← Chapters

နားလည်မှု လွဲ တာပါ။

Vol. 9 Ch. 117

နားလည်မှု လွဲ တာပါ။

Vol. 9 Ch. 117

မိန်ဇီယာ၏ မျက်လုံးများ မှေးစင်းသွားသည်။ သဘာဝကောင်းချီးသည် တစ်လခွဲခန့်ရှိပြီ ဖြစ်သည်ကြောင့် ရတနာများမှာ ကုန်ဆုံးသွား နိုင်ပေမည်။ သူသာ စောစောလာမိခဲ့ပါက အနည်းငယ်ပင်၊ မှီကောင်းမှီ နိုင်ပေသည်။

သို့ပေမယ့် တိမ်နဂါးသစ်သီး သည်လည်း ရွှေမီးတောက် နည်းစနစ်၏ အတားအဆီး များအား ချိုးဖြတ်ရန် လုံလောက်နေပေ သေးသည်။

ထို့ပြင် ၎င်းတိမ်နဂါးသစ်သီးကို သန့်စင်နိုင်ပါက မှိန်ဖျော့သော နဂါးရောင်ဝါကို ပိုင်ဆိုင်နိုင်မည်။

ရွှေမီးတောက်သိုင်းနည်းစနစ်သည် ရွှေမီးတောက်ဂိုဏ်း၏ အခြေခံ အုတ်မြစ် ဖြစ်ပြီး၊ ယင်းအား ကျင့်ကြံရာတွင် အရင်း အမြစ် များစွာ အသုံးပြုရန် လိုအပ်လှ လေသည်။

ထို့ကြောင့်ပင် သဘာဝ ရတနာ များ၏ အထောက် အပံ့သာ မပါရှိ ပါက၊ တိုးတက် အောင်မြင် ဖို့ရန် ခက်ခဲပေ လိမ့်မည်။

"အား....." ချိုင့်ဝှမ်းအတွင်းထံမှ နာကျင်ဟစ်အော်သံ တစ်သံ ထွက်ပေါ်လာသည်။ သိပ်မကြာခင်မှာပင် သံလက်သည်း မျောက်ဝံများ၏ ဒေါသတကြီး အော်ဟစ် တိုက်ခိုက် သံများ ထွက်ပေါ်လာခဲ့၏။

'' စီနီယာအစ်ကို၊ သေမင်းရနံ့က အလုပ်လုပ်ပုံရတယ်၊ ''

ထိုအသံများကြောင့် ရွှေမီးတောက်ဂိုဏ်း၏ ပင်မ တပည့်များက သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားဟန်များ အထင်းသား ထွက်ပေါ်လာသည်။

ယခုအချိန်၌ အမွှေးတိုင်ထွန်းရန် ထွက်သွားသူသည် သေဆုံးရမည့် အချိန်ပင် ဖြစ်သည်။

အကြီးအကဲလျူ၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားကာ၊ ပြုံးရုံသာ ပြုံးနိုင်ခဲ့ပြီး သူ့အပြုံးသည် မချိမခံသာဟန်များ စွန်းထင်းနေ ခဲ့သည်။ ပင်မ တပည့်များက ဌာနခွဲမှ ဂိုဏ်းဝင်များ၏ အသက်အား လုံးလုံးလျားလျား လျစ်လျူရှု ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင်၊ မိန်ဇီယာ၏ မျက်လုံးများတွင် ဖုံးကွယ်၍ မရသော ပျော်ရွှင်မှု အချို့နှင့်အတူ၊

" လျူအကြီးအကဲနဲ့ ကာကွယ်သူမို...."

'' ဟုတ်ကဲ့...... ''

'' ငါ့နဲ့ ငါ့လူတွေက သားရဲ ခေါင်းဆောင်ကို ရင်ဆိုင်တိုက်ခိုက် နေတုန်းမှာ၊ မင်းရဲ့ ဌာနခွဲက ကျန်တဲ့ မျောက်ဝံတွေ ဝင်ရောက် မနှောက်ယှက်နိုင်အောင်၊ အဆက်မပြတ် ဟန့်တားပေးထားပါ၊....... ''

"............ ''

" ရော့... ဒါက မင်းရဲ့ဆုလာဘ်ပဲ၊ ဒီကိစ္စပြီးရင် နောက်ထပ် ဆုလာဒ်တွေ လာလိမ့်ဦးမယ်"

