← Chapters

ကြောက်မက်ဖွယ် ကောင်းသော သက်ဝင် လှုပ်ရှားမှု။

Vol. 8 Ch. 111

ကြောက်မက်ဖွယ် ကောင်းသော သက်ဝင် လှုပ်ရှားမှု။

Vol. 8 Ch. 111

" ဟေး ညီငယ်လေး၊ မင်း စိတ်ဝင်စားရင် ဒီမှာ လာထိုင်လို့ရတယ်"

ထိုအသံပိုင်ရှင်သည် တောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော အမျိုးသား တစ်ဦးဖြစ်သည်။

ထိုအမျိုးသားသည် သူ၏ ခန္ဓာကိုယ် ကြွက်သားများကို ထုတ်ဖော်ပြသပြီး၊ အပေါ်ပိုင်းဗလာကျင်းထားသည်။

ထို့အပြင်၊ ထိုသူ၏ အရှိန်အဝါသည် ရှန်ရှင်းပဉ္စမအဆင့်၌ ရှိကာ၊ ၎င်းသည် မီးတောင်ဝနှင့် များစွာကွာဝေးသော အရပ်၌ ရှိနေ ခဲ့လေသည်။

ယေဘူယျအားဖြင့် ပြောရမည်ဆိုပါလျှင် မီးတောင်ဝနှင့် နီးကပ်စွာနေနိုင်သူများသည် ပိုသန်မာကြပြီး၊ ထိုသူများ၏ ခွန်အားများအရ အရည်အသွေးမြင့်မားသော မူလမီးလျှံ အမြုတေများအား ဦးစွာလုယူနိုင်ရန် အခွင့်အရေး ပိုရှိပေသည်။

ထိုသူသည် မီးတောင်ဝမှ ဝေးကွာနေသော်လည်း၊ ချော်ရည်မိုးများ ရွာကျလာသောအခါတွင် အခွင့်အရေးအချို့ ဆုံးရှုံးနိုင်မည်ဟု ဆိုလိုသော်လည်း၊ ၎င်းသည် လင်းယွန်အတွက် သိပ်အရေးမကြီးလှပေ။

သူသည် ဤနေရာ၌ လူသစ်ဖြစ်ခဲ့ပြီး၊ မြေပြင်အနေအထားဖြင့် ရင်းနှီးချင်သည်။ ထို့ကြောင့်ပင်၊ လင်းယွန်က လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်လိုက်ပြီး၊

"ကျေးဇူးတင်ပါတယ်။"

" ဟား ဟား အဲဒီလို လေးစားနေဖို့ မလိုပါဘူး၊ ငါ့နာမည်က ကျန်းယွီပါ။ ငါ မင်းကို ဘယ်လို ခေါ်ရမလဲ..."

လင်းယွန်က သူ့ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီး၊လ မ်းလျှောက်လာသည်ကို မြင်သောအခါ၊ ထိုလူက ပြုံးလိုက်၏။

"လင်းယွန်..."

"မင်းက အပြာရောင်နေမင်းနိုင်ငံက မဟုတ်ဖူးလား "

ကျန်းယွီအမေးကို လင်းယွန်က ခေါင်းညိတ်ပြလိုက်ပြီး၊ ဆက်လျှောက်လာသည်။

'' ငါလည်း အပြာရောင်နေမင်း နိုင်ငံက မဟုတ်ဖူး၊....''

ခဏလေးအတွင်းမှာပင် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ရင်းနှီးလာကြ၏။ ကျန်းယွီသည်လည်း ခရီးသွား တစ်ယောက်ဖြစ်ကာ၊ သူ၏ အသက်မှာ (၂၅)ရှိပြီ ဖြစ်၏၊ ၎င်း၏ ကျင့်ကြံမှုလမ်း၌ အတားအဆီးအချို့ ပိတ်ဆို့နေသည့်အချိန်တွင်၊ သူ့ကံကိုစမ်းသပ်ရန်၊ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရှန်ရှင်းသိုင်းသမားများအတွက်မူ မူလမီးလျှံ အမြုတေသည် သူတို့၏ ဝိညာဉ်စွမ်းအင်များကို ပိုမိုသန့်စင်လာစေရန် ပြန်လည် သန့်စင်ပေးနိုင်သော ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းသည် ကျင့်ကြံမှု လမ်းခရီး၌ အောင်မြင်မှု များကိုလည်း ရရှိ စေနိုင်မည်။

