← Chapters

သွေးဆုကြေး။

Vol. 8 Ch. 107

သွေးဆုကြေး။

Vol. 8 Ch. 107

ဝမ်အကြီးအကဲများသည် သူ့စကားကို ကြားသောအခါ တုန်လှုပ်သွားကြ၏။ ဝမ်ကျီယဲ သည်ပင်၊ ဤမျှ ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟားဟားဟား... ဘယ်လောက်တောင် မောက်မာလိုက်သလဲ...."

ဝမ်မိသားစု၏ ကောင်းကင်ယံထက်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး၊ လေထုထဲ၌ ပဲ့တင်ထပ်နေခဲ့၏။

ထိုအသံတွင် လွှမ်းမိုးနိုင် စွမ်းများ ကပ်ညိပါ၀င်နေရာ၊ ဝမ်မိသားစု ဝင်တိုင်းအား ကျောရိုး တစ်လျှောက် စိမ့်တက် အေးစက် လာစေသည်။

'' ဘယ်သူလဲ......''

လူရိပ်နှစ်ရိပ်သည် ဝမ်မိသားစု အစောင့် အရှောက် များအား ဖြတ်ကျော်ကာ၊ ခြံဝန်း အတွင်းသို့ ချဉ်းကပ် လာလေသည်။

ထိုလူရိပ် နှစ်ရိပ်အား ဝမ်မိသားစု အစောင့် အရှောက် များမှာ သတ္တိရှိရှိ ပြေးဝင်ဟန့်တား လိုက်သော်လည်း၊ ချက်ချင်းပင် အော်ဟစ် သံများ နှင့်အတူ ပြန်လည်လွင့်စင် ပေါက်ကွဲ သွား၏။

ထိုအရိပ်ပိုင်ရှင်များမှာ ယန်တျန်းနှင့် လူအိုကြီးရှန် တို့ဖြစ်ကြပြီး၊ သူတို့၏ကျင့်ကြံမှု အဆင့်များအရ၊ သွေးတိမ်ဂိုဏ်းသားများထက် စောလျင်စွာ၊ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ခဏအကြာတွင် ယန်တျန်းနှင့် လူအိုကြီးရှန်မှာ ဝမ်မိသားစုအကြီးအကဲများ ရှေ့သို့ တည်ငြိမ်စွာ ဆင်းသက်လာ၏။

ထို့နောက်တွင် ယန်တျန်းက ဝမ်အကြီးအကဲများထံသို့ တစ်ချက်ဝေ့ကြည့် လိုက်ပြီး၊ သူ့မျက်စိရှေ့တွင် စတုတ္ထနှင့် ပဉ္စမ အဆင့် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များ ထက်ပင် မပိုပေ။

သူ့ထံမှ ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် ဝမ် အကြီးအကဲ များအား ထိတ်လန့် လာစေ၏။

ရက်တရက် ဝမ်ကျီယဲမှာ လူအုပ်ကြားထဲမှ ရှေ့သို့တိုးထွက်လာခဲ့ပြီး၊ လေးနက်သောအမူအရာဖြင့်၊

'' ဒီက အကြီးအကဲက ယန်အကြီးအကဲထင်တယ်....''

သူက ယန်တျန်းအား မတွေ့ဖူးသော်လည်း ကျင့်ကြံမှုအဆင့်ကိုခန့်မှန်ရုံဖြင့်ပင် ရိုးရိုးရှင်းရှင်း ခန့်မှန်းနိုင်ခဲ့သည်။

"ငါ မင်းကို မေးဖို့ ဒီမှာရှိနေတာပဲ..... မင်းက လင်းယွန်ကို ဖိတ်ခေါ်ခဲ့တာလား...."

