သွေးပူလေး 'ကစား' ကြရအောင် ။
Vol. 8 Ch. 103
ဓားသေတ္တာကို ကျော၌ထမ်းပိုးထားကာ၊ ကြက်သွေးရောင်အင်္ကျီကို ဝတ်ဆင်ထားလျက် လင်းယွန်သည် ရတနာခန်းမမှ ထွက်ခွာသွားခဲ့သည်။
ခရမ်းရောင်မီးလျှံမြို့တွင် ကောင်းမိသားစု ဝင်များ၏ ကင်းထောက်များကြောင့် အန္တရာယ် များလွန်း လှပေသည်။
ထို့အပြင် လင်းယွန်၏ ရက်စက်သော ရိုက်နှက်မှုများကြောင့်၊ သွေးတိမ်ဂိုဏ်းသည်ပင်၊ သူ့အသက်အား လိုချင်ကောင်း၊ လိုချင် နိုင်ပေမည်။
ဝိညာဉ်ရေကန်၏ တိုက်ပွဲသည် တစ်လခွဲ ကြာရှိပြီ ဖြစ်ပြီး၊ အရာအားလုံးသည် ငြိမ်သက်သွားနှင့်လေပြီ။
ယန်တင်းယီသည်လည်း ခရမ်းရောင် မီးလျှံမြို့ မှပင် ထွက်ခွာ သွားခဲ့ပြီဟုပင် ယူဆ နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ လင်းယွန်က သတိ မပြတ်ခဲ့ချေ။
ချောင်ကျသော တစ်နေရာ အရောက်တွင် သူ၏ ဓားသေတ္တာအား သိုဝှက်လိုခြင်းဌာ၊ ခမောက်နှင့် ဝတ်ရုံ တစ်ဆက်တည်းပါသော ခေါင်းစွတ်ဝတ်ရုံအား ဝယ်ယူကာ၊ ရုပ်ဖျက် ဝတ်ဆင် ထားလိုက်လေသည်။
သူသည် မီးလျှံအမြုတေကို ရှာဖွေသည့်အချိန်၌၊ မည်သို့သော ကြန့်ကြာ တုံ့ဆိုင်းမှုမျိုးကိုမျှ မရယူချင်ပေ။
အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေသည် သုံးလမှ၊ လေးလအတွင်း ဖွင့်လှစ်မည် ဖြစ်ပြီး၊ ထိုအချိန် မတိုင်ခင်တွင်၊ မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်၏ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား အပြီး သတ်ရမည် ဖြစ်သည်။
သို့မှသာလျှင် လျှို့ဝှက်နယ်မြေ အတွင်း၌ မတော်ဆမှု များစွာအား၊ အနည်းငယ် ဖြေရှင်းနိုင်သော အသက်ကယ် ဝှက်ဖဲတစ်ချပ် ဖြစ်လာ နိုင်ပေမည်။
မီးလျှံနတ်ဆိုးခန္ဓာမှ မိုးကြိုး မီးလျှံ နတ်ဆိုး ခန္ဓာကိုယ်သို့ အသွင် ကူးပြောင်းမှုသည်၊ မိုးကြိုး စွမ်းအင် အသစ်အား စုပ်ယူ သန့်စင်ရန် လိုအပ်ပေ၏။
ခရမ်းရောင်မီးလျှံမြို့မှ ထွက်ခွာလာ ပြီးနောက်၊ လမ်းတစ်လျှောက်တွင် လင်းယွန်သည် ထူးထူး ခြားခြား သံသယဖြစ်စရာ မရှိခဲ့ချေ။
သို့သော် မိုးထိတောင်သို့ ဝင်ရောက်ခါနီးတွင်၊ ညင်သာစွာ ရွေ့လျားသံ အချို့ကို ဖမ်းယူရရှိ မိသည်။ ထိုအသံများသည် ကောင်းမိသားစု၏ ကင်းထောက်များသာ ဖြစ်ရပေမည်။