မိန်ဇီယာက မိုပင်းတို့ထံသို့ ကျောက်စိမ်းပုလင်းတစ်လုံးကို ပစ်ပေးလိုက်သည်။ ၎င်းပုလင်းအား ဖွင့်ကြည့်လိုက်သော အခါတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ နှင့်အတူ၊ ရှန်ရှင်းအဆင့် ဆေးလုံးပေါင်း (၃၀)ခန့် အား တွေရှိ လိုက်ရလေသည်။ အကြီးအကဲလျူနှင့် မိုးပင်းတို့ နှစ်ယောက်မှာ ရွှင်မြူးသွားကြပြီ၊

'' စီနီယာမိန် စိတ်ချထားပါ၊ ငါတို့ ဒီမစ်ရှင်ကို ပြီးမြောက်အောင် လုပ်ပေးပါမယ် ''

ဟု ကတိပေး လာခဲ့သည်။

မိန်ဇီယာသည် အချိန်ကုန်လွန် သွားစေရန် ခဏမျှ စောင့်ဆိုင်း နေခဲ့ပြီး၊ ထိုအချိန်အတောအတွင်း အကြီးအကဲလျူမှာ သူ၏ ဌာနခွဲမှ တပြည့်များအား သေမင်းရနံ့ အမွှေးတိုင်အား ထွန်းညှိရန် တစ်ယောက်ပြီး တစ်ယောက် စေလွှတ်ခဲ့လေသည်။ ဤနည်းဖြင့် သံလက်သည်း မျောက်ဝံများ၏ အရေအတွက် များအား တက်နိုင်သမျှ လျှော့ချ နေပြီးနောက်၊ ခဏာအကြာတွင် မိန်ဇီယာက ခေါင်းညိတ်လျက် လောဆော် လိုက်သည်။

'' သွား ကြ တော့ ....... ''

'' ဝှစ် ......... ''

ထို့နောက်တွင် မိုပင်းနှင့် အကြီးအကဲလျူတို့သည် သိုင်းသမား ခြောက်ရာခန့်အား ဦးဆောင်ကာ၊ ရှေ့ဆုံးမှ ဝင်ရောက် သွားသည်ကို ရပ်ကြည့်လျက်၊ ပင်မတပည့် တစ်ဦးက မိန်ဇီယာ ဘက်သို့ လှည့်လိုက်ကာ၊

'' စီနီယာအစ်ကိုမိန်၊ သေမင်းရနံ့ရဲ့ အကျိုးဆက်တွေအရ၊ အဆိပ်တွေ လက်ရှိ နေဦးမယ်၊ ဒီလူအုပ်မှာ အကြီးအကဲလျူနဲ့ မိုးပင်လောက်သာ ဒီအဆိပ်ကို ခံနိုင်လိမ့်မယ်၊ ကျန်တဲ့ သူတွေကတော့........ ''

'' သေမင်းရနံ့ရဲ့ နောက်ထပ် အစွမ်းကို မင်းမေ့နေပုံရတယ်၊ ဒီလူပြက် တစ်အုပ်က သူတို့ရဲ့စိတ်ကို ရူးသွပ်သွားစေတဲ့၊ သေမင်းရနံ့ရဲ့ ဖျားယောင်းမှုသာ မပါရင်၊ သံလက်သည်းမျောက်ဝံတွေကို တိုက်ခိုက်ရဲမယ်လို့ မင်းထင်နေတာလား...... ''

မိန်ဇီယာက ကောက်ကျစ်စွာ ပြုံးလျက် ပြန်ဖြေ လိုက်သည်ကြောင့်၊ နောက်လိုက် တပည့်များမှာ သဘောကျဟန်ဖြင့် ခေါင်းတညိတ်ညိတ် ရယ်မောလိုက် ကြလေသည်။

ခဏအကြာတွင် ချိုင့်ဝှမ်းအတွင်း၌ အော်ဟစ်တိုက်ခိုက်သံများ ထွက်ပေါ်လာလေပြီ။

"သွားကြရအောင်....."

