← Chapters

မင်းတို့ တစ်မျိုး လုံးကို ငါ သတ်ရမှ ကြေနပ်မယ်။

Vol. 9 Ch. 114

မင်းတို့ တစ်မျိုး လုံးကို ငါ သတ်ရမှ ကြေနပ်မယ်။

Vol. 9 Ch. 114

လင်းယွန်နှင့် စီနီယာဝမ်တို့သည် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြစဉ် ကောင်းကင် မီးလျှံ တောင်ထိပ်သည် ရုတ်တရက် တုန်ခါသွား ခဲ့သည်။

မီးတောင်ဝမှ ထွက်ပေါ်လာသော ရောင်ဝါသည် လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ ခဲ့သည်။

ထို့ကြောင့်ပင် စီနီယာဝမ်သည် ယခု အခိုက်အတန့်တွင် လင်းယွန်အား စိတ်မ၀င်စား နိုင်တော့ပဲ၊ မီးတောင်ဝ ဆီသို့ ပြေးထွက် သွား၏။

'' ဝှစ်........ ''

အသန်မာဆုံးသော သိုင်းသမားအများစုသည် စိတ်လှုပ်ရှားစွာဖြင့်၊ မီးတောင်ဝ ဆီသို့ နီးနိုင်သမျှ အနီးဆုံးနေရာအထိ ပြေးဝင်သွားကြ၏။ သို့သော် အသန်မာဆုံး စီနီယာဝမ်သည်ပင် မီတာတစ်ထောင် အကွာ၌ ရပ်တန့် လိုက်ရကာ၊ မီးတောင်ဝမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရောင်ဝါသည်၊ လူတိုင်းကို ရှေ့သို့ ခြေတစ်လှမ်းမျှ လှမ်းလာနိုင်ခြင်း မရှိအောင်၊ တားဆီးထားသည်။

ကျန်းယွီက ထိုမြင်ကွင်းအား လျစ်လျူရှူထားပြီး၊ လင်းယွန်ထံသို့ လျင်မြန်စွာ တိုးကပ်လာကာ၊

"ညီငယ်လင်း၊ ချက်ခြင်း ထွက်သွားလိုက်၊ စီနီယာဝမ်က စိတ်ထားကျဉ်းမြောင်းတဲ့ သူပဲ၊ မင်းရဲ့ငြင်းဆန်မှုအရ မင်းကိုသတ်ပစ်မှာ သေချာနေပြီ၊ ''

'' ငါက မိုက်မဲတဲ့သူတစ်ယောက်မဟုတ်ပါဖူး အစ်ကိုကျန်း၊ ဒီအဖိုးကြီးက ဒီကိစ္စကို လွှတ်မပေးလောက်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ အစ်ကိုကျန်း စိတ်ချပါ၊ အနည်းဆုံးတော့ ကောင်းကင်မီးလျှံတောင်ထိပ်မှာ ဘယ်သူကမှ ငါ့ကို မသတ်နိုင်ပါဖူး...... ''

လင်းယွန်က ပြုံးလိုက်သည်။ ကောင်းကင်မီးလျှံ တောင်ထိပ်သည် တိမ်ယံအတွင်းသို့ ထိုးဖောက်ဝင်ရောက် သွားသည်အထိ မြင့်မားမက်စောက် လွန်းသော်လည်း၊ စီနီယာဝမ်ကသာ ဖိအားပေး တောင်းဆို လာပါက၊ ၎င်းတောင်ထိပ်မှပင် ခုန်ချထွက်ပြေးရန် ဆုံးဖြတ်ထား ပေသည်။ နက်နဲနယ်ပယ် သိုင်းသမား တစ်ဦး သည်ပင်၊ ဤမျှသော အမြင့်မှ ခုန်ချရန် နှစ်ခါပြန် စဉ်းစားရမည် ဖြစ်သော်လည်း၊ လင်းယွန်သည် ၎င်း ၏ဓားသေတ္တာကြောင့် ထိတ်လန့်ခြင်းမရှိ၊ ခုန်ချရဲပေသည်။

ကျန်းယွီသည် လင်းယွန်၏ ယုံကြည်မှုကို မြင်သောအခါ စိတ်လျော့သွားသည်။ လင်းယွန်အား သူက ဖောက်မမြင်နိုင်ခဲ့သည့်အပြင်၊ ၎င်းသည် လူအိုကြီးဖန်းကိုပင် သတ်ပစ်နိုင်ခဲ့လေသည်။

