← Chapters

တိုက်ပွဲ။

Vol. 8 Ch. 112

တိုက်ပွဲ။

Vol. 8 Ch. 112

" တိတ်စမ်း မင်းက ဒီမှာလေးလပဲ ရှိသေးတယ်၊ ငါဒီကိုရောက်နေတာ တစ်နှစ်ရှိပြီ၊ ဒီလောက်ကြာတဲ့အခြေအနေမျိုးကို မတွေ့ဖူးဘူး...."

ရှန်ရှင်းပဉ္စမအဆင့် အဖိုးအိုတစ်ဦးသည် စူးရှစွာစိုက်ကြည့်လာပြီး အလိုမကျဟန်ဖြင့်၊ ကျန်းယွီကို ငေါက်ငမ်းလာသည်။

လင်းယွန်သည် စကားသံ၏ အရင်း အမြစ်ကို ကြည့်လိုက်ရာ၊ ၎င်းသည် အသက် ငါးဆယ်ကျော် အဘိုးကြီးတစ်ဦး ဖြစ်သည်။ ကျန်းယွီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ အဘိုးကြီးနှင့် ရန်ဖြစ်စရာ အကြောင်းမရှိသဖြင့် လင်းယွန်ဘက်သို့ လှည့်ကာ၊

'' ညီငယ်လင်း၊ သတိထား၊ ဒီတစ်ခါတော့ အရမ်းပြင်းထန်တဲ့ ချော်ရည်မိုးတွေရွာလာမှာကို ကြောက်မိတယ် ''

'' ဟုတ်လား။ ''

တော်ထိပ် ပေါ်ရှိ ရှန်ရှင်း သိုင်းသမား များသည် လေးနက်သော အမူအရာ များကို ထုတ်ဖော်လျက်၊ အချင်းချင်း ဆွေးနွေး လာကြ၏။

'' ဒီလိုကြာရှည်တဲ့ အခြေအနေမျိုးက ရှားပါတယ်၊ ဆဌမအဆင့် ဒါမှမဟုတ်၊ သတ္တမအဆင့်မီးလျှံအမြုတေတွေများ၊ ဒီတစ်ကြိမ် ထွက်ပေါ်လာမလား မသိဘူး.... ''

" ...ဟား ဟား ဟား ၊ ဒါပေမယ့် မင်းလိုချင်ရင် မင်းအသက် ရှင်နေရမယ် မဟုတ်လား ''

'' ဒါပေါ့၊ မင်း အားနည်းနေရင် ကိုယ့်ကိုယ်ကိုတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး၊ ဒီတစ်ခါ လူဘယ်လောက် သေလိမ့်မယ် ဆိုတာကို ငါတွေးကြည့်လို့တောင်မရဖူး..."

အခုချိန်တွင် ကျင့်ကြံသူအားလုံးသည် တူညီသောအတွေးအမြင်များကို မျှဝေခဲ့ကြသည်။ မီးလျှံကျောက်တုံးလုယူပွဲတွင် အသက်များစတေးကြရမည့်အကြောင်းကို ပြောသည့်အချိန်၌၊ အကြည့်များစွာသည် လင်းယွန်ထံသို့ရောက်ရှိလာကာ၊ ရယ်ကာမောကာဖြင့် ပြန်လှည့်သွားကြ၏။

" ဒီကောင်လေးက အခုထိရှိနေတုန်းပဲလား၊ ကောင်းပြီ၊ သူရဲ့ ပထမဆုံးအကြိမ်မှာ ဒီလိုကြုံခဲ့ရတာက နောက်ဆုံးပဲဖြစ်လိမ့်မယ် ....''