ထိုအသံများအား ကြားလိုက်ရသည့် အချိန်၌၊ မိန်ဇီယာ၏ အမိန့်ပေးသံ နှင့်အတူ သူတို့လူအုပ်သည် ကောင်းကင်သို့ ခုန်တက် သွားကြကာ ချိုင့်ဝှမ်းထဲသို့ ထိုးဆင်းသွား ကြသည်။

အခြားတစ်ဖက်တွင် ရွှေမီးတောက်ဂိုဏ်းဝင်တပြည့်များ၏ မျက်လုံးများထဲရှိ သွေးကြောများမှာ ရဲတွတ်နေခဲ့ပြီး၊ အသိစိတ် မဲ့နေဟန်ဖြင့် သံလက်သည်း မျောက်ဝံများကို သတ်ဖြတ်နေခဲ့ကြသည်။

သေမင်းရနံ့သည် သံလက်သည်းမျောက်ဝံများ အားလုံးကို မဖယ်ရှား နိုင်သော်လည်း၊ ၎င်းတို့ အုပ်စု အတွင်းရှိ ရာပေါင်းများစွာသော သားရဲများကို အသတ်မဲ့ သွားစေသည်။ ကျန်ရှိနေခဲ့သော သံလက်သည်း မျောက်ဝံများမှာမူ ဒေါသတကြီး အော်ဟစ်လျက် မိုပင်းတို့ အုပ်စုထံသို့ ပြေးဝင် တိုက်ခိုက် လိုက်ကြသည်။

'' စီနီယာအစ်ကိုကြီးက တကယ်ပဲ အမြော်အမြင်ရှိတာပဲ၊ အမှိုက်တစ်အုပ်က တကယ်ပဲအမှိုက်ဖြစ်နေတုန်းပဲ။ ''

ချိုင့်ဝှမ်းအတွင်းနေရာအနှံ၊ ပျံ့ကျဲနေခဲ့သောတိုက်ပွဲများကို ဖြတ်ကျော် ပျံသန်းနေစဉ်မှာပင်၊ ပင်မတပည့် တစ်ဦးသည် ရွှေမီးတောက်ဂိုဏ်းခွဲ၏ ဂိုဏ်းသားများအား ငုံ့ကြည့်လျက်၊ ထင်အမြင် သေးစွာဖြင့် ရေရွတ် လိုက်ကြသည်။

ထို့နောက်တွင် ပင်မတပြည့်များသည် အသီးသီးသော ရှန်ရှင်း နည်းစနစ်များကို ထုတ်ဖော်လျက် သံလက်သည်းမျောက်ဝံခေါင်းဆောင်အား ရင်ဆိုင်ရန် ပြေးဝင်လိုက်ကြ၏။ ၎င်းမျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ အချို့ ရှိနေခဲ့ပြီး၊ ယင်းဒဏ်ရာများသည် သေမင်းရနံ့ အဆိပ်များကြောင့်၊ ရူးသွပ်သွားသော မျောက်ဝံအချို့မှ ပုန်ကန်တိုက်ခိုက်လိုက်ဟန် ဖြစ်ပုံရ၏။

တိုက်ပွဲကွင်းပြင်နှင့် မနီးမဝေးတွင် နဂါးရောင်ဝါများ ထုတ်လွှတ်နေသော သစ်သီးတစ်လုံး ရှိနေသည်။

သံလက်သည်းမျောက်ဝံ ခေါင်းဆောင်သည် မိန်ဇီယာနှင့် နောက်လိုက် တပြည့် သုံးယောက်အား မော့ကြည့်လိုက်ပြီးနောက်၊ ချိုင့်ဝှမ်းအတွင်းရှိ မျောက်ဝံ အလောင်းများ နှင့်အတူ ကြောင်းကျိုး စပ်ဆက် မိသွားကာ၊ အဖြစ်အပျက် များကို ချက်ချင်း နားလည်မိသွားပြီး၊ မျက်လုံးအတွင်း၌ ဒေါသ မီးလျှံများ ပြည့်လျှံ သွားလေသည်။

သားရဲခေါင်းဆောင်၏ အမူအရာကြောင့် မိန်ဇီယာက လှောင်ရယ်လိုက်ပြီး၊ အရှိန်အဝါအား ထုတ်ဖော်လိုက်ကာ၊ ပြေးဝင် တိုက်ခိုက် လိုက်လေသည်။

