောက်တွင် ကျောက်စိမ်းပုလင်းအား ဖွင့်လိုက်ပြီးနောက်၊ တုန်လှုပ် ခြောက်ခြားသွားသော မျက်နှာဖြင့်၊ လင်းယွန် ထွက်ခွာသွားရာ တောအုပ်အတွင်းသို့၊ လောဘရောင်များ တောက်ပလျက် လှမ်းကြည့် လိုက်လေသည်။
ဤလင်းယွန်သည် ဝိညာဉ်အဆီအနှစ်များအား၊ ဝမ်ဖိန်းအတွက် ပေးလာလိမ့်မည်ဟု၊ စိတ်ကူး မယဉ်ထားခဲ့ပေ။ ဆိုလိုသည်မှာ လင်းယွန်သည် ရေကန်အောက်ခြေ၌ တစ်စုံတစ်ရာကို တွေ့ရှိခဲ့ရပြီး၊ ၎င်းမှာ ဝိညာဉ်အဆီအနှစ် များသာ ဖြစ်ရပေမည်။
အနည်းငယ် ငြိမ်သက်သွားပြီးနောက်၊ ဝမ်ကျီယဲက သက်ပြင်းချ လိုက်မိပြီး၊ သူ၏ လင်းယွန်ကို လိုက်ရှာရန် စိတ်ကူးအား စွန့်လွှတ်လိုက်ကာ၊ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းမိ၏။
'' လင်းယွန်ထက် ငါ့ရဲ့နှလုံးသားက ညစ်ထေးလွန်းလှတယ်၊ ငါ့ကိုယ်ငါ ဘာလို့များ ခရမ်းရောင်မီးလျှံ နိုင်ငံလေးမှာ ချုပ်နှောင် ထားခဲ့ရတာလဲ။"
ဟုရေရွတ်ကာ၊ ဝမ်ကျီယဲက သူ၏ အတောက်ပဆုံး အချိန်များအား ပြန်လည် တွေးတောမိသွားပြီး၊ သူ့ကိုယ်သူ စိတ်ပျက်သွားလေသည်။ သူ၏ ငယ်ဘဝတွင်၊ လင်းယွန် ကဲ့သို့သော စွန့်စားလိုစိတ်များ ကင်းမဲ့ခဲ့သည်ကို သတိရမိသည်။ ထို့အပြင် သူသည် ထိုလူငယ်လေးလောက်ပင်၊ အမြင်ကျယ်ချင်း မရှိခဲ့ချေ။
" ဖိန်းအာ ဒီကိုလာခဲ့.. လင်းယွန်က မင်းကို လက်ဆောင်တစ်ခု ပေးခဲ့တယ် ...."
" ဟဲ ဟဲ... အနည်းဆုံးတော့ ဒီလင်းယွန်မှာ အသိတရား ရှိနေသေးတာပဲ၊ ဟမ် ..... ဒါ ဒါက.....''
ဝမ်ဖိန်းမှာ စကား တပြောပြောဖြင့်၊ ကျောက်စိမ်း ပုလင်းအား ဖွင့်လျက်မှ၊ အထိတ်တလန့်ဖြင့် ငြိမ်သက်သွားခဲ့သည်။ ဝမ်ဖိန်း၏ မျက်လုံးများသည် မယုံနိုင်ဟန်ဖြင့်၊ လင်းယွန် ထွက်သွားရာသို့ မျှော်ကြည့်လိုက်ပြန်၏။ သူ၏ အမူအရာများကြောင့်၊ ပတ်ဝန်းကျင်အား သတိထားရန် ဝမ်ကျီယဲက တိတ်တဆိတ် ပုခုံးပုတ် လိုက်လေသည်။
'' ဘယ်လောက်တောင် သန့်စင်လိုက်လဲ.... ဝိညာဉ်ရေကန် တစ်ကန်လုံးရဲ့ ဝိညာဉ်စွမ်းအင်ကတောင်၊ ဒီပုလင်းထဲက အရည်တစ်စက်ကို မမှီ နိုင်လောက်ဖူး၊ ဒါကမှ အစစ်အမှန် ဝိညာဉ်အဆီအနှစ်လို့ ခေါ်တယ်၊ ... ဒီပမာဏ နဲ့သာဆိုရင်၊ မင်းရဲ့ အနာဂါတ် ခေါင်းဆောင်ငယ် ရာထူးကို ဘယ်သူကများ၊ လုယူဖို့ အရည်အချင်း ရှိလာတော့မှာလဲ.... ''
