သတ်။
Vol. 9 Ch. 113
" လူယုတ်မာကောင် ငါမင်းကို သတ်မယ် "
အဘိုးအိုက သူ့ခြေထောက်များကို စောင့်နင်းလျက် လေထုထဲသို့ ခုန်ဝင်လိုက်ပြီး၊ ပဉ္စမအဆင့် အရှိန်အဝါများ နှင့်အတူ လျင်မြန်စွာ တိုက်ခိုက်လာလေသည်။
အဘိုးအိုသည် သူ၏ ညာလက်ကိုသာ အသုံးချ နိုင်သော်လည်း၊ ၎င်းသည်ပင် ကြောက်မက်ဖွယ် ကောင်းလွန်း ခဲ့ပေသည်။ ကျင့်ကြံမှုအဆင့် နှစ်ဆင့် ကွာဟမှုသည် လင်းယွန်အား ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ယုံကြည်မှုမရှိသေးပေ။
သို့သော် လင်းယွန်သည် ထိတ်လန့်ခြင်း မရှိခဲ့ပဲ၊ သူ့ပြိုင်ဘက်သည် လက်တစ်ဖက်သာ အသုံးပြု နိုင်တော့သည် ဖြစ်ရာ၊ တိုက်ခိုက်ရာ၌ အလျင်လိုခြင်း မရှိ။
" ဒီကောင်လေးကို ကြည့်လိုက်စမ်း သူ့သေခြင်း တရားကို သူ ခေါ်ဆောင်လာ ခဲ့တာပဲ......."
" ရှန်ရှင်းပဥ္စမအဆင့်သိုင်းသမား တစ်ယောက်က လက် တစ်ဖက်တည်း နဲ့တောင်၊ သူ့ထက် အဆင့် နှစ်ဆင့် နိမ့်တဲ့ လူတစ်ယောက်ကို တိုက်ခိုက် တာက၊ ပုရွက်ဆိတ် တစ်ကောင်ကို သတ်သလို လွယ်ကူနေတုန်းပဲမလား ..... "
'' ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ။ ''
မီးလျှံကျောက်တုံးတိုက်ပွဲသည် အထွတ် အထိပ်သို့ ရောက်ရှိခဲ့သည်။ လင်းယွန်နှင့် အဘိုးအိုကြား တိုက်ပွဲကို ကြည့်ရှုပြီးနောက်၊ လူပေါင်းများစွာသည် လင်းယွန်အား လှောင်ပြောင် ရယ်မောလိုက် ကြသည်။
အခြားတစ်ဖက်တွင် အဘိုးအို၏ လက်ဖဝါး ရိုက်ချက်များသည် ပြင်းထန် လွန်းလှသည် ဖြစ်ရာ၊ လင်းယွန်အား ထိမိရုံဖြင့်ပင်၊ ကျင့်ကြံမှု မြင့်မားလှသော အားသာချက်ကြောင့် အလွယ် တကူ သတ်ပစ် နိုင်မည်ဖြစ်သည်။
သို့သော် သိုင်းကွက်ဆယ်ကွက် ပြီးသည် အထိ လင်းယွန်အား သတ်ပစ်နိုင်ခြင်း မရှိသည့် အပြင်၊ ဝတ်ရုံစ ကိုပင် ထိခတ်အောင် စွမ်းဆောင် နိုင်ခြင်း မရှိခဲ့ပေ။
အဘိုးအို၏ တိုက်ပွဲအရှိန်အဟုန် ကျဆင်းလာ ချိန်တွင် လင်းယွန်သည် သူ၏ လှုပ်ရှားမှုအား စတင် လိုက်လေသည်။ သူ၏ မြင်းကောင်ရေနှစ်သောင်းအား ရှိသော လက်သီးဖြင့် ထိုးချလိုက်သည်။
'' တော ဘု ရင် ကျား ဟိန်း သံ.. ''
'' ဖုန်း.........''
ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး၊ ရလာဒ်အနေဖြင့် လင်းယွန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ရပ်တည်နိုင်ရန် အတွက်၊ နောက်သို့ ခြေလှမ်း ဆယ်လှမ်းခန့် ပြန်လည် ဆုတ်ခွာ လိုက်ရ၏။
တစ်ချိန်တည်းမှာပင် အဘိုးအိုသည် အနည်းငယ်သာ နောက်ပြန်ဆုတ်လိုက်ရပြီး ပြုံးရယ်လျက်ဖြင့်၊
'' မင်းရဲ့ မောက်မာမှုက ဘယ်ကနေလာတာလဲ....ဟမ် ဒီနေ့ စိတ်ပျက်အားငယ်ခြင်းရဲ့ အဓိပ်ပ္ပါယ်ကို ငါပြမယ်။....."
".....အို သေချာလား၊ မင်းငါ့ဆီက ဓားချက်ကို ဘာလို့ လက်ခံဖို့မကြိုးစားရတာလဲ..."
လင်းယွန်က ပြုံးလိုက်၏။ ယခု သူက အဘိုးကြီး၏ ခွန်အားကို အတိုင်းအတာ တစ်ခုအထိ သိရှိခဲ့ပြီဖြစ်ရာ၊ ပန်းသင်္ချိုင်းဓားအား ထုတ်ယူလိုက်လေသည်။
'' ရွှမ်း.....''
ရှေးဟောင်းဓားသေတ္တာသည် ပန်းပွင့်ချပ်များ နှင့်အတူ ပွင့်ထွက်လာပြီး၊ ပန်းသင်္ချိုင်းဓားအား တုပ်နှောင်ထားမှုမှ ဖြေလျော့ပေး လိုက်လေသည်။ တစ်ဆက်တည်းမှာပင်၊ လင်းယွန်သည် လေထဲမျောလွင့်နေသော ပန်းသင်္ချိုင်းဓားကို ဆုပ်ကိုင်လျက်၊ ရွှေရောင် ဓားရိပ်ပေါင်း (၈၁)ရိပ်ကို ဖန်တီးနေခဲ့ကာ၊ နောက်ဆက်တွဲ အဖြစ်အပျက်များအရ မြေကြီးအား တုန်ယင် လာစေသော မိုးခြိမ်းသံအချို့ ထွက်ပေါ် လာစေသည်။
'' မိုးကြိုးလက်ခုပ်သံငါးပါး၊ ခရမ်းရောင်မုန်တိုင်း ''
အဘိုးအို၏နားစည်သို့ မိုးခြိမ်းသံများ ပဲ့တင်ထပ်လာသည် နှင့်အမျှ၊ ထိုအဘိုးအို၏ မျက်နှာသည် ဖြူဖျော့သွားခဲ့၏။
၎င်းလင်းယွန်၏ဓားအရှိန်ကြောင့် ဖြစ်ပေါ်လာသော မိုးခြိမ်းသံများသည် အဘိုးအိုအား ဗဟိုပြုလျက် မီတာအနည်းငယ် အထိ ဖုံးလွှမ်းသွားသည်။ ထိုဓားချက်သည် သူ၏ သေကွင်းသေကွက် များထံသို့ ပြင်းထန်စွာတိုးဝင်လာခဲ့ရာ၊ သေခြင်းတရားကို ထိတ်လန့်စွာ ခံစားလာ မိစေသောကြောင့်၊ လျင်မြန်စွာရှောင်တိမ်းလိုက်၏။ ၎င်းအဘိုးအိုသည် မကြာသေးမီအချိန်၌ မောက်မာစွာ ငေါက်ငမ်း နေခဲ့သော်လည်း၊ ယခုအချိန်တွင် နောက်သို့ ပြန်ဆုတ် ခွာရန်သာ၊ ရွေးချယ်လိုက်ရသည်။
'' ဝှစ်.......... ''
ဆုတ်ခွာနေစဉ်မှာပင် အဘိုးအိုသည် သူ၏ ညာဖက် လက်ဖဝါးနှင့် သိုင်းဝိညာဉ်ကို ဆင့်ခေါ် ပေါင်းစပ် လိုက်လေရာ၊ ရှည်လျားသော ဓါးရှည်တစ်ချောင်းသည် ထက်ရှစွာဖြင့် လေထုထဲ၌ တောက်ပလာ ခဲ့လေသည်။
" သေ လိုက် တော့...... "
ထို့နောက်တွင် သိုင်းဝိညာဉ် နှင့်အတူလက်ဖဝါးအား အားကုန်ထုတ် ရိုက်ချနေဆဲမှ၊ အရှိန်အဝါအား အဆုံးအစွန် အထိ ထုတ်ဖော်ကာ၊ လင်းယွန်အား ဖိနှိပ်ချုပ်နှောင် ထားလိုက်၏။
'' ဖုန်း......... ''
လက်တစ်ဖက်တည်းကိုသာ အသုံးပြုတိုက်ပွဲဝင်နိုင်သော၊ ထိုအဘိုးအိုသည် လင်းယွန်၏ဓားကို လုံး၀ လျှော့တွက်ထားခဲ့သည်။ သူသည် လင်းယွန်၏ဓားကို လျစ်လျူရှူထားကာ၊ သူ၏ သိုင်းဝိညာဉ် နှင့်အတူ ဓားရိပ်များ အတွင်းသို့ တိုးဝင် သွားလိုက်မိသည်နှင့်၊ ရုတ်ချည်းပင် သူ့ပါးစပ်မှ သွေးများစီးကျလာပြီး၊ နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ပြန်လည်ဆုတ်ခွာလိုက်ရ၏။
"အဆင့်မြင့် ရှန်ရှင်းသိုင်းနည်းစနစ်......"
