← Chapters

ဓားသေတ္တာ၏ လျှို့ဝှက်ချက်။

Vol. 8 Ch. 105

ဓားသေတ္တာ၏ လျှို့ဝှက်ချက်။

Vol. 8 Ch. 105

ယန်တင်းယီ၏ နောက်ခံဖြင့် ခြိမ်းခြောက်ခြင်း အပြုအမူကို လင်းယွန်က စိတ်ပျက်သွား ခဲ့သည်။

'' ဓားသေတ္တာကို ငါ့ပေးပြီး အပြာရောင်နေမင်း နိုင်ငံကနေ ထွက်သွားလိုက်ပါ၊ အဲဒီလိုမှ မဟုတ်ရင် မင်းကို အခွင့်အရေး မပေးဖူးလို့ မပြောနဲ့..... "

လင်းယွန်၏ ငြိမ်သက်တိတ်ဆိတ် နေမှုကြောင့်၊ ယန်တင်းယီက တိုး၍ မောက်မာလာခဲ့သည်။ လင်းယွန်သည် သွေးတိမ်ဂိုဏ်းအား ကြောက်ရွံ့နေခဲ့လေပြီဟု၊ သူက မှားယွင်းစွာ မှတ်ထင်သွား၏။

'' သွေးတိမ်ဂိုဏ်းမှာ တပည့်တစ်ယောက်စီ တိုင်းအတွက် အသက်မီးအိမ်ရှိတယ်၊ ငါသေရင် အသက် မီးအိမ်က ငြှိမ်းသွား လိမ့်မယ်၊ ဒါဆိုရင် ငါသေ သွားပြီ ဆိုတဲ့ သတင်းက ဖုံးကွယ် ထားနိုင်မှာ မဟုတ်ဘူး၊ သွေးတိမ်ဂိုဏ်းမှာ ငါ့အဖေရဲ့ အဆင့် အတန်း နဲ့ဆိုရင် အပြာရောင် နေမင်း နိုင်ငံကနေ အသက် ရှင်လျက် ထွက်သွား နိုင်ဖို့ ဆိုတာ၊ မင်း အိပ်မက် မက်ရုံပဲ ရမယ် ''

နက်နဲသိုင်းသမားများသည် သန်မာလှပြီး၊ ရှန်ရှင်းသိုင်းသမားများ အတွက်၊ 'တို့ထိ' နိုင်သော အရာမဟုတ်ချေ။

ကောင်းမိသားစုကဲ့သို့ မျိုးနွယ်စုတစ်စုကိုပင် ၎င်းတို့၏ လက်မှ ဖြစ်ပေါ်လာသော စွမ်းအင် လှိုင်း များဖြင့်၊ အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။

ထို့အပြင် သွေးတိမ်ဂိုဏ်းသည် အပြာရောင် နေမင်း နိုင်ငံ၏ အာဏာရှင် ဂိုဏ်းငယ် သုံးဂိုဏ်း အတွင်းမှ တစ်ဂိုဏ်းဖြစ်ပြီး၊ ၎င်းတို့၏ ဂိုဏ်းတွင် နက်နဲ နယ်ပယ် သိုင်းသမား အကြီးအကဲ များ၏ အရေအတွက်မှာ ဆယ်ဂဏန်းခန့် ရှိပေသည်။

ထို့ကြောင့် ယန်တင်းယီ၏ဖခင်သည် သွေးတိမ်ဂိုဏ်းတွင် မည်သို့သော အဆင့် အတန်း ရှိမည်ကို စိတ်ကူးကြည့်နိုင် ပေ၏။

၎င်းသည် ယန်တင်းယီ၏ ဝှက်ဖဲများ အပါအဝင် အဆင့်မြင့်တော်ဝင်ချပ်ဝတ်ကို ကြည့်ခြင်းအားဖြင့်ပင်၊ သိရှိနိုင်ပေသည်။

" ငါ့မှာ နဂါးသွေး ပါတဲ့ မြင်းတစ်ကောင် ရှိတယ် ဆိုတာ၊ မင်း ..... မသိဖူး ထင်တယ် "

" နဂါးသွေးမြင်းလား... ဟားဟားဟား သွေးတိမ်ဂိုဏ်းက၊ မင်းနဲ့ အဲဒီနဂါးသွေးမြင်းကို မဖမ်းနိုင်ဘူးလို့ မင်း ထင်နေတာတော့ မဟုတ်ပါ ဖူးနော်၊ ဒါဆိုရင်တော့ မင်းက နုံအ လွန်းပြီ.... ''