ယန်တျန်းက ဝမ်ကျီယဲ၏မေးခွန်းကို မေးခွန်းဖြင့် တုန့်ပြန်လာခဲ့သည်။ မြေပြင်ပေါ်တွင် လဲကျနေသော ဝမ်တျန်းသည် ပြန်လည်မတ်တပ်ရပ်လာပြီး၊

"အကြီးအကဲယန်၊ လင်းယွန်ကို ဖိတ်ခေါ်တာမှန်ပေမယ့်၊ မင်းရဲ့သားသေဆုံးမှုက ငါတို့ရဲ့ဝမ်မျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး၊ ဒါက ........"

'' ........ဖုန်း ''

ဝမ်တျန်း၏စကား မဆုံးခင်မှာပင်၊ သွေးနီရောင် လက်ဖဝါးတစ်ခုသည် ပျံတက်သွားပြီးနောက်၊ သူ့အား ရိုက်ချလာခဲ့ရာ၊ ဝမ်တျန်းမှာ အရုပ်ကြိုးပြတ် လွင့်စင်သွားလျက်၊ မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် သူ၏ ဒွါရခွန်နှစ်ပါးမှ သွေးများစီးကျလျက် သေဆုံးသွားလေပြီ။ နက်နဲနယ်ပယ်၏ စွမ်းအားသည် ရှန်ရှင်းသိုင်းသမားများအတွက် 'တို့ထိ'ဖွယ်မဟုတ်သည်ကို အသက်ဖြင့်ရင်းကာ သက်သေပြသွားခြင်း မည်၏။

" ငါက ဝမ်ကျီယဲကို မေးနေတာ၊ မင်းကပြန်ဖြေဖို့ အဆင့်မှီတယ်များထင်နေတာလား၊....ဟမ် လူပျက်တွေ ''

ဤသို့သောရက်စက်မှုအား မြင်တွေ့လိုက်ရသည်နှင့်၊ ဝမ်အကြီးအကဲများမှာ ကြောက်ရွံ့တုန်လှုပ်သွားကာ၊ အမှတ်တမဲ့ နောက်တစ်လှမ်းပြန်ဆုတ်လာ မိကြ၏။

" မင်းရဲ့ ဝမ်မိသားစုက လင်းယွန်ကိုဖိတ်ခဲ့လား........''

ယန်တျန်း၏ လေသံမှာ စိတ်မရှည်ဟန်များ စွက်ဖက်လာပြီး၊ ပိုမိုအေးစက်လာ၏။

" ဒါကဖြေစရာလိုလို့လား၊ နက်နဲနယ်ပယ်သိုင်းသမားကြီးတစ်ယောက်က ရှန်ရှင်းသိုင်းသမားလေးတွေကိုသတ်ဖို့အတွက်၊.... အကြောင်းပြချက် လိုအပ်နေလို့လား။ ''

ဝမ်ကျီယဲသည်ပြုံးလျက် တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။ ယန်တျန်းသည် ဝမ်မိသားစုကို အမြစ်ပြတ်ချေမှုန်းရန် ရောက်ရှိလာကြောင်း၊ သိရှိပြီးနောက်တွင်၊ သူကထူး၍ တုန်လှုပ်ခြင်း မရှိတော့ပေ။

ထိုသို့သော ဝမ်ကျီယဲ၏ တည်ငြိမ်သောအမူအရာများကြောင့်၊ ယန်တျန်းမှာခဏတာမျှ အံ့အားသင့်သွားခဲ့ပြီး၊

" ဒါဆို မင်းကိုယ်မင်း သတ်သေမလား၊ ဒါမှမဟုတ် မင်းအတွက် ငါလုပ်ပေးရမလား၊ ရှန်ရှင်းသတ္တမအဆင့်ကို ဆုပ်ကိုင်နိုင်ဖို့ဆိုတာက မင်းအတွက် လွယ်ကူခဲ့မှာမဟုတ်ဖူး၊ ဒါကြောင့် မင်းက ကိုယ့်ကိုယ်ကို သတ်သေမဲ့ အခွင့်အရေးမျိုး၊ ငါ.....ပေးမယ်။"

စကားပြောနေစဉ်တွင် ယန်တျန်းက သိပ်သည်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ၊ မီတာများစွာအတွင်း သွေးညှီနံများ ပျံ့နှံ့လာလေသည်။