"အကိုကျန်း၊ အရင်တုန်းက ဒီလိုမျိုး ကြုံဖူးသလား"

လင်းယွန်က မီးတောင်ဝအား စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ မီးတောင်ဝမှ ထွက်လာသော ကြောက်မက်ဖွယ် ဖိအားကို လှမ်းမျှော်ကြည့်လိုက်ပြီး၊ ကျန်းယွီက သူ့ခေါင်းကို ခါယမ်းလိုက်၏။

"ကောင်းကင်မီးလျှံတောင်ထိပ်က ပေါက်ကွဲပြီးရင်၊ ခွန်နှစ်ရက်ကြာတဲ့အထိ ငြိမ်သက် သွားလိမ့်မယ်၊ အခုလိုအဖြစ်မျိုးကတော့ ဒါကပထမဦးဆုံးအကြိမ်ပဲ......''

'' ................ ''

" ဆိုလိုတာက ဒီမီးတောင်ရဲ့ ချော်ရည်မိုး ရွာချမှုက မပြီးဆုံးသေးဖူး ဆိုတဲ့သဘောပဲ ''

ကျန်းယွီ၏ အဆုံးသတ် စကားများကြောင့် လင်းယွန်သည် အတွေးများထဲသို့ နစ်မျော သွားစဉ်တွင် မီးတောင်ဝသည် ပို၍ လှုပ်ခါ လာလေသည်။ ထို့ကြောင့်ပင် ကျန်းယွီက ခေါင်းကုပ်လျက်ဖြင့်၊

" လဝက်လောက်ကြာအောင် သက်ဝင်လှုပ်ရှား ပြီးနောက်တော့၊ ဒီအခြေအနေက ဘာများ ထူးခြားလာဦးမှာလဲ...... ''

လက်ရှိမီးတောင်လှုပ်ရှားမှုသည် ကျန်းယွီ၏ နားလည်နိုင်မှုကို ကျော်လွန်နေပြီ ဖြစ်သည်။

'' ................ ''

မီးတောင်ဝအတွင်းမှ ပို၍ နက်နဲသောအသံများ ထွက်ပေါ်လာ ပြန်သည်။ ၎င်းသည် ရိုင်းစိုင်းကြမ်းတမ်းလှသော နတ်ဆိုးသားရဲ တစ်ကောင်က ဟစ်အော်နေ သကဲ့သို့ လူတိုင်းကို ထိတ်လန့်တုန်လှုပ်လာစေသည်။

အခြားတစ်ဖက်တွင်၊ လင်းယွန်သည် ကျန်းယွီနှင့်အတူ ရပ်နေချိန်တွင်၊ နှစ်ယောက်သား ယိမ်းထိုးနေခဲ့ပြီး၊ မြေပြင်ပေါ်သို့ လဲကျသွားခြင်း မရှိစေရန်အတွက် ရုန်းကန်နေရ၏။ နောက်အခိုက်အတန့်တွင်၊ အဆုံးမရှိသော ချော်ရည်ပူများသည် မီးတောင်ဝမှ နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲထွက်လာသည်။

ယခင်အကြိမ်ပေါက်ကွဲမှုအရ ချော်ရည်မီးလျှံများသည် ပူဖောင်းတစ်လုံးသဏ္ဍာန် ပေါက်ကွဲလာခဲ့သော်လည်း၊ အခုတစ်ကြိမ်တွင် ချော်ရည်ပူများသည် ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ပြေးထွက်လာတော့၏။

မီးတောင်ဝကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ချော်ရည်ပူများ၏ အရှိန်ကြောင့် ချက်ချင်းလွင့်စင်သွား ခဲ့သည်။ ပေါက်ကွဲသံများ နှင့်အတူ သူ့ခန္ဓာကိုယ်သည် အရိုးတစ်ခုမျှပင် ကျန်ရစ်ခြင်း မရှိခဲ့ပဲ၊ ပျောက်ကွယ်သွား၏။

မြည်သံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ၊ ရှန်ရှင်းပဉ္စမအဆင့် သိုင်းသမား အများအပြားမှာ ချော်ရည်ပူများ ထိမှန်ခံရပြီး၊ သေဆုံးသွားကြသည်။ ၎င်းချော်ရည်များသည် ဤနေရာရှိမည်သူ့ကို မဆို၊ ချက်ခြင်း သေစေနိုင်သည် ဖြစ်ရာ စီနီယာဝမ် သည်ပင်လျှင် ချက်ချင်းခေါင်းငုံ့ နောက်ပြန်ပြေးလွှားလိုက်ရ၏။