ယန်တင်းယီက ဖြူဖျော့သော မျက်နှာဖြင့် လှောင်ပြောင်ရေရွတ်လိုက်သည်။ သို့သော် လင်းယွန်က ခေါင်းယမ်းပြလျက်၊

'' မင်းမှားနေပြီ၊ ဒီမြင်းက နတ်ဆိုးသားရဲ တွေရဲ့ အသားကို စားတဲ့အပြင်၊ လူသား ကျင့်ကြံသူ တွေကိုပါ စားနိုင်တယ်၊....... ''

လင်းယွန်က ပင့်သက်ချဟန်ဖြင့် ပြုံးပြလိုက်ရာ၊ ယန်တင်းယီမှာ ကျောရိုး တစ်လျှောက် ချမ်းစိမ့်စိမ့် ဝေဒနာကို ခံစားလိုက်ရ၏။

'' မြင်းရဲ့ သွားတွေက သားရဲတွေလောက် မထက်ဘူးဆိုတာ မင်းသိသင့်တယ်၊ ဒါကြောင့် အသားကိုကိုက်တဲ့အခါ အသားက ချက်ချင်း မပဲ့ဖူး၊ ဥပမာအားဖြင့်၊ မင်းလက်ကို မြင်းက ကိုက်ဝါးခဲ့ရင် မင်းရဲ့ အသားကို ဖြည်းဖြည်းချင်း ကြိတ်ယူဝါးစားနေတာကို မင်းက အချိန်အကြာကြီး မြင်ခွင့်ရနေမှာ မျိုးပေါ့...."

" မင်း.....လူယုတ်မာ "

ယန်တင်းယီက မျက်လုံးမှိတ်လျက် အော်ဟစ် ကျိန်ဆဲလိုက်သည်။ သွေးတိမ်ဂိုဏ်း၌ အကြီးအကဲ တစ်ဦး၏ သားပီပီ၊ ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ကိုယ်တိုင် ကြူးလွန်ဖူး ခဲ့သည်ဖြစ်ရာ၊ လင်းယွင်၏ စကားကို ကြားလိုက်သည်နှင့်၊ အကျဉ်းသား များ၏ အမျိုးမျိုးသော နာကျင်ညည်းတွား သံများကို ပြန်လည် သတိရ၏။

၎င်းသည် အသွားတုံးတုံး ဓားနှစ်လက်ဖြင့် ကြိတ်ချေခံလိုက်ရ သကဲ့သို့၊ ထိတ်လန့်စ ပြုလာ သည်။

'' အဲဒါနဲ့ပတ်သက်ပြီး မင်းဘာမှ လုပ်လို့မရပါဘူး၊ ငါ့မြင်းက မိုက်မဲပေမယ့် မင်းရဲ့ ခြေတွေလက်တွေ ကိုက်ဝါးဖို့ဆို အချိန် သိပ်ကြာမှာ မဟုတ်ပါဖူး၊ အိုး .... ဒီမြင်းက ရှိနေတာလား ......... ''

'' ခ လောက်....ခွပ်..... ခလောက်ခွပ် ''

မြေပြင်သည် ရိုက်နှက်ခံရသကဲ့သို့ တုန်ယင်သွားပြီး၊ မြင်းခွာသံများ ကြားလိုက် ရသည့် အချိန်၌ပင်၊ နဂါးသွေးမြင်းမှာ လင်းယွန်၏ အနားသို့ ရောက်ရှိနေခဲ့လေပြီ။

လည်ဆံမွှေးများသည် သွေးနီရောင်များ စွန်းထင်းယိမ်နွဲ့ နေသည့်အပြင်၊ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သွေးရောင်များ ဖုံးလွှမ်းတောက်ပနေကာ၊ ကြမ်းတမ်း ယုတ်မာသော အရှိန်အဝါများ ယိုစိမ့်ကျ နေခဲ့သည်။

နဂါးသွေးမြင်းက စူးစမ်းလိုစိတ်ဖြင့်၊ ယန်တင်းယီထံသို့ တိုးကပ်လာခဲ့ရာ၊

" ....မ စား နဲ့၊ မင်းရဲ့ မြင်းကို ငါ့ဆီကနေ ဖယ်လိုက်ပါ...."

