← Chapters

ရှန်ရှင်းဘုံ၏ တတိယအဆင့်။

Vol. 8 Ch. 108

ရှန်ရှင်းဘုံ၏ တတိယအဆင့်။

Vol. 8 Ch. 108

ကောင်းမိသားစု၏ ဖျက်ဆီးခံရခြင်း သတင်းသည် အပြာရောင် နေမင်း နိုင်ငံအတွင်း လျင်မြန်စွာ ပျံ့နှံ့ သွားသည်။

၎င်းတို့၏ ဘိုးဘေးများ အပါအဝင် အစုလိုက် အပြုံလိုက်သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်၏။ ဤနယ်မြေအတွင်း မျိုးနွယ်စုများစွာ နှစ်စဉ် ဖျက်ဆီး ခံနေရသော်လည်း ထိုကဲ့သို့သော အမြစ်ပြတ် သုတ်သင်ခံရခြင်း မျိုးမှာ ရှားပါး ပေသည်။

ထိုဖြစ်ရပ်များ၏ နောက်ကွယ်တွင် သွေးတိမ်ဂိုဏ်းမှာ ပါဝင်ပါတ်သတ် နေလိမ့် မည်ဟု ယူဆမိကြပြီး၊ အဆုံးတွင် လူတိုင်း မျှော်လင့်ထား သကဲ့သို့၊ ကောင်းမိသားစုသည် သွေးတိမ်ဂိုဏ်း၏ ဖျက်ဆီးခြင်းအား ခံခဲ့ရခြင်း ဖြစ်လေသည်။

ထိုသတင်းသည် ပျံ့နှံ့သွားသည် နှင့်အမျှ လူငယ်တစ်ဦး၏ အမည်သည်လည်း ထင်ရှားသွားခဲ့သည်။

ကောင်းမိသားစုပျက်သုဉ်းပြီး၊ နောက်တစ်နေ့တွင် သွေးတိမ်ဂိုဏ်းသည် လင်းယွန်၏ ဦးခေါင်းအတွက် သွေးဆုကြေး တစ်စောင် ထုတ်ပြန်ခဲ့သည်။

၎င်းမှာ လင်းယွန်၏ သတင်းကို သဲလွန်စပေးသူတိုင်း၊ ရှန်ရှင်းဆေးလုံး (၁၀၀၀) ချီးမြှင့်မည် ဖြစ်ပြီး၊ ခေါင်းကို ယူဆောင်လာ သူတိုင်းကို ဆုကြေးအဖြစ် ဆေးလုံး (၅၀၀၀)အား ချီးမြှင့်မည် ဖြစ်၏။

ရှန်ရှင်းဆေးလုံးများသည် ရှန်ရှင်းသိုင်းသမားများသာ အသုံးပြုနိုင်သော ဆေးလုံးများဖြစ်သည်။ ရှန်ရှင်းဆေးလုံးများ၏ အကူအညီဖြင့်၊ တစ်စုံတစ်ဦးသည် သူ၏ ကျင့်ကြံမှုအား အနည်းဆုံးတစ်ဆခန့်အထိ လျင်မြန် လာပေမည်။

ထိုဆေးလုံးမျိုးသည် ခရမ်းရောင်နေမင်းနိုင်ငံတွင် အာဏာရှင်ဂိုဏ်း သုံးဂိုဏ်းသည်သာ သန့်စင်ပေးနိုင်ပြီး၊ ၎င်းတို့ကို ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူရန် မလွယ်ကူချေ။

လူတိုင်းသည် ဤသို့သော ဆုလာဘ်များကြောင့်၊ သွေးဆုကြေးအား စိတ်ဝင်စားကြခြင်းဖြစ်၏။ သို့သော် ၎င်းဆုကြေးသည် ရှန်ရှင်းဒုတိယအဆင့် သိုင်းသမားတစ်ယောက်အတွက် ဖြစ်ပေရာ၊ မြင့်မားသော တန်ကြေးတစ်ခု ဖြစ်ခဲ့လေသည်။ ထို့ကြောင့်ပင် လင်းယွန်၏နာမည်သည် လူပေါင်းများစွာအား၊ စိတ်ဝင်စားစရာ အကြောင်းအရာ အသစ်တစ်ခု ဖြစ်လာစေ၏။

