← Chapters

ကောင်းကင်မီးလျှံတောင်ထိပ်။

Vol. 8 Ch. 109

ကောင်းကင်မီးလျှံတောင်ထိပ်။

Vol. 8 Ch. 109

လင်းယွန်သည် ဓားသေတ္တာအား စီးနင်းလျက် တောင်ပြိုကျမှုများ ငြိမ်သက် သွားသည့် အခါတွင်၊ မြေပြင်ပေါ်သို့ ဆင်းသက် လိုက်ရာ၊ ထိုအဟုန်ကြောင့် မြေပြင် ပေါ်ရှိ သစ်ရွက်ခြောက်များ ဝဲပျံသွားလေသည်။

"ဘယ်လောက်ထိ ရင်ခုန် စရာ ကောင်း လိုက်လဲ..."

၎င်းတောင်ထိပ်သည် မီတာတစ်သောင်းခန့် မြင့်မား လှပြီး၊ ထိုအမြင့်မှ ဓားသေတ္တာ အားစီးလျက် ပြန်လည် ဆင်းသက် လာချင်းသည် စိတ်လှုပ်ရှား စရာကောင်း လွန်းလှပေသည်။

မြေပြင်နှင့် မီတာအနည်းငယ်အကွာတွင် ဓားသေတ္တာပေါ်မှ ပြန်လည် ခုန်ဆင်းလိုက်ပြီး၊ လင်းယွန်သည် ကောင်းကင်ဝင်ရိုး တောင်တန်း ကြီးအား မျှော်ကြည့်လိုက်သည်။

စိမ်းညို့မြင့်မားသော သစ်ပင်များ အမြောက်အမြား ပေါက်ရောက် နေပြီး၊ ထိုတောအုပ်အတွင်းတွင် အန္တရာယ် များစွာသည် သူ့အား စောင့်ကြိုနေ မည်ကို ကောင်းစွာ ခံစားနိုင်ခဲ့သည်။

ကောင်းကင်မီးလျှံတောင်ထိပ်အား ရောက်ရှိလိုပါက နတ်ဆိုးသားရဲများဖြင့် ပြည့်နှက်နေသော တောအုပ်ကို ဖြတ်ကျော်ရပေမည်။

'' .............. ''

ရုတ်တရက် မြင်းခွာသံများ ထွက်ပေါ်လာပြီးနောက်၊ နဂါးသွေးမြင်းသည် တောအုပ်ထဲမှ ပြေးထွက်လာသည်။ သူ၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုသိပ်သည်း ပြင်းထန်လာ သည်ကို သတိထားမိလိုက်၏။ ၎င်းသည် ရှန်ရှင်း စတုတ္ထအဆင့်အား ရောက်ရှိ နေခဲ့လေပြီ။

" ဟမ်......ရှန်ရှင်းစတုတ္တအဆင့်လား...."

လင်းယွန်သည် မျက်ခုံးမွှေးများကို စုကျုံ့လိုက်ကာ သံသယဖြင့် စိုက်ကြည့် လိုက်မိသည်။

နဂါးသွေး မြင်းသည် နဂါးများ၏ မျိုးဆက်သွေးကို ပါးလွှာစွာ ပိုင်ဆိုင်ထားသော်ငြားလည်း၊ သဘာဝအားဖြင့် သူ၏ သွေးမျိုးဆက်မှာ လင်းယွန်ထက် သာလွန် လှသည်။

ထို့ကြောင့်ပင် လက်သည်းအရွယ် မူလဝိညာဉ်အဆီအနှစ် အပိုင်းအစကို စုပ်ယူပြီးနောက်၊ ရှန်ရှင်းတတိယအဆင့်သို့ ရောက်ရှိရန်မှာ ပြဿနာ မရှိပေ။

သို့သော်၎င်းသည် တတိယအဆင့်အား ဖြတ်ကျော်ကာ၊ စတုတ္ထအဆင့် သို့ပင် တက်လှမ်း နိုင်ခဲ့ပေသည်။

'' ဒီကောင်က တောထဲမှာ ရတနာ တစ်ခုခုများ ရသွားလို့လား...''