" တစ်ယောက်ယောက်သေရမယ်ဆိုရင် ဒီကောင်လေးက ပထမဆုံးဖြစ်မယ် ထင်တယ် "

ဤနေရာရှိ လူတိုင်းသည် အနည်းဆုံးတော့ ရှန်ရှင်းနယ်ပယ် ပဉ္စမအဆင့်တွင် ရှိနေကြသည်ကြောင့်၊ လင်းယွန်၏ တည်ရှိမှုသည် အလွန်ထင်ရှားလွန်းသဖြင့်၊ ၎င်းသည် လူတကာအတွက် ဟာသတစ်ခုဖြစ်နေခဲ့ လေသည်။

( '' ဟားဟား ဟား၊ ငါ့ကို သေစေချင်ကြတာလား...... '' )

ထို့ကြောင့်ပင် လင်းယွန်သည် စိတ်ထဲ၌ ကြိတ်ရယ်လိုက်ကာ လူအုပ်ထံသို့ ဝေ့ကြည့်လိုက်မိသည်။

'' ဗုန်း........ ဗုန်း ဗုန်း ''

ရုတ်တရက် ကောင်းကင်မီးလျှံတောင်ထိပ်မှ စည်းချက်ညီညီ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းသည် ရှေးဦးသားရဲတစ်ကောင်၏ နှလုံးခုန်သံနှင့်တူလှပြီး၊ တောင်တစ်ခုလုံးအား တုန်ယင်သွားစေသည်အထိ ပြင်းထန်ပေ၏။

"နောက်ဆုံးတော့ ကန့်သတ်ချက်ပြည့်သွားပြီ...."

မီးတောင်ဝဆီသို့ လှမ်းကြည့်ကာ၊ လူများစွာ၏ မျက်နှာများသည် ပြောင်းလဲသွား၏။

မီးတောင်ဝတွင် မီးတောက်များ လျှံထွက်လာပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်တွင် လူအုပ်ကြီးသည် လေးနက်နေခဲ့ပြီး၊ စိတ်လှုပ်ရှားဖွယ်ရာ အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။ ဤတစ်ကြိမ်၌ ချော်ရည်မိုး ရွာချမှုသည် ရိုးရှင်းမည်မဟုတ်ကြောင်း သူတို့ကသိရှိထားသော်လည်း၊ အန္တရာယ်နှင့် အခွင့်အလမ်းမှာ အမြဲတစေ ပူးတွဲလျက် ရှိနေတက်သည်ကို လက်ခံထားကြဆဲပင်။

'' ................ ''

လူတိုင်း၏နှလုံးသားသည် ဗုံတီးသံများကဲ့သို့ တဆတ်ဆတ်တုန်ခါလာကာ၊ မီးတောင်အတွင်းမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့် ထပ်တူကျနေခဲ့သည်။ သူတို့၏ နှလုံးသားများတွင် စိတ်လှုပ်ရှားခြင်း၊ စိတ်မသက်မသာခြင်းများဖြင့် ပြည့်နှက်နေခဲ့၏။

'' ဘယ်လောက်တောင် ရူးသွပ်လိုက်လဲ ''

လင်းယွန်က သက်ပြင်းချကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ချော်ရည်မိုးများ မရွာခင်၌ပင် လေထုသည်တင်းမာနေခဲ့လေပြီ။ ဤမီးတောင်ပေါက်ကွဲသည့်အခါတွင် အခြေအနေမည်မျှ ဖရိုဖရဲ ဖြစ်လာမည်ကို တွေးဆ၍ မရနိုင်ပေ။

'' ........ ဝှူးရှ် ''

ရုတ်တရက် ပေါက်ကွဲသံများ ရပ်တန့်သွားကာ လှုပ်လှုပ်ရွရွ တောင်ကြီးသည်လည်း စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားပြီးနောက်၊ ကြက်သွေးရောင် ရေစက်ကြီးတစ်စက်ကဲ့သို့သော မီးလျှံအလုံးကြီးတစ်လုံးသည် မီးတောင်ထိပ်ဝနေ၍ ပြင်းထန်စွာ ပြေးထွက်သွား၏။ ထိုပွင့်ထွက်လာမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်သည်၊ နောက်ပါးမှ ကပ်ညိပါဝင်နေခဲ့လေပြီ။