အခြားတစ်ဖက်တွင် လင်းယွန်သည် သူ့ခေါင်းအား သွေးတိမ်ဂိုဏ်းမှ သွေးဆုကြေး ထုတ်ထားသည်အား မသိရှိခဲ့ချေ။ သိရှိခဲ့ပါက ၎င်းအား ဂရုစိုက်မိမည် မဟုတ်။ ယန်တင်းယီကို သတ်ပစ်လိုက်ပြီးသည်နှင့် သွေးတိမ်ဂိုဏ်း၏ လက်တုံ့ပြန်မှုကို သူကမျှော်လင့်ထားပြီးပြီ ဖြစ်သည်။ သူပိုင်ဆိုင်သည့် တစ်စုံတစ်ရာအား လုယူရဲပြီးနောက်တော့ ၎င်း၏ အကျိုးဆက်အား၊ မည်သူမဆို လက်ခံနိုင်ဖို့ရန် လိုအပ်ပေသည်။

ထို့ကြောင့် ယန်တင်းယီအား သတ်ပြီးနောက်၊ လင်းယွန်က 'ကောင်းကင် ဝင်ရိုး' တောင်တန်းများဆီသို့ ခရီးဆက် ခဲ့သည်။

နတ်ဆိုးသားရဲ အများအပြားသည် ၎င်းတောင်တန်းများတွင် နေထိုင်ကြပြီး၊ မိုးထိတောင်များထက်ပင် များစွာ အန္တရာယ် များလှ၏။

ထိုကောင်းကင်ဝင်ရိုးတောင်တန်းကြီးသည် တိမ်ယံအား ဖောက်ထွင်းကာ မိုးကောင်းကင် အထိပင် ထိုးဖောက်ထား သကဲ့သို့ မြင့်မားလွန်း ခဲ့ရာ၊ ၎င်းတောင်တန်းများထဲတွင် ရှေးဟောင်း နတ်ဆိုးသားရဲများနှင့် ရတနာ မျိုးစုံအား သဘာဝအတိုင်း မွေးဖွားလာတက်ကြသည်။

ဤနေရာတွင် စွန့်စားရန် ခွန်အားရှိသရွေ့ ရတနာမျိုးစုံကို ရှာဖွေနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် လင်းယွန်သည် မူလ မီးလျှံ အမြုတေကို ရှာဖွေရန် အတွက် ထိုတောင်တန်းကြီး ဆီသို့ ခြေဆန့် ခရီး ထွက်လာ ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဝမ်ကျီယဲ၏ မြေပုံထဲရှိ မူလမီးလျှံ အမြုတေရှိရာ နေရာအချို့ထဲတွင်၊ ဤကောင်းကင် ဝင်ရိုးတောင်တန်းကြီး၏ တစ်နေရာအား ညွှန်ပြထားလေသည်။

တည်ရှိနေသည့် တောင်တန်းများအားလုံးထဲမှ တောင်ထွတ်တစ်ခုသည် မိုးကုတ်စက်ဝိုင်းထဲသို့ အဆုံးမဲ့ ထိုးဖောက် ဝင်ရောက်နေခဲ့သည်။ ၎င်းတောင်ထွတ်သည် မြေပုံထဲရှိ အမှတ်တစ်နေရာဖြစ်ကာ၊ ကောင်းကင်မီးလျှံတောင်ထိပ်ဟု လူသိများပေသည်။ ဤတောင်ထွတ်သည် လှုပ်ရှားနေသော မီးတောင်တစ်လုံးဖြစ်ပြီး၊ ၎င်းတွင် မီးစွမ်းအင်များ သိပ်သည်းစွာ ပါဝင်နေခဲ့သော သဘာဝရတနာများ၊ မွေးဖွားပေးတက် လေသည်။

ရံဖန်ရံခါတွင်၊ မိုးကုပ်စက်ဝိုင်း တစ်ခုလုံးအား ဖုံးလွှမ်းလုနီးနီး သွေးရောင်မီးကျည်းခဲများ၊ ချော်ရည်များ ပေါက်ကွဲ ထွက်ကျလာတတ်သည်။ ထိုပေါက်ကွဲမှု များအတွင်းမှ မူလမီးလျှံ အမြုတေများ ပါရှိ တက်သော သွေးရောင်မီးကျည်းခဲများ လွင့်စင်လာကြသည်။