'' နတ်ဆိုး၏ မူလလက်သီး။ ''

'' အထွတ်အထိပ်မီးလျှံလက်ဖဝါး ''

'' ................ ''

ရွှေမီးတောက်ဂိုဏ်း၏ တပည့်များက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံကြ သူများဖြစ်ရာ၊ ၎င်းတို့၏ သန်စွမ်းသော ခွန်အားများကြောင့် ကျော်ကြား လှပေသည်။ ဂိုဏ်းဝင်တိုင်းသည် လက်နက်မဲ့ သိုင်းနည်းစနစ် များကိုသာ ကျင့်ကြံကြပြီး၊ မာကျောသန်မာလှသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အဆင့်နိမ့် တော်ဝင်လက်နက် များကိုပင် တွန်းလှန် ယှဉ်ပြိုင်နိုင် ၏။

ဂိုဏ်း၏ မူပိုင် သိုင်းနည်းစနစ် များသည်ပင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံရသော ရွှေမီးတောက်ခန္ဓာ နည်းစနစ်မျိုး ကဲ့သို့ ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်များ ဖြစ်ပေရာ၊ ၎င်းတို့သည် သံလက်သည်း မျောက်ဝံနှင့်ရင်ဆိုင်ရာ၌၊ လက်နက်များ ကိုင်ဆွဲ တိုက်ခိုက်ခြင်း မရှိခဲ့ပဲ၊ လက်သီး၊ လက်ဖဝါးများကိုသာ အသုံးပြုလျက် အပြန်အလှန် လှုပ်ရှားခဲ့ကြလေသည်။

'' ဖုန်း........ ဖုန်း ဖုန်း ''

တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် ပြင်းထန်သောပေါက်ကွဲအားများ ပါရှိနေကာ၊ ထိုတိုက်ခိုက်မှုများထဲမှ မိန်ဇီယာ၏ ခွန်အားသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိနေခဲ့ပြီး၊ သူ၏ လက်သီးထံမှ ထုတ်လွှတ်ထားသောအရှိန်အဝါမှာ မီတာတစ်ရာ အတွင်းရှိ သက်ရှိများကို ဖိနှိပ်နိုင်ခဲ့သည်။

သားရဲခေါင်းဆောင်နှင့် မိန်ဇီယာတို့သည်သာ အဓိက ပြိုင်ဘက်များ ဖြစ်ခဲ့ပြီး၊ ၎င်း၏ နောက်လိုက် တပြည့်သုံးယောက်သည် နဘေးနားတွင် စောင့်ကြည့်နေကာ၊ ရံဖန်ရံခါတွင် သံလက်သည်းမျောက်ဝံအား ဟန့်တား ပိတ်ဆို့ခြင်းဖြင့်၊ လက်တုံ့ပြန်၍ မရသော အနေအထားရောက်သည်အထိ တွန်းအားပေး နိုင်ခဲ့သည်။

ယခုအချိန်၌ ချိုင့်ဝှမ်းအတွင်းရှိ မျောက်ဝံများသည်လည်း ပျက်သုဉ်းလုနီးနီး ဖြစ်နေခဲ့လေပြီ။ ဤနယ်မြေ၏ ဘုရင်ဖြစ်သော သံလက်သည်း မျောက်ဝံသည်လည်း မိန်ဇီယာနှင့် တိုက်ခိုက်ရာ၌ အရေးနိမ့်လာခဲ့ပြီး၊ အနှေးနှင့် အမြန် ဆိုသလို ရှုံးနိမ့်ရန် သေချာနေ ခဲ့ပေသည်။ သံလက်သည်း မျောက်ဝံများ၏ တိုက်ပွဲဝင် ခွန်အားမှာ တစ်ကောင်ချင်းစီ၌ ပုံမှန် အဆင့်၌သာ ရှိနေခဲ့ပြီး၊ သားရဲခေါင်းဆောင်သည်ပင် ချွင်းချက် မရှိခဲ့ပေ။ မည်သို့ပင် ဖြစ်စေကာမူ၊ ၎င်းသားရဲသည် ရှန်ရှင်းဆဋ္ဌမအဆင့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်နေသေးပေရာ၊ တစ်စုံတစ်ယောက်သည် ရှန်ရှင်း ဆဋ္ဌမအဆင့်၌ ရှိနေသော် ငြားလည်း၊ ထိုသားရဲ ဘုရင်ဖြင့် ရင်ဆိုင်ဖို့ရန် လွယ်ကူမည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်မီးလျှံတောင်ထိပ်သည် နောက်တစ်ကြိမ် ပေါက်ကွဲလာပြန်၏၊ မိန်ဇီယာနှင့် နောက်လိုက်သုံးယောက်သည် ၎င်းအား ဂရုမစိုက်နိုင်ပေ။