"အစ်ကိုကျန်း... မင်း ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးပြီးနောက် ကျန်းယွီကို ရင်းနှီးစွာ စကားပြောဆိုခဲ့သည်။

'' ငါ ဒီကို ရောက်နေတာ လေးလလောက်ရှိပြီ၊ ဒါပေမယ့် ငါကံမကောင်းပါဖူး၊ ဒီကာလအတွင်း မီးလျှံကျောက်တုံး တစ်တုံးပဲ ရထားတယ်....''

ကျန်းယွီက သူ့အိတ်ထဲမှ ကြက်သွေးရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူပြလိုက်သည်။ ထိုကျောက်တုံးထဲရှိ သိပ်သည်းလှသောမီးစွမ်းအင်များကို အာရုံခံမိပြီး၊ ၎င်းသည် အသက်ဓာတ်များ ပိုင်ဆိုင်ထားသကဲ့သို့ လှုပ်ရှားရုန်းကြွနေသည်။

'' ဝှစ်....... ''

ကြက်သွေးရောင်အလင်းတန်း ထွက်ပေါ်လာသည်နှင့် မျက်လုံးပေါင်းများစွာသည်၊ လောဘရောင်များတောက်ပလာကာ၊ စူးရှစွာဖြင့် ဝေ့ကြည့်လာကြသည်။ ထိုအကြည့်များကြောင့်၊ ကျန်းယွီမှာ 'တဟားဟား' အော်ရယ်လိုက်ပြီး၊ သူ၏ မီးလျှံကျောက်တုံးကို အမြန်ပြန်သိမ်းယူလိုက်၏။

'' ဒါက မီးလျှံကျောက်တုံးပဲ၊ သူ့မှာပါဝင်တဲ့ မီးလျှံကြိုးတွေကတစ်လွှာပဲပါလို့ အရည်အသွေးက မမြင့်ဖူး၊ ဘာပဲဖြစ်ဖြစ် သူ့အရွယ်အစားကြောင့်၊ လောလောဆယ်မှာတော့ တန်ဖိုးရှိတဲ့ ရတနာတစ်ခု ဖြစ်နေတုန်းပဲ.....''

" ဟုတ်လား.... မူလမီးလျှံအမြုတေကို အဆင့်သတ်မှတ်ထားတာလား ...."

" ဟားဟားဟား ဒါပေါ့ကွ၊ ဒီအကြောင်း ပြောရမယ်ဆို မင်းရဲ့အစ်ကိုကျန်းကိုသာ ယုံကြည်ထားလိုက်၊ မီးလျှံအမြုတေမှာ အများကြီးရှိတယ် .......''

ထို့နောက် ကျန်းယွီသည် အဆင့်များကို လင်းယွန်အား စတင်ရှင်းပြလိုက်သည်။

မူလမီးလျှံအမြုတေများကို မီးလျှံကြိုးများပေါ်မူတည်ကာ၊ ကြီးစဉ်ငယ်လိုက်ဖြင့် အဆင့်ရှစ်ဆင့်၊ ခွဲခြားထားသည်။ အဆင့်မသတ်မှတ်ထားနိုင်သော မူလမီးလျှံ အမြုတေများပင် ရှိခဲ့သည်။ သို့သော်၊ ကောင်းကင်မီးလျှံတောင်ထိပ်မှ ထွက်ပေါ်လာသော မီးလျှံအမြုတေများသည် အရည်အသွေး မြင့်မားလှပြီး၊ အဆင့်များ တိတိကျကျ သတ်မှတ် ထားသောကြောင့်၊ ကျင့်ကြံသူတိုင်းက ဤနေရာသို့ စွန့်စားလာရောက် ခဲ့ကြသည်။