ရုတ်တရက် အဖိုးအိုသည် တုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။ ထို့ကြောင့်ပင်၊ ဤခွေးကောင်သည် သာမန်တတိယအဆင့် သိုင်းသမား တစ်ဦးထက် ပို၍ အားကောင်းနေခဲ့ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင် လင်းယွန်သည် သူ့ပြိုင်ဘက်ကို နောက်ဆုတ် စေလိုက်ပြီး၊ နောက်ထပ် ဓားချက်များ ဖြင့် ထပ်မံလိုက်လံ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက ပြိုင်ဘက်၏ အားနည်းချက်ကို ရှာတွေ့နေပြီမို့၊ ဤအဖိုးအိုသည် ကျင့်ကြံမှု အသာဖြင့်၊ စိတ်ထင်တိုင်း ဖိနှိပ်တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။
အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် မထင်မှတ်သည့်နေရာများမှ အေးစက်သော ဓားဖျားမှာ အသင့်စီးကြို နေခဲ့လေသည်။
'' ဝှစ်........ ''
သိုင်းကွက်ဆယ်ကွက်မျှ ယှဉ်ပြိုင် တိုက်ခိုက် ပြီးနောက်၊ လင်းယွန်က သူ့ပြိုင်ဘက်၏ ကြီးမားသောဟာကွက်တစ်ကွက်ကို အမိအရဖမ်းဆုပ်နိုင်မိပြီး၊ သူ့ဓားကို လှမ်းထိုးလိုက်သည်နှင့် ထိုအဖိုးအို၏ ရင်ဘတ်ပေါ်တွင် အပေါက်အပြဲများ ဖြစ်ပေါ်လာကာ၊ တစ်ချိန်တည်းမှာပင် သူ၏ တိုက်ခိုက်မှု နောက်ကွယ်မှ ကြီးမားသော စွမ်းအားသည် အဘိုးအိုအား၊ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျ သွားစေခဲ့သည်အထိ တွန်းထုတ် လိုက်လေသည်။
ထို့နောက်တွင် လင်းယွန်က ခြေလှမ်း အနည်းငယ်မျှ လှမ်းကာ အဘိုးအို၏ နဖူးကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။
" ဘယ်လိုလဲ စိတ်ဓာတ်ကျတဲ့ ခံစားချက်ကို ရှင်းပြပေးနိုင်မလား"
လင်းယွန်က ရယ်မောကာ ပြုံးပြလိုက်၏။ ယခုအချိန်၌ သူ့ဓားဖျားကို အနည်းငယ်သာ လှုပ်ရှား လိုက်သည်နှင့် အဖိုအိုအား သတ်ပစ်နိုင်ပေမည်။ စိတ်ထဲတွင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသဖြင့် အဘိုးအို၏ မျက်နှာသည် ဖြူဖျော့လာပြီး၊
'' ညီငယ်လေး၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ၊ ဒီနှစ်တွေ အတွင်း ငါရထားတဲ့ မီးလျှံကျောက်တုံး အားလုံးကို မင့် ပေးဖို့ ဆန္ဒရှိပါတယ်.....''