အချိန်အတော်ကြာအောင် သူနောက်ကို လိုက်နေခဲ့ပြီး၊ အကယ်၍သာ နားအင်္ဂါများကို မသန့်စင်ထားပါက၊ ၎င်းတို့ ရောက်ရှိနေခြင်းကို သတိထား မိနိုင်မည် မဟုတ်ပေ။
မိုးထိတောင်၏ တောအုပ်အစပ်သို့ သတိ ကြီးကြီးဖြင့် ချဉ်းကပ် သွားခဲ့ပြီး၊ နဂါးသွေးမြင်း ရှိရာသို့ ရောက်ရှိ ပူးပေါင်း နိုင်ခဲ့ ပါက၊ ကောင်းယွမ်အား ကြောက်စရာ မလိုတော့ချေ။ အနည်းဆုံးတော့ ထွက်ပြေး လွတ်မြောက်နိုင် ပေမည်။
ထိုကင်းထောက်များကို သတိမထား မိဟန်ဖြင့် တောအုပ်အတွင်းသို့ ဖြည်းညှင်းစွာ ထွက်ခွာ လာခဲ့သည်။
ဆယ့်ငါးမိနစ်အကြာတွင် လင်းယွန်က သစ်တောအစပ်၌ တုန့်ခနဲ့ ရပ်လိုက်ကာ၊ ရုတ်တရက် ခေါင်းစွတ်ဝတ်ရုံကို ဖြုတ်ယူ လွှင့်ပစ်ပြီး၊ တောအုပ်အတွင်းသို့ တစ်ဟုန်ထိုး ပြေးဝင်လိုက်လေသည်။
'' ဝှစ်...... ''
ရုတ်တရက် လင်းယွန်မှ အရှိန်အဟုန်ဖြင့် ပြေးထွက် သွားသောအခါတွင်၊ သူ့နောက်သို့ အရိပ်လို လိုက်နေကြသော ကင်းထောက် များက မှင်တက်သွားကြ၏။
" နောက်ဆုံးတော့ ငါရောက်ပြီ...."
တောအုပ်အတွင်း လျင်မြန်စွာ ပြေးလွှားနေလျက်မှ၊ လင်းယွန်က ရွှင်မြူးသွားသည်။ သို့သော် နောက်စက္ကန့် အနည်းငယ် အတွင်း၊ သူ၏ ပျော်ရွှင်မှုမှာ စူးရှသည့် လေခွင်းသံများကြောင့်၊ ပျောက်ကွယ် သွားကာ ထိတ်လန့်စွာဖြင့်၊ ခုန်ပေါက် ရှောင်တိမ်း လိုက်ရလေသည်။
'' ရွှီး.....ရွှီး ရွှီး ''
ထို့နောက်တွင် မြှားငါးစင်းသည် ယခင်က သူရှိနေခဲ့သော နေရာသို့ ထိုးကျလာခဲ့ပြီး၊ ပေါက်ကွဲ သံများဖြင့် တုန်ခါသွားတော့၏။
'' ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ''
ထိုမြင်ကွင်းကြောင့် လင်းယွန်မှာ အံ့သြသွားပြီး၊ ၎င်းမြှားအား ပစ်သောသူသည် ရှန်ရှင်းတတိယအဆင့် သိုင်းသမားများ ဖြစ်ကြောင်း ခန့်မှန်း လိုက်မိသည်။
'' ဝှစ်..... ''
တုန်လှုပ်ချောက်ချားနေဆဲမှပင် ပြေးလွှားနေခဲ့ပြီးနောက်၊ မကြာခင်မှာပင် ကြက်သွေးရောင် အရိပ်တစ်ရိပ်သည် သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာလေသည်။
လင်းယွန်အား လိုက်မှီလာသည်နှင့် ထိုကြက်သွေးရောင် အရိပ်က လျင်မြန်စွာ တိုက်ခိုက် လိုက်လေသည်။
ထိုအရိပ်ပိုင်ရှင်သည် ကြက်သွေးရောင် အဆင်းသဏ္ဍာန်ဖြင့်၊ ဖုံးအုပ်ထားသော သူ၏ လက်ဖဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်စဉ်၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို လုံးလုံးလျားလျား ထုတ်ဖော်ထား ခဲ့လေသည်။