ကောင်းကင်ဝင်ရိုးတောင်တန်းကြီးသည် ခရမ်းရောင်မီးလျှံမြို့နှင့် တောင်တစ်လုံး ခြား၏။ ထို့ကြောင့် လင်းယွန်က ခြောက်ရက်ကြာအောင် နဂါးသွေးမြင်းပေါ်တွင် အနားယူခြင်းမရှိပဲ ခရီးနှင်ခဲ့ရသည်။

'' ဒါက ကောင်းကင်ဝင်ရိုးတောင်တန်းကြီးရဲ့ ကောင်းကင်မီးလျှံတောင်ထိပ်ပဲ မဟုတ်လား၊ ဘယ်လောက်တောင် မြင့်မားလိုက်သလဲလို့..... ''

လင်းယွန်က တောင်တန်းကြီး၏ တစ်နေရာအား လှမ်းမျှော်ကြည့်ကာ၊ ရပ်တန့်လျက် ရေရွတ်လိုက်သည်။ ကောင်းကင်ဝင်ရိုးတောင်တန်းရှိ တောင်ထွတ်တစ်ခုသည် တိမ်လွှာအတွင်းသို့ ဖောက်ထွက်သွားပြီးနောက်၊ အနီရောင်တိမ်လွှာများကို နောက်ခံပြုလျက်၊ မီးခိုးများ အူထွက်နေခဲ့လေပြီ။ ထိုတောင်ထွတ်၏ အပူရှိန်သည် မိုင် ( ၁၀၀) ပတ်လည် အထိ ရောက်ရှိ လောင်ကျွမ်း နိုင်ပေ၏။

'' ...........ဘွမ်း......''

ရုတ်တရက် သူ့ခြေဖဝါးအောက်ရှိ ချောက်ကမ်းပါးသည် တုန်ခါလာသည်နှင့်အမျှ ကောင်းကင်မီးလျှံတောင်ထိပ်မှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ချော်ရည်များသည် တောင်ထိပ်ဝမှ ကောင်းကင်သို့ ပန်းထွက်လာရာ၊ ၎င်းမြင်ကွင်အား လင်းယွန်မှ မှုန်ပျပျသာ လှမ်းမြင်လိုက်ရသည်။

'' ............... ''

ပေါက်ကွဲသံများသည် တစ်စတစ်စ ပတ်ဝန်းကျင်၌ ကျယ်လောင်လာသည်။ မိုင်တစ်ရာဝေးသောအရပ်မှပင် လင်းယွန်သည် တုန်လှုပ်သွားခဲ့သည်။ သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရစ်သီနေခဲ့ပြီးနောက်၊ တွန့်ဆုတ်တွေဝေသွားမိသည်။ ၎င်း ချော်ရည်များသည် မိုးအဖြစ်သို့ပြောင်းကာ အနီရောင်ဆိုးထားသော ကောင်းကင်မှ ဆင်းသက်လာသည်ကို သူမြင်လိုက်ရသည်။

'' ............. ''

မိုးသည်းထန်စွာရွာနေသကဲ့သို့ မီးတောက်များသည် ကောင်းကင်မီးလျှံတောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချော်ရည်မိုးများထဲတွင် ရွေ့လျားနေသော အရိပ်များကို ယောင်ဝါးဝါးမြင်လိုက်ရသည်။

" မူလမီးလျှံအမြုတေက ချော်ရည်မိုးတွေနဲ့အတူ မီးကျည်းခဲတွေထဲမှာရှိနေတာလား....''

ထိတ်လန့်စရာကောင်းသော သဘာဝဖြစ်စဉ်ကို ငေးကြည့်နေမိကာ၊

'' ရှန်ရှင်းစတုတ္ထအဆင့် သိုင်းသမားတွေပဲ၊ ဒီချော်ရည်မိုးတွေထဲက တစ်စုံတစ်ရာကို ရယူနိုင်ဖို့ ဆင့်မှီပုံရတယ်....''

