အားနည်း သူတွေက သန်မာ သူတွေရဲ့ သားကောင်ပဲ။
Vol. 8 Ch. 106
ကောင်း မိသားစုဝင် များသည် လူတစ်သောင်း နီးပါးခန့် ရှိပြီး၊ ဝမ်မိသား စုပြီးနောက် ဒုတိယ အင်အား အကြီးဆုံး မိသားစု ဖြစ်သည်။
အကြောင်းပြချက်တစ်ခုခုကြောင့် ကောင်းယွမ်သည် ယနေ့တွင် စိတ်မသက်မသာ ခံစားရပြီး၊ လက်ဖက်ရည်ခွက်ကိုပင် မတော် တဆ လွတ်ကျ ကွဲသွား ခဲ့သည်။
အစေခံတစ်ဦးသည် ထိုအကွဲစများကို ရှင်းရန် ချက်ချင်း ရောက်လာ သော်ငြားလည်း၊ ကောင်းယွမ်က အလိုမကျဟန်ဖြင့် '' မြန်မြန် ရှင်းစမ်း '' ဟု ကျိန်ဆဲလိုက်ကာ ကန်ထုတ် ပစ်လိုက်၏။
"ဟုတ်ကဲ့......ဟုတ်ကဲ့ ... ဆန္ဒရှိတဲ့အတိုင်း ဖြစ်စေရပါမယ် သခင်"
အစေခံမှာ ကောင်းယွမ်၏ ဒေါသကြောင့် တုန်လှုပ်သွားသည်။ ငယ်ရွယ်စဉ် ကပင် အတွေ့ အကြုံ များကြောင့် သတ်ဖြတ်ခြင်း အရှိန်အဝါ များဖြင့် ဖုံးလွှမ်း နေခဲ့ပြီး၊ 'လက်မရွံ့သား သတ်သမား' ဟူသော နာမည် ဆိုးကို ရရှိခဲ့ ပေသည်။
"ဘာဖြစ်တာလဲ....."
ကောင်းယွမ်သည် မျက်မှောင်ကျုံ့လျက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ စိတ်မသက်မသာ ခံစားချက်သည် မည့်သည့် အရပ်မှ လာမှန်း သူမသိပေ။
သို့သော် ယနေ့တွင် တစ်စုံတစ်ရာသည် သူ့နှလုံးသားအား လေးပင်လာစေသည်မှာ ဧကန်ပင်။
'' ဘုန်း........ ''
ရုတ်တရက်ပင် စံအိမ် တစ်အိမ်လုံး တုန်ယင် သွားကာ၊ အော်ဟစ်သံများ ဆူညံလာ လေသည်။ ကောင်းယွမ် ၏ မျက်နှာသည် မဲမှောင် သွားပြီး၊ ခေါင်မိုးပေါ်သို့ ခုန်တက် လိုက်ကာ ဆူညံသံများ ထွက်ပေါ် လာရာသို့ မျှော်ကြည့် လိုက်သည်။
အနက်ရောင်ဝတ် အမျိုးသားတစ်စုသည် ကောင်းမိသားစုဝင်များအား၊ ရက်စက်စွာ သတ်ဖြတ် နေခဲ့ကြသည်။ ၎င်းသည် ကလေး၊ မိန်းမနှင့် လူအိုကြီးများပါ မကျန် လူမျိုးတုံး သတ်ဖြတ် နေခြင်း၊ မည်ပေ၏။
"သွေးတိမ်ဂိုဏ်း....."
ထိုအနက်ဝတ်လူများ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံး များကြောင့် ကောင်းကွမ်းမှာ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားကာ၊ လျင်မြန်စွာ လှည့်ထွက် ပြေးရန် ပြင်လိုက် သည်။
'' ဘုန်း........ ''
ရုတ်တရက် လက်ဖဝါးတစ်ချက်သည် မြေပြင်ပေါ်သို့ရိုက်ခတ်လာပြီး သူ့အပေါ်သို့ ဖိနှိပ်လာခဲ့သည်။
ကောင်းယွမ်သည် ရှန်ရှင်းဆဋ္ဌမအဆင့်၌ ရောက်ရှိနေ သော်ငြားလည်း၊ ထိုစွမ်းအား ရှေ့တွင် ပုရွက်ဆိတ် သာသာ ခုခံနိုင်စွမ်း မရှိ တော့ပေ။
ပါးစပ်မှသွေးများစီးကျလာလျက် ထိုစွမ်းအားပိုင်ရှင်ထံသို့ မော့ကြည့်ကာ၊ ' အကိုကြီး' ဟု ထိတ်လန့်တကြား အော်ဟစ် လိုက်သည်။
'' တင်းယီ သေပြီ ''
ထိုသူမှာ ယန်တင်းယီ၏ဖခင် ယန်တျန်းဖြစ်သည်။ သူ၏ လေသံမှာ အေးစက် နေခဲ့ပြီး၊ ထိုစကားများကို ကြားလိုက်သော အခါ ကောင်းယွမ်၏ စိတ်သည် ဗလာ ဖြစ်သွားကာ၊ တုန်လှုပ် သွား၏။ ယနေ့ 'လေးပင်' နေခဲ့သော ထိုအရာသည် ဖြစ်ပျက်လာခဲ့ပေပြီ။
"အကိုကြီး၊ ငါ့ကိုယ်ငါ သတ်သေခွင့်ပြုပါ...."
