မျောက်ဝံ။
Vol. 9 Ch. 116
ကောင်ကင်ဝင်ရိုးတောင်တန်းကြီးတွင် မြောက်များလှစွာသော တောင်တန်းငယ် များဖြင့် ဝန်းရံထားလေသည်။ တောင်တန်းငယ် တစ်ခုစီ တိုင်းတွင် သစ်တော များဖြင့် ဖုံးလွှမ်းနေသော်လည်း၊ ကောင်းကင်မီးလျှံ တောင်ထိပ်မှာ ချွင်းချက် ဖြစ်၏။
၎င်း၏ မိုင်ငါးဆယ် ပတ်လည် အတွင်း၌ ကျပ်တည်းမြေ တစ်ခု ကဲ့သို့ သစ်ပင်ကြီးများ ပေါက်ရောက် နိုင်ခြင်း မရှိခဲ့ချေ။
၎င်းနှင့်ဆန်ကျင်ဘက် တစ်နေရာ၌ ပန်းရနံ့များသင်းထုံနေသော ချိုင့်ဝှမ်းတစ်ခုရှိလေသည်။
ဤနေရာ၌ နေထိုင်သော သံလက်သည်းမျောက်ဝံများကြောင့်၊ ၎င်းချိုင့်ဝှမ်းသည် လူသားများအတွက် တားမြစ်နယ်မြေ ဖြစ်နေခဲ့၏။
ထိုသံလက်သည်းမျောက်ဝံသည် ရှန်ရှင်းစတုတ္ထ အဆင့်ရှိ နတ်ဆိုးသားရဲ တစ်ကောင် မျှသာ ဖြစ်သော်လည်း၊ ယင်းနတ်ဆိုး သားရဲကောင် များသည် အုပ်စုဖွဲ့ ရှင်သန် တက်ကြ ပေရာ၊ ၎င်းအုပ်စု တစ်စု သည်ပင် ကောင်ရေနှစ်ရာမှ သုံးရာကျော်အထိ ရှိနေတက်ပေသည်။
ထို့အပြင် သံလက်သည်း မျောက်ဝံ သားရဲ များ၏ သားရဲ ခေါင်းဆောင်မှာ ရှန်ရှင်း ဆဋ္ဌမ အဆင့်နှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထား ပေသည်။
၎င်း၏ ရိုင်းစိုင်းကြုမ်းကြုတ်မှု များကြောင့် မျောက်ဝံသားရဲ တိုင်းက၊ ဆန့်ကျင်ရန် မည်သို့မျှ ဆန္ဒမရှိကြပေ။
ချိုင့်ဝှမ်းအပြင်ဘက်တစ်နေရာ၌ သိုင်းသမားတစ်စုသည် စုဝေးနေခဲ့ကြသည်။ လင်းယွန်သာ ဤနေရာတွင် ရှိနေပါက၊ ၎င်းသိုင်းသမားများရှေ့တွင် ရပ်နေသော သူနှစ်ယောက် အနက် တစ်ယောက်ကို မှတ်မိပေလိမ့်မည်။
၎င်းမှာ မိုပင်းနှင့် အကြီးအကဲလျူတို့ဖြစ်ပြီး၊ ယင်းတို့နောက်တွင် ရွှေမီးတောက်ဂိုဏ်းခွဲ၏ တပည့်ပေါင်းခြောက်ရာခန့်အထိ စုဝေးခေါ်ဆောင်လာခဲ့ ကြသည်။
သို့သော် ဤသို့သော လူစုလူဝေးကြီး၏ ခေါင်းဆောင်မှာ ၎င်းတို့နှစ်ဦးမဟုတ်ပေ။ ထိုသူတို့နှစ်ယောက်သည် လူငယ်လေးတစ်ယောက်အား လေးလေးစားစွာ ဦးစားပေးဆက်ဆံနေရလေသည်။ အကြီးအကဲလျူ၏ အမူအရာများအရ၊ ထိုရွှေရောင်ဝတ်စုံဖြင့် လူငယ်လေးသည် အဆင်တန်းမြင့်သော ဂိုဏ်းဝင်တစ်ဦးဖြစ်မည်မှာ သေချာလှပေသည်။
"အကြီးအကဲလျူ၊ တိမ်နဂါးသစ်သီးက ဒီချိုင့်ဝှမ်းထဲမှာ ရှိနေတာ သေချာရဲ့လား"
လူငယ်လေး၏မျက်နှာတွင် သံသယအရိပ်အယောင်များ စွန်းထင်းနေခဲ့သည်။
"ငါ မင်းကို မလိမ်ရဲပါဘူး၊ ရွှေမီးတောက်ဌာနခွဲရဲ့ တပြည့်တော်တော်များများက အသက်စွန့်ပြီး ရှာဖွေထားတာပါ၊ တိမ်နဂါးသစ်သီးကို စောင့်ကြပ်နေတဲ့ သံလက်သည်းမျောက်ဝံတွေကြောင့် ငါတို့အကြပ်ရိုက်နေတာပါ၊ စီနီယာမိန်......''