ခဏအကြာတွင် ချော်ရည်များ ပေါက်ကွဲသွားပြီးနောက် မီးတောင်ဝသည် ငြိမ်သက်သွားခဲ့သည်။ သို့သော် မည်သူမျှ ထပ်မံတိုးကပ်သွားရဲခြင်း၊ မရှိတော့ချေ။

ဝူးရှ်။ ဝူးရှ်။ ဝူးရှ်။

ရုတ်တရက် ရွှေရောင်အလင်းတန်းများသည် မီးတောင်ဝ မှနေ၍ ကောင်းကင်ယံသို့ ပျံတက် သွားကာ၊ တိမ်တိုက်များအား ထိုးဖောက်ဝင်ရောက်သွား၏။ နောက်တစ်စက္ကန့် အကြာတွင်၊ ထိုတိမ်လွှာများသည် ရွှေရောင်ဆိုးထား သကဲ့သို့သော အလင်းလွှာကို၊ မိုင်ငါးဆယ်ထိ ဖုံးလွှမ်း သွားစေမည့်၊ ဖြစ်စဉ်တစ်ခုအား ဖန်တီးလာခဲ့သည်။

" ဒါ ..... ဒါက သဘာဝကောင်းချီးပဲ၊ ......"

" .....ဝိုး သဘာဝတရားက ကောင်းချီး ပေးလာတဲ့နောက်၊ ဒါက ရတနာတစ်ခု မွေးဖွားတော့မယ်လို့ ဆိုလိုတာ မဟုတ်လား.... ''

'' ဟုတ်တယ်.... နောက်ဆုံးအကြိမ်၊ သဘာဝ ကောင်းချီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာ ကျော်ခန့်က ပေးခဲ့တာပဲ ........ ''

မြေပြင်ပေါ်တွင် တုန်ယင်စွာ ရပ်ကြည့်နေကြသည့် လူအုပ်ကြီးမှာ အသက်ရှုသံများ ပြင်းထန်လာကာ၊ထွက်ပေါ်လာမည့် ရတနာကို တွေးတောပြီး၊ လေးလံလာကြသည်။ ကောင်းကင်မီးလျှံ တောင်ထိပ်မှ ထွက်ပေါ်သော ရတနာသည် အနိမ့်ဆုံးသတ္တမအဆင့်မီးလျှံကျောက်တုံး ဖြစ်နိုင်ပေမည်။ ၎င်းသည် ဤနေရာရှိ ကျင့်ကြံသူများစွာ၏ အသက်ပေါင်းများစွာကို နူတ်ယူလျက်၊ သွေးချောင်းစီးစေမည်မှာ သေချာလှပေ၏။

၎င်းသည် သတ္တုသတ္တဂံကျောက်တုံး၊ မြေကမ္ဘာစက်လုံး နှင့် သန့်စင်သောမြေမီးတောက်များ ကဲ့သို့သော အခြားသော ရတနာများလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းသည် သတ္တမအဆင့် မီးလျှံကျောက်တုံးထက် တန်ဖိုးနိမ့်ကျလိမ့်မည် မဟုတ်ပေ။

လင်းယွန်၏ ပဉ္စမအဆင့်မီးလျှံကျောက်တုံးသည်ပင် လူတိုင်း၏ ပစ်မှတ်တစ်ခု ဖြစ်နေခဲ့ရာ၊ အကယ်၍သာ သတ္တမအဆင့် မီးလျှံအမြုတေသာ ထွက်ပေါ်လာခဲ့ပါက၊ မည်မျှပင် ရုန်းရင်းဆန်ခတ် နိုင်မည်ကို ကြိုတင်သိရှိ နေကြသည်။

လင်းယွန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာဖြင့် ဝင်းလက်တောက်ပလာသည်။ သန့်စင်သော မီးလျှံကျောက်တုံးများသည် သူ၏ မီးလျှံနတ်ဆိုးခန္ဓာကိုယ် ဖွဲ့တည်ရာ၌ ပြီးပြည့်စုံသော ခန္ဓာကိုယ် အဆင့်သို့၊ ပိုမိုနီးစပ်စွာ ဖွဲ့တည်နိုင် ပေမည်။