ထိုသတင်း စကားကြောင့် ကောင်းယွမ်သည် သေခြင်းမှ လွတ်မြောက် နိုင်မည် မဟုတ်ကြောင်း သိရှိလိုက်ရာ၊ ယခုအချိန်တွင် တောင်းပန်ရန် သို့မဟုတ် အကျိုးအကြောင်းကို ရှင်းပြရန်မလိုအပ်တော့ပေ။
'' ကောင်းပြီ မင်းနဲ့ငါရဲ့ ပတ်သတ်မှုအရ ခွင့်ပြုမယ် ''
ယန်တျန်း၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိခဲ့သည်ကြောင့်၊ ကောင်းယွမ်က အသက်မသာပြုံးရယ်လိုက်ပြီး၊ တစ်ချိန်က ဝမ်ကျီယဲ၏ စကားကို ပြန်သတိရမိသည်။
သွေးတိမ်ဂိုဏ်းနှင့် ပါတ်သတ်ခြင်းသည် မီးဖြင့် ကစားခြင်းနှင့် တူကြောင်း ဝမ်ကျီယဲက သတိ ပေးခဲ့သည်။
သို့သော် ထိုအချိန်တွင် ကောင်းယွမ်သည် ၎င်းစကားအား ဟာသတစ်ခု အဖြစ်သာ ရယ်မော ပစ်လိုက်သည်။
ယခုအချိန်၌ နောင်တရဖို့ရန် နောက်ကျသွားခဲ့လေပြီ။ စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ကောင်းယွမ်က သူ့ကိုယ်သူ ငယ်ထိပ်အား ရိုက်ချပြီး အဆုံးသတ်ပစ် လိုက်၏။
ကောင်းစံအိမ်တစ်လုံး၏ အမိုးပေါ်၌ လူရိပ်သုံးရိပ် ငြိမ်သက်စွာ ရပ်တန့်နေခဲ့သည်။ ၎င်းတို့အတွင်းမှ တစ်ယောက်သည် သွေးတိမ် ဌာနခွဲ၏ အကြီးအကဲ လူအိုကြီးရှန် ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ဝတ်ရုံအဝါကို သေသပ်စွာ ဝတ်ဆင် ထားခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။
သူတို့နှစ်ယောက်သည် ရန်တျန်းဘေး၌ ရပ်လျက် တုန်လှုပ်ချောက်ချား နေခဲ့ကြသည်။
'' အကြီးအကဲယန်၊ ကောင်းမိသားစု ဝင်တွေ အကုန်လုံး သုတ်သင်ပစ် လိုက်ပြီ၊ အသက်ရှင် နေသူ တစ်ယောက်မှ မကျန်တော့ဘူး။ ''
ယန်တျန်းကို မဝံ့မရဲမော့ကြည့်ကာ၊ လူအိုကြီး ရှန်က သတင်းပို့လိုက်၏။ အသက်ပေါင်း များစွာကို သတ်ပစ်နေသည့် မြင်ကွင်းအား သူက လျစ်လျူရှု ထားခဲ့ရသည်။
ထိုသို့သတ်ဖြတ်မှုများကြောင့် ငရဲကျမည်ဆိုပါက၊ သူ့ရှေ့တွင် ရပ်နေသော ယန်တျန်းကို ငရဲမင်းထက်ပို၍ ကြောက်လှ ပေ၏။
'' မင်းတို့ နှစ်ယောက် ဒီကိစ္စကို စုံစမ်းပြီးပြီ မလား၊ အသေးစိတ်အချက် အလက် တွေက အစ ငါ့ပြန်ပြော ပြစမ်း.... ''