မူလမီးလျှံအမြုတေဟု လူသိများလှသော မီးလျှံကျောက်တုံးအပိုင်းအစများကို ယန်စွမ်းအင်အဆီအနှစ်များဖြင့် ဖွဲ့တည်ထားပြီး၊ ၎င်းတို့သည် နက်ရှိုင်းသော မီးတောင်များအောက်ရှိ မီးလျှံသွေးကြောများတွင် တွေ့ရှိနိုင်သည်။ သို့သော်း ယန်အဆီအနှစ် ကျောက်တုံး တစ်တုံးအား မူလမီးလျှံ အမြုတေဟု မယူဆကြပေ။ အသက်ဓါတ်များ ပြည့်လျှံလာသည့် မီးတောက်များကို မွေးဖွားပေးနိုင်ခဲ့သော၊ ယန်အဆီအနှစ်ကျောက်တုံးများကိုသာ အမြုတေအဖြစ် မှတ်ယူနိုင်သည်။

ထို့နောက်၊ ဖြစ်ပေါ်လာသော မီးလျှံကြိုးများဖြင့် အသက်ဝင်ယိမ်းထိုးနေသော ဝိညာဉ်မီးလျှံ အလွှာများကို ကြည့်ကာ၊ ၎င်းတို့၏ အဆင့်များကို သတ်မှတ် ကြသည်။ ကျန်းယွီ၏ မီးလျှံအမြုတေတွင် မီးလျှံကြိုးအလွှာတစ်လွှာသာ ပါရှိပြီး ၎င်းမှာ ပထမအဆင့် မီးလျှံအမြုတေ ဖြစ်၏။

ထိုမှတဆင့် အဆင့်ပိုမြင့်လာလေလေ မီးလျှံကြိုးများ ပိုများလာလေလေ ဖြစ်ပြီး၊ အဆင့်ရှစ်ဆင့် ကျော်လွန်သည်နှင့်၊ ပြီးပြည့်စုံသောအဆင့် တစ်ဆင့် ရှိနေခဲ့သည်။ သို့သော် ၎င်းသည် ကမ္ဘာမြေအတွင်းပိုင်းရှိ မီးလျှံချော်ရည်များ၏ အောက်ခြေ၌တွင်သာ တွေ့နိုင်ပေမည်။ ထိုအဆင့်အမြုတေမျိုးသည် မီးလျှံသွေးကြောများအတွင်းရှိ မီးတောက်များမှတဆင့် မွေးဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ရရှိရန်ခက်ခဲလွန်း လှပေသည်။

" ယန်အဆီအနှစ်ကျောက်တုံး တစ်သန်းမှာ တစ်တုံးလောက်သာ ပြီးပြည့်စုံသောမီးလျှံအမြုတေအဖြစ် မွေးဖွားပေးလာနိူင်တယ် ''

'' ဒါကြောင့်လည်း နှစ်ထောင်ပေါင်းများစွာအတွင်း၊ ပြီးပြည့်စုံသောမီးလျှံအမြုတေ သုံးခုကိုသာ ရှာဖွေတွေ့ရှိခဲ့ဖူးတယ်၊ ဒါကြောင့် တတိယအဆင့် မီးလျှံအမြုတေအထက် ရရင်ကိုပဲ၊ အတော့်ကို မယုံနိုင်စရာကောင်းနေပြီ မဟုတ်လား..... "

ကျန်းယွီ၏ ရှင်းလင်းချက်သည် လင်းယွန်အတွက် ဗဟုသုတများစွာ ရရှိစေသည်။ နောက်ဆုံးတွင်၊ လင်းယွန်သည် ပြီးပြည့်စုံသောမူလမီးလျှံအမြုတေဖြင့်၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကို ဖန်တီးနိုင်မည်ဟု ရည်ညွှန်းထားခဲ့သော၊ မိုးကြိုးခန္ဓာကျင့်ကြံခြင်း နည်းစနစ်ရှိ စာသားအချို့အား ပြန်အမှတ်ရခဲ့သည်။

( '' ဆိုတော့.... ပြီးပြည့်စုံသောမူလမီးလျှံအမြုတေဆိုတာက ရဖို့မလွယ်ဖူးပေါ့... '' )

" အစ်ကိုကျန်း၊ အရင်တုန်းက ဒီလိုလူတွေ အများကြီးရှိလား...."