မျက်လုံးများမှိတ်ထားပြီး၊ တုန်ယင်စွာ အော်ဟစ်လိုက်လေသည်။ သူက နဂါးသွေး မြင်းအား တည့်တည့် မကြည့်ဝံ့ တော့ချေ။

ယန်တင်းယီသည် သွေး များဖြင့် ဖုံးလွှမ်း နေသော လက်တစ်စုံကို ပိုင်ဆိုင် ထားသော်လည်း၊ လက်စား ချေခြင်းမှာ တံခါး ဝသို့ ရောက်လာသော အခါတွင် သူက ထိတ်လန့် သွားနေဆဲပင်။

လူများစွာအား ညှဉ်းပန်း နှိပ်စက်ရန် အတွက်၊ စိတ်ကူးယဉ် တတ်သူ တစ်ဦး အနေဖြင့်၊ နှိပ်စက် ညှဉ်းပန်း ခြင်း၏ နာကျင် မှုကို၊ လူတကာထက် ပို၍ သိရှိနေမိသည်။

လင်းယွန်က နဂါးသွေးမြင်းကို လက်ဖြင့်ပုတ်ကာ ထွက်ခွာရန် အချက်ပြ လိုက်ရာ၊ နဂါးသွေးမြင်းက မထွက်ခွာခင်၊ ယန်တင်းယီအား အထင်အမြင် သေးစွာ ကြည့်သွား ခဲ့လေသည်။

"ကဲ ဓားသေတ္တာအကြောင်း မင်းသိတာကို ပြောပြလို့ရမလား"

" .....မင်းရဲ့ ဓားသေတ္တာက ဓားသူတော်စင် တစ်ပါး ပိုင်တဲ့ ရတနာတစ်ခုပဲ "

" ဓား သူတော်စင် လား .... "

လင်းယွန်က မျက်ခုံးနှစ်ဖက်အား စုလျက် သံယောင်လိုက် ရေရွတ်မိ၏။ ယန်တင်းယီ မှာလည်း နဂါးသွေးမြင်း ထွက်ခွာ သွားသည်ကို ကြည့်ကာ၊ တံတွေးတစ်လုတ် မျိုချလိုက်ပြီး၊

'' ဟုတ်တယ် ဒါက အပြာရောင်နေမင်း နိုင်ငံရဲ့ လျှို့ဝှက်နယ်မြေကနေ ထွက်ပေါ်လာတဲ့၊ ဓားသူတော်စင်ရဲ့ အမွေအနှစ်ပဲ၊ လျှို့ဝှက်နယ်မြေဆိုတာထက် ဒါက အပျက်အစီး နယ်မြေ တစ်ခုလို့ ဆိုရင် ပိုမှန်မယ်၊ ... ငါ့ရဲ့ စီနီယာ အစ်ကို တချို့က ဓားသူတော်စင် ချန်ထား ရစ်ခဲ့တဲ့ ရတနာ အချို့ကို ရယူ နိုင်ခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့ ဓါးသေတ္တာလောက် မပြည့်စုံဖူး... ''

" ဒါပဲလား၊ ဒါက မင်းလိုချင်တဲ့ အကြောင်းပြချက်လား "

" မဟုတ်ပါဘူး... ငါ မလိုချင်တော့ဘူး၊ ကျေးဇူးပြုပြီး မင်းငါ့ကို ခွင့်လွှတ်နိုင်သရွေ့၊ ငါတို့ ညှိနှိုင်းလို့ ရပါတယ်။"

ယန်တင်းယီထံ၌ တစ်ချိန်က မောက်မာမှုများ မရှိတော့ သော်လည်း၊ မျက်ဝန်း ထောင့်တွင် တစ်စုံ တစ်ရာသော ကောက်ကျစ် ဟန်များ လှစ်ခနဲ ဖြတ်ပြေးသွား သည်ကို တွေ့မြင် လိုက်ရသည်။

"မင်းကြည့်ရတာ မရိုးသားဘူး"

ထို့ကြောင့်ပင် လင်းယွန်က ပြုံးပြီး နဂါးသွေးမြင်းကို ခေါ်ယူရန် ပြင်လိုက်၏။

'' ..... ခ ဏ....ခဏနေ ဦး....... ''

လင်းယွန်၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ၊ ယန်တင်းယီက ထိတ်လန့် သွားပြီး၊

'' ကောင်းပြီ ....ငါ ပြောပြမယ် ''

''.............. ''

'' တစ်ချိန်တုန်းက သွေးတိမ်ဂိုဏ်းရဲ့ စီနီယာတစ်ယောက်က ရှေးဟောင်းမှတ်တမ်း တစ်ခုကို ရှိခဲ့ဖူးတယ်၊ သူ့မှတ်တမ်းက အလွန် ရှေးကျပြီး ရှေးဟောင်း ဘာသာစကားတစ်ခု ဖြစ်တာကြောင့်၊ ဘယ်သူကမှ အဓိပ္ပါယ် မဖော်နိုင်ခဲ့ဘူး....''