လင်းယွန်က မြှားတံများကို ရှောင်တိမ်းနေလျက်မှ၊ ၎င်းအရိပ်ပိုင်ရှင်၏ တိုက်ခိုက်မှုများကို ထိပ်တိုက်ခုခံလိုက်ရ၏။
'' ဖုန်း....ဖုန်း ဖုန်း ''
နှစ်ယောက်သား မျက်စိတစ်မှိတ် အတွင်း မှာပင် သိုင်းကွက်ဆယ်ကွက် အထိ ဖလှယ် ခဲ့ကြပြီး၊ နောက်ဆုံး လက်ဖဝါးချက်သည် လင်းယွန်အား ဆယ်မီတာအကွာသို့ လွင့်စင် သွားစေသည်။
ထိုအရိပ်ပိုင်ရှင်သည်လည်း မသက်သာခဲ့သလို၊ ခြေလှမ်းဆယ်လှမ်းခန့် နောက်ပြန်ဆုတ်သွားကာ၊ သူ့ခန္ဓာကိုယ်အား အရှိန်သတ် လိုက်ရလေ၏။
" မင်းက တစ်လခွဲ အတွင်းမှာ ဝိညာဉ်ရေကန်ကနေ အကျိုးအမြတ်တွေ ရိတ်သိမ်း နိုင်ခဲ့ ပုံရတယ်။"
စကားသံနှင့်အတူ အရိပ်ပိုင်ရှင်သည် ဖုံးကွယ်ထားသော သူ့ဦးထုပ်ကို ဖယ်လိုက်ပြီး၊ ပြုံးပြလာလေသည်။
" ယန်တင်းယီ လား...''
လင်းယွန်သည် ယန်တင်းယီအား လျစ်လျူရှု လိုက်ပြီးနောက်၊ သူ၏ မျက်လုံး များကို မှိတ်ထား လိုက်ရာ၊ မဝေးကွာ လှသော အရပ် ဆီမှ အရိပ် များစွာသည် တောအုပ် အတွင်းသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့ပြီး၊ သူ့အား ဝိုင်းရံ လာလေသည်။
ထိုလူအုပ်အား ဝေ့ကြည့်လိုက်ရာ၊ ရှန်ရှင်း ဒုတိယအဆင့် သိုင်းသမား (၂၀)ဦးနှင့် တတိယအဆင့် သိုင်းသမား(၁၀)ဦး နီးပါးကို တွေ့မြင် လိုက်ရသည်။
( '' ဒါပဲလား ပိုသန်မာတဲ့သူ မရှိဘူးလား။ '' )
လင်းယွန်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ သွေးတိမ်ဂိုဏ်းသည် သူ့အား အထင်သေး လွန်းခဲ့ပေပြီ။ ဤသို့သော အရည်အတွက်နှင့် ကျင့်ကြံမှု အဆင့် များမှာ သူ့အား ဖိအား ပေးနိုင်မည် ဆိုသော်လည်း၊ ၎င်းသည် လွယ်လင့်တကူ၊ ထွက်ပြေး လွတ်မြောက်နိုင် နေဆဲပင်။
( '' ဒါမှမဟုတ် တစ်နေရာရာ မှာများ အဆင့်မြင့် သိုင်းသမားကြီးတွေ ပုန်းကွယ် စောင့်ဆိုင်းနေတာလား..'' )
"လင်းယွန်၊ မင်းကို ထက်မြက်တဲ့ သူလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ် ဒီတောထဲကို ပြေးဝင် လာဖို့အထိ မင်းက ဘယ်လိုများ မိုက်မဲ ခဲ့ရတာလဲ။ ''
ယန်တင်းယီ၏ နှုတ်ခမ်းများမှာ မျက်နှာဖုံးအောက်တွင် တွန့်ကွေး ပြုံးရွှင် နေခဲ့လေပြီ။