" မင်း.....လုပ်နိုင်ပါတယ်၊ အကြီးအကဲယန် "

ငွေလှံတစ်ချောင်းကို ထုတ်ယူလိုက်ပြီး၊ ဝမ်ကျီယဲက ယန်တျန်အား လျစ်လျူရှုကာ တုံ့ပြန်လိုက်၏။

" မောက်မာလိုက်တဲ့ ဖားငယ်လေး၊ တိုက်ဆိုင်စွာပဲ၊ ငါယန်တျန်းက သတ္တိရှိတဲ့သူတွေကို သတ်ရတာ ကြိုက်တယ်။ ''

ယန်တျန်းသည် လူတိုင်း၏ကျောရိုးကို အေးစိမ့်သွားစေသည့်၊ ဆိုးရွားသောအပြုံးကို ထုတ်ဖော်လိုက်၏။

'' ............ ''

ဝမ်ကျီယဲမှလွဲ၍ လူတိုင်းသည် ယန်တျန်း၏ အရှိန်အဝါထုတ်ဖော်လိုက်မှုကြောင့်၊ လွင့်ပါးသွားကြကာ၊ သူတို့၏ပါးစပ်မှ သွေးများစီးကျလာပြီး မြေပေါ်သို့လဲကျသွား၏။ ၎င်းသည်အရှိန်အဝါဖိအားဖြင့်ပင် ဤသို့ဖြစ်ပျက်စေခဲ့ပြီး၊ ယန်တျန်းသာ အမှန်တကယ် တိုက်ခိုက်လိုပါက မည်မျှထိတ်လန့်ဖွယ်ကောင်းမည်ကို သူတို့စိတ်ကူးဖြင့် မှန်းဆမရခဲ့ပေ။

"သေလိုက်စမ်း........."

ယန်တျန်းက အော်ငေါက်လိုက်ပြီး၊ လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ့လက်ဖဝါးအားမြောက်လျက်၊ ဝမ်ကျီယဲအား ရိုက်ချလိုက်လေရာ၊ ထိုဖိအားအောက်တွင် ဝမ်ကျီယဲသည် ပြန်လည်ခုခံရန်ဆန္ဒရှိနေခဲ့သော်လည်း၊ ၎င်းသည် ဝမ်ကျီယဲ မျှော်လင့်ထားသည်ထက်ပင် ပို၍ ပြင်းထန်လာသည်ကြောင့်၊ သူ၏ လက်ချောင်းများကိုပင် မလှုပ်နိုင်ခဲ့ကြောင်း၊ အချိန်နှောင်းမှ သိရှိလိုက်ရလေသည်။

ထိုရိုက်ချက်အား ကြက်ပေါက်ကလေးများကဲ့သို့ စိတ်ပျက်လက်ပျက် ငြိမ်သက်စွာ ခံယူရန်မှတပါး အခြားမရှိတော့ချေ။

ထိုအခိုက်အတန့်အတွင်းမှာပင်၊ စူးရှသော ရောင်ဝါအချို့သည် ဝမ်ကျီယဲ၏ နောက်ကျောမှ ထွက်ပေါ်လာပြီး၊ ယန်တျန်း၏ လက်ဖဝါးပြင်အား ပြန်လည် တိုက်ခိုက်လိုက်လေသည်။

'' ........ဘုန်း ''

ထိုလက်ဖဝါးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင်၊ ဝမ်မိသားစု၏ အဆောက်အဦး တစ်ဝက်ခန့်သည် လှုပ်ခတ်သွားသော လှိုင်းလုံးကြီးများကြောင့် ပြိုကျလာခဲ့ပြီး၊ မရေမတွက်နိုင်သော ဝမ်မိသားစုဝင်များမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ သွားခဲ့သည်။

ထို့နောက်တွင် ဝမ်ကျီယဲရှေ့၌ ဆံပင်များဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ယောက်သည်၊ ဝမ်ကျီယဲနှင့် ယန်တျန်းကြားသို့ ခုန်လွှားရပ်တန့်လာခဲ့လေသည်။ ထိုအဖိုးအိုထံမှ ထုတ်ဖော်ထားသော အရှိန်အဝါသည်၊ ယန်တျန်းထက် ယုတ်လျော့ခြင်း မရှိချေ။

'' ............. ''

ယန်တျန်းသည် အဘိုးအိုကိုမြင်သောအခါ အံ့အားသင့်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။

"ဘိုးဘေး....."