'' ............ ဝုန်း ''

မီးတောင်ဝသည် ကောင်းကင်သို့ လျှံတက်လာသည်အထိ ကြက်သွေးရောင် မီးလျှံများကို ထပ်မံ ထုတ်လွှတ် လိုက်သည်။ ထိုကြက်သွေးရောင် မီးလျှံများသည် မူလ ရှိနေပြီးသော ရွှေရောင်အလင်းများအား ချက်ချင်းပင် ဝါးမျိုလိုက်ပြီးနောက်၊ ၎င်မီးလျှံကြီး အတွင်း၌ ရွှေဝါရောင်နှင့်၊ အဖြူရောင် ကဲ့သို့သော မီးလျှံ အလွှာများ အထပ်ထပ်ကို ဖြစ်ပေါ်စေခဲ့ကာ၊ ထိုကြက်သွေးရောင်မီးလျှံများသည် အသက်ဓာတ်ကို ပိုင်ဆိုင်ထားဟန်ဖြင့်၊ ယိမ်းထိုးနေသည်။ အတိအကျ ဆိုရသော်၊ ထိုကြက်သွေးရောင် မီးလျှံ များအတွင်းတွင် မီးလျှံ အလွှာ ရှစ်လွှာ ဖြစ်တည် နေခဲ့လေပြီ။

'' အဋ္ဌမအဆင့် မီးလျှံအမြုတေလား။ ''

'' .......... ဝှစ် ''

ကြက်သွေးရောင်မီးလျှံ၏ မီးလျှံထိပ်ဖျားတွင် မီးစွမ်းအင်များသည် သိပ်သည်းစွာဖြင့်၊ အစိုင်အခဲသဏ္ဍာန် စတင် ဖြစ်ပေါ်လာလေသည်။

'' ဖုန်း......ဖုန်း ဖုန်း ''

" ငါ ဒါကို မယုံနိုင်ဘူး....... ရက်စက်သော နဂါးလက်သီး ''

ထို့သို့ မီးလျှံအမြုတေ မွေးဖွားသည်ကို တွေ့မြင် လိုက်သည်နှင့်၊ နောက်ပြန် ဆုတ်သွားရသော စီနီယာဝမ်က နောက်ထပ်တစ်ကြိမ် ထပ်မံပြေးဝင်သွားသည်။ ဤအကြိမ်၌ စီနီယာဝမ်သည် သူ၏ အရှိန်အဝါ အတွင်းသို့ နဂါးတစ်ကောင်၏ အငွေ့အသက်ကို ပေါင်းစပ်လိုက်ပြီး၊ အံကြိတ်လျက် ခွန်အားကို အကန့်အသတ် အထိ တိုးမြှင့်လိုက်သည်ကြောင့်၊ လက်သီးပတ်ပတ်လည်ရှိ ဖြစ်ပေါ်လာသောစွမ်းအင်လှိုင်းများ၏ ကြောက်စရာကောင်းလွန်းသော ဖိအားသည်၊ မြင်တွေ့ လိုက်ရသူတိုင်းအား စိတ်မသက်မသာ ဟန်ဖြင့်၊ သက်ပြင်းချလိုက် မိစေ၏။

'' ဝုန်း....... ''

ကြက်သွေးရောင်မီးလျှံအလွှာကြီးသည် အဖိုးအို၏ လက်သီးချက်အား မတုန်မလှုပ် ခုခံကာကွယ်လိုက်ပြီး၊ ရလာဒ်အနေဖြင့် သူ့အား နောက်ပြန်လွင့်စင်သွားစေသည်။ မီတာအနည်းငယ်ခန့် စွပ်ကြောင်းကြီး ဖြစ်ပေါ်သွားစေပြီးနောက်၊ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာလိုက်ရကာ၊ သွေးတစ်လုပ် အန်ထုတ်လိုက်ရလေသည်။

ရှန်ရှင်းဆဋ္ဌမအဆင့် ကျင့်ကြံသူများသည် စီနီယာဝမ်ဒဏ်ရာရသည်ကို မြင်သောအခါ၊ ဝမ်းမြောက်သွားကြ၏။ ယခုအချိန်၌ ပြိုင်ဘက် ဖြစ်သူသည် ဒဏ်ရာ အနည်းငယ် မျှသာ ရရှိ စေကာမူ၊ ၎င်းသည် တိုက်ပွဲများအတွင်း၌ သူတို့အား များစွာ အခွင့်အရေး ရရှိလာ စေမည်။