'' အဲဒီတုန်းက သခင်လေးယန်က ဌာနခွဲကို ရောက်တဲ့ အခါမှာ သိုင်းသမား တချို့ကို အသုံးပြု ခွင့်တောင်း ပါတယ်၊ အခြေအနေကို မရှင်းပြ ခဲ့သလို၊ အဲဒါကိုလည်း မမေးရဲ ခဲ့ဘူး၊ လင်းယွန်ဆိုတဲ့ သူကို သတ်ပစ်ချင် ကြောင်းကိုတော့ ထုတ်ပြော ခဲ့တယ်၊ ဝိညာဉ် ရေကန် ဝင်ခွင့် တိုက်ပွဲမှာ၊ သခင်လေးက အဲ့ဒီ လင်းယွန် ထံမှာ ဆိုးဆိုး ရွားရွား ရှုံးနိမ့် သွားခဲ့တယ်၊ ''
အဝါရောင်ဝတ်လူက တုန်လှုပ်နေသည့်အသံဖြင့် အစီရင်ခံလိုက်၏။
"ဒါဆို မင်းက သူ့ကို ဘေးကင်းဖို့ ဘယ်သူ့ကိုမှမပို့ပေးဖူးလား..."
ယန်တျန်း၏ မေးခွန်းသည် အဝါဝတ်လူအား ပို၍တုန်ယင်လာစေပြီး၊ ၎င်းသည်လူအိုကြီးရှန် စိုးရိမ်နေခဲ့ဖူးသော မေးခွန်းမျိုးဖြစ်ပေသည်။
တစ်ဆက်တည်းမှာပင်၊ နက်နဲနယ်ပယ်၏ အရှိန်အဝါသည် ယန်တျန်းထံမှ ပေါက်ကွဲ ထွက်လာပြီး၊ ထိုအရှိန်အဝါ၏ ဖိအားများ အောက်၌ အဝါဝတ် လူသည် နှာခေါင်းမှ သွေးကြောများ ပေါက်ကွဲသွားကာ၊ သွေးစများ ယိုစီးကျလာလေသည်။
" ငါ......ငါ မှားပါတယ်၊ ဒါပေမယ့်... သခင်လေးယန်က သူ့နောက်ကို လိုက်ဝံ့ တာက၊ အကြီးအကဲ ယန်ကို ရန်ပြုတာနဲ့ အတူတူ ပဲလို့ ပြောခဲ့တယ်၊ ဒါကြောင့် သူ့နောက်ကို လိုက်ဖို့၊ ငါ အပါအဝင် ဘယ်သူမှ မဝံ့ရဲကြဘူး၊ ''
" အဲဒါကိုတော့ ငါ သက်သေခံနိုင်ပါတယ်၊ အကြီးအကဲယန်...... "
အဝါဝတ်လူ၏စကားကို လူအိုကြီးရှန်က ခေါင်းညိတ် သဘောတူလိုက်၏။
" အဲ့ဒီလင်းယွန်မှာ သခင်လေးယန်ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ ရတနာတစ်ခု ရှိရမယ်၊ ဒီလိုမှမဟုတ်ရင် သခင်လေးယန်က၊ ငါတို့ရဲ့အကူအညီကို လက်မခံနိူင်စရာကို မရှိဖူး.... ''
ထိုစကားကြောင့် ယန်တျန်း၏အမူအရာမှာ ပြောင်းလဲသွားပြီး၊ အဝါဝတ်လူပေါ်သို့ ဖိနှိပ်ထားသော အရှိန်အဝါအား ပြန်လည် ရုတ်သိမ်း လိုက်မှ သာလျှင်၊ အဝါဝတ်လူမှာ သက်သာရာ ရသွားသည်။
ထိုစက္ကန့်ပိုင်း လေးတွင် ငရဲ တံခါး ဆီသို့ ခြေတစ်လှမ်း ရောက်ရှိ သွားခဲ့ခြင်း ဖြစ်သည် ဟုပင် ခံစားလိုက် မိသည်။
" လင်းယွန်အကြောင်း ဆက်ပြောစမ်း....."