မည်သို့ပင်ဆိုစေကာမူ၊ အဆင့်နှစ်ဆင့် တိတိ ဆုပ်ကိုင်နိူင်မည့် နည်းလမ်းအား စဉ်စား နိုင်ခြင်း မရှိခဲ့ချေ။

'' မဟုတ်သေးဖူး ဘာဖြစ်လာတာလဲ....... ''

တဖြည်းဖြည်း နီးကပ် လာသည် နှင့်အမျှ လင်းယွန်သည် နဂါးသွေးမြင်း ထံမှ သွေးများ စီးကျ နေသော ဒဏ်ရာအချို့အား သတိပြု မိသော အခါတွင်၊ သူ၏ မျက်နှာ အမူ အရာမှာ ပြောင်းလဲသွားသည်။

" ယုတ်မာတဲ့ သားရဲကောင်၊ အဲ့ဒီမှာပဲ ရပ်လိုက်စမ်း "

ရုတ်တရက် အော်ဟစ် ခြိမ်းခြောက်သံ များနှင့်အတူ လူရိပ်ခြောက်ရိပ် ပြေးလွှားလိုက် ပါလာသည်။

" သတ်စမ်း၊ မြင်းယုတ်ကို အသေသတ်...."

ထို့နောက်တွင် လူရိပ်နှစ်ရိပ်သည် သစ်ပင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလာပြီး နဂါးသွေး မြင်းကို လက်သီးဖြင့် ထိုးချ လိုက်သည်။

သို့သော်၊ နဂါးသွေးမြင်းသည် ရုတ်တရက် လှည့်၍ ခွာဖြင့် ကဆုန်ပေါက် ကန်ထုတ် လိုက်ကာ ထိုလူရိပ် နှစ်ရိပ်အား နောက်ပြန် လွင့်စင် သွားစေ လိုက်သည်။

'' ........... ''

မြင်းကန်ခံရပြီးနောက် မြေပြင်ပေါ်သို့ လဲကျကာ ပါးစပ်မှ သွေးများ စီးကျလာသည်။ ရုတ်တရက် နဂါးသွေးမြင်းသည် ဆက်လက်ပြေးလွှားခြင်း မပြုတော့ပဲ ရပ်တန့်လိုက်သည်ကြောင့်၊ ပြေးလိုက်နေသော လူအုပ်မှာ အမောတကောဖြင့်၊ အသက်ပြင်းပြင်း ရှူပြီး ချက်ချင်း ရပ်သွားသည်။

" မြင်းယုတ် မပြေးတော့ဘူးလား "

ထိုသူတို့သည် နဂါးသွေးမြင်းကို သတိထားကြည့်ပြီး ကျိန်ဆဲလိုက်သည်။

"မင်းတို့ ငါ့မြင်းကို ကျိန်ဆဲနေတာလား...."

ရုတ်တရက် တည်ငြိမ်သော လေသံနှင့်အတူ ဓားသေတ္တာတစ်လုံးအား ထမ်းပိုးထားသော လူရိပ်တစ်ရိပ်သည် နဂါးသွေးမြင်၏ နဘေးသို့ ဆင်းသက် လာလေသည်။

လင်းယွန်ပြောနိုင်သည်မှာ ထိုခြောက်ယောက်သည် ရှန်ရှင်း တတိယအဆင့်တွင်သာ ရှိပြီး၊ ၎င်းတို့သည် သူ့အား ခြိမ်းခြောက်နိုင်ခြင်း မရှိချေ။

" .......မင်းရဲ့မြင်းလား၊ ကောင်းတယ် မင်းဒီမှာ ရှိနေတာ အရမ်းကောင်းတယ်၊ မင်းရဲ့မြင်းယုတ်က ငါတို့ ရွှေမီးတောက်ဂိုဏ်းရဲ့ မြေဝိညာဥ်အသီးကို လုယူသွားခဲ့တယ်..''