ဤသို့သောမြင်ကွင်းမျိုးကို လင်းယွန်က ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် ၎င်းဖြစ်စဉ်သည် ယခင်အချိန်၌ မြင်ဖူးထားခြင်းမရှိသော်လည်း၊ သူ့မျက်လုံးများရှေ့တွင် အပျက်သဘောဆောင်သည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာနိုင်မည်ဟု တပ်အပ်သိရှိထားမိ၏။

တစ်ဆက်တည်းမှာပင်၊ လလင်းယွန်သည် ချော်ရည်ပူဖောင်းကို ကြည့်လျက်၊ တုန်လှုပ်ခြင်းမှ ပြန်လည်သက်သာလာချိန်တွင်၊ ၎င်းအပူလှိုင်းသည် သူ့ဆီသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

'' သောက် ပဲ ဟေ့ ''

လင်းယွန်က အတွင်းကျကျ ကျိန်ဆဲလိုက်ပြီး၊ ထိုအပူလှိုင်းကြီးအား လက်သီးဖြင့် ထိုးချလိုက်၏။

'' ဘုန်း......''

လက်သီးမှ ထွက်ပေါ်လာသော ဝိညာဥ်စွမ်းအင်များသည်၊ အပူလှိုင်းများဖြင့် တိုက်မိသည့်အချိန်၌ ပေါက်ကွဲသံကြီးတစ်သံ ဖြစ်ပေါ်လာကာ၊ နောက်ဆက်တွဲ အခြေအနေ များအရ၊ အတွင်းအင်္ဂါများသည် ၎င်း၏ သက်ရောက်မှုကြောင့် တုန်ယင်သွားပြီး၊ ခန္ဓာကိုယ်အတွင်း၌ ကမောက်ကမ ဖြစ်စဉ်များ ဖြစ်ပေါ် လာစေရာ၊ လင်းယွန်က အလျင်အမြန် ထိန်းချုပ် လိုက်ရ၏။

ထို့နောက် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ရာ၊ ကျင့်ကြံသူတိုင်းသည် ၎င်းအပူလှိုင်းဒဏ်ကို ခုခံရန်အတွက် သူတို့၏အမျိုးမျိုးသော နည်းစနစ်များအား ထုတ်ဖော်လိုက်ရပြီး၊ ထိုမှတဆင့် အသီးသီးသောသူတို့၏ စွမ်းရည်ကွာခြားမှုကို တွေ့မြင်လိုက်ရသည်။

အချို့သောကျင့်ကြံသူများသည် အပူလှိုင်းကို လွယ်လွယ်ဖြင့် ဖြတ်ကျော်သွားနိုင်ကြပြီး၊ တစ်ချို့မှာ ခက်ခက်ခဲခဲပင် ကျော်လွှားနေခဲ့ရလေပြီ။ စက္ကန့်ပိုင်း အတွင်းတွင် မြင်ကွင်းတစ်ခုလုံးသည် ဖရိုဖရဲ အသွင်အပြင် အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

"အဆင်ပြေရဲ့လား ညီငယ်လင်း"

ကျန်းယွီသည် လင်းယွန်၏ ဖြူဖျော့သော မျက်နှာပြင်ကို မြင်သောအခါ မေးမြန်းလိုက်၏။

" ......အဆင်ပြေပါတယ်။"

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး၊ ကောင်းကင်ယံအထက်ရှိ မီးလျှံပူဖောင်းကြီးအား ကြည့်လိုက်ကာ၊ ထိတ်လန့်မှုအား ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။

၎င်းအား တွေ့မြင်ဖူးခြင်း မရှိပါက၊ ဤပေါက်ကွဲမှု ဖြစ်စဉ်မှ ဖြစ်ပေါ်လာသော အပူလှိုင်းကြီးမှာ၊ မည်၍ မည်မျှ ပြင်းထန်လှသည်ကို တွေးတောနိုင်မိမည် မဟုတ်ပေ။