ထို့အပြင် ၎င်းသိုင်းသမားများသည် မီး(သို့)ရေခဲဒြပ်စင်ကို ကျင့်ကြံသူများဖြစ်ရစေမည် ဖြစ်ကာ၊ သို့ အတွက်မှသာ ပို၍သင့်တော်ပေမည်။ မဟုတ်ပါက ထိုကျင့်ကြံသူများသည် စမ်းသပ်ကြည့်ရန်အတွက် ပိုမိုမြင့်မားသော ကျင့်ကြံမှုများ လိုအပ်လာမည် ဖြစ်သည်။

"နည်းနည်းတော့ ခက်ခဲလိမ့်မယ် ထင်တယ်။"

လင်းယွန်က ခပ်တိုးတိုးရေရွတ် လိုက်သည်။ မူလမီးလျှံအမြုတေအတွက် ပြိုင်ပွဲသည် ပြင်းထန်မည်ဖြစ်ကာ၊ သူ့အတွက် ကြီးမားသောယှဉ်ပြိုင်ပွဲများ ဖြစ်လာမည်ကို ခန့်မှန်းမိသည်။ နောက်ဆုံးတွင် လင်းယွန်က ထိုအတွေးကို လောလောဆယ်တွင် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။

မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်သည် နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပွားရန် အနည်းဆုံးတော့ ခုနစ်ရက်ခန့် ကြာနိုင်မည်ဖြစ်ပြီး၊ ကံမကောင်းပါက တစ်လလုံးလုံးပင် ဖြစ်နိုင်ပေမည်။

သို့သော်လည်း လင်းယွန်က အလျင်လိုခြင်း မရှိပေ။ ထို့ကြောင့်ပင် အတော်အသင့် နေထိုင်ရန် သင့်တော်သော ချောက်ကမ်းပါးပေါ်သို့ တက်ထိုင်လိုက်ကာ၊ သူ့အိတ်ထဲမှ တစ်စုံတစ်ရာအား ထုတ်ယူလိုက်သည်။ ၎င်းသည် နွားဦးချိုပုံသဏ္ဍာန်ရှိပြီး၊ မည်သို့သော အရာဝတ္ထုများကို မဆို ထိုးဖောက်ဝင်နိုင်ဟန်ရှိကာ၊ ထက်မြမာကျောလှသော ဝိညာဉ်အဆီအနှစ် ကျောက်စက်ပန်းဆွဲအပိုင်းအစ ဖြစ်လေသည်။

၎င်းသည် ဝိညာဉ်အဆီအနှစ်များ၏၊ မူလအဆီအနှစ်ဖြစ်ကာ၊ ရောင်းချရန် သူက စိတ်ကူးမရှိပေ။ လင်းယွန်က သူ၏လက်သည်းအရွယ်အစားခန့်အား ချိုးဖြတ်ယူလိုက်ပြီး၊ နဂါးသွေးမြင်းဆီသို့ ပစ်ပေးလိုက်သည်။

'' .................. ''

နဂါးသွေးမြင်းသည် စိတ်လှုပ်ရှားစွာဖြင့်၊ ၎င်းအားကိုက်ယူမြိုချပြီးနောက်၊ ကဆုန်ပေါက်လျက် တောနက်နက်ထဲသို့ သန့်စင်ရန် ပြေးဝင်သွားခဲ့သည်။ အကယ်၍သာ ဤနဂါးသွေးမြင်းသည် ကောင်းကင်မီးလျှံတောင်ထိပ်သို့၊ မသွားရောက်မီ အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါက၊ အလွန်ကောင်းမွန်ပေမည်။

လင်းယွန်တွင် ဝိညာဉ်အဆီအနှစ် ပုလင်းလေးလုံးနှင့် မူလဝိညာဉ်အဆီအနှစ် အပိုင်းအစများ ကျန်ရှိနေသေးသည်။ အဆိုပါ အရင်းအမြစ်များဖြင့်ဆိုပါက သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ညံ့ဖျင်းလျှင်ပင် အောင်မြင်မှု အချို့အား ဆုပ်ကိုင်နိုင်မည်ဟု သေချာပေါက် ယုံကြည်ထားမိ၏။

ထို့အပြင် သူ၏ယန်သန့်စင်ခြင်းနည်းစနစ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ၊ မူလဝိညာဉ် အဆီအနှစ်များကို စုပ်ယူ သန့်စင်ရာ၌ များစွာ လျင်မြန်လှသည်။

'' အချိန်တန်ပြီ.......''