" ....ဒါကြောင့် မင်းရဲ့မြင်းယုတ်ကို လွှဲပေးလိုက်ပါ၊ မဟုတ်ရင် ဒီတောထဲကနေ မင်း... အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ''

'' ရွှေမီးတောက်ဂိုဏ်း ''

လင်းယွန်က အနီးနားရှိ မြေအနေအထားကို ရုတ်တရက် ပြန်သတိရသွားသည်။ ၎င်းသည် ဤဒေသတွင် အင်အား အကောင်းဆုံးဂိုဏ်း ဖြစ်သည်။

ရွှေမီးတောက် ဂိုဏ်းသည် သွေးတိမ်ဂိုဏ်း ကဲ့သို့ပင်၊ အပြာရောင်နေမင်း နိုင်ငံတွင် သန်မာသော အင်အားစုတစ်ခု ဖြစ်လေသည်။

ထို့အပြင် ၎င်းဂိုဏ်းတစ်ခုလုံးသည် လင်းယွန်ကဲ့သို့ပင် မီးစွမ်းအင်များကို ကျင့်ကြံကြသည်။

'' .............. ဒီမှာဘာတွေဖြစ်နေတာလဲ ''

လင်းယွန်တွေးတောနေစဉ်တွင် ပြတ်သားသော လေသံဖြင့် မေးမြန်းလာသော လူတစ်ယောက် တောအုပ်အတွင်းမှ ထွက်ပေါ်လာလေသည်။ သူ့မျက်နှာအနှံ့တွင် ကန့်လန့်ဖြတ်အမာရွတ်များ ပြည့်နှက်နေ၏။

" ကာကွယ်သူ မို ''

ထိုအမာရွတ်လူအား မြင်လိုက်သည်နှင့် ပထမလူ ခြောက်ယောက်က ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး၊ လင်းယွန်ကို လက်ညှိုးထိုးပြကာ၊

" ကာကွယ်သူ မို၊ ဒီမြင်းယုတ်က သူပိုင်တဲ့ နဂါးသွေးမြင်းပါ...."

" ဒီမြင်းယုတ်က ငါတို့ထဲက တစ်ယောက်ကို ထပ်ပြီး ဒဏ်ရာရစေခဲ့တယ်...."

ကာကွယ်သူမိုက သူလူများ၏ စကားကို ဂရုတစိုက် နားထောင်ဟန်ပြုကာ၊ လင်းယွန် ဘက်သို့ လှမ်းကြည့် အကဲခတ် လိုက်သည်။

( '' ဆယ့်ငါး၊ ဆယ့်ခြောက် လောက်ပဲ ရှိဦးမယ်၊ ဒါပေမယ့် သူ့ရဲ့ကျင့်ကြံမှု အဆင့်အရ၊ ထင်ရှားတဲ့ မျိုးနွယ်စု တစ်ခုခုက သခင်လေး တစ်ယောက် ယောက် ဖြစ်ရမယ်.... '' )

လင်းယွန်သည် ငယ်ရွယ်လှသော်လည်း ရှန်ရှင်း တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ထို့ကြောင့်ပင် ကာကွယ်သူမိုသည် အရာများစွာကို ရှုပ်ထွေးအောင် မလုပ်လိုတော့ပဲ၊ လက်နှစ်ဘက်ကို ယှက်လျက်၊

'' ငါက ရွှေမီးတောက်ဂိုဏ်းရဲ့ ဌာနခွဲငယ်ကို ကာကွယ်ပေးရသူ မိုပင်းပါ၊ မင်းနာမည်ကို သိလို့ရမလား"

" လင်းယွန်။"

( '' လင်းယွန် '' )