အဘိုးအိုမှ တောင်းပန်နေသောမြင်ကွင်းသည် လူတိုင်းကို အံ့သြသွားစေခဲ့သည်။ ယခုအချိန်၌ လင်းယွန်ကို ကြည့်သော သူတို့၏ အမူအရာ များမှာ အနည်းငယ်ပင် ပြောင်းလဲသွား၏။
"...... ငါ့မျက်လုံးရှေ့မှာ လာရှုပ်နေတာလား"
" ဒီကောင်က တကယ်အနိုင်ရခဲ့တာပဲ..."
"ဘာဖြစ်တာလဲ..... မျက်စိတမှိတ်အတွင်း ကစားပွဲကို ဘယ်လို လှည့်လိုက်နိုင်တာလဲ"
မယုံကြည်ဟန်များဖြင့် ဝေဖန်သံများ ဆူညံလျက်မှ အဖိုးအိုနှင့် လင်းယွန်အား အသေးစိတ် စောင့်ကြည့် လာခဲ့ကြ၏။
"မင်းရဲ့မီးလျှံ ကျောက်တုံးတွေကို မင်းပဲ သိမ်းထားပါ၊ ငါနဲ့ ထပ်ပြီး လာမရှုပ်ပါနဲ့ .."
များစွာသော မျက်လုံးများ အောက်တွင် မီးလျှံ ကျောက်တုံးများအား ရယူ လိုက်ပါက၊ ၎င်းသည် သူ့ထံသို့ ကပ်ဘေးတစ်ခုကို ရယူ လိုက်မိ သကဲ့သို့ ဖြစ်လာနိုင်ပေမည်။ ထို့ကြောင်ပင် လင်းယွန်က ငြင်းဆန်လိုက်ပြီး၊ ပြုံးရယ်လျက် ဓားကို ရုတ်သိမ်း လိုက်၏။
" သူမှာ ပဉ္စမအဆင့် မီးလျှံကျောက်တုံး ရှိတယ် ဟေ့ ....."
သို့သော် နဖူးမှဓားဖျား ရုတ်ဖယ်သွားသည်နှင့် အဖိုးအိုက ကောက်ကျစ်စွာပြုံးရယ်လျက်၊ အော်ဟစ်လိုက်သည်။
'' ............... ''
သူ့အော်သံသည် လူအများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ချက်ချင်းပင် လောဘရောင် တောက်လောင်နေသော မျက်လုံးပေါင်း များစွာသည်၊ လင်းယွန်ထံသို့ စိုက်ကြည့်လာကြ၏။ ရှန်ရှင်း သတ္တမအဆင့် အဖိုးအိုသည်ပင် ဆဌမအဆင့် မီးလျှံကျောက်တုံးကိုသာ ရယူထား နိုင်ခဲ့ပြီး၊ ဤလင်းယွန်သည် ပဉ္စမအဆင့်မီးလျှံကျောက်တုံးအား အမှန်တစ်ကယ် ပိုင်ဆိုင်ထားခြင်းသည်၊ ဆူဖြိုးနေသော ဝက်တစ်ကောင် ကဲ့သို့ မြင်သာလာ စေသည်။
'' ဝှစ်...... ''
ရုတ်တရက် လူရိပ်သုံးရိပ်သည် လေထုထဲသို့ ခုန်တက်သွားပြီး၊ လင်းယွန် ထံသို့ လျင်မြန်စွာ တိုးဝင်တိုက်ခိုက် လိုက်ကြသည်။
ဤနယ်မြေ၌ ခွန်အားကို ထိန်းသိမ်းထားခြင်းသည် မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်ရာ ရောက်စေသည်။ လင်းယွန်က ရင်တွင်း၌ သက်ပြင်းချလိုက်ပြီး၊ အေးစက်သော အရိပ်အယောင်များဖြင့် သူ့ထံ လာနေသော လူသုံးယောက်ကို ကြည့်လိုက်သည်။
'' မပြည့်စုံသောဓားရည်ရွယ်ချက် - ဓားဝိညာဉ်ရှာဖွေခြင်း ''
'' ချွမ်......... ''
တစ်ချိန်တည်းမှာပင် လင်းယွန်လက်ထဲရှိ ပန်းသင်္ချိုင်းဓား၏ အရှိန်အဝါမှည ပျောက်ကွယ်သွားပြီး၊ သူ၏ မပြည့်စုံသော ဓားရည်ရွယ်ချက်ဖြင့် အစားထိုးသွားသည်။