လင်းယွန်၏မျက်လုံးများသည် ကောင်းကင်မီးလျှံတောင်ထိပ်ကို ကြည့်လျက် လင်းလက်သွားသည်။ သူကသာ အဆင့် ချိုးဖြတ်နိုင်ခဲ့ပါက၊ မူလမီးလျှံအမြုတေအား ကံစမ်းရာတွင် များစွာအခွင့်အရေး ရှိလာပေမည်။

ဝိညာဉ်အဆီအနှစ်ပုလင်းကို ထုတ်ယူကာ လင်းယွန်က မဆိုင်းမတွ သောက်ယူပစ်လိုက်သည်။ သူ လုပ်ရပ်သည် တစ်စုံတစ်ယောက်သာ တွေ့မြင်သွားပါက၊ ရတနာအား ဖြုန်းတီးရာ ရောက်သည်ဟု ဆိုကာ အော်ဟစ် ဟန့်တားလာမည်မှာ သေချာလှ၏။

ပုံမှန်အားဖြင့်ဆိုရသော် ဤသို့သောအဆီအနှစ် ပုလင်းငယ်လေးကိုပင်၊ အနည်းဆုံး နှစ်လခန့်အထိ အသုံးပြုနိုင်ပေသည်။ အများအားဖြင့် တိုက်ရိုက် သောက်ယူရဲခြင်း မရှိကြကာ၊ ထိုအဆီအနှစ် တစ်စက်(သို့မဟုတ်) နှစ်စက်လောက်အား ရေစည်ပိုင်းထဲသို့ထည့်ကာ စုပ်ယူသန့်စင် ကြလေသည်။

သို့သော် လင်းယွန်သည် ၎င်းအား တိုက်ရိုက် သောက်ချလိုက်ကာ၊ စုပ်ယူရန် ပြင်လိုက်လေသည်။ ဝိညာဉ်အဆီအနှစ်များသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အခါတွင်၊ သွေးပြန်ကြောများ မှတဆင့် ခန္ဓာကိုယ်အနှံ့သို့ တိုးဝင်သွားသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်း လိုက်လဲ...."

လင်းယွန်သည် ရွှင်မြူးသွားကာ မျက်လုံးများမှိတ်လျက်၊ ယန်သန့်စင်ခြင်းနည်းစနစ်ကို ထုတ်ဖော်ဖြန့်ကျက်လိုက်သည်။

စက္ကန့်ပိုင်းလေးအတွင်းပင် သူ့ဒါန်တမ်အတွင်းမှ စုစည်းထားသော ဝိညာဉ်စွမ်းအင်များ လှုပ်ရှားထွက်ပေါ်လာပြီး၊ အသစ်သစ်သောစွမ်းအင်များဖြင့် ပေါင်းစပ်ရန် ကြိုးစားတော့၏။

'' ......ဝှူးရှ်..''

လင်းယွန်က သူ့ခန္ဓာကိုယ်အတွင်းမှ မီးခိုးငွေ့များ ထွက်လာစဉ် ခြေထောက်များကို ချိတ်ကာ ထိုင်ချလိုက်သည်။ ထိုအခိုးအငွေ့များသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ လေထုထဲတွင် တိမ်ဆိုင်များသဏ္ဍန် ရစ်သိုင်းလာ၏။

မျက်စိတစ်မှိတ်အတွင်း ကိုးရက်တာကုန်ဆုံးသွားလေပြီ။

ကိုးရက်မြောက်နေ့တွင်၊ လင်းယွန်၏ အရှိန်အဝါသည် ပို၍ သိပ်သည်းလာကာ၊ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်နှင့် သူ၏မျက်ဝန်းများတွင် စူးရှသောဓားရောင်များ တောက်ပလာသည်။ နေရောင်အောက်တွင် အပြုံးတစ်ပွင့် နှင့်အတူ လက်ထဲ၌ ဆုပ်ကိုင်ထားသော မူလဝိညာဉ်အဆီအနှစ် အပိုင်းအစကို ငုံကြည့်လိုက်ပြီး၊ စိတ်မသက်မသာ ဟန်ဖြင့် သက်ပြင်းချလိုက်၏။

'' ငါ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နည်းနည်းတော့ ညံ့နေပုံပါပဲ၊ အနာဂါတ်မှာအောင်မြင်မှုတွေ ရဖို့ဆိုရင် ကြောက်စရာကောင်းလွန်းတဲ့၊ အရင်းအမြစ် ပမာဏာတွေ လိုအပ်လာမယ် ထင်တယ်...''