အကြီးအကဲလျူသည် ရွှေမီးတောက်ဂိုဏ်းဌာနခွဲ၏ အကြီးအကဲတစ်ဦးဖြစ်နိုင်သော်လည်း၊ သူ၏ အဆင့်အတန်းမှာ ပင်မဌာချုပ်မှ အတွင်းတပည့် တစ်ဦးလောက်ပင် မြင့်မားခြင်း မရှိပေ။
ထို့အပြင် ဤလူငယ်လေးသည် ရွှေမီးတောက်ဂိုဏ်း၏ အမွေခံတပြည့်တစ်ဦးဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုသည် အသက်(20)နှစ်မတိုင်မီ၊ ရှန်ရှင်းပဉ္စမအဆင့်သို့ ရောက်ရှိနေခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် ရွှေမီးတောက် နည်းစနစ်ကို တတိယအဆင့်အထိ ဆုပ်ကိုင်ထား နိုင်ခဲ့သော၊ ဂိုဏ်း၏ စောင့်ကြည့်ခံ အရည်အချင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ သူ၏အဆင့်အတန်းသည် အမွေ့ခံတပြည့်များ အတွင်းတွင် ထိပ်ဆုံးအဆင့်၌ ရပ်တည်ထားနိုင်ပြီး၊ အနာဂါတ်ကာလတွင် ရွှေမီးတောက်ဂိုဏ်းအား အဆင့်တစ်ခုအထိ ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု၊ ရွှေမီးတောက်ဂိုဏ်းချုပ်ကြီး အပါအဝင်၊ ဂိုဏ်းတစ်ခုလုံးက မျှော်လင့်ထားမိသည်၊ ထို့ကြောင့် အကြီးအကဲလျူမှာ ရဲရင့်သော်လည်း၊ ဤလူငယ်လေးအား မလေးစားဝံ့ပဲ မနေရဲပေ။
'' စီနီယာအစ်ကို၊ သံလက်သည်းမြောက်ဝံတွေက တိမ်နဂါးသစ်သီးကို အထွတ်အမြတ်ရတနာအဖြစ် ကာကွယ်ထားတက်တဲ့ အစဉ်အလာရှိတယ်၊ သူတို့ရဲ့ ခေါင်းဆောင်အသစ်တိုင်းက အဖွဲ့ကိုဦးဆောင်ကာကွယ်ဖို့အတွက် ဒီသစ်သီးကို စားသုံးကြလိမ့်မယ် ''
မိန်ဇီဟာ၏ နောက်လိုက်တပည့်အနည်းငယ် အတွင်းမှ တစ်စုံတစ်ယောက်က ဝင်ရောက် ရှင်းပြ လိုက်သည်။
"ဒါဆို ငါတို့က နေရာမှန်ကိုရောက်လာတာပေါ့...တိမ်နဂါးသစ်သီးကို ရှာဖွေနိုင်ခဲ့တာက၊ မင်းတို့ ငါ့အတွက် ကြီးကြီးမားမာ အကျိုးဆောင်နိုင်ခဲ့တာပဲ..... ''
မိန်ဇီယာက အကြီးအကဲလျူနှင့် မိုပင်းအား လှည့်ကြည့်ကာ၊ ဝမ်းမြောက်စွာဖြင့် အသိအမှတ်ပြုလိုက်သည်။ ၎င်းအတွက် အကျိုးဆောင် ဆုလာဒ် ရရှိမည်မှာ သေချာပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာမိန် "
မိန်ဇီယာက အကြီးအကဲလျူ၏ ကျေးဇူးတင်စကားအား လျစ်လျူရှူလိုက်ပြီး၊ သူ့လက်ကို ဝှေ့ယမ်းကာ ဗျူဟာတစ်ခု ချမှတ်ရန် နောက်လိုက် တပြည့်များကို စုစည်းလိုက်လေသည်။
ထိုမြင်ကွင်းကြောင့် မိုပင်းက အကြီးအကဲလျူဘက်သို့ လှည့်ကာ၊
'' အကြီးအကဲလျု ဒီလူတွေက သံလက်သည်း မျောက်ဝံတွေကို ကိုင်တွယ်နိုင်ပါ့မလား၊ သံလက်သည်း မျောက်ဝံသားရဲ တွေရဲ့ အင်အားက ရာနဲ့ချီရှိပြီး၊ တစ်ကောင်ချင်းစီရဲ့ ခွန်အားကတင် ကြောက်စရာ ကောင်းလွန်းတယ်မလား...သူတို့ရဲ့......''