ဝမ်မိသားစုဝင်များအားလုံးသည် အဘိုးအိုကိုတွေ့သောအခါ ဝမ်းမြောက်သွားကြသည်။ ဤအဘိုးအိုသည် နက်နဲနယ်ပယ်သို့၊ အဆင့်ချိုးဖြတ်တက်ရောက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော၊ ဝမ်မိသားစု၏ ဘိုးဘေးပင်ဖြစ်ပေသည်။

အဘိုးအိုကိုမြင်တွေ့လိုက်ရသောအခါ ဝမ်ကျီယဲပင်လျှင်၊ သူ့မျက်လုံးများ၌ ပျော်ရွှင်မှုအရိပ်အယောင်များ ရစ်သိုင်းလာလေသည် ။

'' အဖေ...အောင်မြင်ခဲ့ ပြီလား.... ''

အဘိုးအိုက ဝမ်ကျီယဲအား ခေါင်းညိတ်ပြပြီးနောက် ယန်တျန်းဘက်သို့ လှည့်ကြည့်လိုက်ကာ၊

" သွေးတိမ်ဂိုဏ်းရဲ့ ယန်အကြီးအကဲ ထင်တယ်၊ မင်းရဲ့ကိုယ်စား ဒီကိစ္စကို ငါကိုပဲ စီမံခွင့်မပြုတာ ဘာကြောင့်လဲ၊ ငါရဲ့ဝမ်မိသားစုက တောင်းပန်ဖို့အတွက် လက်ဆောင်အချို့နဲ့အတူ၊ မနက်ဖြန် သွေးတိမ်ဂိုဏ်းကို သွားလိုက်ပါမယ်......"

ယန်တျန်း၏ မျက်နှာသည် မျက်မှောင်ကျုံ့သွားသည်။ ဝမ်မိသားစုထံ၌ နက်နဲနယ်ပယ်အဆင့် သိုင်းသမားတစ်ဦးအား ပိုင်ဆိုင်ထားနိုင်သည်ဟု၊ မည်သည့်အခါကမျှ ထင်မှတ်ထားခြင်း မရှိထားခဲ့ပေ။ သို့သော် ဤအဘိုးအိုသည် မကြာသေးမီကမှ၊ အဆင့်ချိုးဖြတ် နိုင်ခဲ့ခြင်း ဖြစ်သည်ကို၊ သူ၏မတည်ငြိမ်သော အရှိန်အဝါများအရ၊ တိကျစွာ ခန့်မှန်းလိုက်မိ၏။

ယခုအချိန်၌ ယန်တျန်းသည် အဘိုးအိုအားအနိုင်ယူဖို့ရန် ယုံကြည်ချက်ရှိနေခဲ့သော်ငြားလည်း၊ ၎င်းဝမ်မိသားစုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန်အတွက်မူ လွယ်ကူတော့မည်မဟုတ်ပေ။ အကယ်၍သာ ဝမ်မိသားစုအား သုတ်သင်ရန် အားစိုက်ခဲ့ပါက၊ သူသည်လည်း တန်ဖိုးကြီးကြီး ပေးဆပ်ရပေမည် မဟုတ်ပါလော။