'' သူနဲ့ပတ်သက်တဲ့ အချက်အလက် တွေတော့ သိပ်မရှိပါဘူး၊ ဒီလင်းယွန်က အပြာရောင် နေမင်း နိုင်ငံက မဟုတ်ဖူး၊ ဝိညာဉ်ရေ ကန်ဝင်ခွင့် လုပွဲ အတွက် ဝမ်မိသားစု ငှားရမ်း ခဲ့တဲ့ ခရီးသွား ဓားသမား တစ်ယောက်ပဲ.... ''
လူအိုကြီးရှန်က ခေါင်းယမ်းလျက် ပြန်ဖြေလိုက် သည်ကြောင့် ယန်တျန်းမှာ မျက်မှောင်ကျုံ့ လိုက်၏။
"ဝမ်မျိုးနွယ်လား... ဝမ်ကျီယဲရဲ့ မိသားစုအကြောင်း ပြောနေတာလား၊ ဟား ဟား ဝမ်မိသားစုက မကြာသေးမီက အနည်းငယ် ဆူဖြိုးလာ ပုံရတယ်၊ ခုချက်ချင်း ဝမ်မိသားစု ဆီကို သွားပါ၊ သူတို့ရဲ့ တိုက်ရိုက် သားစဉ် မြေးဆက် အားလုံးကို ဖမ်းပြီး၊ သွေးကျွန် အဖြစ် ဂိုဏ်းကို ပြန်ခေါ် သွားရမယ် ....''
ကောင်းမိသားစုသည် သွယ်ဝိုက်သော နည်းဖြင့် ပါဝင်ပတ်သက် နေသော်လည်း သုတ်သင် ရှင်းလင်းခံ ခဲ့ရသည်။
ဝမ်မိသားစုသည်မူ ၎င်းတို့သည် လင်းယွန်နှင့် တိုက်ရိုက်ပတ်သက် နေသော ကြောင့် လွယ်လွယ်ဖြင့် ခွင့်မလွှတ်နိုင်ပေ။
အခြားတစ်ဖက်တွင် လူအိုကြီးရှန်သည် သူ့နှုတ်ခမ်းများကို လှုပ်ရုံ တွန့်တက်လာ ပြီးနောက်၊ ပြန်လည် ငြိမ်သက် သွားသည်။
ဝမ်မိသားစုသည် ကောင်းမိသားစုကဲ့သို မဟုတ် သည်ကို အကြီးအကဲ ယန်အား သတိပေး လိုခဲ့သည်၊ သို့သော် ဒေါသကြီး နေသော အကြီးအကဲ ယန်သည်၊ သူ့ အကြံ ဉာဏ်ကို ခံယူမည် မဟုတ်ကြောင်း သိရှိ နေခဲ့ရာ၊ တိတ်ဆိတ် နေရန်သာ ဆုံးဖြတ်လိုက်၏။
" ငါခုပဲ ချက်ချင်း လုပ်ဆောင် လိုက်ပါမယ် .... "
အဝါရောင် ဝတ်ဆင် ထားသော အမျိုးသားက ကြောက်လန့် တကြား ပြန်ပြောပြီး ချက်ချင်းပင်၊ သွေးတိမ်ဂိုဏ်းသား များကို စတင်စုဆောင်း လိုက်သည်။
ခဏအကြာတွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင် ထားသော သိုင်းသမား တစ်ထောင် ကျော်ခန့်၊ ကောင်းမိသားစုခြံဝန်းမှ ထွက်ခွာ လာပြီး၊ ၎င်းတို့သည် ဝမ်မိသားစုထံသို့ ဦးတည် သွားခဲ့သည်။
ထိုကဲ့သို့သော အခင်းအကျင်းကို မြင်တွေ့လိုက်ရသည်နှင့် ခရမ်းရောင်မီးလျှံမြို့၏ မြို့ခံပြည်သူများမှာ ကြောက်ရွံ့ တုန်လှုပ်နေကြပြီး၊ သွေးတိမ်ဂိုဏ်းမှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူတို့က နားလည်ထား ကြလေသည်။
ဝမ်မိသားစု ခြံဝန်းတစ်နေရာတွင်။
" အဖေ၊ မကောင်းတော့ဖူး...."
ဝမ်ဖိန်းသည် တုန်လှုပ်ချောက်ချားစွာဖြင့် စာဖတ်ခန်းထဲသို့ ပြေးဝင်လာကာ၊
"....... အဖေ သတင်းဆိုးပဲ၊ သွေးတိမ် ဂိုဏ်းက ကောင်းမိသားစု တစ်စုလုံးကို သတ်ပစ် လိုက်ပြီ၊ တစ်ယောက်မှ မကျန်ခဲ့ဘူး..."