ဝမ်ဖိန်း၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ပြုံးရယ်နေခဲ့ပြီး၊ သူ့အနာဂါတ်ကို တွေးတော ပုံဖော်ကာ စိတ်လှုပ်ရှား နေမိသည်။
လသည် ကောင်းကင်၌ မြင့်မားစွာတွဲလောင်းကျနေခဲ့ပြီး၊ အမှောင်ထုအတွင်း အလင်းရောင် ဖျော့ဖျော့များ ဖြာကျနေ ခဲ့သည်။ သစ်ပင်ပေါ်တွင် လဲလျောင်းလျက် လင်းယွန်က ကျောက်စိမ်းစာလိပ် ပန်းချီကားတစ်ချပ်ကို ဖွင့်ကြည့်နေ၏။
ခဏအကြာတွင် ခေါင်းယမ်းလိုက်ပြီး ပန်းချီကားကို ဖယ်လိုက်သည်။ အားလပ် ချိန်တိုင်းတွင် ပန်းချီကားကို ကြည့်တတ်သော အလေ့အထ ရှိခဲ့သော်လည်း၊ ထို့ထက် ပို၍ သိမြင်နိုင်ခြင်း မရှိချေ။ အချိန်တိုင်းတွင် ပန်ချီကားထဲရှိ ဓားသမားသည် လက်တစ်ဖက်၌ ဓားကိုင်လျက် နောက်တစ်ဖက်ကို ရုတ်သိမ်းထားကာ၊ ရပ်ကြည့်နေမြဲ ဖြစ်သည်။
အခုအချိန်အထိ အကြီးအကဲဟောင် ပြောခဲ့သော နတ်ဆိုးများ ထွက်ပေါ်လာခြင်း မရှိသကဲ့သို့၊ ထို့သို့သော နတ်ဆိုးများကို အမြစ်ပြတ် ချေမှုန်းနိုင်သော ဓားအလင်းကိုလည်း၊ မည်သည့် နေရာကမှ ရှာမတွေ့ခဲ့ပေ။
ရုတ်တရက် တောအုပ်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်ပြီး၊ "သူတို့ တကယ် မလာတော့ဘူးထင်တယ်" ဟု ရေရွတ် လိုက်လေသည်။ ဝိညာဉ် အဆီအနှစ်ပုလင်းသည် မလိုလား အပ်သော အန္တရာယ်များကို ဖိတ်ခေါ်ရာ ရောက်ပေသော်လည်း၊ ဝမ်ကျီယဲထံမှ ရရှိသော အကျိုးအမြတ်များမှာ အတိုင်းအတာ တစ်ခု အထိပင် ကျော်လွန်နေခဲ့ပြီး၊ ၎င်းကျေးဇူးကြွေးအား အတင်မခံ လိုခဲ့သည်မှာ လင်းယွန်၏ အခြေခံ စည်းမျဉ်း ဖြစ်ပေသည်။
ဤကမ္ဘာကြီး၌ သူသည် တစ်ယောက်တည်း မွေးဖွားခဲ့ပြီး၊ တစ်ကိုယ်တည်း ရှင်သန်ခဲ့ပေရာ၊ မည်သို့သော အရာကိုမျှ အလကား ရယူလိုခြင်း မရှိသည်မှာ ခိုင်မာသော ဆန္ဒဖြစ်သည်။ ကံကောင်း ထောက်မစွာပင်၊ ဝမ်ကျီယဲသည် သူ့ကို စိတ်မပျက် စေခဲ့ပေ။
မြို့ထဲသို့မဝင်မီ ဤတောအုပ်အတွင်း၌ အဆင့်ချိုးဖြတ်ရန် ဆုံးဖြတ်လိုက် မိသည်။
ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီးနောက်၊ လင်းယွန်က အဖုံးဖွင့်ကာ၊ ဝိညာဉ်အဆီအနှစ် အရည်များကို ကြည့်လိုက်မိ၏။ ၎င်းပုလင်းထဲရှိ ဝိညာဉ်စွမ်းအင်များ ပါဝင်မှုနှုန်းသည် ရေကန်အတွင်းရှိ ဝိညာဉ်စွမ်းအင်များထက် အဆတစ်ရာ ပိုများ လှပေသည်။
လင်းယွန်၏ ကျင့်ကြံမှုမှာ ပထမအဆင့်၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ကာ၊ ဝိညာဉ် အဆီအနှစ်များကို စုပ်ယူခြင်းအားဖြင့် ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိ နိုင်လိမ့်မည်ဟု၊ ယုံကြည်နေခဲ့သည်။
ခုနစ်ရက်ကြာပြီးနောက် လင်းယွန်သည် သူ့မျက်နှာအား ဖုံးကွယ်လျက် မြို့ထဲသို့ ဝင်ရောက်လာလေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ခရမ်းရောင်မီးလျှံ မြို့သည် မြို့ကြီးတစ်မြို့ အဖြစ် ဖွံ့ဖြိုးနေဆဲ ဖြစ်ရာ၊ ကျန်ရှိနေသော ဝိညာဉ် အဆီအနှစ်များဖြင့်၊ သင့်လျော်သော ဓားနည်းစနစ်အား လဲလှယ်ချင် နေခဲ့လေပြီ။ သူ၌ ထာဝရနတ်ဘုရားတံဆိပ်တော် ကြောင့်သာ ကျားရိုင်းလက်သီး(၁၈)ကွက်မှာ အသုံးဝင်နေခဲ့သော်လည်း၊ ဓားနည်းစနစ် ဖြစ်သော လေဝဲဓါးနည်းစနစ်သည် များစွာ နိမ့်ကျနေပေသည်။
ညနေဆည်းဆာအောက်တွင် ခရမ်းရောင်မီးလျှံမြို့သည် စည်ကား သိုက်မြိုက်စွာဖြင့် ရုန်းကြွနေခဲ့လေပြီ။
လင်းယွန်က စျေးဆိုင်များအား ငေးမောလျက် လမ်းမပေါ် တစ်လှမ်းချင်း လျှောက်လာမိသည်။ ရှန်ရှင်း ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက်တွင်၊ သူ၏ နားကို သန့်စင်ထားပြီးဖြစ်ရာ၊ မီတာငါးရာ အကွာအဝေး အတွင်း မည်သည့် အသံကို မဆို၊ ပြတ်သားစွာ ဖမ်းယူနိုင်ပေသည်။ လင်းယွန်က သက်ပြင်းချလိုက်ပြီး၊ ရှန်ရှင်းဘုံ၏ ဒွါရတစ်ပါးအား သန့်စင်လိုက်သည့် အချိန်တိုင်းတွင်၊ သာမာန်လူများနှင့် ဝေးရာသို့ ခြေတစ်လှမ်း၊ လှမ်းတက်မိသည်ဟု ခံစားနေရမိသည်။ အကယ်၍သာ ပါးစပ်အား သန့်စင်လိုက်ပါက၊ ခန္ဓာကိုယ်၏ အာဟာရအဖြစ် အစားအစာကို စားသုံးရယူရန် မလိုအပ်တော့ပဲ၊ 'လေ'ရှုရှိုက် ရုံဖြင့်ပင် အသက်ရှင်သန် နိုင်ပေမည်။
" ရတနာခန်းမလား...."