ဝိညာဉ်အဆီအနှစ်ပုလင်းလေး ပုလင်းနှင့်အတူ မူလဝိညာဉ်အဆီအနှစ် အပိုင်းအစ ကျောက်စက်ပန်းဆွဲ၏ တစ်ဝက်တိတိအား၊ အသုံပြုပြီးမှသာလျှင် ရှန်ရှင်း ဒုတိယအဆင့် အတားအဆီးအား ချိုးဖြတ်နိုင်ခဲ့သည်။

အကယ်၍ ဝမ်ဖိန်းသာဆိုပါလျှင် ဝိညာဉ်အဆီအနှစ်ပုလင်း လေးပုလင်းကို အသုံးပြုရုံဖြင့်ပင်၊ ရှန်ရှင်းတတိယအဆင့်သို့ ရောက်ရှိရန် လုံလောက်ပေလိမ့်မည်။

ရှန်ရှင်းနယ်ပယ်၏ တတိယအဆင့်အား ရောက်ရှိပြီးနောက်၊ သူ့လက်မောင်းအပ်စိုက်မှတ်အား သန့်စင်ရန် ရွေးချယ်ခဲ့သည်။

ယင်းအတွက် အကြောင်းရင်းမှာ သူ၏ရုပ်ခွန်ခွန်အားသည် မီးလျှံနတ်ဆိုးခန္ဓာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်၊ ၎င်းဒွါရအား သန့်စင်လိုက်ခြင်းဖြင့် ပို၍ သန်မာအားကောင်းလာမည် ဖြစ်သည်။ ထို့ကြောင့်ပင် ယခုအချိန်၌ သူ၏ ရုပ်ခွန်အားသက်သက်ဖြင့် ထုတ်ဖော်လိုက်သော လက်သီးတစ်လုံးသည်ပင် မြင်းကောင်ရေ (၂၀၀၀၀)အား အထိ တိုးမြင့်သွားခဲ့လေပြီ။

"ငါ့မှာ ခွန်အားကိုထုတ်ဖော်ဖို့ သင့်တော်တဲ့ လက်သီးနည်းစနစ် မရှိတာ စိတ်ပျက်စရာပဲ"

လင်းယွန်က သက်ပြင်းချလိုက်ပြီး၊ ကျား-နဂါးလက်သီးနည်းစနစ်ဖြင့် ပတ်သက်၍ အလိုမကျမှုများနှင့် ပြည့်နှက်နေခဲ့သည်။

လက်ရှိအခြေအနေတွင်၊ သူသည် ကျား-နဂါးလက်သီးနည်းစနစ်ကို သင်ယူရန် ကြိုးစားခဲ့သော်လည်း မပြည့်စုံသော သိုင်းနည်းစနစ်တစ်ခုအား နားလည်ရန်ဆိုသည်မှာ လွယ်ကူသောအရာ မဟုတ်ပေ။

တောင်စွန်းပေါ်တွင် ရပ်လျက်၊ သူ၏လက်သီးအား မြေပြင်ပေါ်သို့ ထိုးချလိုက်ပြီး၊ ခွန်အားကို စမ်းသပ်ကြည့်လိုက်၏။ ထိုလက်သီးအားဗဟိုပြုလျက် တောင်ကမ်းပါးစွန်သည် ပင့်ကူအိမ်သဏ္ဍာန် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး၊ ပြိုကျလုနီးနီး တုန်ယင်သွားသည်။

" ငါသွားရမယ့် အချိန်ရောက်ပြီ..."

'' ဝုန်း......''

ရုတ်တရက် တောင်ကမ်းပါးစွန်းသည် သူ့လက်သီးကြောင့်၊ မီတာတစ်သောင်းနီးပါးရှိသောတောင်စွန်းကြီးမှာ ပြိုကျလာရာ၊ လင်းယွန်သည် ဓားသေတ္တာပေါ်သို့ အလျင်အမြန်ခုန်တက်လျက် လေထုထဲသို့ တိုးဝင်သွားလေ၏။

***

All Chapters