'' ဒါပေမယ့် ငါ့အဖေကတော့ ချွင်းချက်ပဲ၊ အဲ့ဒီမှတ်တမ်းအရ ဓားသူတော်စင်ကို သိခဲ့ရတယ်၊ သူ့ရဲ့ပါရမီအရ သူ့ခေတ်သူ့အခါမှာ ပြိုင်ဘက်ကင်း ဓားသမားတစ်ယောက် ဖြစ်ခဲ့တယ်၊ အဆုံးမှာတော့ သူက ခရမ်းရောင် မီးရေခဲ စာကလေးကို ဖမ်းယူပြီး ဓားသေတ္တာ ထဲကို သန့်စင်ပစ်လိုက်တယ်။ "

'' ဒါပဲလား...... ''

'' ဟုတ်တယ် မှတ်တမ်းက အဲ့ဒီမှာ ဆုံးသွားတယ်၊ တခြားဘာကိုမှ ငါတကယ် မသိဘူး၊ မှတ်တမ်းက မပြည့်စုံ သလို နားလည်ရ ခက်ပါတယ်၊ အဲဒါက ဘာကို ဆိုလိုသလဲ ဆိုတာ အကြမ်းဖျင်းပဲ အဖြေရှာ နိုင်ခဲ့ ကြတယ်၊ အများစုကတော့ ငါ့အဖေ့ရဲ့ ထင်မြင်ချက်တွေ ပါပဲ၊ ငါ.... မင်းကို မလိမ်ဝံ့ပါဖူး ''

ယန်တင်းယီက လင်းယွန်မှာ သူ့စကားအား ယုံကြည်ပုံ မရသည်ကို အကဲခတ်မိသည်နှင့် ချက်ချင်း ရှင်းပြလိုက်၏။

" ဒါဆို မင်းနဲ့ မင်းအဖေပဲ၊ ဒီအကြောင်းကို သိတာလား .... "

" ဟုတ်တယ် မင်းအပါအဝင် သုံးယောက်ပဲ .... "

" မဟုတ်ဖူး၊ မင်း....မှားတယ်။"

"ဘာ မှားလို့လဲ "

ယန်တင်းယီက လင်းယွန်၏ စကားကြောင့် အံ့သြသွားကာ၊ ပြန်လည်မော့ကြည့်လိုက်၏၊ လင်းယွန်က ကောက်ကျစ်သော အပြုံးဖြင့်၊ သူ့အား စိုက်ကြည့် နေခဲ့လေပြီ။

" ငါ ဆိုလိုတာက၊ အခု ဒီအကြောင်းကို သိတဲ့ လူ နှစ်ယောက်ပဲ ရှိတော့တယ်လို့ ပြောတာပါ...."

စကားဆုံးသည်နှင့် ဓားဖျားသည် ယန်တင်းယီ၏ နဖူးထဲသို့ ထိုးဖောက် ဝင်ရောက် သွား၏။

ယန်တင်းယီမှာ မျက်လုံးပြူးလျက်၊ လင်းယွန်သည် သူ့အား သတ်ရဲလိမ့်မည်ဟု၊ မည်သည့်အခါမျှ ထင်မထားခဲ့ချေ။

လင်းယွန်သည် သတ်ဖြတ်ခြင်းကို နှစ်သက်သူ တစ်ဦးမဟုတ်သော်လည်း၊ နူးညံ့သိမ်မွေ့သော လူတစ်ယောက်လည်း မဟုတ်ခဲ့ပေ။

မိုးထိတောင်ခရီးစဉ်၏ အတွေ့အကြုံများ အရ၊ အားနည်းသူများသည် သန်မာသူများ၏ သားကောင်များ ဖြစ်တက်လေရာ၊ ဤကမ္ဘာ ကြီးတွင် တောတွင်း ဥပဒေများ အတိုင်း ကျင့်သုံးရန်၊ သူ့အား သွန်သင်ပေးခဲ့သည်။