'' ကြည့် စမ်း..... သူ ပြေးတော့မယ် ''

တစ်စုံတစ်ယောက်သည် ကြက်သွေးရောင် မီးလျှံကြီး တွန့်လိမ်သွားပုံအား တွေ့မြင်လိုက်သည်နှင့် အော်ဟစ်လိုက်သည်။

လင်းယွန်မှာ ဤမြင်ကွင်းကြောင့် မျက်မှောင်ကြုတ် လိုက်မိသည်။ ကြီးမားသော မီးလျှံအတွင်း၌၊ မီးလျံကြိုးများ အထပ်ထပ် ရစ်သိုင်းထားသော၊ အဋ္ဌမအဆင့် မီးလျှံ အမြုတေအား မွေးဖွားလာပုံသည်၊ ကပ်ဘေးသင့်ရွှေကြာပန်း မွေးဖွားလာပုံနှင့် ဆင်တူပေသည်။ ထိုအချိန်က ကပ်ဘေးသင့်ရွှေကြာပန်းသည် ကပ်ဘေးသင့် နတ်ဆိုးသားရဲကောင် အဖြစ်သို့ ပြောင်းလဲ ထွက်ပြေး သွားသကဲ့သို့၊ ဤဖြစ်စဉ်ရှိ ကြက်သွေးရောင် မီးလျှံများ ပျောက်ကွယ် သွားသည်နှင့်၊ ၎င်းအဋ္ဌမအဆင့် မီးလျှံ အမြုတေသည် သွေးလင်းတ သားရဲကောင် အဖြစ် ပြောင်းလဲ သွားခဲ့လေပြီ။

ထိုနတ်ဆိုးသားရဲကောင်သည် ကြမ်းတမ်းသော နတ်ဆိုးရောင်ဝါကို ထုတ်လွှတ်လိုက်ပြီးနောက်၊ အတောင်ပံများခတ်ကာ ကောင်းကင်မီးလျှံတောင်ထိပ်မှ ထွက်ခွာရန် ကြိုးစားလိုက်၏။

"မင်းက ထွက်ပြေးချင်လို့လား၊ အိပ်မက် မက်မနေနဲ့ "

ရှန်ရှင်းသိုင်းသမားများသည် သွေးလင်းတကို တိုက်ခိုက်ရန် ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ခုန်တက်သွားကြသည်။

'' ဝှစ်....... ''

တစ်ဆက်တည်းမှာပင်၊ ရာနှင့်ချီသော ရှန်ရှင်း သိုင်းသမားများထံမှ ရှန်ရှင်းသိုင်း နည်းစနစ်မျိုးစုံသည်၊ သွေးလင်းတအား ဟန့်တား တိုက်ခိုက်ရန် ပြေးဝင် သွားခဲ့လေပြီ။

ရှန်ရှင်းသိုင်းသမားများသည် ပျံသန်းခြင်း မပြုနိုင်သော်လည်း ၎င်းတို့၏ ခြေထောက်များကို သန့်စင်လိုက်ခြင်းဖြင့်၊ လေထုအတွင်း မီတာတစ်ရာအမြင့်သို့ပင် ခုန်တက်နိုင်ပေသည်။ ထို့နောက်တွင် ရွေ့လျားမှုနည်းစနစ်များကို အသုံးပြုပြီး၊ လေထဲ၌ အချိန်အနည်းငယ် ကြာသည်အထိ ရပ်တည်နိုင်လေမည်။

သွေးလင်းတသည် မွေးကင်းစကလေးငယ် တစ်ဦး ကဲ့သို့ ယိမ်းထိုးပျံသန်းနေခဲ့ပြီး၊ နောက်အခိုက်အတန့်မှာပင် ရာပေါင်းများစွာသော သိုင်းသမားများ၏ ဝိုင်းရံခြင်း ခံလိုက်ရသည်။

ခဏချင်းမှာပင် သွေးလင်းတနှင့် သိုင်းသမားများစွာ အကြား၊ ပြင်းထန်သော သတ်ဖြတ်ပွဲကြီး စတင်ခဲ့တော့သည်။ အချိန်တို အတွင်း လူဆယ်ဦး ကျော်ခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ အချို့သော ကံဆိုး သူများသည် မီးတောင်ဝအတွင်း ထဲသို့ ပြုတ်ကျကာ၊ လောင်ကျွမ်းပြာကျ ကုန်၏။