" လူငယ်လေး၊ ငါတို့အားလုံးက သွေးတိမ်ဂိုဏ်းရဲ့ ဌာနခွဲကပဲ၊ ဒီနေ့ မင်းမှာ... လွတ်မြောက်စရာ နည်းလမ်းမရှိဖူး၊ အခု လက်နက်ချပါ၊ မဟုတ်ရင် သွေးတိမ်ဂိုဏ်းကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့၊ အသက်ရှင်နေရတာ ဘယ်လောက်ထိ ဆိုးရွားသလဲဆိုတာကို ငါတို့ပြမယ်၊ ''
လူလတ်ပိုင်းအရွယ် တတိယအဆင့် သိုင်းသမားတစ်ဦးက၊ လင်းယွန်အား အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လျက် ကြိမ်းဝါးလိုက်သည်။
ရှန်ရှင်းဒုတိယအဆင့် သိုင်းသမားလေး တစ်ဦးအတွက်၊ ဤသို့သော အခင်းအကျင်းမှာ လိုအပ်သည် ထက်ပင်၊ ပိုနေခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့ကိ အဘယ်ကြောင့် စောလျင်စွာ သတိမထား မိနိုင်ခဲ့သည်ကို ယခုမှပင် နားလည်လိုက်သည်။
၎င်းတို့အားလုံးသည် သွေးတိမ်ဂိုဏ်း၏ တပည့်များ ဖြစ်ကြပြီး၊ ကောင်းမိသားစု၏ ကင်းထောက်များထက် သဘာဝအားဖြင့်၊ ပို၍ သာလွန်သော စွမ်းရည်များကို ပိုင်ဆိုင် ထားကြ ပေရာ၊ သူက သတိမထားမိခြင်း ဖြစ်ပေမည်။
''လင်းယွန် ဒီနေ့က မင်းရဲ့သေနေ့ပဲ၊ ဒါပေမယ့် မင်းအတွက် အခွင့်အရေး တစ်ခုတော့ ရှိတယ်၊ အဲ့ဒါက ငါနဲ့ အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင်၊ ငါ... မင်းကို ခွင့်လွှတ်လိုက် နိုင်တယ်။ ''
" ဘာ....အရောင်းအဝယ်လဲ"
လင်းယွန်က စိတ်ရှုပ်ထွေးစွာဖြင့်၊ ယန်တင်းယီ စကားအား ပြန်လည် မေးမြန်း လိုက်၏။
'' မင်းရဲ့ ကျောပေါ်က ဓားသေတ္တာပဲ.... ''
တစ်ချိန်တည်းမှာပင်၊ ယန်တင်းယီ၏ မျက်ဝန်းများတွင် လောဘရောင်များ တောက်ပလာသည်။
လင်းယွန်မှ သူ့အား ရိုက်နှက်လိုက်သည့် အချိန်အတွင်းတွင် ဤဓားသေတ္တာပေါ်၌ ရုန်းကြွနေသော မီးစွမ်းအင်များကို ပြန်လည် တွေးမြင်လိုက်မိ၏။
ဓားသေတ္တာလား......။
ယန်တင်းယီသည် ကလဲ့စားချေရန် ရောက်ရှိလာခြင်း မဟုတ်ပဲ၊ သူ၏ ဓားသေတ္တာအတွက်ရောက်ရှိလာခြင်း မည်၏။
ထို့ကြောင့်ပင် လင်းယွန်သည် ယန်တင်းယီအား ထူးဆန်းသော အကြည့်ဖြင့်၊ စူးရှစွာ စိုက်ကြည့်လိုက် လေသည်။
အခြားတစ်ဖက်တွင် လင်းယွန်သည် တုံ့ပြန်ခြင်း မရှိသည်ကြောင့်၊ ယန်တင်းယီက ဟက်ခနဲ ရယ်ချလိုက်သည်။
" ဝိညာဉ််ရေကန်တိုက်ပွဲမှာ မင်းက တကယ်ပဲ အနိုင်ရ ခဲ့တယ်လို့ ထင်ထားတာလား အဟက်....."