'' .... အို ဘယ်သူများလဲလို့ သွေးတိမ်ဂိုဏ်းရဲ့ ယန်အကြီးအကဲပါလား၊ ဒါက ငါ့အမြင်တွေ မှားနေတာတော့ မဟုတ်ပါဖူးနော်၊ ဝမ်မိသားစုနယ်မြေကို သွေးတိမ်ဂိုဏ်းနဲ့များ မှားနေခဲ့တာလား အကြီးအကဲယန်၊ ဟမ်.... တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက်တော့... ဒါက ခရမ်းရောင်မီးလျှံမြို့ဆိုတာကို သတိပေးမှ၊ သိတော့မယ်ထင်တယ်။ ''

ဝမ်ဖိန်းနှင့်အတူ လွှမ်းမိုးနိုင်စွမ်းကြီးမားလှသော အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားခဲ့သော လူတစ်စု ဝင်ရောက်လာလေသည်။ ထိုလူစုကို ဦးဆောင်လာသူမှာ ခရမ်းရောင်မီးလျှံမြို့ရှိ သက်တံရောင်နန်းဆောင်ဌာနခွဲသို့ အလည်အပါတ်ရောက်ရှိနေခဲ့သော အန်တွန်ဂမ်ဖြစ်လေသည်။ သူ၏ကျင့်ကြံမှုအဆင့်သည် ယန်တျန်းနှင့် အဆင့်တူ၌ ရှိနေခဲ့ပြီး၊ ၎င်းသည် သက်တံရောင်နန်းဆောင်ဂိုဏ်း၌ပင် ကျော်ကြားလှသူ အကြီးအကဲတစ်ဦး ဖြစ်၏။

" သက်တံရောင်နန်းဆောင်ဂိုဏ်းက၊ သွေးတိမ်ဂိုဏ်းရဲ့ ကိစ္စတွေကို ဘယ်အချိန်ကတည်းက နှောင့်ယှက်ဝံ့သွားတာလဲ....."

အန်တွန်ဂမ်ကို မြင်တွေ့လိုက်ရသည်နှင့် ယန်တျန်း၏ မျက်နှာသည် အေးစက်သွား၏။

" မင်းက ကောင်းမိသားစုတစ်ခုလုံးကို မင်းစိတ်ကြိုက်သတ်ဖြတ်နိုင်သလို၊ ငါကလည်း ငါ့ရဲ့လက်အောက်ခံ ဝမ်မိသားစုရဲ့ အရေးကို အလားတူ လုပ်ဆောင်နိုင်ပါတယ်၊ ပြီးတော့ မင်းရဲ့ သွေးတိမ်ဂိုဏ်းက အပြာရောင်နေမင်းနိုင်ငံမှာ အသန်မာဆုံး ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဖူးဆိုတာကို၊ ငါက သတိပေးနေရဦးမှာလား၊ ဟမ်.... ''

အန်တွန်ဂမ်က လှောင်ပြောင် ခြိမ်းခြောက်လိုက်၏။ အခြားတစ်ဖက်တွင် လူအိုကြီးရှန်က ယန်တျန်းအား၊

'' အကြီးအကဲယန်၊ ဒီနေ့ဘာလို့ စိတ်မလျော့လိုက်ရတာလဲ၊ ဒီအတွက်ကြောင့်သာ သက်တံရောင်နန်းဆောင်ဂိုဏ်းနဲ့ စစ်ဖြစ်ခဲ့ရင် ဂိုဏ်းချုပ်သခင်က ဒေါသဖြစ်လိမ့်မယ် ''

လူအိုကြီးရှန်သည် ယခုအချိန်တွင် ထိတ်လန့်စ ပြုလာလေပြီ။ ဤယန်တျန်းသည် ကြောက်စရာကောင်းလှသော်လည်း၊ သွေးတိမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သခင်သည် ၎င်းထက်ပင် ပို၍ ကြောက်စရာ ကောင်းလှပေသည်။

ယန်တျန်းသည်သာ ရှေ့ဆက်တိုးခဲ့ပါက၊ သက်တံရောင်နန်းဆောင်ဂိုဏ်းသည် ရပ်ကြည့်နေခဲ့မည် မဟုတ်ပေ။ ထို့အပြင် ၎င်းသည် ဂိုဏ်းနှစ်ဂိုဏ်းကြား ပြင်းထန်သော စစ်ပွဲများအား အစပြု လာစေတော့မည်။

"သွားကြရအောင်......"