ယခုအချိန်၌ လက်ရှိ ဖြစ်ပေါ်နေသော တိုက်ပွဲများအရ၊ သွေးလင်းတသည် ကြာမြင့်စွာ တိုက်ပွဲဝင် နိုင်တော့မည် မဟုတ်ပေ။ ၎င်းသည် အရွယ်ရောက်ပြီး၊ သွေးလင်းတ တစ်ကောင် ကဲ့သို့ တိုက်ပွဲဝင်နိုင်ခြင်း မရှိခဲ့ရာ၊ အကယ်၍သာ ယခုအချိန်၌ ပြုတ်ကျလာပါက၊ စီနီယာဝမ်၏လက်ထဲသို့ ကျရောက်နိုင်ခြေ မြင့်မား လှပေသည်။

တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေခဲ့ကာ၊ သွေးလင်းတ၏ တိုက်ပွဲဝင်စွမ်းအားများမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာသည် နှင့်အမျှ၊ ရာပေါင်းများစွာသော သိုင်းသမားများ၏ မျက်ဝန်းများ၌ လောဘရောင်များ ဝင်းလက်လာလေသည်။

အခြားတစ်ဖက်တွင် ၎င်းတိုက်ပွဲကြီးအား ငေးကြည့်နေခဲ့သည့်ကျန်းယွီသည်၊ မျက်လုံးများ တောက်ပလာပြီး၊ လင်းယွန်အား လှည့်ကြည့်လိုက်ကာ၊

'' ဘယ်လိုလဲ မင်းရော တိုက်ပွဲဝင်ဖို့စဉ်းစားနေတာလား.... ''

" ဒါပေါ့....ဒါက အချိန်ကောင်းပဲမဟုတ်လား အစ်ကိုကျန်း... ''

'' ဒါပေမယ့် ဒီတိုက်ပွဲမှာ ပါဝင်တဲ့သူတိုင်းက အဋ္ဌမအဆင့် မီးလျှံ အမြုတေကို ရဖို့ဆိုရင်၊ သေချာပေါက် အုပ်စု ဖွဲ့ကြ လိမ့်မယ် ''

ကျန်းယွီက တွေဝေနေခဲ့ပြီး၊ ကူရာကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချ လိုက်သည်။

'' ဘယ်အခွင့်အရေးမဆို အန္တရာယ်နဲ့ တွဲလာ တက်တာပဲ မဟုတ်လား၊ မင်းကိုယ်မင်း သန်မာအောင် မတည်ဆောက် နိုင်ရင် ဘယ်လိုရပ်တည်မလဲ၊ ရှန်ရှင်းဘုံမှာ တစ်သက်လုံး အချိန်ဖြုန်းချင် နေလို့လား....''

လင်းယွန်က တုံ့ဆိုင်းချင်း မရှိ ပြတ်သားစွာ ပြောလာသည်။ ထိုသို့သော စကားများကို ကြားလိုက်မိသည်နှင့်၊ ကျန်းယွီသည် သူ့နှလုံးသား အတွင်း၌ ဗုံးတစ်လုံးပေါက်ကွဲသွား သကဲ့သို့ တုန်လှုပ်သွားသည်။ ၎င်းသည် ရိုးရှင်းသောဘအတွေးတစ်မျှင် မျှသာ ဖြစ်ပြီး၊ သူက မေ့လျော့ နေမိခဲ့သည်။

ထို့ကြောင့်ပင် လွန်ခဲ့သည့်အချိန်များ၌ မိမိကိုယ်ကို ချုပ်နှောင်မိသွားကာ၊ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ရှိ အတားအဆီးအချို့အား တွေ့ကြုံလိုက်ရသည်နှင့်၊ ကံစမ်းရန် ဤကောင်းကင်မီးလျှံ တောင်ထိပ်သို့ လာရောက်ခဲ့သည်၊ ထိုလေးလတာ ကာလအတွင်း အသက်ရှင်သန်ရန် အတွက် အန္တရာယ်များစွာအား ကာကွယ်သည့်အနေဖြင့် အလိုက်သင့် ရှင်သန်ခဲ့လေရာ၊ ရလာဒ်အနေဖြင့် နိမ့်ကျသောမီးလျှံကျောက်တုံး တစ်တုံးကိုသာ ရိတ်သိမ်းနိုင်လေသည်။ အသက်ရှင်သန်ဖို့ရန် အဓိကထား ဆုံးဖြတ်လိုက်ပြီးနောက်၊ မည်သို့သောကံကောင်းမှုမျိုးမဆို သူ့အား ကျော်လွှားသွား လေတော့သည်။