သို့သော် ထိုအပူလှိုင်းကြီးသည် ဤမျှအားကောင်း လှသော်ငြားလည်း၊ ကောင်းကင် မီးလျှံ တောင်ထိပ်ပေါ်ရှိ ကျင့်ကြံသူ တစ်ဦး တစ်ယောက်ကိုမျှ တားဆီး နိုင်ခြင်း မရှိကာ၊ ၎င်းတို့ အားလုံး၏ မျက်ဝန်း များတွင် လောဘရောင်များ တောက်ပ လျက်ဖြင့်၊ ချော်ရည်မိုးများ ရွာချမည့် အချိန်ကို စောင့်မျှော်နေခဲ့ ကြလေသည် ။

ကောင်းကင်ယံရှိ မီးလျှံပူဖောင်းကြီးသည် အရှိန်အကန့်အသတ်သို့ ရောက်ရှိသည်နှင့်၊ ဆပ်ပြာပူဖောင်းတစ်လုံးအား အပ်ဖြင့် ထိုးခွဲလိုက် သကဲ့သို့ ၊ ပေါက်ကွဲထွက်သွားပြီး၊ သွေးနီရောင်အဆင်းများ တောက်ပနေသော ချော်ရည်မိုးများ ရွာချလာလေသည်။

'' ............... '''

နောက်တစက္ကန့်တွင်၊ ချော်ရည်များသည် ကောင်းကင်မီးလျှံတောင်ထိပ်တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး၊ မိုးစက်များပုံစံဖြင့် ကျဆင်းလာ၏။

၎င်းချော်ရည်မိုးရွာသွန်းမှုအတွင်း၊ မီးလျှံကျောက်တုံးများကို၊ ဖျတ်ခနဲ ဖျတ်ခနဲ တွေ့မြင်နိုင်ပေမည်။

ထိုမီလျှံကျောက်တုံးများသည် ကျင့်ကြံသူတိုင်း အသက်စွန့်၍ လိုချင်လှသော မီးလျှံအမြုတေများပင်၊ ထို့ကြောင့် ဤနေရာရှိ လူတိုင်းမှာ ချော်ရည်မိုး ရွာသွန်းမှုကို တွန်းလှန်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်သိုင်းနည်းစနစ်များကို အသုံးပြုလိုက်ပြီး၊ မီးလျှံကျောက်တုံးများအား တတ်နိုင်သမျှ၊ လိုက်လံရှာဖွေ လုယူခဲ့ကြလေသည်။

'' ဝှစ်.......... ဝှစ် ဝှစ် ''

ချော်ရည်မိုးနှင့် နီးစပ်သူ များသည် မီးလျှံ ကျောက်တုံး များကို ဖမ်းယူရန် ကောင်းကင်သို့ ခုန်တက် သွားကြသည်။ တစ်ချိန်တည်းမှာပင် နာကျင်အော်ဟစ်သံများ ထွက်ပေါ်လာသည်။

၎င်းတို့သည် ချော်ရည် မိုးများ၏ စွမ်းအားကို လျှော့တွက် ထားခဲ့ကြရာ၊ ထိုချော်ရည်များ ထိကပ်လိုက် သည်နှင့် အပူရှိန်သည် အရိုးများ အထိ လောင်ကျွမ်း ပြာကျ သွားကြသည်။

ထိုမြင်ကွင်းကြောင့် သူတို့၏ နှလုံးသားများ ကြောက်ရွံ့ တုန်လှုပ် သွား၏။ ဤအကြိမ် ချော်ရည်မိုး ရွာသွန်းခြင်း နောက်ကွယ်မှ ကြောက်မက်ဖွယ် စွမ်းအားကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရပြီး၊ သူတို့အားလုံးကို တွန့်ဆုတ် သွားစေသည်။

အခြားတစ်ဖက်တွင် လင်းယွန်သည်လည်း ချော်ရည်မိုးရွာချခြင်းကို ဂရုတစိုက် ရှောင်ရှား နိုင်ခဲ့သည်။ သူက ချော်ရည်မိုးများ အားပျော့ သွားသည် အထိ စောင့်ကာ၊ လိုက်လံဖမ်းယူ မည်ဟု ကြံဆထား၏။