ပြေးဝင်လာနေသော သိုင်းသမားသုံးယောက်၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။ ယခုအချိန်၌ လင်းယွန်သည် လုံးဝခြားနားသော လူသစ် တစ်ယောက် ဖြစ်လာသည်ဟု သူတို့က ခံစားမိလိုက် ကြသည်။
ဤလူငယ်လေးထံမှ ထွက်လာသောရောင်ဝါသည် နက်နဲသိမ်မွေ့လှပြီး၊ သဏ္ဍာန်မဲ့ စွမ်းအားများ ရစ်သိုင်းလာကာ၊ ၎င်းသည် သဘာဝတရားနှင့် တစ်သားတည်း ဖြစ်တည် သွားသကဲ့သို့ပင် မှတ်ထင်လာမိ၏။
မီးလျှံနတ်ဆိုး ခန္ဓာကိုယ်။
လင်းယွန်၏ ခန္ဓာကိုယ်သည် ဖောင်းလာပြီး၊ အရေပြားများ နီရဲလာကာ၊ ကောင်းကင်နှင့် မြေလွှာကြားမှ ထွက်ပေါ်လာသော မီးလျှံနတ်ဆိုး တစ်ကောင်ကဲ့သို့ တရှိန်ရှိန်ညီးသော အရှိန်အဝါကို ထုတ်လွှတ် လိုက်၏။
မပြည့်စုံသော ဓားရည်ရွယ်ချက်နှင့် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား ၊ တစ်ပြိုင်နက်တည်း အသုံးပြုထုတ်ဖော် ခဲ့သည်။ ထို့အပြင် ၎င်းသည် အဆုံးသတ် မဟုတ်ခဲ့ပေ။
'' ချယ်ရီ စီးချင်း ''
လင်းယွန်ထံမှ ပြောင်းလဲလာသောအငွေ့အသက်များကြောင့်၊ ပြေးဝင်လာ သူသုံးယောက်သည် တုန်လှုပ်ခြောက်ခြား သွားသော်လည်း၊ ထိုအရာက အဆုံးသတ် မဟုတ်ခဲ့ပေ။
လင်းယွန်၏ကမ္ဘာမှာ ရုတ်တရက် မှောင်မိုက် သွားခဲ့ပြီး၊ ပန်းတစ်ပွင့်သည် ကောင်းကင်ယံမှ လွင့်ဝဲကျဆင်းလာကာ၊ ပြေးဝင်လာသော သိုင်းသမား သုံးယောက် ဆီသို့ စီးမျောသွားလေသည်။
တစ်ချိန်တည်းမှာပင်၊ လင်းယွန်အား ခုတ်ပိုင်းရန် ပြေးဝင်လာသော ထိုသုံးယောက်၏ မျက်နှာများသည် ထိတ်လန့်ခြင်းများ စွန်းထင်းလာ၏။ သေခြင်းတရား ထံသို့ တရွေ့ရွေ့ တိုးကပ်လာမိ နေသကဲ့သို့ ခံစားလာရပြီး၊ လင်းယွန်၏ မျက်လုံးများဖြင့် အကြည့်ချင်း ဆုံကြသည့် အခါတွင်၊ ဤကမ္ဘာနှင့် မသက်ဆိုင်သော နတ်ဆိုးတစ်ပါးအား ရန်စလိုက်မိသည်ဟု ခံစားလိုက်ရစေသည်။
'' ............... ''
အဆုံးတွင် တုန်လှုပ် ခြောက်ခြားမှုသည် ၎င်းတို့သုံးဦရင်၌ ကြီးစိုးလာခဲ့ပြီး၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သတိပေး ဟန်ဖြင့် အချက်ပြလိုက်ကြ၏။
'' နှင်းဆီဓား ''
တစ်ချိန်တည်းမှာပင် လင်းယွန်သည် နှင်းဆီပန်းဖြင့်၊ ထပ်တူ ကျနေသောသူကို ဓားဖြင့် ရုတ်တရက် ထိုးချလိုက်ရာ၊ ပန်းသင်္ချိုင်းဓားသည် မယုံနိုင်လောက်အောင် အရှိန်အဟုန်ဖြင့် တောက်ပပြေးထွက် သွားသည်။