" အစ်ကိုကျန်း.....ကျေးဇူးပြုပြီး "

ရုတ်တရက် လင်းယွန်၏ အသံကြောင့် ကျန်းယွီမှာ အတွေးများမှ လန့်နိုးလာပြီး၊ လှည့်ကြည့်လိုက်သော အခါတွင် လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်အဖြစ်သို့ အသွင်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင်၊ လင်းယွန်သည် ယန်သန့်စင်ခြင်း နည်းစနစ်အား ဖြန့်ကျက်လိုက်ရာ၊ သူ၏အရှိန်အဝါသည် နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့သည်။ ထိုအရှိန်အဝါ၏ ဖိအားသည် ကျန်းယွီအား မွန်းကြပ်လာစေသည်ကြောင့်၊ ချက်ချင်းပင် ခြေလှမ်း အနည်းငယ်ခန့် ဆုတ်ခွာလိုက်ရ၏။

'' ဘယ်လောက်တောင် ရိုင်းစိုင်းကြမ်းကြုတ်လွန်းတဲ့ အရှိန်အဝါမျိုးလဲ ''

ထိုမြင်ကွင်းကြောင့် ကျန်းယွီသည် ထိတ်လန့်စွာဖြင့်၊ အလိုလိုနောက်ဆုတ် မိပြန်သည်။

လင်းယွန်၏လက်သီးတွင် ရွှေဝါရောင်မီးလျှံများတောက်ပလာသည်နှင့်အမျှ၊ ၎င်းညာလက်ဝန်းကျင်ရှိလေဟာနယ်သည် အက်ကွဲတုန်ယင်လာကာ၊ ပတ်ဝန်းကျင်အား ပူလောင်ပြင်းရှလာစေသည်။

ထို့နောက်တွင် လင်းယွန်သည် အော်ဟစ်ကြုံးဝါးလျက်၊ ကြမ်းပြင်ပေါ်သို့ လက်သီးဖြင့် အားကုန်ထိုးချလိုက်လေသည်။

တစ်ချိန်တည်းမှာပင် လင်းယွန်သည် သူ၏ သိုင်းဝိဉာဉ် အတွင်းရှိ ဓားကျိုးပေါ်မှ ငွေဖြူရောင် အလင်းကို ဆင့်ခေါ် ပေါင်းစပ်လိုက်သည်။ ဤသို့သော လက်သီးနှင့် ဓားးပေါင်းစပ်ခြင်းသည်၊ လက်မောင်း အပ်စိုက်မှတ်များကို သန့်စင်ပြီးနောက်တွင်၊ ပိုမိုလွယ်ကူ လာခဲ့သော်လည်း၊ ထိုအဆင့်အား သတိထားလုပ်ကိုင် ရပေမည်၊ သို့မဟုတ်ပါက လက်မောင်းတစ်ခုလုံးသည် သိပ်သည်းသော စွမ်းအင်များကြောင့် ပေါက်ကွဲပျက်စီး သွားနိုင်၏။

'' ........ ဝုန်း ''

လက်သီးသည် မြေပြင်ပေါ်သို့ ထိခတ်လိုက်မိသည်နှင့်၊ ကောင်းကင်မီးလျှံတောင်ထိပ် တစ်ခုလုံးအား ပြင်းထန်စွာ လှုပ်ခါသွားစေသည်။ အဆိုပါ သက်ရောက်မှုသည် မြေပြင်တစ်လျှောက် ရွေ့လျားသွားကာ၊ မီးတောင် အတွင်းရှိ ချော်ရည်ပူများကို နောက်တစ်ကြိမ် လှုပ်ခတ်သွားစေသည်။

အဋ္ဌမအဆင့်မီးလျှံအမြုတေကို မွေးဖွားပြီးနောက်တွင်၊ မီးတောင်သည် ဗုံးတစ်လုံး ကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ၎င်းသည် လင်းယွန်၏လက်သီးချက်ကြောင့် ထပ်မံပေါက်ကွဲလာပြန်သည်။