'' သားရဲတစ်ထောင် သတ်ဖြတ်ခြင်း.... ''

အော်ဟစ်ကြုံးဝါးသံနှင်အတူ မိန်ဇီယာသည် လေထုထဲသို့ ခုန်တက်သွားခဲ့သည်။ သူ့လက်သီးတွင် ရစ်သိုင်းလာသော လူသတ်အရှိန်အဝါသည် အလွန်သိပ်သည်းလှပြီး၊ သားရဲခေါင်းဆောင်အား ပြင်းထန်စွာ ထိုးနှက်မိသွားသည်။

'' ဘုန်း.......... ''

သားရဲခေါင်းဆောင်သည် လွင့်စင်ထွက်သွားပြီး ကျောက်တုံးပေါ်သို့ ပြိုလဲကျသွား၏။

" ကောင်းလိုက်တဲ့ လက်သီးနည်းစနစ်၊ စီနီယာအစ်ကို ...... "

ပင်မတပြည့် တစ်ယောက်သည် အာမေဋိတ်သံဖြင့်၊ ချီးကျူး လိုက်သည်ကြောင့် မိန်ဇီယာမှာ ပြုံးလိုက်မိသည်။ သူ၏ လေးလအကြာ အစီအစဉ်သည် ပြီးဆုံး သွားခဲ့လေပြီ၊ တိမ်နဂါးသစ်သီးကို ဆွတ်ယူရန်သာ ကျန်ရှိတော့ပေ၏။ ၎င်းသစ်သီးကို စတင်ရှာဖွေ ခဲ့သည်မှစကာ၊ ယခုအချိန်အထိ ကြာချိန်သည် လေးတိတိ ကြာမြင့်ခဲ့ပြီး၊ ယင်းအား ရိတ်သိမ်းရန်အတွက် အရင်းအမြစ်များစွာအား အသုံးပြုခဲ့ရလေသည်။

အိုး......။

ရုတ်တရက်၊ သားရဲခေါင်းဆောင်က မည်သူမျှ မမျှော်လင့် ထားသော အရာတစ်ခုကို ပြုလုပ်ခဲ့သည်။ သူက တိမ်နဂါးသစ်သီးအား လျင်မြန်စွာ ခူးယူလိုက်ပြီး၊ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက် လေသည်။

'' မဟုတ်ဘူး....... ''

'' မလုပ်နဲ့ ......... ''

ထိုမြင်ကွင်းကြောင့် မိန်ဇီယာမှာ မျက်နှာပျက်ယွင်း သွားကာ၊ ထိတ်လန့်တကြီး အော်ဟစ်လိုက်ရသည်။ အကယ်၍သာ သံလက်သည်းမျောက်ဝံသားရဲ ခေါင်းဆောင်သည် တိမ်နဂါးသစ်သီးကို စားသုံးခဲ့ပါက၊ သူ၏ ကြိုးစားအားထုတ်မှု အားလုံးသည် မြောင်းထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထိုစဥ်မှာပင် ပုံသဏ္ဌန်တစ်ခုသည် ကောင်းကင်မှ ပြုတ်ကျလာခဲ့ပြီး၊ တိမ်နဂါးသစ်သီးအား ပါးစပ်ဟ ဖမ်းယူ နေခဲ့သော သားရဲ ခေါင်းဆောင်ကို ဝင်ဆောင့် သွားကာ၊ တစ်ဆက်တည်းမှာပင် ဝင်ဆောင့်မိသည့်အရှိန်ကြောင့် သံလက်သည်း မျောက်ဝံအား ပွင့်ထွက် သေဆုံး သွားစေတော့သည်။ ကျယ်လောင်သော ပေါက်ကွဲ သံနှင့်အတူ ကျောက်တုံးကြီးမှာ ကြေမွှ သွားပြီးနောက်၊ ၎င်းနေရာသို့ အစားထိုး ဝင်ရောက်လာသော တစ်စုံတစ်ရာ ထံသို့ တိမ်နဂါးသစ်သီးမှာ ကျဆင်း သွားခဲ့လေသည်။

'' ဟပ်....ချိုး......... ဟပ် ဟပ်....''