သူ့အတွေ့ အကြုံများ အရ ကောက်ကျစ်သော လူများ အပေါ် ညှာတာ ခြင်းသည် ဖြစ်နိုင်ချေ ရှိသော ခြိမ်းခြောက်မှု များကိုသာ ချန်ထား ခဲ့ပေ လိမ့်မည်။

သူ့ပတ်ဝန်းကျင်ရှိ ပျက်စီးမှုများကို တစ်ချက်ဝေ့ကြည့်ကာ၊ ထွက်ခွာသွားရန် ပြင်လိုက်မိသည်။ ဤတိုက်ပွဲသည် ပြင်းထန ်ခဲ့ပြီး၊ သူ၏ ဝှက်ဖဲများအား အကုန် အစင်ပင် ထုတ်ဖော် အသုံးပြုလိုက် ရပေသည်။

ယန်တင်းယီသည် နောက်ဆုံး ဓားချက်အား တားဆီးနိုင်ခဲ့ ပါက၊ သေဆုံးရမည့် သူမှာ၊ လင်းယွန် ဖြစ်သွား ပေလိမ့်မည်။

ခရမ်းရောင်မီးလျှံမြို့၏ လူငယ်မျိုးဆက် ထဲတွင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတစ်ယောက် မဟုတ်မှန်း သိရှိထားသည်။

ထို့ကြောင့်ပင် မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား၊ တတ်နိုင်သမျှ အမြန်ဆုံး ရယူရန် ဆန္ဒရှိနေခဲ့၏။

'မြင့်မြတ်သောခရမ်းရောင်မီးရေခဲ' သည် ဒဏ္ဍာရီလာ ဓားသူတော်စင် တစ်ယောက်၏ ဓားသေတ္တာ ဖြစ်နိုင်လိမ့်မည်ဟု တစ်ကြိမ် တစ်ခါ မျှပင်၊ တွေးမကြည့်ခဲ့ဖူးပေ။

လင်းယွန်၏ နှလုံးသားသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ အပြာရောင်နေမင်းနိုင်ငံ၏လျှို့ဝှက်နယ်မြေ ဖွင့်သောအခါတွင် ဓါးသူတော်စင်မှ ထားရစ်ခဲ့သော၊ အမွေအနှစ်ဖြစ်သည့် ဓားသေတ္တာ၏ မူလကို စုံစမ်းရန် ဆုံးဖြတ်ထား လိုက်သည်။ သို့သော် ယခုအချိန်တွင် သူသည် တိုက်ပွဲမြေပြင်မှ ချက်ချင်းထွက်ခွာရန် လိုအပ်နေတော့သည်။

ထိုအချိန်တွင်၊ သွေးတိမ်ဂိုဏ်း၏ဌာနချုပ် တစ်နေရာ၌။

ကြီးကျယ်ခမ်းနားသော တောင်တန်း များသည် ကုန်းမြေတစ်ခုလုံးအား ဝိုင်းပတ် ထားကာ၊ ထိုနယ်မြေတစ်ခုလုံး၌ ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ ဖုံးလွှမ်းနေခဲ့သည်။

အတွင်းတပည့်များ၏ အသက်မီးအိမ်များ သိမ်းဆည်းထားသော 'ဆိတ်ငြိမ် ဝိညာဉ် နန်းတော်' တွင်၊ မီးအိမ် တစ်လုံးသည် ရုတ်တရက် မီးတောက်များ ဟုတ်ခနဲ့ ငြှိမ်းသွားပြီး၊ အက်ကွဲ သွားတော့သည်။

'' ............ ''

အသက်မီးအိမ်များကို စောင့်ကြည့်နေရသော အဘိုးအိုတစ်ယောက်က ပိတ်ထားသော မျက်လုံးများကို ဖွင့်လျက် ခေါင်းညိတ် လိုက်သည်။

'' နောက်ထပ် တပည့်တစ်ယောက် အသက်ခံ လိုက်ရပြန်ပြီလား..... ''

သူ့မျက်နှာတွင် အပြောင်းအလဲ မရှိခဲ့ပဲ၊ ပျင်းရိပျင်းတွဲ အမူအရာများဖြင့် ထရပ် လာခဲ့သည်။