သို့သော်လည်း၊ ရှောင်လွှဲ၍ မရသော အခြေ အနေများ ဖြစ်ပေါ်လာပြီး၊ ရိုက်ခတ် လာသော အပူရှိန်ကို တွန်းလှန်ရန် လိုအပ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် ၎င်းတို့၏ ပေါ့လျော့မှုကြောင့် အန္တရာယ်များ ကျရောက်နေကြ၏။ ထိုပေါ့ဆမှုကြောင့် လောင်ကျွမ်း သေဆုံးသွားကြသူများ၏ မြင်ကွင်းသည် ထိတ်လန့်ကြေကွဲဖွယ် ကောင်းလွန်းခဲ့ပေသည်။

" ဒီကောင်လေးက အခုချိန်ထိ အသက်ရှင်နေနိုင်တုန်းလား"

တစ်ချိန်တည်းမှာပင် လူအချို့သည် သတိတရဖြင့် လင်းယွန်အား စူးစမ်းလာခဲ့ကြသည်။

ပတ်ဝန်းကျင် အပူချိန်သည် မြင့်မားနေပြီး ချော်ရည်မိုး ရွာသွန်းခြင်းကို ခုခံနိုင်ရန်မှာ မည်မျှ ခက်ခဲမည်အား သူတို့ သိရှိကြသည်။ သို့သော် ဤကောင်လေးသည် ရှန်ရှင်းတတိယ အဆင့် ကျင့်ကြံမှုဖြင့်၊ အမှန် တကယ်ပင် ရုန်းကန် လွတ်မြောက် နေခဲ့သည်။ ထို့အပြင်၊ သူသည် ၎င်းတို့ထက်ပင် ပို၍ သက်တောင့်သက်သာ ရှိနေပုံရ၏။

" အဆင့်(၆) မီးလျှံကျောက်တုံးလား......"

" စီနီယာဝမ်က ဆဌမအဆင့် မီးလျှံကျောက်တုံးကို ရှာတွေ့သွားပြီ....."

အာမေဋိတ်သံများကြောင့် လင်းယွန်က မျက်ခုံးပင့်ကာ ကြည့်လိုက်၏။ ရှန်ရှင်း သတ္တမ အဆင့် အဘိုးအိုသည်၊ မီးလျှံကြိုးအလွှာ ခြောက်လွှာ ဖြစ်ပေါ် နေသော လက်သီးအရွယ် မီးလျှံ ကျောက်တုံး တစ်တုံး နောက်သို့ ပျံသန်း လိုက်ပါ သွားကာ၊ ချော်ရည် မိုးများ ကြားတွင် မကြောက်မရွံ့ ယိမ်းနွဲပြေးလွှား နေခဲ့သည်။

မီးလျှံကျောက်တုံးသည် ဝိညာဉ် အသိ အချို့ ပိုင်ဆိုင် ထားရာ အန္တရာယ် အငွေ့အသက် များကြောင့်၊ ဗီဇသိ စိတ်အရ ကောင်းကင်ယံသို့ ဖြတ်သန်း ထွက်ပြေးရန် အလိုရှိခဲ့သော်လည်း၊ ထိုအဘိုးအို၏ ပိတ်ဆို့ ဖမ်းဆီးခြင်းမှ မလွတ်မြောက် ခဲ့ပေ။

" ရှန်ရှင်း သတ္တမ အဆင့်ရဲ့ ဖိအားက.. ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။"

၎င်း၏ အရှိန်အဝါဖိအားများအား တွေ့မြင် လိုက်ရသောအခါ လင်းယွန်က မှင်တက် သွား၏။ ရှန်ရှင်းသတ္တမအဆင့်သည် ရှန်ရှင်း နယ်ပယ်၏ အထွတ်အထိပ် ဖြစ်တည်မှုမျိုး ဖြစ်ကာ၊ ထို့ကြောင့်ပင် ယင်းအဖိုးအို၏ စွမ်းအားသည် လူတိုင်းအား မသက်မသာ ဖြစ်စေခဲ့သည်မှာ သဘာဝကျပေသည်။