လင်းယွန်တို့ဘက်ခြမ်းတွင် အနည်းဆုံး လူနှစ်ရာမှ သုံးရာခန့်ရှိပြီး ဆန့်ကျင်ဘက်အရပ်တွင်လည်း ထိုမျှသောပမာဏခန့်ရှိပေရာ၊ ဤမျှများပြားလှသော ရှန်ရှင်းသိုင်းသမားများဝန်းကျင်တွင်၊ အရည်အသွေးမြင့် မီးလျှံကျောက်တုံးများကို ရရှိရန်၊ အခွင့်အရေး မရှိနိုင်ပေ။ သူ့မေးခွန်းအား ကျန်းယွီက ခေါင်းယမ်းပြလိုက်ပြီး၊

'' မဟုတ်ဖူး၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ စတင်များလာခဲ့တာ၊ အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေက မကြာမီဖွင့်တော့မယ်မလား၊ ဒီနေရာရှိတဲ့လူတိုင်းက သူတို့ရဲ့ကံကို စမ်းကြည့်ဖို့ ရောက်လာကြတာပဲ၊ ကံအနည်းငယ် ကောင်းရုံနဲ့တင် လျှို့ဝှက်နယ်မြေထဲမှာ ပိုကောင်းမဲ့ အခွင့်အရေး အချို့ကို ရရှိနိုင်တယ်လေ....''

လင်းယွန်သည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။ ဤနေရာရှိ လူများစွာသည် သူနှင့်တူညီသော အယူအဆကို မျှဝေထားပုံရသည်။

မီးတောင်မပေါက်ကွဲသည့်အချိန်၌ ကျင့်ကြံရုံမှ လွဲ၍အခြားမရှိပေ။ လင်းယွန်နှင့် ကျန်းယွီသည် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်၊ အနည်းငယ် ပင်ပန်းလာသောလင်းယွန်သည် ကျင့်ကြံရန် မျက်လုံးများမှိတ်ထားလိုက်သည်။

ဤနေရာတွင်ကျင့်ကြံခြင်းသည် မီးစွမ်းအင်ကိုအထူးပြု ကျင့်သုံးသူများအတွက် များစွာအကျိုးရှိပေသည်။ လင်းယွန်က မျက်လုံးများမမှိတ်ခင် အကွာအဝေးကို တိုင်းတာကြည့်လိုက်ရာ၊ သူထိုင်နေရာအရပ်သည် မီးတောင်ဝမှ အနည်းဆုံး မီတာနှစ်ထောင်အကွာ၌ ရှိပေသည်။ ထို့ကြောင့်ပင် ကျန်းယွီသည် အချိန်လေးလလုံးလုံး ကုန်ဆုံးသွားသော်လည်း၊ မီးလျှံကျောက်တုံးတစ်တုံးသာ ရရှိခဲ့ခြင်း ဖြစ်ပေမည်။

သို့သော်လည်း လင်းယွန်သည် သူ၏အကြံအစည်များကို ချမှတ်နေခဲ့ပြီး၊ မျက်လုံးများအားမှိတ်ကာ စတင်လေ့ကျင့်လိုက်၏။

ဤနေရာတွင် မီးစွမ်းအင်များ၏ သိပ်သည်းဆသည် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး၊ ၎င်းအား စုပ်ယူသန့်စင်ဝံ့သူ၊ မည်သူမဆို အောင်မြင်မှုများစွာကို ရရှိနိုင်ပေမည်။ သို့သော်လူတိုင်းသည် ထိုသို့သောမိုက်မဲသည့်အပြုအမူမျိုးကို မပြုဝံ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်မီးလျှံတောင်ထိပ်ရှိ မီးစွမ်းအင်များမှာ ကြမ်းတမ်းလွန်းလှသည်ဖြစ်ရာ၊ ကျင့်ကြံသူများအား အချိန်မရွေး နှလုံးပေါက်ကွဲ သေဆုံးသွားစေနိုင်သည် မဟုတ်ပါလော။

လင်းယွန်က ယန်သန့်စင်ခြင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ကာ၊ သူ၏ မီးစွမ်းအင် စုပ်ယူမှုနှုန်းအား ထိန်းချုပ် နှေးကွေးစေ လိုက်သည်။

ခဏအတွင်းမှာပင်၊ မီးတောင်ဝ၌ နေ့ရက်များစွာ ကုန်ဆုံးသွားခဲ့သည်။ ခွန်နှစ်ရက်ကြာပြီးနောက် တောင်ထွတ်သည် ရုတ်တရက် တုန်လှုပ်လာလေသည်။

'' ဝှူး......''