သွေးတိမ်ဂိုဏ်းသည် အပြာရောင်နေမင်း နိုင်ငံရှိ အာဏာရှင် ဂိုဏ်းငယ်တစ်ဂိုဏ်း ဖြစ်သော်လည်း၊ ၎င်းတို့သည် ပြိုင်ဘက်ကင်းတည်ရှိမှုမျိုး မဟုတ်ခဲ့ပဲ၊ နှစ်စဉ်နေရာအနှံ့ရှိ တိုက်ပွဲများတွင် ဂိုဏ်း၏ သားတပည့်များမှာ ကျရှုံးနေကြမြဲပင်။

ထို့အပြင်၊ အတွင်းတပည့် ပေါင်းများစွာသည် ရက်စက်ကြမ်းကြုပ်လှပြီး၊ အန္တရာယ်ရှိသည့် နေရာများသို့ စွန့်စားသွားလာလို ကြပေသည်။

အဘိုးအိုက ကွဲကြေသွားသော အသက်မီးအိမ် ထံသို့၊ အကြည့်အရောက်တွင် ထိတ်လန့် အံ့သြသွားကာ တုန်တုန် ယင်ယင်ဖြင့်၊ ကောက်ကိုင်လိုက် လေသည်။

" ယန်တင်းယီလား... ဒါက အကြီးအကဲယန်ရဲ့ တစ်ဦးတည်းသောသားပဲ၊ ''

အဘိုးအိုသည် တံဆိပ်ကိုကိုင်လျက် ချွေးစများစီးကျလာ၏။ အကြီးအကဲယန်သည်၊ သွေးတိမ်ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲ (၁၀)ဦး စာရင်းတွင် ပါဝင်ခဲ့ပြီး၊ သူ၏ အလား အလာမှာ ဂိုဏ်း၌ အကန့်အသတ်မရှိပေ။

ထို့အပြင် အကြီးအကဲယန်သည် သွေးတိမ်ဂိုဏ်း၏ အသက်အငယ်ဆုံး နက်နဲ သိုင်းသမား တစ်ဦး ဖြစ်ပြီး၊ အမှန် တကယ်ပင် ဂိုဏ်း၏ အာဏာကို ကိုင်စွဲ ထားနိုင်သောသူ ဖြစ်၏။

သည့်တင်မကသေး၊ အကြီးအကဲယန်မှာ သူ့သားအား အလွန်အမင်း မျက်နှာသာ ပေးလွန်း လှပေသည်။

သွေးတိမ်ဂိုဏ်း အတွင်းတွင် ယန်တင်းယီအား ဒဏ်ရာ ရရှိအောင် လုပ်ဆောင်ခဲ့ ပါက၊ ၎င်းအား အဆ တစ်ရာ ပြန်ပေး ဆပ်ခိုင်း ပြီးမှသာ ကြေနပ် တက်ပေမည်။

ထို့ကြောင့် သူ၏သားဖြစ်သူ သေဆုံးသွားသည်ကို ကြားသောအခါ၊ မည်မျှဒေါသထွက်မည်ကို မည်သူမဆို တွေးကြည့်နိုင်ပေသည်။

သူ၏ နည်းလမ်းများသည် ရက်စက် ကြမ်းကြုတ် လှပြီး၊ ၎င်းသွေးတိမ်ဂိုဏ်းရှိ မည်သူမဆို အကြီးအကဲ ယန်အား အပြစ်ပြု ဝံ့ခြင်း မရှိချေ။

အဘိုးအိုက ထိုကိစ္စကို ကိုယ်တိုင်ကိုယ်ကျ သတင်းပို့ရန် နန်းတော်သို့ ထွက်ခွာလာစဉ် သက်ပြင်းချ လိုက်မိသည်။ သူ၏ ပျင်းရိသော ဟန်ပန်မှာ ပျောက်ကွယ်နေခဲ့ပြီး၊ စိတ်မသက်သာဟန်များ အစားထိုး ဝင်ရောက် လာခဲ့လေပြီ။

ပုံမှန်အခြေအနေများတွင် လက်အောက် ငယ်သားများကိုသာ စေလွှတ်ခဲ့သည်။ သို့သော် သူမှလွဲ၍ အခြား မည်သူ့ကို မဆို စေလွှတ်မိပါက၊ ဤတစ်ကြိမ်တွင် သေပွဲဝင် ရမည်ကို အတပ်သိနှင့် နေခဲ့သည်။

All Chapters