ထိုတိုက်ပွဲ၌ သူ၏ သတိလက်လွတ် ဖြစ်နေ ချိန်တွင်၊ လင်းယွန်မှ ဓားသေတ္တာဖြင့် ရိုက်နှက် လာခြင်း ဖြစ်ရာ၊ ယခုအကြိမ် တိုက်ခိုက်မှုတွင် သူက မည်သို့မျှပင် မနိုင်စရာအကြောင်း မရှိချေ။
'' မင်းတို့အားလုံး ဘေးမှာ ရပ်နေကြ၊ ငါ့ခွန်အားနဲ့ သူ့ကို အနိုင်ယူမယ်.... ''
ယန်တင်းယီ၏ ယုံကြည်ချက် အပြည့်ဖြင့် ပြတ်သားသော အမိန့်သံဆုံးသည်နှင့်၊ သားရဲ အသွင် ပြောင်းခြင်းကို ထုတ်ဖော် လိုက်လေသည်။
ထိုအချိန်တွင် သူ၏ အရှိန်အဝါမှာ ရှန်ရှင်း စတုတ္ထအဆင့်သို့ သိသိသာသာ နီးကပ်လာ၏။
'' ဝှစ်..... ''
ထို့နောက်တွင် ယန်တင်းယီသည် ခြေတစ်လှမ်းဖြင့်ပင် မီတာတစ်ရာ အကွာအဝေးအား ရွေ့လျားနိုင်ခဲ့ပြီး၊ ရုတ်ချည်းပင် လင်းယွန်၏ ရှေ့သို့ ရောက်လာသော အခါတွင်မူ သူ့လက်အား လွှဲယမ်းခုတ်ချ လိုက်လေသည်။
သို့သော်လည်း လင်းယွန်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပဲ အလွယ်တကူ ရှောင်တိမ်း သွားခဲ့သည်။
'' ဘုန်း...... ''
လင်းယွန်က ယန်တင်းယီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း နိုင်ခဲ့သော်လည်း သူ့နောက်ရှိ သစ်ပင်ကြီးမှာ လက်ဖဝါး ရိုက်ချက်ကို ထိမှန် ခံလိုက် ရပြီး၊ ပေါက်ကွဲကြေမွှ သွားလေသည်။
ထို့နောက်တွင် လင်းယွန်သည် ထိပ်တိုက် တွေ့ဆုံခြင်း မရှိတော့ပဲ၊ လှည့်ပါတ် ရှောင်တိမ်း နေခဲ့ကာ၊ တောအုပ်အတွင်းသို့ မကြာမကြာ လှမ်းကြည့်နေခဲ့သည်။
'' ....ဘုန်း....ဘုန်း ဘုန်း ''
ခဏချင်းမှာပင် ယန်တင်းယီ၏ တိုက်ခိုက်မှု များသည် တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများ ဖြစ်ပေါ် လာပြီးနောက်၊ ပတ်ဝန်းကျင်ရှိ သစ်ပင် များစွာကို ကြေမွှသွားစေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်ပွဲမြေပြင်သည် လွင်တည်းခေါင် အဖြစ်သို့ ကူးပြောင်းသွား တော့၏။
တစ်ချိန်လုံးတွင် လင်းယွန်သည် ယန်တင်းယီ၏ တိုက်ခိုက်မှု အားလုံးကို ရှောင်တိမ်းနေခဲ့သည်။
" ဒီလို ရှောင်တိမ်း နေတာနဲ့ပဲ၊ မင်းရဲ့ အသက်ရှင်ရမယ့် အချိန်ကို ဝယ်ယူ နိုင်လိမ့်မယ်လို့ ထင်နေတာလား။"
ယန်တင်းယီက ရယ်မောလိုက်၏။ နောက်တစ်စက္ကန့်အတွင်း သူ၏ အရှိန်အဝါမှာ ထပ်မံပေါက်ကွဲ ထွက်လာပြီး၊
" မင်းဘယ်လောက်အထိ ရှောင်တိမ်း နေနိုင်မလဲဆိုတာ ငါကြည့်မယ်..."