'' ရှူး....... ''
အကြီးအကဲလျူ၏ မျက်နှာက ပြောင်းလဲသွားကာ၊ ချက်ချင်းပင် လေးနက်တည်ကြည် သွားခဲ့ပြီး၊
'' တိတ်တိတ်နေ၊ ဒါက မင်းဝေဖန်နိုင်တဲ့ အရာမဟုတ်ဖူး၊ မင်းရဲ့ စကားကို စီနီယာမိန် မကြားပါစေနဲ့၊ အဲဒါကို မင်း စိတ်ပူနေဖို့ မလိုပါဘူး၊ ပင်မဂိုဏ်းရဲ့ တပည့်တွေက ငါတို့ထက် အတွေ့အကြုံပိုရှိတယ်၊ ပြီးတော့ သူတို့ကို ကြည့်လိုက်စမ်း၊ သူတို့က ရှန်ရှင်း စတုတ္ထအဆင့်မှာ ဆိုပေမယ့် ငါတို့နှစ်ယောက်ထက် ပိုသန်မာတယ်.......''
အကြီးအကဲလျူစကားကြောင့် မိုပင်းက မိန်ဇီယာတို့ လူစုထံ ဝေ့ကြည့်အကဲခတ်လိုက် မိသည်။ နောက်လိုက်တပြည့်အချို့သည် အသက်အရွယ်ငယ်ရွယ်လှပြီး၊ ရွှေမီးတောက်ဂိုဏ်း၏ ပျိုးထောင်ပေးခံရသော အမာခံ တပြည့်များပင် ဖြစ်ရာ၊ ၎င်းတို့၏ အလားအလာသည် ဂိုဏ်း၌ အကန့်အသတ် မရှိပေ၊ ထို့ကြောင့် ယင်းတပြည့်ငယ်များသည် မောက်မာလွန်းခဲ့ပြီး၊ အကြီးအကဲလျူတို့အား မျက်လုံးထဲပင် မထားရှိချေ။
ရွှေမီးတောက်ဂိုဏ်းတွင် ဌာနခွဲများအား ပြင်ပဂိုဏ်းဝင်များ အဖြစ်သာ သတ်မှတ် ထားပေရာ၊ ၎င်းဂိုဏ်းခွဲငယ်များသည် ပင်မဂိုဏ်းသားများ၏ အကျိုးကို ဆောင်ရွက်ခြင်းဖြင့် ဂိုဏ်း၌ အနည်းငယ်သော မျက်နှာသာ ပေးမှုကို ရယူကြရ ပေသည်။
အခြားတစ်ဖက်တွင် နောက်လိုက်တပြည့်တစ်ယောက်က သူ့အမြင်ကိုထုတ်ပြောပြ လာသည်။
'' သံလက်သည်းမျောက်ဝံသားရဲခေါင်းဆောင်က ရှန်ရှင်းဆဋ္ဌမအဆင့် ဒါမှမဟုတ် အဲ့ဒိထက်ပို နိုင်တယ်၊ ဒါပေမယ့် ဒါကပြဿနာမဟုတ်ဖူး၊ တကယ့် ခြိမ်းခြောက်မှု တွေကတော့ တခြား မျောက်ဝံတွေ ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်မိတယ်၊ နောက်ဆုံးတော့ အရေအတွက်က အရမ်းအရေးပါတယ်မဟုတ်လား ''
'' စီနီယာအကိုကြီး၊ ငါတို့မှာ ငါးမျိုးအဆိပ်၊ သေမင်းရနံ့နဲ့ ဝိညာဉ်ခေါ်ဆေးမှုန့် တွေပါလာတယ်၊ သံလက်သည်းမျောက်ဝံတွေကို သတ်ဖို့ ဘယ်အဆိပ်က ထိရောက်နိုင်မလဲဆိုတာ ငါသိချင်တယ်....''