သူ့သား၏ သတင်းစကားကို ကြားသော အခါတွင် ဝမ်ကျီယဲမျက်နှာမှာ မဲမှောင်သွားကာ၊ သူ့လက်ထဲရှိ စာအုပ်ကို ချလိုက်ပြီး၊
'' မထိတ်လန့် ပါနဲ့ ဖိန်းအာ၊ ..... ဘာဖြစ် တာလဲ ဖြည်းဖြည်း ပြောပါ"
ဝမ်ဖိန်းက ဝမ်ကျီယဲအား မရှင်းပြမီတွင်၊ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး၊
" သွေးတိမ်ဂိုဏ်းက ကောင်းမိသားစုကို အမြစ်ပြတ် သုတ်သင်ပြစ် လိုက်တာပဲ၊ ဦးလေး ကောင်းယွမ်တောင် ခုခံနိူင်ခြင်း မရှိခဲ့ဖူး ...၊ အခု ဝမ်မိသားစု ဆီကို သူတို့လာနေပြီ ''
" ......ဘာအတွက်လဲ ဖိန်းအာ၊ အဲဒါကို မင်းသိလား"
" ယန်တင်းယီကို လင်းယွန်က သတ်လိုက်ပုံ ရတယ်.... ''
စကားဆုံးသည်နှင့် သူ့မျက်နှာမှာ ဖြူဖျော့လာပြီး၊ ထိတ်လန့်နေခဲ့သည်။ လင်းယွန်သည် ကပ်ဘေးနတ်ဆိုး တစ်ကောင် ဖြစ်ခဲ့ကာ၊ ထိုနတ်ဆိုးအား ဝမ်မိသားစုထံသို့ ခေါ်ဆောင်လာ သူမှာ၊ သူကိုယ်တိုင် ဖြစ်သည်။
ထို့ကြောင့် ဝမ်မိသားစုသည်သာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံ ရပါက၊ သမိုင်း၏ တရားခံမှာ သူသာလျှင်ဖြစ်ပေတော့မည်။
သို့သော် ဝမ်ကျီယဲသည် ဝမ်ဖိန်း စိတ်ကူးထား သကဲ့သို့၊ ထိတ်လန့် အပြစ် တင်ခြင်း မရှိပေ။
" ဖိန်းအာ၊ အပြာရောင် နေမင်းနိူင်ငံမှာ နှစ်စဉ် နှစ်တိုင်း အသတ်ခံ နေရတဲ့ ‘ကောင်း’ မိသားစုလို မျိုးနွယ်စုတွေ၊ အများကြီး ရှိတယ် ဆိုတာ မင်းသိလား ''
ဝမ်ကျီယဲက စိတ်ရှုပ်ထွေးစွာဖြင့်၊ ပြန်လည်ငေးမောလာသည့် သူ့သားကို ကြည့်ကာ ပြုံးလိုက်ပြီး၊
" ငါတို့ရဲ့ ဝမ်မိသားစုက ခရမ်းရောင် မီးလျှံမြို့ကို ကြီးစိုး တက်လှမ်း လာတဲ့ ခရီးစဉ် တစ်လျှောက်မှာ၊ ဘယ်သူ့ကိုမှ မသုတ်သင် ခဲ့ဖူးဘူး၊ ဒါပေမယ့် ငါတို့ကြောင့် လူတွေ ဘယ်လောက် အသက် ပေးခဲ့ရ သလဲ ဆိုတာ မင်းတွေးကြည့် လို့တောင် ရမှာ မဟုတ်ဖူး ဖိန်းအာ... ''
" တကယ်တော့ အားနည်းသူတွေက သန်မာတဲ့ သူတွေရဲ့ သားကောင်ပဲ၊ ငါတို့ဘာမှ မလုပ်ခဲ့ပေမဲ့လည်း၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လုံလောက်တဲ့ သန်မာမှု မရှိရင်၊ မင်းက အမြဲတမ်း စိုးရိမ် နေရမှာပဲ.... ”
“ ... ရော့ ဒီသိုလှောင်အိတ်ကို ယူသွား၊ သက်တံရောင် နန်းဆောင် ဂိုဏ်းကို ပေးအပ်ပြီး၊ ဒီက ကိစ္စတွေ အကြောင်း သူတို့ကို ပြောပြလိုက်၊ တစ်ယောက်ယောက် ကတော့ မင်းကို ကူညီပါ လိမ့်မယ်။ ..."