'' ဝှူးရှ်........ ''

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ၊ ချော်ရည်များ ထပ်မံကန်ထွက်လာပြန်ရာ၊ ၎င်းချော်ရည်များသည် မည်မျှကြောက်မက်ဖွယ် ကောင်းလွန်းလှသည်ကို သတိရမိသွားကြပြီး၊ မီးတောင်ဝအနီး ကောင်းကင်ယံထက်၌၊ သွေးလင်းတဖြင့် တိုက်ပွဲဝင်နေခဲ့ကြသော လူအုပ်ကြီးမှာ၊ မျက်နှာများ ပျက်ယွင်း သွားလျက် ချက်ချင်းပင် ရှောင်တိမ်းလိုက် ကြသည်။

ထိုသို့သော အလန့်တကြား ဆုတ်ခွာမှုများကြောင့်၊ သွေးလင်းတသည် ဖိအားများ အတွင်းမှ ရုတ်ချည်းလွတ်မြောက်သွားပြီး၊ အလျင်းသင့်ရာ လမ်းကြောင်းတစ်ခုအား ရွေးချယ်လျက် ထွက်ပြေးသွားခဲ့သည်။

ထိုသို့ သွေးလင်းတ ထွက်ပြေးသွားသည့် မြင်ကွင်းကို တွေ့မြင်လိုက်သည်နှင့်၊ ပြန်လည် ဆုတ်ခွာ လာကြသော လူအုပ်ကြီးသည် သွေးလင်းတနောက်သို့ လိုက်လံဖမ်းဆီး ချင်ကြသော်လည်း၊ အချိန်သည် နှောင်းသွားခဲ့ပြီ ဖြစ်သည်။

'' ......ဝှစ် ''

အခြားတစ်ဖက်တွင် သွေးလင်းတသည် ပြေးမည်ဟု ကြံရွယ်လိုက်သော်လည်း၊ သူ့ပြေးလမ်းကြောင်းပေါ်သို့ လက်သီးတစ်လုံးသည် ရုတ်တရက် ပြေးဝင် ဟန့်တားလာရာ၊ ထိုလက်သီးအား ခုခံရန်အတွက်၊သူ၏နောက်ဆုံးသော စွမ်းအင်ကို ထုတ်ဖော်လိုက်ရပြီး၊ အသက်တရှိုက်စာအတွင်း သွေးလင်းတ သားရဲကောင် အဖြစ်မှ၊ မီးလျှံကျောက်တုံးတစ်တုံး အသွင်သို့ ပြန်လည်ကူးပြောင်းသွား၏၊ ထို့နောက်တွင် ၎င်းမီးလျှံ ကျောက်တုံးသည် ကောင်းကင်မှ လွင့်ကျလာသည်ကြောင့်၊ လင်းယွန်က ပြုံးလျက် ဖမ်းယူလိုက်၏။

'' အဲ့ဒီကောင်ကို..... သတ် ''

ရာပေါင်းများစွာသောကျင့်ကြံသူများသည် သွေးအန်လုနီးနီး ဒေါသများဖြင့် အော်ဟစ်လိုက်ကြသည်။

('' ဘယ်အခွင့်အရေးမဆို အန္တရာယ်နဲ့ တွဲလာတက်တာပဲ မဟုတ်လား၊ မင်းကိုယ်မင်း သန်မာအောင် မတည်ဆောက်နိုင်ရင် ဘယ်လိုရပ်တည်မလဲ၊......'' )

ကျန်းယွီသည် ဤမြင်ကွင်းကို မင်သက်ငေးမောနေမိပြီး၊ လင်းယွန်၏စကားအချို့ကို ပြန်လည်ကြားယောင်သွားကာ၊ မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

" သောက် ပဲ ဟေ့၊ မင်းရဲ့ မျိုးရိုးစဉ်ဆက်ကို ငါသတ်ရမှ ကြေနပ်နိုင်မယ် ... ''

စီနီယာဝမ်၏ ဒေါသတကြီး ကျိန်ဆဲလိုက်သံနှင့်အတူ၊ သတ်ဖြတ်လိုခြင်းဆန္ဒများမှာ သိပ်သည်းစွာ ပျံ့နှံ့လာလေသည်။

" သတ်........ ''

***

All Chapters