'' သွေး တိမ် လက်ဖဝါး ''
ကြက်သွေးရောင် အရှိန်အဝါများမှာ လင်းယွန်ကို ဖုံးလွှမ်းသွားပြီးနောက်၊ နှစ်မီတာခန့် ရှည်သော ကြက်သွေးရောင် ဓားတစ်လက်သည် လေထုထဲ၌ ပေါင်းစပ် ဖြစ်ပေါ်လာခဲ့၏။
၎င်းသည် အလယ်အလတ် ရှန်ရှင်း နည်းစနစ် တစ်ခုဖြစ်ပြီး၊ ပတ်ပြေးနေသော လင်းယွန်အား ထိန်းချုပ်ရန် လုံလောက် နေပေပြီ။
ထို့အပြင် သူ၏ ဤလှုပ်ရှားမှုကို ထုတ်ဖော် တိုက်ခိုက်နိုင်ရန်အတွက်၊ လင်းယွန်၏ ရှောင်တိမ်း ပတ်ပြေးမှုများအား အလိုက်သင့်စီး မျောကာ၊ အချိန်ယူ ကစားခဲ့ခြင်း မည်၏။
တနည်းအားဖြင့်ဆိုရသော်၊ ထိုသိုင်းကွက်အား ထုတ်ဖော်ရန်အတွက် ကနဦး သိုင်းကွက် အချို့အား ပျိုးယူနေခဲ့ခြင်း ဖြစ်ကာ၊ တိုက်ပွဲအဟုန်ကို တစ်ဆင့်ချင်း မြှင့်တင်လာခဲ့ခြင်း ဖြစ်သည်။
အဆုံး၌ သူ၏ အထွတ်အထိပ်ခွန်အားနှင့် တိုက်ပွဲဝင် အဟုန်ကို အကန့်အသတ်အထိ တွန်းပို့ကာ၊ တိုက်ခိုက် လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ယန်တင်းယီ၏ အရှိန်အဝါ အောက်တွင်၊ လင်းယွန်၏ လှုပ်ရှား နိုင်စွမ်းများ ကန့်သတ်ခံ လိုက်ရရာ၊ ကောင်းကင်မှ ကျဆင်း လာသော ကြက်သွေးရောင် ဓားသွားကို ခဏမျှ စိုက်ကြည့်ပြီးနောက်၊ ရုတ်တရက် လှုပ်ရှား လိုက်လေသည်။
သူက ထာဝနတ်ဘုရားတံဆိပ်တော်ဖြင့်၊ အားဖြည့်ထားသော ကျားရိုင်းလက်သီး (၁၈)ကွက်အား ထုတ်ဖော် အသုံးပြုခြင်း မရှိခဲ့ပဲ၊ လက်သီးနှစ်ဖက်အား တင်းတင်းဆုပ်လျက်၊ အရိုင်းဆန်ဆန် ပြန်လည် ထိုးချလိုက်၏။
ညာဘက်လက်သီးချက်သည် သူ့အား ဖုံးလွှမ်းနေသော အရှိန်အဝါနှင့် ကြက်သွေးရောင် လက်ဖဝါးပြင်အား ချေဖျက် လိုက်ပြီး၊ ဘယ်ဘက်လက်သီးမှာ ကြက်သွေးရောင် ဓားသွားကို ဟန့်တား ပစ်လိုက် လေသည်။
ယန်သန့်စင်ခြင်းနည်းစနစ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီးနောက်၊ သူ့၏ ဝိညာဉ်စွမ်းအင်များမှာ ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး၊ များစွာ သိပ်သည်း လာစေသည်။