'' သဘာဝအရဆိုရင် သံလက်သည်းမျောက်ဝံတွေက အဆိပ်ကို ခံနိုင်ရည် မြင့်မားတဲ့အတွက် ငါးမျိုးအဆိပ်က အသုံးမဝင်ဘူး၊ ဝိညာဉ်ခေါ်ဆေးမှုန့်ကလည်း မလုံလောက်နိုင်ဖူးလို့ ငါ ထင်တယ်၊ ဒါပေမယ့် သေမင်းရနံ့ကတော့ အသုံးဝင်လောက်မယ် ''
ခဏာကြာဆွေးနွေးပြီးနောက် မိန်ဇီယာက ဆုံးဖြတ်လိုက်ဟန်ဖြင့်၊ တပြည့်တစ်ဦးထံမှ ခရမ်းရောင်အမွှေးတိုင်အား လှမ်းယူလိုက်ကာ၊
" သေမင်းရနံ့နဲ့ပဲ သွားကြရအောင်။"
ထို့နောက်တွင် မိန်ဇီယာသည် သူ့လက်ကို ဝှေ့ယမ်းကာ အကြီးအကဲလျူ နှင့် မိုပင်းအား ခေါ်ယူလိုက်သည်။
'' ဒါက သေမင်းရနံ့ပဲ အကြီးအကဲလျူ....... ''
မိုပင်းက စဉ်းစား တွေဝေ နေခဲ့သော်လည်း အကြီးအကဲလျူမှာ မျက်နှာပျက်သွား၏။ သေမင်းရနံ့သည် ရက်စက်လွန်းသော အဆိပ်တစ်မျိုး ဖြစ်သည်ဟု သိရှိထား ခဲ့သည်။ ၎င်းရနံ့ကို အနည်းငယ် ရှူရှိုက်မိရုံဖြင့်ပင် သွေးရူး သွေးတန်းနှင့် မူးလဲသေဆုံး နိုင်လေသည်။
သို့သော် သံလက်သည်းမျောက်ဝံများသည် သဘာဝအရ အဆိပ်မျိုးမျိုးကို ခံနိုင်ရည်ရှိကြသည် ဖြစ်ရာ၊ ၎င်းရနံ့သည်ပင် ထိရောက်နိုင်မည်ဟု အာမမခံနိုင်ပေ။
'' ဒါကိုယူပြီး ချိုင့်ဝှမ်းထဲမှာ ထွန်းညှိဖို့၊ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ....... ''
မိန်ဇီယာ၏ အမိန့်ပေးသံကြောင့် အကြီးအကဲလျူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်း သွား၏။ ဤတာဝန်အား ထမ်းဆောင်သူ မည်သူမဆို သေမင်းနှင့် ရင်ဆိုင်ရပေမည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် သံလက်သည်း မျောက်ဝံများနှင့် မတိုက်ခိုက် နိုင်ခင်မှာပင်၊ အမွှေးတိုင်၏ ရနံ့များကြောင့် အဆိပ်မိသေဆုံးရပေမည်။ မိန်ဇီယာ၏ အမိန့်ပေးသံသည် ရက်စက်လွန်းခဲ့ပြီး၊ ၎င်းသည် အကြီးအကဲလျူ၏ ခံစားချက်များကို လျစ်လျူရှုသော အကြည့်ဖြင့် အမွှေးတိုင်အား ကမ်းပေးလာ ခဲ့ရာ၊ တုန်လှုပ်သွားသည်။
ခဏအကြာတွင် အကြီးအကဲလျူ၏တပည့်တစ်ဦးသည် ၎င်း၏ အန္တရာယ်များအား သိမြင်ခြင်း မရှိကာ၊ အမွှေးတိုင်များကို ကိုင်ဆောင်လျက် ချိုင့်ဝှမ်းအတွင်းထဲသို့ ဝင်ရောက်သွားလေသည်။
'' ................ ''
ထိုမြင်ကွင်းကို မိန်ဇီယာသည် တည်ငြိမ်စွာဖြင့် စောင့်ကြည့်နေခဲ့စဉ်မှာပင်၊ ရုတ်တရက် မြေပြင်မှာ တုန်ခါသွားပြီး၊ သူ၏ အနောက်ဘက် အရပ်ဆီမှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။
" ဘာဖြစ် တာလဲ...."