ထိုတုန်ယင်မှုကြောင့် လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ မျက်လုံးများတဖျပ်ဖျပ် ဖွင့်ကြည့်လာသည်။ ညအမှောင်အောက်၌ ၎င်းတို့၏ မျက်ဝန်းသည် ပိုးစုန်းကြူးများကဲ့သို့ အလင်းစများ လျှံထွက်နေကာ မီးတောင်ဝသို့ စိုက်ကြည့်လိုက်ကြ၏။

တုန်ယင်မှုနှင့်အတူ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်ကိုပင် သူတို့ကြားနေရသည်။ ၎င်းသည် ချော်ရည်များ တဟုန်းဟုန်းတောက်နေသည့် အသံပင်။

ထို့အပြင် ပတ်ဝန်းကျင် အပူချိန်သည်လည်း မြင့်တက်လာသဖြင့်၊ လူတိုင်းကို သိသိသာသာ ဖိအားများ ခံစားရစေသည်။ သူတို့သည် မြင့်မားသောအပူချိန်ကို ခုခံကာကွယ်ရန်အတွက်၊ အသုံးပြုထားသော ဝိညာဉ်စွမ်းအင်ပမာဏကိုပင် ထပ်မံ တိုးမြင့်လိုက်ရသည်။

"နောက်ဆုံးတော့ အသက်ဝင်လာပြီ... ''

ကျန်းယွီက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

"အသက်ဝင်လာပြီလား...."

လင်းယွန်က နားမလည်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။

'' ဟုတ်တယ် ဒါက မီးတောင် ပေါက်ကွဲတော့မယ့် လက္ခဏာပဲ၊ အသက်ဝင် ရုန်းကြွမှု ဖြစ်စဉ်က ကြာလေလေ ချော်ရည်မိုး ရွာသွန်းနူန်းက များလေလေ၊ ရှင်းရှင်းပြောရရင်၊ ယေဘူယျအားဖြင့် မီးတောင်ပေါက်ကွဲဖို့က ယခုမှစပြီး ငါးရက် ဒါမှမဟုတ် ခုနစ်ရက်အတွင်း ဖြစ်လာလိမ့်မယ် .....''

ကျန်းယွီ၏ ရှင်းပြလာမှုကြောင့် လင်းယွန်က စိတ်လှုပ်ရှားလာပြီး၊ အဝေးမှ မီးတောင်ဝကို လှမ်းကြည့်လိုက်ကာ၊ တစ်ချိန်တည်းမှာပင် သူသည် မီးတောင်အတွင်း၌ မည်သို့မည်ပုံ ရှိမည်ကို တွေးတောနေခဲ့သည်။

'' ညီငယ်လေးလင်း၊ အဲဒီအချိန်မှာ မင်းသတိထားရမယ်၊ ဒီမှာရှိတဲ့ လူတွေအကုန်လုံးက ဘာတွေတွေးနေမယ်လို့ မင်းက မခန့်မှန်းနိုင်ဖူး မဟုတ်လား၊ အရည်အသွေးမြင့် မီးလျှံ ကျောက်တုံး တစ်တုံးသာရှိရင်၊ သေချာတယ် မင်းက သူတို့အားလုံးရဲ့ပစ်မှတ် ဖြစ်လာလိမ့်မယ် ''

'' .............. ''

'' ဒီမှာလူတွေ အသေများတာက ချော်ရည်မိုးကြောင့် ချည်လို့ တကယ်ပဲ မင်းထင်လား၊............ ''

ကျန်းယွီက သူ့အသံအား တိုးလိုက်ကာ၊ လေသံဟဟဖြင့်၊ လင်းယွန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေသည်။

'' အဲဒါကို စိတ်မပူပါနဲ့ အစ်ကိုကျန်း၊ ငါသတိထားပါ့မယ်။"