" အဖေ"
ဝမ်ဖိန်းသည် ပြင်းထန်သော ခံစားချက်ဖြင့် သိုလှောင်လက်စွပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"မြန်မြန်သွား.... ယန်တျန်းက ငါ့ရဲ့ ဝမ်မိသားစုကို ပျက်စီး စေချင်ရင် ဒီလောက် လွယ်မှာ မဟုတ်ဖူး... ''
ဝမ်ကျီယဲက အေးစက်စက် အရှိန်အဝါများ ထုတ်ဖော် လျက်ဖြင့်၊ မတ်တပ် ထရပ်ကာ အံကြိတ် ရေရွတ် လိုက်သည်။
ဝမ်ဖိန်းထွက်သွားပြီး၊ ခဏအကြာတွင် ဝမ်မိသားစု၏ လျှို့ဝှက်ခန်းမအတွင်းတံခါးအား၊ တွန်းဖွင့်လျက် ဝမ်ကျီယဲ ဝင်ရောက် လာလေသည်။
ရုတ်တရက် တံခါးဖွင့်သံကြောင့် ကြိုတင် ရောက်ရှိ နေသော ဝမ်မိသားစု အကြီးအကဲ များမှာ ချာခနဲ့ ခေါင်းမော့ ကြည့်လာ ကြ၏။
'' အစ်ကိုကြီး၊ လင်းယွန်ကို ဝိညာဉ် ရေကန်မှာ ပါဝင်ခွင့် မပြုဖို့ ငါပြောခဲ့တယ် မလား၊ အခုကြည့် ငါတို့ဝမ်မိသားစုက သူ့ကြောင့် ပျက်စီးခြင်းနဲ့ ရင်ဆိုင်နေရပြီ၊ ''
ဝမ်ကျီယဲအား မြင်သော အခါတွင် ဝမ်တျန်းက ဒေါသတကြီး အော်ဟစ် လိုက်သည်။
'' ......ဖုန်း ''
ရုတ်တရက် ဝမ်ကျီယဲက သူ့လက်ဖဝါးကို ထုတ်ဖော် လိုက်ပြီး၊ ဝမ်တျန်းအား မြေပြင် ပေါ်သို့ ချက်ချင်း ရိုက်ချလိုက်သည်။
ဝမ်ကျီယဲ၏ တည်ငြိမ်သော အမူအယာကြောင့် အကြီးအကဲများမှာ၊ အံသြတုန်လှုပ် သွားကြသည်။
" ဝမ်သခင်၊ မင်းက ရှန်ရှင်းသတ္တမအဆင့်ကို ရောက်နေပြီလား။...."
ဝမ်ကျီယဲက ဝမ်တျန်းထံမှ မျက်နှာ မလွှဲ မီတွင် ဝမ်မိသားစု အကြီးအကဲ များ၏ မေးခွန်းအား ခေါင်းညိတ်ပြ လိုက်ပြီး၊
'' ပျော့ညံ့ပြီး ဝမ်မိသားစုကို စိတ်ဓာတ်ကျအောင် နှောင့်ယှက်ဝံ့ သူတိုင်း ချွင်းချက် မရှိ သတ်ပစ်...."
'' ဝမ်သခင်၊ ငါတို့ အခု ဘာလုပ်သင့်လဲ၊ သွေးတိမ်ဂိုဏ်းရောက်လာဖို့ အချိန်သိပ် မကြာ တော့ဘူး...."
လက်နက်တိုက်ကိုဖွင့်လိုက်၊ တော်ဝင် လက်နက်တိုင်းကို ထုတ်ယူပြီး လူတိုင်းကို သွေးပေါက် ကွဲဆေးလုံးတွေ ပေးအပ်လိုက်ပါ၊ ပြီးတော့ ဝမ်ဘိုးဘေးကို ဆက်သွယ် အကြောင်း ကြားထား၊ ငါ့ရဲ့ ဝမ်မိသားစုက အလွယ်တကူ အနိုင်ယူလို့ရတဲ့ မိသားစုတစ်စုမဟုတ်ဖူးဆိုတာ သိစေရမယ်.....''
ဝမ်ကျီယဲ၏ မျက်ဝန်းများသည် လူသတ် ရောင်ဝါများ ပြည့်နှက် လာကာ တည်တည် ငြိမ်ငြိမ်ဖြင့်၊ အမိန့်ပေး လိုက်လေ သည်။
***