'' ညီငယ်လင်း၊ ငါ အခု သွားတော့မယ်၊ သတိထားပါ။"

'' ဝှစ်......... ''

ကျန်းယွီသည် မီးလျှံကျောက်တုံး တစ်တုံး ဆီသို့ မျက်လုံးများ အသေ စောင့်ကြည့်လျက် လေထုထဲ တိုးဝင် ပျံတက်သွား၏။

လင်းယွန်က ခေါင်းညိတ်လိုက်ကာ၊ ချော်ရည်မိုးများ အတွင်းသို့ အာရုံစိုက် ထားမိ သည်။ ယခုအကြိမ် ပေါက်ကွဲမှုတွင် အရည်အသွေး မြင့်မားသော မီးလျှံကျောက်တုံးများ ထွက်ပေါ်လာ နိုင်ပေသည်။

ထို့ကြောင့် တတိယအဆင့် အောက်ရှိ မီးလျှံကျောက်တုံးများအား လျစ်လျူရှုထားကာ၊ အနည်းဆုံး စတုတ္ထအဆင့်များကိုသာ ရယူရန် ရည်ရွယ်ထားမိ၏။

" တွေ့ပြီ မင်းပဲ ..."

ရုတ်တရက် ဝိညာဉ်မီးလျှံကြိုးငါးလွှာဖြင့် ဖုံးလွှမ်းနေသောမီးလျှံကျောက်တုံးတစ်တုံးကို မြင်လိုက်မိသည်နှင့်၊ လင်းယွန်၏ မျက်လုံး များမှာ တောက်ပလာသည်။

ယင်းနောက်တွင် မြေပြင်ပေါ်သို့ သူ့လက်ဖဝါးများကို ပုတ်လိုက်ကာ၊ ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ အရှိန်အဝါအား ထုတ်လွှတ်လိုက်၏။

အထက်သို့ တိုးထွက်ရာလမ်းတစ်လျှောက် သူ့လမ်းကြောင်းပေါ်ရှိ ပိတ်ဆို့နေသော ချော်ရည်မိုးများအား လက်သီးဖြင့် ထိုးခွဲ လိုက်ရကာ၊ ချဉ်းကပ် လာမိသည်နှင့်အမျှ ပဉ္စမ အဆင့် မီးလျှံကျောက်တုံးထံမှ မီးဝိညာဉ် အော်မြည်သံများကိုပင် ခပ်တိုးတိုး ကြားနေရပေသည်။

စိတ်လှုပ်ရှားစွာဖြင့် သူက လက်လှမ်းလိုက်သော်လည်း၊ ရုတ်တရက် လူရိပ်တစ်ရိပ်က ငေါက်ငမ်းလျက် လင်းယွန်အား ဟန့်တားလာသည်။

ထိုလူရိပ်သည် အစောပိုင်း၌ ကျန်းယွီကို ဒေါသတကြီး အော်ငေါက်ခဲ့သော အဘိုးအိုပင် ဖြစ်သည်။ ထိုအဘိုးအိုသည် သူ၏ အရှိန်အဝါအား ထုတ်ဖော်လျက်၊ လက်ဖဝါးဖြင့် လင်းယွန်အား ရိုက်ချလာလေသည်။

၎င်းလက်ဖဝါးရိုက်ချက်ကြောင့် လင်းယွန်သည် တုံ့ဆိုင်းသွားပြီး၊ အဘိုးအိုအား ငဲ့ကြည့်မိကာ၊ သူ့ရှေ့သို့တိုးဝင်လာသည့် ထိုလက်ဖဝါးကို ရှောင်တိမ်းရန်အတွက်၊ လေထဲ၌ပင် ခြေလှမ်းတစ်လှမ်း ဆုတ်ခွာ လိုက်ရသည်။

'' မင်းကိုယ်မင်း သတိရပါ၊ ဒီလို အဆင့်ငါး မီးလျှံကျောက်တုံးမျိုးက၊ မင်းပိုင်ဆိုင်သင့်တဲ့ အရာမဟုတ်ဖူး........။ ''