လင်းယွန်က အပြုံးဖြင့် ပြန်ပြောကာ၊ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့စိတ်ထဲ၌ ကျယ်လောင်စွာ ရယ်မောနေခဲ့၏။

အထူးသဖြင့် ယခုအချိန်တွင် အပူချိန်မြင့်တက်လာသည်နှင့်အမျှ၊ ၎င်းအပူချိန်ကို တွန်းလှန်ရန်၊ ဤနေရာရှိလူတိုင်းသည် သူတို့၏ ဝိညာဉ်စွမ်းအင်များကို၊ ထုတ်ဖော်ရန် လိုအပ်နေပေသည်။ သို့သော် လင်းယွန်သည် ချွင်းချက်ဖြစ်ကာ၊ သူ၏ မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား ထုတ်ဖော်လျက်၊ အပူရှိန်ကို ခုခံနိုင်ပေသည်။ ထို့ကြောင့်ပင် အခြားသူများကဲ့သို့ အာရုံထွေပြားနေရန် မလိုအပ်ချေ။

၎င်းအပြင် ဝှက်ဖဲတစ်ချပ်အဖြစ် သူ၏ရှေးဟောင်းဓားသေတ္တာ ရှိနေသေးပေ၏။ ဤသို့သော ဝှက်ဖဲများဖြင့်၊ ပေါ့လျော့မှုမရှိပါက၊ ရှန်ရှင်းဆဋ္ဌမအဆင့်မှ တစ်စုံတစ်ယောက်အား ရင်ဆိုင်တိုက်ခိုက်ရန်ပင်၊ သူ့ကိုယ့်သူ စိတ်ချ ယုံကြည်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ခြောက်ရက်တာ ကုန်ဆုံး သွားပြန်၏။ ကောင်းကင်မီးလျှံတောင်ထိပ်၏ အပူချိန်သည် မြင့်တက်လာပြီး၊ ဤနေရာရှိ လူအုပ်ကြီးကို ဖိအားများ ခံစားစေခဲ့သည်။ ယခုအချိန်တွင် မီးတောင်ပေါက်ကွဲ လာပါက၊ မြင့်မားသော အပူချိန်များအောက်တွင်၊ ချော်ရည်မိုးများအား ရှောင်ရှားကာ၊ ကျင့်ကြံသူများစွာ၏ လောဘကို ခုခံရင်ဆိုင်ရန်၊ တစ်ဦးတစ်ယောက်စီတိုင်းက ခက်ခဲစွာ တိုက်ပွဲ ဝင်ရပေတော့မည်။

"မပေါက်ကွဲ သေး ဘူး လား"

ကျန်းယွီ၏ အမူအရာသည် လေးနက်လာပြီး၊ မျက်မှောင်ကြုတ်လိုက်၏။ ဤအကြိမ်မီးတောင်လှုပ်ရှားမှုသည် ထူးခြားလှကြောင်း ရိပ်မိလိုက်မိသည်။

"အစ်ကိုကျန်း.... ဘာထူးလို့လဲ"

လင်းယွန်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

'' ခုဆို ခြောက်ရက်ရှိပြီ၊ ဒါပေမယ့် ကောင်းကင်မီးလျှံတောင်ထိပ်က ကန့်သတ်ချက်ဆီ ရောက်ဖို့ အရိပ်အယောင်မပြသေးဘူး၊ လက်ရှိအခြေအနေအရ အနည်းဆုံး ဆယ်ရက်လောက်ကြာဦးမယ် ထင်တယ် ''

လင်းယွန်၏ မျက်နှာအမူအရာသည် ထိုစကားကိုကြားသောအခါတွင် အတွေးထဲနစ်မျောသွားဟန်ဖြင့် ငြိမ်သက်သွားသည်။ ၎င်းအားဥပမာပြုရပါက ထိုဖြစ်စဉ်သည် ကျင့်ကြံသူများမှ သူတို့၏ စွမ်းအားကို တည်ဆောက်ပုံနှင့် တူသည်။ ဆယ်ရက်အကြာမှသာ မီးတောင်ပေါက်ကွဲပါက သာ၍ ကြောက်မက်ဖွယ် ကောင်းပေမည်။