မိုပင်းသည် မည်မျှပင် အားစိုက်စွာ တွေးတောနေပါစေ၊ လင်းအမည်ရှိသော မည်သည့်မျိုးနွယ်စုကိုမျှ မစဉ်းစားနိုင်ပေ။ ထို့ကြောင့် ဤလင်းယွန်သည် ခရီးသွားတစ်ယောက်သာ ဖြစ်ရပေမည်ဟု ကောက်ချက်ချလိုက်သည်။ ရလဒ်အရ မိုပင်းသည် သူ့ကိုယ်သူ ယုံကြည်မှုရှိလာခဲ့ပြီး၊ သူ၏ အပြုံးသည် ပျောက်ကွယ်သွားကာ၊

" ငါ့ရဲ့ ရွှေမီးတောက်ဂိုဏ်းပိုင် မြေဝိညာဉ်သစ်ကို လုယူ ပြီးတဲ့နောက်တော့၊ လျော်ကြေးအဖြစ် အလယ်အလတ် ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀)ကို လွှဲပေးချင်တယ်ဆိုရင်တော့၊ ဒီကိစ္စကို မေ့ပစ်ပေးဖို့ ဆန္ဒရှိပါတယ် ''

'' အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း၊ ... ဟား...ဟား...ဟား ''

လင်းယွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ဝမ်မိသားစုသည်ပင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်သိန်းအား၊ တုံဆိုင်းခြင်းမရှိ ထုတ်သုံးရန် မဖြစ်နိုင်ပေ။ ထို့အပြင်၊ မြေဝိညာဉ်သစ်သီးသည် ထိုသို့သော အဖိုးအခတန်ကြေး မရှိနိုင်ရာ၊ ၎င်းမှာ နေ့ခင်းကြောင်တောင် ဓါးပြတိုက်ခြင်း မည်၏။

လင်းယွန်က ခေါင်းယမ်းလိုက်ကာ၊ နဂါးသွေးမြင်းအား ကုသဆေးလုံး အချို့အား တိုက်ကျွေးပြီးနောက်၊ နဂါးသွေးမြင်း၏ လည်ဆံမွှေးများကို ပွတ်သပ် ဆွဲယူလိုက်ကာ၊

'' မြေဝိညာဉ်သစ်သီးဆိုတာက သဘာဝအားဖြင့် မွေးဖွားလာတဲ့ ရတနာတစ်ခုပဲ မဟုတ်လား၊ ဒါကို မင်းပိုင်တယ်လို့ မင်းပြောနေတာလား။...."

လင်းယွန်၏ စကားကြောင့် နဂါးသွေးမြင်းက ဆေးလုံးများကို ဝါးနေလျက်မှ ရယ်မောလိုက်သည်။

"မင်း..........."

၎င်းသည် မိုပင်းအား မျက်နှာတစ်ပြင်လုံး ပျက်ယွင်း သွားစေကာ၊ သတ်ဖြတ်လိုခြင်း အရှိန်အဝါများကို ဝုန်းခနဲ ထုတ်ဖော်လိုက်ပြီး၊ လင်းယွန်အား လျင်မြန်သော အဟုန်ဖြင့် ပြေးဝင် ထိုးချလာလေသည်။

လေထုအား ထိုးခွဲလာသော လက်သီး၏ ခွန်အားကို တွက်ဆကာ၊ လင်းယွန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလျက် လက်သီးဖြင့်ပင် ပြန်လည် ထိုးချပစ် လိုက်သည်။ ၎င်းသည် ဤသို့ ထိပ်တိုက်တွေ့ဆုံမှု များအရ မည်သူ၏ ဝိညာဉ်စွမ်းအားသည် ပိုအား ကောင်းသည်ကို ထင်ရှားစွာ သိမြင်လာ စေပေမည်။

'' ဘုန်း....... ''

ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ မိုပင်း၏ နှုတ်ခမ်းများမှ သွေးစများ စီးထွက်လာပြီး၊ ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်ဆုတ် သွားလိုက်ရသည်။

"ကာကွယ်သူ မို..... "

အော်ဟစ်သံနှင့်အတူ လူရိပ်ခြောက်ရိပ်မှာ ထိတ်လန့်တကြား လင်းယွန်အား လှမ်းကြည့်လိုက်မိ၏။ ၎င်းလင်းယွန်သည် ဤမျှ လောက်အထိ သန်မာနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။