'' .........ရွှပ် ''
ပန်းသင်္ချိုင်းဓား၏ လမ်းကြောင်းပေါ်၌ ရှိနေသော ထိုသိုင်းသမားသည် ပါးစပ်မှ သွေးများ စီးကျလာကာ၊ မီတာတစ်ရာ အကွာအဝေးသို့ လွင့်စင်သွား၏။
'' ရွှပ်.... ရွှပ် ''
ကျန်သိုင်းသမား နှစ်ယောက်သည် ချက်ချင်း ပြန်လည် ဆုတ်ခွာ သွားပြီး၊ လင်းယွန်းကို ထိတ်လန့်စွာ သတိထား စောင့်ကြည့်လိုက်သည်။ ကောင်းကင်မီးလျှံတောင်ထိပ်နယ်မြေ၌ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်သို့ အသွင်ပြောင်းလဲ လိုက်ခြင်းသည် ကျားတစ်ကောင်အား အတောင်ပံတပ်ပေးလိုက်ခြင်းနှင့် တူပေ၏။
ထို့နောက်တွင် လင်းယွန်သည် ပန်းသင်္ချိုင်းဓားဖြင့် ကျန်သိုင်းသမားနှစ်ဦးထံ ထိုးချိန်လိုက်ပြီး၊
'' ငါပိုင်တဲ့ ပစ္စည်းကို လုယက်ချင်ရင် ဒီထက် အရည်အချင်းရှိဖို့ လိုတယ်၊ မဟုတ်ရင်တော့ အသက်အပို ထည့်လာခဲ့ ..... ''
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ၊ လင်းယွန်၏ မျက်လုံးများရှိ သတ်ဖြတ်လိုသည့် ဆန္ဒကို ထိတ်လန့်စွာ သတိပြု မိသွားပြီး၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော သူတို့၏ အဖော်အား တစ်ချက်ဝေ့ကြည့်လိုက်၏။ အကယ်၍ ထိုဓားချက်သည် သူတို့ထံသို့ ဦးတည်ခဲ့ပါက၊ ဤသည်မှာ ၎င်းတို့၏ ရလဒ်ပင်ဖြစ်ပေမည်။
လင်းယွန်၏ ခြိမ်းခြောက်မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထိုအချိန်၌ သူတို့၏ မျက်ဝန်းများသည် လင်းယွန်အပေါ်သို့ အမြင်သစ်ဖြင့် ရှုမြင်ဆွေးနွေး လာကြသည်။
"ငါထင်တာမှန်ရင် သူက မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်တာမလား .."
'' အဲ့ဒီ မီးလျှံနတ်ဆိုးခန္ဓာကိုယ်က သင်ယူရခက်တဲ့ ရှန်ရှင်း နည်းစနစ်တစ်ခုပဲ၊ မိုးကြိုးခန္ဓာကျင့်ကြံခြင်း နည်းစနစ်ဆိုပြီး ကျော်ကြားလှတယ်၊ အဲဒါကိုသာ သင်ယူပြီးရင် မင်းရဲ့ တိုက်ပွဲဝင် ခွန်အားကို နှစ်ဆ အထိ တိုးမြှင့် တိုက်ခိုက်လာ နိုင်လိမ့်မယ်။ ''
'' ဒီကလေးက ရှန်းရှင်း တတိယ အဆင့်နဲ့ ကောင်းကင်မီးလျှံတောင်ထိပ်ကို တက်ဝံ့တာ အံ့သြစရာ မရှိပါဘူး၊ သူ့ခွန်အားက ပဉ္စမအဆင့် သိုင်းသမားတွေထက် မလျော့နည်းဖူးပဲ၊ ကြည့်စမ်း၊ သူက အဘိုးကြီးဖန်း ဆီကို လျှောက်သွားနေတယ်....။ ''