ရုတ်တရက်လင်းယွန်က ရင်းနှီးသော နာမည်တစ်ခုကြောင့် ရပ်တန့်လိုက်၏။ ရတနာခန်းမသည် ခရမ်းရောင်မီးလျှံ မြို့၌ပင် လာရောက်ဖွင့်လှစ် နိုင်ခဲ့သည်လော။
ရေဖြူမြို့၏ အတွေ့အကြုံကို ပြန်ပြောင်းသတိရသောအခါ လင်းယွန်က တုံ့နှေး သွားခဲ့ကာ၊ အံကြိတ်လျက် ဝင်ရန် ကြံရွယ်နေမိသည်။
ရေဖြူမြို့ ရှိ ဆိုင်ခွဲနှင့် နှိုင်းယှဉ်ပါက၊ ဤဆိုင်သည် ပို၍ ခမ်းနား ထည်ဝါလှပေသည်။ ထို့နောက်တွင် လင်းယွန်က ဝင်ရောက်လာခဲ့ပြီး၊ ဆိုင်အတွင်းရှိ ရတနာများအား ငေးမောလိုက်မိ၏။
'' မင်္ဂလာပါ သခင်လေး၊ သခင်လေးနာမည်က လင်းယွန်လား ''
ဆိုင်ဝန်ထမ်း အစေခံတစ်ဦးက လင်းယွန်ထံသို့ လျှောက်လာပြီး၊ နူတ်ဆက် လိုက်၏။ ထိုအစေခံ၏ မိတ်ဆက်လာမှုကြောင့်၊ လင်းယွန်မှာ စိတ်ရှုပ်ထွေးစွာဖြင့်၊ ခေါင်းညိတ်ပြလိုက်သည်။
" သခင်လေးလင်း၊ ကျွန်တော်တို့ရဲ့ သူဌေးက သခင်လေးကို ဖိတ်ခေါ် ခိုင်းလိုက်ပါတယ် "
-ဟု ဆိုလျက် ဦးညွှတ်လာလေသည်။
" ငါက မင်းရဲ့ သူဌေးနဲ့ ရင်းနှီးလိမ့်မယ် မထင်ဘူး"
" ဒါက အဆင်ပြေပါတယ်၊ ကျွန်တော်တို့သူဌေးက သခင်လေးကို သိနေသ၍ ပြဿနာမရှိပါဖူး...."
နောက်ဆုံးတွင် လင်းယွန်အား အစေခံက အပေါ်ထပ်သို့ ဆွဲခေါ်သွားခဲ့သည်။ အခန်းတစ်ခု အတွင်းမှ တုံဟူသည် လင်းယွန်အား ပြုံးလျက် စောင့်ကြို နေခဲ့လေပြီ။ သူ့မျက်နှာ၌ အပြုံးတစ်ပွင့် နှင့်အတူ၊
" တကယ်ပဲ ညီငယ်လေးလင်းပဲ၊ ဟားဟားဟား တိုက်ဆိုင်လိုက်တာ...''
သို့သော် ပြုံးရွှင်နေသော တုံဟူကို လင်းယွန်က အံအားသင့်စွာ ခဏမျှ ရပ်ကြည့်လိုက်ပြီးနောက်၊ ချက်ချင်းပင် ပြန်လည် ထွက်ခွာသွားလေရာ၊ သူဌေးတုံမှာ ရယ်နေလျက်မှ မျက်နှာပျက်သွားပြီး၊ လင်းယွန်အား အတင်း လိုက်လံ ဖမ်းယူလိုက် ရလေသည်။
"ဟေ့ မင်း.....ဘာလို့ ထွက်သွားတာလဲ "
'' ...............''
" ညီငယ်လင်း၊ မင်း.....ငါ့ကိုမြင်မှ ဘာလို့ထွက်သွားတာလဲ၊ ငါတို့ နောက်ဆုံး တွေ့ခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက မဟုတ်လား "
'' မင်းက မရိုးသားတဲ့ စီးပွားရေးသမားပဲ သူဌေးတုံ.... ''
လင်းယွန်၏ စကားကြောင့် တုံဟူမှာ အောင့်သက်သက်ဖြင့် ရယ်ပြ လိုက်ရလေသည်။ လင်းယွန်သည် တောင်ဖြိုလက်ဖဝါး သိုင်းနည်းစနစ်ကို မေ့နေခဲ့ပုံ မရပေ။
မည်သို့ပင်ဆိုစေကာမူ၊ ဤလူငယ်လေးသည် တုံဟူ၏ နှလုံးသားထဲ၌ အမြဲတမ်း နွေးထွေးသော ခံစားချက်ကို ရရှိစေကာ၊ ရဲရင့်လှသော ညီငယ်လေး တစ်ယောက်ကဲ့သို့၊ ခံစားနေမိ ပြန်လေသည်။ ထို့ကြောင့်ပင် သူက ရင်းနှီးစွာပြုံးရယ် ပြလိုက်ပြီး။
'' မဟုတ်ပါဘူး၊ ဒီတစ်ခါတော့ ငါ ရိုးသားပါ့မယ်"
ဟု ကတိပေးလိုက်လေသည်။
***