'' ဒါက မင်းအတွက် သင်ခန်းစာပဲ၊ မင်းက ဌာနခွဲမှူး တစ်ယောက် ဖြစ်နေပါစေဦး၊ လူတိုင်းကို အနိုင်ကျင့်လို့ ရတယ်လို့ မထင်ပါနဲ့။ "

လင်းယွန်၏ လှောင်ပြောင် ရေရွတ်သံက မိုပင်း၏ မျက်နှာအား မည်းမှောင် သွားစေခဲ့သည်။ သူက လင်းယွန်ကို ကြည့်လိုက်ပြီး၊

'' ကောင်းကင်ဝင်ရိုးတောင်တန်း တဝိုက်မှာ ငါတို့ကို ဘယ်သူကမှ ဒီလိုမောက်မာစွာ မပြုဝံ့ကြဘူး၊ ဒါပေမယ့် မင့်လို တတိယ အဆင့် သိုင်းသမားလေး တစ်ယောက်က ဒီလို မောက်မာ ဝံ့တယ်ပေါ့၊ ငါတို့ရဲ့ ရွှေမီး တောက်ဂိုဏ်းက မင်းကို .... သေချာပေါက် အမှတ်ရ နေမှာပါ ...... ''

".....အို ဒါဆို မင်းကြေနပ်ဖို့၊ ငါဘယ်လို တောင်းပန်ပေးရမလဲ....''

လင်းယွန်၏ ထိတ်လန့်ဟန်ဖြင့် မေးမြန်းလာမှုကြောင့်၊ မိုးပင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည် တောက်ပလာပြီး၊ နဂါးသွေးမြင်းထံသို့ တစ်ချက် ဝေ့ကြည့် လိုက်ကာ၊

'' ရိုးရှင်းပါတယ်၊ မင်းဆီက အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ငါမလိုဘူး၊ မင်းရဲ့ မြင်းနဲ့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ဆို လုံလောက်ပါပြီ.....''

'' ဟား ဟား ဟား.... တကယ့် လူပျက်တွေ........ "

ထို့နောက် လင်းယွန်က နဂါးသွေးမြင်း ပေါ်သို့ ခုန်တက်ကာ ထွက်ခွာသွားလေသည်။ ဤလူပျက်များနှင့် သူ့အချိန်များအား မဖြုန်းတီးချင်တော့ပေ။

"သူ့ကို တားစမ်း....."

မိုပင်း၏ အော်ဟစ်သံသည် ချက်ချင်းပင် တောအုပ်အတွင်း၌ ပဲ့တင်ထပ် သွားလေသည်။ ၎င်းအသံနှင့်အတူ လူရိပ်ခြောက်ရိပ်သည်၊ သူတို့၏ အရှိန်အဝါများအား ထုတ်ဖော်လျက်၊ ပြေးဝင် တိုက်ခိုက်လာ လေရာ၊ လင်းယွန်က သူ၏ ဓားသေတ္တာအား ဖြုတ်ယူကာ လွှဲရိုက် လိုက် လေသည်။

'' ဘုန်း....... ''

ဓားသေတ္တာနှင့် ပေါင်းစပ်ထားသော သူ့အင်အားဖြင့်၊ ရိုက်နှက်လိုက်ခြင်းမှာ ရိုးရှင်းလွန်းလှသည်။ သိုင်းနည်းစနစ် များကိုပင် ထုတ်ဖော်ခဲ့ခြင်း မရှိပဲ၊ ၎င်းအား လက် တစ်ဖက်ဖြင့် အရိုင်းဆန်ဆန် လွှဲရိုက် လိုက်ခြင်း ဖြစ်၏။

ထို့နောက်တွင် ရွှေမီးတောက်ဂိုဏ်းမှ သိုင်းသမားများသည် မြေပြင်ပေါ်၌ လဲလျောင်းနေခဲ့ပြီး၊ နာကျင်စွာ ညည်းတွား နေကြသည်။