ဝမ်ဘိုးဘေး ထွက်ပေါ်သည့်အချိန်၌ပင်၊ ယန်တျန်းသည် ဆုတ်ခွာရန် စိတ်ကူးရှိနေပြီဖြစ်ရာ၊ ဤသို့သော သက်တံရောင်နန်းဆောင်ဂိုဏ်း၏ ဝင်ရောက်စွက်ဖက်လာခြင်းသည် ထိုဆုံးဖြတ်ချက်အား ခိုင်မာသွားစေ၏။ ယန်တျန်းမှာ ဒေါသထွက်နေခဲ့သော်လည်း စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

'' ဝှစ်........ ''

လေတိုးသံများနှင့်အတူ ယန်တျန်းနှင့် လူအိုကြီးရှန်းတို့ ထွက်ခွာသွားပြီးနောက်၊ ဝမ်ဘိုးဘေးက အောင့်သည်းခံ နေရသည်ကို ဆက်လက်သည်းမခံနိုင်တော့ ဟန်ဖြင့်၊ သွေးတစ်လုတ် အန်ကျလာသည်ကြောင့်၊ ဝမ်မိသားစုဝင်တိုင်းကို ထိတ်လန့်သွားစေသည်။

သို့သော်လည်း သက်တန့်ရောင်နန်းဆောင်ဂိုဏ်း၏ ဂိုဏ်းခွဲမှူး အန်တွန်ဂမ်က ပြုံးကာ၊

'' ထိတ်လန့်နေစရာ မလိုပါဘူး၊ ဝမ်ဘိုးဘေးက အဆင့်ချိုးဖြတ်ပြီးကာစမှာ တိုက်ပွဲဆင်နွှဲ လိုက်ရတာကြောင့်၊ စွမ်းအင်မတည်မငြိမ် ဖြစ်သွားပြီး၊ ဒဏ်ရာ အချို့သာ ရရှိသွားရုံပါ....''

ထိုယန်တျန်းသည် နက်နဲနယ်ပယ်သို့ ရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ ဝမ်အဘိုးအိုက သူ့အား ရင်ဆိုင်နိုင်ခြင်း မရှိခဲ့သည်မှာ ယုတ္တိရှိပေသည်။ ဝမ်ဘိုးဘေးက သက်ပြင်းချလိုက်ပြီး၊

'' သူက အရမ်းသန်မာလွန်းတယ်၊ ဒီနေ့ အကြီးအကဲအန်သာ မလာဘူးဆိုရင်၊ ငါ့ရဲ့ဝမ်မိသားစုက ဒီကပ်ဆိုးကနေ၊ မလွတ်မြောက်နိုင်မှာကို ငါကြောက်မိတယ်။"

" ဒါကို စိတ်ထဲထားနေဖို့ မလိုပါဘူး၊ အခု မင်းက နက်နဲနယ်ပယ်မှာ ရှိနေပြီဆိုတော့၊ မင်းရဲ့ ဝမ်မိသားစုက မကြာခင် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လာတော့မှာ သေချာနေပြီမလား၊ အနာဂတ်မှာ မင်းရဲ့ အကူအညီကို သက်တံရောင်နန်းဆေါင်ဂိုဏ်းက သေချာပေါက် လိုအပ်ပါလိမ့်မယ်။"

အကယ်၍သာ ဝမ်မိသားစုတွင် နက်နဲနယ်ပယ်သိုင်းသမားတစ်ဦး မရှိလျှင်ပင်၊ ယနေ့၌ သက်တံရောင်နန်းဆောင်ဂိုဏ်းသည် ဝမ်မိသားစုပျက်သုဉ်း သွားမည့် အရေးကို လျစ်လျူရှု လိမ့်မည် မဟုတ်ချေ။ သို့မဟုတ်ပါက အနာဂတ်တွင် သက်တံရောင်နန်းဆောင်ဂိုဏ်း၏ အာဏာအား မည်သို့ ဖြန့်ကျက်နိုင်တော့ မည်နည်း။