အဘိုးအို၏ မျက်နှာမှာ စိတ်ပျက်ဝန်များ ပြည့်လျှံလာသည်။ လင်းယွန်သည် ၎င်းပိုင်မီးလျှံကျောက်တုံးကို ကာကွယ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက်တွင် အဘိုးကြီးဖန်းသည် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို အသက်သွင်းထားသည့်၊ လင်းယွန်၏ကန်ချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပဲ၊ မီးတောင်ဝဆီသို့ ကန်ထုတ်ခံလိုက်ရ၏။ အော်သံမပြုနိုင်ခင်မှာပင် အဘိုးကြီးဖန်းမှာ ပြာကျသွားခဲ့လေပြီ။
လင်းယွန်၏ကြမ်းကြုတ်သော နည်းလမ်းများကို တွေ့မြင်လိုက်ရသည့် ထိုလူအချို့မှာ သူတို့၏ကျောရိုးတစ်လျှောက် အေးစက်သော အငွေ့အသက်များ စိမ့်တက်လာသည်။
ထို့နောက်တွင် လင်းယွန်သည် သူ၏ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား ပြန်ရုတ် သိမ်းလိုက်ပြီး၊ ပတ်ဝန်းကျင်ရှိလူအုပ်ကြီးထံသို့ ဝေ့ကြည့်လိုက်ရာ၊ ယခု တစ်ကြိမ်တွင် သူ့အား မည်သူမျှ နှိမ့်ချ ကြည့်ဝံ့ခြင်း မရှိတော့ချေ။
တစ်ချိန်တည်းမှာပင်၊ လင်းယွန်၏ တိုက်ပွဲကဲ့သို့သော တိုက်ပွဲငယ်များသည် နေရာတိုင်း၌ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
ချော်ရည်မိုးများ ရပ်တန့်မသွားမီ နှစ်နာရီကြာ ရွာသွန်းခဲ့သည်။ ထိုကာလအတွင်း လင်းယွန်သည် တတိယနှင့် စတုတ္တအဆင့် မီးလျှံကျောက်တုံးအနည်းငယ်ကို ထပ်မံရရှိခဲ့သည်။ အဆင့်ငါး မီးလျှံကျောက်တုံးသည် ကံကောင်းစွာ ရရှိခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းအဆင့်ရှိ မီးလျှံကျောက်တုံးများမှာ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
သို့သော် ဤမီးတောင်ပေါက်ကွဲမှုသည် အခွင့်အရေးကောင်း တစ်ခုဖြစ်ပြီး၊ အသက်ရှင် ကျန်ရစ်သူ မည်သူမဆို တစ်စုံတစ်ရာသော အကျိုးအမြတ်ကို ရရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အဆိုပါ ဖြစ်စဉ်တွင် လူတစ်ရာခန့်နီးနီး သေဆုံးသွား၏။
" လက်လွှဲ ပေးပါ..."
ထို့သို့သော ငရဲခန်းပျို့၏ တစ်ခန်းရပ်ပြဇာတ်မှာ ပြီးဆုံးသွားပြီးနောက်၊ လူတိုင်းသည် မူလ အကွာအဝေး ဆီသို့ပြန်လာကြပြီး၊ မကြာခင်မှာပင် တစ်ဦးတည်းသော သတ္တမအဆင့် အဖိုးအို၏အသံမှာ ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်းထံမှ မီးလျှံကျောက်တုံး တစ်တုံးစီအား တောင်းဆိုလိုက်သည်။ ၎င်းတောင်ဆိုမှုအား မည်သူမျှ မလွန်ဆန် ဝံ့ကြပေ။
ခဏအကြာတွင်၊ ထိုအဖိုးအိုသည် ကျန်းယွီထံသို့ ရောက်ရှိလာပြီး လက်ဖဝါးဖြန့်လျက် တောင်းယူလိုက်၏။
" စီနီယာဝမ် ဒီမှာပါ....."