ဓားသေတ္တာနှင့် အရိုက်ခံ လိုက်ရသည့် နောက်တွင် သူတို့၏ အရိုးအများစုမှာ ကြေမွှ သွား၏။ ၎င်းတို့၏ ကျင့်ကြံမှု အဆင့်များ ကြောင့်သာ ဤသို့ အသက်ရှင် နေခဲ့ကြခြင်း ဖြစ်သည်။

'' ........... ''

လင်းယွန်က ကြောက်ရွံ့ တုန်ယင်နေသော အသံများကို ကျောခိုင်းလိုက်ကာ၊ နဂါးသွေးမြင်းပေါ်သို့ ခုန်တက်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာ သွားလေသည်။ သူထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် တိုက်ပွဲမြေပြင်သို့ ကောင်းကင်မှ လူရိပ်များစွာ ဆင်းသက်လာခဲ့သည်။

" မိုပင်း ....ဘာဖြစ်နေတာလဲ"

ထိုလူရိပ် များစွာထဲမှ အမျိုးသားတစ်ယောက်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသော လူခြောက်ယောက်ကို မျက်မှောင်ကြုတ်လျက် ဝေ့ကြည့်လိုက်သည်။

"အကြီးအကဲလျူ ၊ မြေဝိညာဉ် သစ်သီးကို ခရီးသွား တစ်ယောက်က လုယက်သွားခဲ့တယ်၊ ဒါကြောင့် လိုက်လံတောင်း ယူတာကို ပြန်ပေးဖို့ ငြင်းဆို ရုံတင်မကပဲ၊ ငါတို့အားလုံးကို ဒဏ်ရာရစေခဲ့တယ် ''

ထိုအကြီးအကဲလျူ၏ ကျင့်ကြံမှုအဆင့်သည် ရှန်ရှင်း ပဉ္စမအဆင့်တွင် ဖြစ်ပြီး၊ သူ၏ အကြည့်အောက်တွင် မိုပင်းသည် တစ်စုံတစ်ရာအား ဖုံးကွယ်နေသည်မှန်း ခံစားမိသော်လည်း ၎င်းအတွက် ဂရုစိုက်ခြင်း မရှိခဲ့ပဲ၊ တစ်စုံတစ်ယောက်သည် ရွှေမီးတောက်ဂိုဏ်းအား အပြစ်ပြုဝံ့ပြီးနောက်၊ ထိုသူအား သတ်ပြစ်ရန်ကိုသာ အာရုံစိုက် လိုက်မိသည်။

'' ငါတို့ရဲ့ ရွှေမီးတောက်ဂိုဏ်းကို တိုက်ခိုက်ရဲတဲ့ မည်သူမဆို ချွင်းချက်မရှိ သတ်စေ၊ ခုချက်ချင်း သတင်းဖြန့်ပြီး လူတိုင်း ဒီခွေးကောင်ကို လိုက်ရှာခိုင်းလိုက်...... ''

'' ဟုတ်ကဲ့ပါ အကြီးအကဲ.... ''

တစ်စုံတစ်ယောက်သည် အကြီးအကဲလျူ၏ အမိန့်အား ချက်ခြင်း ထုတ်ပြန်ရန် ထွက်ခွာသွားလေသည်။

" ဒီခွေးကောင်....ဘယ်ကိုပြေးသွားတာလဲ"

"အကြီးအကဲလျူ ဒီဘက်......"