ယခုအခါတွင် ဝမ်မိသားစုသည် သွေးတိမ်ဂိုဏ်း၏ ဖိအားကြောင့်၊ သက်တံရောင် နန်းဆောင် ဂိုဏ်းသို့ လက်အောက်ခံ အင်အား အဖြစ်၊ ခိုလှုံလာခဲ့ရာ၊ နက်နဲနယ်ပယ် သိုင်းသမား တစ်ဦအား ရရှိလာ ခဲ့ပေသည်။ ထို့ကြောင့်ပင် အန်တွန်ဂွမ်က ပြုံးလျက်၊

'' .... ဘာဖြစ်သွားတာလဲ၊ ဒီယန်တျန်းက ဘာလို့ ခရမ်းရောင်မီးလျှံမြို့ကို လာရတာလဲ။ ''

ဝမ်ဖိန်းက ရောက်ရှိလာချိန်တွင် ပြဿနာအားရှင်းပြရန် အချိန်မရခဲ့ပဲ၊ အရေးပေါ် အခြေအနေများကြောင့် လျင်မြန်စွာ ထွက်ခွာလာရခြင်း ဖြစ်သည်။

အန်တွန်ဂမ်၏ အမေးစကားကြောင့်၊ ဝမ်ကျီယဲက ရှေ့သို့တစ်လှမ်း တိုးလာကာ၊ ခြေအနေအား ရှင်းပြလိုက်၏။ နားထောင်နေဆဲမှ အန်တွန်ဂမ်၏ မျက်နှာတွင် အံ့သြရိပ်များ စွန်းထင်းသွားပြီး၊

" ဘယ်လို... ယန်တင်းယီ အသတ်ခံရတာလား...."

ယန်တင်းယီသည် သွေးတိမ်ဂိုဏ်း၏ အတွင်းတပြည့် များထဲတွင်ပင်၊ အလားအလာ ရှိသော အမာခံတပည့်တစ်ဦးအဖြစ် ကျော်ကြားလှပေသည်။

သို့သော် ထိုယန်တင်းယီဆိုသူသည် နာမည်မရှိသော သိုင်းသမားတစ်ယောက်၏ လက်တွင် အမှန်တကယ် သေဆုံးသွားခဲ့ရသည် တကား။

ခဏအကြာတွင် အန်တွန်ဂမ်က ခေါင်းခါလိုက်ပြီး၊

" ယန်တျန်းက ဒီကိစ္စကို ခွင့်လွှတ်မှာမဟုတ်ဖူး၊ သွေးဆုကြေးထုတ်ပြီး ဒီလင်းယွန်ကို အဆုံးသတ်ဖို့ကြိုးစားမှာ သေချာတယ်၊ ''

ထိုစကားများကို ဝမ်ကျီယဲနှင့် ဝမ်ဖိန်းတို့ ကြားလိုက်ရသောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

သွေးဆုကြေး ထုတ်ပြီးနောက်၊ ထိုဆုကြေး အထုတ်ခံရ သူသည် ပြင်းပြင်းထန်ထန် အမဲလိုက်ခံရကာ၊ အဆုံးသတ်၌ ကြောက်စရာ ကောင်းသော သေခြင်းတရားဖြင့် တွေ့ကြုံသွားရလေ၏။

အကောင်းဆုံးမှာ ထိုသွေးဆုကြေး အထုတ်ခံထားရသူသည် ရှင်သန် လွတ်မြောက်ရန် အတွက် အပြာရောင်နေမင်း နိုင်ငံမှ မဖြစ်မနေ ထွက်ပြေးရန် လိုပေ၏။ သို့မဟုတ်ပါက မလွဲမသေ ခြွင်းချက်မရှိ သေဆုံးရပေမည်။

***

All Chapters