သူ့ခန္ဓာကိုယ်အတွင်း စွမ်းအင်များ စီးဆင်းသံများ တသွင်သွင် ဖြစ်ပေါ်နေခဲ့ပြီး၊ ထိုဝိညာဉ်စွမ်းအင်များမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ စိမ့်ထွက် လာ၏။
ထိုစွမ်းအင်များကြောင့် ယန်တင်းယီမှာ လင်းယွန်အား အံ့အားသင့်စွာ ကြည့်လိုက် မိသည်။
" ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ ဝိညာဉ်စွမ်းအင်များလဲ.... ''
လင်းယွန်သည် မည်သည့် သိုင်းပညာကိုမျှ မထုတ်ဖော်ခဲ့ပဲ၊ သူ၏ သွေးတိမ်လက်ဖဝါးကို ခွန်အား သက်သက်ဖြင့်ပင်၊ အရိုင်းဆန်ဆန်ခုခံ ခြေဖျက် ပြလာခဲ့လေပြီ။
ထိုအရာသည်ယန်တင်းယီ၏ ယုံကြည်ချက်အား ပျောက်ကွယ်သွား စေပြီးနောက်၊ ကြောက်ရွံ့ စိတ်များ တိုးဝင်လာ စေ၏။
" သူ့ကိုသတ်......"
ယန်တင်းယီ၏ တုန်လှုပ်ခြောက်ခြား နေသံသည် တုန်ယင်စွာ ထွက်ပေါ်လာ လေသည်။
'' ............ ''
နောက်အခိုက်အတန့်တွင် ဝိုင်းရံထားသော သွေးတိမ်ဂိုဏ်း၏ သိုင်းသမားများ အားလုံးသည် လင်းယွန်အား တိုက်ခိုက်ရန် စတင် လှုပ်ရှားလာ ကြလေသည်။
သို့ပေသော်လည်း ယန်တင်းယီ၏ နှလုံးသားတွင် လုံခြုံစိတ်ချသွားသည့် ခံစားချက်မျိုး မခံစားခဲ့ရပဲ၊ ပို၍ အခုန် မြန်လာခဲ့သည်။
သိုင်းသမား(၃၀) ကျော်ခန့်ဖြင့် ဝန်းရံထား သော်လည်း လင်းယွန်၏ နှုတ်ခမ်း များတွင် ထူးဆန်းသော အပြုံးအချို့ ထွက်ပေါ် လာလေ သည်။
" ဒီထက်သန်မာတဲ့သူ မရှိတော့ ဖူးလား၊ .... ဒါဆို ငါတို့ နည်းနည်းလောက် 'ကစား' ကြရ အောင်။"
လင်းယွန်က သူ့ဆီသို့ ပြေးဝင်လာနေသည့် လူအုပ်ကြီးအား ဝေ့ဝဲကြည့်ကာ၊ ရေရွတ် လိုက်လေသည်။
တစ်ချိန်တည်းမှာပင်၊ သူ့နောက် ကျောရှိ ရှေးဟောင်း ဓားသေတ္တာကြီးမှာ ရုတ်တရက် ပွင့်လာခဲ့ပြီး၊ စူးရှသောအလင်းရောင် အချို့နှင့် အတူ အဖြူရောင် ပွင့်ချပ်များ လွင့်မျော ထွက်ပေါ် လာ ခဲ့သည်။
"ဓား......"
အော်ဟစ် ကြုံးဝါးသံ နှင့်အတူ လင်းယွန်က ပန်းသင်္ချိုင်း ဓားအား လျင်မြန်စွာ ဖမ်းယူ ဆုပ်ကိုင် လိုက်၏။
'' ချွမ်........ ''
***