မိန်ဇီယာ၏အာရုံသည် ထိုပေါက်ကွဲသံထံသို့ ရောက်ရှိသွားပြီး လှည့်ကြည့်လိုက်ကာ၊ အကြီးအကဲလျူအား မေးမြန်းလိုက်သည်။ မိန်ဇီယာ၏ မြင်ကွင်းအား ကြီးမားသောသစ်ပင်ကြီးများဖြင့်၊ ဖုံးကွယ်နေခဲ့ပြီး၊ ၎င်းသည် မိန်ဇီယာ၏သိချင်စိတ်အား ပိုမို လောင်ကျွမ်း လာစေသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြန်သည်။
'' စီနီယာမိန်၊ မင်း စိတ်ပူစရာ မလိုပါဘူး၊ ဒါက ကောင်းကင်မီးလျှံတောင်ထိပ်ကနေ ချော်ရည်တွေပေါက်ကွဲလာတဲ့အသံပါ။ ''
'' အိုး ....ဟုတ်သား၊ ဒါကို ငါမေ့သွားတယ်၊ ''
မိန်ဇီယာက အကြီးအကဲလျူစကားကြောင့် စိတ်မသက်သာဟန်ဖြင့် ခေါင်းညိတိလိုက်သည်။ ကောင်းကင်ဝင်ရိုးတောင်တန်းတစ်လျှောက်ရှိ ၎င်းနယ်မြေသည် ရတနာနယ်မြေတစ်ခုဖြစ်ပြီး၊ ရွှေမီးတောက်ဂိုဏ်းသည် ထိုကောင်းကင်မီးလျှံတောင်ထိပ်အား အချိန်အတန်ကြာ လက်ဝါးကြီးအုပ်ထားခဲ့ဖူးပေသည်။
ထိုအချိန်က ကောင်းကင်မီးလျှံတောင်ထိပ်၏ မီးလျှံကျောက်တုံးများသည် ကျင့်ကြံသူများစွာအား ဆွဲဆာင်နိုင်လွန်းသည့် ရတနာများ ဖြစ်နေခဲ့ပေရာ၊ ၎င်းတောင်ထိပ်သို့ ရှန်ရှင်း ဆဌမအဆင့်နှင့် သတ္တမအဆင့်သိုင်းသမားများသည်၊ အဆုံးမရှိရောက်ရှိလာမှုကြောင့် ရွှေမီးတောက် ဂိုဏ်းပင်လျှင် ဆက်ဆံရခက်ခဲလာစေ သည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် ယင်းနယ်မြေအား ကာကွယ်ရန်အတွက် နက်နဲနယ်ပယ်သိုင်းသမားများကိုပင် စေလွှတ်ခဲ့ရသည်။
သို့သော် အခြားသော ကျင့်ကြံသူများသည်လည်း နက်နဲနယ်ပယ် သိုင်းသမားများအား ဤနယ်မြေအတွင်းသို့ ခေါ်ဆောင်လာကြရာ၊ တိုက်ပွဲများအဆက်အပြတ် ဖြစ်ပွားလာခဲ့ပြီး၊ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုမှာ မျှခြေမညီတော့သည်ကြောင့်၊ နောက်ဆုံးတွင် ရွှေမီးတောက်ဂိုဏ်းသည် ၎င်းတို့၏ လက်ဝါးကြီးအုပ်မှုကို စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။
" စီနီယာမိန်၊ လွန်ခဲ့တဲ့ 'လ'ဝက်လောက်က ကောင်းကင်မီးလျှံ တောင်ထိပ် ကနေ သဘာဝ ကောင်းချီး ထွက်ပေါ် လာခဲ့ဖူးတယ်.... "
အကြီးအကဲ လျူသည် ရုတ်တရက် သတိရ သွားပြီး၊ မိန်ဇီယာအား မျှဝေ လိုက်မိ လေသည်။
***