အဘိုးအိုက ဟစ်အော်ခြိမ်းခြောက်လိုက်ပြီး၊ မီးလျှံကျောက်တုံးကို လှမ်းကိုင်လိုက်သည်။ ထိုအဘိုးအို၏ လုပ်ရပ်သည် လင်းယွန်ကို ဒေါသထွက်သွားစေသည်ဖြစ်ရာ၊ ချက်ချင်းပင် ဓားသေတ္တာအား ဖြုတ်ယူလိုက်ပြီး၊ လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ လွှဲရိုက်လိုက်၏။

"ဘယ်လောက်တောင် မိုက်မဲလွန်းတဲ့ ဖားငယ်လေးလဲ....."

အဘိုးအိုက လင်းယွန်၏တိုက်ခိုက်မှုကို ကိုင်တွယ်ရန် ဘယ်လက်ကို မြှောက်ကာ လှောင်ပြောင်လိုက်သည်။ လင်းယွန်၏ တိုက်ခိုက်မှုကို အလေးအနက် မထားသောကြောင့်၊ သူ၏ ညာလက်က ပဉ္စမအဆင့် မီးလျှံကျောက်တုံးအား ဆက်လက်လှမ်းယူလိုက်သည်။ သို့သော် ရှေးဟောင်းဓားသေတ္တာအား သူ့လက်ဖြင့် ထိမိလိုက်သည်နှင့် တစ်စုံတစ်ရာ မှားယွင်းနေခဲ့ပြီဟု သိရှိလိုက်သော်ငြားလည်း၊ ၎င်းသည် များစွာနောက်ကျ သွားခဲ့လေပြီ။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် ထိုဓားသေတ္တာကြောင့် သူ့လက်မောင်းရိုးများ ကွဲအက်သွား၏။

'' ဘုန်း...... ''

အဘိုးအိုက နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ မယုံကြည်နိုင်ဟန်ဖြင့် ဓားသေတ္တာအား စိုက်ကြည့်လိုက်လေသည်။ ၎င်းဓားသေတ္တာသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု တွေးမိခြင်း မရှိခဲ့ပေ။

" သွားစမ်း....."

လင်းယွန်က ထိုအခွင့်အရေးကို လက်လွတ်မခံပဲ၊ အဘိုးကြီး၏ခေါင်းအား နင်းလျက် မြေပြင်ပေါ်သို့ တွန်းကန်လိုက်ပြီး၊ သူ့အရှိန်အား ထပ်မံ တိုးမြင့်လိုက်ကာ မီးလျှံကျောက်တုံးအား ဖမ်းယူလိုက်သည်။

" ရပြီ......"

လင်းယွန်သည် ပဉ္စမအဆင့်မီးလျှံကျောက်တုံးအား ဝမ်းသာအားရဖြင့် ဆုပ်ကိုင်လိုက်ကာ၊ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်၏။ ၎င်းဖြစ်စဉ်သည် အသက်တရှိုက်စာအတွင်း၊ လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ရာ၊ ပတ်ဝန်းကျင်ရှိ လူအချို့သည်ပင် သတိပြုမိလိုက်ခြင်း မရှိပေ။

မီးလျှံကျောက်တုံးကို သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက်၊ လင်းယွန်က ပြုံးရယ်လိုက်ကာ၊ မြေပြင်ပေါ်၌ လဲကျနေသောအဖိုးအိုအား ငုံ့ကြည့်လိုက်၏။

" အဖိုးကြီး၊ ငါ့ဆီကနေ တစ်ခုခုကို လုယူဖို့ ကြိုးစားရတာ ဘယ်လိုနေလဲ၊ မင်းအတွက် အကြံဉာဏ်တစ်ခု ပေးပါရစေ၊ တစ်ယောက်ယောက်ရဲ့ ပစ္စည်းကို တစ်ချိန်လုံး ခိုးယူဖို့ ကြံဆမနေပါနဲ့ ....."

***

All Chapters