ဤဖြစ်စဉ်များအရ ထင်ရှားသည်မှာ၊ ၎င်းသည် ထိုအဘိုးအို၏ ပထမဆုံးအကြိမ် ခေါင်းပုံဖြတ်ခြင်း၊ ဟုတ်ပုံမရပေ။ ထို့ကြောင့်ပင် ကျန်းယွီမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခု ကဲ့သို့ပင်၊ သူ၏ တတိယအဆင့်မီးလျှံကျောက်တုံးတစ်တုံးအား ထုတ်ယူပြီး၊ လွှဲပြောင်းပေးအပ်ခဲ့သည်။
'' ကောင်လေး၊ အခု မင်းအလှည့်ရောက်ပြီ"
ထို့နောက်တွင် စီနီယာဝမ်သည် လင်းယွန်အား အေးစက်စွာ ကြည့်လာခဲ့ပြီး၊ တောင်းဆိုလိုက်၏။ သူက လင်းယွန်ထံသို့ ဖိအားပေး ရန်အတွက် တစ်စက္ကန့် မျှသာ ချိန်ယူခဲ့ရသည်။ အဆုံးမှာတော့ လင်းယွန်သည် သက်တောင့်သက်သာ မဖြစ်ခဲ့သော်လည်း၊ အများနည်းတူ လိုက်ပါရန် ဆုံးဖြတ်လိုက်ကာ၊ သူ၏ တတိယအဆင့်မီးလျှံကျောက်တုံးကို ထုတ်ယူပြီး လွှဲပြောင်းပေးအပ် လိုက်သည်။
" ဒါက ငါလိုချင်တာမဟုတ်ဘူး။"
သို့သော်စီနီယာဝမ်သည် မီးလျှံကျောက်တုံးအား တစ်ချက်သာကြည့်လိုက်ပြီး၊ မျက်မှောင်ကြုတ်သွား၏။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများဖြင့် စူးရှ တောက်ပ လာကာ၊ ရှန်ရှင်းနယ်ပယ်၏ အထွတ်အထိပ် အရှိန်အဝါကို စတင်ထုတ်လွှတ်လာ လေသည်။
ထိုမြင်ကွင်းကြောင့် လင်းယွန်သည် မျက်ခုံးပင့်လျက်ဖြင့်၊ တည်ငြိမ်စွာ မော့ကြည့်လိုက်ပြီး၊
" စီနီယာ မင်းက ဆဌမအဆင့် မီးလျှံကျောက်တုံးကိုတောင် ပိုင်ဆိုင်ထား ပြီးသားမလား၊ မင်းဘာလို့ ကျန်တာတွေ လိုချင် နေရတာလဲ။
လင်းယွန်၏စကားကြောင့် ပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်သွားမိပြီး၊ ဤလင်းယွန်သည် စီနီယာဝမ်အား ခွန့်တုံ့ပြန်ရဲသည်အထိ သတ္တိရှိသောကြောင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။
'' ညီငယ်လင်း၊ စိတ်လျော့ပါ....''
ကျန်ယွီက မျက်နှာ ပျက်ယွင်းစွာဖြင့် သတိပေး လာသည်။ စီနီယာဝမ်က ကျန်းယွီ၏ သတိပေးသံအားလျစ်လျူရှု လိုက်ကာ၊ လင်းယွန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး၊
" မင်းအသက်ကို မယူတာနဲ့တင်၊ ငါ့ကိုကျေးဇူးတင်သင့်တယ်၊ ဒါက မင်းကို ငါပေးမယ့် နောက်ဆုံးအခွင့်အရေးပဲ.... ''
" ငါ သဘောမတူရင် ဘာဖြစ်မလဲ"
လင်းယွန်က ပြန်လည် မေးခွန်း ထုတ်လျက်မှ နောက်ပြန် လှည့်ကြည့်လိုက်သည်။ စီနီယာဝမ်သည်သာ သူ့ အား အတင်းအကြပ်ဖိအား ပေးလာပါက၊ ကောင်းကင်မီးလျှံတောင်ထိပ် ပေါ်မှ ခုန်ဆင်းသွား ရပေလိမ့်မည်။
'' .......ဝှူးရှ်..''
သို့သော် ရုတ်တရက်၊ ကောင်းကင်မီးလျှံတောင်ထိပ်သည် ထပ်မံတုန်လှုပ်လာပြီး၊ ထိုတုန်လှုပ်မှုအရှိန်ကြောင့် စီနီယာဝမ်သည်ပင် သတိအနေအထားဖြင့်၊ မီးတောင်ဝဆီသို့ ပြန်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးတောင်ဝအတွင်းမှ စူးရှတောက်ပသောရောင်ဝါအချို့ ဖြာထွက်လာ၏။
"ဘာဖြစ်နေ တာ လဲ...."
လူအုပ်ကြီး၏မျက်နှာသည် ပြောင်းလဲသွားကာ၊ ချက်ချင်းပင် မီးတောင်ဝဆီသို့ လှည့်ကြည့်လိုက်ကြသည်။
***