အခြားတစ်ဖက်တွင်လည်း ဤပေါက်ကွဲမှုကို ပထမဆုံးအကြိမ် အဖြစ် တွေ့ကြုံရမည် ဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှား သွားခဲ့သည်။ သို့သော် ကျန်းယွီ မှန်းဆထားသကဲ့သို့၊ ကောင်းကင်မီးလျှံတောင်ထိပ်သည် ဆယ်ရက်အကြာတွင်၊ ကန့်သတ်ချက်သို့ ရောက်ရန် အရိပ်အယောင် မရှိခဲ့ပေ။

" သက်ဝင်လှုပ်ရှားတဲ့ အခြေအနေက အနည်းငယ် ကြောက်စရာကောင်းလောက်အောင် ရှည်လျားလွန်းတယ် "

"နောက်ထပ် ငါးရက်လောက်တော့ ကြာမယ်ထင်တယ်။"

"ဒီလိုပေါက်ကွဲမှုက ချော်ရည်မိုးတွေကြောင့် လူတွေသေသွားမှာကို ငါကြောက်တယ်။"

လူတိုင်းသည် သူတို့၏ထင်မြင်ယူဆချက်များကို မျှဝေလိုက်ကြပြီး၊ လေထုသည် ဆိုးရွားလာခဲ့လေပြီ။

" ကြည့်စမ်း ............စီနီယာဝမ်တောင် ပြန်ဆုတ်သွားပြီ...."

မီးတောင်ဝနှင့် မီတာတစ်ရာအကွာအဝေး၌၊ ရှိနေသော အဘိုးအိုသည် လေးနက်သောအမူအရာဖြင့်၊ နောက်သို့ မီတာတစ်ရာခန့် ရွေ့လျားသွားခဲ့သည်။

အဘိုးအိုသည် သူ၏ကျင့်ကြံမှုအရ ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း၊ ဤအချိန်၌ သူ့အားအနည်းငယ်ပင် ကြောက်ရွံ့သွားစေသည်။

တစ်ချိန်တည်းမှာပင် အဘိုးအို၏ ဆုတ်ခွာမှုကြောင့် လူအများသည် ကြောက်ရွံ့ထိတ်လန့်ခဲ့ကြသည်။

'' ဝှစ်.......... ''

လူတိုင်း ဆုတ်ခွာလာသည့် အသံသည် ဆူညံစွာအသက်ဝင်လာလေသည်။ ကျန်းယွီနှင့်လင်းယွန် တို့သည်လည်း ပေါ့ပေါ့တန်တန် မယူဝံ့ကြပေ။ သူတို့နှစ်ဦးသည် အနောက်ဘက်ဆုံး၌ ရှိနေကြရာ၊ ယခုအကြိမ် ဤသို့ နောက်ဆုတ်လိုက်ခြင်းဖြင့်၊ ၎င်းတို့နှစ်ဦးမှာ တောင်ထိပ် အစွန်းသို့ ရောက်ရှိ သွားတော့သည်။

သို့သော် နောက်ထပ် ငါးရက်အကြာသည် အထိ၊ သက်ဝင်လှုပ်ရှားခြင်း အခြေအနေသည် ကန့်သတ်ချက်သို့ရောက်ရှိရန် အရိပ်အယောင် မပြသခဲ့ပေ၊ တစ်လခွဲအထိ ထပ်မံ ကြာမြင့်သွားခဲ့လေသည်။

'' ဒီကိုရောက်တဲ့ လေးလအတွင်းမှာ အကြာဆုံး 'သက်ဝင်လှုပ်ရှားခြင်း'ကတောင် ဆယ်ရက်ပဲရှိတယ်၊ အဲဒီတုန်းက ချော်ရည်တွေ ရွာပြီး လူဆယ်ဦးကျော် သေဆုံးခဲ့တယ်၊ ဒီတစ်ကြိမ် ကတော့ သက်ဝင်လှုပ်ရှားခြင်း အခြေအနေကတင်၊ တစ်လခွဲလောက်ကြာ နေပြီး၊ ဒါကလည်း အဆုံးသတ်မယ့် အရိပ် အယောင်တောင် မတွေ့ရသေးပါလား။... ''

***

All Chapters