အကြီးအကဲလျူ၏ အမေးကို မိုပင်းက လက်ညှိုးထိုးလျက် လမ်းပြ လိုက်လေသည်။

အခြားတစ်ဖက်တွင် နဂါးသွေးမြင်းသည် ၎င်း၏ ဒဏ်ရာအများစုမှာ ပြန်လည် ကောင်းမွန်လာပြီးနောက်၊ သူ့အမြန် နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ အရှိန်တိုးလာ၏။

'' သွားတော့....... ''

'' ဝှစ်......... ''

လင်းယွန်က သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။ ကျောပေါ်မှ လင်းယွန် ခုန်ထွက်သွားသည်နှင့် နဂါးသွေးမြင်းက အရှိန်အား ထပ်မံ တိုးမြှင့်ကာ၊ ပြေးထွက်သွား လေသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် နဂါးသွေးမြင်းသည် အကြီးအကဲလျူနှင့် မိုပင်းအား လှည့်စား ခေါ်ဆောင် သွားခဲ့လေပြီ။

ထိုအချိန်တွင် လင်းယွန်သည် ကောင်းကင်မီးလျှံ တောင်ထိပ်သို့ ဦးတည်ထွက်ခွာ သွားသည်။ နှစ်နာရီအကြာတွင် အရှိန်ပြင်းပြင်းဖြင့် တိုက်ခတ် တိုးဝင်လာသော အပူလှိုင်းကို ခံစားလိုက် ရမိသောအခါ တုန်လှုပ်သွား၏။ ထို့အပြင် မြေပြင်မှာ မီးခိုးများ လျှံတက်လာပြီး နီရဲနေခဲ့၏။

မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများအတွင်းမှ ချော်ရည်များ စီးဆင်းနေသည်ကိုလည်း တွေ့မြင်နိုင်သည်။ ခေါင်းကို မော့လိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကို ထုတ်လွှတ်ထားသော တောင်ထွတ်တစ်ခုအား မြင်လိုက်ရသည်။

"ကောင်းကင်မီးလျှံတောင်ထွတ် ..."

လှည်ပင်းတမော့ မျှော်ကြည့်လိုက်မိပြီးနောက်၊ မျက်မှောင်ကြုတ်လျက် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် မြင်းခွာသံများ နှင့်အတူ နဂါးသွေးမြင်းမှာ ပြန်လည် ရောက်ရှိလာလေသည်။ နဂါးသွေးမြင်းအား မြင်လိုက်ပြီးနောက်၊ လင်းယွန်မှာ ပြုံးရွှင်သွားကာ၊

'' သူတပါးပစ္စည်းကို နောက်တစ်ခါ မခိုးယူပါနဲ့ နဂါးလေး၊ ငါ ....မင်းကို အချိန်တိုင်း မကူညီနိုင်ဘူး"

သို့သော် နဂါးသွေးမြင်းသည် လင်းယွန်၏ စကားကို ခေါင်းယမ်း ငြင်းဆို လိုက်၏။ ဖြစ်စဉ်အား ဆက်သွယ် ရှင်းပြလာခဲ့သည်။ ခဏအကြာတွင် လင်းယွန်က အဖြစ်အပျက်များကို သဘောပေါက် နားလည်သွား၏။

လွန်ခဲ့သည့်အချိန်၌ နဂါးသွေးမြင်းသည် နတ်ဆိုးသားရဲ တစ်ကောင်ကို နင်းသတ်ပြီးနောက် မြေဝိညာဉ်သစ်သီးကို ရယူနိုင်ခဲ့ပြီး၊ ၎င်းရွှေမီးတောက်ဂိုဏ်းမှ လူများစွာက သူ့အား အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် အတုအယောင် စွပ်စွဲချက်များ နှင့်အတူ လင်းယွန်အား အပြစ်ဖို့ လာခဲ့ခြင်း ဖြစ်သည်။

သို့သော်လင်းယွန်က ရွှေမီးတောက်ဂိုဏ်းကို စိတ်မ၀င်စားလှချေ။ အစောပိုင်းတွင် ဤသို့သာ သိရှိခဲ့ပါက မိုပင်းတို့ လူတစ်စုအား လွယ်လွယ်ဖြင့် လွှတ်ပေးမည် မဟုတ်။

"ကောင်းပြီ၊ အခု ကောင်းကင်မီးလျှံ တောင်ထိပ်ကို တက်ပြီး မူလမီးလျှံ အမြုတေကို ရှာဖို့ အချိန်ရောက်ပြီ၊ "

***

All Chapters