ကောင်းကင်မှ ပြုတ်ကျလာသော ပုံသဏ္ဍာန်သည် ဓါးသေတ္တာတစ်လုံးဖြစ်ပြီး၊ မျောက်ဝံနေရာ၌ အစားထိုး ဝင်ရောက်လာသော တစ်စုံတစ်ရာသည် လင်းယွန် ဖြစ်လေသည်။

လင်းယွန်သည် ကောင်းကင်မီးလျှံတောင်ထိပ်၏ ပေါက်ကွဲအား အရှိန်ဖြင့် မီးတောင် အတွင်းမှ ဤချို့ဝှမ်း အတွင်းသို့ လွင့်စင် ကျလာခဲ့ခြင်း ဖြစ်ပြီး၊ အခိုးအငွေ့များကြောင့် ပါးစပ်ဟလျက် နှာချေလိုက်မိရာ၊ တစ်ချိန်တည်းမှာပင် ရွှေဝါရောင် သစ်သီးတစ်လုံးသည် သူ့ပါးစပ် အတွင်းသို့ ချိန်သားကိုက် ဝင်ရောက်လာ လေသည်။

အရာအားလုံးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြစ်ပွားသွားခဲ့ပြီး၊ ဤမြင်ကွင်းကို မှင်တက် ငေးကြည့်နေမိသော မိန်ဇီဟာ၏ မျက်နှာမှာ ပြောင်းလဲသွား၏။ သူက လင်းယွန်၏ ပါးစပ်ထဲသို့ တိမ်နဂါးသစ်သီး ပြုတ်ကျသွားသည်ကို အချိန်မီ လက်ဝှေ့ယမ်းကာ တားဆီး လိုခဲ့သော်လည်း၊ ၎င်းမှာ နောက်ကျသွားခဲ့လေပြီ။

"ငါ့ ရဲ့ ...တိမ်နဂါးသစ်သီး "

မိန်ဇီယာသည် နှမျောတသစွာဖြင့် ခဏတာငြိမ်သက်သွားခဲ့ပြီး၊ အစစအရာရာ ဟာကွက်မရှိ ပြီးပြည့်စုံနေခဲ့သော သူ၏ အစီအစဉ်သည် မည်သည့်နေရာ၌ မှားယွင်းသွားသည်ကို မသိနိုင်တော့ချေ။

အခြားတစ်ဖက်တွင်၊ လင်းယွန်သည် လည်ချောင်းတစ်လျှောက် လိမ့်ဆင်းလာသောသစ်သီးထံမှ ပြင်းထန်သောအပူရှိန်ကို ခံစားလိုက်ရပြီး၊ သူ့တစ်ကိုယ်လုံး လှုပ်ရှားသွားလေသည်။ ထို့အပြင်သူ့အားမျက်လုံးပြူး လျက်ဖြင့် ငေးကြည့်နေကြသော လူတစ်စု၏ မျက်ဝန်းများ အတွင်း၌၊ တရွေ့ရွေ့ ဒေါသ အခိုးအငွေ့များ ထွက်ပေါ်လာ ကြသည်ကြောင့်၊ လင်းယွန်က ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးပြလိုက်ကာ၊

'' ကျေးဇူးပြုပြီး စိတ်အေးအေးထား နားထောင်ပေးပါ၊ ဒါက မတော်တဆ ဖြစ်သွားတာပါ.... ငါတောင်းပန်ပါတယ်..... "

မိန်ဇီယာ၏ မျက်နှာသည် လင်းယွန်ထံမှ တောင်းပန်သံကြောင့်၊ ရုတ်တရက် သတိဝင်သွားကာ အေးစက်သွား၏။ ထို့နောက်တွင် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြင်းထန်စွာတောက်လောင်လာပြီး၊ တည်ငြိမ်စွာ အမိန့်ပေးလိုက်လေသည်။

"သူ့ ကို သတ်......"

***

All Chapters